← Chapters

အခန်း ၃၃၃

Vol. 19 Ch. 333

အခန်း ၃၃၃

Vol. 19 Ch. 333

အပိုင်း (၃၃၃) အစစ်အမှန် တိုက်ပွဲဆရာကြီး။

ငါးမိနစ်။

ကျန်းပြောင်၏ ရူးသွပ်ဖွယ်ရာ စကားလုံးများ တိုက်ခိုက်မှုအောက်တွင် ယခုအခါ ငါးမိနစ်တိတိ အချိန်ဆွဲ ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ငါးမိနစ် ဆက်တိုက် ရူးသွပ်စွာ ပြေးလွှားရခြင်းက ချီလျဲ့၏ ခန္ဓာကိုယ် အရွယ်အစားအတွက်တော့ အတော်လေး ဝန်ပိနေပြီဟု ဆိုနိုင်ပြီး အထူးသဖြင့် လေးမီတာကျော် ရှည်လျားသော လှံရှည်ကို ကိုင်ဆောင်ထားရသည့် အခြေအနေမျိုးတွင် ပို၍ပင် ဆိုးရွား၏။

ပရိသတ်များမှာလည်း ကြည့်ရင်း ထုံကျဉ်နေကြပြီ ဖြစ်၏။ သိုင်းပြိုင်ပွဲကို လာကြည့်ကြခြင်း ဖြစ်သော်ငြား ရလဒ်အနေဖြင့် အပြေးပြိုင်ပွဲ ဖြစ်သွားခဲ့သည်။ သို့ပေမည့် သူတို့နှစ်ဦး၏ အမြန်နှုန်းက တကယ်ကို မြန်ဆန်လွန်းလှရာ အပြေးပြိုင်ပွဲ ဖြစ်နေလျှင်တောင်မှ ကြည့်ရသည်မှာ အထူး စိတ်ဝင်စားစရာ ကောင်းနေသည်။

ဟေးရှန်း ချီလျဲ့၏ လူသတ်ချင်သော အငွေ့အသက်များက ပရိသတ်များကြားသို့ပင် ပျံ့နှံ့လုနီးပါး ဖြစ်နေပြီဖြစ်ပြီး သူ ဘာပြောနေသည်ကို မကြားရသော်ငြား ဆဲဆိုနေသည်ကိုတော့ သိသာစွာ ခံစားသိရှိနိုင်ပေသည်။

အရှေ့မှ သွေးဆာနေတဲ့ ကျန်းပြောင် ကတော့ မတူညီချေ။ ကဗျာရွတ်နေသည့်အလား သူ၏ မျက်နှာအမူအရာမှာ ပေါ့ပါး လွတ်လပ်နေ၏။ ကျင်းဘုရင်မှာ ယခုအခိုက်အတန့်တွင် ကွင်းထဲရှိ လှုပ်ရှားမှုများကို တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ရှုနေ၏။

ကျန်းပြောင်၏ နည်းဗျူဟာမှာ ပြိုင်ဘက်၏ ခွန်အားကို ကြိုတင် ကုန်ခမ်းသွားစေရန်သာ ဖြစ်ကြောင်း သူ မြင်သိနိုင်သည်။ ကြည့်ရသည်မှာ သိုင်းပညာအရ အနိုင်ရခြင်း မဟုတ်သော်ငြား ဤပြိုင်ပွဲတွင် လုံးဝ စည်းမျဉ်း ကန့်သတ်ချက် မရှိရာ သဘာဝကျစွာပင် ဘယ်လို တိုက်တိုက် တိုက်ခွင့်ရှိပေသည်။ ဤသို့လုပ်ခြင်းက အလွန် ကောင်းမွန်လှသည်။

ထို့အပြင် စစ်မြေပြင်တွင် စည်းမျဉ်းအတိုင်း တိုက်ခိုက်မည့်သူ ရှိပါမည်လား။ ကျင်းဘုရင်က ဤကဲ့သို့သော နည်းဗျူဟာ ကို သိသာစွာပင် အလွန် သဘောကျနေပြီး အနားရှိ စစ်သူကြီး အားလုံးကလည်း နားလည် သဘောပေါက်ကြ၏။

