← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အပိုင်း (၁၀၆)

ကျိုးစွေသည် ရှောင်းလိ၏ စကားများကြောင့် တဒင်္ဂ မှင်သက်သွားခဲ့၏။ ပြန်ပြောဖို့ရန် သူ့အတွေးများကို စုစည်းပြီးချိန်တွင်တော့ ရှောင်းလိသည် အဝေးသို့ ထွက်သွားနှင့်ခဲ့သည်။

ကျယ်ပြောလှသည့် တောအုပ်ကို ဖြတ်သန်းတိုက်ခတ်လာသော လေပြေကြောင့် စိမ်းလန်းစိုပြည်နေသော တောင်ပေါ်သစ်ပင်ပန်းမန်များသည် တရှဲရှဲမြည်သွား၏။ ရှောင်းလိသည် တောင်ကြားလမ်းကို ဖြတ်သန်းသွားချိန်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော စုန့်ချင်၊ ကျန်းဟူနှင့် သူတို့၏ ညီအစ်ကိုတစ်သိုက်ကို တွေ့လိုက်ရသည်။ သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ လူများသည် သစ်ပင်အောက်မှ ထရပ်လိုက်ကြပြီး အများစုက နှုတ်ဆက်လိုက်ကြသည်။ "အစ်ကို(၂)"

ရှောင်းလိသည် သူတို့ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။ စုန့်ချင်က အော်ပြောလိုက်၏။ "သွားကြစို့"

လူများက မြင်းပေါ်တက်ရန် သူတို့၏ပစ္စည်းများကို စုဆောင်းနေချိန်တွင် ရှောင်းလိသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် စုန့်ချင်ကို တားလိုက်သည်။ "အစ်ကိုကြီး၊ ကျွန်တော်က ဖိန်ကျိုးက စစ်သူကြီး မဟုတ်တော့ဘူး။ တကယ်လို့ ခင်ဗျားက ညီအစ်ကိုတွေကို ခေါ်ပြီး ကျွန်တော့်နောက် လိုက်လာမယ်ဆိုရင် လူတိုင်းအတွက် တောက်ပတဲ့ အနာဂတ်တစ်ခု ရလာမယ်ဆိုတာကို ကျွန်တော် အာမမခံနိုင်ဘူး..."

စုန့်ချင်က သူ့ပခုံးကို ခပ်လေးလေး ပုတ်ကာ စကားဖြတ်ပြောလိုက်လေသည်။ "အရင်တုန်းက မင်းတို့ကို လောင်းကစားရုံတွေမှာ အလုပ်လုပ်ဖို့ ငါ ခေါ်သွားတုန်းကရော ဘယ်လို အနာဂတ်မျိုးကို ပေးနိုင်ခဲ့လို့လဲ"

သူက လူအုပ်ကြီးကို လှည့်ပြောလိုက်လေသည်။ "အခုက ကမောက်ကမဖြစ်နေတဲ့ အချိန်တွေပဲ။ အခုဆို ရေတွင်းထဲက လိပ်တိုင်းနဲ့ တောင်ပေါ်က ဖားတိုင်းက ဘုရင်လုပ်မယ်လို့ ကြွေးကြော်နေကြတာ။ အဲဒီ လမ်းဘေးလူမိုက်တွေက စစ်တပ်ထဲဝင်ပြီး စစ်ဝတ်စုံ ဝတ်လိုက်တာနဲ့ နယ်မြေလုဖို့ နေရာတကာ သေးပန်းရဲနေကြပြီ။ သာမန်ပြည်သူတွေဆီကနေ နောက်ဆုံးကျန်တဲ့ ငွေပြားလေးအထိ ညှစ်ထုတ်ပြီး နတ်မင်းကြီးတွေလို ပြုမူနေကြတာပဲ။ ငါတို့ ညီအစ်ကိုတွေ လုံခြုံရေးအစောင့်လို ရိုးရိုးသားသား အလုပ်လုပ်ခဲ့တုန်းကတောင် 'ဆက်ကြေးငွေ' အတွက် ရက်အနည်းငယ်ကြာတိုင်း အနှောင့်အယှက် ပေးခံခဲ့ရတယ်။ ငါတို့က ဒီအဓိပ္ပာယ်မရှိတာတွေကို ဆက်ပြီး မြိုသိပ်စရာမလိုသရွေ့တော့ တခြားသူတွေရဲ့ နမူနာအတိုင်းပဲ လိုက်လုပ်ချင်တော့တယ်။ ဥပဒေမဲ့သမားတွေ ဖြစ်လာပြီး တောပုန်းဓားပြတွေလို တောင်ပေါ်ကိုပဲ တက်သွားကြမယ်"

