← Chapters

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း ၄၁၆

Vol. 42 Ch. 416

အခန်း(၄၁၆)

၎င်းက တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံခြုံထားသည့် လူတစ်ဦးပင်။

ထိုသူက ရည်ရွယ်ချက်ရှိရှိ ဖိအားကို ထုတ်လွှတ်မနေသော်လည်း သူပေါ်လာသည့်အခိုက် ခန်းမတစ်ခုလုံး ခြောက်ခြားဖွယ် အရှိန်အဝါများဖြင့် ပြည့်နှက်သွား၏။ ခန်းမထဲက အပူချိန်သည် တစ်ဆယ်ဒီဂရီလောက် ကျသွားသောကြောင့် လူများကို ရေခဲဂူထဲသို့ ရောက်သွားသည့် ခံစားချက်မျိုး ပေးသည်။

ကျင့်ကြံသူများသည် ထိုပုံရိပ်ကို တိုက်ရိုက် မကြည့်ရဲပေ။ သူတို့ခန္ဓာကိုယ်များက အနောက်သို့ အလိုလိုဆုတ်သွားကြပြီး ဤနေရာမှ ထွက်ပြေးချင်နေကြသည်။

သို့သော် သူတို့ခြေထောက်များသည် ခဲဆွဲထားသည့်ပမာ ခြေလှမ်းတစ်ဝက်တောင် မရွေ့လျားနိုင်တော့မှန်း လျင်မြန်စွာ ရှာတွေ့သွားရ၏။

ချူဖုန်း ထိုပုံရိပ်ကို ခပ်ဖွဖွ ပြုံးကာ ကြည့်နေသည်။

“မင်း မျက်နှာကို ပြဖို့ရည်ရွယ်ချက်ရှိရင် ဘာလို့ ဖုံးထားနေမှာလဲ။ ဒါမှမဟုတ် ငါကိုယ်တိုင် မင်းအတွက် လာလှန်ပေးရမလား”

“မောက်မာလိုက်တဲ့ ဂျူနီယာ။ ဒီလူအိုကြီးရဲ့ ပုံစံအစစ်ကို မြင်ပြီးတော့ နောင်တရမသွားဖို့ မျှော်လင့်ပါတယ်”

အနက်ရောင်အရိပ်က စကားပြောပြီးနောက် သူ့အနက်ရောင်ဝတ်ခြုံလွှာကြီးကို ဖယ်လိုက်သည်။ လူတိုင်းရှေ့တွင် ကြမ်းကြုတ်သည့် မျက်နှာဖြင့် သေခြင်းအရှိန်အဝါများ ဖုံးအုပ်နေသော လူတစ်ယောက်ပေါ်လာ၏။

“တစ္ဆေကျင့်ကြံသူ။ သူက တစ္ဆေကျင့်ကြံသူပဲ”

လူအုပ်ကြီးထဲမှ တစ်ယောက်က ထိုကျင့်ကြံသူ၏ သရုပ်မှန်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။

“ဒါဆို ဂိတ်စောင့်က တစ္ဆေပေါ့”

ချူဖုန်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကျန်နေသေးသည့်အတွက် တစ်ဖက်သူ မည်သူမည်ဝါဖြစ်ကြောင်း သူ့အပေါ် မသက်ရောက်သလိုပင်။

“ဒါပေမဲ့ ကျုပ်သိချင်မိတယ်။ ခင်ဗျားက ဘာဖြစ်လို့ ဒီလို ဗရမ်းဗတာ ကိစ္စမျိုး လုပ်ရတာလဲ။ ဒီလောက်ထိလုပ်တာက ခင်ဗျားတပည့်တွေနဲ့ မျိုးဆက်တွေကိုတောင် သတ်မိမလို ဖြစ်သွားနိုင်တယ်”

ထိုသည်ကို ကြားသော် ကျင့်ကြံသူများ ဖျော့တော့သွားကြ၏။ သူတို့ထဲမှ မည်သူမှ ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်း၏ ဖြစ်အင်ကို သူတို့ဂိုဏ်းဘိုးဘေး ကိုယ်တိုင် စီစဉ်ထားခြင်းဖြစ်မည်ဟု မထင်ထားခဲ့ပေ။

