အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) တန်ထိုက်ပေါင်ပေါင်အား သိမ်းပိုက်ခြင်းနှင့် ဟောက်ယန်ကျင့်စဉ်
"ကျောက်တံတိုင်းကို စောင့်ကြပ်ဖို့ ဒီလူ ၁၉ ယောက် တာဝန်ယူထားတာက အလုပ်ရှုပ်သက်သာတာပေါ့..."
"ချီလင်အကယ်ဒမီက နည်းပြတွေနဲ့ ကျောင်းသားတွေက ဒီလင်းယုန်ရဲ့ စောင့်ကြည့်မှုကို မလွတ်မြောက်နိုင်သလို ခေါင်းဆောင် ၁၉ယောက်ရဲ့ ဝိုင်းရံထားတာကိုလည်း ဘယ်လိုမှ မလွတ်နိုင်ဘူး..."
"ချီလင်အကယ်ဒမီက ဒီလူတွေ ရတနာတွေကို လုယူဖို့ မလာနိုင်တော့ဘူးဆိုရင်တော့ ဒါတွေအားလုံးက ငါ့အတွက်ပဲ ဖြစ်လာမှာ..."
ကျောက်လင်သည် ညင်သာစွာ ပြုံးလိုက်ပြီး မြေကြီးအောက်သို့ ပြန်၍ တိုးဝင်သွား၏။ သူ၏ လက်က မြေပြင်ကို ထိလိုက်သည်နှင့် တစ်ကူဗစ်မီတာရှိသော မြေသားများ ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ကျောက်လင်သည် တောင်ထဲသို့ လိုဏ်ခေါင်းတူးရင်း တစ်ဖက်တွင်လည်း စိတ်စွမ်းအားကို သုံးကာ အချင်းဝက် (၂၀) မီတာအတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို စူးစမ်းလိုက်သည်။ ကျောက်လင်သည် ဟေးလုံစခန်း၏ လူနေရပ်ကွက် မြေအောက်ထဲတွင် လုံးလုံးလျားလျား ရောက်ရှိနေပြီ ဖြစ်၏။
ဟေးလုံစခန်းမှ လူများက သူတို့၏ ခြေဖဝါးအောက်တွင် တစ်စုံတစ်ယောက် လိုဏ်ခေါင်းတူး၍ လွတ်လပ်စွာ သွားလာနေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မတွေးထားမိကြပေ။
"အင်း... တန်ထိုက်ပေါင်ပေါင် သူ့အခန်းထဲမှာ စိတ်ပူနေတာပဲ..."
တစ်ချိန်တွင် ကျောက်လင်၏ စိတ်စွမ်းအားက တန်ထိုက်ပေါင်ပေါင် ရှိနေသည်ကို အာရုံခံမိသွားသည်။ ထို့ကြောင့် ကျောက်လင်သည် လိုဏ်ခေါင်းတူးကာ တန်ထိုက်ပေါင်ပေါင်၏ အခန်းနောက်ဘက်မှနေ၍ တွားသွား ထွက်လာလိုက်၏။ ကျောက်လင် လိုဏ်ခေါင်းထဲမှ ထွက်လာသည့် အချိန်တွင် စုဆောင်းထားသော မြေသားများကို ထုတ်လိုက်ပြီး လိုဏ်ခေါင်းဝကို ပိတ်ဆို့လိုက်သည်။
"ဘယ်သူလဲ..."
တန်ထိုက်ပေါင်ပေါင်သည် သူမ၏ အခန်းထဲတွင် အလေးအနက် စဉ်းစားနေရင်း ရုတ်တရက် မရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ ကျောက်လင်က အပြင်ဘက်မှနေ၍ ပြတင်းပေါက်ကို ဖွင့်လိုက်၏။
"ရှင်..."
တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်၏ မျက်နှာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ကျောက်လင်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ခုန်ဝင်လိုက်သည်။
"ပေါင်ပေါင်... ကိုယ် မင်းကို လာတွေ့တာ..."
