← Chapters

အခန်း ၄၇၀

Vol. 40 Ch. 470

အခန်း ၄၇၀

Vol. 40 Ch. 470

အပိုင်း (၄၇၀)

“အိပ်လိုက်၊ သေချာ အိပ်လိုက်။” မင်းသမီး ဝူရွှမ်း၏ လေသံမှာ အလွန် အာဏာပြလွန်းလှပြီး ဘုရင်မ တစ်ပါး၏ ဟန်ပန်အပြည့် ပါဝင်နေ၏။

အရေးအကြီးဆုံးမှာ သူမ ယခု ဝတ်ဆင်ထားသည်မှာ ညအိပ်ဝတ်စုံ ဖြစ်နေခြင်းပင်။ သူမ၏ ကိုယ်လုံး ကိုယ်ပေါက်မှာ ကျင်းကျုံးယွဲ့လောက် မဆွဲဆောင်နိုင်သော်လည်း အလွန် သွယ်လျပြီး လှပသည်။

သူမသည် ငယ်စဉ်တည်းက သိုင်းပညာ လေ့ကျင့်ခဲ့သူ ဖြစ်သောကြောင့် ခန္ဓာကိုယ်ကောက်ကြောင်း များမှာလည်း အလွန် လှပလေသည်။ ထို့အပြင် ယခုအခါ သူမသည် ယခင်ကလောက် အေးစက်မနေတော့ချေ။

သူမ၌ အေးစက်စက် ပုံစံမျိုး ရှိနေဆဲ ဖြစ်သော်လည်း ကိုယ်အပူချိန် အနည်းငယ် တက်လာသကဲ့သို့ ဖြစ်နေပြီး လှပသော မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေသည်။

မင်းသမီး ဝူရွှမ်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသလောက် အတွင်းစိတ်ထဲတွင် မတည်ငြိမ်ဘူး ဆိုသည်မှာ ထင်ရှားလို့ နေလေ၏။

ယွင်ကျုံးဟဲ့၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေပြီးနောက် သူမ၏ စကားအတိုင်း ကုတင်ပေါ်တွင် သေချာစွာ လှဲအိပ်လိုက်သည်။

‘ကျုပ် အဆင်သင့် ဖြစ်နေပါပြီ။ စိတ်ကြိုက်သာ နှိပ်စက်လိုက်ပါတော့။’

မင်းသမီး ဝူရွှမ်းသည် ဖြည်းညင်းစွာ လျှောက်လာပြီး ယွင်ကျုံးဟဲ့ကို လှပသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ “ကျွန်မ ကတိခံဝန်ချက်မှာ လက်မှတ်ထိုးထားတယ်။ အခု ရှင် နိုင်သွားပြီဆိုတော့ ကျွန်မ ကတိလာတည်တာ။ အတူတူ တစ်ည အိပ်ရမယ် မဟုတ်လား။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ။ အဲဒါဆို အိပ်ကြတာပေါ့။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ကျွန်မ ကတိတည်ပါတယ်။”

ထို့နောက် သူမသည် အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တော့၏။ ယွင်ကျုံးဟဲ့၏ မျက်စိရှေ့တွင် အမှောင်ကျသွားပြီး ချက်ချင်း အိပ်ပျော်သွားတော့၏။ မင်းသမီး ဝူရွှမ်း သည် ကုတင်၏ အခြားတစ်ဖက်တွင် လှဲအိပ်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်စက်သွားတော့သည်။

‘သောက်ကျိုးနည်း... ဒါ... ဒါက တကယ်ကြီး အတူတူ တစ်ည အိပ်တာလား။’

ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် မျက်လုံးဖွင့်လာချိန်တွင် မိုးလင်းနေပြီ ဖြစ်၏။

မင်းသမီး ဝူရွှမ်း သည် အိပ်ရာမှ ထနေပြီဖြစ်ပြီး ကုတင်ဘေးတွင် ရပ်လျက် သူ့ကို စိုက်ကြည့်နေသည်။

