← Chapters

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း ၄၁၇

Vol. 42 Ch. 417

အခန်း(၄၁၇)

ဒုန်း

ချူဖုန်း လိပ်နက်ခေါင်းကို သူ့လက်ဖြင့် စိတ်ဆိုးမာန်ဆိုး ပုတ်လိုက်သည်။

“မင်း ဘာလို့ ဆေးပညာနဲ့ လက်နက်ထုလုပ်တာမှာပဲ အာရုံစိုက်မနေတာလဲ။ မင်းလုပ်နေတာတွေ ပြန်ကြည့်ဦး။ အားနေ သတ်ဖို့ ဖြတ်ဖို့ချည်းပဲ”

“အိုး”

လိပ်နက် သူ့ခေါင်းကို ဆူပုတ်ပုတ် ပြန်ခွာလိုက်သည်။

ချူဖုန်း သူ့ရှေ့က အစီအရင်ကို စစ်ဆေးရင်း ရေရွတ်သည်။

“အခု ဒီအတားအဆီးကို ဖြေရှင်းပြီးပြီဆိုတော့ ပြဿနာတွေ ထပ်မရှာခင် ကြွက်ကို အရင်ဖမ်းရမယ်”

ရှီးရွှမ် လက်သီးဆုပ်ပြီး မေးသည်။

“ဆရာ ကြွက်က ဘယ်နေရာမှာ ပုန်းနေတာလဲ”

ချူဖုန်း လက်ထဲတွင် အနက်ရောင်စစ်တုရင်အပိုင်းအစတစ်ခုပေါ်လာပြီး တည်ငြိမ်စွာ ပြောသည်။

“သူက ဒီခန်းမရဲ့ လီဒါဇင်ချီ အကွာအဝေးအောက်မှာ။ ငါ နယ်ရုပ်ကိုချလိုက်တာနဲ့ သူ့ကို သေချာပေါက်ဖမ်းမိပြီ”

သူပြောပြီးသည်နှင့် လက်ချောင်းထဲမှ စစ်တုရင်အစလေးမှာ ကြမ်းပြင်ပေါ်သို့ ကျသွား၏။

ချက်ချင်းဆိုသလို ခန်းမထဲတွင် စစ်တုရင်ခုံဓမ္မရုပ်သွင်ကြီး ပေါ်လာတော့သည်။ ထို့နောက် စစ်တုရင်ခုံက အစီအရင်ဖြင့် ဖုံးလွှမ်းနေသော ခန်းမကို ချက်ချင်း ဝါးမျိုလိုက်သည်။

လူတိုင်း ဖြစ်ပျက်နေသည်များကို နားမလည်ခင် စစ်တုရင်ခုံပေါ်မှ စစ်တုရင်ရုပ်သည် ကောင်းကင်ထိတိုင် မြင့်မားသော ဧရာမလက်ကြီးအဖြစ် ပြောင်းလဲသွား၏။

ဧရာမလက်ကြီးက ကြမ်းခင်ကို ဖောက်ထွက်ပြီး မြေကြီးအနက်ထဲ ဝင်သွားတော့သည်။

သိပ်မကြာခင် ဧရာမလက်ကြီးသည် မြေအောက်ထဲမှ ပြန်ထွက်လာပြီး ဆံပင်ဖြူမုတ်ဆိတ်ဖြူများနှင့် ဝိညာဉ်အကြွင်းအကျန်တစ်ခုကို ဖမ်းကိုင်လာသည်။

ဝိညာဉ်ကြွင်းကျန်က ချူဖုန်းကို မြင်သည်နှင့် ချက်ချင်းပင် အသနားခံတော့၏။

“မဟာပဏ္ဍိတမိုးမြေ ဒီလူအိုကြီး မျက်စိကန်းပြီးတော့ စော်ကားမိသွားပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

မဟာပဏ္ဍိတမိုးမြေ

ထိုစကားကို ကြားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။

နယ်ခြားတောင်တန်းသည် အစွန်အဖျား ကျသော်လည်း ဂိုဏ်းအကြီးအကဲများအနေဖြင့် သူတို့အားလုံး မဟာပဏ္ဍိတမိုးမြေ၏ ဂုဏ်သတင်းကို ကြားဖူးပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူတော်စင်တစ်ပါးကို အနိုင်ယူခဲ့ကြောင်း သတင်းထွက်လာသေးသည်။

