← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၅ - ချည်ချောဝတ်ရုံ

တော်ဝင်မင်းသမီးကြီးသည် သမီးဖြစ်သူ၏ မျှော်လင့်ချက်ကြီးမားနေသော အမူအရာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ဆရာကြီးကုကတောင် မစိုးရိမ်ဘူးဆိုတော့လည်း မေမေက လူဆိုး အဖြစ်မခံတော့ပါဘူး... ဒါပေမဲ့ ဘာမဆို ဘေးကင်းလုံခြုံဖို့ကိုပဲ ပထမဆုံး အဓိကထားရမယ်နော်... မှတ်မိလား...”

အားလင်သည် ထိုနေရာ၌ပင် ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။ သူမသည် နောက်ဆုံးတွင် ကိုကိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသော ကိစ္စများကို လုပ်ဆောင်ခွင့် ရရှိပြီ ဖြစ်ပေသည်။

တော်ဝင်မင်းသမီးကြီးက သူမအား ထပ်မံမှာကြားလိုက်လေသည်။

“စံအိမ်က လူတွေနဲ့ စကားပြောရတာ လွယ်ကူပေမဲ့ သခင်မလေးတစ်ဦးရဲ့ စရိုက်ကို သုံးပြီး သူများတွေရဲ့ အလုပ်ကို သွားပြီး မနှောင့်နှေးစေနဲ့နော်... ကြားလား...”

အားလင်က ပြောလိုက်သည်။

“စိတ်ချပါ... သမီးက အဲဒီလောက် အလိုက်မသိတဲ့သူ မဟုတ်ပါဘူး... နျိုနျိုလေးက သမီးကို သူ့အိမ်မှာ မနက်စာစားဖို့ ဖိတ်ထားသေးတယ်... ဟင်းလျာအသစ်တွေ ချက်ထားတယ်ဆိုတော့ သမီးကို သေချာပေါက် မြည်းစမ်းခိုင်းချင်လို့တဲ့...”

တော်ဝင်မင်းသမီးကြီးသည် ထိုစကားကို ကြားရသောအခါ ကုမိသားစုအိမ်၌ စားသောက်ခဲ့ဖူးသော အစားအစာများကို ချက်ချင်း ပြန်လည်သတိရလိုက်ချေ၏။ စားတော်ကဲ၏ လက်ရာမှာ အလွန်အမင်း ထူးကဲခြင်းမရှိသော်လည်း ဟင်းလျာများမှာမူ တကယ်ပင် ဆန်းသစ်လှပေသည်။

သူမသည် နောက်ပိုင်းတွင် စံအိမ်တော်ရှိ စားတော်ကဲအား အလားတူဟင်းလျာများ ချက်ခိုင်းခဲ့သော်လည်း မည်သို့ပင် မြည်းစမ်းစေကာမူ ကုမိသားစုမှ စားတော်ကဲ၏ မူရင်းလက်ရာကဲ့သို့ ခံတွင်းမတွေ့ဟု ထင်မြင်မိလေသည်။

တော်ဝင်မင်းသမီးကြီးက ပြောလိုက်သည်။

“ပြန်လာရင် ကုမိသားစုက စားတော်ကဲက တို့စံအိမ်တော်ကို လာချင်ရဲ့လား... ဒါမှမဟုတ် တပည့်ခံချင်တာမျိုး ရှိလားဆိုတာကို... မေမေ့ကိုယ်စား သေသေချာချာ မေးခဲ့ဦးနော်...”

အားလင်က ပြန်ပြောလိုက်သည်။

“ဒါကတော့ မရလောက်ပါဘူး... ကုမိသားစုက စားတော်ကဲက ပြောရခက်တဲ့ အကြောင်းရင်း ရှိပုံရတယ်... အပြင်လူတွေကိုလည်း... လုံးဝမတွေ့ဘူးတဲ့...”