“အောက်ယွီ... မှတ်ထား။ ကျွန်မ လောင်းကြေးကို ပေးဆပ်ပြီးသွားပြီ။ မနေ့ညက ရှင်နဲ့ ကုတင် တစ်လုံးတည်းမှာ အတူတူ တစ်ည အိပ်ခဲ့ပြီးပြီ။”

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “ဒါကြောင့် နောက်ပိုင်း ကျွန်မ ကတိဖျက်တယ်ဆိုတဲ့ စကားမျိုး မပြောနဲ့တော့။ ပြီးတော့ ကျွန်မနဲ့ ရှင့်အကြောင်း ကောလာဟလတွေ ထွက်လာခဲ့ရင်လည်း ကျွန်မ ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။”

ထို့နောက် မင်းသမီး ဝူရွှမ်းသည် ခမ်းနားကြီးကျယ်စွာ လျှောက်ထွက်သွားတော့သည်။

“ကျုပ်... ကျုပ်... ကျုပ်...” ယွင်ကျုံးဟဲ့သည် ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း စကားမပြောနိုင်အောင် ဖြစ်သွားရ၏။

‘တကယ်ကို မျက်နှာပြောင်တိုက်လွန်းတာပဲ။ ဒီမိန်းမက လူကောင်း မဟုတ်ဘူး။’

သို့ပေမည့် ဤရလဒ်ကို ယွင်ကျုံးဟဲ့က ကြိုတင် ခန့်မှန်းထားပြီး ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် သူသည် ကတိခံဝန်ချက်တွင် တစ်ည အိပ်မည်ဟု တမင်တကာ ရေးသားခဲ့ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက ပိုမို ရှင်းလင်းသော စကားလုံးကို အသုံးပြုခဲ့မည်ဖြစ်ပြီး ယခုကဲ့သို့ အဓိပ္ပာယ် ဝေဝါးနိုင်မည့် အခြေအနေမျိုး လုံးဝ ရှိမည် မဟုတ်ချေ။

တိုက်ပွဲတစ်ပွဲ ဆင်နွှဲရုံမျှဖြင့် တစ်ပါးသူထံမှ အခမဲ့ ရရှိနိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မှတ်နေပါသည်လား။ မည်ကဲ့သို့သော အတွေးမျိုးကို တွေးတောနေမိသနည်း။

ထို့အပြင် ဤကဲ့သို့ ဖြူစင်စွာဖြင့် တစ်ညတာ အတူအိပ်စက်ရုံမျှဖြင့် မင်းသမီး ဝူရွှမ်း၏ စိတ်အစဉ်၌ မှတ်သားစရာ တစ်စုံတစ်ရာ ကျန်ရစ်စေနိုင်သည်။

အမှန်စင်စစ် ဤတိုက်ပွဲမှာ ယွင်ကျုံးဟဲ့အနေဖြင့် ဘုရင်မ ကျင်းကျုံးယွဲ့နှင့် သူ၏ ရင်သွေးနှစ်ဦးအတွက် ရည်ရွယ်၍ တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် ဤအမျိုးသမီး၏ ကိုယ်သင်းရနံ့မှာမူ အလွန်ပင် စွဲမက်ဖွယ် ကောင်းလှ၏။ ကုတင်ထက်၌ ဤအတိုင်း လှဲလျောင်းနေရုံမျှဖြင့် သူမ၏ ရနံ့တို့မှာ မပြယ်နိုင်အောင် စွဲထင်ကျန်ရစ်ခဲ့လေသည်။

မင်းသမီး ဝူရွှမ်းသည် တစ်ည အိပ်မည် ဟူသော ကတိကို လုံးဝ မဖောက်ဖျက်ခဲ့ဘဲ ကုတင် တစ်လုံးတည်းပေါ်တွင် ရှစ်နာရီတိတိ အိပ်စက်ခဲ့ခြင်း ဖြစ်၏။

အခန်းထဲမှ ထွက်ခွာလာပြီး ယွင်ကျုံးဟဲ့ မမြင်ရသော နေရာသို့ ရောက်ရှိသွားချိန်မှာတော့ မင်းသမီး ဝူရွှမ်း ရုတ်တရက် ပြုံးလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ယွင်ကျုံးဟဲ့၏ အလွန် စိတ်ပျက်ပြီး အကူအညီမဲ့နေသော မျက်နှာထားကို သတိရသွားသောကြောင့်ပင်။

