အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅)
ရန်သူ့အခြေစိုက်စခန်းအတွင်းသို့ ခိုးဝင်ခြင်း
အတန်ကြာ အကဲခတ်ပြီးနောက် လုံယုက ပြောလိုက်လေသည်။
"အစောင့်တွေ အာရုံလွင့်နေတဲ့အချိန်မှာ ငါတို့ အထဲကို ခိုးဝင်ပြီး သူတို့ရဲ့ ရိက္ခာတွေကို ယူသွားလို့ ရတယ်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ သူတို့နှစ်ဦးသည် လုရှီးလူနေရပ်ကွက်၏ နောက်ဖေးတံခါးဆီသို့ ချဉ်းကပ်သွား ကြလေ၏။ အနီးကပ် စစ်ဆေးကြည့်သောအခါ နံရံများကြားတွင် ဝှက်ထားသော ကျဉ်းမြောင်းသည့် လမ်းက လေးတစ်ခုကို တွေ့ရှိလိုက်ရလေသည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်လိုက်ကြပြီးနောက် လက်နက်များကို ထုတ်ယူကာ ထိုကျဉ်း မြောင်းသော လမ်းကလေးအတွင်းသို့ လျှောက်လှမ်းခဲ့ကြလေသည်။ ယောင်ရန်သည် လုံယု၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ပတ်ဝန်းကျင်ကို အကဲခတ် နေခဲ့လေ၏။
ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ သူတို့သည် လမ်းကျဉ်းလေးအတွင်းမှ ထွက်လာခဲ့ကြပြီး အဝေးရှိ ရိက္ခာ သိုလှောင်ရုံ ကို မြင်တွေ့လိုက်ရလေသည်။
လုံယုက သူမအား နံရံ၏ အရိပ်အောက်တွင် ခိုအောင်းရန် အချက်ပြလိုက်ပြီးနောက် သူတို့နှစ်ဦးသည် ညကြည့် အဝေးကြည့်မှန်ပြောင်းများဖြင့် ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်ကြပြန်သည်။
လုရှီးလူနေရပ်ကွက်၌ တိုက်ခန်း အဆောက်အအုံ ခြောက်လုံး ရှိပြီး အဆောက်အအုံ တစ်လုံးစီတွင် အထပ်ပေါင်း လေးဆယ် ပါဝင်လေသည်။ လင်းယွမ်တိုက်ခန်းအဆောက်အအုံနှင့် နှိုင်းယှဉ်လျှင် မြေမျက်နှာပြင်မှာ နိမ့်သော် လည်း ဤနေရာရှိ အဆောက်အအုံများမှာ ပိုမို မြင့်မားကြပေ၏။
သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် အောက်ထပ် (၁၆) ထပ်မှာ ရေမြုပ်နေပြီး နှင်းထူထပ်မှုကြောင့် နောက် ထပ် (၄) ထပ်မှာလည်း နှင်းများအောက်တွင် နစ်မြုပ်နေခဲ့လေသည်။ သို့သော်လည်း နှင်းများအထက်တွင် လူနေ ထိုင်ရန် သို့မဟုတ် ရိက္ခာသိုလှောင်ရန်အတွက် အထပ်ပေါင်း (၂၀) ကျန်ရှိနေသေး၏။
ယောင်ရန်သည် အဆောက်အအုံအတွင်းသို့ လှမ်းကြည့်လိုက်သောအခါ ကျန်ရှိနေသော အထပ် (၂၀) လုံးတွင် ရိက္ခာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။ ဝပ်နေသော ကျားဂိုဏ်းသည် ဤမျှလောက် များပြားသော ရိက္ခာများကို စုဆောင်းနိုင်ရန် လူမည်မျှကို သတ်ဖြတ်ခဲ့သည်၊ သို့မဟုတ် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူမ မသိသော်လည်း၊ ထိုဓားပြဂိုဏ်း၏ နောက်ကွယ်တွင် ဩဇာအာဏာရှိသော တစ်စုံတစ်ယောက် ရှိနေသည်ကိုမူ သူမ သေချာပေါက် သိရှိလိုက်လေ၏။
ယောင်ရန်သည် ဝပ်နေသော ကျားဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ မည်သူဖြစ်မည်နည်းဟု ခန့်မှန်းနေစဉ် မှာပင် လုံယုသည် စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် လက်ကိုမြှောက်ကာ အစောင့် (၁၀) ဦးရှိရာဘက်သို့ ဝှေ့ယမ်းလိုက်လေသည်။
သူ ဘာလုပ်လိုက်သည်ကို ယောင်ရန် ရှင်းရှင်းလင်းလင်း မမြင်ရမီမှာပင် သူ၏ ပတ်ဝန်းကျင်၌ စွမ်းအင်လှိုင်း များ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကာ ထက်ရှသော လေတိုးသံများကို ကြားလိုက်ရ၏။
"ဝှီး... ဝှီး... ဝှီး..."
