← Chapters

အခန်း ၄၆၉

Vol. 40 Ch. 469

အခန်း ၄၆၉

Vol. 40 Ch. 469

အပိုင်း (၄၆၉)

“သတ်...”

“သတ်...”

“သတ်...”

လေဆင်နှာမောင်း တစ်ခုကဲ့သို့ ကျင်းကျုံးယွဲ့သည် မြို့ရိုးပေါ်တွင် ဟိုဘက်ဒီဘက် အဆက်မပြတ် သတ်ဖြတ်နေသည်။

ထို့နောက် သူမ တွေ့ရှိလိုက်ရသည်မှာ ရန်သူ မရှိတော့ကြောင်း၊ အားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ကြောင်းပင်။

မဟုတ်သေးပေ။ ရန်သူတစ်ဦး ကျန်ရှိနေသေး၏။ ထိုသူမှာ တာ့ရှီးအင်ပါယာ၏ အဆင့်မြင့် စစ်သူကြီးတစ်ဦး ဖြစ်သည်။

ကျင်းကျုံးယွဲ့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အသိစိတ်ရှိရှိဖြင့် နောက်သို့ ဆုတ်ပေးလိုက်ကြပြီး ဤနောက်ဆုံးပစ်မှတ်ကိုမူ သူတို့ ဘုရင်မအတွက်သာ ချန်လှပ်ပေးခဲ့ကြ၏။

အကြောင်းမှာ သူမသည် သတ်ဖြတ်ခြင်း၏ အရသာကို အရှိန်ရကာ နှစ်သက် သဘောကျနေပြီဖြစ်ကြောင်း သူတို့ သိရှိနားလည်ထားကြသောကြောင့် ဖြစ်သည်။

တာ့ရှီး အင်ပါယာ၏ အဆင့်မြင့် စစ်သူကြီးက ကျင်းကျုံးယွဲ့ကို စိုက်ကြည့်နေပြီး တစ်ကိုယ်လုံးရှိ အင်အားတွေကို စုစည်းကာ စစ်ဓားကို အမြင့်သို့ မြှောက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။

“သတ်...”

သူသည် ကြမ်းတမ်းသော ကျားရိုင်းတစ်ကောင်ကဲ့သို့ ကျင်းကျုံးယွဲ့ ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူ၏ အငွေ့အသက်မှာ အလွန် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလေသည်။

ကျင်းကျုံးယွဲ့၏ လှပသော မျက်လုံးများ ကျုံ့သွားပြီး ခြေဖျားလေး အနည်းငယ် ထောက်လိုက်ကာ တစ်ကိုယ်လုံး လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားတော့၏။

“ဝုန်း...”

ဧရာမ အသံကြီး တစ်ခု ထွက်ပေါ်လာတော့၏။ ကျင်းကျုံးယွဲ့၏ လက်ထဲရှိ ငွေရောင်လှံရှည်ကြီးသည် ရန်သူ စစ်သူကြီး၏ စစ်ဓားနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

သူမ၏ လှံထိပ်ကို ယွင်ကျုံးဟဲ့ ကိုယ်တိုင် သွန်းလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အလွိုင်းသံမဏိဖြင့် ပြုလုပ်ထားကာ အလွန် ထက်မြက်ပြီး ခိုင်ခံ့လေသည်။ တစ်ခဏအတွင်းမှာပင် ရန်သူ စစ်သူကြီး၏ စစ်ဓားသည် အပိုင်းပိုင်း ကျိုးပဲ့သွားတော့၏။

“ဖူး...”

နောက်တစ်စက္ကန့်တွင် ရန်သူ စစ်သူကြီးသည် လှံထိပ်ဖြင့် ထိုးဖောက်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

ဤသည်မှာ ယမ်းများကြောင့် ပေါက်ကွဲထွက်သွားခြင်း မဟုတ်ဘဲ ကျင်းကျုံးယွဲ့၏ အင်အားကြောင့် အရှင်လတ်လတ် ဆုတ်ဖြဲခံလိုက်ရခြင်းပင် ဖြစ်၏။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ဤတာ့ရှီးအင်ပါယာ၏ အဆင့်မြင့် စစ်သူကြီးသည် တိုက်ရိုက် သတ်ဖြတ် ခံလိုက်ရပြီး ပေါက်ကွဲထွက်သွားတော့သည်။

“တိုက်ပွဲ ပြီးဆုံးသွားပြီ။”

“ဝူး... ဝူး... ဝူး...”