အခန်းထဲသို့ ရောက်သည်နှင့် ကျောက်လင်က ရီဝေဝေဖြင့် ရယ်မောလိုက်၏။
"ရှင်... ရှင် ဘယ်လိုလုပ်ပြီး ခိုးဝင်လာတာလဲ..."
"မဖြစ်နိုင်တာ... ဒီနေရာမှာ ရွှေခန္ဓာနယ်ပယ်အဆင့် ခေါင်းဆောင် ၁၉ ယောက် ရှိနေတယ်... ပြီးတော့ ဝိညာဉ်သားရဲတွေကလည်း ညဘက် ကောင်းကင်ကို ကင်းလှည့်နေတာ... ရှင် ဘယ်လိုမှ ဝင်လာလို့ မရနိုင်ဘူး..."
တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်ကို အလွန်အမင်း ဝေခွဲမရသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
"ကိုယ်မှာ လှည့်ကွက်တွေ အများကြီးရှိသေးတယ်... မင်း နောက်မှ သိရလိမ့်မယ်..."
"ကိုယ် ဘယ်လိုဝင်လာလဲဆိုတာ ထားလိုက်ပါ... မင်း စိတ်ပူနေတာကို ကိုယ် သတိထားမိတယ်... ဘာတွေ စိတ်ညစ်နေတာလဲ... ကိုယ့်ကိုပြောပြပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
"ဒါတွေအားလုံးက ကျွန်မရဲ့ ခေါင်းမာတဲ့ အဖေကြောင့်ပါ... ကျွန်မ ဘယ်လောက်ပဲ နားချနားချ သူက ညီအစ်ကိုတွေကို ခေါ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်... သူက ဓားပြဂိုဒေါင်အားလုံးကို စုစည်းပြီး ယွီရွှေစခန်း တပ်မတော်နဲ့ တိုက်ခိုက်ဖို့ပဲ ကြိုးစားနေတာ..."
"အခုတော့ ဓားပြတွေအားလုံး ရှရွှယ်ချန်တောင်မှာ စုနေကြပြီး ယွီရွှေစခန်းက တောင်ကြားလမ်းကို ပိတ်ထားတယ်... ယွီရွှေစခန်းက တောင်ကို ပိတ်ထားပြီး တိုက်ပွဲမဆင်နွှဲသရွေ့ ကျွန်မတို့ ဟေးလုံစခန်းရဲ့ စားနပ်ရိက္ခာက ကြာရှည် ခံမှာမဟုတ်ဘူး..."
"ကျွန်မအဖေက ဒီလိုအဆုံးသတ်လမ်းကို လက်မခံဘဲ ယွီရွှေစခန်းနဲ့ အကြီးအကျယ် တိုက်ပွဲဆင်နွှဲဖို့နဲ့ တရားရုံးတော်ကနေ အပြစ်မရှိကြောင်း အမိန့်ထုတ်ပြန်လာအောင် ဖိအားပေးဖို့ပဲ စွဲလမ်းနေတာ..."
တန်ထိုက်ပေါင်ပေါင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"သြော်... တခြားကိစ္စများမှတ်လို့..."
"ရပါတယ်... မင်းအဖေလည်း ကြာကြာမခံနိုင်ပါဘူး... သူ မကြာခင်မှာ အခြေအနေကို နားလည်လာပြီး ဟေးလုံစခန်းက ညီအစ်ကိုတွေနဲ့အတူ ထွက်ပြေးရလိမ့်မယ်..."
ကျောက်လင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သော်လည်း အတိအကျတော့ မပြောပြပေ။ သူတို့သာ ဟေးလုံစခန်းက စားနပ်ရိက္ခာနဲ့ ရတနာတွေကို အကုန်ယူသွားမယ်ဆိုရင်... တန်ထိုက်ရှုံ့ရင် ဘယ်လိုလုပ်ပြီး ဆက်လုပ်နိုင်တော့မှာလဲ။
"ရှင်... စုတ်ပဲ့နေတဲ့ ကျောက်လင်၊ ရှင် ဘာတွေ ကြံစည်နေတာလဲ..."
