← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) လင်းယုန်ပျံဂိုဏ်း၏ ရတနာဂိုဒေါင်ကို ရှာဖွေခြင်း

ရှရွှယ်ချန်တောင်ခြေ၌ နံနက်စောစောအချိန်ဖြစ်၏။

ယွီရွှေတပ်စခန်းမှ စစ်သည်များမှာ ကင်းစောင့်သမား၏ တူရိယာသံများကြောင့် အိပ်ရာမှ နိုးထလာကြရသည်။

မြန်ဆန်စွာပင် သန့်စင်လိုက်ပြီးနောက် ကျောက်လင်သည် တပ်မှူးရှန့်ထျန်းရှုံ၏ တဲရှေ့သို့ ရောက်ရှိလာ၏။

တပ်မှူးရှန့်ထျန်းရှုံမှာ ရွှေခန္ဓာနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး သူ၏ စိတ်စွမ်းအားမှာလည်း စတင်ပေါ်ထွန်းနေပြီဖြစ်ရာ ကျောက်လင်၏ အငွေ့အသက်ကို သဘာဝအတိုင်းပင် ခံစားမိလိုက်သည်။

"ဝင်ခဲ့လေ..."

ရှန့်ထျန်းရှုံက ခေါ်လိုက်သည်။

ကျောက်လင်သည် တဲအတွင်းသို့ ဝင်လိုက်သောအခါ ရှန့်ထျန်းရှုံမှာ စားပွဲပေါ်ရှိ ရှရွှယ်ချန်တောင်ဒေသ၏ မြေပုံကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"တပ်မှူး... ကျွန်တော် ဒီနေ့အတွက် တာဝန်နဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ရဖို့ လာရောက်လျှောက်တင်တာပါ..."

ကျောက်လင်သည် ရှန့်ထျန်းရှုံ၏ ဘေးသို့ လျှောက်သွားကာ တည်ငြိမ်စွာ မေးလိုက်သည်။

ရှန့်ထျန်းရှုံသည် မြေပုံကို လက်ညှိုးထိုးပြရင်း အေးဆေးစွာ ပြောလိုက်၏။

"ကျောက်လင်... ငါ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး လင်းယုန်ပျံဂိုဏ်း၊ သံမဏိသွေးခန်းမ ကျားရဲချောက်ကမ်းပါး၊ မုန်တိုင်းလေချောက်နဲ့ စစ်သူကြီးသုံးပါးတောင်ကြားဆိုတဲ့ ဓားပြစခန်း ငါးခုကို သွားရောက်ရှင်းလင်းခဲ့တယ်... သူတို့တွေက သူတို့ရဲ့ ကောက်နှံတွေကို ဟေးလုံစခန်းဆီ ရိုးရိုးလေးပဲ ပြောင်းရွှေ့သွားကြတာကို တွေ့လိုက်ရတယ်..."

"ဒီဓားပြစခန်း ငါးခုက ငွေကြေးတွေ၊ ဆေးလုံးတွေနဲ့ တခြားရတနာတွေကတော့ တစ်နေရာရာမှာ လျှို့ဝှက် သိမ်းဆည်းထားမှာ သေချာတယ်..."

"ယွီရွှေတပ်စခန်းက စစ်သည်တွေဟာ တောင်ခြေမှာပဲ စခန်းချပြီး ရှရွှယ်ချန်တောင်ပေါ်က ဟေးလုံစခန်းကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပြီးပြီဖြစ်တဲ့အတွက် ရှေ့လျှောက်လာမယ့်ရက်တွေမှာ ငါတို့ အဖွဲ့ငါးဖွဲ့ခွဲပြီး ဒီဓားပြစခန်း ငါးခုဆီသွားကာ ပတ်ဝန်းကျင်ကို သေချာ ရှာဖွေပြီး သူတို့ရဲ့ ရတနာတွေကို သိမ်းဆည်းထားတဲ့နေရာကို ရှာတွေ့အောင် လုပ်ရမယ်..."

ဤစကားကို ကြားလိုက်ရသောအခါ ကျောက်လင်မှာ အလွန်ပင် ပျော်ရွှင်သွား၏။

ရတနာဂိုဒေါင် ရှာဖွေရမည်ဆိုပါက ကျောက်လင်သည် ထိုအလုပ်၌ အထူးကျွမ်းကျင်သူ ဖြစ်ပေသည်။

"တပ်မှူး... ကျွန်တော် ဒီဓားပြစခန်း ငါးခုဆီကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်ပြီး သွားရှာချင်ပါတယ်..."

