← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

(၁၈၉)

အကျဉ်းသားများကို ကယ်တင်ခြင်း

သံသော့ခလောက်မှာ နှစ်ပိုင်းပြတ်၍ ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ ထိုအခြင်းအရာကို မြင်သောအခါ အခြားအကျဉ်းခန်းများအတွင်း ပိတ်လှောင်ခံထားရသော အမျိုးသမီးများသည် သံတိုင်များဆီသို့ တိုးဝှေ့လာ ကြပြီး အသနားခံကြလေတော့သည်။

"အစ်မ...၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး...။"

"ညီမလေး...၊ အစ်မကို ကယ်ပါ...၊ အစ်မ မသေချင်သေးဘူး...။"

ယောင်ရန်သည် လုံယုကို လှည့်ကြည့်ကာ​ ပြောလိုက်လေသည်။

"ရှင်က စီမာဟောက်နဲ့ ရွမ်ယင်းကို ကူညီလိုက်...။ ကျွန်မက တခြား အကျဉ်းခန်းတွေကို သွားဖွင့်ပေးမယ်...။"

လုံယုက ခေါင်းငြိမ့်ပြသဖြင့် ယောင်ရန်သည် အခြားအကျဉ်းခန်းများဆီသို့ လျှောက်သွားလေသည်။ သူမသည် အထဲ၌ ပိတ်လှောင်ခံထားရသော အမျိုးသမီးများကို ကြည့်၍၊

"ဒီကနေ ထွက်သွားချင်တယ်ဆိုရင် အသံမထွက်ကြနဲ့...။ ပြီးတော့ ကျွန်မတို့ ခိုင်းတဲ့အတိုင်းကိုပဲ လုပ်ကြ...။" ဟု မှာလိုက်၏။

အမျိုးသမီးများက ခေါင်းငြိမ့်ပြကြသဖြင့် ယောင်ရန်က ပြောလိုက်လေသည်။

"နောက်ကို ဆုတ်လိုက်ကြ...။"

အမျိုးသမီးများ သံတိုင်များနှင့် ဝေးရာသို့ ဆုတ်သွားပြီးနောက်၊ ယောင်ရန်သည် သူမ၏ ဓားရှည်ကို ဝှေ့ယမ်းကာ သံသော့ခလောက်ကို အလွယ်တကူပင် ခုတ်ဖြတ်လိုက်လေသည်။

"ချွင်..."

သူမသည် တံခါးကို ဖွင့်ပေးပြီးနောက် အခြားအကျဉ်းခန်းများဆီသို့ ဆက်လက် သွားရောက်ခဲ့၏။ သူတို့ အကျဉ်း ထောင်၏ အောက်ဆုံးထပ်မှ ထွက်လာသည့်အခါ အမျိုးသမီး အယောက်လေးဆယ်ကျော်မှာ အအေးဒဏ် ကြောင့် တုန်ရီနေကြသော်လည်း တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း လိုက်ပါလာကြလေသည်။

သံလှောင်အိမ်များ ရှိရာအထပ်သို့ ပြန်ရောက်သောအခါ ယောင်ရန်က အမျိုးသမီးများအား ညွှန်ကြားလိုက်၏။

"ကျွန်မက သော့တွေကို လိုက်ဖွင့်ပေးမယ်...။ ရှင်တို့ကတော့ အထဲက လူတွေကို လှောင်အိမ်ဖွင့်ဖို့ ကူညီပေးကြ... ၊ အသံတစ်ချက်မှ မထွက်စေနဲ့နော်...။"

အမျိုးသမီးများက ခေါင်းငြိမ့်ပြကြသဖြင့် ယောင်ရန်သည် သူမ၏ ဓားဖြင့် သံသော့ခလောက်များကို စတင် ခုတ် ဖြတ်တော့သည်။ သံချင်းရိုက်ခတ်သံများ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေစဉ် လုံယုသည် သံလှောင်အိမ်အတွင်းရှိ အမျိုးသားထံသို့ လျှောက်သွားခဲ့လေသည်။

