← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အပိုင်း (၄၈)

ရှောင်းလိက အရောင်တစ်ဆင့် ပိုရင့်သွားသော ဝိန်းယွီ၏ မျက်နှာအဆင်းနှင့် သူမ၏ မျက်နှာပေါ်မှ အနီစက်များကို ကြည့်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "မင်းရဲ့ မျက်နှာက..."

သူတို့ လိုက်လံဖမ်းဆီးခံရသော ထိုမိုးရွာသည့်ညက မီးရောင်အောက်တွင် သူမ၏ မျက်နှာပေါ်ရှိ အဖုအပိမ့်များက လုံးဝနီးပါး ပျောက်ကွယ်သွားသည်အထိ မှိန်ဖျော့နေခဲ့၏။ ယခုအခါတွင်တော့ အဆိုပါအမှတ်အသားများက တစ်ဖန် ပြန်လည် ဆိုးရွားလာသယောင်။

ဝိန်းယွီက ရှင်းပြလိုက်၏။ "မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ကျွန်မက အိုးမည်းနဲ့ ပန်းပွင့်အရည်ကို ရောပြီး လိမ်းထားလိုက်တာပါ"

ထိုအခါမှသာ ရှောင်းလိက စိတ်အေးသွားတော့သည်။ သူမက ဓာတ်မတည့်ခြင်းကို ထပ်ဖြစ်ပေါ်စေရန် ကြောင်မွှေးကို အသုံးမပြုခဲ့ခြင်းက ကောင်းမွန်လှ၏။ ၎င်းက ဝေဒနာခံစားရစေရုံသာမက သူမ၏ ပုံတူပန်းချီကားဖြင့် လိုက်လံရှာဖွေနေသော ပုန်ကန်သူများက လူများကို လွှတ်မပေးမီ တစ်ချက်သာ ကြည့်ရုံကြည့်ကြမည့်ဟန် မတူချေ။ သူတို့က မျက်နှာသွင်ပြင်နှင့် ကောက်ကြောင်းများကို ပုံတူပန်းချီကားနှင့် သေချာစွာ တိုက်ဆိုင်စစ်ဆေးလေ့ရှိကြသည်။

သူက ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးလိုက်ရင်တောင် ရှာဖွေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလေ။

ရှောင်းလိအတွက် အစားအသောက် အနည်းငယ်ကို ရိုးရှင်းစွာ နွေးပေးပြီးနောက် ဝိန်းယွီက ခြံဝင်းထဲသို့ ပြန်သွားကာ ကူညီလုပ်ကိုင်ပေးနေသည်။

အားနျိုဟု ခေါ်သော လူငယ်လေးက အနံ့ကြောင့် မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရှောင်းလိ၏ လက်ထဲက ပန်းကန်ကို ကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်၏။ အဘွားအိုက သူ့ကို ခေါ်လိုက်သောအခါမှသာ သူက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူကာ နောက်သို့ လှည့်ပြီး အလုပ် ဆက်လုပ်နေတော့သည်။

အစပိုင်းတွင် ဤလူငယ်လေးက ကလေးဆန်ရုံသာဟု ရှောင်းလိက ထင်မှတ်ထားခဲ့သည်။ သို့သော် ထိုလူငယ်က ဝိန်းယွီ၏ အနားတွင် ကပ်နေတတ်ကြောင်းကို သူ မကြာခင်မှာပင် သတိထားမိသွားခဲ့၏။

သူ၏ ကလေးဆန်သော သဘာဝကြောင့် ဖြစ်နိုင်ပြီး ဝိန်းယွီက သူနှင့် ခပ်တန်းတန်းမနေဘဲ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုနေလေသည်။

ထိုလူငယ်က ဝိန်းယွီ၏ခါးတွင် ချိတ်ဆွဲထားသော ငါးကြင်းရုပ် ဆွဲကြိုးလေးကို ကိုင်တွယ်ကစားရန် အခွင့်အရေးရတိုင်း ကြိုးစားလေ့ရှိသည်။ ဝိန်းယွီက အပြုံးလေးဖြင့် ခေါင်းခါပြကာ လူငယ်ကို တစ်စုံတစ်ရာ ပြောလိုက်သည်။ ထိုအခါ သူက မျက်နှာရဲတက်သွားပြီး ရိုးသားအပြစ်ကင်းစွာ ရယ်မောရင်း ခေါင်းကို ကုတ်နေတတ်၏။

ဤမြင်ကွင်းကို ကြည့်ရသည်မှာ ရှင်းပြမရနိုင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေသည်ကို ရှောင်းလိတစ်ယောက် တွေ့ရှိလိုက်သည်။

သူသည် အစားအသောက်ကို ကမန်းကတန်း စားသောက်ပြီးနောက် ကူညီပေးရန် အနားသို့ သွားလိုက်လေသည်။

အဘွားအိုက သူ့ကို မြင်သောအခါ အကြိမ်ကြိမ် ငြင်းဆန်ကာ ပြောလိုက်၏။ "လူငယ်လေး... မင်း ဒဏ်ရာရထားတုန်းလေ။ ပြန်ပြီး အနားယူပါဦး။ ငါတို့က မင်းကို ဒီအလုပ်တွေ ဘယ်လိုလုပ် ခိုင်းရက်မှာလဲ"