ကျောက်လင်က ချက်ချင်းပင် အဆိုပြုလိုက်သည်။ ဤအခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်ချေ။

"ရတယ်..."

"မင်းရဲ့ ပြီးခဲ့တဲ့ နှစ်ရက်တာ စွမ်းဆောင်ရည်တွေက ထူးချွန်တယ်ဆိုတာကို စစ်သည်အချို့ဆီကနေ ငါ ကြားပြီးပြီ..."

"အထူးသဖြင့် မင်းတစ်ယောက်တည်း တစ္ဆေမျက်နှာချောက်ကို ရှင်းလင်းခဲ့တာက ငါ့ကို တကယ့်ကို အထင်ကြီးစေတယ်..."

"ဒီဓားပြစခန်း ငါးခုရဲ့ ရတနာဂိုဒေါင်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ ငါ့အနေနဲ့ မင်းရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးလိုက်မယ်..."

ရှန့်ထျန်းရှုံက ချက်ချင်းပင် သဘောတူလိုက်၏။

ထို့နောက် ရှန့်ထျန်းရှုံသည် နောက်ထပ် စစ်သည်လေးယောက်ကို ခေါ်ယူပြီး တစ်ဖွဲ့လျှင် တစ်ယောက်စီ ဦးဆောင်စေကာ အဖွဲ့ငါးဖွဲ့ဖြင့် ဓားပြစခန်းများ၏ ရတနာဂိုဒေါင်များကို ရှာဖွေရန် စေလွှတ်လိုက်သည်။

ကျောက်လင်သည် အမိန့်ကို လက်ခံလိုက်ပြီးနောက် ယောင်ဟွဲ့သောက်၊ ရှုံ့တာကျွမ်းနှင့် အခြားလေးယောက်ကို ခေါ်ယူရန် ထွက်သွားလိုက်၏။

လူခုနစ်ယောက်က မြင်းစီး၍ စခန်းမှ ထွက်ခွာလာကြသည်။

"ကျောက်လင်... ငါတို့ ဘယ်နေရာကို အရင် သွားရှာကြမလဲ..."

စခန်းမှ ထွက်လာသည်နှင့် ယောင်ဟွဲ့သောက်က မေးလိုက်သည်။

"တပ်မှူးက ငါ့ကို လင်းယုန်ပျံဂိုဏ်းရဲ့ ရတနာဂိုဒေါင်ကို ရှာဖို့ အမိန့်ပေးထားတာ... ဒါပေမဲ့ ငါကတော့ ဒီဓားပြစခန်း ငါးခုစလုံးကို ကိုယ်တိုင်ရှာကြည့်ချင်တယ်..."

ကျောက်လင်က ပြုံးလျက် ပြန်ပြောလိုက်၏။

မြင်းရိုင်းများဖြင့် ခရီးနှင်လာကြရာ ကျောက်လင်တို့ ခုနစ်ယောက်က လင်းယုန်ပျံဂိုဏ်း၏ နယ်မြေသို့ ဆယ်မိနစ်အတွင်း ရောက်ရှိလာကြသည်။

လင်းယုန်ပျံဂိုဏ်းမှ ဓားပြများအားလုံးမှာလည်း ရှရွှယ်ချန်တောင်ပေါ်သို့ ပြောင်းရွှေ့သွားကြပြီဖြစ်ရာ ကျောက်လင်တို့ ခုနစ်ယောက်အနေဖြင့် ဓားပြများ၏ ချုံခိုတိုက်ခိုက်ခြင်းကို စိုးရိမ်ရန် မလိုတော့ပေ။

"အရင်ဆုံး တောင်ပေါ်ကို တက်ကြစို့..."