တော်ဝင်မင်းသမီးကြီးသည် နှမြောစရာကောင်းသည်ဟု ခံစားရသော်လည်း ထိုစားတော်ကဲကို မဖြစ်မနေ ခေါ်ယူရန် ရည်ရွယ်ချက် မရှိသဖြင့် မရနိုင်ကြောင်း ကြားလိုက်ရသည်နှင့် လက်လွှတ်လိုက်တော့၏။

ဤနည်းဖြင့် ကုမင်တာ့က တော်ဝင်မင်းသမီးကြီး သဘောတူသည်ဟု ထင်မြင်ပြီး တော်ဝင်မင်းသမီးကြီးက ကုမင်တာ့၏ အကြံပြုချက်ဟု ထင်မြင်ကာ ကိစ္စရပ်မှာ အောင်မြင်သွားတော့သည်။

၎င်းတို့နှစ်ဦးစလုံးမှာ အစမှအဆုံး ဤကိစ္စရပ်သည် အားလင်က နျိုနျိုလေးထံသို့ တိတ်တဆိတ် တောင်းဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း လုံးဝ မရိပ်မိကြချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဖွားကု အပြင်ထွက်အလုပ်လုပ်ရမည့် နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

အဖွားအိုသည် မိမိ၏ခန္ဓာကိုယ်ပေါ်မှ တာဝန်မှာ ဤမျှကြီးလေးသည်ဟု မည်သည့်အခါမျှ မခံစားဖူးသဖြင့် မထွက်ခွာမီ ညပိုင်းတွင် အိပ်ရာပေါ်၌ မုန့်ပြားကဲ့သို့ ဟိုဘက်ဒီဘက် မငြိမ်မသက် လူးလှိမ့်နေမိတော့၏။

အဖွားအိုမှာ အလွန်ပင် စိုးရိမ်ပူပန်နေရသဖြင့် အဖိုးကုသည် စောင်ကို ပွေ့ချီကာ ကုယန်၏ အခန်းထဲသို့ ဝင်ရောက်၍ တစ်ညလုံး ဖြစ်သလိုသာ အိပ်စက်ခဲ့ရရှာသည်။

အားလင်သည် အလွန်စောစောစီးစီးပင် ရောက်ရှိလာခဲ့လေသည်။

အရူးမလေးသည်လည်း နျိုနျိုလေး၏ ကိစ္စကို အလွန်အလေးထားလှပေသည်။ နျိုနျိုလေးက သူမ၏ သူငယ်ချင်း မနက်စာစားရန် လာမည်ဟု ပြောသည်ကို ကြားရသောအခါ သူမသည် မိမိ၏ စွမ်းရည်အားလုံးကို ချက်ချင်း ထုတ်သုံးလိုက်တော့၏။

ဤသို့ဖြင့် အားလင်သည် ကုမိသားစုအိမ်၌ ဆန်းသစ်ပြီး ခံတွင်းတွေ့လှသော မနက်စာကို မြည်းစမ်းခွင့် ရရှိသွားတော့သည်။

အပြင်ထွက်ခါနီးတွင် အားလင်က နျိုနျိုလေးကို ဆွဲကာ မေးလိုက်သည်။

“တို့တွေ အဝေးကြီး သွားရမှာလား... နေ့လယ်စာ မစားခင်... ပြန်လာလို့ ရမလား...”

အားလင်သည် ကုမိသားစုအိမ်၌ နေ့လယ်စာကိုပါ ထပ်မံစားသောက်လိုသော ဆန္ဒ ရှိနေဆဲ ဖြစ်ချေသည်။

နျိုနျိုလေးက ခေါင်းခါပြကာ ပြောလိုက်သည်။

“တို့သွားမယ့်နေရာက... ရှန်းယွဲ့အဆောင်နဲ့ နီးတယ်လေ... နေ့လယ်ကျရင် အဲဒီမှာ စားလို့ရတာပေါ့...”

အားလင်က ပြောလိုက်သည်။

“ရှန်းယွဲ့အဆောင် ဟုတ်လား... ဒီရက်ပိုင်း မြို့တော်မှာ သိပ်နာမည်ကြီးနေတာလေ... အမျိုးသမီး ဧည့်သည်တွေကိုပဲ သီးသန့်လက်ခံတဲ့ ခြံဝင်းရှိတယ်လို့ ကြားဖူးတယ်... အစ်မ အမြဲသွားကြည့်ချင်ပေမဲ့ အခွင့်အရေး မရခဲ့ဘူး... ဒီနေ့တော့ တိုက်ဆိုင်သွားတာပဲ... ဒါပေမဲ့ အဲဒီက သီးသန့်ခန်းရဖို့ သိပ်ခက်တယ်လို့ ကြားတယ်... ရက်ပေါင်းများစွာ ကြိုတင်မှာထားရတယ်ဆိုလား...”

နျိုနျိုလေးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ရှန်းယွဲ့အဆောင်ရဲ့ ဆိုင်ရှင်က... အဒေါ်လျူရဲ့ သတို့သားလောင်းလေ... နောက်ခါ အစ်မလင်က အခန်းလိုချင်ရင်... သမီးကို တိုက်ရိုက်ပြောလိုက်...”

အားလင်သည် တော်ဝင်မင်းသမီးကြီး စံအိမ်တော်၏ နာမည်ကို ထုတ်သုံးလိုက်ပါက ဤစားသောက်ဆိုင်များက သူမအား စော်ကားရဲမည်မဟုတ်ကြောင်း သိရှိသော်လည်း မိခင်၏ အရှိန်အဝါကို အသုံးပြုခြင်းနှင့် သူငယ်ချင်း၏ မျက်နှာကို ငဲ့ညှာခြင်းမှာမူ သိသာစွာ ကွဲပြားလှပေသည်။

အားလင်က ပြောလိုက်သည်။

“ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ... သေချာပေါက် သွားပြီး အားပေးရမှာပေါ့...”

အားလင်သည် ယနေ့အတွက် အထူးပြင်ဆင်ထားခဲ့ချေ၏။ သူမသည် မိမိကိုယ်ကိုယ် အလွန်ရိုးရှင်းသည်ဟု ထင်မြင်သော ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အပြင်မထွက်မီ ကျန်းယွင်နန်က သူမအား ဝတ်စုံလဲရန် အလိုက်သိစွာ ဖျောင်းဖျခဲ့လေသည်။

အားလင်သည် အသက်တစ်ဆယ့်လေးနှစ်သာ ရှိသေးသော်လည်း သူမ၏ ခန္ဓာကိုယ် အရွယ်အစားမှာ ကျန်းယွင်နန်နှင့် အတူတူမျှ ရှိပေသည်။ ကျန်းယွင်နန်သည် အားလင်အား မိမိ မဝတ်ရသေးသော ဝတ်စုံအသစ်များကို ပေးအပ်လိုက်ချေ၏။

ကျန်းယွင်နန်သည် အားလင် မပျော်မရွှင်ဖြစ်မည်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း အားလင်၏ တုံ့ဆိုင်းမှုမှာ သာမန်လူများနှင့် မတူညီဘဲ ကွဲပြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အားလင်က ပြောလိုက်သည်။

“ဒီအထည်ရဲ့ အရောင်က သိပ်မလှပေမဲ့... ကိုယ်ပေါ်မှာ ဝတ်လိုက်တော့... သိပ်ပြီး နူးညံ့တာပဲ...”

အားလင်က ဤမျှအမွှမ်းတင် ချီးမွမ်းနေသောအရာမှာ ပိုးထည်ဝတ်စုံများ မဟုတ်ဘဲ အလွန်သာမန်လှသော ချည်ချောဝတ်ရုံသာ ဖြစ်ပေသည်။

အားလင်သည် သာမန်လူတို့၏ ဆင်းရဲဒုက္ခကို လုံးဝမသိရှိသူ ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သူမသည် နျိုနျိုလေးကိုလည်း မေးလိုက်သည်။

“သာမန်လူတွေကော... ဒီလိုဝတ်စုံမျိုး... ဝတ်ကြတာလား...”

နျိုနျိုလေးသည် အသက်ငယ်သော်လည်း ဒုက္ခများစွာကို ဖြတ်သန်းခဲ့ဖူးရှာ၏။ သူမက ခေါင်းခါပြကာ ပြောလိုက်သည်။

“အရင်က အိမ်မှာ ခက်ခဲခဲ့တုန်းက... သမီးအတွက် ချည်ကြမ်းဝတ်စုံတောင်... ဝတ်ခွင့်မရခဲ့ဘူး... အခုတော့ မိသားစုမှာ ငွေမပြတ်တော့ဘူးဆိုတော့... ဒီလို ချည်ချောဝတ်စုံမျိုး... ဝတ်နိုင်တာပေါ့...”

အားလင်က မေးလိုက်သည်။

“ချည်ကြမ်းဝတ်စုံဆိုတာ... ဘယ်လိုပုံစံမျိုးလဲ...”