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

တာ့ရှီး အင်ပါယာဘက်မှ ဆုတ်ခွာရန် အချက်ပြ ဦးချိုမှုတ်သံများ ထွက်ပေါ်လာတော့၏။ သို့ပေမည့် ဆုတ်ခွာနိုင်မည့်သူ မရှိတော့ချေ။

အနောက်ဘက် တောင်ပေါ်ရှိ ထိပ်တန်း သိုင်းပညာရှင် ရာချီနှင့် အစွမ်းထက်ဆုံး လေးသည်တော် အချို့သာ ကျောက်တောင်ထိပ်များမှတစ်ဆင့် ထွက်ပြေး ဆုတ်ခွာနိုင်ကြတော့သည်။

ထို့အပြင် အိမ်ရှေ့စံ မင်းသား လီကျိုး၏ အနီးတွင် အမြဲတမ်း လိုက်ပါစောင့်ကြပ်နေသော အကောင်းဆုံး တပ်ဖွဲ့ အနည်းငယ်သာ ဆုတ်ခွာနိုင်ကြတော့၏။

ကျန်ရှိနေသော တာ့ရှီး အင်ပါယာ၏ တပ်တော် အားလုံး လုံးဝ သေဆုံးသွားကြပြီ ဖြစ်၏။ အများစုမှာ မီးပင်လယ် အတွင်း၌ သေဆုံးသွားကြပြီး အချို့မှာ မြို့ရိုး အောက်တွင် သေဆုံးသွားကြကာ အနည်းငယ်မှာ မြို့ရိုးပေါ်တွင် သေဆုံးသွားကြခြင်း ဖြစ်သည်။

ဤသည်မှာ ယွင်ကျုံးဟဲ့ မြင်တွေ့ဖူးသမျှ တစ်ဖက်သတ် အဖြစ်ဆုံးနှင့် အရက်စက်ဆုံးသော တိုက်ပွဲ ဖြစ်၏။

ဆယ့်ငါးမိုင်ခန့် ရှည်လျားသော မြို့ရိုးကြီးသည် သွေးများဖြင့် လုံးဝ ရဲရဲနီနေပြီး အလောင်းများ တောင်ကြီး တစ်တောင်လို စုပုံနေကာ ရေတွက်၍ပင် မရနိုင်တော့ချေ။

ယွင်ကျုံးဟဲ့ သတ်မှတ်ထားသော သေမင်းတမန် နယ်မြေဟုခေါ်သည့် ဧရိယာ၊ စတုရန်းကီလိုမီတာ ဆယ်ချီခန့် ကျယ်ဝန်းသော ဧရိယာမှာမူ ယခုအခါ လုံးဝကပ်ဘေးကြီး တစ်ခု အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

နာရီဝက်ခန့် အချိန်အတွင်းမှာပဲ ရေနံတွင်း ဆယ်တွင်းမှ ရေနံ တန်ပေါင်း ထောင်ချီခန့် ပန်းထုတ်လိုက်ပြီး ဤစတုရန်း ကီလိုမီတာ ဆယ်ချီခန့် ကျယ်ဝန်းသော မြေပြင်ပေါ်တွင် ထူထဲသော ရေနံလွှာကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။

ကမ္ဘာမြေ တစ်ခုလုံး မီးလောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်နေသည်။

“အဟွတ်... အဟွတ်... အဟွတ်...”

တစ်ခါတစ်ရံ လေက ဤဘက်သို့ တိုက်ခတ်လာချိန်မှာတော့ မရေမတွက်နိုင်သော လူများ ချောင်းဆိုး ကြတော့၏။

အဘယ်ကြောင့်ဆိုသော် ဤရေနံစိမ်းများ မီးလောင်ကျွမ်းပြီးနောက် ထွက်ပေါ်လာသော အခိုးအငွေ့များတွင် အဆိပ်များ ပါဝင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ် စသည်တို့ ပါဝင်သောကြောင့် ဖြစ်သည်။

တာ့ရှီး အင်ပါယာ၏ ဆယ်မီတာကျော် မြင့်မားသော ကွပ်ကဲရေး စင်မြင့်ကြီးမှာ လုံးဝ ပြာကျသွားပြီ ဖြစ်သည်။

တာ့ရှီး အင်ပါယာ၏ အိမ်ရှေ့စံမင်းသား လီကျိုးသည် လူထောင်ချီခန့်ကိုသာ ခေါ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ပြီး မိုင်ဆယ်ချီခန့် အကွာအဝေးသို့ ရောက်ရှိသွားချိန်မှာတော့ သူသည် နောက်သို့ အလိုအလျောက် လှည့်ကြည့် လိုက်ရာ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို မြင်တွေ့လိုက်ရ၏။

“အဟွတ်... အဟွတ်... အဟွတ်... အဟွတ်... အဟွတ်...”