သို့သော် ဂိုဏ်းခေါင်းဆောင်များအနေဖြင့် ထိုကဲ့သို့သူများက နယ်ခြားတောင်တန်းကဲ့သို့ ချောင်ကျသည့်နေရာတွင် ပေါ်လာမည်ဟု မထင်ထားချေ။

ချူဖုန်း နှုတ်ခမ်းများ ကွေးတက်သွား၏။

“မင်း ရတနာတွေကို ဘယ်မှာဖွက်ထားလဲ ပြောပြရင် မင်းကို အသက်ချမ်းသာပေးမယ်”

သူပြောရင်း ဧရမလက်ကြီးကို အနည်းငယ် တင်းကြပ်လိုက်ပြီး ဝိညာဉ်အကြွင်းအကျန်၏ ထက်ဝက်ခန့်ကို ခြေချလိုက်၏။

“ကျွန်တော် ပြောပါ့မယ်”

ကျောက်ဝူကျိ မတရားသလို ခံစားရသည်။

‘ဘာလို့ စကားပြောခွင့်လေးတောင် မပေးတာလဲ’

ချူဖုန်း ပြုံးလိုက်၏။

“ကောင်းပြီလေ။ ငါ့ကို ဝိညာဉ်အသံပို့လွှတ်ခြင်းနဲ့ ပြော”

“ဟုတ်ကဲ့ပါ”

ကျောက်ဝူကျိ သဘောတူလိုက်ပြီး ဝိညာဉ်ဂူဗိမာန်ဂိုဏ်းအတွင်း သူဖွက်ထားသော ရတနာများ၏ နေရာကို အသံပို့လွှတ်၍ ပြောတော့သည်။

သို့သော် သူ တစ်ခုကိုတော့ ထိမ်ချန်ထားပြီး ဂိုဏ်းအတွင်းရတနာတည်နေရာကိုသာ ပြောပြသည်။

ယုန်တစ်ကောင်တွင် တွင်းသုံးတွင်း ရှိသည် ဟူသော ဆိုရိုးအတိုင်း သူသည် ရတနာအများစုနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ဝိညာဉ်ကြွင်းကျန်ထဲတွင် ချိတ်ပိတ်ထား၏။

သူသာ လွတ်မြောက်နိုင်လျှင် ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခု ရှိပေသည်။

“ကောင်းတယ်”

ချူဖုန်း လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမလက်ကြီးမှာ ပျောက်ကွယ်သွားတော့၏။

“မဟာပဏ္ဍိတမိုးမြေကို ကျေးဇူးတင်ပါတယ်”

ကျောက်ဝူကျိ ပြောအပြီး ထွက်ပြေးရန် ပြင်သော်လည်း သူ့နားထဲတွင် သေမင်းအလားနှယ် အသံတစ်သံ ကြားရသည်။

“ပျက်သုဉ်းခြင်းကောင်းကင်ချိတ်စည်း ဖိနှိပ်စမ်း”

ကျောက်ဝူကျိ ချိတ်စည်းကို ကြည့်ပြီး အော်လိုက်သည်။

“ခွေးအိုကြီးမိုးမြေ ခင်ဗျား ကတိမတည်တာလား”

သူ မပျက်စီးခင် ရှီးရွှမ်၏ နတ်ဆိုးအလား တီးတိုးသံသည် သူ့နားထဲသို့ တိုးဝင်လာသည်။

“ငါ့ဆရာက မင်းကို ချမ်းသာပေးမယ်‌ပြောပေမဲ့ ငါမပြောဘူးလေ”

တိတ်ဆိတ်သွားသည်။

ခန်းမကြီးသည် သေလောက်အောင် တိတ်ဆိတ်သွားတော့၏။ ထို့နောက် လူတိုင်း ချူဖုန်းနှင့် သူ့တပည့်ကို လေးစားသော မျက်ဝန်းများဖြင့် ကြည့်နေကြ‌တော့သည်။

