← Chapters

အခန်း ၄၇၄

Vol. 40 Ch. 474

အခန်း ၄၇၄

Vol. 40 Ch. 474

အပိုင်း (၄၇၄)

“သား.. မင်းသာ တောင်ပိုင်းကျိုး မြို့တော်ကို ပြန်သွားရင် အသက်အန္တရာယ် ရှိလာမှာမို့လို့ အဖေအနေနဲ့ မင်းကို ဘယ်လိုလုပ် ပြန်လွှတ်နိုင်ပါ့မလဲ။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “အိမ်ပြန်တော့။ အိမ်မှာ မင်းအတွက် အရာအားလုံး ပြင်ဆင်ထားပြီးပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဖေ... ဆိုလိုတာက ဧကရာဇ်ဟောင်းဟာ နတ်ရွာစံတော့မယ့် အခြေအနေ ရောက်နေပေမယ့် လုံးဝ နတ်ရွာစံသွားတာတော့ မဟုတ်သေးဘူးပေါ့။”

ဖုန်းရှင်းမြဲ့က ပြန်ဖြေလိုက်၏။ “အဲဒီသတင်း ရောက်လာတုန်းကတော့ နတ်ရွာမစံသေးပါဘူး။ ဒါပေမဲ့ အခု ငါတို့ စကားပြောနေတဲ့ အချိန်မှာတော့ နတ်ရွာစံသွားလောက်ပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အကယ်၍ ထျန်းယန် ဧကရာဇ်ဟောင်းသာ နတ်ရွာစံသွားရင် ဧကရာဇ် ဝမ်ယွင်ဟာ အမြင့်ဆုံး ဩဇာအာဏာကို ပြန်လည် ရရှိသွားမှာဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကျိုးလီလည်း ဘာလှိုင်းလုံးမှ ဖန်တီးနိုင်မှာ မဟုတ်တော့ဘူး။ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးဟာ လူတစ်ယောက်တည်းရဲ့ အုပ်ချုပ်မှုအောက်မှာ ပြန်လည် စုစည်းသွားလိမ့်မယ်။”

ဖုန်းရှင်းမြဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “အဲဒီလိုဆိုရင် အနာဂတ် အဆုံးအဖြတ် တိုက်ပွဲကြီးအတွက် အရမ်းကို ဆိုးရွားတဲ့ အခြေအနေ ဖြစ်သွားမှာပါ။ ကျုပ်ရဲ့ တာဝန်တွေလည်း လုံးဝ မပြီးမြောက်သေးပါဘူး။”

ဖုန်းရှင်းမြဲ့က သတိပေးလိုက်၏။ “ဒါပေမဲ့ အခု မင်း ပြန်သွားရင် သေဖို့ပဲ ရှိတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “မသေချာပါဘူး။ တကယ်လို့များ ကျုပ်က ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်နိုင်ရင်ရော။ အဲဒီလိုဆိုရင် ကျုပ်က အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားပြီ မဟုတ်ဘူးလား။”

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “သား.. ထျန်းယန် ဧကရာဇ်ဟာ ဖျားနာနေတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ဆေးပညာ တွေ အရမ်း အံ့ဩစရာကောင်းတယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ သူက ဖျားနာနေတာ မဟုတ်ဘဲ တရားကျင့်ပြီး ထာဝရ အသက်ရှင်ဖို့ကြိုးစားရင်း ပြဿနာ ဖြစ်သွားတာပါ။

ဒါက မင်းရဲ့ စွမ်းဆောင်နိုင်ရည်ထက် အများကြီး ကျော်လွန်နေပါပြီ။ အရေးအကြီးဆုံးက မင်းရဲ့ ဆေးပညာ အရည်အချင်းကို ပြသလို့ ရနိုင်ပါ့မလား။”

အမှန်စင်စစ် ထိုသို့ပြုလုပ်ရန်မှာ မဖြစ်နိုင်သည်မှာ သေချာလှ၏။ အကြောင်းမှာ ယွင်ကျုံးဟဲ့၏ အမှတ်အသား တစ်ခုမှာ အံ့ဩဖွယ်ရာကောင်းသော သူ၏ ဆေးပညာရပ် ဖြစ်သောကြောင့်ပင်။