တောင်ခြေသို့ ရောက်သည်နှင့် ကျောက်လင်က လင်းယုန်ပျံဂိုဏ်း၏ တည်နေရာကို မော့ကြည့်လိုက်ရာ ၎င်းမှာ တောင်တက်လမ်းတစ်ခုတည်းသာရှိပြီး အလွန်မတ်စောက်သော ကျောက်တောင်ကြီး ဖြစ်နေသည်ကို တွေ့ရသဖြင့် မြင်းပေါ်မှ ချက်ချင်း ဆင်းလိုက်သည်။

ယောင်ဟွဲ့သောက်နှင့် အဖွဲ့သားများလည်း မြင်းပေါ်မှ ဆင်းကာ နောက်မှ လိုက်ပါလာကြ၏။

လူခုနစ်ယောက်၏ ခွန်အားဖြင့် နှစ်ရာကျော်သော မီတာအမြင့်ရှိ ဂူပေါက်ဝသို့ ဆယ်မိနစ်အတွင်း ရောက်ရှိသွားကြသည်။

"လင်းယုန်ပျံဂိုဏ်းရဲ့ စခန်းကလည်း ကျောက်တောင်ကြီးရဲ့ ခါးပန်းတစ်လျှောက်လုံးကို ဖောက်ထားတဲ့ ကျောက်ဂူကြီးပဲ..."

ဂူပေါက်ဝသို့ ရောက်သည်နှင့် ကျောက်လင်သည် ထိုဂူ၏ ထူးခြားချက်ကို တွေ့လိုက်ရ၏။

ဂူအတွင်းမှ တိုက်ခတ်လာသော လေမှာ အလွန်ပြင်းထန်ပြီး အအေးဓာတ်လည်း ပါဝင်နေသည်။ တခြားအိမ်များတွင် လေပြွန်များ ရှိတတ်ကြသော်လည်း ဤနေရာတွင်မူ တောင်ကိုပင် ဖောက်ထွက်နိုင်သော လေပြွန်များ ရှိနေသည်။

"ငါတို့ အဖွဲ့ခွဲပြီး သေချာရှာကြည့်မယ်ဆိုရင် ဒီလို ဂူခန်းတွေ၊ အခန်းတွေအများကြီးထဲမှာ တစ်ခုခုတော့ ရှာတွေ့မှာပါ..."

ကျောက်လင်က ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပြီ..."

ယောင်ဟွဲ့သောက်နှင့် အဖွဲ့သားများက ပြန်ဖြေလိုက်ကြ၏။ လူခုနစ်ယောက်က အဖွဲ့ခွဲကာ အလုပ်ရှုပ်သွားကြသည်။

ကျောက်လင်သည် သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ ဂူ၏ အနက်ဆုံးနေရာသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။ ယောင်ဟွဲ့သောက်နှင့် အခြားခြောက်ယောက်ကိုမူ အပြင်ဘက်ရှိ အခန်းများကို ဖြည်းညင်းစွာ ရှာဖွေစေလိုက်သည်။

မီတာနှစ်ရာခန့် လမ်းလျှောက်ပြီးနောက် ကျောက်လင်က ရုတ်တရက် ရပ်တန့်သွားသည်။

"လင်းယုန်ပျံဂိုဏ်းသားတွေက တကယ့်ကို ပါးနပ်ကြတာပဲ... ဒီကျောက်တုံးနောက်မှာ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားတာပဲ..."

ကံကောင်းစွာဖြင့် ကျောက်လင်၏ စိတ်စွမ်းအားသည် ကျောက်သားအလွှာများကို ထိုးဖောက်နိုင်သဖြင့် ကျောက်တုံးနောက်ကွယ်တွင် ဝှက်ထားသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။

လျှို့ဝှက်လမ်းကြောင်းကို တွေ့ရှိသွားပြီဖြစ်ရာ ကျောက်လင်မှာ အတွင်းသို့ ဝင်ရောက်ရှာဖွေရန် စိတ်အားထက်သန်နေ၏။ ထို့ကြောင့် ကျောက်လင်သည် ကျောက်နံရံကို မထိခင် ဘေးနားရှိ ဂူအခန်းတစ်ခန်းသို့ အရင်သွားလိုက်သည်။

တစ်ကုဗမီတာရှိသော ကျောက်အလွှာများ ပျောက်ကွယ်သွား၏။

ကျောက်လင်သည် လျှို့ဝှက်လမ်းကြောင်းသို့ ဦးတည်သော လိုဏ်ခေါင်းကို ချက်ချင်းပင် တူးဖော်လိုက်သည်။ ကျောက်လင် လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် စနစ်နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော ကျောက်တုံးများကို ပြန်လည်ထုတ်ယူကာ လမ်းကြောင်းကို ပြန်ပိတ်လိုက်သည်။

