အခန်း ၅၉
Vol. 6 Ch. 59
အပိုင်း (၅၉)
ဖိန်ကျိုးအုပ်ချုပ်ရေးမှူးချန်ဝေ့က ဝိန်းယွီအတွက် စီစဉ်ပေးခဲ့သော နေရာသည် အစိုးရရုံးတော်၏ အနောက်ဘက်ရှိ သီးသန့်ခြံဝင်းတစ်ခု ဖြစ်၏။
နဂိုမူလက မြို့ထဲရှိ သူဌေးကုန်သည်တစ်ဦး ပိုင်ဆိုင်သော်လည်း ထိုကုန်သည်က ရာဇဝတ်မှု ကျူးလွန်ခဲ့ပြီးနောက် မိသားစုပိုင်ဆိုင်မှုများ သိမ်းဆည်းခံရချိန်တွင် ဤအဆောက်အအုံသည်လည်း အသိမ်းခံလိုက်ရသည်။
အလွန်လှပခန့်ညားစွာ တည်ဆောက်ထားခြင်းနှင့် နောက်ဖေးလမ်းကြားတစ်ခုသာ ခြားပြီး အစိုးရရုံးတော်နှင့် နီးကပ်နေခြင်းတို့ကြောင့် အာဏာပိုင်များသည် သိမ်းဆည်းပြီးနောက် ၎င်းကို ပြန်လည်ရောင်းချခြင်း မပြုခဲ့ချေ။
၎င်းအစား နန်းတော်မှ စေလွှတ်သော တော်ဝင်သံတမန်များကို ဧည့်ခံရန်အတွက် ပြုပြင်မွမ်းမံထားခဲ့သည်။
ညမှောင်စပျိုးချိန်သို့ ရောက်ရှိလာချိန်တွင် ခြံဝင်းအတွင်း တန်းစီနေသော ကျောက်မီးအိမ်လေးများသည် တဖျတ်ဖျတ် လင်းလက်လာပြီး ၎င်းတို့၏ မှိုင်းပျပျ အလင်းရောင်သည် အမိုးစွန်းအောက်ရှိ မီးရောင်များနှင့် ရောယှက်သွားလေ၏။
ချန်ဝေ့က ဝိန်းယွီကို ပင်မခြံဝင်းဆီသို့ ဦးဆောင်ခေါ်သွားရင်း ရှင်းပြလိုက်သည်။ "ဒီအိမ်ရာမှာ ခြံဝင်း၅ခု ရှိတယ်။ ရှေ့က ခြံဝင်း ၂ခုမှာတော့ မင်းသမးရဲ့ ဖေစုန့်ကို ပြစ်တင်ရှုတ်ချတဲ့ စာနဲ့ အရည်အချင်းရှိသူတွေကို ခေါ်ယူတဲ့ စာကို ဖတ်ပြီး သစ္စာလာခံကြတဲ့ အရာရှိ တော်တော်များများ နေထိုင်နေကြပြီ။ နောက်က ခြံဝင်း ၃ ခုကတော့ အလွတ် ကျန်သေးတယ်။ မင်းသမီးက ပင်မခြံဝင်းမှာ နေလို့ရပြီး ဘေးက ခြံဝင်းတွေမှာတော့ မင်းသမီးရဲ့ အနီးကပ် အစေခံတွေ နေလို့ ရတယ်"
သူက စကားပြောရင်း ရှောင်းလိဘက်သို့ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်၏။
ရှောင်းလိသည် ဝိန်းယွီ၏ အနောက်မှ လိုက်ပါလာပြီး သူ့မျက်နှာအမူအရာက တည်ငြိမ်လို့နေသည်။
သူ၏ ထင်ရှားလှသော အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်အပြင် သူ့ကို ခန့်မှန်းရခက်စေသော တုန်လှုပ်မှုကင်းသည့် အမူအကျင့်တို့ ပေါင်းစပ်သွားသောအခါ ချန်ဝေ့နှင့် သူ့လူများကဲ့သို့ သတင်းအချက်အလက် မသိထားသူများသည် သူ့ကို ချန်လျန်ဝမ်အိမ်တော်မှ ဝိန်းယွီ ခေါ်ဆောင်လာသော ကိုယ်ရံတော်တစ်ဦးဟု ထင်မှတ်သွားစေသည်။
မြို့ထဲသို့ ဝင်ရောက်လာကတည်းက လီရွှင်နှင့် အခြားသူများသည် သူမ အဆင်ပြေစေရန်အတွက် ရှောင်းလိကို သူမ၏အနားသို့ ပြန်လည်တာဝန်ချထားပေးသည်ကို ဝိန်းယွီ သတိထားမိခဲ့သည်။
သူမသည် မူလက ရှောင်းလိကို ဖိန်ကျိုးစစ်စခန်းတွင် ရာထူးတစ်ခုရရန် ထောက်ခံပေးဖို့ ရည်ရွယ်ထားသော်လည်း ညဉ့်နက်လာပြီဖြစ်ကာ ဆွေးနွေးစရာ အရေးကြီးကိစ္စများစွာ ကျန်ရှိနေသေးသဖြင့် ထောက်ခံစာအကြောင်း ရုတ်တရက် ပြောရန် မသင့်တော်သလို ဖြစ်နေ၏။
ထို့အပြင် ချန်ဝေ့က အစီအစဉ်များ ချထားပြီးဖြစ်ရာ ဤအချိန်တွင် ရှောင်းလိကို နေရာပြောင်းရွှေ့ခြင်းက "လျစ်လျူရှုခြင်း" ဟူသော ရည်ရွယ်ချက်ကို သိသိသာသာ ပြသလိုက်သလို ဖြစ်သွားလိမ့်မည်။
သူမသည် သူတို့နှစ်ဦးကြားရှိ စည်းအချို့ကို ရှင်းလင်းစွာ သတ်မှတ်လိုရုံသာ ဖြစ်သည်။ သူမ၏ သဘောထားကို လက်အောက်ငယ်သားများက အထင်လွဲသွားပြီး ဖိန်ကျိုးမှ သူမ ထွက်ခွာသွားပြီးနောက် ရှောင်းလိကို ဖယ်ကြဉ်ခြင်း သို့မဟုတ် မတရားဆက်ဆံခြင်းများ ခံရမည်ဆိုပါက ၎င်းသည် သူမ လိုချင်သော ရလဒ် မဟုတ်ချေ။