ရှောင်းလိက ဝိန်းယွီ၏ဘေးတွင် တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိ လတ်ဆတ်သော ဆေးဖက်ဝင် အပင်များကို ကောက်ယူကာ ပြောလိုက်၏။ "ကျွန်တော် လဲနေတာ ၂ရက် ရှိနေပြီ။ လဲနေရလွန်းလို့ ကျွန်တော့် အရိုးတွေတောင် ပြုတ်ထွက်တော့မလိုပဲ။ ကြွက်သားတွေနဲ့ အရိုးတွေကို အကြောလျှော့တဲ့အနေနဲ့ အလုပ်နည်းနည်း လုပ်တာက ကောင်းပါတယ်"

သူ့ကို ထွက်သွားရန် ဖျောင်းဖျလို့ မရတော့သဖြင့် အဘွားအိုက ဆေးဖက်ဝင် အပင်များကို မည်သို့ ပြုပြင်ရမည်ကို ရွှင်လန်းစွာဖြင့် သင်ကြားပေးလိုက်သည်။

ဤအချိန်အတောအတွင်း အားနျိုက ဝိန်းယွီ၏ ခါးတွင် ချိတ်ဆွဲထားသော သစ်သားငါးရုပ် ဆွဲကြိုးလေးကို ထိတွေ့ရန် နောက်ထပ် အခွင့်အရေး တစ်ခုကို ရှာတွေ့သွားခဲ့သည်။ သို့သော် ရုတ်တရက် သူ့လည်ကုပ်ပေါ်တွင် အေးစက်သွားသယောင် ခံစားလိုက်ရ၏။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မကြာသေးမီကမှ နိုးလာသော အမျိုးသားက သူ့ကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

အားနျိုက အလိုအလျောက်ပင် သူ့လက်ကို ရုပ်သိမ်းလိုက်လေသည်။ တစ်ခုခု အမှားလုပ်မိသဖြင့် မိသွားသော ကလေးတစ်ယောက်နှယ် ခေါင်းကို ငုံ့ထားကာ ဆေးဖက်ဝင် အပင်များကို ဆက်ပြီး သန့်စင်နေတော့သည်။

ညနေစောင်းလာချိန်တွင် အဘွားအိုက ညစာ ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ဝိန်းယွီကလည်း ကူညီပေးရန် လိုက်သွားခဲ့၏။ အားနျိုက ဒဏ်ရာရထားသော လူငယ်နှင့်အတူ နေရန် ရှင်းပြမရနိုင်လောက်အောင် ကြောက်ရွံ့နေပြီး သူလည်း မီးဖိုချောင်ထဲသို့ သွားလိုသည့်နှယ် သူ၏ ကြီးမားသော ခြေထောက်များကို ရွှေ့လိုက်သည်။

သို့သော် ထိုလူငယ်က ကြည်လင်တောက်ပသော အပြုံးဖြင့် သူ့ကို လှမ်းခေါ်လိုက်သည်။ "ဒီမှာ ငါ ဘယ်လို လုပ်ရမှန်း မသိတဲ့ တခြား ဆေးမြစ်တွေ ရှိသေးတယ်။ မင်း နေခဲ့ပြီး ငါ့ကို တစ်ခုနှစ်ခုလောက် သင်ပေးလို့ ရမလား"

အားနျိုက သူ့ကို အနည်းငယ် ကြောက်ရွံ့နေသော်လည်း ရိုးအသူဖြစ်သဖြင့် ဆေးမြစ်များ ပြုပြင်ခြင်းနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံခံရကြောင်း ကြားသောအခါ ပြသပေးရန်အတွက် အပင်တစ်ပင်ကို ချက်ချင်း ကောက်ယူလိုက်၏။ " ဒါကို ဒီလို လုပ်ရမယ်..."

ရှောင်းလိက နွေးထွေးသော အပြုံးဖြင့် စောင့်ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "မင်းက ဘာဖြစ်လို့ အဲ့ဒီ အစ်မရဲ့ ခါးမှာ ချိတ်ထားတဲ့ ပစ္စည်းကို အမြဲတမ်း ကိုင်တွယ်ကစားနေရတာလဲ"

အားနျို၏ မျက်နှာက ချက်ချင်းပင် နီရဲသွားတော့သည်။ သူက ဆေးမြစ်များ ပြုပြင်နေသည်ကို ရပ်တန့်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်၏။ "ကျွန်တော်... ကျွန်တော် အဘွားကို ကူညီဖို့ မီးဖိုချောင်ထဲ သွားတော့မယ်..."

သူက ထရပ်ရန် ကြိုးစားလိုက်သော်လည်း ပြုံးနေသော လူငယ်က သူ့ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။ အားနျိုက ထရပ်ရန် ရှိသမျှ အားဖြင့် ကြိုးစားလိုက်သော်လည်း အံ့ဩစရာကောင်းလောက်အောင် ထရပ်လို့ မရခဲ့ချေ။ အားနျိုက ထိုလူငယ်၏ ချောမောပြီး ပြတ်သားသော မျက်နှာကို ကြည့်လိုက်ပြီး ရုတ်တရက် ပိုလို့ပင် ကြောက်ရွံ့သွားခဲ့၏။ အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်နှယ် သူက သနားစဖွယ် မေးလိုက်သည်။ "မင်းက ဘာလို့ ငါ့ကို ဖိထားပြီး ထခွင့်မပေးတာလဲ"

