← Chapters

ချုံခိုတိုက်ခိုက်မှု

Vol. 8 Ch. 77

ချုံခိုတိုက်ခိုက်မှု

Vol. 8 Ch. 77

ကားအက်စီးဒင့်...။

ဒါက ဆရာကတော်ပေးမည့် ဆင်ခြေမျိုးဖြစ်လိမ့်မည်ဟု ဝမ်ရှန်း တွေးလိုက်သည်၊၊

ဝမ်ရှန်းက သူ၏ ကွဲအက်နေသော ဖုန်းကို ချီဝမ်၏ ရှေ့တွင် ချလိုက်သည်၊၊ ထို့နောက် သူ၏ ဖုန်းကို ထုတ်ကာ ဓာတ်ပုံဟောင်းနှစ်ပုံကို ပြလိုက်သည်၊၊ ၎င်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ပွဲ‌တော်ကျင်းပစဉ် ဆရာဖြစ်သူ မူးပြီး ထုတ်ပြခဲ့သည့် ပုံများဖြစ်၏၊၊ ဓာတ်ပုံပေါ်ရှိ အရေးအကြောင်းများက တစ်စုံတစ်ယောက်သည် ထိုပုံကို ထပ်ခါတလဲလဲကြည့်ခဲ့ကြောင်း သက်သေပြနေသည်၊၊

ဝမ်ရှန်းသည် တစ်နေ့တွင် ဆရာဖြစ်သူအတွက် ဆရာကတော်နှင့် ညီမလေးကို ရှာပေးရန် ထိုပုံများကို တိတ်တဆိတ် ဓာတ်ပုံရိုက်ထားခဲ့ခြင်းဖြစ်သည်၊၊ ယနေ့တွင် အသုံးတည့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊၊

“ဒါတွေက မင်းအမေ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မင်းအဖေစိတ်အေးရအောင် ပို့ပေးခဲ့တဲ့ ပုံတွေပါ၊၊ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ အကုန်မသိဘူး၊၊ ငါသိတာက မင်းကိုကိုယ်ဝန်ရှိနေတုန်း မင်းအမေက သဲလွန်စမကျန်ပဲ ပျောက်သွားခဲ့တယ်ဆိုတာပဲ”

ဝမ်ရှန်း သက်ပြင်းချလိုက်သည်၊၊

“အဲဒီအချိန်ကစပြီး ငါတို့ဆရာက သူမထွက်သွားတဲ့ လမ်းကို ကြည့်ရင်း နေ့တိုင်းငိုခဲ့ရတယ်၊၊ နှစ်တွေကြာလာတော့ ငိုလွန်းလို့ မျက်စိတောင် ကွယ်လုနီးပါး ဖြစ်နေပြီ...”

“အွန်း”

မုဝမ်ရွှမ်း မယုံနိုင်သလို မျက်လုံးလေးများ ပြူးကျယ်သွား၏၊၊ ဝမ်ရှန်းက သူမကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်၊၊

“ကျွန်မအဖေက...”

ဝမ်ရှန်းဖုန်းထဲမှ ဓာတ်ပုံများကို ကြည့်ရင်း ချီဝမ်၏ မျက်နှာဖြူလျော်သွားသည်၊၊

“မဟုတ်ဘူး၊၊ ဒါ မဖြစ်နိုင်ဘူး”

ဓာတ်ပုံများက အတော်လေးခိုင်လုံနေသည်၊၊ သူမအမေ၏ ဒေါသကိုလည်း သူမ ကောင်းကောင်းသိပေသည်၊၊

သူမ ငြင်းဆန်နေသော်လည်း စိတ်ထဲတွင်မူ ထိုစဉ်က သူမမိဘများ ရန်ဖြစ်ခဲ့လျှင် သူမအမေသည် စိတ်ဆိုးပြီးထွက်သွားကာ အဆက်အသွယ်ဖြတ်ထားမည်ဆိုသည်ကို လက်ခံနေသည်၊၊

ဒါပေမဲ့ ဆရာ… စီနီယာအစ်မဆိုတာတွေက ဘာတွေလဲ…၊၊

“ပြီးတော့ ဒါလည်း ရှိသေးတယ်၊၊ မင်းအမေ အခုလေးတင် ပို့လိုက်တာ”

ဝမ်ရှန်းက နောက်ဆုံး လက်နက်ကို ထုတ်လိုက်သည်၊၊ သူ၏ ကွဲနေသော ဖုန်းကို နှိပ်ကာ ဗီဒီယိုအတိုလေးတစ်ခုကို ဖွင့်ပြီး သူမကို နားကြပ်တစ်ဖက်ပေးလိုက်သည်၊၊

