← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) နောက်ဆုံး မျှော်လင့်ချက်

စုဝမ်၏အသံက အေးစက်ပြတ်သားနေ၏။ သူမက ယန်ကျန့်ဝမ်ကို နောက်တစ်ကြိမ် လှည့်မကြည့်တော့ဘဲ ထွက်သွားရန် ပြင်လိုက်တော့သည်။

ထိုသို့လှည့်ထွက်သွားသည့် ပြတ်သားသော ကျောပြင်လေးက ယန်ကျန့်ဝမ်၏ မျက်လုံးများထဲ၌ နောက်ဆုံးသော မျှော်လင့်ချက်မဲ့မှုကြီး ဖြစ်သွားတော့၏။

"ရှောင်ဝမ်... မင်းကပါ ငါ့ကို အထင်သေးတာလား... မင်းတောင်မှ ငါ့ကို အထင်သေးနေတာပဲ..."

ယန်ကျန့်ဝမ်သည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်စဉ်မှာပင် လီအားကော်က ဆောင့်ကန်လိုက်သဖြင့် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေသည်။

"တော်ကြစမ်း..."

အသက်အရွယ်ကြီးရင့်သူတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံကြီးက တံခါးဝမှ ပေါက်ကွဲထွက်ပေါ်လာ၏။ လီမင်သည် ရွာမှ သက်ကြီးရွယ်အို အနည်းငယ်နှင့်အတူ အမောတကော ရောက်လာလေသည်။

မြေပြင်ပေါ်တွင် လူးလှိမ့်နေသော ယန်ကျန့်ဝမ်ကို မြင်သောအခါ လီမင်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။ သူသည် သူ၏ ဆေးတံကို မြှောက်ကာ တံခါးဘောင်အား ပြင်းပြင်းထန်ထန် နှစ်ချက်ခန့် ရိုက်ချလိုက်၏။

"ရပ်လိုက်ကြစမ်း... သူ့ကို သတ်မိရင် မင်းတို့ ထောင်ကျသွားလိမ့်မယ်..."

ရွာသားများ၏ မျက်လုံးများမှာ နီရဲနေကြပြီး လက်မလျှော့ချင်ကြသော်လည်း တဖြည်းဖြည်းနှင့် ရပ်တန့်သွားကြလေသည်။

"ရွာလူကြီး... ဒီခွေးကောင်ကို ဒီအတိုင်း လွှတ်ထားလိုက်ရတော့မှာလား... ကျွန်တော်တို့ရွာက ပိုက်ဆံတွေ အကုန်လုံး ရေစုန်မျောကုန်ပြီလေ..."

လီအားကော်သည် လက်ထဲမှ စုတ်ပြဲနေသော ဖိနပ်ခုံကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်ပြီးနောက် တံခါးဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ ခေါင်းကို ဆုပ်ကိုင်လျက် ငိုကြွေးတော့သည်။

ဤငိုသံက ယမ်းပုံမီးကျသကဲ့သို့ ဖြစ်သွားစေသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းအထိ ဒေါသတကြီး ဆူပွက်နေခဲ့သော ရုံးခန်းလေးသည် ချက်ချင်းပင် မျှော်လင့်ချက်မဲ့စွာ ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားတော့၏။ ငွေတွေလည်း ကုန်၊ ကြက်တွေလည်း သေကုန်ပြီဖြစ်ရာ ရှေ့ဆက်၍ မည်သို့ အသက်ရှင်ကြရမည်နည်း။

အခန်းထဲရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကြည့်လိုက်၊ ပြတင်းပေါက်အပြင်ဘက်မှ အပုပ်နံ့များ ထောင်းထောင်းထနေပြီး သင်္ချိုင်းကုန်းပမာဖြစ်နေသော ကြက်ခြံကြီးကို လှမ်းကြည့်လိုက်နှင့် လီမင်မှာ မျက်ရည်များ ပေါက်ပေါက်ကျလာတော့သည်။