ဒုန်း

လူအုပ်ထဲမှ တစ်ယောက် ဒူးထောက်ကျသွား၏။ ထို့နောက် ကျန်သည့်သူများလည်း ဒူးထောက်လိုက်ကြသည်။

“ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေကို ဂါဝရပြုပါတယ်။ အရှင့်စွမ်းအားက အကန့်အသတ်မဲ့ပါပဲ။ ကျွန်‌တော်တို့ လေးစားမိပါတယ်”

ထိုသည်ကို ကြားသောအခါ ချူဖုန်း လူအုပ်ကြီးကို နားမလည်သလို ကြည့်လိုက်၏။ နယ်ခြားတောင်တန်းမှ ကျင့်ကြံသူများသည် ဤကဲ့သို့ ဂါဝရပြုရမည်ကို နှစ်သက်မည်ဟု မထင်ထားပေ။

“မင်းတို့ အားလုံးထတော့”

“ကျေးဇူးတင်ပါတယ်”

လူတိုင်း မတ်တပ်ထပြီး ချူဖုန်းကို‌ လေးစားစွာ ကြည့်နေကြ၏။

“ဒီခန်းမထဲက ရတနာတွေကိ မင်းတို့ဘာသာခွဲယူပြီး လူစုခွဲတော့”

ချူဖုန်း စကားပြောပြီးနော် သူတို့ တုံ့ပြန်မှုကို မစောင့်တော့ဘဲ လက်ဝှေ့ယမ်းလိုက်သည်။ သူ ရှီးရွှမ်နှင့် လျန်ယီကို‌ခေါ်ကာ ပျောက်ကွယ်သွားတော့သည်။ ကျန်ရစ်ခဲ့သော လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ကျန်ရစ်ခဲ့တော့၏။

အချိန်အတော်ကြာပြီးနောက်

သစ္စာစုံဓားဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် ရုတ်တရက် ပြောသည်။

“မဟာပဏ္ဍိတမိုးမြေက ရက်‌ရောတယ်။ အလောင်းတွေပေါ်က ရတနာတွေကိုတော့ ခွဲဝေဖို့ ငါတို့ မဲနှိုက်မယ်။ အခြေခံကျင့်စဉ်တွေကိုတော့ ဂိုဏ်းတိုင်း မိတ္တူတစ်ခုစီကူးမယ်။ ဘယ်လိုသဘောရလဲ”

အစောပိုင်းက အကြီးအကဲလျန်၏ အစီအစဉ်ကို မကျေနပ်ကြသော သူအချို့သည် လျန်ယီက မဟာပဏ္ဍိတမိုးမြေတပည့်၏ တပည့်ဖြစ်သွားကြောင်း သိလိုက်သည့်အခါ သူ့ကိုချက်ချင်း ထောက်ခံလာကြ၏။

“အကြီးအကဲလျန် အမျှော်အမြင်ကြီးပါတယ်။ ဒီလိုဆို ကျွန်တော်တို့ ပဋိပက္ခတွေ ဖြစ်စရာမလိုတော့ဘူး”

“အကြီးအကဲက အကုန်လုံးကို လုယူနိုင်ပေမဲ့ ကျွန်တော်တို့နဲ့ ခွဲပေးတယ်။ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”

“…”

သစ္စာစုံဓားဂိုဏ်းမှ အကြီးအကဲများသည် စိတ်ရှုပ်ထွေးသွားကြသည်။ ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်ကတော့ သဘောပေါက်သွားဟန်ပင်။

လျန်ယီသည် ယခုအခါ ဝမ်တောက်ကျောင်းတော်သို့ ရောက်သွားပြီဖြစ်၍ သူတို့ဂိုဏ်းတွင် ကျင့်ကြံခြင်းနည်းစနစ် ချို့တဲ့မနေတော့ချေ။

သူတော်စင်အဆင့်တော့ မရနိုင်သော်လည်း မြို့စားအဆင့်မှ မဟာပဏ္ဍိတအဆင့်ထိ နည်းစနစ်များဖြင့် နယ်ခြားတောင်တန်းတွင် သူတို့ ကြီးစိုးနိုင်ပေမည်။ ရေတိုအမြင်သာရှိသော တောသားများဖြင့် ယှဉ်ပြိုင်နေစရာ မလိုတော့ချေ။