ထိုအမျိုးသားသည် သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး ပြောလိုက်လေသည်၊

"အပြင်ဘက်က စကားပြောသံအချို့ကို ကျွန်တော် ကြားလိုက်ရတယ်...။ ခုနက လာသွားတဲ့လူဟာ အစောင့်တွေ ပျောက်နေတာကို သွားသတင်းပို့လိုက်ပြီ ထင်တယ်...။"

အမျိုးသား၏ ပြောပြချက်ကို နားထောင်ပြီးနောက် လုံယုက၊

"ကျွန်တော်တို့ လုပ်စရာ တစ်ခုရှိသေးလို့ ဒီမှာပဲ လမ်းခွဲကြရအောင်...။ အပြင်ကို ရောက်ရင် ညာဘက်ကို ဦးတည် ပြီး ပြေးကြ...။ အဲ့ဒီမှာ လုရှီးလူနေရပ်ကွက် ကနေ ထွက်နိုင်မယ့် လမ်းကျဉ်းလေး တစ်ခုကို တွေ့လိမ့်မယ်...။"

"လုရှီးလူနေရပ်ကွက် ကနေ ထွက်သွားပြီးတာနဲ့ နောက်ကို လှည့်မကြည့်ဘဲ ပြေးကြတော့...။ အနားမှာ စစ်သည် တွေ ပုန်းနေလိမ့်မယ်...၊ သူတို့ကို တွေ့ရင် မင်းတို့ သိသမျှ အကုန်ပြောပြလိုက်...။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေအကြောင်းကိုတော့ စစ်သည်တွေကို လုံးဝမပြောမိပါစေနဲ့...။"

လုံယုက အဘယ်ကြောင့် စစ်သည်များကို သူတို့အကြောင်း မသိစေလိုသနည်း ဆိုသည်ကို ထိုအမျိုးသား နားမ လည်သော်လည်း ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"ကျွန်တော် နားလည်ပါပြီ...။"

သူ ထိုသို့ပြောပြီးနောက် ယောင်ရန် ရောက်လာကာ၊

"လုံယု...၊ ကျွန်မ လှောင်အိမ်ကို ဖွင့်ပေးတော့မယ်...။"

လုံယုက ထိုင်နေရာမှ ထ၍ အနည်းငယ် ဖယ်ပေးလိုက်သောအခါ ယောင်ရန်သည် သံသော့ခလောက်ကို ခုတ်ဖြတ် လိုက်လေတော့သည်။

"ချွင်..."

ယောင်ရန်သည် လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်သည်နှင့် အမျိုးသားအား ပြောလိုက်လေသည်၊

"သူတို့ကို ဦးဆောင်ပြီး ခေါ်သွားလိုက်တော့...။"

အမျိုးသားသည် လက်ကို တင်းတင်းဆုပ်ကာ ပြတ်သားသော မျက်ဝန်းများဖြင့် သံလှောင်အိမ်အတွင်းမှ တွားသွား ၍ ထွက်လာခဲ့လေသည်။ သူ လှုပ်ရှားလိုက်တိုင်း သူ၏ လည်ပင်းရှိ သံခြေချင်းများမှာ တချွင်ချွင် မြည်နေတော့ သည်။

အချိန်အတော်ကြာ ထိုင်နေခဲ့ရသဖြင့် သူ၏ ခြေထောက်ကြွက်သားများမှာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ဘဲ မတ်တပ်ရပ်နိုင်ရန် အတန်ကြာ ကြိုးစားခဲ့ရလေသည်။ သူ နောက်ဆုံးတွင် တည်ငြိမ်စွာ မတ်တပ်ရပ်နိုင်ချိန်၌ လုံယုနှင့် အခြားသူများမှာ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း သူတို့အတွက် တံခါးကိုမူ ဟပေးခဲ့ကြလေသည်။

အကျဉ်းသားများက ထိုအမျိုးသားကို ကြည့်လိုက်ကြရာ အမျိုးသမီးတစ်ဦးက မေးလိုက်လေသည်၊

"ကျွန်မတို့ ဘယ်ကို သွားကြရမလဲ...။"