သို့ပေမည့် နန်းတွင်းအမတ်များကတော့ သိသာစွာပင် အနည်းငယ် သည်းမခံနိုင် ဖြစ်လာကြသည်။

မင်းက ကောင်းကင်ယံအထိ ခန့်ခန့်ညားညား ထိုးထွက်လာခဲ့ပြီး တကယ်တမ်း လက်တွေ့တိုက်ခိုက်မယ့် အချိန်ကျမှ ဒါမျိုး လာလုပ်ပြနေတာလား။ ဒီလို နိုင်သွားရင်တောင်မှ ကြည့်မကောင်းဘူးလေ။ ဘယ်လိုတွေ တိုက်ခိုက်နေတာလဲ။ မီးဖုတ်ထားတဲ့ ဓားကြီးကတော့ မဆိုးပါဘူး … ဒါပေမဲ့ ခဏလေးပဲ လှည့်စားလို့ ရမှာလေ။

သွေးဆာနေတဲ့ ကျန်းပြောင်က တကယ်တမ်း ဘယ်အချိန်အထိ ပြေးနေအုံးမှာလဲ။ ဟေးရှန်း ချီလျဲ့ကို မောသေသွားအောင် လုပ်ချင်နေတာတော့ မဟုတ်ပါဘူးနော်။

ဒီမြောက်ပိုင်း ရုန်တိုင်းပြည်က လူကလည်း အတော်လေး တုံးအတာပဲ။ ခေါင်းငုံ့ပြီးသာ လိုက်နေတယ်။ အရင်နေရာမှာ ရပ်ပြီး စောင့်နေလိုက်ရင် မကောင်းဘူးလား။ ဦးနှောက်ထဲမှာ ရေတွေ ဝင်နေတာလား။

ဖါးပါးကတော့ ယခုအခိုက်အတန့်တွင် မျက်နှာအမူအရာမှာ ပေါ့ပါးနေသည်။ ချီလျဲ့က ပြိုင်ဘက်ကို အဘယ်ကြောင့် အတင်း လိုက်နေရသည်ကို မသိသော်ငြား လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ကျန်းပြောင်က ချီလျဲ့နှင့် မျက်နှာချင်းဆိုင် မတိုက်ခိုက်ချင်သည်မှာ သိသာထင်ရှားလှ၏။ ယင်းက ကျန်းပြောင်၏ စွမ်းရည် မလုံလောက်ကြောင်း သက်သေပြနေသည်။

ထွက်ပေါ်လာစဉ်က ဟန်ရေးပြမှုများကြောင့် တစ်စုံတစ်ရာ စွမ်းရည် ရှိမည်ဟု ထင်ထားခဲ့မိသည်။ ရလဒ်အနေဖြင့် ပန်းထိုးထားသော ခေါင်းအုံး သာ ဖြစ်နေတော့၏။

အစီအစဉ်မှူးမှာ ယခုအခါ ရှက်ရွံ့မှုများမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပြီး တဖြည်းဖြည်းနှင့် အခြေအနေ ကောင်းလာခဲ့သည်။

“ဒီအပြေးပြိုင်ပွဲက လက်ဖက်ရည် တစ်ခွက်စာ အချိန်လောက် ကြာသွားခဲ့ပြီ ဖြစ်ပေမဲ့ … သွေးဆာနေတဲ့ ကျန်းပြောင်ရဲ့ မျက်နှာကို ကြည့်ရတာ အေးအေးဆေးဆေး ရှိနေဆဲပါပဲ။ ရှောင်လုံနွီရဲ့ အစွမ်းထက် ပညာရပ်ဖြစ်တဲ့ လှိုင်းစီး ခြေလှမ်းကို သင်ယူထားသူပီပီ တကယ်ကို အံ့မခန်းပါပဲ။ သူ့ရဲ့ နှုတ်ခမ်း လှုပ်ရှားမှုကို ကြည့်ရတာ ချီလျဲ့ကို ငါ့ရဲ့အရိပ်ကို မင်း လိုက်နိုင်လို့လား လို့ မေးနေပုံရပါတယ်။