လျှို့ဝှက်လမ်းကြောင်းမှာ မီတာတစ်ရာ ရှည်လျား၏။ အဆုံးတွင် ရတနာဂိုဒေါင် ရှိနေသည်။

"ငါ ထင်တဲ့အတိုင်းပဲ... ဒီဓားပြတွေက ဟေးလုံစခန်းဆီကို အလွယ်တကူ ပြောင်းရွှေ့နိုင်ကြတယ်ဆိုပေမဲ့ ဒီပစ္စည်းတွေကို ဘယ်လိုလုပ် အဲ့လောက် လွယ်လွယ်နဲ့ ရွှေ့နိုင်မှာလဲ..."

"လင်းယုန်ပျံဂိုဏ်းက ဒီလိုလျှို့ဝှက်တဲ့ ရတနာဂိုဒေါင်ကို တည်ဆောက်ထားတာဆိုတော့ ဘယ်သူမှ ရှာမတွေ့နိုင်ဘူးလို့ ယုံကြည်ချက် အပြည့်ရှိနေမှာပဲ..."

"ဒါပေမဲ့ ငါ့မှာ စိတ်စွမ်းအားနဲ့ စနစ်နေရာလွတ် ရှိနေတာကိုး... ဒါက ခိုးယူမှုအတွက်တော့ အကောင်းဆုံး စွမ်းရည်အစုအဝေးပဲ..."

ကျောက်လင်က ဂုဏ်ယူစွာ ပြောလိုက်၏။

ချက်ချင်းပင် ကျောက်လင်သည် ကျောက်တံခါးပေါ်တွင် လက်တစ်ဖက်တင်ကာ ကျောက်တံခါးတစ်ခုလုံးကို သိမ်းယူလိုက်သည်။ ရတနာဂိုဒေါင်ထဲရှိ ပစ္စည်းများအားလုံးမှာ ကျောက်လင်၏ အမြင်အာရုံရှေ့တွင် ပေါ်လာတော့သည်။

"မဆိုးဘူး... ကောက်နှံအိတ် အိတ်နှစ်ဆယ်နဲ့ သစ်သားသေတ္တာ အလုံးနှစ်ဆယ်ပဲ..."

ကျောက်လင်က ပြောလိုက်ပြီး ကောက်နှံအိတ်များကို အရင်သိမ်းလိုက်ကာ သစ်သားသေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်ကြည့်လိုက်၏။

သေတ္တာ ၁၈ လုံးမှာ ငွေကြေးများနှင့် လက်ဝတ်ရတနာများ ပြည့်နှက်နေပြီး ကျန်သေတ္တာနှစ်လုံးတွင်မူ ဆေးဖက်ဝင်အပင်များ ပါရှိသည်။

"အင်း... ဒီသေတ္တာထဲမှာ ဝိညာဉ်သစ်သားသေတ္တာ ငါးလုံး ရှိနေတယ်... တစ်လုံးစီတိုင်းမှာ ဝိညာဉ်သစ်သီးတစ်လုံးစီ ပါတယ်..."

ကျောက်လင်သည် သူ၏ စိတ်စွမ်းအားဖြင့် သေတ္တာကို စမ်းသပ်ကြည့်လိုက်ရာ တူညီသော ဝိညာဉ်သစ်သီး ငါးလုံးကို တွေ့လိုက်ရသည်။ ကျောက်လင်သည် ဝိညာဉ်သစ်သီးကို ချက်ချင်းထုတ်ယူကာ စနစ်ဈေးဆိုင်၏ စကင်ဖတ်စွမ်းရည်ကို အသုံးပြု၍ ၎င်း၏ အမည်နှင့် အာနိသင်ကို လျင်မြန်စွာ သိရှိလိုက်သည်။

【အသူရာသစ်သီး၊ ဒုတိယအဆင့် ဝိညာဉ်သစ်သီး၊ ကြေးဝါအရေပြားနယ်ပယ်ရှိ ကျင့်ကြံသူများ စားသုံးပါက သံမဏိအရိုးနယ်ပယ်သို့ လျင်မြန်စွာ တက်လှမ်းနိုင်သည်】

"အရမ်းကောင်းတယ်..."