ဧကရာဇ် ဝမ်ယွင်ကို ကယ်တင်ရန်အတွက် သူ၏ အဆင့်အတန်းအမှန်ကို ထုတ်ဖော်ပြသရမည်လား။ ထိုသို့ ပြုလုပ်ခြင်းသည် သေလမ်းကို ရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော်ငြား ဤအတိုင်း အရှုံးပေးကာ တာယင်အင်ပါယာသို့ ပြန်သွားရမည်လား။ ဤအချက်ကိုမူ သူ လုံးဝ မကျေနပ်နိုင်ဘဲ ရှိနေမိသည်။

သူသည် မင်းသမီး ရှန်ရှန်းနှင့်ပင် လက်မထပ်ရသေးသကဲ့သို့၊ ဧကရာဇ် ဝမ်ယွင်ကိုလည်း နန်းချနိုင်ခြင်း မရှိသေးချေ။ ထို့အပြင် သူ၏ ရန်သူများကိုလည်း အကုန်အစင် သုတ်သင်နိုင်ခြင်း မရှိသေးသည် မဟုတ်ပါလား။

သူသည် လုံးဝ မကျေနပ်နိုင်ပေ။ အောင်ပွဲ၏ အရိပ်အယောင်များကို မြင်တွေ့နေရပြီ ဖြစ်ပါလျက်နှင့် ယခုအချိန်ကျမှ အရာအားလုံးကို လက်လျှော့ စွန့်လွှတ်လိုက်ရတော့မည်လား။

ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “သား... မင်း မကျေနပ်နိုင်ဘူး ဆိုတာကို အဖေသိပါတယ်။ ဒါပေမဲ့ လူကြီးလူကောင်း တစ်ယောက် လက်စားချေဖို့ ဆယ်နှစ်တောင် မနှောင်းပါဘူး။ ငါတို့ တာယင်အင်ပါယာက တောင်ပိုင်းကျိုး အင်ပါယာကို ဖျက်ဆီးပစ်လိုက်တဲ့ အချိန်ကျရင် အဲဒီ ရန်သူတွေရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းဟာ မင်းရဲ့ လက်ထဲမှာပဲ ရှိနေမှာပါ။ အဲဒီအချိန်ကျရင် မင်းက ဟေးလုံထိုင်ရဲ့ ခေါင်းဆောင် ဖြစ်နေလောက်ပြီဆိုတော့ ဖူယန်ထူ ပဲဖြစ်ဖြစ်၊ လင်ကုန်း ပဲဖြစ်ဖြစ် မင်းဆီမှာ အသက်ချမ်းသာပေးဖို့ အသနားခံရမှာပဲ။”

ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်ရန်အတွက် အနည်းဆုံး ဆယ်နှစ်၊ သို့မဟုတ် ထိုထက်မက ကြာမြင့်နိုင်သေးသည်။

နောင်နှစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင်မှသာ တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာ တို့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုံးစုံပါဝင်သော အဆုံးအဖြတ် တိုက်ပွဲကြီးကို ဆင်နွှဲကြရမှာ ဖြစ်၏။

ထို့အပြင် တောင်ပိုင်းကျိုးအင်ပါယာကဲ့သို့သော နိုင်ငံကြီး တစ်ခုသည် စစ်ပွဲ တစ်ပွဲတည်းဖြင့် လွယ်လွယ်ကူကူ ပျက်စီးသွားမည် မဟုတ်ဘဲ စစ်ပွဲပေါင်းများစွာ ဆင်နွှဲရမှာဖြစ်သည်။

ဤ တိုင်းပြည် ဖျက်ဆီးမည့် စစ်ပွဲကြီးမှာ အနည်းဆုံး ဆယ်နှစ်ကျော်ကြာမြင့်မည်ဖြစ်ရာ ယွင်ကျုံးဟဲ့ အနေဖြင့် ထိုမျှလောက် အချိန်ကြာအောင် လုံးဝ မစောင့်နိုင်တော့ချေ။

ထို့အပြင် လက်စားချေခြင်း ဆိုသည်မှာကိုယ်တိုင် လုပ်ဆောင်ရမှသာ ပိုမိုကျေနပ်စရာကောင်းသည်။ တာယင် အင်ပါယာကို အသုံးချပြီး လက်စားချေခြင်းသည် သူ ယွင်ကျုံးဟဲ့ကိုယ်တိုင် လက်စားချေခြင်း မဟုတ်ပေ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဖေ... ဒီအတိုင်း လက်လျှော့လိုက်ရမှာကို ကျုပ် မကျေနပ်နိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်က တောင်ပိုင်းကျိုး မြို့တော်ကို ချက်ချင်း ပြန်သွားမှာ မဟုတ်ပါဘူး။ နေရာတစ်ခုကို အရင် သွားပါအုံးမယ်။”