ချီလျဲ့ကတော့ အခုအချိန်မှာ မျက်မှောင်တွေ ကုပ်ပြီး မောဟိုက်နေပါပြီ။ ကျုပ် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ လှံရှည်က သူ့ရဲ့ စွမ်းရည်ပြသမှုကို ထိခိုက်စေခဲ့ပါတယ်။ အခု လှံကို လွှတ်ချလိုက်ဖို့ကလည်း မျက်နှာပျက်မှာ စိုးနေရတော့ တကယ်ကို ကျားပေါ်ခွစီးထားရသလို အခက်တွေ့နေပါပြီ။”

ကျန်းပြောင်မှာလည်း ယခုအခါ ပြေးရလွန်း၍ မောပန်းလာပြီဖြစ်ပြီး အသက်ရှူလည်း ပြင်းနေ၏။ အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာပြီး ထောင့်ချိုးကို တိတ်တဆိတ် ချိန်ညှိကာ ချီလျဲ့ကို ဓားကြီး အနီးသို့ ဆွဲခေါ်သွားသည်။

ရုတ်တရက် သူက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အားနည်းချက် တစ်ခုကို ဖော်ပြလိုက်သည်။ ချီလျဲ့က မြင်လိုက်ချိန်တွင် ရင်ထဲ ဝမ်းသာသွားပြီး လှံကို မြှောက်၍ လုံးဝ တုံ့ဆိုင်းခြင်း မရှိဘဲ ပစ်ပေါက်လိုက်၏။

ပရိသတ်များကြားမှ အံ့အားသင့်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လှံရှည်မှာ ကျန်းပြောင်၏ လက်ထဲ၌ တည်ငြိမ်စွာ အဖမ်းခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။

ဤလှံက အလွန် ရှည်လျားလှရာ ရှောင်တိမ်းရန် လွယ်ကူသလို ဖမ်းဆုပ်ရန်လည်း လွယ်ကူပေသည်။ ချီလျဲ့သာ အသိဉာဏ် မလွတ်သွားပါက ဤကဲ့သို့ နည်းဗျူဟာကို လုံးဝ အသုံးပြုမည် မဟုတ်ချေ။

ကျန်းပြောင်က လှံကို ဆုပ်ကိုင်ထားပြီး ဒူးပေါ်တွင် တင်ကာ ဒိုင်းခနဲ ချိုးပစ်လိုက်၏။ တုတ်ခိုင်လှသော လှံရှည်ကြီးမှာ နှစ်ပိုင်း ကျိုးသွားခဲ့ပြီး တစ်ပိုင်းကို မြေပြင်ပေါ်သို့ အလွယ်တကူ ပစ်ချလိုက်သည်။

သူက လှံထိပ်ဖျား ပါဝင်သော လှံတစ်ပိုင်းကို လက်တွင် ကိုင်ဆောင်ထားကာ ချီလျဲ့ကို ကြည့်ပြီး မထီမဲ့မြင်ပြုကာ ပြောလိုက်၏။ “နောက်ကျောကနေ ခိုးတိုက်တယ်ပေါ့။ မင်းက အရမ်းကို ယုတ်မာတာပဲ။”

ချီလျဲ့မှာ ယခုအခါ လက်ဗလာ ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ တိုက်စစ်နှင့် ခံစစ် ပြောင်းပြန် ဖြစ်သွားခဲ့သည်။

အစီအစဉ်မှူးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ခိုးတိုက်လိုက်ပြီ။ ဉာဏ်ရည်ပြိုင်ပွဲကနေ သိုင်းပြိုင်ပွဲ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီ။ ခြေလှမ်းတွေ အားနည်းလာတာကို မြင်လိုက်ရတော့ ချီလျဲ့က ရှက်ရမ်းရမ်းပြီး လှံရှည်ကို ပြတ်ပြတ်သားသား ပစ်ပေါက်လိုက်တာ ဖြစ်ပါတယ်။

