← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈)

“မင်းဆရာဖြစ်တဲ့ ငါ့ကို အထင်သေးနေတာလား။ ဒါမှမဟုတ် သောင်းပြောင်းပညာရပ်ဌာန ကို အထင်သေးနေတာလား”

ရှီးရွှမ် လျန်ယီကို စူးစူးစိုက်စိုက်ကြည့်ရင်း ခပ်ထန်စွာ ပြောလိုက်သည်။

“ငါတို့ သောင်းပြောင်းပညာရပ်ဌာနက အပြင်စည်းတပည့်တွေတောင်မှ သူတော်စင်အဆင့် ကျင့်စဉ်တွေကို ကျင့်ကြံကြတာ။ မင်း မဟာပဏ္ဍိတအဆင့် ကျင့်စဉ်ကို ကျင့်နေရင် သက်တူရွယ်တူတွေရဲ့ လှောင်ပြောင်တာကို ခံရမှာပေါ့”

ထိုစကားကို ကြားသောအခါ ချူဖုန်းကလည်း ဝင်ပြောသည်။

“ဟုတ်တယ်။ ငါတို့သောင်းပြောင်းပညာရပ်ဌာနက ဘယ်အချိန်မဆို ပါရမီရှင်တွေကိုပဲ အမြဲတမ်း လက်ခံတာ။ ခွေးတောင်မှ မဟာပဏ္ဍိတအဆင့် ကျင့်စဉ်တွေကို မကျင့်ဘူး”

လိပ်နက် ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်၏။

“ဟုတ်တယ်။ ဟုတ်တယ်။ ငါ့တူကြီးကို ကြည့်လိုက်။ ဒါကလည်း အထွတ်အထိပ် သူတော်စင်လက်နက်ပဲလေ”

လျန်ယီမှာ ခဏတာမျှ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာကာ ရိုရိုသေသေ ပြန်လည်ဖြေကြားလိုက်သည်။

“ဆရာပြောတာ မှန်ပါတယ်။ တပည့် နောက်နောင် သတိထားပါ့မယ်”

ရှီးရွှမ် သူ့ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။

“မှတ်ထား၊ မင်းက အခု မြင့်မြတ်နယ်မြေရဲ့ တပည့်၊ ကမ္ဘာ့နံပါတ်တစ်မဟာပဏ္ဍိတရဲ့ မြေးတပည့်ပဲ။ မင်း ဣန္ဒြေရှိရမယ်။ အမျှော်အမြင်ရှိရမယ်”

“မဆိုးဘူး။ မင်းက ဆရာတစ်ယောက်ရဲ့ ပုံစံမျိုး စထွက်လာပြီပဲ”

ချူဖုန်း ချီးကျူးရင်း ရှီးရွှမ်ကို လက်မထောင်ပြလိုက်သည်။

လျန်ယီ ခေါင်းကို ထပ်ခါတလဲ ညိတ်ပြလေ၏။ မကြာမီမှာပင် ထိုအဖွဲ့သည် ဘဏ္ဍာတိုက်တစ်ခုလုံးနီးပါးကို ရှာဖွေပြီးစီးသွား၏။

ထို့နောက် ရှီးရွှမ် ချူဖုန်းအနီးသို့ကပ်ကာ ကျောက်စိမ်းပေလွှာတစ်ခုကို ကမ်းပေးလိုက်သည်။

“ဆရာ၊ ဒါက ဟိုတစ္ဆေအိုရဲ့ ကျင့်စဉ်ဖြစ်ရမယ်”

ချူဖုန်းက သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

“သံသရာကိုးပတ်သူတော်စင်ပညာရပ် ဒီတစ္ဆေအိုကြီးက လှည့်ကွက်တွေ သုံးရတာကိုအတော်လေး သဘောကျတာပဲ။ ကံမကောင်းစွာနဲ့ သူက ကံကြမ္မာဗီလိန်တစ်ယောက်ဖြစ်တဲ့ မင်းနဲ့ လာတိုးတာကိုး။ ဒီဘဝမှာ ဇာတ်လိုက် ဖြစ်ခွင့်ရတော့မှာ မဟုတ်ဘူး”

“…”