ရှောင်းလိက တစ်ဖက်လူ၏ ပခုံးပေါ်မှ လက်ကို မရုပ်သိမ်းဘဲ ဖော်ရွေသော အမူအရာကို ထိန်းသိမ်းထားကာ ပြောလိုက်သည်။ "မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးလေ"

အားနျိုက ခေါင်းငုံ့ထားပြီး ဆက်ပြောရန် ငြင်းဆန်ကာ သနားစဖွယ် အငွေ့အသက်များကို သယ်ဆောင်လာသော ဘောလုံးတစ်လုံးနှယ် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို ကွေးထားလိုက်၏။

ရှောင်းလိက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ "မင်းလို အရွယ်ရောက်ပြီးသား ယောက်ျားကြီး တစ်ယောက်က... တကယ်ပဲ ငိုတော့မှာတော့ မဟုတ်ဘူး မဟုတ်လား"

အားနျိုက ရေရွတ်လိုက်၏။ "ငါ... ငါ မငိုပါဘူး!"

ညနေခင်း လေပြေက ရှောင်းလိ၏ နဖူးပေါ်ရှိ ဆံနွယ်များကို လှုပ်ခတ်သွားစေပြီး သူသည် ရှေ့ရှိ ကြီးမားသော လူငယ်ကို စိုက်ကြည့်လိုက်သည်။ "အဲ့ဒီ အစ်မက မိန်းမပျိုလေးလေ။ သူက မင်းကို ကလေးတစ်ယောက်လို ဆက်ဆံပြီး အရာရာတိုင်းမှာ အလိုလိုက်ထားတာ။ ဒါပေမယ့် မင်းက တကယ်တော့ ကလေးမှ မဟုတ်တာ။ မင်းက သူ့ကို ဘယ်လိုလုပ်ပြီး လက်ပါရဲတာလဲ။ တကယ်လို့ မင်းက နောင်ကျရင် တခြား မိန်းမပျိုလေးတွေအပေါ် ဒီလို ပြုမူမယ်ဆိုရင် သူတို့က အာဏာပိုင်တွေဆီ တိုင်ကြားလိမ့်မယ်။ ပြီးရင် မင်း ကြိမ်ဒဏ်ပေးခံရလိမ့်မယ်!"

အားနျိုက စိတ်လှုပ်ရှားလာပြီး ခေါင်းကို ငုံ့ထားရင်း သူ၏ လက်ထဲရှိ ဆေးမြစ်များကို ဆွဲဖြဲလိုက်၏။ "ငါ မလုပ်ပါဘူး..."

ရှောင်းလိက ပြောလိုက်သည်။ "ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပါ"

အားနျိုက နှာရည်ရှုံ့ကာ ဝန်ခံလိုက်၏။ "ငါ... ငါက သူ ဝတ်ထားတဲ့ သစ်သားငါးရုပ် ဆွဲကြိုးလေးကို လိုချင်ရုံတင်ပါ။ ဒါပေမယ့် အစ်မက အဲ့ဒါကို သူ့အတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက်က ပေးထားတာမို့လို့ ငါ့ကို ပေးလို့မရဘူးလို့ ပြောတယ်"

ရှောင်းလိတစ်ယောက် တောင့်တင်းသွားတော့သည်။

ထိုအချိန်မှာပင် သမားတော်ထောင်က ပေါက်တူးတွင် ချိတ်ဆွဲထားသော ဝါးခြင်းတောင်း တစ်လုံးနှင့်အတူ ဆေးခြံမှ ပြန်ရောက်လာသည်။ သူ၏ အသိဉာဏ်နည်းသော မြေးဖြစ်သူက ဆေးမြစ်များကို ဆွဲဖြဲနေသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဒေါသထွက်သွားပြီး ဆူပူလိုက်၏။ "ဖြုန်းတီးတဲ့ကောင်! အဲ့ဒီ ဆေးမြစ်တွေက မင်း ကစားဖို့ မဟုတ်ဘူး!"

ကြောက်လန့်သွားသော အားနျိုက ဆွဲဖြဲထားသော ဆေးမြစ်များကို ကျောနောက်တွင် ဝှက်ထားလိုက်ပြီး မျက်နှာသူငယ်လေးနှင့် ပြောလိုက်လေသည်။ "အားနျို... အားနျို မလုပ်ပါဘူး..."

အကြိမ်ကြိမ် နားလည်မှုလွဲခံရခြင်းကြောင့် ဖြစ်နိုင်သည်။ သူ့မျက်လုံးများက အနည်းငယ် နီရဲနေကာ သမားတော်ထောင်ထံမှ ဆူပူသော စကားတစ်ခွန်း ထပ်ထွက်လာပါက သူ ချက်ချင်း ငိုချတော့မည့်နှယ်။

ရှောင်းလိက အခြေအနေကို ငြိမ်သက်စေရန် ဖျန်ဖြေပေးလိုက်ပြီး မတ်တတ်ရပ်ကာ သမားတော်ထောင်ဘက်သို့ လက်နှစ်ဖက်ကို ယှက်လိုက်၏။ "ဒီတော့ အဘိုးက ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့သူပေါ့"