"ရှင် ကျွန်မကို ကူညီပေးရမယ်... ကျွန်မအဖေနဲ့ ဟေးလုံစခန်းက ညီအစ်ကိုတွေ လွတ်မြောက်သွားရင် ရှင်နဲ့ လက်ထပ်မယ်..."
တန်ထိုက်ပေါင်ပေါင်က အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျောက်လင် စိတ်ဝင်စားသွား၏။
"ကိုယ့်ရဲ့ ဇနီးလေးရယ်... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ လက်ထပ်ရမှာပဲဟာ... အခုပဲ ကိုယ့်ကို ပေးလိုက်ပါတော့လား ဟုတ်တယ်မလား..."
ကျောက်လင်က အနားသို့ တိုးကပ်ကာ နောက်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။
"မရဘူး..."
တန်ထိုက်ပေါင်ပေါင်ကမူ စည်းကမ်းကြီးဆဲ ဖြစ်သည်။
"မင်းပြောတိုင်းဖြစ်မယ်များ ထင်နေလား..."
စကားဆုံးသည်နှင့် ကျောက်လင်က တန်ထိုက်ပေါင်ပေါင်ကို အတင်းအကျပ် ဖက်တွယ်လိုက်သည်။ ထို့နောက် တန်ထိုက်ပေါင်ပေါင် ရုန်းကန်ခဲ့သော်လည်း အကျိုးမထူးခဲ့ပေ။ ကျောက်လင်၏ အတင်းအကျပ် ဖိအားပေးမှုအောက်တွင် ခုခံရန် ကြိုးစားရင်း နောက်ဆုံးတွင် တန်ထိုက်ပေါင်ပေါင်သည် ကျောက်လင်ကို အလိုတူလိုက်လျောလိုက်ရတော့သည်။
ပြင်းထန်သော တိုက်ပွဲပြီးဆုံးချိန်တွင် ကျောက်လင်က စနစ်မျက်နှာပြင်ကို ချက်ချင်း ကြည့်လိုက်သည်။
【ဂုဏ်ယူပါတယ် ပိုင်ရှင်။ ဇနီးဖြစ်သူ တန်ထိုက်ပေါင်ပေါင်နှင့် အောင်မြင်စွာ လက်ထပ်ညကို ကုန်ဆုံးနိုင်ခဲ့သဖြင့် စနစ်က ကျင့်ကြံခြင်းနှစ်ပေါင်း (၂၀) ကို ဆုချီးမြှင့်လိုက်ပါသည်။】
【ပိုင်ရှင်၏ ဇနီးဖြစ်သူ တန်ထိုက်ပေါင်ပေါင် ကိုယ်ဝန်အောင်မြင်စွာ ရရှိသွားပြီ ဖြစ်ပါသည်။ စနစ်က အိမ်ရှင်အား 'ဟောက်ယန်ကျင့်စဉ်' ကို ဆုချီးမြှင့်လိုက်ပါသည်။】
ဤသတင်းစကားနှစ်ခုကို မြင်လိုက်ရသောအခါ ကျောက်လင် အလွန်ဝမ်းသာသွား၏။ ဤသည်က ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပေမဲ့ ဒီလောက်အထိ အကျိုးအမြတ်ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ထိုအခိုက်တွင် ကျောက်လင်သည် 'ဟောက်ယန်ကျင့်စဉ်' ကို စိတ်ထဲသို့ လက်ခံရရှိလိုက်ပြီး ဤကျင့်စဉ်၏ အစွမ်းထက်ပုံကို ချက်ချင်း သိရှိသွားသည်။ ဟောက်ယန်ကျင့်စဉ်သည် ဆဋ္ဌမအဆင့် ကျင့်စဉ်ဖြစ်ပြီး အဆင့် (၆) ဆင့် ပါဝင်သည်။ အဆင့်တစ်ဆင့်ချင်းစီ ကျင့်ကြံတိုင်း နောက်တစ်ဆင့် နယ်ပယ်သို့ ချိုးဖျက်နိုင်မည် ဖြစ်၏။ ဆဋ္ဌမအဆင့် အောင်မြင်သွားပါက ဆဋ္ဌမအဆင့် ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိမည် ဖြစ်သည်။