ရှီးရွှမ် ဆွံ့အသွားရသည်။

“ဆရာရယ်၊ အဲဒါကြီးကို ခနခန ထည့်မပြောလို့ မရဘူးလား”

“မင်းမှာ ဇာတ်လိုက်မာနတွေတောင် ရှိနေပြီပဲ”

ချူဖုန်းက ခဏရပ်လိုက်ပြီး အမူအရာက တည်ကြည်လေးနက်သွားသည်။

“ရှောင်ရွှမ်၊ ဒီစကားတွေကို မှတ်ထား။ ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ကို ဆန့်ကျင်တဲ့ လမ်းစဉ်ပဲ။ နတ်ဘုရားတွေက ပိတ်ဆို့နေရင် နတ်ဘုရားတွေကို သတ်။ ကောင်းကင်ဘုံက မင်းကို ချိတ်ပိတ်ရင် ကောင်းကင်ဘုံကို ပြန်ပြီးချိတ်ပိတ်ရမယ်။ မတုန်မလှုပ်တဲ့ တာအိုနှလုံးသား ရှိပြီး အမြဲတမ်း ရှေ့ကို ဦးတည်နေမှသာ အထွတ်အထိပ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ပြီး ကံကြမ္မာကို ဆုပ်ကိုင်နိုင်လိမ့်မယ်”

ဤစကားများသည် ရှီရွှန်း၏ စိတ်ထဲတွင် မိုးကြိုးပစ်လိုက်သလို ရိုက်ခတ်သွား၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“တပည့်ရှီးရွှမ် ဆရာ့ သွန်သင်ဆုံးမမှုကို စွဲစွဲမြဲမြဲ မှတ်သားထားပါ့မယ်”

“တော်ပြီ၊ ငါတို့ ထွက်ခွာရမဲ့ အချိန်ရောက်ပြီ”

ချူဖုန်းက လက်ဝှေ့ယမ်းကာ အားလုံးကို ဦးဆောင်၍ ထွက်ခွာလာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ခန်းမကြီးထဲသို့ ရောက်ရှိလာကြသည်။

နယ်ခြားတောင်တန်း၏ အဓိက အင်အားစုများမှ ကျင့်ကြံသူများမှာ ထွက်ခွာသွားကြလေပြီ။ သူတို့သုံးယောက်သည် ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြ၏။ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် သစ္စာစုံဓားဂိုဏ်း၏ ကျင့်ကြံသူတစ်ဖွဲ့လုံးက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဝင်ပေါက်တွင် ဒူးထောက်ခိုင်းထားသည်ကို ချူဖုန်း မြင်လိုက်ရသည်။

လျန်ယီသည် ထိုနှစ်ယောက်ကို မြင်လိုက်ရသည့် အချိန်တွင် သူ့မျက်နှာ၌ သဘာဝမကျသော ခံစားချက်များ ထင်ဟပ်သွားလေ၏။

သစ္စာစုံဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။

“အားယီ၊ ဂိုဏ်းထဲမှာ မင်းကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ငါတို့ စုံစမ်းစစ်ဆေးပြီးပြီ။ အားလုံးက ဒီအောက်တန်းကျတဲ့ အတွဲကြောင့် ဖြစ်ရတာ။ အခု ငါ သူတို့ကို ဖမ်းဆီးထားပြီးပြီ။ သူတို့ကံကြမ္မာကို မင်းလက်ထဲမှာပဲ”

“မလိုပါဘူး”

လျန်ယီက မဆိုင်းမတွ ဖြတ်ပြောလိုက်သည်။

“အတိတ်က အရာတွေက အတိတ်မှာပဲ ကျန်ခဲ့သင့်တယ်။ ဂိုဏ်းချုပ်က ကျွန်တော့်ကို ညီအစ်ကိုအချင်းချင်း သတ်ဖြတ်စေချင်တာလား”

သစ္စာစုံဓားဂိုဏ်း၏ အကြီးအကဲများ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ ယခု သူတို့က စိတ်ကူးရခက်သော အခြေအနေတစ်ခုကို ဆိုက်ရောက်နေပါ၏။