"ရှုံ့တာကျွမ်းက သွေးနတ်သစ်သီးကို စားသုံးပြီး သံမဏိအရိုးနယ်ပယ်ကို ရောက်နေတာ ကြာလှပြီ... ဒီအသူရာသစ်သီး ငါးလုံးကတော့ ယောင်ဟွဲ့သောက်နဲ့ အခြားလေးယောက်ကို ပေးဖို့ အဆင်ပြေဆုံးပဲ... သူတို့ကိုလည်း သံမဏိအရိုးနယ်ပယ် ရောက်အောင် ကူညီပေးနိုင်မှာ..."

ကျောက်လင်သည် အလွန်ပင် ပျော်ရွှင်သွား၏။

ချက်ချင်းပင် ကျောက်လင်သည် စနစ်နေရာလွတ်ထဲမှ စုဆောင်းထားသော မြေကြီးများကို ထုတ်ယူကာ ရတနာဂိုဒေါင်ကို အပြီးအပိုင် ပြန်ဖုံးလိုက်သည်။

မကြာမီပင် ကျောက်လင်၏ ခန္ဓာကိုယ်မှာ ဂူအခန်းတစ်ခုအတွင်းသို့ ပြန်ရောက်လာသည်။

ယောင်ဟွဲ့သောက်နှင့် အဖွဲ့သားများလည်း အခန်းအားလုံးကို ရှာဖွေပြီးနောက် ကျောက်လင်ရှိနေသော အခန်းသို့ ရောက်ရှိလာကြသည်။

"အော်... ဒါဆို ကျောက်လင်က ဒီအခန်းကို အရင်ရှာပြီးသွားပြီပေါ့..."

လူခြောက်ယောက် ရောက်လာသည်နှင့် တစ်ပြိုင်နက် လှမ်းအော်လိုက်ကြသည်။

ကျောက်လင်သည် လူခြောက်ယောက်ကို တားလိုက်ပြီးနောက် သူ၏ အိတ်ထဲမှ သစ်သားသေတ္တာ ငါးလုံးကို ထုတ်ယူလိုက်သည်။

"ယောင်ဟွဲ့သောက်၊ တျန့်စုန်း၊ လီချန်၊ ဖန်ယွန်းရှန်၊ ကျားကျိချင်း... ငါ ဝိညာဉ်သစ်သီး ငါးလုံး ရှာတွေ့ထားတယ်..."

"မင်းတို့တွေ ရှုံ့တာကျွမ်း သွေးနတ်သစ်သီး စားပြီး သံမဏိအရိုးနယ်ပယ် ရောက်သွားတာကို မနာလို ဖြစ်နေကြတာ မဟုတ်လား..."

"အခု မင်းတို့ငါးယောက်လည်း ဒီအသူရာသစ်သီးကို စားလိုက်ရင် သံမဏိအရိုးနယ်ပယ်ကို ရောက်သွားကြလိမ့်မယ်..."

လူခြောက်ယောက်၏ မေးခွန်းထုတ်သည့် အကြည့်များအောက်တွင် ကျောက်လင်က ရယ်မောလျက် ပြောလိုက်၏။

"အာ..."

ယောင်ဟွဲ့သောက်နှင့် အဖွဲ့သားလေးယောက်မှာ အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြေးလာကာ သစ်သားသေတ္တာကို တစ်ယောက်တစ်လုံးစီ လုယူလိုက်ကြသည်။

တွန့်ဆုတ်ခြင်းမရှိဘဲ ငါးယောက်စလုံး သေတ္တာကိုဖွင့်ကာ အစိမ်းရောင်သစ်သီးကို ပါးစပ်ထဲသို့ ချက်ချင်း ပစ်သွင်းလိုက်ကြ၏။

အသူရာသစ်သီး၏ ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်သည်နှင့် ငါးယောက်စလုံးမှာ ပြတ်သားစွာပင် ပုဆိန်ကွေး ထိုင်ချလိုက်ပြီး ထိုနေရာ၌ပင် ကျင့်ကြံခြင်းကို စတင်လိုက်ကြတော့သည်။

All Chapters