သို့ဖြစ်၍ ဝိန်းယွီသည် ဘာမှ ထပ်မပြောတော့ဘဲ အစီအစဉ်ကို တိတ်ဆိတ်စွာ လက်ခံလိုက်၏။
စတုတ္ထအခြမ်းရှိ ပင်မခြံဝင်းသို့ ဝင်ရောက်ချိန်မှသာ သူမက မေးလိုက်လေသည်။ "လူကြီးမင်းလီနဲ့ အခြားသူတွေကလွဲရင် ချန်လျန်ဝမ်အိမ်တော်က တခြား ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေ ကျွန်မတို့ကို လာရှာကြသေးလား"
ချန်ဝေ့က ခေါင်းခါပြလိုက်သည်။ "လူကြီးမင်းလီရွှင်နဲ့ သူ့အဖွဲ့က ဖုန်းယန်ကနေ ပထမဆုံး လွတ်မြောက်လာသူတွေပဲ။ အတူလိုက်ပါလာတဲ့ စစ်သူကြီး တော်တော်များများနဲ့ အိမ်တော်က အသေခံစစ်သည်တွေက လိုက်လံဖမ်းဆီးသူတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားကြတယ်။ အဲ့ဒီနောက်မှာ ဖေစုန့်က ဖမ်းဆီးခံထားရတဲ့ အိမ်တော်က အကြံပေးအမတ်တွေနဲ့ စစ်သူကြီးတွေကို စောင့်ကြည့်တာ ပိုတင်းကြပ်လိုက်လို့ အရင် လက်အောက်ငယ်သားတွေ တစ်ယောက်မှ လွတ်မလာနိုင်တော့ဘူး"
အနောက်မှ လိုက်ပါလာသော လီရွှင်သည် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ထပ်မံပြောပြလေသည်။ "ရှီဇီဖေးမှာ သိုင်းပညာတတ်တဲ့ အမွှာ အစေခံမလေး နှစ်ယောက် ရှိတယ်။ ဖေစုန့်ရဲ့ လူယုတ်မာတွေက သခင်လေးကို မ,တင်ပြီး မြေကြီးနဲ့ ဆောင့်သတ်လိုက်တဲ့ အချိန်မှာ တစ်ယောက်က သခင်လေးကို ကာကွယ်ရင်း သေဆုံးသွားပြီး နောက်တစ်ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ရှီဇီဖေးက သူ့ကို ကျွန်တော်တို့နဲ့အတူ တောင်ပိုင်းကို လိုက်သွားပြီး မင်းသမီးကို ရှာဖို့ မှာကြားလိုက်တယ်..."
ဝိန်းယွီသည် ချက်ချင်းပင် အကြည့်ကို လွှဲလိုက်၏။ "ရှင်က ကျောင်းပိုင်နဲ့ ချန့်ယဲ့ကို ပြောတာလား"
လီရွှင်က အလျင်အမြန် အတည်ပြုလိုက်သည်။ "ဟုတ်ပါတယ်... ဟုတ်ပါတယ်။ ဖိန်ကျိုးကို ကျွန်တော်တို့နဲ့အတူ လိုက်လာတာက မိန်းကလေးကျောင်းပိုင်ပါ။ ဒါပေမယ့် သူက ဖုန်းယန်မှာကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တာ။ တောင်ပိုင်းကို လာတဲ့ ခရီးစဉ်မှာ ကျွန်တော်တို့က လိုက်ဖမ်းတဲ့သူတွေနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရလို့ မိန်းကလေးကျောင်းပိုင်က ကျွန်တော်တို့ကို ကာကွယ်ရင်း ဒဏ်ရာတွေ ထပ်ရသွားတယ်။ သူက ဖိန်ကျိုးမှာ အဲ့ဒီကတည်းက အနားယူကုသနေရပြီး အခုထိ မသက်သာသေးလို့ မင်းသမီးကို ရှင်းကျိုးမှာ လာရှာတဲ့အခါ ကျွန်တော်နဲ့အတူ မလိုက်လာနိုင်ခဲ့တာပါ"
ဝိန်းယွီသည် ခဏလောက် အလေးအနက် စဉ်းစားသွားပုံပေါ်ပြီးနောက် ပြောလိုက်၏။ "သူ့ကို ကျွန်မ ခြံဝင်းဆီ ခေါ်လာခဲ့ပါ။ ခဏနေရင် သူ့ကို တွေ့မယ်"
ချန်ဝေ့က သိရှိကြောင်း ဦးညွှတ်လိုက်သည်။
ပင်မခြံဝင်းအတွင်းရှိ အရာအားလုံးကို ချန်ဝေ့က သေသေချာချာ စီစဉ်ပေးထားပြီး ထိုနေရာတွင် တာဝန်ချထားသော အစေခံများသည်လည်း အသိဉာဏ်ရှိကာ လိမ္မာပါးနပ်ကြသည်။ ဝိန်းယွီသည် နောက်လိုက်အနည်းငယ်သာ ခေါ်ဆောင်လာသဖြင့် ရှေ့နှင့်နောက်ရှိ အပိုခြံဝင်းများကို ယူသုံးရန် မလိုအပ်ချေ။
ချန်ဝေ့က သူမကို ပင်မခြံဝင်းသို့ လိုက်ပို့ပြီးနောက် အရင်ပြန်ထွက်သွား၏။ ကျန်ရှိနေသော အစေခံများအားလုံးမှာ ဝိန်းယွီ၏ ကိုယ်ပိုင်လူများဖြစ်ရာ သူမ စိတ်ကြိုက် နေရာချထားပေးနိုင်သည်။
