← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂)

အရိုက်အနှက် ခံရခြင်း

ယောင်ရန်က အတူတကွ လေ့ကျင့်ရန် ဖိတ်ခေါ်သောကြောင့် လုံယုသည် ငြင်းဆန်ခြင်း မပြုဘဲ သဘောတူလိုက် လေသည်။

"ကောင်းပြီလေ...။"

"ဒါဆိုရင် ကျွန်မနေရာမှာ သွားပြီး လေ့ကျင့်ရအောင်...။ ကျွန်မတို့ရဲ့ စွမ်းအားတွေကို အရှိန်အဟုန်နဲ့ တိုးတက်စေ မယ့် နည်းလမ်းတစ်ခု ကျွန်မသိထားတယ်...။"

ယောင်ရန်က ပြောရင်းပင် လုံယု၏လက်ကိုဆွဲကာ သူမ၏ တိုက်ခန်းဆီသို့ ဦးတည်လိုက်လေသည်။

သူမ၏ တိုက်ခန်းသို့ ရောက်ရှိပြီးနောက် သူတို့နှစ်ဦးသည် တစ်နေကုန် အတူတကွ လေ့ကျင့်ကာ အတူတူ စားသောက်ခဲ့ကြလေ၏။ တစ်ဦးတည်း လေ့ကျင့်ခြင်းထက် အဖော်နှင့် လေ့ကျင့်ခြင်းက ပိုမို ထိရောက်သဖြင့် နာရီအနည်းငယ်အတွင်း ရရှိသော တိုးတက်မှုမှာ ရက်ပေါင်းများစွာ လေ့ကျင့်မှုနှင့် ညီမျှလေသည်။

ညနေ ခုနစ်နာရီခန့်တွင် စီမာယွမ်သည် ရုတ်တရက် ပြန်ရောက်လာခဲ့၏။ သူ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွား လှပေသည်။ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ လက်တစ်ဖက် ကျိုးနေရုံမျှမက နှာခေါင်းမှာလည်း ရောင်ကိုင်းနေပြီး ခန္ဓာကိုယ်အနှံ့ အညိုအမည်း စွဲနေခဲ့လေသည်။ သူသည် အလွန်အမင်း အရိုက်အနှက် ခံထား ရသည်မှာ သိသာလှ၏။

ချွမ်ယွမ်ဝေ့သည် သူ၏သူငယ်ချင်း ဒဏ်ရာများဖြင့် ပြန်လာသည်ကို မြင်သောအခါ အံ့အားသင့်သွား၏။ စီမာယွမ် ကြမ်းပြင်ပေါ်သို့ မလဲကျမီ သူက လျင်မြန်စွာ ဖမ်းထိန်းလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"အာယွမ်...၊ ဘာတွေဖြစ်ခဲ့တာလဲ......။"

ထို့နောက် သူ၏နောက်ဘက်သို့ ကြည့်လိုက်သော်လည်း လိုက်ပါလာသူ မမည်သူမျှ မရှိချေ။ တစ်ခုခု မှားယွင်း နေပြီဟု ခံစားလိုက်ရကာ ထပ်မံ မေးလိုက်ပြန်သည်။

"စီမာဟောက်နဲ့ သူ့ဇနီးကော ဘယ်မှာလဲ...။"

စီမာယွမ်သည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသည့်အလား ချွမ်ယွမ်ဝေ့၏ လက်မောင်း ကို တင်းတင်းဆုပ်ကိုင်ကာ ခက်ခဲစွာ ပြောလိုက်လေသည်။

"အစ်ကိုယွမ်ဝေ့...၊ ကျွန်တော့်အစ်ကိုကြီးကို...၊ ကျေးဇူးပြုပြီး ကယ်ပေးပါဦးဗျာ...။"

ထိုစကားကြောင့် ချွမ်ယွမ်ဝေ့၏ စိတ်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏။ သူသည် စီမာယွမ်ကို ကျောပိုး၍ အထပ် (၂၀) ဆီသို့ အလျင်အမြန် ပြေးတက်သွားတော့သည်။

လုံယုသည် အထပ် (၂၀) သို့ သွားရာလမ်းရှိ သံတံခါး သုံးချပ်၏ သော့များကို ချွမ်ယွမ်ဝေ့အား ပေးထားပြီး ဖြစ်လေသည်။ လှေကားထိပ်သို့ ရောက်သောအခါ ချွမ်ယွမ်ဝေ့သည် တံခါးကိုဖွင့်ရန် ကြိုးစားသော်လည်း တုန်ရီနေသော လက်များကြောင့် ခက်ခဲနေ၏။ သူသည် အံကို တင်းတင်းကြိတ်ကာ အကြိမ်ကြိမ် ကြိုးစားပြီး နောက်မှသာ သံတံခါး သုံးချပ်လုံးကို ဖွင့်နိုင်ခဲ့လေသည်။