သွေးဆာနေတဲ့ ကျန်းပြောင်ရဲ့ မထီမဲ့မြင်ပြုနေတဲ့ မျက်နှာကို ကြည့်ရင် အခုအချိန်မှာ နောက်ကျောကနေ ခိုးတိုက်တယ်ပေါ့ … မင်းက အရမ်း ယုတ်မာတာပဲ လို့ ပြောနေမှာ သေချာပါတယ်။ ဒါပေမဲ့ … ဒီပြိုင်ပွဲမှာ စည်းမျဉ်း ကန့်သတ်ချက် မရှိတဲ့အတွက် ဘယ်လို အခြေအနေမျိုးမဆို လက်ခံနိုင်စရာပါပဲ။ ချီလျဲ့က အရင် စတင် တိုက်ခိုက်လိုက်ပြီ ဆိုတော့ အခု သူတို့နှစ်ယောက် တရားဝင် ယှဉ်ပြိုင်ကြတော့မှာလား။”

ချီလျဲ့၏ နွားမျက်လုံးကြီးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့၏။ ငါက ယုတ်မာတယ်လား။ မင်းလို အရှက်မရှိတဲ့ ကောင်ကများ။

“ငါ မင်းကို သတ်မယ်။”

ရူးသွပ်မတတ် ဒေါသထွက်မှုအောက်တွင် ချီလျဲ့က မြေပြင်ပေါ်တွင် စိုက်ထားသည့် အနားရှိ ကျန်းပြောင်၏ ဓားပြားကြီးကို တိုက်ရိုက် ကောက်ကိုင်လိုက်သည်။

“အား…”

စူးရှသော အော်ဟစ်သံကြီးက ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။ သူ၏လက်က ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် မီးလောင်ဖု အကြီးကြီး အနည်းငယ် ထွက်လာခဲ့၏။

“အာ … ချီလျဲ့ရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ ပြာဖြစ်စေသူရဲ့ ဒဏ်ခတ်မှုကို ခံလိုက်ရတာ သိသာပါတယ်။ နတ်လက်နက် က သခင်ကို ရွေးချယ်တယ် ဆိုတဲ့အတိုင်းပဲ … ရှီမန်ချွီရွှဲ့က ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားတာပါ။ သွေးဆာနေတဲ့ ကျန်းပြောင်လို အစွမ်းထက် သိုင်းပညာရှင်ကလွဲရင် တခြား ဘယ်သူကမှ စိတ်တိုင်းကျ အသုံးပြုလို့ မရပါဘူး။ ကြည့်ရတာ ချီလျဲ့က ဗဟုသုတ မရှိတဲ့အတွက် အထိနာသွားတာ ဖြစ်ပုံရပါတယ်။”

ဖန်ကျန်းရီနှင့် အခြားသူများမှာ အခန်းထဲတွင် မြေပြင်ပေါ်၌ လိမ့်လုမတတ် ရယ်မောနေကြ၏။ ထိုဓားက ထူထဲလွန်း၍သာ တော်တော့သည်။ ယခုအချိန်အထိ ဤမျှလောက် မြင့်မားသော အပူချိန်ကို ထိန်းသိမ်း ထားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျန်းပြောင်က ဤမျှလောက် ကောက်ကျစ်ကာ ချီလျဲ့ကို ဓားအနီးသို့ တိုက်ရိုက် ဆွဲခေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ချီလျဲ့က မီးလောင်သွားသော ညာဘက်လက်ကို အုပ်ကိုင်ထားပြီး ကျန်းပြောင်ကို ရိုင်းစိုင်းစွာ စူးစိုက် ကြည့်နေသည်။

ကျန်းပြောင်က ပြုံးလိုက်ပြီး လက်ပေါ်ရှိ သမင်ရေ လက်အိတ်ကို ချွတ်လိုက်၏။ “လာလေ။ ကစားတာ လုံလောက်ပြီ။”