အမျိုးသားသည် မျက်လုံးများကို ခဏမျှ မှိတ်လိုက်ပြီးနောက်၊

"ကျွန်တော့်နောက်က လိုက်ခဲ့ကြ...။"

အကျဉ်းသား သုံးရာကျော်မှာ လုရှီးလူနေရပ်ကွက် မှ ထွက်ပြေးသွားကြစဉ်၊ လုံယုနှင့် ယောင်ရန်တို့သည် စီမာဟောက် ဇနီးမောင်နှံကို အပြင်သို့ ပို့ဆောင်ပြီး ဖြစ်လေသည်။

ယောင်ရန်က သူတို့ကို ဓားမြှောင်တစ်လက်စီနှင့် လက်နှိပ်ဓာတ်မီးများ ပေးကာ မှာလိုက်လေသည်၊

"လုံယုနဲ့ ကျွန်မက ဒီမှာ လုပ်စရာ ရှိသေးတယ်...။ စီမာဟောက်...၊ ရှင်တို့နှစ်ယောက် ဒီနေ့ညတော့ ပုန်းနေကြဦး...၊ မိုးလင်းမှပဲ အိမ်ပြန်ကြတော့...။ ဒီနေ့ည လင်းယွမ်တိုက်ခန်းအဆောက်အအုံ ရဲ့ အခြေအနေက သိပ်ပြီးတော့ အေးချမ်းမှာ မဟုတ်ဘူး...။"

စီမာဟောက်သည် ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

"ကျွန်တော် နားလည်ပါပြီ...။ ခင်ဗျားတို့နှစ်ယောက်လည်း သတိထားကြပါဦး...။"

ထိုသို့ပြောပြီးနောက် စီမာဟောက်သည် ရွမ်ယင်း၏ လက်ကိုဆွဲကာ လက်နှိပ်ဓာတ်မီးကို မဖွင့်ဘဲ ထွက်ခွာသွား ကြတော့လေသည်။

လုံယုသည် သူတို့၏ ကျောပြင်ကို ခဏမျှ ကြည့်နေပြီးနောက် ယောင်ရန်၏ လက်ကိုဆုပ်ကိုင်ကာ ပြောလိုက်လေ သည်။

"သွားကြရအောင်...။"

သူတို့နှစ်ဦးတည်းသာ ရှိတော့သဖြင့် ပါတီပွဲ ကျင်းပနေသော အဆောက်အအုံအတွင်းသို့ ခိုးဝင်ရန်မှာ ပိုမို လွယ်ကူ သွားတော့သည်။

ထိုနေရာကို ယခင်ကတည်းက အကဲခတ်ထားခဲ့သဖြင့် တိုက်ခန်း အဆောက်အအုံ၏ နောက်ဖေးတံခါးသို့ ရောက် ရန်မှာ အချိန်သိပ်မကြာလိုက်ချေ။ ယောင်ရန်နှင့် လုံယုတို့သည် အဆောက်အအုံ၏ အပြင်ဘက်၌ ရပ်နေကြစဉ် အတွင်းဘက်မှ ကျယ်လောင်သော တေးဂီတသံများကို ခပ်သဲ့သဲ့ ကြားနေရလေသည်။

သူတို့နှစ်ဦးသည် ပုန်းကွယ်ရန် နေရာတစ်ခု ရှာဖွေပြီးနောက် ခဏမျှ အကဲခတ်ကြည့်ရာ နောက်ဖေးတံခါးကို စောင့်ကြပ်နေသော အစောင့် (၁၀) ဦးကို တွေ့ရှိလိုက်ရလေသည်။

လုံယုသည် ယနေ့ညတွင် သူ၏ စွမ်းအင်များကို အလွန်အမင်း အသုံးပြုခဲ့သဖြင့် ပြန်လည် ထူထောင်ရန် အချိန်လို အပ်နေပြီ ဖြစ်လေသည်။ သူ၏ လေစွမ်းအင် ကို အသုံးမပြုနိုင်တော့သဖြင့် သူသည် သေနတ်ကို အသင့်ပြင်ကာ အစောင့်များကို ချိန်ရွယ်၍ မောင်းခလုတ်ကို ဆွဲလိုက်တော့သည်။

"ရွှစ်...ရွှစ်...ရွှစ်..."