ယခင်က ကျောက်လင်သည် ကျားသစ်နက်စစ်တပ်မှ ရရှိခဲ့သော 'ကျားယန်ကျင့်စဉ်' ကို တတိယအဆင့် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အထိသာ ကျင့်ကြံနိုင်ခဲ့သည်။ ကျောက်လင်သည် ကျင့်စဉ်သစ် ရှာဖွေရမည်ကို စိုးရိမ်နေခဲ့ရာ ယခု 'ဟောက်ယန်ကျင့်စဉ်' က ကျောက်လင်၏ အရေးတကြီး လိုအပ်ချက်ကို ဖြေရှင်းပေးလိုက်ပြီ ဖြစ်၏။ ကျင့်ကြံခြင်း နှစ်ပေါင်း (၂၀) ထပ်မံရရှိထားသဖြင့် ကျောက်လင် တစ်စက္ကန့်မျှ မတွန့်ဆုတ်ဘဲ ချက်ချင်းပင် အသုံးပြုလိုက်သည်။
"စနစ်၊ ကျင့်ကြံခြင်းနှစ်ပေါင်း (၂၀) ကို 'ဟောက်ယန်ကျင့်စဉ်' မှာ ပေါင်းထည့်ပေး..."
ဤသို့ တွေးလိုက်သည်နှင့် ကျောက်လင်သည် သူ၏ ရုပ်ခန္ဓာ ပိုမိုသန်မာလာသည်ကို တွေ့လိုက်ရပြီး ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်အမှတ်အသား အများအပြားလည်း ပွင့်သွားခဲ့သည်။ ကျောက်လင်သည် သူ၏ ကျင့်ကြံမှုမှာ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားသည်ကို သိရှိလိုက်သည်။ ထိုအချိန်တွင် ကျောက်လင်သည် စနစ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာပြင်ကို ချက်ချင်း ကြည့်လိုက်၏။
【ပိုင်ရှင်: ကျောက်လင်】
【ဇနီးများ: စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်း၊ ထျန်ကျီလင်၊ အိုယန်ပင်း၊ တန်ထိုက်ပေါင်ပေါင်】
【ကျွမ်းကျင်မှုများ: အမဲလိုက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ရှန်းနုန်ဆေးဖက်ဝင်အပင်မှတ်တမ်း】
【အထူးစွမ်းရည်: လင်းယုန်မျက်လုံး】
【ကျင့်စဉ်များ: ဟောက်ယန်ကျင့်စဉ် (တတိယအဆင့်)၊ မူလဝိညာဉ်ကျင့်စဉ် (တတိယအဆင့်)၊ သွေးနတ်ဘုရားဓား (တတိယနယ်ပယ်)】
【နယ်ပယ်အဆင့်: ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အလယ်အလတ်အဆင့်】
【ကျင့်ကြံခြင်းအဆင့်: ၀+】
ကျားယန်ကျင့်စဉ်ကို ပြည့်စုံအောင် ကျင့်ကြံပြီးဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာပြင်တွင် မပြတော့ပေ။ ကျောက်လင် ကျေနပ်စွာ ပြုံးနေချိန်တွင် သူ၏ ဘေးတွင် လဲလျောင်းနေသော တန်ထိုက်ပေါင်ပေါင်မှာ လုံးဝ မှင်တက်သွားခဲ့သည်။ သူမသည် ကျောက်လင်ကို ကိုယ်ခန္ဓာပေးအပ်လိုက်မိ၍ အံ့သြနေခြင်းမဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရ၍ ဖြစ်၏။ သူမသည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အစောပိုင်းအဆင့်မှ နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ချိုးဖျက်သွားခဲ့သည်။
*ဒီလို ခဏတာ ဖလှယ်မှုလေးနဲ့ပဲ ကျင့်ကြံမှုအဆင့် တိုးသွားတာလား…*
တန်ထိုက်ပေါင်ပေါင် မိုက်မဲသူ မဟုတ်သဖြင့် ကျောက်လင်၏ ခန္ဓာကိုယ်မှာ ထူးခြားနေကြောင်း ချက်ချင်း သဘောပေါက်သွားသည်။
*သူက ထူးခြားတဲ့ ရုပ်ခန္ဓာပိုင်ရှင်များ ဖြစ်နေမလား*
"ကျောက်လင်... ရှင် ဘယ်ကလူလဲ..."