“မီတျဲ ချိုင့်ဝှမ်းလား။” ဖုန်းရှင်းမြဲ့က မေးလိုက်၏။

“ဟုတ်ပါတယ်။”

ဖုန်းရှင်းမြဲ့၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာများ ပေါ်ထွက်လာပြီး ပြောလိုက်သည်။ “သား.. အမှန်တိုင်း ပြောရရင် အဖေအနေနဲ့ မင်းကို မီတျဲ ချိုင့်ဝှမ်းနဲ့ ဝေးဝေးနေစေချင်တယ်။ ဝေးဝေး နေနိုင်ရင် ပိုကောင်းပါတယ်။ သူတို့နဲ့ အရမ်း ရင်းနှီးသွားရင် ဘာအကျိုးမှ မရှိပါဘူး။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “အဖေ... ကျုပ် ဆုံးဖြတ်ပြီးပါပြီ။ မီတျဲ ချိုင့်ဝှမ်းကို အရင် သွားမယ်။ ပြီးတော့မှ တာယင်အင်ပါယာကို ပြန်မလား၊ ဒါမှမဟုတ် တောင်ပိုင်းကျိုး မြို့တော်ကို ပြန်သွားပြီး လျှို့ဝှက် တာဝန် ဆက်လုပ်မလား ဆိုတာကို ဆုံးဖြတ်ပါ့မယ်။”

ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “အဖေက မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးလို့ မရနိုင်တော့ဘူး မဟုတ်လား။”

“ဟုတ်ပါတယ်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တောင်းပန်ပါတယ် အဖေ။”

ဖုန်းရှင်းမြဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “တောင်းပန်စရာ ဘာမှ မရှိပါဘူး။ အဖေလည်း အသက် ကြီးသွားပြီဆိုတော့ ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိတော့ပါဘူး။”

ဖုန်းရှင်းမြဲ့သည် အမှန်တကယ် အသက်မကြီးသေးဘဲ အသက် ငါးဆယ်ခန့်သာ ရှိသေးပြီး အင်အား အကောင်းဆုံး အရွယ်တွင် ရှိနေသေး၏။

“ဒါကြောင့် ခေါင်းဆောင်က သူ့နေရာကို ငါ့ကို ဆက်ခံစေဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ သူက ငါ့ကို အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ ခွေးအိုကြီး တစ်ကောင်လို့ပဲ ထင်ပြီး ရှေ့ဆက် တိုးတက်ချင်စိတ် မရှိဘူးလို့ မြင်နေတာ။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ခေါင်းဆောင်ဟာ အသက် ခုနစ်ဆယ်နီးပါး ရှိနေပြီ။ မူလကတော့ တာဝန်တွေကို ချထားသင့်ပြီ ဖြစ်ပေမယ့် လက်ရှိ အခြေအနေအရ ဒီကြီးမားတဲ့ တာဝန်ကြီးကို ဆက်လက် ထမ်းဆောင် နေရအုံးမှာပဲ။ သူက ဟေးလုံထိုင်ကို မင်းဆီ တိုက်ရိုက် လွှဲပြောင်းပေးဖို့ စဉ်းစားထားလောက်တယ်။ ကြားခံစရာ မလိုတော့ဘူးပေါ့။

ဒါကြောင့် သား.. အခု မင်း အိမ်ပြန်လာပြီး ဟေးလုံထိုင်ရဲ့ ပိုင်ရှင်မဲ့နယ်မြေ ဌာနကို အုပ်ချုပ်ဖို့က အသင့်တော်ဆုံးပါပဲ။ မင်းမှာ အရင်က လျှို့ဝှက်တမန် လုပ်ခဲ့တဲ့ အတွေ့အကြုံတွေပဲ ရှိပြီး နယ်မြေ တစ်ခုကို အုပ်ချုပ်ဖူးတဲ့ အတွေ့အကြုံ မရှိသေးဘူး။ ဒါကြောင့် ဒီအပိုင်းတွေကို စောစောစီးစီး လေ့လာသင်ယူထားမှ ခေါင်းဆောင်ကလည်း သူ့နေရာကို စောစောစီးစီး လွှဲပြောင်းပေးနိုင်မှာပါ။”

ယွင်ကျုံးဟဲ့ သည် မတ်တတ်ရပ်ကာ ဖုန်းရှင်းမြဲ့ကို အလွန် လေးစားစွာ အရိုအသေပေးလိုက်၏။ “အဖေ...ကျုပ်ရဲ့ သတင်းကိုသာ စောင့်နေပေးပါ။”