ဝိန်းယွီ၏ အကြည့်က ပင်မခြံဝင်းအတွင်း ခေါင်းငုံ့ကာ တန်းစီရပ်နေကြသော အစေခံမလေးများအပေါ်သို့ ဝေ့ဝဲသွားသည်။ သူမက ရှောင်းလိကို ပြောလိုက်လေသည်။ "ရှင် ဒီခြံဝင်းရဲ့ အရှေ့ဘက်ဆောင်မှာ ယာယီ နေနိုင်ပါတယ်"
ရှောင်းလိသည် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ဝိန်းယွီကို ကြည့်လိုက်သော်လည်း သူမသည် အစေခံမလေးများ ဝန်းရံလျက် ပင်မအခန်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ သူမ၏ တိမ်တိုက်သဖွယ် ဆံထုံးမြင့်မြင့်နှင့် မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲနေသော ဝတ်ရုံအနားသတ်တို့ကိုသာ ကြည့်နေခဲ့ရတော့သည်။
ရှောင်းလိသည် ထိုထွက်ခွာသွားသော ကျောပြင်ကို ခဏ စိုက်ကြည့်နေပြီးမှ ဝိန်းယွီ ချထားပေးသော အခန်းသို့ ပြန်သွားလေသည်။
ရေချိုးခန်းအတွင်းရှိ ရေချိုးစည်ပိုင်း တစ်ဝိုက်တွင် ခြောက်ချပ်ဆက် ကန့်လန့်ကာပါး တစ်ခုက သီးသန့် နေရာလေးတစ်ခုကို ကန့်ထားပေးပြီး ကန့်လန့်ကာပေါ်တွင် ရိုးရှင်းသော ပိုးသားအိပ်ရာဝင် ဝတ်ရုံများကို လွှမ်းတင်ထား၏။
ရေချိုးစည်ပိုင်းမှ ထွက်ပေါ်နေသော အခိုးအငွေ့များသည် ဝိန်းယွီ၏ နားထင်စပ်ရှိ ဆံနွယ်များကို အနည်းငယ် စိုစွတ်သွားစေသည်။ သူမက ရေစက်များ ကျဆင်းနေသော နှင်းကဲ့သို့ ဖြူဖွေးသည့် လက်မောင်းကို မြှောက်လိုက်ပြီး လက်ချောင်းထိပ်များဖြင့် နားထင်ကို ဖိကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ခေါင်းသည် ပြင်းထန်စွာ ကိုက်ခဲနေပြီး နာတာရှည် ခေါင်းကိုက်ရောဂါ ပြန်ဖြစ်လာသယောင်ပင်။
နှစ်ရက်ဆက်တိုက် ခရီးသွားပြီးနောက် ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း စိတ်ထဲရှိ တင်းမာမှုများက အလွန် တင်းကြပ်နေသဖြင့် အိပ်စက်ရန် နေရာမကျန်တော့ချေ။
ဖိန်ကျိုးမြို့ထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ဖိအားများသည် အမြဲရှိနေသော ပိုက်ကွန်တစ်ခုနှယ် သူမကို လွှမ်းခြုံထားတော့သည်။
ယခုမှစ၍ သူမသည် မှောင်ရိပ်ထဲမှ လှုပ်ရှားနေတော့မည် မဟုတ်ဘဲ လူတိုင်း၏ အမြင်တွင် ထင်ရှားစွာ ရှိနေလိမ့်မည်။
သစ္စာလာခံကြသော အရာရှိများအကြားတွင် သစ္စာရှိသော လက်အောက်ခံများ သေချာပေါက် ရှိနေမည် ဖြစ်သော်လည်း ယိမ်းယိုင်နေသူများ သို့မဟုတ် အခြားသူများက သူလျှိုအဖြစ် စေလွှတ်လိုက်သူများလည်း သေချာပေါက် ရှိနေလိမ့်မည်။
လက်ရှိတွင် သူမသည် ထိုလူများအနက် မည်သူ့ကို ယုံကြည်ရပြီး မည်သူ့ကို မယုံကြည်ရမည်ကို မဆုံးဖြတ်နိုင်သေးချေ။ ဤသည်မှာ သူမ၏ မသိမသာ စိုးရိမ်ပူပန်မှုများ၏ အရင်းအမြစ်ပင်။
စောစောက ဖိန်ကျိုးတွင် မင်းသားအိမ်တော်မှ အခြား ယုံကြည်ရသော လက်အောက်ငယ်သားများ ရှိမရှိ ချန်ဝေ့ကို မေးခဲ့ခြင်းမှာ သူမ အသုံးချနိုင်မည့် သူများကို အမြန်ဆုံး စုစည်းလိုသောကြောင့် ဖြစ်၏။
ထို့အပြင် ခရီးစဉ်အစတွင် သူမ၏ ယုံကြည်ရသော လက်ထောက်များနှင့် ကွဲကွာသွားကတည်းက သူမသည် သူတို့ကို ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