တံခါးပွင့်သွားသည်နှင့် သူသည် အခန်းအမှတ် (၂၀၀၃) ဆီသို့ ပြေးသွားကာ တံခါးကို အသည်းအသန် ခေါက်လိုက် တော့သည်။ သတိလစ်သွားသော သူငယ်ချင်းကို ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

"မယောင်ရန်...၊ မယောင်ရန်...၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါဦး...။"

အိပ်ခန်းအတွင်း၌ လေ့ကျင့်နေသော ယောင်ရန်နှင့် လုံယုတို့သည် အပြင်ဘက်မှ ချွမ်ယွမ်ဝေ့၏ အသံကို ကြား သောအခါ လေ့ကျင့်မှုကို ရပ်လိုက်ကြ၏။ သူတို့သည် အချိန်မဆွဲဘဲ အအေးဒဏ်ခံဝတ်စုံများကို လျင်မြန်စွာ ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့ကြလေသည်။

တံခါးဖွင့်လိုက်သောအခါ သွေးအိုင်ထဲမှ စီမာယွမ်နှင့် ထိတ်လန့်နေသော ချွမ်ယွမ်ဝေ့တို့ကို တွေ့လိုက်ရ၏။ ယောင်ရန်က၊

"အထဲကို ခေါ်လာခဲ့လေ..." ဟု ဆိုကာ လမ်းဖယ်ပေးလိုက်သည်။

ယောင်ရန်သည် ချွမ်ယွမ်ဝေ့ကို ဆေးကုသခန်းအဖြစ် ပြောင်းလဲထားသော ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားပြီး လုံယုအား အကူအညီတောင်းလိုက်လေသည်။

"လုံယု...၊ အပူပေးစက် ဖွင့်ပြီး ရေနွေးအနည်းငယ် တည်ပေးပါဦး...။"

လုံယုက ခေါင်းငြိမ့်ပြကာ "ရပါတယ်..." ဟု ဖြေကြားလိုက်၏။

လုံယုက အပူပေးစက်ကို ဖွင့်၍ ရေတည်ရန် ပြင်ဆင်နေစဉ်၊ ချွမ်ယွမ်ဝေ့က စီမာယွမ်ကို ကုတင်ပေါ်၌ လှဲသိပ် လိုက်လေသည်။ ယောင်ရန်သည် သူမ၏ ဆေးသေတ္တာကိုဖွင့်ကာ လူနာ၏ အခြေအနေကို လျင်မြန်စွာ စစ်ဆေး လိုက်လေ၏။

စီမာယွမ်၏ ညာဘက်လက်မောင်းမှာ ကျိုးနေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများစွာ ရှိနေခဲ့လေသည်။ ယောင်ရန်သည် သူ၏ ခန္ဓာကိုယ်ရှိ နေရာအချို့ကို ဖိကြည့်ကာ စမ်းသပ်ပြီးနောက် ကိုယ်တွင်းသွေးယိုစီးမှုနှင့် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် သက်ပြင်းချလိုက်မိ၏။

အရိုက်အနှက် ခံရရာတွင် အပြင်ဘက်ဒဏ်ရာထက် ကိုယ်တွင်းဒဏ်ရာများက ပိုမို စိုးရိမ်ရလေသည်။ အချိန်မီ မကုသနိုင်ပါက လူနာသည် နာရီအနည်းငယ်အတွင်း သေဆုံးသွားနိုင်ပေသည်။ စီမာယွမ်သည် အေးခဲ၍ဖြစ်စေ၊ သွေးထွက်လွန်၍ဖြစ်စေ မသေဆုံးဘဲ ပြန်ရောက်လာနိုင်ခြင်းမှာ အံ့သြစရာပင် ဖြစ်၏။

ယောင်ရန်သည် ဒဏ်ရာ အခြေအနေကို သိရှိပြီးနောက် နံရံရှိ အပူချိန်တိုင်းကိရိယာကို ကြည့်လိုက်ရာ အနှုတ် ၂၀ ဒီဂရီ၌ ရှိနေသည်ကို တွေ့လိုက်ရ၏။

"လုံယု...၊ အိပ်ခန်းထဲက အပူပေးစက် နှစ်လုံးနဲ့ မီးသွေးမီးဖိုကို သွားယူပေးပါဦး...။ အခန်းအပူချိန် တက်လာမှ သူ့အင်္ကျီတွေကို ချွတ်ပြီး ဒဏ်ရာတွေကို ကုသပေးလို့ ရမှာ...။"