သူ အကြီးအကျယ် နောင်တရနေမိ၏။ လက်တွေ့မပါဘဲ စကားလုံးလှလှသာ ပြောတတ်သည့် ဤလူ့ကို သူ ဘာကြောင့်များ ယုံကြည်ခဲ့မိပါသနည်း။

လီမင်သည် မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ပြီး ထောင့်တစ်နေရာ၌ ခွေးသေတစ်ကောင်လို ခွေခွေလေး လဲကျနေသည့် ယန်ကျန့်ဝမ်ကို ကြည့်လိုက်စဉ် သူ၏ မျက်ဝန်းများထဲ၌ ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

"အားကော်... ကြိုးတစ်ချောင်း သွားယူခဲ့စမ်း..."

"ရွာလူကြီး... ဘာလုပ်မလို့လဲ..."

"သူ့ကို တုပ်လိုက်စမ်း..."

လီမင်သည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ သူ၏ အသံမှာ အက်ကွဲနေသော်လည်း ပြတ်သားလှ၏။

"ငါတို့ ချင်းရွှေရွာကို သွားမယ်..."

"အဲ့ဒီကို သွားပြီး ဘာလုပ်မှာလဲ... အရှက်ကွဲခံမလို့လား..."

ရွာသားအချို့က နားမလည်နိုင်စွာဖြင့် မေးလိုက်ကြသည်။ လီမင်သည် ခါးသီးစွာ ရယ်မောလိုက်၏။ သူ၏ ရုပ်သွင်မှာ တစ်ခဏအတွင်း ဆယ်နှစ်ခန့် ပိုမို အိုမင်းရင့်ရော်သွားသကဲ့သို့ပင်။

"အရှက်ကွဲခံရမယ်... ဟုတ်လား... လူတွေကို ရယ်အောင်လုပ်ပြလို့ ငါတို့ရွာကို ကယ်တင်နိုင်မယ်ဆိုရင် ဒီအဘိုးကြီးက အခုချက်ချင်း သွားပြီး ပြဇာတ်ကြီးတောင် ကပြလိုက်ဦးမယ်..."

နေ့လယ်ခင်းအချိန်ကုန်လွန်၍ နေမင်းကြီး စတင် ဝင်ရောက်လာချိန်ဖြစ်သည်။ ချင်းရွှေရွာ ရွာလူထုဌာနချုပ်၌ ဖြစ်သည်။

ချန်ရှင်းသည် သူ၏ စားပွဲခုံတွင် ထိုင်လျက် စဉ့်ကြွေခွက်ကို လက်ဖြင့် ကိုင်ထားကာ ရေမျက်နှာပြင်ပေါ်၌ ပေါလောပေါ်နေသော လက်ဖက်ခြောက်ဖတ်လေးများကို ညင်သာစွာ မှုတ်ထုတ်နေလေသည်။

ချန်ကွမ်လင်ကမူ ထိပ်ဆုံးနေရာတွင် ထိုင်နေ၏။ မျက်နှာကို တည်တည်တင်းတင်း ထားနိုင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း သူ၏ မျက်ဝန်းများနှင့် မျက်ခုံးများကြားရှိ ပျော်ရွှင်ကြည်နူးမှုများကိုမူ အပြည့်အဝ ဖုံးကွယ်မထားနိုင်ချေ။

"အကြံပေးချန်... ဒီပြည်ပပို့ကုန် အော်ဒါတွေကို သဘောတူညီမှု ရသွားပြီဆိုတော့ ငါတို့ ရွာဘဏ္ဍာထဲကို ငွေတွေ အလုံးအရင်းနဲ့ ဝင်လာတော့မှာပဲ..."