ယုံချန်တွင် သူမသည် ပန်းထိုးလက်ကိုင်ပဝါများနှင့် အဝတ်အစား ပုံစံများကို အသုံးပြုကာ သတင်းစကားပါးရန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် လူကြီးမင်းကျိုး၏ အကူအညီကို ရရှိပြီးနောက် တောင်ပိုင်းသို့ သူမ၏ ခရီးစဉ်ကို မစီစဉ်မီ သူမ၏ ယုံကြည်ရသော နောက်လိုက်များကို ဆက်သွယ်ရန် သူက ကူညီပေးခဲ့သော်လည်း မည်သည့် သတင်းမှ ပြန်မရခဲ့ချေ။
ရှင်းကျိုးသို့ ရောက်သောအခါ ကျောက်ယိုချိုက်နှင့် အခြားသူများကို မင်းသားအိမ်တော်၏ လျှို့ဝှက်အမှတ်အသားအား လူသစ်စုဆောင်းရန် စစ်တပ်အလံအဖြစ် အသုံးပြုခိုင်းခြင်းသည် တကယ်တော့ စွန့်စားမှုတစ်ခု ဖြစ်လေသည်။
ဖေစုန့်၏ ခွေးရူးများ လိုက်လံဖမ်းဆီးခြင်းကို ခံရသော်ငြား သူမနှင့် ရှောင်းလိတို့က ရှင်းကျိုးသို့ ရောက်ရှိနိုင်ခဲ့လျှင်၊ မင်းသားအိမ်တော်မှ အခြားသော နောက်လိုက်ဟောင်းများသာ ဖိန်ကျိုးသို့ လာနေခဲ့လျှင်၊ သူတို့ မရောက်သေးလျှင်တောင် အနီးအနားတွင် ရှိနေသင့်သည်ဟု သူမက ဆင်ခြင်ခဲ့သည်။
မမျှော်လင့်ဘဲ စစ်တပ်အလံပေါ်ရှိ လျှို့ဝှက်အမှတ်အသားသည် သူမနှင့် ကွဲကွာသွားသော ယုံကြည်ရသည့် နောက်လိုက်များကို မဟုတ်ဘဲ ဖုန်းယန်မှ ထွက်ပြေးလာသော အကြံပေးအမတ်များကိုသာ ဆွဲဆောင်နိုင်ခဲ့၏။
စိတ်အနှောင့်အယှက်ဖြစ်ဖွယ် သံသယတစ်ခု သူမ၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသဖြင့် ဝိန်းယွီ၏ လက်ချောင်းများသည် နားထင်တွင် ရပ်တန့်သွားသည်။ ငါနဲ့အတူ နန်ချန်ကို အစပိုင်းကတည်းက လိုက်လာတဲ့ ယုံကြည်ရတဲ့ နောက်လိုက်တွေ အားလုံးများ ဒုက္ခရောက်သွားကြပြီလား...
သူမ၏ အကြည့်များသည် စူးရှသွားပြီး သူမ၏ နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် စေ့ထားလိုက်လေသည်။
သူမသည် ရေချိုးစည်ပိုင်းထဲမှ ရေတစ်ဆုပ်ကို ခပ်ယူကာ မျက်နှာပေါ်သို့ ပက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်၏။
အပေါ်ယံတွင် အရာအားလုံးက အဆင်ပြေနေသယောင် ရှိသော်လည်း ဤအချိန်သည် ဖိန်ကျိုးရှိ နောက်ကွယ်က အခြေအနေများမှာ အကြမ်းတမ်းဆုံး အချိန်ပင် ဖြစ်သည်။
အကြောင်းမှာ နန်ချန်နှင့် မဟာမိတ်ပြုလုပ်ပြီးသွားသည်နှင့် ဖိန်ကျိုးတွင် အင်အားကြီးမားသော ကျောထောက်နောက်ခံ ပြန်ရလာမည်ဖြစ်ပြီး ဖေစုန့် သို့မဟုတ် ဝေ့ချီရှန်းတို့က လွှမ်းမိုးနိုင်သော ထင်ရှားသည့် မိသားစုများသည် နောက်ထပ် ပြဿနာရှာရန် ရဲတော့မည် မဟုတ်ချေ။
မဟာမိတ်မဖွဲ့မီ သူမသာ လုပ်ကြံခံရလျှင်၊ အလားတူ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရလျှင် ၎င်းသည် ဖိန်ကျိုးကို လုံးဝ မတည်မငြိမ်ဖြစ်စေရန် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။
ဝိန်းယွီသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။
အပေါ်ယံတွင် ငြိမ်သက်နေလေလေ သူမအတွက် ပိုပြီး သတိရှိရန် လိုအပ်လေလေပင်။
ယခုအချိန်တွင် သူမ လုံးဝ ယုံကြည်နိုင်သော ယုံကြည်ရသည့် နောက်လိုက် အနည်းငယ်သာ ရှိပြီး ထိုသူများမှာ သူမ၏ ကျောပြင်ကို မည်သည့် ကာကွယ်မှုမှ မပါဘဲ အမှန်တကယ် အပ်နှံထားနိုင်သူများ ဖြစ်သည်။ ရှောင်းလိ၏ မျက်နှာသည် သူမ၏ စိတ်ထဲတွင် မသိစိတ်ကအလိုလို ပေါ်လာသောအခါ သူမသည် အလွန် လန့်သွားပြီး မျက်လုံးများ ချက်ချင်း ပွင့်လာတော့၏။
ငါ ဘယ်အချိန်ကတည်းက သူ့ကို ဒီလောက်အထိ မသိစိတ်ကနေ ယုံကြည်ပြီး အားကိုးလာမိတာလဲ...