ချက်ချင်းပဲ သူမ၏ လှပသော မျက်နှာလေးမှာ ပန်းပွင့်များ ပွင့်လန်းလာသကဲ့သို့ ဖြစ်သွားတော့၏။ ဤသည်မှာ ဆယ်နှစ်တာ ကာလအတွင်း သူမ၏ ပထမဆုံး အပြုံး ဖြစ်ကောင်း ဖြစ်နိုင်သည်။

လွန်ခဲ့သောညက ဖြစ်ပျက်ခဲ့သမျှတို့သည် အပြစ်ဆိုဖွယ်မရှိ ဖြူစင်သန့်ရှင်းလှသော်လည်း၊ သူမအတွက်မူ ပထမဆုံးသော အတွေ့အကြုံပင် ဖြစ်၏။

အကြောင်းမှာ သူမသည် ယခင်က မည်သည့်အမျိုးသားနှင့်မှ တစ်ခန်းတည်း အတူတကွ နေထိုင်ခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။

နောက်ဆက်တွဲကိစ္စရပ်များမှာ ယွင်ကျုံးဟဲ့ ထင်မှတ်ထားသည်ထက် အများကြီး ပိုမို မြန်ဆန်နေသည်။

သူ၏ ခန့်မှန်းချက်အရဆိုလျှင် သစ္စာဖောက်သွားသော မြင်းစီးဓားပြ စစ်သူကြီးများသည် တစ်လအတွင်း တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာကြပြီး ကျင်းကျုံးယွဲ့ကို ပြန်လည် သစ္စာခံကြမည်မှာ သေချာ၏။

သေချာပေါက် အစစ်အမှန် သစ္စာခံခြင်း မဟုတ်ဘဲ အခြေအနေကို စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာ့ရှီး အင်ပါယာ အနေဖြင့် လက်စားချေရန်အတွက် နောက်ထပ် တပ်တော်ကြီး တစ်ရပ် စေလွှတ်မည်လား ဆိုသည်ကို မသိရှိကြသေးသောကြောင့် ဖြစ်၏။ တာ့ရှီး အင်ပါယာ၏ တပ်တော် ရောက်ရှိ လာချိန်အထိ စောင့်ကြည့်ကြမည်သာ ဖြစ်သည်။

သို့ပေမည့် မထင်မှတ်ဘဲ တိုက်ပွဲ ပြီးဆုံးပြီး ရက်အနည်းငယ် အတွင်းမှာပဲ ဤမြင်းစီးဓားပြ စစ်သူကြီးများသည် အလုအယက် ပြန်လည် ရောက်ရှိလာကြတော့၏။

သေချာပေါက် မြင်းစီးဓားပြ ခေါင်းဆောင်များသည် ကိုယ်တိုင် လာရောက်ရန် မဝံ့ရဲကြဘဲ သူတို့၏ ညီအစ်ကို သို့မဟုတ် သားများကို စေလွှတ်ကာ ကျင်းကျုံးယွဲ့၏ အခြေအနေကို စုံစမ်းစေခဲ့ခြင်း ဖြစ်သည်။

“ကျုပ်တို့က ဘုရင်မကို ဂုဏ်ပြုပါတယ်... ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။”

“ဘုရင်မဟာ လောကမှာ ပြိုင်ဘက်ကင်းဖြစ်ပြီး မြေအောက် မီးနဂါးကြီးကို ခေါ်ယူကာ တာ့ရှီး အင်ပါယာရဲ့ တပ်တော် သန်းချီကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။”

“ဘုရင်မ အောင်ပွဲခံပါစေ... ရိုလန် နိုင်ငံတော် အောင်ပွဲခံပါစေ။”