သူတို့ ထိုဗီဒီယိုကို မိနစ်ပိုင်းကမှ လက်ခံရရှိထားခြင်းဖြစ်သည်၊၊ ထိုဗီဒီယိုထဲတွင် ချီဝမ်၏ အမေက ကားတစ်စီးပေါ်တွင် ရှိနေပြီး တည်ငြိမ်သောအမူအရာဖြင့် ကင်မရာကို ကြည့်နေသည်၊၊

“ချီဝမ်… ဝမ်ရှန်းနဲ့ ဝမ်ရွှမ်းက မင်းအဖေရဲ့ တပည့်တွေပါ၊၊ အမေ သူတို့ကို အပြည့်အဝယုံကြည်တယ်၊၊ သူတို့နဲ့အတူ အခုချက်ချင်း ကျောင်းက ထွက်ခဲ့ပါ၊၊ အမေ နောက်နှစ်နာရီလောက်နေရင် ရောက်မယ်”

“ကျွန်မမှာ... ကျွန်မမှာ အဖေ ရှိတာလား”

ချီဝမ်က တိုးတိုးလေး ရေရွတ်နေသည်၊၊ ကံမကောင်းသည်မှာ ဗီဒီယိုထဲတွင် အဖြေများ မပါရှိခြင်းပင်၊၊

သူမ၏ ဆံပင်များက မျက်နှာကို ဖုံးကွယ်ထားသည်၊၊ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာရာ သူမက လက်ဖမိုးဖြင့် သုတ်လိုက်သည်၊၊ ထို့နောက် ဝမ်ရှန်းကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အော်လိုက်သည်၊၊

“လူလိမ်တွေ”

စာသင်ခန်းထဲရှိ ကျောင်းသားများက သူတို့ကို လှည့်ကြည့်ကြသည်၊၊

ချီဝမ်က ရုတ်တရက် ထရပ်လိုက်ပြီး ဝမ်ရှန်းကို စိုက်ကြည့်ကာ မုဝမ်ရွှမ်းဘက်သို့ လျှောက်သွားသည်၊၊ စိတ်ပျော့သည့် စီနီယာအစ်မက အလိုက်သင့်ဖယ်ပေးလိုက်သည်၊၊

မထွက်ခွာမီ ချီဝမ်က လှည့်အော်လိုက်သည်၊၊

“ရှင်တို့အားလုံးက လူလိမ်တွေပဲ”

ဝမ်ရှန်း ခါးသီးစွာ ရယ်လိုက်မိသည်၊၊ သူမ ဤသို့ တုံ့ပြန်မည်ကို သူ ကြိုတွေးထားပြီးသားဖြစ်သည်၊၊

မုဝမ်ရွှမ်းက အားကိုးရာမဲ့သလို ပြုံးပြပြီး နောက်မှ အမြန်လိုက်သွားသည်၊၊ သူမ ဂျူနီယာညီမလေး ဘေးကင်းရန်သေချာအောင် လုပ်ရမည်ဖြစ်သည်၊၊

ဝမ်ရှန်းကမူ အတန်ကြာထိုင်နေဆဲဖြစ်ပြီး စာသင်ခန်းကို ဝေ့ကြည့်လိုက်သည်၊၊

ချီဝမ်၏ အခန်းဖော်များ တစ်ယောက်ပြီးတစ်ယောက် ထရပ်ကြသည်၊၊ အခြားလူအချို့လည်း ထလာကြသော်လည်း ဝမ်ရှန်း၏ အကြည့်ကြောင့် တုံ့ဆိုင်းသွားကြသည်၊၊

သူသည် ဝိညာဉ်အသိစိတ်ကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်ပြီး ဓားဆန္ဒဖြင့် ဖိအားအနည်းငယ်ပေးလိုက်သည်၊၊ သူတို့သည် ချီစုစည်းခြင်းအဆင့် အစောပိုင်းမျှသာရှိသေးပြီး ကျင့်ကြံသူအစစ်ပင် မဟုတ်သေးသဖြင့် ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ကြရ၏၊၊

နောက်ဆုံးတွင် ဝမ်ရှန်း ထရပ်ကာ သူ၏ ဂိုဏ်းတူမောင်နှမများနောက်သို့ လိုက်ခဲ့သည်၊၊ သူ လမ်းလျှောက်နေသည်မှာ ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း အပြေးသမားတစ်ယောက်ထက်ပင် ပိုမြန်နေသည်၊၊