ဖိန်ကျိုးတွင် သူ့ကို သေချာ နေရာချထားပေးရန် သူမက အစီအစဉ်များ ပြုလုပ်ထားပြီး ဖြစ်သော်လည်း သူမ၏ စိတ်ထဲတွင် အရည်အချင်းရှိသူများကို ရှာဖွေလိုက်ချိန်၌ သူမ ပထမဆုံး တွေးမိသူမှာ သူသာ ဖြစ်နေဆဲပင်။
ဤအခိုက်အတန့်တွင် ဝိန်းယွီသည် ရုတ်တရက် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသလို ခံစားလိုက်ရသည်။
၎င်းသည် သူမကိုယ်တိုင်ပင် သတိမထားမိခဲ့သော အကျင့်တစ်ခု ဖြစ်သည်။
ရေချိုးခန်း အပြင်ဘက်မှ အစေခံမလေး၏ ရိုသေလေးစားသော အသံ ထွက်ပေါ်လာလေသည်။ "မင်းသမီး... မိန်းကလေးကျောင်းပိုင် ရောက်နေပါတယ်"
ဝိန်းယွီသည် ရေအသံများကြားမှ မတ်တတ်ရပ်ကာ ကိုယ့်ကိုယ်ကိုယ် အားယူ တည်ငြိမ်အောင် လုပ်လိုက်၏။ "သူ့ကို ခဏစောင့်ခိုင်းလိုက်ပါ။ ကျွန်မ အခုပဲ ထွက်လာခဲ့မယ်"
ကျောင်းပိုင်သည် သူမ၏ ကိုယ်ပိုင်လူများထဲမှ တစ်ဦး ဖြစ်သည်။ သူမသည် အလွန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး သူမ၏ အနည်းငယ် စိုစွတ်နေသော မည်းနက်သည့် ဆံနွယ်များကို ချထားသည်ကို ဝိန်းယွီ သတိထားမိလိုက်သည်။
သို့သော် ကျောင်းပိုင်သည် မင်းသားအိမ်တော်တွင် ရှိစဉ်ကလိုပင် စည်းကမ်းတကျ ရှိနေဆဲဖြစ်ပြီး အနက်ရောင် သံချပ်ကာမြားအင်္ကျီလက်များပါသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာသည် နူးညံ့သိမ်မွေ့သော်လည်း သူမ၏ မျက်လုံးများသည် ဓားအိမ်မှ ဆွဲထုတ်ထားသော ဓားများနှယ် စူးရှနေပြီး အခြားသူများကို ခပ်တန်းတန်း ဖြစ်နေစေသည့် အေးတိအေးစက် နေတတ်မှုမျိုး ပါရှိနေ၏။
ဝိန်းယွီ အတွင်းခန်းမှ ထွက်လာသောအခါ ကျောင်းပိုင်သည် လက်နှစ်ဖက်ကို ယှက်လျက် ဦးညွှတ်ကာ တရားဝင် အရိုအသေပေးလိုက်ပြီး သူမ၏ မျက်လုံးထဲရှိ ခပ်ရေးရေး နီရဲနေမှုကို ဖုံးကွယ်ရန်အတွက် အကြည့်ကို အောက်သို့ ချထားလိုက်သည်။ "ကျောင်းပိုင် မင်းသမီးကို အရိုအသေ ပေးပါတယ်"
ကျောင်းပိုင်၏ မျက်နှာပေါ်ရှိ နာမကျန်းဖြစ်နေသော ဖြူဖပ်ဖြူရော် အသွင်ကို မြင်လိုက်ရသဖြင့် လီရွှင် ပြောခဲ့သော ဒဏ်ရာဟောင်းကြောင့် ဖြစ်ရမည်ကို ဝိန်းယွီ သိလိုက်သည်။
သူမက ကျောင်းပိုင်ကို ထိုင်ရန် လက်ဟန်ပြလိုက်၏။ "ရှင် ဒဏ်ရာရထားတာ။ အကြာကြီး ရပ်မနေနဲ့။ ထိုင်ပြီးမှ ပြောပါ"
ကျောင်းပိုင်သည် ထိုင်ရန် ငြင်းဆန်လိုက်သည်။ "စည်းကမ်းတွေကို လျစ်လျူရှုလို့ မဖြစ်ပါဘူး။ မင်းသမီးကို ရှာတွေ့ပြီးရင် အခုကစပြီး မင်းသမီး အနားမှာ ခစားရမယ်လို့ ရှီဇီဖေးက ကျွန်မကို မှာကြားခဲ့ပါတယ်။ ဒါကြောင့် အခုကစပြီး မင်းသမီးက ကျွန်မရဲ့ သခင်ပါပဲ"
ဤအေးစက်ပြီး ခေါင်းမာသော သဘာဝသည် ဝိန်းယွီ မှတ်မိနေသည်နှင့် တထပ်တည်းပင်။
ကျောင်းပိုင်နှင့် သူမ၏ အမွှာညီမ ချန့်ယဲ့တို့ နှစ်ဦးစလုံးသည် ဝမ်ရယ်ဖြစ်သော ဝိန်းယွီ၏ အဖေက မွေးစားခဲ့သည့် စစ်သည်မိသားစုများမှ မိဘမဲ့ ကလေးများ ဖြစ်ကြသည်။ သူတို့၏ ထူးခြားသော အရည်အချင်းကြောင့် ညီအစ်မ နှစ်ဦးသည် အိမ်တော်၏ အရိပ်သက်တော်စောင့် ရွေးချယ်ပွဲကို အောင်မြင်ခဲ့ပြီး ဝိန်းယွီ၏ အစ်ကိုဖြစ်သူ လက်ထပ်ပြီးနောက် သူ၏ ဇနီးဖြစ်သူ ကျန်းယီချူးအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အတိတ်က ဝိန်းယွီသည် သူမ၏ တူ၊ တူမများကို ကြည့်ရန် သူမ၏ အစ်ကိုနှင့် ယောက်မတို့၏ ခြံဝင်းသို့ အလည်သွားတိုင်း ချန့်ယဲ့က အမြဲလိုလို စကားများနေတတ်ပြီး ကျောင်းပိုင်ကတော့ အမြဲတမ်း တိတ်ဆိတ်နေတတ်သည်။ သို့တိုင် ဝိန်းယွီ၏ အဖေနှင့် အမေတို့ပင်လျှင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သူမကို အကြွင်းမဲ့ ယုံကြည်ခဲ့ကြသည်။