‘သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

‘သူ့တပည့်ဝိညာဉ်တွေကိုသုံးပြီး မဟာပဏ္ဍိတအဆင့်ကို တက်လှမ်းမလို့မလား’

‘အဲလိုသာဆို သူ့တပည့်တွေအားလုံးက ခြေနင်းကျောက်တုံးတွေ ဖြစ်သွားမှာပေါ့’

ထိုအခိုက် လူအများ တုန်ယင်လာကြသည်။ စိတ်ခွန်အား နည်းသည့် ကျင့်ကြံသူအချို့ဆို ကြောက်လန့်မှုကြောင့် ဖြူလျော်သွား၏။

“ဟမ့်”

တစ္ဆေကျင့်ကြံသူ အေးစက်စွာ နှာခေါင်းရှုံးသည်။

“သူတို့က ဂိတ်စောင့်အစေခံသာသာပဲ။ သူတို့ကိုယ်သူတို့ ငရဲကိုးထပ်မြင့်မြတ်နယ်မြေရဲ့ တပည့်လို့ ခေါ်ရမှာလဲ။ သူတို့သခင်ဝိညာဉ်ကို ပြန်သက်သာလာအောင် အာဟာရဖြည့်ပေးတာက သူတို့အတွက် အကြီးမားဆုံးချီးမြှောက်မှုပဲ”

သူ စကားကို တမင် ရပ်လိုက်ပြီးး လူတိုင်းကို လောဘများ တောက်လောက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

“ထားလိုက်တော့။ မင်းလည်း ငါ့သခင့်ဝိညာဉ်ပြန်လည်ရှင်သန်ဖို့ အာဟာရဖြစ်လာရမယ်။ ငါ့သခင်သာ မဟာပဏ္ဍိတဝိညာဉ်စွမ်းအား ပြန်ရသွားရင် မင်းလည်း ကုသိုလ်ရမှာပါ။ ဒီလူအိုကြီးက မင်းတို့ အားလုံးကို မှတ်မိနေမှာပါ။ ဟီးဟီးဟီး ဟားဟားဟား”

“အဲ့လိုကိုး။ ဝိညာဉ်လမ်းပြမဟာပဏ္ဍိတက တစ်ခုခု ထူးဆန်းနေတယ်လို ထင်သား။ တကယ်တော့ သူက ဒီမှာ ပုန်းနေတာပဲ”

ချူဖုန်း၏ လေသံက အတော်လေး တည်ငြိမ်နေသည့်အတွက် အရေးမပါသည့် အရာတစ်ခုကို ဆွေးနွေးနေသည့်အလားပင်။

ထိုကဲ့သို့ အရေးမစိုက်ဟန်က တစ္ဆေကျင့်ကြံသူကို ဒေါသထွက်လာစေသည်။

“ကောင်စုတ်လေး မင်းက ငါ့သခင်ကို စော်ကားရဲတယ်ဆိုတော့ သေလို့ရပြီ။ ခဏနေရင်း ငါမင်းကို မချိမဆံ့ ဝေဒနာခံစားရအောင် လုပ်ပြီး အသက်မရှင်ချင်တော့အောင် လုပ်ပေးမယ်”

တစ္ဆေကျင့်ကြံသူ ပြော၍ ပြီးနောက် သူ့လက်ထဲတွင် အစီအရင်အလံတစ်ခု ပေါ်လာသည်။

“ငရဲကိုးထပ် ဝိညာဉ်ပြန်ခြင်းမဟာအစီအရင် အသက်ဝင်စမ်း”

သူ့စကားအဆုံးတွင် ထူးဆန်းသည့် မြစိမ်းရောင်အလင်းတန်းများ ခန်းမအတွင်း တောက်လောင်လာသည်။

တစ်ခဏအတွင်း ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်းတစ်ခုလုံး အလင်းများ ဖုံးလွှမ်းသွားသည်။

အပြင်ဘက်မှ ကျင့်ကြံသူများသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အစီအရင်ကို မြင်သည့်အခါ အပြင်ဘက်သို့ ပျံသန်းထွက်ပြေးကြကုန်၏။

