← Chapters

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း (၄၂၀)

“ဘယ်သူက ငါတို့ကို လှမ်းခေါ်နေတာလဲ”

အင်မော်တယ်နန်းတော်အတွင်းမှ အိုမင်းကာ ခန့်ညားထည်ဝါသော အသံတစ်သံ ခေါင်းလောင်းကြီးတစ်လုံး တီးခတ်လိုက်သည့်ပမာ ထွက်ပေါ်လာပြီး နန်းတော်၏ အတားအဆီးထဲတွင် ဟိန်းထွက်သွား၏။

ထိုအသံတစ်ခုတည်းကပင် အနီးအနား၌ ရှိနေသော ကျင့်ကြံသူအားလုံး၏ ဝိညာဉ်များကို လှုပ်ခတ်သွားစေသည်။

ပင်းယန်ပင် နဖူးတွင် ချွေးစေးများ ပျံတက်လာတော့သည်။ နန်းတော်အတွင်း၌ ရှိနေသောသူမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှ၏။

“အရှင့်ကို သတင်းပို့ပါတယ်၊ ကျွန်တော်မျိုးက ဧကရီရဲ့ သစ္စာအရှိဆုံး အစေခံပါ။ အခု တစ်စုံတစ်ယောက်က အင်မော်တယ်နန်းတော်ကို လာရောက်စော်ကားရဲလို့ အရှင့်အနေနဲ့ ဒီတရားမဝင် ကျူးကျော်သူအောက်တန်းစားတွေကို နှိမ်နင်းဖို့ လမိုက်တပ်ဖွဲ့ကို စေလွှတ်ပေးပါ”

ရွှီအောက်ထျန်း သူ့မျက်နှာတွင် ကြည်ညိုမှုများ အပြည့်ဖြင့် ပြောလိုက်သော်လည်း ချင်းချင်းနှင့် အခြားသူများထံ ဝေ့ဝဲကြည့်လိုက်သော အကြည့်များတွင်မူ သနားစိတ်နှင့် နောင်တရိပ်များဖြင့် ပြည့်နှက်နေသည်။

သူ ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများကို ဆင့်ခေါ်ရုံသာ တတ်နိုင်ပြီး စေခိုင်းနိုင်ခြင်း မရှိချေ။

သို့သော် ဤအမျိုးသမီးများ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူတို့ကံကြမ္မာများကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

“မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”

ထိုတည်ကြည်လေးနက်သော တုံ့ပြန်မှုနှင့်အတူ အင်မော်တယ်နန်းတော်မှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။

အလင်းတန်းများ လွင့်ပြယ်သွားသောအခါ အတားအဆီးအတွင်းရှိ ကောင်းကင်ယံတွင် အရိပ်မည်းကြီးများ ပြည့်နှက်သွားတော့၏။

အားလုံး မော့ကြည့်လိုက်ကြရာ ကောင်းကင်ထက်၌ လမင်းပုံသဏ္ဌာန် ပန်းထိုးထားသော ဝတ်ရုံနက်များကို ဆင်မြန်းထားသည့် စစ်တပ်တစ်ခု ပျံဝဲနေသည်ကို မြင်လိုက်ရသည်။

အဆိုးဝါးဆုံးမှာ စစ်သည်တိုင်းသည် မဟာပဏ္ဍိတအဆင့်၏ အရှိန်အဝါများကို ထုတ်လွှတ်နေကြပြီး သူတို့ခေါင်းဆောင်မှာ သူတော်စင်အဆင့်တွင် ရှိနေသော တည်ရှိမှုတစ်ခု ဖြစ်နေခြင်းပင်။

လမိုက်တပ်ဖွဲ့တပ်မှူးက ရွှီအောက်ထျန်းကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ငါတို့ကို ရန်စတဲ့သူက ဘယ်မှာလဲ”

ရွှီအောက်ထျန်းက သူ့လက်ကို မြှောက်ကာ ဝမ်တောက်ကျောင်းတော်မှ တပည့်များဘက်သို့ ညွှန်ပြလိုက်၏။

“သူတို့ပါပဲ”

တပ်မှူးက လူအုပ်ကြီးဘက်သို့ သူ၏အကြည့်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်သော်လည်း ချူချိုက်ယီ လူအုပ်ထဲတွင် ရပ်နေသည်ကို မြင်လိုက်ရသည့် ခဏ၌ သူ၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွား‌တော့သည်။

စိုက်ကြည့်မှုကို ခံစားမိသောအခါ ချူချိုက်ယီ၏ အရှိန်အဝါသည်လည်း ပြောင်းလဲသွားလေ၏။

“လနတ်ဆိုး၊ နင်က ငါ့ကို တည့်ကြည့်ရဲတယ်ပေါ့”