“ဘုရင်မ...ကျုပ်တို့ရဲ့ စစ်ကူတွေ လာတာ နောက်ကျသွားလို့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ယွင်ကျုံးဟဲ့သည် ဤစကားများကို ကြားလိုက်ရချိန်မှာတော့ အမှန်တကယ်ပင် အံ့ဩသွားရ၏။

တောင်ပိုင်းကျိုး နန်းတွင်းတွင်လည်း အဖြူအမည်း ပြောင်းပြန် ပြောဆိုတတ်ပြီး သမင်ကို မြင်းဟု ပြောဆိုတတ်သော ကိစ္စရပ်များ မကြာခဏ ရှိတတ်သော်လည်း အနည်းဆုံးတော့ ဖုံးကွယ်ရန် လိုအပ်သေးပြီး သူတစ်ပါးကို ဒုက္ခပေးမည် ဆိုလျှင်တောင်မှ နန်းတွင်း၏ တရားမျှတမှု ဆိုသော အမည်ကို အသုံးပြုရသေးသည်။

သို့ပေမည့် အနောက်ဘက် သဲကန္တာရမှ မြင်းစီး ဓားပြများသည် ပိုင်ရှင်မဲ့နယ်မြေမှ မြို့စားများထက်ပင် ပိုမို မျက်နှာပြောင်တိုက်လွန်းလေ၏။

‘တာ့ရှီး အင်ပါယာမှာ စစ်သည် သုံးသိန်းပဲ ရှိတာကို ဘယ်အချိန်က တပ်တော် သန်းချီ ဖြစ်သွားရတာလဲ။ ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း သစ္စာဖောက်သွားတာကို စစ်ကူလာတာ နောက်ကျသွားတယ်လို့ ပြောရဲသေးတယ်။’

“ဘုရင်မ... ကျုပ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ ကောင်းကင်ပေါ်ကနေ နတ်သတ္တဝါ တစ်ကောင် ဆင်းသက်လာပါတယ်။ အဲဒီ နတ်သတ္တဝါက နဂါးကိုယ်လုံး ရှိပြီး ဖီးနစ်ရဲ့ ခေါင်းနဲ့ အတောင်ပံတွေ ရှိပါတယ်။ တောင်ပေါ်ကို ဆင်းသက်လာပြီးကောင်းကင် တစ်ခုလုံး ပြည့်နှက်နေတဲ့ မီးတောက်တွေ၊ ဆန်မေ့ စစ်မှန်တဲ့တွေကို ပန်းထုတ်လိုက်ပါတယ်။

အဲဒီတုန်းက ကျုပ်က ဒီအဓိပ္ပာယ်ကို နားမလည်ခဲ့ပေမယ့် အခုတော့ အားလုံး ရှင်းလင်းသွားပါပြီ။ အဲဒီ နတ်သတ္တဝါက ဘုရင်မပဲ ဖြစ်ရပါမယ်။ ဘုရင်မက အမျိုးသမီး ဘုရင်ဖြစ်လို့ ဖီးနစ်ခေါင်းနဲ့ အတောင်ပံတွေ ရှိပြီး နဂါးကိုယ်လုံး ရှိနေတာပါ။

ပြီးတော့ ကောင်းကင်မီးတွေကို ခေါ်ယူပြီး ရန်သူတွေရဲ့ တပ်တော် သန်းချီကို ဖျက်ဆီးပစ်ကာ ကျုပ်တို့ရဲ့ ရိုလန် နိုင်ငံတော်ကို မီးတောက်တွေထဲကနေ ပြန်လည် မွေးဖွားလာအောင် လုပ်ဆောင်ပေးခဲ့တာပါ။”

‘သောက်ကျိုးနည်း... ခင်ဗျားက အရှက်မရှိဆုံးပဲ။ ဖီးနစ် ခေါင်းနဲ့ နဂါးကိုယ်လုံး ရှိတဲ့ နတ်သတ္တဝါကိုတောင် ဆွဲသွင်းလာနိုင်သေးတယ်။ ခုနက လူက တပ်တော် သန်းချီလို့ပဲ ပြောခဲ့တာ၊ ခင်ဗျားကျတော့ တပ်တော် သန်းချီပေါင်းများစွာလို့တောင် ပြောင်းသွားပြီလား။’