ကျည်ဆန်များမှာ ပျံထွက်သွားပြီး အနီးဆုံးရှိ အစောင့်သုံးဦး၏ ဦးခေါင်းကို တည့်တည့် ထိမှန်သွားတော့၏။

"ဗုတ်... ဗုတ်... ဗုတ်..."

သူတို့၏ ခန္ဓာကိုယ်များ နှင်းတောထဲသို့ လဲကျသွားသည်နှင့် ဦးခေါင်းရှိ ဒဏ်ရာများမှ သွေးများမှာ နှင်းများအတွင်း သို့ စိမ့်ဝင်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ခဲသွားတော့သည်။ အခြားအစောင့်များမှာ သူတို့၏ အပေါင်းအဖော် များ ရုတ်တရက် သေဆုံးသွားသည်ကို မြင်သောအခါ ထိတ်လန့်သွားကြလေသည်။

အစောင့်တစ်ဦးက သူ၏ အိတ်ကပ်အတွင်းမှ ခရုသင်းကို ထုတ်ယူကာ မှုတ်ရန် ပြင်လိုက်သော်လည်း၊ ယောင်ရန် က လေထုထဲရှိ ရေမှုန်များကို အလျင်အမြန် စုစည်းကာ ရေလုံးဖြင့် ထိုသူ၏ ပါးစပ်ကို အုပ်လိုက်လေသည်။

"အင့်..."

ယောင်ရန်က ထိုအစောင့်ကို ကိုင်တွယ်နေစဉ် လုံယုက အခွင့်ကောင်းယူကာ နောက်ထပ် အစောင့်သုံးဦးကို ပစ်သတ်လိုက်ပြန်လေသည်။

"ဗုတ်... ဗုတ်... ဗုတ်..."

နောက်ထပ် အစောင့်သုံးဦးမှာလည်း နှင်းတောထဲသို့ လဲကျသွားပြန်လေသည်။ ကျန်ရှိနေသော အစောင့်သုံးဦးမှာ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ဝေ့ကြည့်ရင်း သူတို့၏ သေနတ်များဖြင့် ချိန်ရွယ်နေကြသော်လည်း၊ မည်သူ့ ကိုမျှ မတွေ့ရသဖြင့် မည်သူ့ကို တိုက်ခိုက်ရမည်မှန်း မသိဘဲ ဖြစ်နေခဲ့ကြပေ၏။

သူတို့ ဇဝေဇဝါဖြစ်ကာ ထိတ်လန့်နေစဉ်မှာပင် လုံယုက မောင်းခလုတ်ကို ထပ်မံ ဆွဲလိုက်ပြီး သူတို့အားလုံးကို အပြတ် ရှင်းလင်းလိုက်လေသည်။

လုံယုက ရှေ့မှ ဦးဆောင်သွားပြီး ယောင်ရန်ကမူ နောက်ဘက်မှ ကူညီပေးခဲ့၏။

သူတို့နှစ်ဦးသည် လမ်းတစ်လျှောက်တွင် တွေ့ရှိသမျှ အစောင့်အားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး အဆောက်အအုံ၏ ပင်မဝင်ပေါက်ဆီသို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့ကြလေသည်။

သူတို့သည် တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်လိုက်ကြပြီးနောက် လုံယုက တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက် လေသည်။ တံခါးအနည်းငယ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်လှသော တေးဂီတသံများမှာ သူတို့၏ နားစည်ကို ကွဲထွက်မတတ် ရိုက်ခတ်လာတော့၏။

ယောင်ရန်သည် သူမ၏ နားနှစ်ဖက်ကို အလျင်အမြန် ပိတ်လိုက်ပြီး နာကျင်မှုကြောင့် ခပ်တိုးတိုး ညည်းတွား လိုက်မိလေသည်။

"အ..."

All Chapters