ထိုစကားများကြောင့် လနတ်ဆိုး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားပြီး သူ့နောက်ကွယ်ရှိ စစ်တပ်တစ်ခုလုံးသည်လည်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြတော့၏။

ရွှီအောက်ထျန်းမှာ လမိုက်တပ်ဖွဲ့၏ ပြောင်းလဲမှုကို သတိမပြုမိဘဲ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ငတုံးမ၊ မင်းက ဒီလိုအချိန်မျိုးမှာတောင် အရှင်တွေကို မရိုမသေ ပြောရဲတယ်ပေါ့”

“ဖြန်း”

စူးရှသော လူရိုက်သံ ထွက်ပေါ်သည်။

ရွှီအောက်ထျန်းတစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပင် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး အင်မော်တယ်နန်းတော်၏ အတားအဆီးပေါ်သို့ ပြင်းထန်စွာ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့၏။

ရုတ်တရက် ဖြစ်ရပ်ကြောင့် လူတိုင်းကြောင်အသွားရသည်။

သူတို့ သတိမပြန်ဝင်နိုင်ခင်မှာပင် လမိုက်တပ်ဖွဲ့မှာ ကောင်းကင်ယံမှ ဆင်းသက်လာ၏။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဒူးတစ်ဖက်ထောက်ကာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

“ကျွန်တော်မျိုးတို့ ဧကရီအရှင်မကို ဂါရဝပြုပါတယ်”

သတိပြန်ဝင်လာခါစ ရှိသေးသော ရွှီအောက်ထျန်း ဆွံ့အမှင်တက်သွားရသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေ၏။

‘ဘာတွေ ဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်လောက် ငါ့ကို ပြောပြကြပါဦးဟ’

“ထကြ”

ချူချိုက်ယီ၏ လေသံမှာ လှိုင်းမထသော ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။

“ကျေးဇူးတင်ပါတယ် အရှင်မ”

လနတ်ဆိုး စစ်တပ်ကို ဦးဆောင်ကာ ပြန်လည်မတ်တတ်ရပ်လိုက်၏။

သူ၏ အကြည့်မှာ ရွှီအောက်ထျန်းထံသို့ ရောက်ရှိသွားပြီး ရိုရိုသေသေ မေးလိုက်သည်။

“အရှင်မ၊ ဒီလူက အရှင်မကို စော်ကားခဲ့တာပါ။ သူ့ကို ကျွန်တော်မျိုးတို့ ဘယ်လို စီရင်ရမလဲ”

“သူ့ရဲ့ ဝိညာဉ်ကို လုံးဝ ချေဖျက်ပစ်လိုက်ပါ။ သူ့ကို နောင်ဘဝအဆက်ဆက် ဘယ်တော့မှ ပြန်လည်မွေးဖွားခွင့်မပေးနဲ့”

ချူချိုက်ယီ၏ အသံသည် အေးစက်လွန်းလှပြီး မည်သည့်ခံစားချက်မျှ ပါဝင်နေခြင်း မရှိချေ။ ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံး တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထောင်ထသွားကြသည်။

ချူချိုင်ယီ၏ ဤကဲ့သို့သော အသွင်အပြင်မျိုးကို သူတို့တစ်ခါမျှ မမြင်ဖူးကြချေ။ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး အတိုင်းအဆမရှိ နက်နဲလွန်းလှ၏။

‘သူ ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ’

လူအုပ်ကြီး ဇဝေဇဝါ ဖြစ်နေစဉ် လနတ်ဆိုးသည် သူ၏ ကြီးမားသော လက်ဝါးကြီးကို မြှောက်ကာ ရွှီအောက်ထျန်း၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို ဆွဲထုတ်လိုက်ပြီး အမှုန့်ကြိတ်ကာ ချေဖျက်ပစ်လိုက်၏။

ရွှီအောက်ထျန်းမှာ ဘာဖြစ်သွားသည်ကိုပင် လုံးဝ နားမလည်နိုင်ဘဲ သေဆုံးသွားသည်။

သူ ထိုအထွတ်အထိပ်တည်ရှိမှု၏ အမွေဆက်ခံသူဖြစ်၏။ လမိုက်တပ်ဖွဲ့က သူ၏ အမိန့်ကို မနာခံသည်ကိုခဏ ဖယ်ထားနိုင်သော်လည်း မည်သို့ကြောင့် သူ့ကို ပြန်ပြီး နှိမ်နင်းဖို့ ရွေးချယ်ခဲ့သနည်းကို သူနားမလည်နိုင်ပေ။

လနတ်ဆိုးနှင့် သူ့စစ်သည်များက ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။