ချန်ကွမ်လင်သည် သူ၏ အသံကို တမင်နှိမ့်ချလိုက်သော်လည်း ဝင့်ကြွားနေသည့် လေသံကိုကား ဖုံးကွယ်မထားနိုင်ပေ။

"ဒီနှစ်တော့ ရွာသားတွေကို သက်သာချောင်ချိရေး ခွဲဝေပေးတဲ့အခါကျရင် အိမ်ထောင်စုတိုင်းအတွက် ဒက်ကရွန် အထည်စ အနည်းငယ်စီလောက် ဝေပေးလို့ရမယ်လို့ ထင်တယ်..."

ချန်ရှင်းက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောလေသည်။

"ဒါက ဘာမှမဟုတ်သေးပါဘူး... ခပ်ဝေးဝေးကိုသာ မျှော်ကြည့်စမ်းပါ..."

ထိုစဉ် အပြင်ဘက်မှ ဆူညံနေသော ခြေသံများ ထွက်ပေါ်လာပြီး တားဆီးနေသည့် အော်ဟစ်သံအချို့လည်း ရောနှောကာ ထွက်ပေါ်လာ၏။

"ရွာလူကြီးချန်... အကြံပေးချန်... လီကျားရွာက လီမင် တွေ့ခွင့်တောင်းနေပါတယ်ဗျို့..."

တံခါးကန့်လန့်ကာ ပွင့်ဟသွားလေသည်။ ကြက်ချေးနံ့နှင့် ချွေးနံ့တို့ ရောပြွမ်းနေသည့် အနံ့ဆိုးကြီးတစ်ခုက အခန်းထဲသို့ ချက်ချင်းပင် အလုအယက် တိုးဝင်လာ၏။

ချန်ကွမ်လင် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်သော်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားကာ နေရာမှပင် မတ်တပ်ထရပ်လိုက်မိသည်။

လီမင်က ရှေ့ဆုံးမှ ဝင်လာပြီး သူ၏ နောက်တွင်တော့ လီကျားရွာမှ အလေးစားရဆုံးသော သက်ကြီးရွယ်အို အချို့လည်း ကပ်ပါလာကြသည်။ ၎င်းတို့အထဲတွင် လီအားကော်က ခြေမမွေး လက်မမွေး တုပ်နှောင်ခံထားရသည့် ယန်ကျန့်ဝမ်အား ဝက်သေတစ်ကောင်ကို ဆွဲလာသကဲ့သို့ တရွတ်တိုက် ဆွဲခေါ်လာလေသည်။

ယန်ကျန့်ဝမ်၏ ပါးစပ်ထဲတွင် အဝတ်စုတ်တစ်ခုကို ဆို့ထားပြီး သူ၏ မျက်နှာမှာလည်း ဘယ်သူဘယ်ဝါမှန်း မခွဲခြားနိုင်လောက်အောင် ဖူးရောင်နေ၏။ ခြေလှမ်းများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူသည် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

"အစ်ကိုလီ... ဒါက ဘာတွေ ဖြစ်ကုန်ကြတာလဲ..."

ချန်ကွမ်လင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"ဒုန်း..."

မည်သို့မျှ ကြိုတင် အချက်ပြခြင်းမျိုးမရှိဘဲ လီမင်၏ ဒူးများ ခွေကျသွားကာ မာကျောလှသော ဘိလပ်မြေကြမ်းပြင်ပေါ်သို့ တောင့်တောင့်ကြီး ဒူးထောက်ကျသွားလေသည်။

"ရွာလူကြီးချန်... အကြံပေးချန်... ကယ်ပါဦး..."

ဤသို့ ဒူးထောက်ချလိုက်ခြင်းက အခန်းထဲရှိ လူတိုင်းကို အံ့အားသင့်ကာ မှင်သက်သွားစေတော့သည်။

"ဟေး... အစ်ကိုကြီး... အခု ဘာလုပ်နေတာလဲ... အသက်တိုအောင် လုပ်နေတာလား..."

ချန်ကွမ်လင်သည် လီမင်အား အမြန်ဆွဲထူရန် သွားသော်လည်း လီမင်က သူ၏ ဘောင်းဘီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

"ငါ မထဘူး... မင်းတို့ သဘောမတူရင် ငါ ဒီမှာပဲ ဒူးထောက်ပြီး အသေခံလိုက်မယ်..."

