← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

(၁၉၀)

သူတို့အားလုံးကို သတ်ပစ်ပါ

ယောင်ရန်၏ နာကျင်နေသော မျက်နှာကို ကြည့်ရင်း လုံယု၏ မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုသော အငွေ့ အသက်များ ယှက်သန်းသွား၏။ သူသည် ခေါင်းငုံ့ကာ ကပ်ပြောလိုက်လေသည်။

"ယောင်ရန်...၊ ငါ အထဲကို အရင်ဝင်ပြီး အခြေအနေကို စုံစမ်းလိုက်မယ်...။ မင်း နားကိုပိတ်ပြီး တစ်နေရာရာမှာ ခဏ ပုန်းနေပါဦး...။"

ယောင်ရန်သည် ကျယ်လောင်လှသော တေးဂီတသံများကြောင့် ခေါင်းမူးကာ ဝေဒနာ ခံစားနေရသဖြင့်

"ရှင် သတိထားပါနော်...။" ဟုသာ ပြောနိုင်တော့၏။

လုံယုသည် သူမ၏ ဆံပင်များကို ခဏမျှ အသာအယာ ပွတ်သပ်ပေးပြီးနောက် အခန်းအတွင်းသို့ တိတ်တဆိတ် ဝင်သွားခဲ့လေသည်။ လုံယုကို စောင့်ဆိုင်းနေစဉ်မှာပင် ယောင်ရန်သည် ထိုနေရာရှိ အခြားအခန်းများကို စစ်ဆေး လိုက်၏။ ပင်မတံခါးအပြင် ဘေးဘက်၌လည်း သံတံခါးတစ်ချပ် ရှိနေသည်ကို သူမ တွေ့ရှိလိုက်ရလေသည်။

အစောင့်များ မရှိသည်ကို သေချာစေပြီးနောက် ယောင်ရန်သည် ထိုသံတံခါးဆီသို့ ချဉ်းကပ်သွားခဲ့လေ၏။

သူမသည် တံခါးရှေ့၌ ရပ်ကာ တံခါးသော့ကို ကြည့်လိုက်သည်။ လျှပ်စစ်သော့မှာ အလုပ်လုပ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ၊ နေရာလွတ် အတွင်းမှ လျှို့ဝှက် ကုဒ်ဖျက်စက်ကို ထုတ်ယူ၍ တံခါးကို ဖွင့်လိုက်လေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် "ကလပ်..." ဟူသော အသံနှင့်အတူ တံခါးပွင့်သွားသဖြင့် သူမသည် လျှို့ဝှက် ကုဒ်ဖျက် စက်ကို ပြန်လည် သိမ်းဆည်းလိုက်၏။

တံခါးကို တွန်းဖွင့်လိုက်သောအခါ ၎င်းမှာ သိုလှောင်ခန်းတစ်ခု ဖြစ်နေသည်ကို ယောင်ရန် တွေ့လိုက်ရလေသည်။ စင်များပေါ်တွင် အစားအစာများ၊ ဖျော်ရည်များနှင့် စီးကရက်များစွာ ရှိနေ၏။ ယောင်ရန်သည် အားနာခြင်းမရှိဘဲ စင်များအပါအဝင် အရာအားလုံးကို နေရာလွတ် ထဲသို့ သိမ်းဆည်းလိုက်လေသည်။

သူမ အပြင်သို့ ပြန်ထွက်လာချိန်တွင် လုံယုလည်း ပြန်ရောက်လာပြီး "သွားကြစို့..." ဟု ပြောလိုက်လေသည်။

လုံယုက ရှေ့မှ ဦးဆောင်သွားပြီး ယောင်ရန်က နောက်ဘက်မှ လိုက်ပါလာခဲ့၏။ လုံယုသည် သူမ ဘာမျှ မလုပ်ရ သေးမီမှာပင် ရန်သူများကို အပြတ်ရှင်းလင်းနေသဖြင့် သူမ၏ စိတ်ထဲ၌ အနည်းငယ် အသုံးမကျသလို ခံစား လိုက်ရကာ တုန်လှုပ်ခြောက်ခြားမှုများလည်း မရှိတော့ပေ။