“ကျွန်တော်မျိုးတို့ ဧကရီအရှင်မ အင်မော်တယ်နန်းတော်ထဲ ပြန်ကြွချီတာကို ကြိုဆိုပါတယ်”

စစ်တပ်၏ ဝန်းရံမှုနှင့်အတူ ချူချိုက်ယီ အင်မော်တယ်နန်းတော်ထဲသို့ လျှောက်လှမ်းဝင်ရောက်သွား၏။

သူတို့ပုံရိပ်များ အတွင်းသို့ ပျောက်ကွယ်သွားသည်နှင့် နန်းတော်တံခါးကြီး ပြန်ပိတ်သွားပြီး မြေပြင်ထဲသို့ ဖြည်းညှင်းစွာ ပြန်လည်နစ်မြုပ်သွားကာ ယခင်ပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွားတော့သည်။

အချိန်အတော်ကြာသွားပြီးမှသာ ချင်းချင်းနှင့် အခြားသူများသည် ထိုထိတ်လန့်တုန်လှုပ်မှုမှ သတိပြန်ဝင်လာကြ‌၏။

ချန်ကျွင်း သူတို့ရှေ့ရှိ နန်းတော်ကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“ဆရာမချိုက်ယီ အဆင်ပြေပါ့မလား”

ချင်းချင်း တည်ငြိမ်စွာ ပြောလိုက်၏။

“မစိုးရိမ်ပါနဲ့။ ဂျူနီယာညီမလေးချိုက်ယီ အဆင်ပြေမှာပါ။ လောလောဆယ်တော့ ငါတို့ ရွှီအောက်ထျန်းရဲ့ အလောင်းကို အရင်ဆုံး ရှင်းလင်းကြရအောင်”

“နားလည်ပါပြီ”

ချန်ကျွင်း ပြန်ဖြေလိုက်ပြီး ရွှီအောက်ထျန်း၏ ခန္ဓာကိုယ်ပေါ်မှ ရတနာအားလုံးကို သိမ်းဆည်းကာ အလောင်းကို မီးရှို့ဖျက်ဆီးပစ်လိုက်၏။

ဤသို့ဖြင့် ကံကြမ္မာသားတော်တစ်ဦး တောက်ပခွင့် မရသေးခင်မှာပင် ကြွေလွှင့်သွားခဲ့ရလေတော့သည်။

ချင်းချင်း ရွှီအောက်ထျန်း၏ ပိုင်ဆိုင်မှုများကို ထိုနေရာတွင် ရှိနေသောသူများအား ခွဲဝေပေးလိုက်ပြီးနောက် တရားထိုင်လိုက်၏။ နန်းတော်အတွင်းရှိ ချူချိုက်ယီအတွက်တော့ မစိုးရိမ်မိပေ။

အခြားသူများကလည်း သူမ ပုံစံအတိုင်း ကျင့်ကြံလိုက်ကြသည်။

အင်မော်တယ်နန်းတော်အတွင်း၌

ချူချိုက်ယီမှာ လမိုက်တပ်ဖွဲ့၏ ခြံရံမှုနှင့်အတူ ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာ၏။

လနတ်ဆိုးက ဦးညွှတ်လိုက်သည်။

“ အကယ်လို့ အရှင်မ ပြန်လည်နိုးထလာပြီး ဒီနန်းတော်ကို ပြန်ရောက်လာရင် အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ဒီနေရာကို ခေါ်ဆောင်လာရမယ်လို့ အမိန့်ပေးထားပါတယ်။ ဒါပေမဲ့”

“ပြောစမ်း”

ချူချိုက်ယီ၏ အမူအရာမှာ ပုံမှန်အတိုင်းပင်။ သို့သော် ယခုလေးတင် မရင်းနှီးသော မှတ်ဉာဏ်များသည် သူမ စိတ်ထဲသို့ တဟုန်ထိုး စီးဆင်းဝင်ရောက်လာ၏။

အတိတ်ဘဝတွင် သူမသည် ကောင်းကင်ကိုးဆင့်၏ အထက်၌ ရှိနေသော ပြိုင်ဘက်ကင်းဧကရီတစ်ပါး ဖြစ်သည်။

သို့သော် သစ္စာဖောက်မှုတစ်ခုကြောင့် သူမ ပျောက်ကွယ်သွားခဲ့ရ၏။ ဤအင်မော်တယ်နန်းတော်မှာ သူမ ချန်ထားခဲ့သော အရန်အစီအစဥ်များထဲမှ တစ်ခုပင်။

ထိုမှတ်ဉာဏ်များက သူမကို ဇဝေဇဝါ ဖြစ်စေသည်။ အတိတ်ဘဝက မြင့်မြတ်လှသော ဧကရီလား၊ ဝမ်တောက်ကျောင်းတော်က တပည့်ချူချိုင်ယီလား မခွဲခြားနိုင်တော့ပေ။