လီမင်မှာ မျက်ရည်များ ရွှဲနစ်နေပြီး သူ၏ အသံက ပေါက်ပြဲနေသော ဖိုသီးကြီးတစ်ခုပမာ အက်ကွဲရှတနေ၏။

"လီကျားရွာတော့ ကိစ္စရှောကုန်ပြီ.. အားလုံး သွားပြီ... ကြက်ကောင်ရေ ထောင်ပေါင်းများစွာ အကုန်လုံး သေကုန်ကြပြီ၊ ရွာက ကွန်မြူနစ်အဖွဲ့ကို အကြွေးတွေ နင့်နေအောင် တင်နေပြီး ရွာသားတွေလည်း ငတ်ပြတ်တော့မယ်..."

သူသည် ရုတ်တရက် နောက်လှည့်ကာ မြေပြင်ပေါ်ရှိ ယန်ကျန့်ဝမ်ကို လက်ညှိုးထိုးလိုက်သည်။

"အဲ့ဒီခွေးကောင်က အများကြီး ဒုက္ခပေးသွားတာ... ငါ အကြံပေးချန်ကို တောင်းဆိုပါတယ်... ကျေးလက်ရွာသား အချင်းချင်းဆိုတဲ့ သံယောဇဉ်ကို ထောက်ပြီး ငါတို့ လီကျားရွာကို ကယ်တင်ပေးပါ..."

ထိုစကားများကို ပြောအပြီးတွင် လီမင်သည် သူ၏ နဖူးဖြင့် မြေပြင်ကို အသံမည်သည်အထိ ပြင်းပြင်းထန်ထန် ဆောင့်၍ ဦးချကန်တော့လေသည်။ သူ၏ နောက်ပါ လီကျားရွာမှ သက်ကြီးရွယ်အိုများကလည်း တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး သူတို့၏ ငိုကြွေးသံများက လေထုတစ်ခွင်လုံးကို ဖုံးလွှမ်းသွားတော့သည်။

တစ်ခန်းလုံး သေမတတ် တိတ်ဆိတ်ငြိမ်သက်နေ၏။ အကြည့်အားလုံးက စကားတစ်ခွန်းမှ မဟဘဲ ဘေးတွင် ထိုင်နေသည့် လူငယ်လေးအပေါ်သို့ ကျရောက်သွားကြသည်။

ချန်ရှင်းသည် လက်ဖက်ရည်ခွက်ကို ဆက်လက် ကိုင်ထားဆဲဖြစ်ပြီး မြေပြင်ပေါ်ရှိ ကြေကွဲဖွယ် မြင်ကွင်းနှင့် ရင်ကွဲမတတ် ငိုကြွေးသံများကို အရေးမစိုက်သည့်အလား ရှိနေလေသည်။ သူသည် ခွက်ထဲ၌ နိမ့်ချည်မြင့်ချည် လွင့်မျောနေသော လက်ဖက်ခြောက်ဖတ်လေးများကိုသာ စိုက်ကြည့်နေ၏။

ဤသို့ တိတ်ဆိတ်နေခြင်းက မည်သည့် စော်ကားပြောဆိုမှုမျိုးထက်မဆို ပိုမို၍ နေရခက်စေသည်။ လီမင်၏ နောက်မှ သက်ကြီးရွယ်အိုများ၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သူတို့၏ မျက်နှာများမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ ရောထွေးကာ ရှုံ့မဲ့သွားကြလေသည်။