ထိုစဉ်က ဝိန်းယွီတွင်လည်း သူမ၏ ကိုယ်ပိုင် သိုင်းပညာရှင် အစေခံမလေး နှစ်ဦး ရှိခဲ့သည်။ သူမက ဆော့ကစားချင်စိတ် ဖြစ်လာသောအခါ ကြက်တောင်ရိုက်ကစားရန် သူတို့ကို မကြာခဏ ဆွဲခေါ်လေ့ရှိသည်။ အကယ်၍ ကြက်တောင်က ခေါင်မိုးပေါ်သို့ ကျသွားပါက သိုင်းပညာရှင် အစေခံမလေးများသည် ၎င်းတို့၏ ပေါ့ပါးသော ကိုယ်ခံပညာစွမ်းရည်ကို အသုံးပြုကာ အပေါ်သို့ ခုန်တက်ပြီး သူမအတွက် ပြန်ယူပေးတတ်ကြသည်။
တစ်ခါတစ်ရံတွင် ချန့်ယဲ့သည်လည်း သူတို့နှင့်အတူ ကစားရန် အသည်းတယားယား ဖြစ်နေတတ်သော်လည်း ကျောင်းပိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သိုင်းပညာရှင် အစေခံမလေးများသည် ကြောင်ကို မြင်သော ကြွက်များနှယ် ချက်ချင်းပင် မတ်မတ်ရပ်ကာ သေသပ်သွားကြတော့သည်။
ဝိန်းယွီ၏ အဖေသည် ဤမြင်ကွင်းကို အကြိမ်အနည်းငယ် မြင်တွေ့ခဲ့ရပြီး တစ်ကြိမ်တွင် မဲ့ပြုံးပြုံးကာ ခေါင်းခါလျက် အိမ်တော်တွင် ကျောင်းပိုင်ကို ရိုးရိုး သိုင်းပညာရှင် အစေခံမလေးတစ်ဦး အဖြစ်သာ ခစားခိုင်းခြင်းက သူမ၏ အရည်အချင်းကို အနည်းငယ် ဖြုန်းတီးပစ်ရာ ကျကြောင်း သူမ၏ အစ်ကိုဖြစ်သူကို ပြောခဲ့ဖူးသည်။
နန်းတွင်းတွင် အမျိုးသမီး စစ်သူကြီးများ မရှားပါးလှဘဲ နောက်ပိုင်းတွင် သူမ၏ အစ်ကိုက ကျောင်းပိုင်ကို စစ်ဘက်ဆိုင်ရာ ရာထူးတစ်ခုအတွက် ထောက်ခံပေးရန် စဉ်းစားခဲ့သည်ဟု ဆိုကြသည်။ သို့သော် ကျောင်းပိုင် ကိုယ်တိုင်က သူမ၏ သခင်မဘေးတွင်သာ သစ္စာရှိစွာ နေလိုကြောင်း ပြောဆိုကာ ဆန္ဒမရှိခဲ့ချေ။
ထို့အပြင် သူမ၏ ယောက်မသည်လည်း ကျောင်းပိုင်နှင့် ချန့်ယဲ့တို့အပေါ် အလွန် ကြင်နာစွာ ဆက်ဆံခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ဤအတိတ်က အဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိသောအခါ ဝိန်းယွီသည် ဝမ်းနည်းမှု တစ်ချက်ကို ခံစားလိုက်ရပြီး မေးလိုက်၏။ "ကျွန်မ ယောက်မရော နေကောင်းရဲ့လား"
ကျောင်းပိုင်က ပြန်ဖြေလေသည်။ "လူကြီးမင်းလီတို့နဲ့အတူ ကျွန်မ တောင်ပိုင်းကို ခရီးထွက်လာချိန်မှာ ရှီဇီဖေးနဲ့ သခင်လေးတို့က လန်ရှင်းနန်းဆောင်ထဲမှာ အကျယ်ချုပ် ချခံထားရပါပြီ။ ရှီဇီဖေးကို တွေ့ဖို့ ညဘက် ခိုးဝင်သွားတဲ့အခါ သူက မင်းသမီးကို ရှာတွေ့ရင် သူ့အတွက်နဲ့ သခင်လေးတို့အတွက် စိတ်မပူဖို့ မင်းသမီးကို ပြောပေးပါလို့ မှာကြားခဲ့ပါတယ်။ သူက ကာကွယ်ပေးထားပါလိမ့်မယ်။ နန်ချန်ကို သွားတဲ့ ခရီးက အန္တရာယ်များတဲ့ တောင်တန်းတွေကြားမှာ မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး နေရာတိုင်းမှာ အန္တရာယ်တွေ ကင်းပုန်းဝပ်နေတာပါ။ မင်းသမီးပဲ ပိုပြီး ဂရုစိုက်ရမှာပါ"
ဝိန်းယွီ၏ မျက်လုံးများသည် မှေးမှိန်သွားပြီး ဝမ်းနည်းမှု အရိပ်အယောင်တစ်ခုကို ဖော်ပြနေလေသည်။ "ယောက်မ..."