ညီအစ်ကိုများသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ထောက်ခံလိုက်ကြ၏။

ကျန်းဟူက ဖြည့်ပြောလိုက်သည်။ "အစ်ကို(၂)၊ အဲဒီလို သူစိမ်းဆန်တဲ့ စကားတွေ မပြောပါနဲ့။ ငါတို့ ညီအစ်ကိုတွေ အတူတူရှိနေသရွေ့ ဘယ်နေရာမဆို အိမ်ဖြစ်နိုင်တာပဲ"

ဤခြွင်းချက်မရှိသော ယုံကြည်မှုသည် မည်မျှ တန်ဖိုးရှိကြောင်း ရှောင်းလိတစ်ယောက် ကောင်းစွာ သိထားသည်။ သူ့လက်သည် ရှောင်းဟွေ့နျန်၏ အရိုးပြာအိုးကို ချည်နှောင်ထားသော ပိုးကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နှလုံးသားထဲမှ လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်၏။ သူသည် မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး လူအုပ်ကြီးကို ကြေညာလိုက်လေသည်။ "ကောင်းပြီ။ မွေးစားအမေတို့ကို သွားခေါ်ပြီးရင် ငါတို့တွေ ထုန်ကျိုးကို သွားပြီး ကိုယ်ပိုင်နယ်မြေတစ်ခု ဖန်တီးကြမယ်"

၇လပိုင်း အကုန်တွင် တာ့လျန်၏ စောင့်ရှောက်သူ ဟန့်ယန်မင်းသမီးသည် ချန်ဝမ်၏ တော်ဝင်အိမ်တော်သို့ လက်ထပ်ဝင်ရောက်ရန်အတွက် အခမ်းအနားစောင့် စစ်သည်၃၀၀၀ဖြင့် တောင်ကြားလမ်းမှတစ်ဆင့် ထွက်ခွာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖေစုန့်ကို ဆန့်ကျင်တိုက်ခိုက်ရန် မြောက်ပိုင်းသို့ ချီတက်လာသော လျန်၊ ချန်နှင့် ဝေ့ မဟာမိတ်တပ်များ၏ ရှေ့တန်းတပ်များသည် ကျင်းကျိုးဘက်သို့ စခန်းသိမ်းပြီး စတင်ထွက်ခွာခဲ့ကြသည်။

ဝိန်းယွီ မြို့မှထွက်ခွာသောနေ့တွင် သာမန်ပြည်သူများသည် မင်္ဂလာယာဉ်တန်းကို မြို့ရိုးအပြင်ဘက်အထိ ဆန္ဒအလျောက် လိုက်ပါပို့ဆောင်ခဲ့ကြပြီး မြင်းလှည်း နောက်မှလိုက်ကာ ငိုကြွေးရင်း အော်ဟစ်နေကြ၏။ "မင်းသမီး"

မင်္ဂလာဝတ်စုံအပြည့်ဖြင့် မင်္ဂလာဝေါယာဉ်ထဲတွင် ထိုင်နေသော ဝိန်းယွီ၏ အမြင်အာရုံကို သူမ၏သရဖူမှ တွဲလောင်းကျနေသော သလင်းကျောက် ပုတီးစေ့တန်းအထူကြီးက ကာကွယ်ထားသည်။ မြင်းလှည်းခန်းဆီး နှစ်ဖက်လုံးကို မတင်ထားသော်လည်း သူမကို အော်ခေါ်နေကြသော မျက်ရည်များဖြင့် နီရဲနေသည့် မျက်နှာများကိုသာ ခပ်ရေးရေး မြင်နိုင်လေသည်။ သို့သော်လည်း ဝမ်းနည်းပူဆွေးမှုများနှင့် တွန့်ဆုတ်နေသော အော်ဟစ်သံတိုင်းသည် မောင်းသံများနှင့် ဗြောက်အိုးသံများကို ဖောက်ထွက်ကာ သူမ၏ နားစည်ဆီသို့ အလွန် ပီသစွာ ရိုက်ခတ်လာသည်။ "မင်းသမီး"

ပုတီးစေ့တန်း၏ အနောက်တွင် ဝိန်းယွီ၏ မျက်လုံးများသည်လည်း နီရဲလာခဲ့သည်။ သူမသည် ကျောပြင်ကို မတ်မတ်ဆန့်ထားလိုက်ပြီး ထိုအော်ဟစ်သံများ ထွက်ပေါ်လာရာဘက်သို့ နောက်တစ်ကြိမ် လှည့်မကြည့်ရဲတော့ချေ။