သမားတော်ထောင်က ရှောင်းလိ၏ မျက်နှာအဆင်းကို လေ့လာလိုက်ပြီး သူ့မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ "မင်းက ဒီလောက် မြန်မြန် အိပ်ရာထဲက ထနိုင်နေပြီလား။ ဒါက မင်းတို့ သိုင်းသမားတွေမှာ ခန္ဓာကိုယ်ကို သန်မာစေမယ့် ကိုယ်ပိုင် အတွင်းအား နည်းစနစ်တွေ ရှိနေလို့ ဖြစ်ရမယ်။ မင်းလို ဒဏ်ရာမျိုးနဲ့ သာမန်လူ တစ်ယောက်ဆိုရင် ဒီလောက် မြန်မြန် နာလန်ထနိုင်မှာ မဟုတ်ဘူး"

ရှောင်းလိက ဇဝေဇဝါ ဖြစ်သွားပုံရ၏။ "ခန္ဓာကိုယ်ကို သန်မာစေတာလား"

သမားတော်ထောင်က သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ငါ အစောပိုင်းက မင်းရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်တုန်းက မင်းက ခိုင်မာတဲ့ အတွင်းအား သိုင်းပညာရှိတဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမယ်ဆိုတာ သိနိုင်တယ်။ မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သာမန်လူတွေထက် အများကြီး သာလွန်တယ်။ မင်းကိုယ်တိုင် လေ့ကျင့်ထားတဲ့ ပညာရပ်တွေ အကြောင်းကို မင်းက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"

ထောင်ထဲတွင် ရူးသွပ်နေသော အဘိုးကြီးထံမှ သင်ယူခဲ့ရသည့် နှစ်များကို ရှောင်းလိက ပြန်လည်အမှတ်ရသွား၏။ "ကျွန်တော့်ကို သင်ပေးခဲ့တဲ့ အဘိုးကြီးက ရူးသွပ်တဲ့ ဝေဒနာ ခံစားနေရတာပါ။ ကျွန်တော် သူနဲ့အတူ နှစ်အနည်းငယ်လောက် လေ့ကျင့်ခဲ့ပေမယ့် တစ်ဝက်တစ်ပျက်ပဲ နားလည်ခဲ့ပြီး အတွင်းအား သိုင်းပညာအကြောင်းကို ဘာမှ မသိပါဘူး။ ကျွန်တော်က စွမ်းအင်တွေကို လည်ပတ်စေတဲ့ အခါတိုင်းမှာ အဲ့ဒီ အဘိုးကြီးက ဘယ်နေရာကို ဦးတည်ရမယ်၊ ဘယ်နေရာမှာ သိုလှောင်ရမယ်၊ ဘယ်နေရာမှာ ထုတ်လွှတ်ရမယ် ဆိုတာကို ညွှန်ပြပေးရုံတင်ပါပဲ"

"ညွှန်ပြပေးသည်" ဆိုသည်မှာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူ အမှားလုပ်မိတိုင်း ရူးသွပ်နေသော အဘိုးအို၏ သံကြိုးများက သူ၏ စွမ်းအင်များကို ဦးတည်ရမည့် နေရာသို့ တိကျစွာ ပြင်းပြင်းထန်ထန် ရိုက်ခတ်လေ့ရှိ၏။

သူ၏ အရိုးများ အစိပ်စိပ်အမွှာမွှာ ကျိုးကြေသွားသည့်နှယ် နာကျင်မှုမျိုးက တစ်ကြိမ် ဖြတ်သန်းပြီးနောက် ဘယ်တော့မှ ထပ်မံ မခံစားလိုတော့သော အရာတစ်ခု ဖြစ်သည်။

ထိုနာကျင်မှုကို အမှတ်ရနေသဖြင့် ထိုအချိန်မှစပြီး သူ၏ လှုပ်ရှားမှုများနှင့် စွမ်းအင် လည်ပတ်မှုများကို အမြဲတမ်း ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့သည်။

သမားတော်ထောင်က သူ့မုတ်ဆိတ်မွေးကို သပ်လိုက်၏။ "ဒါဆိုရင်တော့ ဟုတ်ပြီ။ သိုင်းပညာ လေ့ကျင့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကနေတစ်ဆင့် စွမ်းအင်တွေကို လည်ပတ်စေတာကို ခန္ဓာကိုယ်ကို သန်မာစေတယ်လို့ ခေါ်တာပဲ။ အဲ့ဒါက ကြမ်းတမ်းတဲ့ ခွန်အားကိုချည်းပဲ အားကိုးတာထက် အများကြီး ပိုထိရောက်တယ်"

ပေါက်တူးနှင့် ဆေးခြင်းတောင်းကို ချထားလိုက်ပြီး သူက လျှောက်သွားကာ ပြောလိုက်သည်။ "လာ... လာ... ဒီအဘိုးကြီး မင်းရဲ့ သွေးခုန်နှုန်းကို နောက်တစ်ကြိမ် ပြန်စမ်းကြည့်ရအောင်"

ရှောင်းလိက သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သမားတော်ထောင်က ရှောင်းလိ၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများကို ခဏတင်ထားပြီးနောက် သူ့ကို ထူးဆန်းသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ "မင်း နိုးလာပြီးနောက်ပိုင်း အားအင်တွေကို ပြင်းပြင်းထန်ထန် သုံးလိုက်သေးလား။ မင်းရဲ့ သွေးခုန်နှုန်းက ချီစွမ်းအင်နဲ့ သွေးတွေ ဖရိုဖရဲ ဖြစ်နေတာကို ပြသနေပြီး မင်းရဲ့ ဒဏ်ရာတွေကလည်း သွေးပြန်ထွက်နေသလိုပဲ"