ထို့နောက် ယွင်ကျုံးဟဲ့ ထွက်လာခဲ့ရာ ကျင်းကျုံးယွဲ့သည် ကျောက်ခဲများကို ခြေမွပြီး ကစားနေသည်ကို တွေ့ရှိလိုက်ရသည်။

‘အဲဒါက လုံးဝန်းနေတဲ့ ကျောက်စရစ်ခဲ လေးတွေကို အမှုန့်ဖြစ်သွားအောင် ခြေမွနေတာလေ။ မင်းရဲ့ လက်ချောင်းလေးတွေက အရမ်း သိမ်မွေ့လှပပေမယ့် ဒါက သံမဏိ လက်ချောင်းတွေတော့ မဟုတ်ဘူးလေ။’

“ရှင် မသွားတော့ဘူးလား။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင့်ရဲ့ မူလ ရုပ်ရည်ကို ပြန်ပြောင်းတော့မလို့လား။”

ဤစကားကို ပြောဆိုချိန်တွင်ကျင်းကျုံးယွဲ့၏ လှပသော မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ငါ မီတျဲ ချိုင့်ဝှမ်းကို နောက်တစ်ခေါက် သွားရအုံးမယ်။”

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ကျွန်မ လိုက်ခဲ့မယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မရဘူး။ မင်းသာ လိုက်ခဲ့ရင် ငါ့ရဲ့ အဆင့်အတန်းကို သူများတွေ သံသယ ဝင်သွားလိမ့်မယ်။”

တစ်နာရီကျော်ခန့် အကြာတွင် ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့နှင့် ပြန်လည် ဆုံတွေ့ခဲ့ပြီး မီတျဲ ချိုင့်ဝှမ်းသို့ နောက်တစ်ကြိမ် ထွက်ခွာသွားကြတော့သည်။

ခြောက်ရက် အကြာတွင် ယွင်ကျုံးဟဲ့ သည် မီတျဲ ချိုင့်ဝှမ်း၏ တောင်ကြား အပြင်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြီး ယွမ်ထျန်းရှဲ့ မှာမူ အပြင်ဘက်တွင်သာ ဆက်လက် စောင့်ဆိုင်းနေခဲ့၏။

အလောင်းများဖြင့် ပြုလုပ်ထားသော အလွှာပေါင်းများစွာ ပါသည့် တောင်ကြီးပေါ်တွင် နောက်တစ်ကြိမ် လမ်းလျှောက်နေရင်း ယွင်ကျုံးဟဲ့သည် ဤခြေအောက်ရှိ အလောင်းများထဲတွင် တာ့ရှီး အင်ပါယာ၏ လျှို့ဝှက်သူလျှိုများ သေချင်ယောင် ဆောင်နေမည်လား၊ ကောင်းကင်ယံတွင် သိမ်းငှက်များ ပျံဝဲနေမည်လားဟု သံသယ ဝင်လာမိသည်။

ယွင်ကျုံးဟဲ့သည် အလိုအလျောက် ထိုင်ချကာ တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်ရှုနေမိသည်။ သို့ပေမည့် မသေသေးသော သူများကို တွေ့ရှိပါက ဓားဖြင့် ထိုးသတ်ရမည်လား။

ယွင်ကျုံးဟဲ့သည် မီတျဲ ချိုင့်ဝှမ်း၏ ဂူပေါက်ရှေ့သို့ ရောက်ရှိလာပြီး ဦးညွတ်လျက် ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းက ဆရာကြီးများ... အောက်ယွီ နောက်တစ်ကြိမ် လာရောက် လည်ပတ်ပါတယ်။”

အချိန်တိုလေး အတွင်းမှာပင် လူနှစ်ယောက် ထွက်လာကြပြီး ဝေါယာဉ်ငယ် တစ်ခုကိုပါ သယ်ဆောင် လာကြသည်။

“သခင်လေး အောက်ယွီ... ဝေါယာဉ်ပေါ် တက်ပါ။”

ဤဆက်ဆံရေးမှာ အမှန်တကယ်ပင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေ၏။ လွန်ခဲ့သော တစ်ခေါက်ကမူ ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဝင်ရောက်ခဲ့သောကြောင့် ကျောက်ရည်ပူကန်အတွင်းသို့ တိုက်ရိုက် ပစ်ချခံရလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

ယခုမူကား အခမ်းအနားသုံး ဝေါယာဉ်ဖြင့်ပင် လာရောက်ကြိုဆိုနေကြပြီဖြစ်ရာ အခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားခဲ့၏။