နှစ်စက္ကန့်ခန့် ကြာသောအခါ အစောင့် (၅) ဦးသည် လည်ပင်းများမှ သွေးများ ပန်းထွက်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရလေသည်။
သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ခါနေကြပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သွေးများမှာ ခဲသွားတော့၏။ သူတို့သည် ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများဖြင့် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားကြလေသည်။
ကျန်ရှိနေသော အစောင့်များသည် သူတို့၏ အပေါင်းအဖော်များ ရုတ်တရက် သေဆုံးသွားသည်ကို မြင်သောအခါ အံ့အားသင့်သွားကြ၏။ သို့သော်လည်း သူတို့က အခြားသူများကို သတိပေးရန် အော်ဟစ်ခြင်း မပြုနိုင်မီမှာပင် ယောင်ရန်သည် သူမ၏ လက်ဖဝါးများကို ဖြန့်၍ ရေစွမ်းအင် ကို အသုံးပြုကာ ရေများကို စုစည်းလိုက်လေသည်။
ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းနေပြီး လေထုထဲတွင်လည်း ရေမှုန်ရေမွှားများ ပြည့်နှက်နေသဖြင့် ယောင်ရန် သည် သူမ၏ ရေစွမ်းအင် အနည်းငယ်ကို အသုံးပြုရုံဖြင့် ရေလုံး (၅) လုံးကို ဖန်တီးနိုင်ခဲ့ပေ၏။
သူမသည် လက်ချောင်းများကို လှုပ်ရှားကာ ထိုရေလုံးများဖြင့် ကျန်ရှိနေသော အစောင့်များ၏ ပါးစပ်နှင့် နှာခေါင်း များကို ဖုံးအုပ်ရန် ထိန်းချုပ်လိုက်လေသည်။
အစောင့်များသည် ထိုရေလုံးများကို ဖယ်ရှားရန် ကြိုးစားသော်လည်း သူတို့၏ လက်ချောင်းများမှာ ရေလုံးများ ကိုသာ ဖြတ်သန်းသွားနိုင်ကြ၏။
သူတို့သည် အသက်ရှူရန် အသည်းအသန် ကြိုးစားနေကြပြီး အောက်ဆီဂျင် ပြတ်လတ်မှုကြောင့် ခေါင်းမူးလာ ချိန်တွင်မူ ရေလုံးများသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ခဲသွားသည်ကို မြင်တွေ့လိုက်ရလေသည်။ သုံးစက္ကန့်ခန့် ကြာသောအခါ ရေလုံးအားလုံးမှာ ရေခဲတုံးများအဖြစ် ပြောင်းလဲသွားပြီး အစောင့်အားလုံးမှာ မျက်လုံးများ ပြူးလျက် သေဆုံးသွားကြလေတော့၏။
အစောင့်များ သေဆုံးသွားသည်ကို မြင်သောအခါ လုံယုသည် သူ၏ ချစ်သူအား မသိမသာ လှမ်းကြည့်လိုက်မိ လေသည်။ သူမ၏ တည်ငြိမ်နေသော မျက်နှာကို ခဏမျှ ကြည့်နေပြီးနောက် သူမ၏လက်ကို လှမ်း၍ ဆုပ်ကိုင် လိုက်လေသည်။
အစောင့်အားလုံးကို ရှင်းလင်းပြီးနောက် လုံယုက "သွားကြရအောင်..." ဟု ခပ်တိုးတိုး