ပါတီပွဲ ကျင်းပနေသည့် ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ရောက်သောအခါ၊ တံခါးချပ်ကြီးများ၏ အခြား တစ်ဖက်မှ ကျယ်လောင်သော တေးဂီတသံများနှင့်အတူ ရောနှောနေသည့် ထိတ်လန့်တကြား အော်ဟစ်သံများကို ယောင်ရန် ကြားလိုက်ရလေသည်။

"ခေါင်းဆောင်...၊ ခေါင်းဆောင်...။ ဘာဖြစ်တာလဲ...။"

သူတို့၏ ခေါင်းဆောင်မှာ သတိလစ်သွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ အခြားအမျိုးသားတစ်ဦးက အော်ဟစ် အမိန့်ပေးလိုက်လေ၏။

"သူ ခုနတင်ပဲ သီချင်းဆိုပြီး ကခုန်နေတာလေ...။ ဘယ်လိုဖြစ်လို့ မျက်စိတစ်မှိတ်အတွင်းမှာ သတိလစ်သွားရ တာလဲ...၊ မြန်မြန်...၊ ဆရာဝန်ကို သွားခေါ်ပြီး ခေါင်းဆောင်ကို စစ်ဆေးခိုင်းလိုက်ကြ...။"

ထိုစကားကို ကြားသည်နှင့် အမျိုးသားအချို့သည် ဆရာဝန်သွားခေါ်ရန် အပြင်သို့ ပြေးထွက်လာကြလေသည်။

ယောင်ရန်သည် သူမ၏ ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ကာ အသက်ရှူသံကို ထိန်းထားလိုက်၏။ ထိုသူများ တံခါးကို တွန်းဖွင့်လိုက်သည့် ခဏမှာပင် ယောင်ရန်သည် သူမ၏ ဓားကို ဝှေ့ယမ်းကာ ထိုသူတို့၏ ခေါင်းများကို ချက်ချင်းပင် ဖြတ်ချလိုက်လေတော့သည်။

"ရွှမ်း... ရွှမ်း... ရွှမ်း..."

"ဗုတ်... ဗုတ်... ဗုတ်..."

ဦးခေါင်းသုံးလုံးမှာ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားပြီး နောက်နှစ်စက္ကန့်ခန့်တွင် ခေါင်းမရှိသော အလောင်းများမှာ လည်း လဲကျသွားလေတော့၏။

သူမက ထိုအမျိုးသားသုံးဦးကို သတ်လိုက်သည်ကို အခန်းတွင်းရှိ တစ်စုံတစ်ယောက် မြင်တွေ့သွားလေသည်။ ထိုအမျိုးသမီးမှာ ထိတ်လန့်တကြားဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်လေတော့သည်။

"အား..."

ကျယ်လောင်လှသော တေးဂီတသံများကြောင့် သူမ၏ အော်ဟစ်သံမှာ ပျောက်ကွယ်သွားရကာ မည်သူမျှ သတိ မပြုမိကြချေ။ ထိုအမျိုးသမီးမှာ အတန်ကြာ အော်ဟစ်နေပြီးနောက်မှသာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွား၏။ သူမသည် တုန်ရီစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ခန်းမအတွင်းရှိ လူအများစုမှာ ကြမ်းပြင်ပေါ်၌ လဲကျနေကြသည်ကို တွေ့လိုက်ရလေသည်။

လူဆယ်ဂဏန်းခန့်မှာ သတိရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါ ယောင်ရန်က မျက်ခုံးပင့်လိုက်ရင်း ပြောလိုက် လေသည်။

"လုံယု...၊ သူတို့ကို ကျွန်မပဲ ကိုင်တွယ်လိုက်မယ်...။ ရှင်ကတော့ ဂိုဏ်းခေါင်းဆောင်ကို သွားရှာလိုက်ဦး...။"

လုံယုက ခေါင်းငြိမ့်ပြသဖြင့် ယောင်ရန်သည် ထိုအမျိုးသမီးဆီသို့ လျှောက်သွား၏။ ယောင်ရန်၏ ဓားပေါ်မှ သွေးစက်များ ကျနေသည်ကို မြင်သောအခါ အမျိုးသမီးမှာ ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