သိပ်မကြာခင် သူတို့အားလုံး၏ လွတ်လမ်းများ ပိတ်ဆို့ခံလိုက်ရပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် မျှော်လင့်ချက် ပျက်သုဉ်းကုန်သည်။ သူတို့ မည်သည့်နည်းစနစ် မည်သည့်ရတနာ သုံးသည်ဖြစ်စေ အစီအရင်ကို အနည်းငယ်လေးပင် မထိခိုက်နိုင်ပေ။

“သွားပြီ။ လုံးဝသွားပြီ”

စည်းမျဉ်းထောင်ချီဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် အစီအရင်အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို ခံစားမိသည့်အတွက်‌ မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။

အဓိကအင်အားစုမှ ကျင့်ကြံသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သေသည်အထိ တိုက်ခိုက်ချင်ကြသော်လည်း သူတို့ ဝိညာဉ်စွမ်းအားမှာ ချိတ်ပိတ်ခံထားရကြောင်း တွေ့လိုက်ရပြီး သူတို့အတွက် ခုခံရန် လမ်းစမရှိပါချေ။

ထိုသည်ကို ကြည့်ရင်း တစ္ဆေကျင့်ကြံသူသည် ကြောက်မက်ဖွယ် ရယ်မောတော့သည်။

“ဟီးဟီးဟီး မင်းတို့အားတွေ ချွေတာစမ်းပါ။ ဒါက သူတော်စင်တစ်ပိုင်းအဆင့် အစီအရင်ပဲ။ မဟာပဏ္ဍိတတစ်ပါး ကိုယ်တိုင်ဝင်မနှောင့်ယှက်သရွေ့ ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး”

“မင်းတို့ နာကျင်မှု၊ အကြောက်တရားနဲ့ မျှော်လင့်ချက်မဲ့မှုကို ခံစားကြစမ်း။ မင်းတို့ စိတ်ပျက်လာလေ ကြောက်ရွံလာလေ မင်းတို့ ဝိညာဉ်တွေက ပိုပြီး အရသာ ရှိလာလေပဲ”

“ပျင်းဖို့ကောင်းတယ်။ အတော်လေး ပျင်းဖို့ ကောင်းတယ်ကွ”

ချူဖုန်း၏ အလျင်မလိုသည့် လေသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး တစ္ဆေကျင့်ကြံသူကို နှောင့်ယှက်လိုက်သည်။

၎င်းက လူတိုင်း၏ အကြည့်ကို သူ့အပေါ် ဆွဲယူသွားသည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့အကြည့်၌ လေးစားမှုများ မရှိတော့ပေ။ အငြိုးအတေးနှင့် မုန်းတီးမှုများသာ။

ဤသည်မှာ ထိုသူ၏ အဆင်အခြင်မဲ့မှုကြောင့် သူတို့ သေတွင်းထဲ ရောက်လာရခြင်းပင်။

“ကောင်စုတ်လေး သေမင်းတံခါးဝရောက်တာတောင် ရန်စနေသေးတယ်။ ဒါဆိုလည်း ဒီလူအိုကြီးက မင်းကို အရင် ဖိနှိပ်ပေးရမှာပေါ့”

တစ္ဆေကျင့်ကြံသူသည် ချူဖုန်းကို မကျေနပ်သည်မှာ ကြာလှပေပြီ။

သူ့ကို ယခုသတ်လိုက်ခြင်းက ကျန်သည့်သူများကို ဥပမာတစ်ခုအနေဖြင့် ပြသ‌ပေးရာ ရောက်သလို အကြောက်တရားလည်း ရိုက်သွင်းပေးရာ ရောက်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေ။

“မင်း ငါ့ကိုတိုက်ဖို့ အဆင့်မမီသေးဘူး”

ချူဖုန်း ပြောရင်း လက်ဝှေ့ယမ်းသည်။ လူတိုင်းရှေ့တွင် ပုလင်းတစ်လုံး ပေါ်လာ၏။

“သွားလိုက်တော့ လိပ်နက်လေး”

သူ့စကားအဆုံးတွင် ပုလင်းပွင့်လာပြီး မီးတောက်နီများ ဝန်းရံနေသည့် လိပ်ပုံစံအရာတစ်ခု ခန်းမထဲ ပေါ်လာသည်။

“ကောင်းကင်မီးလျှံ”