လူငယ်ကို ထိန်းချုပ်ရန် အစောပိုင်းက ခွန်အား အနည်းငယ် သုံးခဲ့သည်ကို ရှောင်းလိက ပြန်လည်အမှတ်ရသွားပြီး ခပ်ဖွဖွ ချောင်းဆိုးလိုက်၏။ "အိပ်ရာက ထတုန်းက ဒဏ်ရာတွေကို ဆွဲဆန့်မိသွားလို့ ဖြစ်နိုင်ပါတယ်"

ဝိန်းယွီက မီးဖိုချောင်ထဲမှ ထွက်လာပြီး အားနျိုကို လှမ်းခေါ်ကာ ခြံဝင်းထဲသို့ စားပွဲတစ်လုံး ရွှေ့ပေးရန် ပြောလိုက်သည်။ သူမက အဖွဲ့ကို စကားပြောဆိုချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များ၌ ဖျော့တော့သော အပြုံးလေးတစ်ခု တွဲခိုနေသယောင်။ "ဆေးမြစ်တွေကို နောက်မှ ဆက်လုပ်ကြတာပေါ့။ ခဏနေ ညစာ ရတော့မယ်"

သူမ အထဲသို့ ဝင်သွားပြီးနောက် သမားတော်ထောင်က သက်ပြင်းချလိုက်သည်။ "မင်းမှာ သန်မာတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိပေမယ့် မင်းကိုယ်မင်း ဂရုစိုက်ဖို့တော့ လိုသေးတယ်။ မင်း သတိလစ်နေတဲ့ ၂ရက်အတွင်းမှာ မင်းရဲ့မိန်းမက တစ်ချက်လေးတောင် မပြုံးခဲ့ဘူး။ မင်းအတွက် မဟုတ်ရင်တောင် အနည်းဆုံးတော့ သူ့ကို စိတ်မပူစေနဲ့။ အားနျိုရဲ့ အဖေက လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီး တိုင်းတပါးမှာ သေဆုံးသွားခဲ့တာ။ သူ့အမေက အဲ့ဒီသတင်းကို ကြားတော့ ပြင်းပြင်းထန်ထန် ဖျားနာပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့တယ်။ အားနျိုကို ပြုစုပျိုးထောင်ဖို့ ငါတို့ အိုကြီးအိုမတွေကိုပဲ ချန်ထားရစ်ခဲ့တာလေ"

ဝိန်းယွီနှင့် သူ၏ ဆက်ဆံရေးက ဟန်ဆောင်မှု သက်သက်သာ ဖြစ်ကြောင်း ရှောင်းလိ သိထားသော်လည်း သူ သတိလစ်နေစဉ်အတွင်း သူမက စိတ်ဓာတ်ကျနေခဲ့ကြောင်း ကြားသိရခြင်းက သူ၏ နှလုံးသားကို တစ်ခုခုဖြင့် တင်းကျပ်စွာ ဆုပ်ညှစ်ထားခံရသည့်နှယ် ခံစားသွားရစေ၏။

သူက ရေငတ်ပြေစေရန် အဆိပ်ကို သောက်နေရသလို ခံစားလိုက်ရသည်။

ပိုနက်ရှိုင်းစွာ နစ်မြုပ်သွားခြင်းက မှားယွင်းကြောင်းကို အပြည့်အဝ သိမြင်နေသော်လည်း ထိုဖျော့တော့သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များက သားကောင်ကို ရစ်ပတ်နေသော ပင့်ကူမျှင်များနှယ် ဖြစ်လာခဲ့၏။

အမျှင်လေး တစ်မျှင်၏ ထိတွေ့မှုကို ခံလိုက်ရုံဖြင့် သူ့မှာ ရုန်းထွက် မရနိုင်တော့ဘဲ လက်နက်ချ အရှုံးပေးလိုက်ရကြောင်း ကိုယ့်ကိုယ်ကိုယ် တွေ့ရှိလိုက်ရသည်။

ညစာစားပြီးနောက် ထောင်မိသားစု၏ ကယ်တင်မှုနှင့် နေထိုင်ခွင့်ပေးမှုအတွက် သူတို့တွင် ပြန်လည်ပေးဆပ်ရန် နည်းလမ်း မရှိကြောင်းကို နားလည်ထားသဖြင့် ဝိန်းယွီက မီးဖိုချောင် ရှင်းလင်းရေး တာဝန်များကို ယူရန် ကြိုးစားခဲ့သော်လည်း ရှောင်းလိက ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ပေးလိုက်၏။

သူ အလုပ်ပြီးသွားသည့်နောက် အပြင်သို့ ထွက်လာသောအခါ ဆေးမြစ်များကို ပြုပြင်ပြီးသွားပြီဖြစ်ကာ စကောများဖြင့် နေလှန်းထားသော ပစ္စည်းများကိုလည်း အိမ်ထဲသို့ ယူဆောင်သွားကြပြီ ဖြစ်သည်။

အဘွားအိုက ခုံပုလေးပေါ်တွင် ထိုင်ကာ အဝတ်အစားများကို ဖာထေးနေပြီး ဝိန်းယွီက သမားတော်ထောင်ထံမှ ဆေးမြစ်များကို ပိုခွဲခြားသိမြင်ရန် သင်ယူနေ၏။ အားနျိုက တံခါးခုံပေါ်တွင် ထိုင်ကာ စိတ်အားထက်သန်နေသော ခွေးပေါက်လေး တစ်ကောင်နှယ် သူတို့ကို ကြည့်နေပြီး သူ၏ အကြည့်များက အဘွားအို၊ ဝိန်းယွီနှင့် သမားတော်ထောင်တို့ကြားတွင် ရွှေ့ပြောင်းနေသည်။