ကြက်ခြံကို စတင်တည်ဆောက်စဉ် အချိန်ကာလက သူတို့သည် အလွန်ပင် တက်ကြွနေခဲ့ကြပြီး ချင်းရွှေရွာမှ အသုံးပြုနေသည့် ခေတ်နောက်ကျနေသော နည်းလမ်းများကို ဟာသတစ်ခုသဖွယ် လှောင်ပြောင်ခဲ့ကြသေးသည်။ ယခုမူ ဝဋ်လည်သည်က မြန်ဆန်လွန်းလှရာ သူတို့ကို လုံးဝ အသိဉာဏ်ကင်းမဲ့သွားစေတော့သည်။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော လီမင်၏ နဖူးမှ ချွေးအေးများသည် ဖုန်မှုန့်များနှင့် ရောနှောလျက် မျက်လုံးများထဲသို့ စီးကျဝင်ရောက်သွားကာ ပူစပ်ပူလောင် ဖြစ်စေ၏။ သို့တိုင် သူ အနည်းငယ်မျှ မလှုပ်ရှားရဲပေ။ အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ သူ၏ နှလုံးသားကြီးမှာ ပေါက်ကွဲထွက်မတတ် ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။

ရွှီဖူကွေ့သည် အခန်းထောင့်တွင် ရပ်လျက် ထိုမြင်ကွင်းကြီးကိုကြည့်ကာ ခံစားချက်ပေါင်းစုံ ရောထွေးနေတော့သည်။ ထိုရွာသည် သူ နှစ်အတော်ကြာ နေထိုင်ခဲ့ဖူးသော ရွာလေးပင် မဟုတ်ပါလော။ ရွှီဖူကွေ့မှာ မနေနိုင်တော့ဘဲ ရှေ့သို့ တစ်လှမ်း တိုးထွက်လာကာ ပါးစပ်ဟလိုက်သည်။

"ယောက်ဖ... အဲ့ဒါက ဘယ်လို..."

သူ စကားပြော၍ပင် မဆုံးသေးခင် ချန်ရှင်းက ရုတ်တရက် မော့ကြည့်လာပြီး သူ့အား အရေးမစိုက်သည့်ပုံစံဖြင့် ခပ်ပေါ့ပေါ့လေး လှမ်းကြည့်လိုက်သည်။ ရွှီဖူကွေ့မှာ သူ၏ လည်ချောင်းထဲတွင် တစ်စုံတစ်ရာက လာရောက် ပိတ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျန်နေသေးသော စကားလုံးများကို ပြန်မြိုချလိုက်ရကာ နံရံထောင့်သို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။ သူ တစ်ခွန်းမျှပင် အသံမထွက်ရဲတော့ချေ။

ချန်ရှင်းက လက်ဖက်ရည်ခွက်ကို ချလိုက်ရာ "ချလပ်" ဟူသော ခပ်တိုးတိုး အသံလေး ထွက်ပေါ်လာ၏။ ထိုအသံလေးက တိတ်ဆိတ်နေသော အခန်းထဲ၌ အလွန်ပင် စူးရှကျယ်လောင်နေသကဲ့သို့ ရှိလေသည်။

လီမင်၏ ခန္ဓာကိုယ်လေးက တုန်တက်သွား၏။

"ခင်ဗျားတို့ကို ကယ်တင်ပေးရမယ်... ဟုတ်လား..."

ချန်ရှင်း၏ သွယ်လျသော လက်ချောင်းများက စားပွဲခုံကို ခပ်ဖွဖွ ခေါက်နေပြီး ခေါက်သံတိုင်းက လီမင်၏ နှလုံးသားကို ထုရိုက်နေသကဲ့သို့ ရှိလေသည်။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးလေ..."

လီမင်က ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မတတ် ဝမ်းသာပျော်ရွှင်မှုများက တောက်ပနေတော့သည်။

"ဒါပေမဲ့..."

ချန်ရှင်းသည် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လာပြီး သူ၏ အကြည့်များက လီမင်အပေါ်သို့ သိမ်းငှက်တစ်ကောင်ပမာ စူးစိုက်ကျရောက်နေသည်။

"လောကကြီးမှာ အလကားရတဲ့အရာဆိုတာ မရှိဘူး... ကျုပ်က ဘာကိစ္စနဲ့ ကျုပ်ရဲ့ နည်းပညာနဲ့ ဖြန့်ချိရေးလမ်းကြောင်းတွေကို ခင်ဗျားတို့ကို အလကား ပေးရမှာလဲ..."