“ဘုရင်မ... ခုနက ကျုပ်တို့ မြို့ထဲ ဝင်လာတုန်းက အပြင်က မြေပြင်ကို တွေ့ပြီး လုံးဝ အံ့ဩသွားပါတယ်။ အရင်တုန်းက ဒီမြေပြင်ဟာ ရွှံ့တွေ၊ ချောက်ကမ်းပါးတွေနဲ့ ပြည့်နှက်နေတာကို အခုတော့ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ မြေပြင် တစ်ခုလုံး ကျောက်စိမ်းတွေချည်း ဖြစ်သွားပြီလေ။

ဒါက လူ့လောကမှ မဟုတ်တော့တာ။ ကောင်းကင်ဘုံက နန်းတော်လိုပဲ။ ဒါကြောင့် ဘုရင်မဟာ သုံးဘုံ လူ့လောကမှာ မရှိတော့ဘဲ ကောင်းကင်ဘုံက နတ်ဘုရင်မ တစ်ပါး ဖြစ်နေပါပြီ။ ဘုရင်မရဲ့ လှပတဲ့ လက်လေး တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ မိုင်ထောင်ချီကျယ်ဝန်းတဲ့ ရွှံ့မြေတွေက ရွှေတွေ၊ ကျောက်စိမ်းတွေ ဖြစ်သွားတာပဲ။”

‘လွန်လွန်းသွားပြီ။ မိုင်တစ်ရာလောက်ကျယ်တဲ့ မြေပြင်က ဖန်သားပြင်လို ဖြစ်သွားတာကို ခင်ဗျားက မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ ရွှံ့မြေတွေက ရွှေတွေ၊ ကျောက်စိမ်းတွေ ဖြစ်သွားတယ်လို့ ပြောနေတာလား။’

သို့ပေမည့် ဤမြင်းစီးဓားပြများ ရိုလန်မြို့သို့ ပြန်လည် ရောက်ရှိလာချိန်မှာတော့ အပြင်ဘက်ရှိ မြေပြင်ကို မြင်တွေ့ပြီး လုံးဝ အံ့ဩမှင်သက်သွားခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။

သူတို့သည် ဤတိုက်ပွဲကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ကြသည်။ တာ့ရှီး အင်ပါယာ၏ စစ်သည် သုံးသိန်းလုံး အားလုံး မီးလောင်သေဆုံးသွားခဲ့သည် မဟုတ်ပါလား။

တစ်နေ့နှင့်တစ်ညတိုင်အောင် အဆက်မပြတ် လောင်ကျွမ်းခဲ့သော မိုင်တစ်ရာခန့် ကျယ်ဝန်းသည့် မီးတောက်ကြီးကို သူတို့သည် အဝေးတစ်နေရာမှပင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ခဲ့ကြရသည်။

ထိုဖြစ်ရပ်ကြီးမှာ ဘုရင်မ ကျင်းကျုံးယွဲ့၏ အစွမ်းသတ္တိကြောင့်ဟု သူတို့ အမှန်တကယ်ပင် ထင်မှတ်နေကြသည်။ ပြောဆိုကြသော စကားလုံးများမှာ အနည်းငယ် ချဲ့ကားထားသည်ဟု ဆိုနိုင်သော်လည်း သူတို့၏ စိတ်အစဉ်၌ ဖြစ်ပေါ်နေသော အံ့ဩတုန်လှုပ်မှုများမှာမူ အစစ်အမှန်ပင် ဖြစ်၏။

ကျင်းကျုံးယွဲ့သည် ဤစကားများကို စိတ်မဝင်စားစွာဖြင့် နားထောင်နေပြီး ဤမြင်းစီးဓားပြ စစ်သူကြီးများ အားလုံး မြှောက်ပင့်ပြီးသွားချိန်မှာတော့ သူမ လက်ဝှေ့ယမ်းပြလိုက်သည်။