ချူဖုန်းတို့သုံးယောက် ကျောက်ဝူကျိရတနာတိုက် အပြင်ဘက်သို့ ရောက်လာသည်။

“ချိုးဖျက်စမ်း”

ချူဖုန်းစကားသည် အစီအရင်၏ကန့်သက်ချက်ကို ချိုးဖျက်လိုက်၏။ သူတို့သုံးဦး ဝင်သွားသည်နှင့် ဝိညာဉ်ကျောက်တုံးများ၊ တောင်ပုံရာပုံ ဆေးလုံးများနှင့် မရေမတွက်နိုင်သော ရှားပါးရတနာများကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လျန်ယီ အသက်ပြင်းပြင်း ရှုလိုက်သည်။

ချူဖုန်း ပြောလာသည်။

“ရှောင်ရွှမ် မင်းကြိုက်တာရွေးယူ။ ငါ စိတ်ဝင်စားဖို့ကောင်းတာလေးတွေနဲ့ ဝိညာဉ်ကျောက်တုံးတစ်ဝက်ယူလိုက်မယ်”

“ကျေးဇူးပါဆရာ”

ရှီးရွှမ်သည် ကြက်သေသေနေသော လျန်ယီကို ကြည့်လိုက်သည်။

“ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို မင်းယူလိုက်။ ဒီထဲက ရတနာဆယ်ခု ပညာရပ်တစ်ခုကို ရွေးယူ။ ငါမင်းကိုပေးတဲ့ တွေ့ဆုံးခြင်းလက်ဆောင်ပေါ့”

ဂလု

လျန်ယီ တံတွေးမျိုချလိုက်၏။ သူ့အသံမှာ တုန်ယင်နေသည်။

“ဆရာ ကျွန်တော်ယူလို့ရတာလား”

ရှီးရွှမ် စိတ်ပျက်လက်ပျက်ပြောသည်။

“သနားစရာကောင်းအောင် ပြောမနေနဲ့။ ဒါက မဟာပဏ္ဍိတတစ်ပါး ရတနာတိုက်သာသာပဲ။ ဘာမှ ထူးခြားမနေဘူး။ မင်းဝမ်‌တောက်ကျောင်းတော်ရောက်မှ ဘာက တကယ်ထူးခြားလဲဆိုတာ သိလိမ့်မယ်”

“နားလည်ပါပြီဆရာ”

လျန်ယီသည် ယခုအခါ မြို့ကြီးပြကြီးသို့ရောက်နေသည့် တောသားတစ်ယောက်အလား ဘာယူရမှန်းမသိဖြစ်နေ၏၊

သူ့ပထမဆုံးအတွေးမှာ ဓားပညာရှာရန်ဖြစ်သည်။

ခဏအကြာတွင် လျန်ယီ ကြေးချွတ်သန့်စင်ဓားပညာရပ်ဟု ရေးထားသော ကျောက်စိမ်းပြားတစ်ခုကို တွေ့သွားသည်။ သူစစ်ဆေးကြည့်ပြီးနောက် ၎င်းက မဟာပဏ္ဍိတအဆင့် ကျင့်စဉ်တစ်ခုဖြစ်ကြောင်း ထိတ်လန့်စွာ တွေ့လိုက်ရသည်။

“ဆရာ ကျွန်တော် ဒီမဟာပဏ္ဍိတအဆင့် ပညာရပ်ကို လိုချင်ပါတယ်”

ရှီးရွှမ် အေးဆေးစွာပင် ပြောသည်။

“ဒီမဟာပဏ္ဍိတပညာရပ်က မင်းကို သစ္စာစုံဓားဂိုဏ်းက ပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးအတွက် ပြန်ဆပ်လို့ရတယ်”

ထိုစကားကို ကြားသောအခါ လျန်ယီ ကြောင်အသွားသည်။

“ဆရာ ဒါဆို ဒီနည်းစနစ်ကို ကျွန်တော် ကျင့်ကြံလို့ မရဘူးလား”

All Chapters