ရှောင်းလိက မီးဖိုချောင် တံခါးဝမှနေ၍ သူ့ကို လှမ်းခေါ်လိုက်သောအခါ အားနျိုက အလိုအလျောက်ပင် အထဲသို့ ပြေးဝင်ရန် ကြိုးစားလိုက်သည်။

သို့သော် ရှောင်းလိက မေးလိုက်၏။ "မင်းရော သစ်သားပန်းပု ဆွဲကြိုးလေး လိုချင်လို့လား"

အားနျိုက အထဲသို့ လှမ်းထားသော ခြေထောက်ကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။ သူက ရှောင်းလိကို တောင့်တမှုနှင့် ကြောက်ရွံ့မှု ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ရှောင်းလိက မီးဖိုချောင်ထဲတွင် တွေ့ခဲ့သော ပုဆိန်ငယ် တစ်လက်နှင့် သစ်သားတုံး တစ်တုံးကို ထုတ်ယူလိုက်သည်။ "မင်း ဘယ်လိုပုံစံ လိုချင်တာလဲ"

အားနျို၏ မည်းနက်ပြီး တောက်ပနေသော မျက်လုံးများက ရှောင်းလိ၏ လက်ထဲရှိ သစ်သားပေါ်တွင် စူးစိုက်နေပြီး သူ၏ အတွေးအားလုံးက သူ၏ မျက်နှာပေါ်တွင် ရှင်းလင်းစွာ ရေးသားထား၏။

ရှောင်းလိကို ထပ်မကြောက်တော့ဘဲ သူက ခွေးပေါက်လေး တစ်ကောင်လို ခြေဆွဲကာ လျှောက်လာခဲ့သည်။ "အားနျို... အားနျိုက ကျားကြီး တစ်ကောင် လိုချင်တယ်!"

ရှောင်းလိက သနားညှာတာမှု ကင်းမဲ့စွာဖြင့် ငြင်းဆန်လိုက်၏။ "အဲ့ဒါက မရဘူး။ ပိုလွယ်တဲ့ တစ်ခုခုကို ရွေးလိုက်"

အားနျိုက သူ၏ ခေါင်းကို ကုတ်ကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် လက်ဟန်ပြလိုက်သည်။ "ဒါဆိုရင် ခွေးလေး တစ်ကောင်!"

ရှောင်းလိ၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားသယောင်။ "ဒီမှာ စောင့်နေ"

သူက ဓားကို ကောက်ယူလိုက်ပြီး မှေးမှိန်နေသော ညနေဆည်းဆာ အလင်းရောင်ထဲတွင် ပြင်းထန်သော အာရုံစိုက်မှုဖြင့် သစ်သားကို စတင် ထွင်းထုနေတော့သည်။

နောက်တစ်နေ့တွင် ဝိန်းယွီက သမားတော်ထောင်နှင့် သူ၏ဇနီးကို နှုတ်ဆက်လိုက်ပြီး သူတို့၏ ခရီးစဉ်တွင် အသုံးဝင်နိုင်သော ဆေးဝါးများအတွက် သူတို့၏ နောက်ဆုံးကျန်ရှိနေသော အဖိုးတန် ပစ္စည်းများကို လဲလှယ်လိုက်သည်။

အဘွားထောင်က သူတို့ကို ရိက္ခာခြောက်များကို လက်ဆောင်အဖြစ်ပေးရန် ရည်ရွယ်ထားခဲ့သော်လည်း သက်ကြီးရွယ်အို ဇနီးမောင်နှံက အသက်ကြီးနေပြီ ဖြစ်ကာ အားနျိုကလည်း ရိုးအသူ ဖြစ်ကြောင်းကို ဝိန်းယွီက ကောင်းစွာ သိထား၏။ ဤမိသားစုက အသက်ရှင်ရပ်တည်ရန်ပင် ရုန်းကန်နေရပြီ ဖြစ်သည်။ ကယ်တင်မှုနှင့် နေထိုင်ခွင့်ပေးမှုအတွက် သူတို့၏ အကြွေးကိုပင် မပေးဆပ်ရသေးဘဲ နောက်ထပ်စေတနာကို မည်သို့များ လက်ခံနိုင်ပါမည်နည်း။

သူတို့ ထွက်ခွာတော့မည်ကို သိလိုက်ရသောအခါ အားနျို၏ မျက်လုံးများက ဝမ်းနည်းမှုကြောင့် နီရဲသွားခဲ့သည်။ သူက ရှောင်းလိ ထွင်းထုပေးထားသော ခွေးလေး သစ်သားပန်းပုကို ပြန်ပေးကာ အတင်းအကြပ် ပြောလိုက်၏။ "အားနျို ဒါကို မလိုချင်တော့ဘူး။ မင်းတို့... မသွားပါနဲ့!"