ယွင်ကျုံးဟဲ့သည် ဂူပေါက် အပြင်ဘက်ရှိ ပြည့်နှက်နေသော အလောင်းများကို အလိုအလျောက် တစ်ချက် ကြည့်လိုက်မိသည်။

“စိတ်ချပါ သခင်လေး အောက်ယွီ... ဒီတစ်ကြိမ်မှာတော့ သတင်း ပေါက်ကြားမှု လုံးဝ မရှိစေရပါဘူး။ အခု ကျုပ်တို့ ခြေအောက်မှာ နင်းထားတဲ့ သူတွေ အားလုံးက သေလူတွေချည်းပါပဲ။”

ယွင်ကျုံးဟဲ့ သည် ဝေါယာဉ်ပေါ်သို့ တက်ထိုင်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်။”

ထို့နောက် ဤလူနှစ်ဦးသည် ယွင်ကျုံးဟဲ့ကို ဝေါယာဉ်ဖြင့် သယ်ဆောင်ကာ မီတျဲ ချိုင့်ဝှမ်း၏ ဂူပေါက် အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

လူနှစ်ဦးသည် ယွင်ကျုံးဟဲ့ကို မူလ အခန်းငယ်လေး အတွင်းသို့ ခေါ်ဆောင်သွားပြီး ရင်းနှီးကျွမ်းဝင်နေသော ကုတင်ပေါ်တွင် လှဲလျောင်းစေခဲ့၏။

‘ဒီခံစားချက်က နည်းနည်း ထူးဆန်းနေတယ်။ လာတိုင်း ဒီအခန်းငယ်လေးထဲကို ခေါ်လာပြီး ကုတင်ငယ်လေး တစ်လုံး ရှိနေတာ။ ဒီမြင်ကွင်းက တကယ့်ကို ဘာနဲ့တူနေလဲဆိုတော့...’

ခဏအကြာတွင် ခြေသံတစ်သံ ထွက်ပေါ်လာပြီး ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခုက ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... နေကောင်းပါရဲ့လား။”

ထိုအသံပိုင်ရှင်သည် ယခင်က ယွင်ကျုံးဟဲ့နှင့် အဆက်အသွယ် ပြုလုပ်ခဲ့သော မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး ပင်ဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဆရာကြီး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထျန်းယန် ဧကရာဇ်ဟောင်း ရုတ်တရက် နန်းစွန့်ခဲ့ပြီး ခန္ဓာကိုယ်မှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းကို သိပါသလား။”

တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “နည်းနည်းပါးပါးတော့ သိပါတယ်။”

‘ခင်ဗျားက ဒီလို ပြောတယ်ဆိုမှတော့ သေချာပေါက် နည်းနည်းပါးပါး မကလောက်တော့ဘူး။ အများကြီး သိနေမှာ သေချာတယ်။’

ယွင်ကျုံးဟဲ့က ဆက်မေးလိုက်၏။ “မကြာသေးခင်က ထျန်းယန် ဧကရာဇ်ဟောင်း ပြဿနာ ဖြစ်သွားပြီး တရားထိုင်ပြီးတည်းက ပြန်မနိုးလာတော့ဘူး။ ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ ခံစားရလို့ တရားထိုင်ခဲ့တာ ဖြစ်နိုင်တယ်။ ခင်ဗျားတို့ မီတျဲ ချိုင့်ဝှမ်းက သူ့ရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာတွေ ဖြစ်နေလဲဆိုတာကို သိပါသလား။”

“သိပါတယ်။” မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။

‘အခု ထျန်းယန် ဧကရာဇ်ဟောင်းရဲ့ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ပြဿနာကို တောင် ခင်ဗျားတို့ သိနေပြီလား။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူ ဘာပြဿနာ ဖြစ်နေတာလဲ။”

“သခင်လေး အောက်ယွီ... တောင်းပန်ပါတယ်။ ကျုပ်တို့က ဒီကိစ္စကို ထုတ်ပြောဖို့ အဆင်မပြေပါဘူး။”

မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ကျုပ် အရင်က ခင်ဗျားကို ပြောခဲ့ဖူးသလိုပဲ... တချို့လူတွေက ထာဝရ အသက်ရှင်ဖို့နဲ့ ခန္ဓာကိုယ် သန်စွမ်းဖို့အတွက် တကယ်ပဲ အရူးအမူး လုပ်ရပ်တချို့ကို လုပ်ခဲ့ကြတယ်။ ဒါက ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေခဲ့တာပါ။”

......................

All Chapters