တံခါးကြီးမှာ ကျယ်ပြန့်စွာ ပွင့်နေသဖြင့် အခန်းတွင်းရှိ အပူချိန်မှာ လျင်မြန်စွာ ကျဆင်းလာလေသည်။ ပါးလွှာပြီး ဆွဲဆောင်မှုရှိသော အနီရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသဖြင့် ထိုအမျိုးသမီးမှာ အေးစက်ရုံမျှမက ကြောက်ရွံ့ မှုကြောင့်ပါ တုန်ရီနေရှာပေသည်။

ယောင်ရန်သည် သူမ၏ရှေ့ နှစ်လှမ်းအကွာတွင် ရပ်လိုက်ပြီး စူးစမ်းစွာ မေးလိုက်လေသည်။

"မင်း ဘာလို့ ဝိုင်ကို မသောက်တာလဲ...။"

အမျိုးသမီးသည် ယောင်ရန် အဘယ်ကြောင့် ဤသို့မေးသည်ကို မသိသော်လည်း ဖြေရမည်ကိုမူ သိရှိပေသည်။ သူမသည် ယောင်ရန်၏ အေးစက်သော အကြည့်များနှင့် ဆုံမိသောအခါ အလျင်အမြန်ပင် ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့လေ၏။

"ကျွန်မကို...၊ ကျွန်မရဲ့ ရည်းစားက အတင်းခေါ်လာတာပါ...။ ကျွန်မ ဘာမှ မစားမသောက်ရသေးပါဘူး... ။ ကျေးဇူးပြုပြီး...၊ ကျွန်မကို မသတ်ပါနဲ့ရှင်…။"

အမျိုးသမီးမှာ သူမ၏ တုန်ရီနေသော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း တောင်းပန်ရှာလေသည်။

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ခေါင်းမော့ပြီး ငါ့ကို ကြည့်စမ်း...။"

ထိတ်လန့်နေသော်လည်း အမျိုးသမီးမှာ ခေါင်းမော့၍ ယောင်ရန်ကို ကြည့်လိုက်လေသည်။

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေကြပြီးနောက် ယောင်ရန်က အေးစက်စွာ ပြော လိုက်လေသည်။

"တကယ်လို့ ဒီနေ့ည ဖြစ်ပျက်ခဲ့တာတွေကို တစ်ယောက်ယောက်ကို ပြောပြမယ်ဆိုရင်...၊"

အမျိုးသမီးက အလျင်အမြန်ပင် ကြားဖြတ်၍ ဖြေလိုက်လေသည်၊

"မပြောပါဘူး...။ ဘယ်သူ့ကိုမှ မပြောပါဘူး...။ ကျွန်မ ကတိပေးပါတယ်...။"

ယောင်ရန်သည် သူမကို အပြည့်အဝ မယုံကြည်သော်လည်း သတ်ရန် အကြောင်းပြချက် မရှိပေ။ သို့သော်လည်း ဘေးကင်းစေရန်အတွက် ထပ်လောင်း ခြိမ်းခြောက်လိုက်၏။

"တကယ်လို့ တစ်စုံတစ်ယောက်က ဒီညအကြောင်းကို သိသွားမယ်ဆိုရင်...။ ငါ နင့်ကို လိုက်ရှာမှာနော်...။"

အမျိုးသမီးက ခေါင်းကို အသည်းအသန် ငြိမ့်ပြကာ ကတိပြုလေသည်။

"ဘယ်သူ့ကိုမှ မပြောပါဘူးရှင်...။"

ယောင်ရန်သည် သူမကို စက္ကန့်အနည်းငယ်မျှ ထပ်မံ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်၊

"သွားတော့...။"

သေဒဏ်မှ လွတ်ငြိမ်းခွင့် ရလိုက်သည့်အလား ထိုအမျိုးသမီးမှာ တွားသွား၍ အလျင်အမြန်ပင် ထွက်ပြေးသွား တော့လေသည်။ သူမကို ကိုင်တွယ်ပြီးနောက် ယောင်ရန်သည် ကျန်ရှိနေသော သူများကို လှည့်ကြည့်လိုက် လေသည်။