ယခုအခါ သူမ နှလုံးသားသည် လမ်းပျောက်နေပြီး မည်သည့်လမ်းစဉ်ကို လျှောက်လှမ်းရမည်ကို မသေချာဘဲ ဖြစ်နေလေ၏။

“အရှင်မက သူတော်စင်အဆင့်ကို တက်ပြီးမှသာ ဒီနေရာကို လာမယ်လို့ တစ်ချိန်က မိန့်ကြားခဲ့တာပါ၊ ဒါပေမဲ့ အခုတော့”

လနတ်ဆိုး ဆက်မပြောရဲတော့ချေ။ ဤအရာသည် လမိုက်တပ်ဖွဲ့၏ တပ်မှူးဖြစ်သော သူ့အနေဖြင့် မေးခွန်းထုတ်ပိုင်ခွင့် မရှိသော အရာမှန်း သိနေ၏။

“ငါ့ကို တစ်ယောက်တည်း ထားခဲ့”

ချူချိုက်ယီ ဤအကြောင်းအရာကို ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့ချေ။ သူမ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ မည်သည့်အရာက စောင့်ကြိုနေသည်ကို ကိုယ်တိုင် ကြည့်ရှုရမည်သာ။

“အမိန့်အတိုင်းပါ”

လနတ်ဆိုး ဦးညွှတ်ကာ ဆုတ်ခွာသွား၏။

ချူချိုက်ယီ တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်၍ ခန်းမဆောင်ကြီးထဲသို့ တစ်လှမ်းခြင်းလှမ်းဝင်လိုက်လေတော့သည်။

သူမ မျက်စိရှေ့မှောက်တွင် မြင်တွေ့လိုက်ရသည်မှာ ကျယ်ပြော၍ ဗလာကျင်းနေသော အခန်းကြီးတစ်ခုပင်။ ၎င်း ဗဟိုတွင် သူမနှင့် တစ်ပုံစံတည်း တူညီလှသော ရုပ်ထုတစ်ခု ရှိနေပြီး ၎င်းက စိတ်ကူးမယဉ်နိုင်လောက်သော စွမ်းအားကြီးမားလှသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။

ထိုအရာမှာ သူမတစ်ခါမျှ မကြုံတွေ့ဖူးသော ဖိအားမျိုးပင်။

အကယ်၍ ၎င်းသည် သူမ မှတ်ဉာဏ်များနှင့် ပဲ့တင်ထပ်ခြင်း မရှိခဲ့ပါက ထိုဖိအားအောက်တွင် စိစိညှက်ညှက်ကြေကာ ပြားသွားလောက်၏။

သူမ ရှေ့သို့ တိုးရန် ကြိုးစားလိုက်သောအခါ သူမ ခြေထောက်များမှာ မြေပြင်ပေါ်တွင် သံရိုက်ထားသကဲ့သို့ ဖြစ်နေပြီး လုံးဝ ရွှေ့လျား၍ မရတော့ချေ။

ထိုအခိုက်အတန့်တွင် ရုပ်ထုမှ အင်မော်တယ်အလင်းတန်းများ တောက်ပလာပြီး အတွင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုလူရိပ်က ချူချိုက်ယီကို မြင်လိုက်ရသည့် ခဏ၌ မျက်မှောင်ကို မကျေမနပ် ကြုတ်လိုက်မိသည်။

“မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ ဒီအချိန်မှာ မင်းက ဒီနေရာမှာ မရှိသင့်သေးဘူး”

သို့သော် ချူချိုက်ယီက ခေတ္တ စဉ်းစားလိုက်ပြီးနောက် သူမ၏ နှတာအိုလုံးသားမှာ ခိုင်မာသွားတော့၏။

သူမ တစ်ချိန်က အရာအားလုံးထက် မြင့်မားသော ဧကရီဖြစ်ခဲ့သည်ဖြစ်စေ သို့မဟုတ် ဝမ်တောက်ကျောင်းတော်မှ သာမန်တပည့်တစ်ဦးဖြစ်စေ ထိုအရာအားလုံး အရေးမကြီးတော့ချေ။

ယခုအခါ သူမသည် ချူချိုက်ယီ ဖြစ်သည်။ မည်သူမျှ သူမ တာအိုနှလုံးသားကို မလှုပ်ခါနိုင်ချေ။

သူမ ဖြည်းညှင်းစွာ ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်မ ဒီကို ရောက်နှင့်နေပြီးပြီလေ”

ထိုစကားများအဆုံး၌ ခန်းမဆောင်အတွင်းရှိ လေထုမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

All Chapters