လျန်ယီ မဟာပဏ္ဍိတမိုးမြေအား ကျောထောက်နောက်ခံအဖြစ် ရရှိလိမ့်မည်ဟု သူတို့ ကြိုတင်သိရှိထားပါက သူတို့ကိုယ်တိုင် လျန်ဝူရှင်း၏ ခေါင်းကို ဖြတ်ပြီး ဤပြဇာတ်ကို အဆုံးသတ်လိုက်လောက်သည်။

လျန်ယီ ဖခင်ဖြစ်သူက လူအုပ်ထဲမှ ရှေ့သို့ တိုးထွက်လာပြီး လျန်ဝူရှင်းကို မာမာထန်ထန် အော်ဟစ်လိုက်သည်။

“ဝူရှင်း၊ မင်းတို့ အသက်ကို ချမ်းသာပေးတဲ့ အစ်ကိုကြီးရဲ့ သဘောထားကြီးမှုကို မြန်မြန် ကျေးဇူးတင်လိုက်စမ်း”

ထိုစကားများကြောင့် လျန်ဝူရှင်း၏ မျက်နှာသည် မခံချင်စိတ်ဖြင့် တွန့်ရှုံ့သွား၏။ သူ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်မိသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော အသံနှင့်အတူဓားတစ်လက်သည် သူ၏ရှေ့ရှိ ကျောက်ပြားပေါ်သို့ စိုက်ဝင်သွားခဲ့သည်။

ဓားသည် ဓားအိမ်မှ မထွက်ရသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပတါဝန်းကျင်သို့ပျံ့ နှံ့သွားလေ၏။

နေရာတွင် ရှိနေသော သစ္စာစုံဓားဂိုဏ်း၏ အကြီးအကဲများအားလုံး ထိုဓားကို မြင်သောအခါ မျက်လုံးများတွင် လောဘရိပ်များ ထင်ဟပ်သွားကြသည်။

လျန်ယီ ဖြည်းညှင်းစွာ ပြောလိုက်၏။

“ဒါက မြို့စားအဆင့်ဓားပဲ။ မင်း ငါ့အပေါ် ရန်ငြိုးထားနေတုန်းပဲဆိုတာ ငါသိတယ်။ မင်းကို ငါ ဆယ်နှစ် အချိန်ပေးမယ်။ ဆယ်နှစ်အတွင်းမှာ မင်း ဒီမြို့စားအဆင့်ဓားကို ဆွဲထုတ်နိုင်ရင် ဝမ်တောက်ကျောင်းတော်ကို လာပြီး ငါ့ကို စိန်ခေါ်လိုက်။ မင်း မလုပ်နိုင်ရင်တော့ ဒီဓားကို မျိုးနွယ်စုဆီ ပြန်ပေးလိုက်”

ထိုစကားကို ကြားရသောအခါ လျန်ဝူရှင်း၏ မျက်နှာပေါ်ရှိ မုန်းတီးမှုများမှာ ချက်ချင်း လွင့်ပြယ်သွားတော့လေ၏။ သူ ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ လျန်ယီကို သံသယစိတ်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဘာလို့လဲ”

လျန်ယီက ပြန်ဖြေလိုက်သည်။

“မင်းနဲ့ငါက လျန်မျိုးနွယ်စု တပည့်တွေပဲ။ အဲဒီအမှန်တရားက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ လျန်မျိုးနွယ်စုအနေနဲ့ ပိုပြီး သန်မာဖြစ်လာပြီး နယ်ခြားတောင်တန်းရဲ့ အပြင်ဘက်ကို ခြေလှမ်းချင်တယ်ဆိုရင် ပိုပြီး စွမ်းအားကြီးတဲ့ ကျွမ်းကျင်ပညာရှင်တွေ ထွက်ပေါ်လာရမယ်။ မင်း ဒီဓားကို ဆွဲထုတ်နိုင်ရင် မင်းမှာ မြို့စားတစ်ယောက်ရဲ့ အရည်အချင်းရှိတယ်ဆိုတာ သက်သေပြတာပဲ။ အဲဒီအချိန်ကျရင် မင်းကို ဘယ်သူမှ အထင်သေးရဲမှာ မဟုတ်သလို မင်း အမေကိုလည်း နှိမ်ချကြည့်ရဲမှာ မဟုတ်ဘူး”