ချီလျဲ့က လက်သီးကို ဆုပ်လိုက်ရာ အရိုးဆစ်များမှ ဂျွတ်ခနဲ မြည်သံများ ထွက်ပေါ်လာသည်။ အသေးအဖွဲ မီးလောင်ဒဏ်ရာလေးက သူ့အတွက်တော့ မည်သည့် သက်ရောက်မှုမှ မရှိနိုင်ချေ။ သို့ပေမည့် ကျန်းပြောင်၏ လှည့်ကွက်များက အနည်းငယ် များပြားလွန်းနေသဖြင့် သူ၏ ရင်ထဲတွင် စတင်၍ သတိထားလာမိပြီ ဖြစ်၏။ ဤအကောင်က ခဏနေရင် ဘာလှည့်ကွက်သစ်တွေ ထပ်ထုတ်လာဦးမလဲ ဆိုတာ မသိနိုင်တော့ချေ။

သူ မလှုပ်ရှားသည်ကို မြင်လိုက်ချိန်တွင် ကျန်းပြောင်က လက်ညှိုးကို ကွေး၍ ခေါ်လိုက်သည်။

ချီလျဲ့မှာ ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ထပ်မံ မစဉ်းစားချင်တော့သလို တုံ့ဆိုင်းနေခြင်းလည်း မရှိတော့ဘဲ ကျန်းပြောင်ထံသို့ တိုက်ရိုက် ပြေးဝင်သွား၏။

လှံကို အရင် လုယူပြီးမှ နှလုံးတည့်တည့်ကို လက်သီးနဲ့ တစ်ချက်တည်း ထိုးချလိုက်မယ်။

“သူတို့နှစ်ယောက်က နောက်ဆုံးတော့ တရားဝင် စတင် ယှဉ်ပြိုင်ကြပါပြီ။ ချီလျဲ့က လှောင်ချိုင့်ထဲကနေ ထွက်လာတဲ့ ကျားရိုင်းတစ်ကောင်လို သွေးဆာနေတဲ့ ကျန်းပြောင်ဆီကို ပြေးဝင်သွားပါပြီ။ သွေးဆာနေတဲ့ ကျန်းပြောင်ကတော့ အခုအချိန်မှာ … ဟင် … သူ ကျောပေးလိုက်တာလား။ ဒါက ဘာသဘောလဲ။ စောစောက ဉာဏ်ရည်ပြိုင်ပွဲကို ဖြတ်သန်းပြီးနောက်မှာ ချီလျဲ့က သူ့ရဲ့ပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ထင်သွားတာ များလား။”

ချီလျဲ့မှာ မူလက အရှေ့သို့ အတင်း ပြေးဝင်နေရာမှ ရုတ်တရက် ဘရိတ်အုပ်လိုက်သကဲ့သို့ ချက်ချင်း ရပ်တန့်သွားပြီး ကျန်းပြောင်၏ ကျောပြင်ကို သံသယများ ပြည့်နှက်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။

မျက်နှာလွှဲသွားတာ ဘာကို ရည်ရွယ်တာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် လှည့်ကွက် တစ်ခုခုတော့ ရှိမှာပဲ။

ပွဲစတည်းက ယခုအချိန်အထိ မိမိမှာ အမြဲတမ်း အထိနာနေခဲ့ရရာ တစ်ဖက်လူကို လုံးဝ အထင်သေး၍ မရနိုင်ချေ။ ချီလျဲ့က ဟန်ရေးပြကာ စိုးရိမ်တကြီးဖြင့် ရှေ့သို့ တဖြည်းဖြည်း တိုးသွားတော့၏။

ပရိသတ်များ၏ စိတ်နှလုံးမှာလည်း နောက်တစ်ကြိမ် အထွတ်အထိပ်သို့ ရောက်ရှိသွားကြပြန်၏။ အစီအစဉ်မှူး ကလည်း ရှင်းလင်းချက်များကို ရပ်တန့်လိုက်ပြီး အသက်ရှူအောင့်ကာ သူတို့နှစ်ဦး ယှဉ်ပြိုင်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။