၎င်းသည် လော့ယန်တွင် ကပ်ဘေးကြုံတွေ့ခဲ့ရပြီးကတည်းက သူမ လျှောက်လှမ်းခဲ့ရသော လမ်းခရီးပင်။

ထိုအချိန်က သူမကို လိုက်ပို့သူများမှာ သူမ၏ အစ်ကိုကြီး၊ ယောက်မနှင့် မိခင်တို့သာ ဖြစ်ခဲ့သည်။ ယခုတွင်တော့ ဖိန်ကျိုးမြို့မှ သာမန်ပြည်သူအားလုံး၏ အားပေးမှုကို သူမ ရရှိခဲ့လေပြီ။

ပိုင်ယန်တောင်ကြား၏ တံခါးဝသို့ ရောက်ရှိချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသော ချန်နိုင်ငံ၏ မင်္ဂလာအစောင့်အရှောက်တပ်ဖွဲ့ကြီးကို မည်းမှောင်နေအောင် မြင်တွေ့လိုက်ရသည်။ ဝိန်းယွီသည် ယာဉ်တန်းကို ရပ်တန့်ရန် အမိန့်ပေးလိုက်၏။ ကျောင်းပိုင်၏ အကူအညီဖြင့် သူမသည် လူ ၁၆ယောက်ထမ်းသော ဇာမဏီဝေါယာဉ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ လီရွှင်၊ ချန်ဝေ၊ ဖန့်ယွမ်နှင့် အခြားအရာရှိများသည် မြို့တံခါးဝတွင် ရပ်နေကြပြီး ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် အရိုအသေပေးကာ ရောပြွမ်းနေသော ခံစားချက်များဖြင့် သူမကို နှုတ်ဆက်လိုက်ကြသည်။ "မင်းသမီး"

ဝေါယာဉ်ပေါ်မှ မဆင်းခင် ဝိန်းယွီ၏ ပုတီးစေ့တန်းကို သူမ၏ ခေါင်းဆောင်းနှစ်ဖက်တွင် ချိတ်ဆွဲထားလိုက်သည်။ မင်္ဂလာမိတ်ကပ်ကို အထူကြီး လိမ်းခြယ်ထားသော်လည်း မြှူဆွယ်လိုသော အရိပ်အယောင် လုံးဝ မရှိချေ။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများကြားတွင် စုပုံနေသည်မှာ လျန်သမိုင်းတစ်ရာစုမှ အရောင်တင်ပေးလိုက်သော မြင့်မြတ်မှုနှင့် အာဏာစက်သာ။ သူမသည် လူအုပ်ကြီးကို စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် တွန့်ဆုတ်မှုနှင့် ရှုပ်ထွေးမှုများ ပါဝင်နေသော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။ သူမက ပြောလိုက်လေသည်။ "လူကြီးမင်းတို့၊ ဒီမှာပဲ နှုတ်ဆက်ကြရအောင်ပါ"

ယခုရောက်ရှိနေသော အရာရှိအားလုံးသည် သူမ၏ ထွက်ခွာသွားခြင်းက လျန်တစ်နိုင်ငံလုံး၏ ကံကြမ္မာကို သူမ တစ်ယောက်တည်းက နောက်တစ်ကြိမ် ထမ်းပိုးရတော့မည် ဆိုသည်ကို နားလည်ထားကြသည်။ အချို့အရာရှိများသည် မျက်ရည်များကို ခေါင်းငုံ့ကာ မျက်ရည်သုတ်နေကြလေသည်။

လီရွှင်၏ မျက်လုံးများမှာလည်း နီရဲနေသည်။ သူက စကားမပြောမီ တံတွေးကို အကြိမ်အနည်းငယ် မျိုချလိုက်ပြီး ပြောလိုက်၏။ "အမတ်ချုပ်ကြီးက နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေတဲ့အတွက် မင်းသမီးကို လူကိုယ်တိုင် လာမနှုတ်ဆက်နိုင်ပါဘူး။ မင်းသမီးရဲ့ ဒီခရီးစဉ်မှာ လေပြေလေညင်းတွေနဲ့ ချောမွေ့ပါစေလို့ ဆုတောင်းပေးဖို့ ဒီအမတ်အိုကြီးကို တာဝန်ပေးလိုက်ပါတယ်"

ရှောင်းလိကို အဆိပ်ခတ်ရန် ကြံစည်မှုမှ ပေါ်ပေါက်လာသော အထင်အမြင်လွဲမှားမှု နောက်ပိုင်း ဝိန်းယွီနှင့် သူမ၏ ဆရာဖြစ်သူ လီယောင်တို့သည် မတွေ့ဆုံဖြစ်ခဲ့ကြချေ။