ထိုစကားများကို ကြားသောအခါ လျန်ဝူရှင်းသည် သူက လုံးဝ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရလေ၏။ သူ့မျက်လုံးများမှာ လျန်မိသားစုနှင့် သစ္စာစုံဓားဂိုဏ်းကိုသာ မြင်ခဲ့သော်လည်း အစ်ကိုကြီး၏ မျက်လုံးများသည် ကမ္ဘာတစ်ခုလုံးကို မြင်နေခဲ့သည်။

လျန်မျိုးနွယ်စု အကြီးအကဲများသည်လည်း ဤအရာကြောင့် အံ့အားသင့်သွားကြ၏။ ရက်အနည်းငယ်အတွင်းပင် လျန်ယီ ဤမျှလောက်အထိ တိုးတက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

“ကောင်းတယ်၊ ပြောတာကောင်းတယ်။ ငါတို့ လျန်မျိုးနွယ်စု….မဟုတ်ဘူး၊ ငါတို့ သစ္စာစုံဓားဂိုဏ်းမှာ လိုအပ်တာက လျန်ယီလို ကလေးမျိုးပဲ”

ဂိုဏ်း၏ မဟာအကြီးအကဲက လူအုပ်ထဲမှ ရှေ့သို့ တိုးထွက်ရင်း ကြေညာလိုက်၏။

သူ့အကြည့်က လျန်ဝူရှင်းပေါ်သို့ ကျရောက်သွားသည်။

“ဒီနေ့ကစပြီး မင်း ငါ့ရဲ့လက်အောက်မှာ ကျင့်ကြံရမယ်။ ဒီမြို့စားအဆင့်ဓားကို အမြန်ဆုံး ဆွဲထုတ်နိုင်အောင် ကြိုးစား။ ပြီးရင် သစ္စာစုံဓားဂိုဏ်းရဲ့ အပြင်ဘက်၊ နယ်ခြားတောင်တန်းရဲ့ အပြင်ဘက်ကို ခြေလှမ်းနိုင်အောင် လုပ်ပါ”

“ကျေးဇူးတင်ပါတယ် ဘိုးဘေး။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

လျန်ဝူရှင်း သူတို့နှစ်ဦးလုံးကို ရိုရိုသေသေ ဦးညွှတ်ရင်း ပြောလိုက်သည်။

“ယီအာ၊ ဒီတစ်ခါ ခွဲခွာပြီးရင် ငါတို့ ဘယ်တော့ ပြန်ဆုံမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါက ငါ မင်းကို ပေးတဲ့ လက်ဆောင်ပဲ”

မဟာအကြီးအကဲ ပြောရင်း လျန်ယီထံသို့ သိုလှောင်လက်စွပ် တစ်ကွင်းကို ကမ်းပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

လျန်ယီက ရှေ့သို့ တိုးကာ ထိုသိုလှောင်လက်စွပ်ကို လက်ခံလိုက်၏။

ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် အားလုံးသည် ဝိညာဉ်ဂူဗိမ္ဗာန်ဂိုဏ်းမှ ထွက်ခွာသွားကြသည်။

သုံးရက်ကြာပြီးနောက် လျန်ယီသည် သူ၏ မိသားစုကို နှုတ်ဆက်ကာ ချူဖုန်း၊ ရှီးရွှမ်တို့နှင့်အတူ ထွက်ခွာသွား၏။

သစ္စာစုံဓားဂိုဏ်းအတွင်း၌မူ မဟာအကြီးအကဲသည် လျန်ယီ သူ့ကိုပေးသော သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေသည်။

သူ ချက်ချင်းပင် နတ်ဘုရားအာရုံအား အထဲသို့ ထည့်သွင်းလိုက်သည်။ မကြာမီမှာပင် သူ၏ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းများ ထင်ဟပ်လာပြီး ရေရွတ်လိုက်မိလေတော့၏။

“ဒီဘဝမှာ ငါ မြို့စားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာပြီ။ မြို့စားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ကွ”