လုံယုက ခေါင်းငြိမ့်ပြကာ အလျင်အမြန်ပင် သွားယူလေသည်။ ထိုအတောအတွင်း ယောင်ရန်သည် ဆေးသေတ္တာ ကို အကာအကွယ်ပြု၍ နေရာလွတ် အတွင်းမှ ကျိုချက်ပြီးသား အိုင်ထဲမှရေကို ထုတ်ယူကာ စီမာယွမ်အား တိုက် လိုက်လေသည်။

သူမ ဘာလုပ်ပေးရမှန်း မသိဘဲ ရပ်နေသော ချွမ်ယွမ်ဝေ့ကို ၊

"အပြင်မှာ ခဏစောင့်ပေးပါ...။" ဟု ပြောလိုက်၏။

ယောင်ရန်က သူမကို လှည့်မကြည့်ဘဲ ပြောလိုက်သဖြင့် ချွမ်ယွမ်ဝေ့လည်း အခန်းပြင်သို့ ထွက်ကာ ဧည့်ခန်းတွင် စောင့်နေလိုက်လေသည်။ သူသည် စီမာယွမ်၏ အခြေအနေနှင့် သတိမလစ်မီ ပြောသွားသော စကားများကြောင့် စိုးရိမ်နေသော်လည်း တတ်နိုင်သမျှ စိတ်ကို တည်ငြိမ်အောင် ထိန်းထား၏။

လုံယုသည် အပူပေးစက်နှင့် မီးသွေးမီးဖိုများကို ယူဆောင်လာသောအခါ ယောင်ရန်သည် ဒဏ်ရာများကို စတင် ချုပ်ပေးနေပြီ ဖြစ်သည်။

လုံယုက မီးဖိုကို ပြင်ဆင်ပြီးနောက်၊

"ယောင်ရန်...၊ ငါ အပြင်မှာ စောင့်နေမယ်...။ တစ်ခုခု လိုအပ်ရင် ခေါ်လိုက်နော်...။" ဟု ပြောကာ အပြင်သို့ ထွက်သွားခဲ့လေသည်။

"ကောင်းပြီလေ...။"

လုံယုသည် အပြင်သို့ မထွက်မီ ရေနွေးအိုးထဲသို့ ရေထပ်ဖြည့်ပေးကာ တံခါးကို အနည်းငယ် ဟထားပေးခဲ့လေ၏။ အခန်းထဲ၌ နှစ်ဦးတည်း ကျန်ရှိသောအခါ ယောင်ရန်သည် စီမာယွမ်၏ ဒဏ်ရာများ လျင်မြန်စွာ သက်သာစေရန် အတွက် အိုင်ထဲမှရေကို ထပ်မံ တိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

ရေကို ကျိုချက်ရန် အချိန်မရှိသဖြင့် သူမသည် နေရာလွတ် အတွင်းမှ အိုင်ထဲမှရေကို တိုက်ရိုက်ခပ်ယူကာ တိုက် လိုက်၏။ ရေတစ်ဝက်ခန့် ကုန်သွားသောအခါ ယောင်ရန်သည် မယုံနိုင်စရာ ကောင်းသော အခြင်းအရာတစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေသည်။

ရေကို သောက်သုံးပြီးနောက် စီမာယွမ်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် မြင်သာထင်သာသော အရှိန်အဟုန်ဖြင့် ပြန်လည် ကျက်သွားတော့သည်။ သူမ အံ့အားသင့်နေစဉ်မှာပင် အရိုးများ အလိုအလျောက် ပြန်လည် ဆက်သွား သော အသံများကို ကြားလိုက်ရလေသည်။

"ဂျွတ်...၊ ဂျွတ်...။"

သူမသည် စီမာယွမ်၏ ညာဘက်လက်မောင်းကို အံ့သြစွာ ကြည့်နေမိသည်။ ကျိုးထွက်နေသော လက်မောင်းရိုး မှာ ဖြည်းညင်းစွာ ပြန်လည် တည့်မတ်သွားပြီး အလိုအလျောက် ပြန်လည် ဆက်သွားလေသည်။ အရိုးများ ပုံမှန် အတိုင်း ဖြစ်သွားသည်နှင့်အတူ ကြွက်သားများနှင့် အာရုံကြောများမှာလည်း တဖြည်းဖြည်းချင်း ပြန်လည် ချိတ်ဆက် သွားလေတော့၏။

All Chapters