လီရွှင်၏စကားကို ကြားသောအခါ ဝိန်းယွီသည် ထပ်ပြီး မှတ်ချက်မပေးတော့ပေ။ သူမ၏ အနောက်ဘက်ရှိ လျန်မြေကို နောက်ဆုံးအကြိမ် လှည့်ကြည့်ပြီးနောက် စုဝေးနေသော အရာရှိများကို တလေးတနက် ဦးညွှတ်လိုက်ပြီး "တာ့လျန်ကို လူကြီးမင်းတို့ဆီ အပ်နှံခဲ့ပါတယ်"

ထိုစကားများကြောင့် ရောက်ရှိနေသော လျန်အရာရှိများသည် သူတို့၏ ရင်နာမှုကို တစ်ယောက်မှ မထိန်းချုပ်နိုင်တော့ဘဲ ငိုကြွေးသံများက လေထုထဲတွင် ပြည့်နှက်သွားတော့သည်။

ချန်စစ်တပ်၏ ရှေ့တန်းတွင် မြင်းပေါ်က စောင့်ဆိုင်းနေသော ကျန်းယွီသည် နေကို တစ်ချက်ကြည့်လိုက်ပြီး ဝိန်းယွီက လျန်အရာရှိများကို နှုတ်ဆက်နေသည့် မြို့တံခါးဘက်သို့ အကြည့်ရွှေ့လိုက်သည်။ သူ့အကြည့်သည် အလွန်လှပသော်လည်း အာဏာပါသော ထိုမျက်နှာပေါ်တွင် အခိုက်အတန့်လေး ပိုကြာသွားပြီးနောက် အစောင့်ဖက်သို့ လှည့်ကာ ပြောလိုက်လေသည်။ "သူတို့ကို မြန်မြန်လုပ်ဖို့ သွားတိုက်တွန်းလိုက်စမ်း။ ထွက်ခွာရမယ့် အချိန်ရောက်ပြီ"

အစောင့်သည် အလျင်အမြန် ပြေးသွားပြီး သတင်းစကားကို ပေးပို့လိုက်သည်။

ကျန်းယွီသည် ဝိန်းယွီက သူမရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရ၏။ ဖိန်ကျိုးတွင် ချုပ်နှောင်မခံရတော့ဘဲ ဝိန်းယွီက ချန်နယ်မြေထဲသို့ ဝင်ရောက်တော့မည်ဖြစ်ရာ သူတို့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။ ဘာအကြောင်းကြောင့်ဖြစ်စေ သူသည် ဤလျန်မင်းသမီးအပေါ် မည်သည့် ကြောက်ရွံ့မှုမျှ ထပ်မထားသင့်တော့ချေ။

သို့သော် ဝိန်းယွီ၏ တည်ငြိမ်သော အကြည့်က သူ့အပေါ် ကျရောက်လာချိန်တွင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်ကို မသိစိတ်က အလိုလို ခံစားလိုက်ရဆဲပင်။

သူမ၏ သာမန်အဆန်ဆုံး အကြည့်တစ်ချက်ကပင် သူမ၏ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော အုပ်ချုပ်သူတစ်ဦး၏ အကြည့်ဖြစ်ကြောင်း နောက်ပိုင်းမှသာ သူ နားလည်လာလိမ့်မည်။

ဝိန်းယွီသည် သူမ၏ ဝေါယာဉ်ပေါ်သို့ ပြန်တက်သွားသည်။ ချန်စစ်တပ် အစောင့်အရှောက်များ ခြံရံထားသော သူမ၏ အင်အား၃၀၀၀ရှိ ယာဉ်တန်းသည် တောင်ဘက်သို့ ဆက်လက် ထွက်ခွာသွားလေသည်။

ယာဉ်တန်း စတင်ထွက်ခွာပြီးနောက် ကျန်းယွီသည် သူ့မြင်းကို ဝိန်းယွီ၏ မြင်းလှည်းအနီးသို့ တိုးသွားလိုက်၏။ သူမကို အစောင့်အရှောက် ပေးနေသော ချင်းယွင် မြင်းစစ်သည်များသည် ချက်ချင်းပင် ဓားများကို ဆွဲထုတ်လိုက်ကြပြီး သူ့ကို ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ စောင့်ကြည့်နေကြသည်။