လီမင်က မှင်သက်သွားပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်လာသည်။

"ရွာကို ကယ်တင်နိုင်ဖို့သာဆိုရင် အကြံပေးချန် ဘာပဲပြောပြော အကုန်သဘောတူပါတယ်..."

ချန်ရှင်းသည် ပြုံးလိုက်ပြီး နေရာမှ ထရပ်ကာ လီမင်အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

"စည်းကမ်းချက် သုံးချက်..."

လီမင်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြလေသည်။

"ပြောပါ... သုံးချက်တင် မကပါဘူး... သုံးဆယ်ဆိုရင်လည်း သဘောတူပါတယ်..."

"ပထမတစ်ချက်က..."

ချန်ရှင်းက သူ၏ လက်ညှိုးကို ထောင်ပြကာ ပြောလိုက်သည်။ သူ၏ လေသံမှာ မည်သို့မျှ ငြင်းဆန်၍ မရနိုင်လောက်အောင် ပြတ်သားနေ၏။

"လီကျားရွာ ကြက်မွေးမြူရေးခြံကို ချင်းရွှေရွာရဲ့ စီမံခန့်ခွဲမှုအောက် ချက်ချင်း သွတ်သွင်းရမယ်... အဲ့ဒီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ချင်းရွှေရွာရဲ့ ဒုတိယခြံခွဲလို့ အစားထိုးရမယ်... ထွက်ကုန်၊ အမြတ်အစွန်းနဲ့ ဝန်ထမ်း အပြောင်းအလဲကိစ္စတွေ အားလုံးကို ချင်းရွှေရွာကပဲ ဆုံးဖြတ်မယ်... ခင်ဗျားတို့ရဲ့ ရွာကော်မတီက နည်းနည်းလေးမှ ဝင်စွက်ဖက်ခွင့် မရှိစေရဘူး..."

"ဒါကတော့..."

သက်ကြီးရွယ်အိုများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ ဤသည်က လီကျားရွာ၏ လုပ်ငန်းများကို သူတစ်ပါးလက်ထဲသို့ အပ်နှင်းလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ပြီး ချင်းရွှေရွာ၏ နောက်လိုက်အဖြစ် လုံးလုံးလျားလျား ခံယူလိုက်ရခြင်းပင်။

"ငါ သဘောတူတယ်... အကုန်သဘောတူတယ်..."

လီမင်သည် အံကို တင်းတင်းကြိတ်လျက် အော်ဟစ်လိုက်လေသည်။

"ဒုတိယတစ်ချက်က..."

ချန်ရှင်းက သူ၏ လက်ခလယ်ကိုပါ ထပ်မံ ထောင်ပြလိုက်သည်။

"ကြက်မွေးမြူရေးလုပ်တယ်ဆိုတာ သေချာဂရုစိုက်ရတဲ့ အလုပ်တစ်ခု ဖြစ်သလို ညစ်ပတ်တဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်... လောလောဆယ် ချင်းရွှေရွာမှာ လူအင်အား မလုံလောက်ဘူး ဖြစ်နေတယ်... အခု ခင်ဗျားတို့ ပူးပေါင်းလာပြီဆိုတော့ အစာကြိတ်ခွဲတာ၊ ပြုပြင်တာတွေအပြင် အညစ်ပတ်ဆုံးနဲ့ အပင်ပန်းဆုံးဖြစ်တဲ့ ကြက်ချေးရှင်းတာနဲ့ ကြက်ချေးတွေကို မြေဩဇာအဖြစ် အချဉ်ဖောက်တဲ့ အလုပ်တွေ အားလုံးကို လီကျားရွာက တာဝန်ယူရမယ်…”

All Chapters