ကျန်းပြောင် ကတော့ အေးအေးဆေးဆေးပင် ရှိနေပြီး လုံးဝ ဂရုမစိုက်သည့် အခြေအနေမျိုး ဖြစ်နေသော်ငြား မျက်ထောင့်မှနေ၍ လှံထိပ်ဖျား၏ အလင်းပြန်မှုကို အမြဲတမ်း စောင့်ကြည့်နေသည်။ ချီလျဲ့မှာ သူ၏ အနားသို့ ခြေသုံးလှမ်းခန့် အကွာအဝေး အထိ ရောက်ရှိလာခဲ့ပြီး သူ လှုပ်ရှားမှု မရှိသေးသည်ကို မြင်လိုက်ချိန်တွင် ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် ကျန်းပြောင်က ရုတ်တရက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး တင်ပါးကို ကော့ကာ တောခွေး သဲယက်သည့် ဟန်ပန်ကို ပြုလုပ်လိုက်သည်။ လှုပ်ရှားမှု မြန်ဆန်လွန်းလှသဖြင့် လူအားလုံး၏ မျက်လုံးများပင် ပြာသွားရပြီး တစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း ကောင်းကင်ယံ တစ်ခုလုံး သဲမုန်တိုင်း ဖုံးလွှမ်း သွားသည်။

အစီအစဉ်မှူးက ချက်ချင်းပင် အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “သွေးဆာနေတဲ့ ကျန်းပြောင် လက်စွမ်းပြလိုက်ပါပြီ။ ဒါက မြေကြီးတုန်ခါ လက်ဝါးသိုင်းပါပဲ။ ဒီပြင်းထန်လှတဲ့ အတွင်းအားတွေက သဲမုန်တိုင်း ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခု အထဲမှာ အခြေအနေ ဘယ်လို ရှိနေလဲဆိုတာ ကျုပ်တို့ မသိရသေးပါဘူး။ သူတို့နှစ်ယောက် ပြန်ပေါ်လာတဲ့ အချိန်ကျရင် ဘယ်သူက အနိုင်ရမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။”

စစ်သူကြီးများ၏ အကြည့်များမှာ စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

သူက တကယ်ကို အရည်အချင်းရှိတဲ့ သူပဲ။ လျှို့ဝှက် တိုက်ကွက် မျိုးစုံနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတွေက တစ်ဖက်လူကို လုံးဝ အချုပ်အကိုင် ခံထားရစေတာမို့ ဒီတစ်ခေါက် နိုင်နိုင်ခြေ အရမ်းများသွားပြီပဲ။

နန်းတွင်းအမတ်များ ကတော့ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါနေကြသည်။ အရမ်းကို အရုပ်ဆိုးလွန်းတယ်။ တိုက်ခိုက်ပုံက အရမ်းကို အောက်တန်းကျလွန်းတာမို့ ကျင်းတိုင်းပြည် နိုင်သွားရင်တောင်မှ မျက်နှာပန်း လှမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအစီအစဉ်မှူး ကတော့ တကယ်ကို အရည်အချင်း ရှိတဲ့သူပဲ။ အမည်းကို အဖြူဖြစ်အောင် ပြောနိုင်တယ် ဆိုတော့ … ဒီအရှက်မရှိတဲ့ ပုံစံက ဖန်ကျန်းရီရဲ့ အငွေ့အသက်တွေ အပြည့် ပါနေတာပဲ။

သဲမုန်တိုင်း အတွင်းတွင် ချီလျဲ့မှာ မူလက ကျန်းပြောင်ကို မြေကြီးပေါ်သို့ တိုက်ရိုက် ဖိချကာ လည်ပင်းညှစ်သတ်ရန် ရည်ရွယ်ထားသော်ငြား အမွေးတစ်ပင်ကိုတောင် မထိလိုက်ရဘဲ မျက်နှာတစ်ခုလုံး သဲများဖြင့် ပက်ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။ မျက်လုံး၏ အနေမခက်မှုများကို အတင်းအဓမ္မ သည်းခံရင်းဖြင့် နောက်ဆုံးတွင်တော့ ကျန်းပြောင်ကို အောင်မြင်စွာ ဖမ်းမိသွားခဲ့၏။