ဆိုလိုက်၏။
ယောင်ရန်သည် လုံယု၏နောက်မှ လိုက်ပါရင်း သိုလှောင်ရုံဆီသို့ သတိဝီရိယဖြင့် လျှောက်သွားခဲ့ကြလေသည်။ သူမ သတ်လိုက်သော အစောင့်၏ ဘေးမှ ဖြတ်သွားသောအခါ ယောင်ရန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ခဲနေသော ရေလုံးများမှာ အရည်ပျော်သွားတော့၏။
သူမ၏ ရေစွမ်းအင် အမှတ်အသားများကို ဖျောက်ဖျက်ပြီးနောက် သေနတ်များကို သိမ်းဆည်းကာ ဆက်လက် လျှောက်လှမ်းခဲ့လေသည်။ သိုလှောင်ရုံသို့ ရောက်သောအခါ လုံယုသည် တံခါးသော့ကို ဖျက်ဆီး၍ တံခါးဖွင့်ပြီး ဖြစ်လေသည်။
တိုက်ခန်းအတွင်းသို့ ရောက်သည်နှင့် သူတို့နှစ်ဦးသည် အဖွဲ့ခွဲကာ သိုလှောင်ရုံကို လျင်မြန်စွာ စစ်ဆေးလိုက်ကြ ၏။ တစ်ထပ်လုံးတွင် ရိက္ခာများ ပြည့်နှက်နေပြီး အခန်းကန့် နံရံများကို ဖြိုချထားသဖြင့် အလွန်ကျယ်ဝန်းသော နေရာလွတ်ကြီး ဖြစ်နေလေသည်။
ဤမျှလောက် များပြားသော ရိက္ခာများကို မြင်သောအခါ လုံယု၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး၊
"သူတို့ သတိမထားမိခင် ငါတို့ အမြန် လုပ်ကြရအောင်...။" ဟု ပြောလိုက်လေသည်။
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ရိက္ခာများကို သိမ်းဆည်းလိုက်၏။
(၂၁) ထပ် တစ်ထပ်လုံးတွင် ဓာတ်ဆီ၊ ရေနံဆီ၊ ဒီဇယ်နှင့် အရည်ပျော်ဓာတ်ငွေ့များ ထည့်ထားသော ဆီပေပါများ ဖြင့် ပြည့်နှက်နေလေသည်။ ၎င်းတို့ကို မျက်နှာကျက်အထိ ဆင့်ထားကြပြီး ဆီပေပါတိုင်းမှာလည်း အပြည့် ရှိ နေကြ၏။
ယောင်ရန်သည် အရာအားလုံးကို သိမ်းဆည်းပြီးနောက် အပေါ်ထပ်သို့ တက်ခဲ့လေသည်။ (၂၂) ထပ်သို့ ရောက် သောအခါ လုံယုသည် ထိုအထပ်ကို စစ်ဆေးပြီး၍ အပေါ်ထပ်သို့ ဆက်တက်သွားပြီ ဖြစ်လေသည်။ လုံယုက အထပ်များကို စစ်ဆေးပေးနေသဖြင့် သူမသည် ရိက္ခာများကို သိမ်းဆည်းရန်သာ အာရုံစိုက်ရန် လိုအပ်တော့၏။
(၂၁) ထပ်မှ (၄၀) ထပ်အထိ ယောင်ရန်သည် ဂတ်စ်အိုးများ၊ မီးသွေးများ၊ ထင်းများ၊ မီးဖိုများ၊ ဆေးဝါးများ၊ တရုတ် တိုင်းရင်းဆေးများနှင့် ဆေးဖက်ဝင် အပင်မျိုးစေ့များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အဝတ်အထည်များ၊ စောင်များ၊ ပရိဘောဂများနှင့် အိမ်သုံးလျှပ်စစ် ပစ္စည်းများကို သိမ်းဆည်းလိုက်လေသည်။