ခွဲခွာရခြင်းကြောင့် မိမိ၏ ဝမ်းနည်းမှုများကြားတွင် ဝိန်းယွီသည် ဖျတ်ခနဲ လက်သွားသည့် အံ့ဩစိတ်ကို ခံစားလိုက်ရသည်။ ရှောင်းလိက ကောင်လေးအတွက် ခွေးလေး တစ်ကောင် ထွင်းထုပေးခဲ့ကြောင်းကို သူမ မသိခဲ့ချေ။ အဲ့ဒါက ဘယ်အချိန်က ဖြစ်သွားတာလဲ။

ရှောင်းလိက သစ်သားခွေးရုပ်လေးကို အားနျို၏ လက်ထဲသို့ ပြန်လည် ထည့်ပေးလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်ကာ "အရူးလေး... ငါ့မှာ အရင်တုန်းက မင်းအရွယ်လောက် ညီလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူ ဘယ်တော့မှ မငိုဘူး။ အခုကစပြီး မျက်ရည် မြန်မြန်မကျနဲ့တော့။ မင်းရဲ့ အဘိုးနဲ့ အဘွားကို သေချာ ဂရုစိုက်ပါ"

သစ်သားပန်းပုလေးကို ဆုပ်ကိုင်ထားရင်း အားနျိုက သူ၏ အင်္ကျီလက်ဖြင့် မျက်လုံးများကို ကြမ်းတမ်းစွာ သုတ်လိုက်၏။ "အားနျို မငိုပါဘူး"

ရှောင်းလိက ပြောလိုက်သည်။ "တကယ်လို့ တစ်နေ့နေ့ အခွင့်အရေး ရခဲ့ရင် ငါ မင်းဆီကို ပြန်လာလည်ပါ့မယ်"

ထို့နောက် သူက သမားတော်ထောင်နှင့် သူ၏ ဇနီးဘက်သို့ လှည့်လိုက်၏။ "ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဆက်ပြီး လိုက်မပို့ပါနဲ့တော့"

နန်ချန်သို့ ထွက်ခွာသွားပြီးနောက် ပြည်မကြီးသို့ ပြန်လာနိုင်ရန် အချိန်မည်မျှ ကြာမည်ကို ဝိန်းယွီ မသိခဲ့ချေ။ ရှောင်းလိနှင့် မတူဘဲ သူမက သူတို့ထံသို့ နောက်တစ်ကြိမ် လာရောက်လည်ပတ်မည်ဟု ကတိမပေးရဲခဲ့ပေ။ သူမက သက်ကြီးရွယ်အို ဇနီးမောင်နှံကို ကြည့်ကာ ပြောလိုက်နိုင်ရုံသာ ရှိသည်။ "အဘိုးနဲ့အဘွားတို့ ကိုယ့်ဟာကို သေချာ ဂရုစိုက်ကြပါ"

အဘွားထောင်က သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်၏။ "မင်းတို့ နှစ်ယောက် လမ်းမှာ ဂရုစိုက်ကြနော်။ ဓားပြတွေနဲ့ ထပ်မတွေ့စေနဲ့..."

သမားတော်ထောင်က ဆူပူလိုက်သည်။ "ဒီ အဘွားကြီး... ဘာဖြစ်လို့ ဒီလို နိမိတ်မကောင်းတာတွေကို ပြောနေရတာလဲ"

"ဒီအဘိုးကြီး... ငါက ကလေးတွေကို သတိထားဖို့ ပြောနေရုံတင်ပါ..."

သက်ကြီးရွယ်အို ဇနီးမောင်နှံ ငြင်းခုံနေကြသည်ကို နားထောင်ရင်း ဝိန်းယွီ၏ ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသယောင် ခံစားလိုက်ရ၏။ ထောင်မိသားစုကို နောက်တစ်ကြိမ် နှုတ်ဆက်ပြီးနောက် သူမနှင့် ရှောင်းလိတို့သည် နန်ချန်သို့သွားမည့် သူတို့၏ ခရီးစဉ်ကို တစ်ဖန် ပြန်လည် စတင်ခဲ့ကြသည်။

နွေဦးအစောပိုင်း ပန်းပွင့်လေးများက တောင်တန်းများနှင့် လယ်ကွင်းများတွင် ပြန့်ကျဲလို့နေသည်။ သူတို့ လမ်းလျှောက်နေစဉ် ဝိန်းယွီက ရှောင်းလိကို မေးလိုက်သည်။ "ရှင် ဘာဖြစ်လို့ ကောင်လေးအတွက် အဲ့ဒီ သစ်သားပန်းပုကို ထွင်းထုပေးဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်ရတာလဲ"

ရှောင်းလိသည် ရှေ့တည့်တည့်ကိုသာ ကြည့်နေပြီး "သူက မင်းရဲ့ ငါးကြင်းရုပ် ဆွဲကြိုးလေးကို အမြဲတမ်း လိုချင်နေတာ မဟုတ်ဘူးလား"

သူက အားနျိုထံမှ ထိုအကြောင်းကို မည်သို့ ဖျောင်းဖျပြီး သိအောင် လုပ်ခဲ့ပါလိမ့်ဟု ဝိန်းယွီက တွေးတောမိသော်လည်း ထိုအကြောင်းအရာကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာဖြင့် သူတို့၏ ကံကြမ္မာက တကယ်ကို ဆိုးရွားလွန်းသည့်နှယ် ရှိနေ၏။ ကံဆိုးမှုများ ဖြစ်ပေါ်ပြီးနောက် ခိုလှုံရာ ရှာဖွေသည့် အခါတိုင်း သူတို့က ဓားပြများနှင့် ကြုံတွေ့ခဲ့ရသည်ဟု အကြောင်းပြလေ့ ရှိကြသည်။ သို့သော် ရက်အနည်းငယ် အကြာတွင် တောင်ကြောတစ်ခုကို ဖြတ်ကျော်စဉ် သူတို့က လမ်းဓားပြများနှင့် တကယ်ပင် ကြုံတွေ့ခဲ့ရတော့သည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းက တကယ့် ခြိမ်းခြောက်မှု မပေးနိုင်သော ပါမွှားလူဆိုး ၃ ယောက်သာ ဖြစ်လေသည်။