ကျောင်းပိုင်သည် ဝိန်းယွီ၏ မျက်နှာဘေးတိုက်မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ အကြည့်ကို အောက်ချကာ ဆက်ပြောလေသည်။ "ဖိန်ကျိုးကို ရောက်ပြီးတဲ့နောက် တောင်ပိုင်းကို မထွက်လာခင် ကျွန်မတို့ ကြိုတင်စီစဉ်ထားတဲ့ အဆက်အသွယ် နည်းလမ်းကို သုံးပြီး ရှီဇီဖေးဆီကို စာတစ်စောင် ပို့ခဲ့ပါတယ်။ မကြာခင်ကပဲ စာပြန်ရခဲ့တယ်။ ဖေစုန့်ရဲ့ မူလဇာစ်မြစ်က ထူးဆန်းနေပုံရတယ်လို့ ရှီဇီဖေးက ပြောတယ်။ ဒါပေမယ့် သူက တကယ်တမ်း ဘယ်သူ ဆိုတာကိုတော့ သူ ရှာမတွေ့သေးဘူးတဲ့"
ကျန်းယီချူးကလည်း ဖေစုန့်၏နောက်ခံမှ ထူးခြားချက်များကို သတိထားမိလိမ့်မည်ဟု ဝိန်းယွီ မမျှော်လင့်ထားခဲ့ချေ။ သူမက ပြန်ပြောလိုက်၏။ "ဖေစုန့်ရဲ့ တကယ့် မူလဇာစ်မြစ်နဲ့ ပတ်သက်ပြီး ကျွန်မ ထုန်ချန်ကို ဖြတ်သွားတုန်းက ဖုန်းမိသားစုရဲ့ သမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ဆီကနေ အဲ့ဒါက ချင်မိသားစုနဲ့ ပတ်သက်နေနိုင်တယ်လို့ ကျွန်မ သိခဲ့ရတယ်။ ဒါပေမယ့် ချင်မျိုးရိုးရှိတဲ့ နန်းတွင်း အရာရှိတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အသိက အကန့်အသတ်ရှိသလို အဲ့ဒီအချိန်က ခရီးအလျင်လိုနေတာကြောင့် ထပ်ပြီး စုံစမ်းဖို့ မလုပ်နိုင်ခဲ့ဘူး။ အခု ကျွန်မတို့ လုံခြုံသွားပြီဆိုတော့ အဲ့ဒါကို စုံစမ်းဖို့ လူတစ်ယောက် စီစဉ်လိုက်မယ်။ ကျွန်မ ယောက်မက ကျားသိုက်ထဲ ရောက်နေတာဆိုတော့ စွန့်စားမှုတွေ မလုပ်ဖို့ သူ့ကို ပြောလိုက်ပါ။ သူ့ရဲ့ အဓိက ဦးစားပေးက သူ့ကိုယ်သူနဲ့ အားယင်းလေးကို ကာကွယ်ဖို့ပဲ။ ကျွန်မ သူတို့ နှစ်ယောက်လုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ့မယ်"
စောစောက ဝိန်းယွီ၏ အနီးတွင် မင်းသားအိမ်တော်မှ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို မတွေ့ခဲ့ရသည်ကို ပြန်လည်သတိရမိသဖြင့် ကျောင်းပိုင်က မှတ်ချက်ပြုလေသည်။ "အုပ်စု အမျိုးမျိုးက ဖိန်ကျိုးကို သူတို့ရဲ့ ခြေတံလက်တံတွေ ဆန့်တန်းထားကြပါတယ်။ ဒီနေရာမှာ မင်းသမီးက သတိထားနေဖို့ လိုပါတယ်"
ဝိန်းယွီက သူမကို ကြည့်လိုက်သည်။ "ကျွန်မ ဒီနေ့ ရှင့်ကို ခေါ်လိုက်တာ နောက်ထပ် မေးစရာ တစ်ခု ရှိလို့ပဲ"
"ရှင်က အိမ်တော်ရဲ့ အကြံပေးအမတ် တော်တော်များများကို တောင်ပိုင်းကို လိုက်ပို့ပေးခဲ့ပြီး ဖိန်ကျိုးမှာ သူတို့နဲ့ အချိန်ဖြုန်းခဲ့တယ်လေ။ သူတို့တွေက ဘယ်လိုလူတွေလဲ"
ဝိန်းယွီ၏ ရည်ရွယ်ချက်ကို ကျောင်းပိုင်က ချက်ချင်း သဘောပေါက်သွား၏။ "အကြံပေးအမတ်တွေက တစ်ယောက်နဲ့ တစ်ယောက် စိတ်နေသဘောထားတွေ မတူကြပါဘူး။ ကျွန်မ ခြုံမပြောရဲဘူး။ ဒါပေမယ့် လူကြီးမင်းလီရွှင်၊ လူကြီးမင်းလီယောင်... ပြီးတော့ ဖန်ကျိကျုံး၊ လျိုချုံးနဲ့ ဟယ်ခွမ်းတို့ကတော့ တုန်လှုပ်မှုမရှိတဲ့ သမာသမတ်ကျသူတွေပါ။ တချို့က ဝမ်ရယ်နဲ့ ရှီဇီတို့ သေဆုံးသွားလို့ ပြင်းပြင်းထန်ထန် ဖျားနာခဲ့ကြပြီး တချို့ကတော့ ကျွန်မတို့ ထွက်ပြေးနေစဉ်မှာ လိုက်ဖမ်းသူတွေကို ရှောင်ရှားဖို့ အယောင်ပြအဖြစ် လုပ်ပေးခဲ့ကြတယ်။ သူတို့က အိမ်တော်အပေါ် အကြွင်းမဲ့ သစ္စာရှိပြီး အခု မင်းသမီး အနေနဲ့ အားကိုးလို့ ရတယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
ဝိန်းယွီက ခေါင်းသဘောတူလိုက်သည်။ "မနက်ဖြန်ကျရင် ရှင်ပြောတဲ့ အရာရှိတွေကို ကျွန်မ သေချာ တွေ့မယ်။ ညဉ့်နက်နေပြီဆိုတော့ သွားအနားယူတော့လေ။ ရှင့်အရင် နေတဲ့နေရာကို ပြန်သွားစရာ မလိုပါဘူး။ ဒီခြံဝင်းမှာပဲ နေလိုက်ပါ"
ဝိန်းယွီ၏ စီစဉ်မှု နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို ကျောင်းပိုင်က နားလည်သွားသည်။