ထို့အပြင် ရှေးဟောင်းပစ္စည်းများ၊ ရွှေနှင့် ကျောက်စိမ်းများ၊ ဝိုင်နှင့် ဖျော်ရည်များ၊ ဆန်၊ ဂျုံမှုန့်၊ ဟင်းခတ်အမွှေး အကြိုင်များ၊ စည်သွပ်ဗူးများ၊ မုန့်များနှင့် အခြောက်အစာများ၊ ဟင်းချက်ဆီ အမျိုးမျိုးနှင့် အေးခဲထားသော အစား အစာများ၊ ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းများ၊ အထွေထွေ ကုန်ပစ္စည်း အမျိုးမျိုး၊ သေနတ်နှင့် ခဲယမ်း မီးကျောက် စသည်တို့ကိုလည်း သိမ်းဆည်းခဲ့၏။
အထပ်တိုင်းမှာ ကြမ်းပြင်မှသည် မျက်နှာကျက်အထိ ပြည့်နှက်နေသဖြင့် ယောင်ရန်၏ နေရာလွတ် အတွင်း၌ လည်း နေရာလွတ်ဟူ၍ မရှိသလောက်ပင် ဖြစ်သွားတော့၏။
ဤအရာကို ကြည့်ခြင်းအားဖြင့် ဝပ်နေသော ကျားဂိုဏ်း၏ ရိက္ခာ မည်မျှ ကြွယ်ဝသည်နှင့် သူတို့၏ အင်အား မည်မျှ ကြီးမားသည်ကို သိနိုင်လေသည်။
သို့သော်လည်း ယောင်ရန်ကို ပျော်ရွှင်စေသည့်အရာမှာ ရိက္ခာပမာဏ မဟုတ်ဘဲ ထိုနေရာမှ သူမ တွေ့ရှိခဲ့သော ရှေးဟောင်းပစ္စည်းများ၊ ရွှေနှင့် ကျောက်စိမ်းများပင် ဖြစ်၏။ ရိက္ခာများကို သိမ်းဆည်းရန် နေရာ မလောက်တော့ မည့် အချိန်တွင် ဤရှေးဟောင်းပစ္စည်းများကို အခမဲ့ ရရှိလိုက်သဖြင့် သူမ၏ နေရာလွတ် မှာနောက်ဆုံးတွင် ထပ်မံ အဆင့်တိုးသွားခဲ့လေသည်။
ရေအိုင် မှလွဲ၍ နေရာလွတ် ၏ ဧရိယာအားလုံးမှာ (၄၀) ရာခိုင်နှုန်းခန့် ပိုမိုကျယ်ဝန်းလာပြီး သူမ၏ ဗီလာတွင် လည်း အိပ်ခန်းတစ်ခန်း တိုးလာလေသည်။ ဗီလာ၏ ဧရိယာမှာလည်း (၄၀) ရာခိုင်နှုန်း ပိုမို ကျယ်ပြန့်လာ၏။ လယ်ကွင်းများ၊ ငါးကန်များနှင့် မြက်ခင်းပြင်များရှိ အချိန်ကုန်ဆုံးမှုနှုန်းမှာလည်း ပိုမို မြန်ဆန်လာခဲ့လေသည်။
သူမ၏ နေရာလွတ် အတွင်းရှိ အပြောင်းအလဲသစ်များကို စစ်ဆေးပြီးနောက် ယောင်ရန်မှာ အလွန်အမင်း ဝမ်းသာသွားပြီး လုံယု၏ လက်မောင်းကို ဖက်လိုက်မိ၏။ သူမက သူ့ကို ပြုံးကြည့်ကာ
"ကျွန်မရဲ့ နေရာလွတ် က နောက်ဆုံးတော့ ထပ်ပြီး အဆင့်တက်သွားပြီ...။" ဟု ပြောလိုက်လေသည်။
လုံယုသည် သူမ၏ ချိုသာသော အပြုံးကို ကြည့်ကာ သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်၏။ သူတို့သည် ရန်သူ့ အခြေစိုက်စခန်းအတွင်း ရောက်ရှိနေခြင်းသာ မဟုတ်လျှင် သူသည် သူ၏ ချစ်သူအား အမှန်တ ကယ်ပင် ပွေ့ဖက်ထားလိုမိပေသည်။
သိုလှောင်ရုံအတွင်းရှိ ရိက္ခာအားလုံးကို ရှင်းလင်းပြီးနောက်တွင်မူ သူတို့နှစ်ဦးသည် အောက်ထပ်သို့ ဆင်းလာခဲ့ကြ လေသည်။