အဖွားကုသည် ချက်ချင်းပင် လက်ခါပြလိုက်ရာ အဒေါ်ချီ ရောက်ရှိလာခဲ့တော့၏။

အားလင်သည် အဒေါ်ချီ၏ ကိုယ်ပေါ်မှ ဝတ်စုံကို ကိုင်တွယ်ကြည့်လိုက်ရာ အလွန်ပင် မာကျောလှသဖြင့် သူမ၏လက်ကိုပင် ထိခိုက်မိလုနီးပါး ဖြစ်သွားရလေသည်။

အားလင်က ပြောလိုက်သည်။

“ဒီလောက် နေရထိုင်ရခက်တဲ့ ဝတ်စုံကို... ကိုယ်ပေါ်မှာ ဘယ်လိုဝတ်ထားတာလဲ... တကယ့်ကို နေရခက်တာပဲ...”

ဘေးနားရှိ လူများသည် သူမ၏ ရိုးအလှသော စကားကို ကြားရသောအခါ မရယ်ဘဲမနေနိုင် ဖြစ်သွားကြတော့သည်။

နျိုနျိုလေးက ပြောလိုက်သည်။

“သခင်မလေး... သာမန်လူတွေအတွက်တော့... ဖာထေးမထားတဲ့ ချည်ကြမ်းဝတ်စုံ ရှိတာတင်ကို... အရမ်းကိူ သိက္ခာရှိလှပါပြီ... ဒီထက်ပိုပြီး ဘယ်လိုလုပ် တောင်းဆိုရဲမှာလဲ...”

အားလင်က မေးလိုက်သည်။

“ညီမလေး စောစောကပြောတော့... ချည်ကြမ်းဝတ်စုံတောင် ဝတ်ခွင့်မရဘူးဆို... ဒါဆိုရင် ညီမလေးက ဘာဝတ်တာလဲ...”

နျိုနျိုလေးက သဘာဝကျကျပင် ပြောလိုက်သည်။

“အဝတ်စုတ်တွေနဲ့... ဖာထေးထားတဲ့ ဝတ်စုံတွေကို... ဝတ်ရတာပေါ့...”

အားလင်သည် ၎င်းမှာ မည်ကဲ့သို့သော ဘဝမျိုးဖြစ်ကြောင်း စိတ်ကူးပင် မယဉ်နိုင်သဖြင့် ထပ်မံမေးမြန်းလိုသော်လည်း ရှန်ချန်ဖုန်းက မိမိညီမကို ဘေးသို့ဆွဲကာ နျိုနျိုလေး၏ မူလနောက်ခံသမိုင်းကြောင်းကို လေသံတိုးတိုးဖြင့် ပြောပြလိုက်ချေ၏။

အားလင်သည် ယခုမှသာ နျိုနျိုလေးမှာ ကုမိသားစု၏ သမီးအရင်းမဟုတ်ဘဲ မွေးစားသမီးလေးမျှသာ ဖြစ်ကြောင်း သိရှိသွားရတော့၏။

သူမသည် နျိုနျိုလေးကို ပိုမိုကြင်နာသနားစရာကောင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိလေသည်။

နျိုနျိုလေးက အားလင်အား ပြုံးလျက် ပြောလိုက်သည်။

“အစ်မလင်... သမီးကို အဲဒီလိုမျက်နှာပေးနဲ့ မကြည့်ပါနဲ့... နျိုနျိုက သနားစရာကောင်းတဲ့ ကလေးမဟုတ်ပါဘူး... နျိုနျိုက မိသားစုတစ်ခုလုံးရဲ့ အချစ်ဆုံးကလေးလေးလေ...”

အားလင်သည် ထိုစကားကို ကြားရသောအခါ ခဏမျှ ဆွံ့အသွားရရှာ၏။

သူမ ယခင်က သတိပြုမိသော်လည်း သေသေချာချာ မတွေးတောမိခဲ့ဖူးသော အသေးစိတ်အချက်အလက်များမှာ ရင်ထဲ၌ ပြန်လည်ပေါ်ပေါက်လာခဲ့ချေသည်။

အဖွားကု၏ မျက်ဝန်းများသည် နျိုနျိုလေးအပေါ်သို့သာ အမြဲကျရောက်နေတတ်ပေသည်။ အားလင်သည် ယခင်က ဤအဖွားအိုသည် အခြားလူကြီးများကဲ့သို့ သားသမီး ဘက်လိုက်ခြင်း မရှိဟုသာ ထင်မြင်ခဲ့သော်လည်း ယခုအခါ နျိုနျိုလေး၏ စကားကို ကြားရသောအခါ ကုမိသားစုဝင်များက နျိုနျိုလေးအား သမီးရင်းကဲ့သို့ တကယ်ပင် အလိုလိုက်ချစ်ခင်ကြကြောင်း အသေအချာ ယုံကြည်သွားတော့၏။