ချီဝမ်သည် လက်ရှိတွင် ပုန်းမနေသည့် တစ်ဦးတည်းသော သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သည်၊၊ သူမ၏ ရာထူးမှာ နာမည်ခံ သံတမန်မျှသာဖြစ်သော်လည်း သတိမထား၍ မရပေ၊၊

စာသင်ဆောင်ထဲမှ ထွက်လာသည်နှင့် ဝမ်ရှန်းသည် စီနီယာအစ်မ ချန်ထားခဲ့သည့် အစစ်အမှန်ချီအရိပ်အယောင်များနောက်သို့ လိုက်ခဲ့သည်၊၊ သူတို့ ဂျူနီယာညီမလေးသည် ကန်ဘေးဘက်သို့ ပြေးသွားပုံရသည်၊၊ သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့် အမြန်နှုန်းအရ စီနီယာအစ်မ မျက်ခြေပြတ်သွားမည်ကို ဝမ်ရှန်း မစိုးရိမ်ပေ၊၊

သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်း၏ ထိပ်တန်းပုဂ္ဂိုလ်များက သူမကို လာကယ်ကြမည်လား…၊၊

ဝမ်ရှန်းကတော့ လာစေချင်သည်၊၊ သို့သော် လက်တွေ့တွင်မူ မဖြစ်နိုင်ပေ၊၊ တကယ်လို့ ချီဝမ်က သူတို့အတွက် အရေးကြီးလျှင် မနက်ကတည်းက သတင်းမပေးဘဲ ထားခဲ့မည်မဟုတ်ပေ၊၊

သူ၏ ဂျူနီယာညီမလေးက အလိမ်ခံလိုက်ရခြင်းပင်၊၊ ကံကောင်းသည်မှာ ငွေကြေးသာ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်၊၊

ကန်ဘေးသို့ ရောက်သောအခါ သူတို့ကို တွေ့လိုက်ရသည်၊၊ မုဝမ်ရွှမ်းက ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်ကာ ငိုနေသည့် ချီဝမ်ကို ဖက်ထားသည်၊၊ မုဝမ်ရွှမ်း၏ အမူယာမှာ စိုးရိမ်နေပုံရသော်လည်း မည်သို့ နှစ်သိမ့်ရမှန်းမသိပဲ ဖြစ်နေပုံရသည်၊၊

ဝမ်ရှန်း ခဏစဉ်းစားပြီးနောက် စီနီယာအစ်မကို သူအနားသို့ မလာတော့ကြောင်း လက်ဟန်ပြလိုက်သည်၊၊

သူ သွားလျှင် ချီဝမ်ကို ပိုပြီး စိတ်ဆွပေးသလို ဖြစ်လိမ့်မည်၊၊ စီနီယာအစ်မ၏ နူးညံ့မှုဖြင့် ဖြည်းဖြည်းချင်း နားချခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်၊၊

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဝမ်ရှန်းသည် ရုတ်တရက် စိတ်ထဲတွင် အနည်းငယ်မသက်မသာဖြစ်လာသဖြင့် ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်၊၊

အတန်းစချိန်ဖြစ်သဖြင့် ကျောင်းဝင်းသည် တိတ်ဆိတ်နေ၏၊၊ စာသင်ဆောင်များဆီမှ အသံများပင် ဝေးကွာသွားသည်၊၊

ဝမ်ရှန်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်၊၊ သူသည် မုဝမ်ရွှမ်းနှင့် ချီဝမိတို့၏ နောက်ဘက် မီတာ ၂၀-၃၀ ခန့်အကွာရှိ သစ်တောဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် ပုန်းနေသည့် အရိပ်တစ်ခုက အကျီလက်အတွင်းမှ မြှားဖြင့် ချိန်ရွယ်နေသည်၊၊

မုဝမ်ရွှမ်းသည် ဂျူနီယာညီမလေးကို နှစ်သိမ့်ပေးနေသဖြင့် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးရန် မေ့လျော့နေခဲ့သည်၊၊

“စီနီယာအစ်မ”

ဝမ်ရှန်း အော်လိုက်ရင်း အစစ်မှန်ချီများကို အကုန်ထုတ်ကာ ရှေ့သို့ ပြေးထွက်လိုက်သည်၊၊

ဝမ်ရှန်း၏ အော်သံကြောင့် တိုက်ခိုက်သူက လန့်သွားပြီး ယန္တရားခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်၊၊