လီကျိုး သည် ပြင်းထန်စွာ ချောင်းဆိုးနေ၏။ အဘယ်ကြောင့်ဆိုသော် စောစောက သူသည်လည်း အဆိပ်ငွေ့များကို အများအပြား ရှူရှိုက်မိခဲ့သောကြောင့် ဖြစ်သည်။

ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် သွေးများက သူ၏ နှာခေါင်းနှင့် ပါးစပ်မှ တိုက်ရိုက် ပန်းထွက်လာတော့သည်။ အကြောင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ယမ်းများ ပေါက်ကွဲမှုကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာ ရရှိထားသည်မှ မသက်သာသေးသောကြောင့်ပင်။

စစ်သည် သုံးသိန်းအနက် ဤလူထောင်ချီခန့်သာ ကျန်ရှိတော့သောကြောင့် အမှန်တကယ်ပင် တပ်တော် တစ်ခုလုံး ပျက်စီးသွားပြီဟု ဆိုနိုင်သည်။

“အရမ်း အစွမ်းထက်တယ်... အရမ်း အစွမ်းထက်တယ်။ ကောင်းကင်ဘုံကို လှုပ်ခတ်စေလောက်တယ်...”

လီကျိုးသည် တစ်ဖက်မှ ချောင်းဆိုးရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီးနောက် သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ပြန်၏။

“ပြန်မယ်... ပြန်မယ်။”

အိမ်ရှေ့စံမင်းသား လီကျိုးက တစ်ဖက်မှ သွေးအန်ရင်း ပြောလိုက်သည်။ “ဒီတစ်ခါ မြို့တော်ကို ပြန်ရောက်ရင် ငါ သေချာပေါက်ကံဆိုးတော့မှာပဲ။ အဲဒီ ရက်စက်တဲ့ မိန်းမက သေချာပေါက် ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ကျုပ်တို့ တာ့ရှီး အင်ပါယာမှာ အမျိုးသမီး ဧကရာဇ် တစ်ပါး လုံးဝ မပေါ်လာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ။ ဟား... ဟား...ဟား... ဟား...”

တိုက်ပွဲ လုံးဝ ပြီးဆုံးသွားပြီဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့များ အားလုံးလည်း မြို့ရိုးပေါ်မှ ဆင်းလာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မီးခိုးငွေ့များ အလွန် ထူထပ်လွန်းပြီး မိုင်အတော်များများ ကွာဝေးသော နေရာများသို့ပင် ရောက်ရှိလာသောကြောင့်ပင်။

အမှန်တကယ် ဆက်လက် မခံနိုင်တော့ဘဲ လူတိုင်း ရေစိုအဝတ်များဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားကြရသည်။

ယခုအချိန်တွင် ရေနံတွင်း ဆယ်တွင်းသည် ဆက်လက်၍ ရူးသွပ်မတတ် ပန်းထွက်နေဆဲဖြစ်ပြီး မီးနဂါးများလည်း ကောင်းကင်ယံသို့ ထိုးတက်နေဆဲ ဖြစ်၏။

စက္ကန့်တိုင်း၊ မိနစ်တိုင်းတွင် မရေမတွက်နိုင်သော ရေနံများ မြေပြင်ပေါ်သို့ ပြန်လည် ပန်းထွက်လာနေသည်။

ကံကောင်းစွာဖြင့် ရိုလန်မြို့၏ မြေမျက်နှာသွင်ပြင်မှာ အနည်းငယ် မြင့်မားနေသောကြောင့်သာ ဤရေနံများသည် မြို့ဘက်သို့ စီးဆင်းမလာခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရိုလန်မြို့ တစ်ခုလုံး မီးလောင်ကျွမ်းသွားမည်မှာ သေချာ၏။