ရုတ်တရက် တန်ထိုက်ပေါင်ပေါင်က မေးခွန်းတစ်ခု ထုတ်လိုက်သည်။ တန်ထိုက်ပေါင်ပေါင်၏ နားလည်သဘောပေါက်မှုအရ ရှေးဟောင်းသိုင်းပညာရှင် မိသားစုတွေမှာသာ ဤသို့းထူးခြားသည့် ကျင့်ကြံခြင်း ရုပ်ခန္ဓာမျိုး ရှိနိုင်မည် ဖြစ်၏။
"မမေးပါနဲ့..."
"မင်း နောက်မှ သိရလိမ့်မယ်..."
"ကိုယ်နဲ့ လက်ထပ်ရတာ မင်းအတွက် အနာဂတ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရစေလိမ့်မယ်ဆိုတာပဲ သိထားပါ..."
ကျောက်လင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ရှင်က တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ..."
တန်ထိုက်ပေါင်ပေါင်သည် မေးခွန်းများဖြင့် ဆက်မနှောင့်ယှက်လောက်အောင် အသိဉာဏ်ရှိသူ ဖြစ်သည်။ ကျောက်လင် မပြောချင်ပါက သူ မပြောပြနိုင်သည့် အကြောင်းအရင်း ရှိနေမှာ သေချာသည်။ သူတို့နောက်ဆုံးအကြိမ် ထင်းရှူးနက်ကျေးရွာသို့ သွားစဉ်က ကျောက်လင်ထုတ်ပြခဲ့သော ထူးခြားသည့် အနံ့နှင့် ချက်ပြုတ်နည်းရှိသည့် မီးမလို အမဲသားဟော့ပေါ့ကို တွေးမိရင်း၊ အခုတပတ်တွင် သူတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့် ချိုးဖျက်နိုင်ခဲ့မှုတို့ကြောင့် တန်ထိုက်ပေါင်ပေါင်မှာ ထူးခြားသော မျှော်လင့်ချက်အချို့ ရှိနေသည်။ အနည်းဆုံးတော့ ကျောက်လင်နဲ့ လက်ထပ်ခြင်းက သူမ၏ ကျောက်စိမ်းရတနာ ရုပ်ခန္ဓာကို အရှက်ရစေမှာမဟုတ်ကြောင်း တန်ထိုက်ပေါင်ပေါင် ခံစားမိသည်။
"အော်... ဟုတ်ပြီ..ကိုယ် လုပ်စရာကိစ္စလေးတစ်ခု ရှိသေးတယ်..."
"မနက်ဖြန်ကျရင် မင်းရဲ့ ယောက္ခမကို ဆက်ပြီး နားချဦး... သူ ဟေးလုံစခန်းက ညီအစ်ကိုတွေကို ထွက်ပြေးဖို့ သေချာပေါက် သဘောတူလိမ့်မယ်..."
ကျောက်လင်က ထိုင်လိုက်ပြီး လျှို့ဝှက်စွာ ရယ်မောလိုက်သည်။ ကျောက်လင် ဟေးလုံစခန်းထဲသို့ ခိုးဝင်လာခဲ့သည်မှာ ရတနာဂိုဒေါင်အတွက် ဖြစ်သည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အသေးအဖွဲကိစ္စမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ကျောက်လင်ကို ရတနာဂိုဒေါင် ရှာဖွေခြင်းမှ တားဆီးနိုင်မည် မဟုတ်ပေ။