ဝှစ်

၁၀ စင်တီမီတာကျော် ရှည်သည့် အကျီလက်ယန္တရားထဲမှ မြှားသည် ချီဝမ်၏ ကျောဘက်သို့ တည့်တည့်ပျံသန်းသွားသည်၊၊

ဓားစွမ်းအင် - မဟုတ်သေးဘူး၊ ငါ့မှာ ဓားမပါဘူး…၊၊

လက်ဗလာဖြစ်နေသဖြင့် ဝမ်ရှန်းလည်း ဘာမှမလုပ်နိုင်ဖြစ်နေသည်၊၊ ကံကောင်းသည်မှာ စီနီယာအစ်မက ကြောင်အမနေခြင်းပင်၊၊

မြှားထွက်လာသည်နှင့် မုဝမ်ရွှမ်းသည် ချီဝမ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကျောဘက်သို့ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်၊၊ ယင်နှင့်ယန် စွမ်းအင်များပေါင်းစပ်ကာ လေပွေတစ်ခုဖြစ်ပေါ်လာပြီး မြှားကို ဝါးမြိုကာ ချေဖျက်ပစ်လိုက်သည်၊၊

ဝမ်ရှန်း သက်ပြင်းချနိုင်သော်လည်း မျက်နှာတစ်ခုလုံး မည်းမှောင်နေသည်၊၊ သူ ချက်ချင်းပြေးသွားကာ တစ်ချက်ခုန်လိုက်ပြီး လုပ်ကြံသူ၏ ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်၊၊

နောက်ဆုံးတွင်မူ ချီဝမ်ကို နှုတ်ပိတ်ရန် ကြိုးစားသူမှာ အားကစားဝတ်စုံဝတ်ထားသည့် ဆံပင်တိုနှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်ကို ဝမ်ရှန်း သိလိုက်ရသည်၊၊ သို့သော်လည်း သူ ညှာတာမနေပေ၊၊ သူ၏ တိုက်ခိုက်မှု ထိမှန်လျှင် သူမက ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်၊၊

ထိုမိန်းကလေးက ဝမ်ရှန်းကို စိုက်ကြည့်ကာ မျက်နှာပျက်သွားသည်၊၊ သူမက သစ်ပင်ကို ဘယ်ခြေဖြင့် ကန်ကာ သစ်ရွက်ကြွေတစ်ခုလို နောက်သို့ လွင့်မျောသွားသည်၊၊

ခြေလှမ်း ပညာရပ်လား၊၊

ထို့နောက် သူမက မြှားကို ဝမ်ရှန်း၏ မျက်နှာသို့ ပစ်လွှတ်လိုက်သည်၊၊ သူက ဘေးသို့ ရှောင်လိုက်သော်လည်း ထိုခဏတာတုံ့ဆိုင်းမှုကြောင့် အရှိန်လျော့သွားသည်၊၊

အကွာအဝေး အနည်းငယ်ရသွားသောအခါ ဆံပင်တိုနှင့် မိန်းကလေးက အေးစက်စွာ ပြုံးပြီး ချက်ချင်းလှည့်ပြေးသွားသည်၊၊

“အစ်မ… ချီဝမ်ကို ကာကွယ်ပေးထား”

ဝမ်ရှန်း ဒေါသထွက်သွားသည်၊၊ သူ့ရှေ့တင် စီနီယာအစ်မကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားခဲ့တာပဲ၊၊ ဒါကို မတားနိုင်ရင် ကျင့်ကြံနေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ၊၊

ခုနှစ်စင်ကြယ်နည်းစနစ် - ကြယ်စင်ခြေလှမ်း၊၊

ခုနှစ်စင်ကြယ် ခြေလှမ်း၏ စွမ်းအားကို အဆုံးအစွန်အထိထုတ်ကာ ဝမ်ရှန်းသည် ထွက်ပြေးနေသည့် မိန်းကလေးနောက်သို့ အလွန်မြန်သည့် အရှိန်ဖြင့် လိုက်သွားသည်၊၊

အကြောင်းရင်းတစ်ခုကြောင့် သူမ၏ အော်ရာကို မှတ်မိနေသည်၊၊

ဟမ် ဟုတ်သားပဲ…၊၊

မနေ့ည ၁၀ နာရီခန့်က စီနီယာအစ်မကို အိပ်ဆောင်သို့ ပြန်ပို့စဉ် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးခဲ့ရာ ဒုတိယထပ် အနောက်ဘက်ဆောင်တွင် ဝိညာဉ်ပေါင်းစည်းခြင်းအလယ်အဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့သည်၊၊

အဲဒါ သူမပဲ၊၊

All Chapters