ကောင်းကင်ယံတွင် ချူဖုန်းနှင့်ဆရာတပည့်နှစ်ဦးတို့မှာ ပျံသန်းနေကြသည်။

ရှီးရွှမ်ကမေးလိုက်၏။

“ဆရာ၊ ကျွန်တော်တို့ ရှီးမျိုးနွယ်စုဆီ ပြန်မလား၊ ဒါမှမဟုတ် ဝမ်တောက်ကျောင်းတော်ကိုပဲ တန်းပြန်မလား”

ချူဖုန်းက ပြန်ဖြေလိုက်သည်။

“ဝမ်တောက်ကျောင်းတော်ကို ပြန်ရမှာပေါ့။ ရှီးမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ ကိစ္စအများစုက ပြီးသွားပြီ။ အနီးဆုံးမြို့မှာ နေရာပြောင်းအစီအရင် တစ်ခုကို ရှာတွေ့တာနဲ့ ငါ သူတို့ဆီ မိုင်တစ်ထောင်‌ပေလွှာ ပို့လိုက်မယ်။ သူတို့ ကျန်ရှိနေတဲ့ ကံကြမ္မာသားတော် လေးယောက်ကို နှိမ်နင်းပြီးရင် ဝမ်တောက်ကျောင်းတော်ကို ပြန်လာနိုင်ပြီ”

ထိုစကားကို ကြားသောအခါ ရှီးရွှမ် တိုးတိုးလေး ရေရွတ်လိုက်၏။

“စီနီယာအစ်ကိုကြီးတို့နဲ့ အစ်မကြီးတို့ အခု ဘယ်လို နေကြမလဲဆိုတာ သိချင်မိတယ်”

ချူဖုန်းက ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့။ သူတို့အားလုံးက ထိပ်တန်းပညာရှင်တွေပဲ၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

သူတို့သုံးယောက် ဆရာတူတပည့်များအကြောင်း ဆွေးနွေးနေကြစဉ် ချင်းချင်းနှင့် သူမ အဖွဲ့မှာ ရွှီအောက်ထျန်း၏ နောက်သို့ လိုက်ပါရင်း ရှေးဟောင်းအပျက်အစီးတစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် သူ့နောက်သို့ လိုက်နေခဲ့သည်မှာ တစ်လခွဲခန့်ပင် ရှိပြီ ဖြစ်၏။

ထိုလူက သူတို့နှာခေါင်းအောက်မှ လွတ်မြောက်သွားလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

ချင်းချင်းနှင့် အဖွဲ့မှာ အရှိန်အဝါကို ထိန်းချုပ်ကာ ရွှီအောက်ထျန်း၏ နောက်သို့ တိတ်တဆိတ် လိုက်နေကြသည်။ သူတို့ စကားတစ်ခွန်းမျှ မပြောကြချေ။

ချင်းချင်းမှာ ရွှီအောက်ထျန်းကို ဝန်းရံထားသည့် ကံကြမ္မာအလင်းတန်း ပေါ်တွင်သာ သူမ အကြည့်ကို စူးစိုက်ထား၏။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ ကံကောင်းခြင်းအလင်းတန်းသည် ပိုမို အားနည်းလာ၏။ သူမ အနီးရှိ ဂျူနီယာမောင်လေးရွှီ နှိုင်းယှဉ်ပါက သူ့အလင်းတန်းသည် ယခုအခါ ပို၍ မှိန်ဖျော့နေပုံရသည်။ ပိုက်ကွန်ကို သိမ်းရမည့် အချိန် ရောက်လာပြီဟု ထင်ရ၏။

ထိုအခန်း၌ ရွှီအောက်ထျန်းသည် အိုဟောင်း၍ ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသော မြေအောက်နန်းတော်တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ ခေါင်းကို လှည့်ကာ ပတ်ဝန်းကျင်သို့ လှမ်းအော်လိုက်၏။

“မင်းတို့အားလုံး ငါ့နောက်ကို လိုက်နေတာ တော်တော်ကြာပြီ။ အခု မင်းတို့ကိုယ်မင်းတို့ ထွက်ပြရမဲ့ အချိန် မရောက်သေးဘူးလား”

All Chapters