ထို့အပြင် အပြင်ဘက်ရှိ ချောက်ကမ်းပါးမှာလည်း မိုင်ရာချီ ရှည်လျားသောကြောင့် ရေနံများ အားလုံး ဤချောက်ကမ်းပါး အတွင်းသို့ စီးဝင်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် မီးပင်လယ်ကြီးမှာ ဆက်လက် ပျံ့နှံ့နေပြီး မိုင်ဆယ်ချီမျှ မကတော့ဘဲ မိုင်ရာချီအထိ ရောက်ရှိသွားပြီ ဖြစ်၏။

အမြင်အာရုံ အတွင်းရှိ နေရာအားလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ပြည့်နှက်နေသည်။

“ဒီမီးကြီးက ဘယ်အချိန်မှ ပြီးဆုံးမှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဘယ်အချိန် မိုးရွာမလဲ ဆိုတာအပေါ် မူတည်တယ်။ ပြီးတော့ သည်းထန်တဲ့ မိုးကြီး ရွာမှသာ ဒီမီးကြီး ငြိမ်းသွားမှာ။”

“ဒီရေနံ ပန်းထွက်တာကရော ဘယ်အချိန်မှ ပြီးဆုံးမှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “နောက်ထပ် ဆယ်နာရီကျော်လောက် ကြာအုံးမယ် ထင်တယ်။ မြေအောက်က ဖိအားတွေ အားလုံး လွတ်ထွက်သွားမှ ပန်းထွက်တာ ရပ်တန့်သွားမှာ။”

ဤသို့ဖြင့် ရေနံ မီးနဂါးကြီးများသည် ဆက်လက်၍ ပန်းထွက်နေဆဲ ဖြစ်သည်။ သို့ပေမည့် ပန်းထွက်သည့် အားမှာ တဖြည်းဖြည်း လျော့နည်းလာတော့၏။

ဆယ်နာရီကျော်ကြာမြင့်ပြီးနောက်တွင်မှ ပန်းထွက်ခြင်း လုံးဝ ရပ်တန့်သွားသော်လည်း ရေနံ တန်ချိန် သိန်းချီ ပန်းထွက်သွားခဲ့ပြီ ဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးမှာလည်း ဆယ်နာရီကျော်ကြာမြင့်သည်အထိ လောင်ကျွမ်း နေခဲ့ပြီး တစ်ချက်လေးမှ ရပ်တန့်ခြင်း မရှိခဲ့ချေ။

လေက အနောက်ဘက်သို့ တိုက်ခတ်နေသော်လည်း ဤမီးခိုးငွေ့များကို လုံးဝ ခံနိုင်ရည် မရှိတော့သောကြောင့် ကျင်းကျုံးယွဲ့ နှင့် မင်းသမီး ဝူရွှမ်း တို့သည် လူများကို ခေါ်ဆောင်ကာ ရိုလန်မြို့မှ နောက်ဆုတ်ခဲ့ရပြီး အနောက်ဘက် တောင်ပေါ်မှနေ၍ အလွန် ခက်ခဲပင်ပန်းစွာ ဆုတ်ခွာခဲ့ရသည်။

ထို့နောက် ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့၊ မင်းသမီး ဝူရွှမ်း တို့သည် အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရ၏။

ထိုအရာမှာ မီးလေဆင်နှာမောင်းကြီးပင် ဖြစ်၏။ မိုင်ရာချီကျယ်ဝန်းသော မီးတောက်ကြီးများကြောင့် ပြင်းထန်သော လေစီးကြောင်းများ ဖြစ်ပေါ်လာပြီး လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာတော့သည်။

မီးတောက်များသည် လေထဲတွင် လည်ပတ်နေပြီး အစစ်အမှန် နဂါးကြီး တစ်ကောင်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားတွင် သောင်းကျန်းနေတော့၏။

ကံကောင်းစွာဖြင့် ဤမီးလေဆင်နှာမောင်းကြီးသည် ရိုလန်မြို့ အတွင်းသို့ မဝင်ရောက်လာခဲ့ချေ။ ထိုသို့ မဟုတ်ပါက အရာအားလုံးကို ပြာကျသွားစေမည်မှာ သေချာသည်။