မင်းသမီး ဝူရွှမ်း ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာပြီး သူမ၏ ဝတ်စားဆင်ယင်မှုမှာ ကျင်းကျုံးယွဲ့ ထက်ပင် ပိုမို ခမ်းနားကာ ဘုရင်မ တစ်ပါးနှင့် ပိုတူနေ၏။

ဤမြင်းစီးဓားပြ စစ်သူကြီးများအားလုံး အံ့ဩသွားကြတော့သည်။ ‘ဘယ်လိုလုပ်ပြီး တစ်ပုံစံတည်း တူတဲ့ ဘုရင်မ နှစ်ယောက် ဖြစ်နေရတာလဲ။’

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သူက ကျွန်မရဲ့ ညီမ ဝူရွှမ်း။ ဒီနေ့ကစပြီး သူမက ရိုလန် နိုင်ငံရဲ့ ဒု-ဘုရင်မပဲ။”

မြင်းစီးဓားပြ စစ်သူကြီးများ အနည်းငယ် အံ့ဩသွားကြပြီးနောက် ဒူးထောက်ကာ ပြောလိုက်ကြသည်။ “ကျုပ်တို့ ဘုရင်မ ဝူရွှမ်းကို အရိုအသေပေးပါတယ်။”

မင်းသမီး ဝူရွှမ်း သည် ကျင်းကျုံးယွဲ့၏ ဘေးတွင် ထိုင်လိုက်ပြီး ပြောလိုက်၏။ “ဒါက နောက်ဆုံးအကြိမ်ပဲ။ ကြားကြလား။”

မြင်းစီးဓားပြ စစ်သူကြီးများ၏ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။

မင်းသမီး ဝူရွှမ်းက ပြောလိုက်၏။ “တာ့ရှီးအင်ပါယာရဲ့ စစ်သည် သုံးသိန်း လာတိုက်မယ်ဆိုတာ ကြားလိုက်တာနဲ့ ရှင်တို့တွေ အကုန်လုံး ထွက်ပြေးကြတယ်။ သစ္စာရှိမှုနဲ့ အရှက်တရား လုံးဝ မရှိဘူး။ ယောက်ျားပီသမှု နည်းနည်းလေးမှ မရှိဘူး။ ဒီလို လုပ်ရပ်မျိုးက ရှင်တို့ရဲ့ ဘိုးဘေးတွေကို အရှက်ရစေရုံသာမက ရှင်တို့ရဲ့ မျိုးဆက်တွေကိုပါ အရှက်ရစေတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ မြင်းစီးဓားပြများ အားလုံး ဒူးထောက်လိုက်ကြသည်။

မင်းသမီး ဝူရွှမ်းက ဆက်ပြောလိုက်၏။ “ရှင်တို့ အားလုံးက ကျွန်မတို့ ရိုလန်နိုင်ငံ ဒီတစ်ခါ သေချာပေါက် ရှုံးတော့မယ်လို့ ထင်ခဲ့ကြသလို ကျွန်မနဲ့ ဘုရင်မ ကျင်းကျုံးယွဲ့လည်း သေချာပေါက် သေလုမျောပါး ဖြစ်သွားမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်ကရော။ ဘုရင်မက ငရဲပြည်က မီးနဂါး ဆယ်ကောင်ကို ခေါ်ယူပြီး တာ့ရှီး အင်ပါယာရဲ့ စစ်သည် သုံးသိန်းကို အကုန်အစင် သတ်ပစ်လိုက်တယ်။”

ဤမြင်းစီးဓားပြ စစ်သူကြီးများသည် ဤမီးနဂါး ဆယ်ကောင်ကြောင့် ကြောက်လန့်သွားသောကြောင့် ဘုရင်မ ကျင်းကျုံးယွဲ့ထံ အလျင်အမြန် လာရောက် အပြစ်ဝန်ခံကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ နောက်ကျသွားပါက ဘုရင်မ ကျင်းကျုံးယွဲ့သည် သူတို့၏ ခေါင်းပေါ်တွင် မီးနဂါးများကို ခေါ်ယူပြီး သူတို့ကို အားလုံး မီးရှို့သတ်ပစ်မည်ကို စိုးရိမ်သောကြောင့်ပင်။

All Chapters