“ဒါက နီ‌ဗားနားရှင်သန်ခြင်းအဆင့် ကောင်းကင်မီးလျှံပဲ”

“…”

လူအုပ်ကြီး၏ ဆွေးနွေးမှုကို ကြားသော် လိပ်နက် သူ့ခြေလက်များကို ဆန့်ထုတ်လိုက်သည်။ သူသည် ဤရက်များအတွင်း ကျင့်ကြံနေခဲ့ပြီး လွန်ခဲ့သည့် ခုနစ်ရက်ကမှ အောင်မြင်စွာ အဆင့်တက်သွားကာ နီဗားနားရှင်သန်ခြင်းအဆင့် မီးဝိညာဉ်တစ်ခု ဖြစ်လာတော့၏။

ယခု သူ့ခွန်အားကို စမ်းသပ်ရန် အခွင့်အရေး ရလေပြီ။

သူ ချူဖုန်းကို လှည့်ကာ ပြောသည်။

“ဆရာ ကျွန်တော် ဒီတစ္ဆေအိုကြီးကို ဖယ်ထုတ်ရမှာလား”

“ဟုတ်တယ်။ အစီအရင်ကို မထိခိုက်စေဖို့တော့ သတိထား။ ငါ ကြွက်တစ်ကောင် ရှာဖို့လို သေးတယ်”

ချူဖုန်း ပြုံးကာ ပြောသည်။

“ပြဿနာ မရှိဘူး။ ကျွန်တော့် တာဝန်ထား”

လိပ်နက် ပြောပြီး ပါးစပ်ထဲမှ ဧရာမတူကြီးတစ်လက် ထုတ်လိုက်သည်။ ထို့နောက် တူကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း တစ္ဆေကျင့်ကြံသူကို ထုချလိုက်၏။

တစ္ဆေကျင့်ကြံသူသည် လိပ်နက်ကို မြင်ကတည်းက သဘာဝရန်သူမှန်း သိလိုက်သည်။ မညသ်ို့ပင်ဆိုစေ မီးတောက်သည် ပြင်းထန်ယင်စွမ်းအင်ကို ကိုယ်စားပြုသည်။ ထို့အပြင် တူသည် မိုးကြိုးစွမ်းအင်ကို သယ်ဆောင်ထားသည့်အတွက် ထိခိုက်မှုသည် နှစ်ဆထပ်တိုးပေ။

အရေးကြီးဆုံးသည် အစီအရင်က ထိုမီးဝိညာဉ်ကို သက်ရောက်မှု မရှိချေ။

ထို့ကြောင့် ခန်းမကြီးထဲတွင် လုံးဝ အဓိပ္ပာယ်မရှိသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။

မီးလိပ်သည် ဧရာမတူကြီးကို ကိုင်လျက် မတိုင်မီက မောက်မာနေခဲ့သော တစ္ဆေကျင့်ကြံသူကို လိုက်ဖမ်းနေသည်။

လိပ်နက်၏ တူကြီး ရိုက်ချတိုင်း တစ္ဆေကျင့်ကြံသူ၏ ယင်စွမ်းအင်မှာ တဖြည်းဖြည်း နည်းပါးလာသည်။

လိပ်နက်နှင့် တစ္ဆေတို့ဖြတ်သန်းသွားရာ နေရာတိုင်း ဖရိုဖရဲ ဖြစ်ကုန်တော့၏။

စောင့်ကြည့်နေသည့် ကျင့်ကြံသူများ ကြောင်အမှင်တက်ဆွံ့အသွားတော့တော့သည်။

“ဆရာ စီနီယာလိပ်နက်က ကြောက်စရာကြီး”

ရှီးရွှမ် ထိုမြင်ကွင်းကို ကြည့်ရင်း ရေရွတ်သည်။ မြောင်တောင်ပေါ်တွင် နှစ်အတော်ကြာ ကျင့်ကြံခဲ့သည့်အတွက် သူ လိပ်နက်ကို သိပါ၏။

ချူဖုန်း ပြုံးလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် လိပ်နက်က မဟာပဏ္ဍိတတစ်ပါးနဲ့တောင် ရင်ဆိုင်ဖူးတယ်။ အခုတစ်ယောက်ကတော့ ထမင်းစားရေသောက်ပါပဲ”