ကုမင်တာ့သည်လည်း သားဖြစ်သူ၏ ပညာရေးကိုသာ ဂရုစိုက်သည်မဟုတ်ဘဲ သမီးဖြစ်သူ၏ လမ်းကြောင်း လွဲမှားသွားမည်ကို စိုးရိမ်သဖြင့် အလေးအနက် အကွက်ချစီစဉ်ပေးထားခြင်း ဖြစ်ပေသည်။

နျိုနျိုလေး၏ ဖြူစင်ရိုးအလှသော ပုံစံလေးကို ကြည့်ရင်း အားလင်သည် မိမိကြုံတွေ့နေရသော ပြဿနာဆိုးများကို မတွေးဘဲမနေနိုင် ဖြစ်သွားရုံမျှမက နျိုနျိုလေးသည် မိမိ၏ဘဝထက် ပိုမိုပျော်ရွှင်နေရပါလားဟု တွေးတောမိလေသည်။

အိမ်ခြံမြေပွဲစားလီသည် အဖွားကုနှင့် ဟုန်ယဲ့လမ်းကြား၌ ချိန်းဆိုထားခဲ့ချေ၏။ သူသည် အဖွားကုက မိမိ၏ မြေးငယ်များကို ခေါ်ဆောင်လာမည်ဟုသာ သိရှိထားခြင်း ဖြစ်ပေသည်။ ရှန်ချန်ဖုန်းနှင့် အားလင် မောင်နှမနှစ်ဦးကို တကယ်မြင်တွေ့လိုက်ရသောအခါ သူသည် အများကြီးမတွေးတော့ဘဲ စိတ်ထဲမှသာ ရင်သပ်ရှုမောလျက် ချီးမွမ်းမိလေသည်။

ဤမောင်နှမနှစ်ဦးသည် တကယ်ပင် ချောမောလှပလွန်းလှသည်၊ အသားအရေ နုနယ်လှပပုံမှာ သာမန်အသိုင်းအဝိုင်းက ကလေးများနှင့် လုံးဝမတူညီချေ။

အိမ်ခြံမြေပွဲစားလီက ပြောလိုက်သည်။

“အဖွား... တို့တွေ ဒီတစ်ခါ သွားကြည့်မယ့်အိမ်က ခြံဝင်းနှစ်ထပ် ခြံကျယ်ကြီးလေ... အခုတော့ ဝယ်မယ့်သူ ရှိနေပြီ... ဒါပေမဲ့ အဲဒီဝယ်မယ့်သူက သာမန်လူတွေနဲ့မတူဘဲ စကားပြောရ သိပ်ခက်တယ်... အဖွားကပဲ ကူပြီး ချော့မော့ပြောပေးပါဦးနော်...”

အဖွားကုသည် အများကြီးမတွေးတော့ဘဲ ဝတ်ကျေတန်းကျေပင် ခေါင်းညိတ်ပြလိုက်ချေ၏။

သူမ ထိုလူနှင့် တကယ်တွေ့ဆုံလိုက်ရသောအခါမှသာ မည်မျှအထိ ပြဿနာရှာတတ်ကြောင်း အဖွားကု သတိပြုမိသွားတော့၏။

သူမက ပြောလိုက်သည်။

“ကျွန်မရဲ့ ခင်ပွန်းက တိတ်ဆိတ်တာကို သဘောကျတယ်... ဘေးအိမ်မှာ ကလေးတွေ သိပ်များလွန်းတယ်... ပြီးတော့ အရှေ့က အပင်ကြီးကလည်း အလင်းရောင်ကို ကွယ်ထားတယ်... တကယ်လို့ ရှင်တို့က ဘေးအိမ်ကလူတွေကို ကလေးတွေ ထိန်းခိုင်းပေးနိုင်ရင်... ပြီးတော့ လမ်းထောင့်က အပင်ကြီးကိုပါ ခုတ်လဲပေးနိုင်ရင်တော့... ကျွန်မ ဒီအိမ်ကို ဝယ်မယ်...”

All Chapters