မီးတောက်ကြီးသည် နှစ်ဆယ့်ခြောက်နာရီတိတိ လောင်ကျွမ်းနေခဲ့သည်။ မိုင်ရာချီ ရှည်လျားသော ချောက်ကမ်းပါးနှင့် မိုင်ရာချီကျယ်ဝန်းသော မြေပြင် တစ်ခုလုံး မီးလောင်ကျွမ်းနေခဲ့၏။

ကြည့်ရသည်မှာ ကမ္ဘာကြီး တစ်ခုလုံး မီးပင်လယ် အတွင်း၌ နစ်မြုပ်သွားသကဲ့သို့ဖြစ်ပြီး ရေနံများ စီးဆင်း သွားသည့် နေရာတိုင်းတွင် မီးများ လောင်ကျွမ်းနေသည်။

နှစ်ဆယ့်ခြောက်နာရီ အကြာတွင် ကောင်းကင်ပေါ်ရှိ တိမ်မည်းများ ပို၍ ပို၍ စုစည်းလာတော့၏။

“ဝုန်း... ဝုန်း... ဝုန်း...”

လျှပ်စီးလက်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။ နောက်ဆုံးတွင် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

“ဖျောက်... ဖျောက်...”

မိုးရေများ ရူးသွပ်မတတ် ရွာကျလာတော့၏။ သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား ဤကြောက်မက်ဖွယ် ကောင်းသော မီးတောက်ကြီးကို မငြှိမ်းသတ်နိုင်သေးချေ။

မိုးသည် တစ်ရက်တိတိ ရူးသွပ်မတတ် ရွာသွန်းခဲ့ပြီး နောက်မှသာ မည်မျှပင် ကြီးမားသော မီးတောက် ဖြစ်စေကာမူ ငြိမ်းသတ်သွားခဲ့ရသည်။ ထို့အပြင် ရေနံများ အားလုံးလည်း လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုသည် မီးတောက်များကို ငြှိမ်းသတ်နိုင်ခဲ့ရုံသာမက မြေပြင်ပေါ်ရှိ ညစ်ညမ်းမှုများကိုလည်း အားလုံး ဆေးကြောပေးခဲ့၏။

ရိုလန်မြို့ အရှေ့ဘက်ရှိ မြေပြင်ပေါ်မှ ချောက်ကမ်းပါးမှာ လုံးဝ ပျောက်ကွယ်သွားပြီး အစစ်အမှန် ညီညာ ပြန့်ပြူးသော မြေပြင်ကြီး အဖြစ်သို့ ရောက်ရှိသွားတော့သည်။

မြို့ရိုးပေါ်နှင့် အောက်မှလွဲ၍ ကျန်ရှိနေသော ရန်သူ သိန်းချီ၏ အလောင်းများ အားလုံးလည်း ပျောက်ကွယ် သွားပြီး အရိုးများပင် ပြာကျသွားခဲ့ပြီ ဖြစ်၏။

မြေပြင်သည် အရင်ဆုံး မီးလောင်ကျွမ်းမှုကြောင့် အရည်ပျော်သွားပြီးနောက် ပြန်လည် အေးခဲသွားကာ မြေပြင်ပေါ်တွင် ဖန်သားပြင် တစ်ခု ခင်းကျင်းထားသကဲ့သို့ ဖြစ်သွားသည်။

ဤသည်မှာ ဘိလပ်မြေလမ်းထက်ပင် ပိုမို မာကျောမည်ဖြစ်ပြီး မိုင်ရာချီကျယ်ဝန်းသော ဧရိယာ တစ်ခုလုံးသည် ဤကဲ့သို့သော ထူးခြားသည့် မြေပြင်မျိုး ဖြစ်သွားကာ မာကျောညီညာပြီး ထူးဆန်းသော အရောင်အသွေးများ ပါဝင်နေ၏။

ရေနံတွင်း ဆယ်တွင်းသည်လည်း အလွန် မာကျောစွာဖြင့် ပိတ်ဆို့ခံလိုက်ရပြီး နောက်တစ်ကြိမ် ပြန်လည် တူးဖော်ရန်မှာ အလွန် ခက်ခဲသွားမည်မှာ သေချာသည်။

ကျင်းကျုံးယွဲ့ နှင့် မင်းသမီး ဝူရွှမ်း တို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ဤမြေပြင်ကြီးမှာ အလွန် လှပလွန်းပြီး အလွန် အံ့ဩစရာကောင်းလွန်းလှ၏။

ဤကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးသည် ရိုလန်မြို့ကို မဖျက်ဆီးခဲ့ရုံသာမက ပိုမို အဆင့်မြင့် သွားစေခဲ့သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဘုရင်မ နှစ်ပါး... ဒီနေ့ကစပြီး ခင်ဗျားတို့မှာ အံ့ဩစရာကောင်းတဲ့ မြို့တော်ကြီး တစ်ခု ထပ်တိုးလာပြီ။”

ထို့နောက် ယွင်ကျုံးဟဲ့၏ ခြေထောက်နှစ်ဖက် အားနည်းသွားပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားတော့သည်။

ရက်အတော်ကြာအောင် လုံးဝ မအိပ်ရသေးဘဲ ယခုမှသာ အားလုံး ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံးတွင် ကောင်းကောင်း အိပ်စက်နိုင်ပြီ ဖြစ်၏။

“အိပ်တော့မယ်... အိပ်တော့မယ်... အိပ်တော့မယ်...” ယွင်ကျုံးဟဲ့သည် သုံးကြိမ်တိုင်တိုင် ပြောဆိုပြီးနောက် သူ၏ အခန်းဘက်သို့ လျှောက်သွားတော့သည်။

ကျင်းကျုံးယွဲ့ကို ကျောခိုင်းထားစဉ် မင်းသမီး ဝူရွှမ်းကို စူးစိုက်ကာ တစ်ချက်ကြည့်လိုက်သေး၏။

‘ဒီလောင်းကြေးမှာ ကျုပ် နိုင်သွားပြီ။ ကတိခံဝန်ချက်ကိုလည်း ခင်ဗျား လက်မှတ်ထိုးထားပြီးပြီ။ အခု ခင်ဗျား ကတိတည်ရမယ့် အချိန် ရောက်ပြီလေ။ မင်းသမီး ဝူရွှမ်း... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်လိုက်တော့။’

ညပိုင်း ယွင်ကျုံးဟဲ့၏ အခန်းတွင်း၌ သူသည် ရေချိုးသန့်စင်ပြီးနောက် နာရီအတော်ကြာအောင် ကောင်းကောင်း အိပ်စက်ခဲ့ပြီးဖြစ်၏။ ယခုအခါ သူ လုံးဝ အိပ်ရေးဝနေပြီဖြစ်သောကြောင့် မင်းသမီး ဝူရွှမ်းကို စောင့်မျှော် နေတော့သည်။

‘မင်းသမီး ဝူရွှမ်း... ခင်ဗျားက ရည်မှန်းချက်တွေအတွက် အရာအားလုံးကို ပေးဆပ်ဖို့၊ အရာအားလုံးကို စတေးဖို့ ဆန္ဒရှိတဲ့ မိန်းမ တစ်ယောက်လို့ နာမည်ကြီးတယ်လေ။ အခုကတိဖျက်မှာတော့ မဟုတ်ဘူးမလား။’

“ဝှစ်...”

ရနံ့သင်းသင်းလေး တစ်ခု လွင့်ပျံလာပြီး တံခါးပွင့်သွားသည်ကိုပင် မမြင်လိုက်ရဘဲ လူရိပ်တစ်ခု ယွင်ကျုံးဟဲ့၏ အရှေ့တွင် ရုတ်တရက် ပေါ်လာတော့၏။

အထီးကျန်ဆန်ပြီး မောက်မာသော၊ ပြိုင်ဘက်ကင်း အလှတရား ရှိသော၊ လောကကို လှုပ်ခတ်စေနိုင်လောက်အောင် လှပသော မင်းသမီး ဝူရွှမ်းပင် ဖြစ်သည်။

သူမသည် အလွန် ပါးလွှာသော ပိုးသား အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမှန်တကယ်ပင် အလွန် လှပလွန်းကာ ဆွဲဆောင်မှု အပြည့် ရှိလို့နေသည်။ သူမသည် အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အခန်းတံခါး ပိတ်သွားတော့၏။

“လောင်းကြေး ရှုံးရင် ပေးရမှာပေါ့။”

မင်းသမီး ဝူရွှမ်းသည် ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ရှင်... လှဲနေ... သေချာ လှဲနေ။”

..................

All Chapters