ပြောလိုက်သူက အမှတ်တမဲ့ပင်ဖြစ်သော်လည်း နားထောင်သူကတော့ အလေးအနက်မှတ်ထားပါ၏။

ခန်းမထဲမှ ကျင့်ကြံသူများသည် သက်ပြင်းချလိုက်ကြသည်။ သူတို့မျက်နှာသည် အနေရခက်မှုကြောင့် ပူထူသွားကြ၏။ သူတို့ အပြင်ထုတ်ပြီး အော်မဆဲမိသည့်အတွက် ကံကောင်းသွားသည်ဟု ဆိုရမည်။

တစ္ဆေကျင့်ကြံသူကတော့ အသက်လုရှုနေရသည်။

လိပ်နက် တူကို မြှောက်လိုက်ပြီး ဖြည်းညှင်းစွာ ပြောသည်။

“အခု မင်းသေဖို့ အချိန်တန်ပြီ”

သူ့စကားအဆုံးတွင် တူကြီးက ကြိတ်ချေသွား၏။

ထိုထုချက်က ကောင်းကင်မိုးကြိုးနှင့် မြေကမ္ဘာမီးလျှံတို့ ပူးပေါင်းပါဝင်ပေသည်။ ရိုက်ချမကျခင် တစ္ဆေကျင့်ကြံသူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပျောက်ဆုံးသွား၏။

“မဟုတ်ဘူး”

ဘုန်း

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးနှင့် တစ္ဆေကျင့်ကြံသူသည် ချက်ချင်း သေဆုံးသွားတော့၏။

ဖုန်လုံးမျာ ကင်းစင်သွားချိန် ခန်းမကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။

မြောက်ဘက်တောင်စွန်းတောင်တန်းမှ ကျင့်ကြံသူများသည် လိပ်နက်လက်ထဲမှ တူကို ငေးကြောင်ကြည့်နေကြပြီး ခြေထောက်များ မထိန်းနိုင်စွာ တုန်ယင်နေကြ၏။

ဘုန်

စည်းမျဉ်းထောင်ချီဂိုဏ်း ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်သည် ဦးစွာ ဒူးထောက်လိုက်သည်။

“ချမ်းသာပေးပါ စီနီယာ။ ကျွန်တော်တို့ ကန်းနေလို့ စီနီယာကို စော်ကားမိခဲ့ပါတယ်။ ကျွန်တော်တို့ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်”

ထိုအပြောင်းအလဲက လိပ်နက်ကို ကြောင်အသွားစေသည်။ သူ ထိုငနုလေးများကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ချူဖုန်းကို မေးသည်။

“သခင် ကျွန်တော် သူတို့ကို အသားစလေးတွေဖြစ်အောင် ထုချလိုက်ရမလား”

ထိုစကားကြောင့် စည်းမျဉ်းထောင်ချီဂိုဏ်းမှ ကျင့်ကြံသူများ တိတ်ဆိတ်သွားပြီး အသက်မရှုရဲတော့ပေ။

သစ္စာစုံဓားဂိုဏ်းခေါင်းဆောင်သည်‌တော့ အပျော်ဆုံးပေ။ သူတို့ ရှောင်းယီ၏ ဆရာဘိုးဘိုးသည် ထူးခြားသည့် မဟာပဏ္ဍိတတစ်ပါးဖြစ်မှန်း သိထားသော်လည်း ယခုလို ကောင်းကင်မီးလျှံကို အမိန့်ပေးနိုင်မည်ဟုတော့ မထင်ထားပေ။

ချူဖုန်း စည်းမျဉ်းထောင်ချီဂိုဏ်းတပည့်များကို တစ်ချက်လေးပင် မကြည့်ဘဲ အေးစက်စွာ ပြောသည်။

“ထတော့။ ငါက နတ်ဆိုးအရှင်မဟုတ်ဘူး။ ငါ့ကို စော်ကားတဲ့သူတွေက သေသွားပြီ။ အခုဟာကို သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ထား”

ထိုသည်ကို ကြားသော် လိပ်နက် နောင်တရစွာ ရေရွတ်သည်။

“စိတ်မကောင်းစရာပဲ”

All Chapters