ကျန်းပြောင်ကို ဖက်ထားလိုက်မိသော အခိုက်အတန့်တွင် ချီလျဲ့၏ မျက်နှာပေါ်၌ အောင်နိုင်သူ၏ အပြုံးများ ပေါ်လာခဲ့သည်။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် ကျန်းပြောင်က လက်မောင်းနှစ်ဖက်ကို အပေါ်သို့ ဆန့်ထုတ်လိုက်ရာ ဗြစ်ခနဲ အသံနှင့်အတူ လူက ချော်ထွက်သွားသည်။

“မင်းက သောက်ကျိုးနည်း ဆီတွေ လိမ်းထားတယ်ပေါ့။ ယုတ်မာလိုက်တာ။ ယုတ်မာလိုက်တဲ့ကောင်။”

ချီလျဲ့၏ ဆဲဆိုသံ မဆုံးမီမှာပင် ပေါင်ကြားမှ ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဆိုသည့် ဆက်တိုက် မြည်သံများကို ကြားလိုက်ရ၏။

ကျန်းပြောင်မှာ သွားဖြဲကာ လက်ကို ခါယမ်းရင်း နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရ၏။ ချီလျဲ့က သံကွင်းစွပ် ဘောင်းဘီကို ဝတ်ဆင်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ဘောင်းဘီက အလွန် ထူထဲလွန်းလှပသည်။ ကြည့်ရသည်မှာ မိမိ၏ အစွမ်းထက် ပညာရပ်က ထက်ဝက်ခန့် အသုံးမဝင် ဖြစ်သွားပြီ ထင်သည်။

“မင်းတစ်ယောက်တည်း ပြင်ဆင်ထားတယ်လို့ ထင်နေတာလား။ ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်မယ်။ အောက်တန်းစားကောင်။” ချီလျဲ့က ပြောပြီးနောက် ရှည်လျားလှသော ခြေတံကြီးဖြင့် ကန့်လန့်ဖြတ် ကန်ထည့်လိုက်၏။

ကျန်းပြောင်က နောက်သို့ ဆုတ်ကာ ရှောင်တိမ်းလိုက်ပြီးနောက် ရှေ့သို့ ပြေးဝင်သွားကာ လက်ထဲတွင် ဖွက်ထားသော သဲများနှင့် ထပ်မံ၍ ပက်လိုက်ပြန်၏။

ချီလျဲ့က အလိုအလျောက် ကာကွယ်လိုက်ရာ ကျန်းပြောင်က ထိုအခွင့်အရေးကို အသုံးချ၍ အမြင့်သို့ ခုန်တက်သွားပြီး လက်ချောင်းငါးချောင်းကို လက်သည်းပုံစံ ပြုလုပ်ကာ ချီလျဲ့၏ လည်ပင်းကို ကုတ်ဆွဲလိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ ပြင်းထန်လှသော နာကျင်မှုက လည်ပင်းမှနေ၍ ထွက်ပေါ်လာခဲ့သည်။ ချီလျဲ့က မျက်လုံးမှိတ်ထားလျက် ကန့်လန့်ဖြတ် ရိုက်ချလိုက်ပြီး ကျန်းပြောင်ကို နောက်ဆုတ်သွားစေခဲ့၏။

ထို့နောက် နီရဲရောင်ရမ်းနေသော မျက်လုံးများကို အတင်းအဓမ္မ ဖွင့်ကြည့်လိုက်သည်။ ကျန်းပြောင်၏ လက်ချောင်းများကို စူးစိုက်ကြည့်လိုက်ချိန်တွင် အကြည့်များက ရုတ်တရက် တင်းမာသွားပြီး အလွန်အမင်း ထိတ်လန့်သွားသည်။

သူ၏ လက်ချောင်းငါးချောင်းလုံးမှာ သွေးများဖြင့် နီရဲနေသည်ကို မြင်တွေ့လိုက်ရပြီး … လက်သည်းများကြားတွင် မိမိ၏ သွေးသားများပင် ပါလာသယောင် ရှိသည်။

ဒါပေမဲ့ ဘာလို့လဲ။ သူ့ လက်သည်းတွေက ဘာလို့ လွှသွားလို ပုံစံမျိုး ဖြစ်နေရတာလဲ။

All Chapters