လျန်ပြည်ထောင် ပြိုကွဲသွားကတည်းက ဒေသခံ အာဏာပိုင်များနှင့် တောင်ပေါ် စစ်ဘုရင်များက သူတို့၏ အလံများကို လွှင့်ထူခဲ့ကြသဖြင့် သာမန် ပြည်သူများအတွက် အသက်ရှင်ရပ်တည်ရန် နည်းလမ်း မရှိတော့ချေ။ တချို့က စစ်တပ်ထဲသို့ ဝင်ရောက်ကြပြီး တချို့ကတော့ ဓားပြဘဝသို့ ကူးပြောင်းသွားကြသည်။

သည်၃ယောက်က မူလက ဒေသခံ တောင်ပေါ်ခေါင်းဆောင် တစ်ယောက်၏ လက်အောက်တွင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့ကြခြင်း ဖြစ်၏။ သို့သော် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ခေါင်းဆောင်တို့ အာဏာလုပွဲ ဖြစ်ပွားသောအခါ ခေါင်းဆောင်မှာ ရှုံးနိမ့်သွားခဲ့သည်။ အခြေအနေ ဆိုးရွားသွားသည်ကို မြင်သောအခါ သည်အဆင့်နိမ့် နောက်လိုက်များက ထွက်ပြေးခဲ့ကြပြီး သူတို့၏ ယခင် နာမည်ဆိုးကို အသုံးချကာ လမ်းဓားပြ လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။

ဒဏ်ရာရထားဆဲ ဖြစ်သော်လည်း ရှောင်းလိက သူတို့ကို လွယ်ကူစွာပင် နှိမ်နင်းလိုက်၏။

သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် ၃ ယောက်သားက သူတို့တွင် ရှိသော ငွေစအနည်းငယ်ကို အလုအယက်ပေးကြပြီး ဦးညွှတ်ကာ ငိုကြွေးကြ၏။ "သူရဲကောင်း... ကျွန်တော်တို့ နောက်ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး! ကျွန်တော်တို့က အသက်ရှင်ဖို့ ကြိုးစားနေရုံတင်ပါ! ကျွန်တော်တို့ ဘယ်သူ့ကိုမှ မသတ်ဖူးပါဘူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ!"

ရှောင်းလိက ငွေများကို ဝိန်းယွီထံသို့ ကမ်းပေးလိုက်ပြီး ဆုံးဖြတ်ချက်ကို သူမထံသို့ လွှဲအပ်လိုက်သည်။

သူတို့၏ ဇာတ်လမ်းကို ကြားပြီးနောက် ဝိန်းယွီ၏ စိတ်ထဲတွင် အတွေးများ စတင် လည်ပတ်လာခဲ့၏။ "ဖေစုန့်က မုန့်ကျိုးကို သိမ်းပိုက်ပြီးပြီ။ ရှန်းကျိုးကလည်း ဝိုင်းရံခံထားရတယ်။ ဝေ့မြစ်ရဲ့ တောင်ဘက် တစ်ခွင်လုံးက တကယ်တော့ သူ့လက်အောက်ကို ရောက်နေပြီ။ သူ့ရဲ့ စစ်တပ်တွေက ဒီရက်ပိုင်း အဓိက ပြည်နယ်တွေ ဝန်းကျင်မှာ လှုပ်ရှားနေကြတယ်။ သူ့ကိုယ်သူ အန်းရှန်းမင်းသားလို့ ခေါ်နေတဲ့ ရှင်းကျိုး အုပ်ချုပ်ရေးမှူးကလည်း ဖေစုန့်ကို ထိပ်တိုက် ရင်ဆိုင်ဖို့ သတ္တိရှိမယ်လို့ ရှင် ထင်လား"

မြေပြင်ပေါ်တွင် ဦးညွှတ်နေဆဲ ဖြစ်သော ဓားပြများက သူတို့၏ ခေါင်းများကို မမော့ရဲကြချေ။ တစ်ယောက်က ငိုရှိုက်ကာ ပြောလိုက်သည်။ "အန်းရှန်းမင်းသားက ဘယ်လို တွေးနေလဲဆိုတာကို ကျွန်တော်တို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါပေမယ့် ဖေစုန့်က တင်းကျိုးမှာ လုပ်ကြံခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားထားတယ်။ ရှင်းကျိုးက ဖေစုန့် သူ့စစ်တပ်တွေကို တပ်စွဲထားတဲ့ ဝေ့မြစ်ဒေသနဲ့ တော်တော်လေး ဝေးတယ်။ အန်းရှန်းမင်းသားက အဲ့ဒါကို လောင်းကြေးထပ်နေတာ ဖြစ်နိုင်ပါတယ်..."

ဖေစုန့် လုပ်ကြံခံလိုက်ရကြောင်းကို ကြားလိုက်ရသောအခါ ဝိန်းယွီ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

...

All Chapters