ဝိန်းယွီက သူမ၏အခန်းသို့ လမ်းပြရန် အစေခံမလေး တစ်ဦးကို ခေါ်လိုက်သောအခါ ဝိန်းယွီတွင် ခစားမည့် ကိုယ်ပိုင်အစေခံမလေး မရှိသယောင် ဖြစ်နေသည်ကို ကျောင်းပိုင် အံ့အားသင့်စွာ သတိပြုမိသွား၏။ သူမက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။ "မင်းသမီးကို ခစားတဲ့သူတွေက ဘယ်မှာလဲ"
လမ်းပြပေးသော အစေခံမလေးက ရိုသေစွာ ပြန်ဖြေလေသည်။ "ကိုယ်ရံတော် တစ်ယောက်ကလွဲရင် မင်းသမီးက ဒီမှာနေဖို့ ဘယ်သူ့ကိုမှ မခေါ်လာပါဘူး"
ကျောင်းပိုင်သည် လမ်းလျှောက်နေရင်း ရပ်တန့်သွားသော်လည်း ပြန်လည် တွေးတောမိသည်။ သူမနှင့် အိမ်တော်၏ အကြံပေးအမတ်များသည် ထွက်ပြေးစဉ်အတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရသော်လည်း ဝိန်းယွီ၏ ခရီးစဉ်က ပိုအန္တရာယ်များပြားနေမည်မှာ သေချာသည်။ သူမက အစေခံ အခြွေအရံတွေနဲ့ ဘယ်လိုလုပ် ခရီးသွားနိုင်မှာလဲ...
ဒါပေမယ့် မင်းသမီး ဘေးက ကိုယ်ရံတော်... ဘာလို့ မင်းသမီးက သူတို့အကြောင်း စောစောက မပြောခဲ့တာလဲ...
ထိုကိုယ်ရံတော်သည်လည်း အိမ်တော်မှ ဖြစ်ရမည်ဟု ကျောင်းပိုင်က အလိုအလျောက် ယူဆလိုက်၏။ ထိုသို့ဆိုလျှင် သူတို့က သူမကို မှတ်မိသင့်သည်။ လမ်းတစ်လျှောက် ဝိန်းယွီ၏ အတွေ့အကြုံများနှင့် ပတ်သက်ပြီး ထိုကိုယ်ရံတော်ကို မေးမြန်းရန် သူမက စဉ်းစားထားလိုက်၏။
ကိုယ်ရံတော် မည်သည့်နေရာတွင် တည်းခိုနေကြောင်း မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အရှေ့ဘက်ဆောင်၏ တံခါးက ပွင့်လာလေသည်။
ကျယ်ပြန့်သော ပခုံးများနှင့် ခြေတံရှည်များရှိပြီး အလွန် ချောမောသော လူငယ်တစ်ဦး ထွက်လာ၏။ ရေချိုးပြီးခါစဖြစ်သဖြင့် သူ၏ ဆံနွယ်များက စိုစွတ်နေပြီး နဖူးပေါ်သို့ ကျနေသော စိုစွတ်နေသည့် ဆံပင်အနည်းငယ်က ဝံပုလွေပေါက်လေး တစ်ကောင်နှယ် ကြမ်းတမ်းပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများကို ပိုပြီး ပေါ်လွင်စေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောင်းပိုင်သည် သူမ၏ ဓားကို ဆွဲထုတ်ချင်စိတ် ပေါ်လာတော့သည်။
သူမ၏ လက်သည် အလိုအလျောက် ခါးဆီသို့ ရောက်သွားသော်လည်း ဘာမှ မတွေ့ရသဖြင့် ဝိန်းယွီကို လာတွေ့ရန် လက်နက်မပါဘဲ လာခဲ့ကြောင်း သူမ သတိရသွားသည်။
ရှောင်းလိကလည်း ကျောင်းပိုင်ကို သတိထားမိလိုက်သည်။ သူမ မည်သူဖြစ်ကြောင်း သူ မသိသော်လည်း ဝိန်းယွီ၏ အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ သူမသည် ဖိန်ကျိုးအုပ်ချုပ်ရေးမှူးကို ဝိန်းယွီ သွားတွေ့ခိုင်းသော အိမ်တော်၏ ယုံကြည်ရသူ ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။
တစ်ဖက်လူ၏ ရန်လိုမှုနှင့် သတိထားမှုကို သူ ခံစားမိပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သိပ်ဂရုမစိုက်ဘဲ လဲလှယ်ရန် အဝတ်အစားများကို ယူကာ အပြင်သို့ ထွက်သွားလေသည်။
ကျောင်းပိုင်သည် အရပ်မြင့်မြင့် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ သူမ၏မျက်ခုံးများက တင်းနေအောင် ကျုံ့သွားတော့သည်။
ချန်ဝေ့နှင့် လီရွှင် နှစ်ဦးစလုံးသည် အမျိုးသားများ ဖြစ်ကြရာ သဘာဝအရ အသေးစိတ် ကိစ္စရပ်များကို စဉ်းစားမိရန် မဖြစ်နိုင်ချေ။
သို့သော် သူမ ချက်ချင်း သတိပြုမိသွားသည်။
မင်းသမီးက လိုက်လံဖမ်းဆီးသူတွေကို ရှောင်တိမ်းနေတုန်း သူ့ဘေးမှာ ဒီလူတစ်ယောက်တည်းပဲ ရှိတယ်ဆိုရင် ထွက်ပြေးနေတဲ့ တစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ အဆင်မပြေမှုတွေ ရှိမနေဘူးလား...
...