ထိုအမျိုးသမီးအပြင် ဝိုင်မသောက်ရသေးသော အမျိုးသမီး သုံးဦးနှင့် အမျိုးသား ဆယ်ဦး ရှိနေသေး၏။

ယောင်ရန်သည် သူတို့၏ မျက်ဝန်းများကို ကြည့်လိုက်ရာ သူငယ်အိမ်များအတွင်း၌ အစိမ်းရောင် အစက် အပြောက်များ မရှိသည်ကို တွေ့ရှိလိုက်ရလေသည်။

သူမသည် အကြည့်လွှဲလိုက်ပြီး ဓားပေါ်ရှိ သွေးစက်များကို ခါထုတ်ကာ ပြောလိုက်လေသည်။

"ဒီကနေ ထွက်သွားကြတော့...။"

သူမ၏ စကားအဆုံးတွင် အမျိုးသား၊ အမျိုးသမီးများမှာ အလုအယက် ထွက်ပြေးသွားကြလေတော့သည်။ ထိုသူ များကို ရှင်းလင်းပြီးနောက် ယောင်ရန်သည် လုံယုဆီသို့ လျှောက်သွားကာ မေးလိုက်လေသည်။

"ဂိုဏ်းခေါင်းဆောင်ကို တွေ့ပြီလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ၊

"ဂိုဏ်းခေါင်းဆောင်ကို ငါ သတ်လိုက်ပြီ...။"

ယောင်ရန်သည် နဖူး၌ အပေါက်တစ်ခုဖြင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဝဖြိုးသောအမျိုးသားကို တစ်ချက် ကြည့်လိုက်ပြီးပြောလိုက်လေ၏။

"သူတို့အားလုံးကို သတ်ပစ်သင့်တယ်...။"

လုံယုကလည်း သဘောတူသဖြင့်၊ သူတို့သည် သတိလစ်နေသော လူများကို တစ်ဦးချင်းစီ စစ်ဆေးလိုက်ကြလေ သည်။ မျက်ဝန်းများအတွင်း၌ အစိမ်းရောင် အစက်အပြောက်များ ရှိသူကို တွေ့တိုင်း သူတို့နှစ်ဦးမှာ မည်သည့် ကရုဏာမျှ မထားဘဲ သတ်ဖြတ်လိုက်ကြတော့သည်။

ကျွင်းချန်မြို့သို့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးလပင် မပြည့်သေးသော်လည်း လူသားစားသူ များ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ မှောင်မိုက်လှသော အနာဂတ်ကို တွေးတောမိရင်း ယောင်ရန်၏ မျက်ဝန်းများမှာ အေးစက်သွားတော့သည်။

အစိမ်းရောင် အစက်အပြောက် ရှိသူအားလုံးကို သတ်ဖြတ်ပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။

"ဒီနေရာမှာ လက်နက်တွေ ဒါမှမဟုတ် တခြား ရိက္ခာတွေ ရှိမရှိ ရှာကြည့်ချင်သေးတယ်...။"

လုံယုက ခေါင်းငြိမ့်ပြသဖြင့် သူတို့နှစ်ဦးသည် အဆောက်အအုံ တစ်ခုလုံးကို ရှာဖွေလိုက်ကြ၏။

သူတို့သည် အဆောက်အအုံ တစ်ခုလုံးကို နှံ့စပ်အောင် ရှာဖွေခဲ့ကြသော်လည်း အရက်အချို့၊ ဆေးလိပ်များနှင့် ထီးကလေးများ (ကွန်ဒုံးများ) ကိုသာ တွေ့ရှိရတော့သည်။

မျက်နှာကျက်အထိ ဆင့်ထားသော ထီးကလေးများ ထည့်ထားသည့် သေတ္တာများကို ကြည့်ရင်း၊ ယောင်ရန်သည် သူမ၏ ချစ်သူ၏ တည်ငြိမ်နေသော မျက်နှာကို လှမ်းကြည့်လိုက်ရာ သူ၏ နားရွက်များမှာ နီမြန်းနေသည်ကို သတိပြုမိလိုက်လေတော့သည်။

All Chapters