ကျန်းယွီသည် အံ့ဩသွားပုံပေါ်ပြီးနောက် မဲ့ပြုံးပြုံးကာ သူ အန္တရာယ်မပေးလိုကြောင်း ပြသရန် လက်နှစ်ဖက်ကို မြှောက်ပြလိုက်သည်။ သူက မြင်းလှည်းခန်းဆီးမှတစ်ဆင့် ကျယ်လောင်စွာ ပြောလိုက်၏။ "ကျွန်တော်မျိုးက တော်ဝင်အိမ်တော်ကို မရောက်ခင် ကန္တာရထဲမှာ လဝက်လောက် ခရီးသွားရလိမ့်မယ်လို့ မင်းသမီးကို အသိပေးချင်လို့ လာခဲ့တာပါ။ တောရိုင်းထဲမှာ နေ့နဲ့ည အပူချိန်ကွာဟချက်က ပြင်းထန်ပြီး ဝံပုလွေအုပ်တွေလည်း ပေါပါတယ်။ မင်းသမီးရဲ့ တပ်ဖွဲ့တွေ သတိရှိပါစေ။ တကယ်လို့ ခရီးစဉ်တစ်လျှောက်မှာ မင်းသမီး တစ်ခုခု လိုအပ်မယ်ဆိုရင် ကျွန်တော်မျိုးကို အမိန့်ပေးနိုင်ပါတယ်"

ဝိန်းယွီ၏ မြင်းလှည်းဘေးမှ စီးနင်းလိုက်ပါလာသော ကျောင်းပိုင်သည် ချင်းယွင်အစောင့်များကို ဓားပြန်သိမ်းခိုင်းမည့် အရိပ်အယောင် မပြခဲ့ချေ။ သူမသည် အတွင်းမှ ညွှန်ကြားချက်များကို လက်ခံရယူနေသည့်အလား မြင်းလှည်းပြတင်းပေါက်နားသို့ ကပ်သွားပြီးနောက် မတ်မတ်ပြန်ရပ်ကာ ကျန်းယွီကို ခံစားချက်မဲ့စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ "မင်းသမီးက နားလည်ပါတယ်တဲ့။ စစ်သူကြီးကျန်းရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်"

သူမ၏ မျက်နှာအမူအရာနှင့် လေသံတို့က ကျေးဇူးတင်စိတ် တစ်စုံတစ်ရာကို ခံစားမိဖို့ရာ ခက်ခဲနေ၏။

ကျန်းယွီသည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး ဝိန်းယွီ၏ မြင်းလှည်းဘက်သို့ ချန်ယဉ်ကျေးမှုပုံစံဖြင့် အရိုအသေပေးလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။

ပိုင်ယန်တောင်ကြားထိပ်ရှိ မျှော်စင်ပေါ်တွင် ဆံပင်များ ဖြူစပြုနေသော အဘိုးအိုတစ်ဦးသည် သူ၏တုတ်ကောက်ကို မှီလျက် တာ့လျန်၏ ချင်းယွင်အလံက ကွေ့ကောက်နေသော တောင်ကြားလမ်းများမှတစ်ဆင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး သူ့မျက်လုံးများတွင် နက်ရှိုင်းသော ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

လီရွှင်သည် မျှော်စင်ပေါ်သို့ တက်လာပြီး အဘိုးအိုဘေးတွင် ရပ်ကာ ဆုတ်ခွာသွားသော စစ်တပ်ကို ငေးကြည့်နေသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "ဒီလောက်အဝေးကြီး ရောက်နေမှတော့ ဘာလို့ သူ့ကို လူကိုယ်တိုင် လာမနှုတ်ဆက်တာလဲ"

မြို့ရိုးမျှော်စင်ပေါ်တွင် လေတိုက်နှုန်းက ပြင်းထန်ပြီး သေသပ်စွာ ဖြီးသင်ထားသော လီယောင်၏ ဖြူကျဲကျဲ ဆံပင်များကိုပင် ဖရိုဖရဲ ဖြစ်သွားစေသည်။ သူက ပြောလိုက်လေသည်။ "အဲဒီကလေးက ငါ့အပေါ်မှာ အငြိုးထားနေတယ်။ သူ ငါ့ကို တွေ့ချင်မှာ မဟုတ်ဘူးလို့ ထင်တယ်"

ဤစကားကို ကြားပြီးနောက် ရှောင်းလိ၏ "သေဆုံးမှု"ကို ပြန်လည်အမှတ်ရသွားသဖြင့် လီရွှင်သည် နောက်ထပ် သက်ပြင်းတစ်ချက်ကို ချလိုက်ပြန်သည်။

တုတ်ကောက်ကို မှီလျက် လက်တစ်ဖက်ကို နောက်ပစ်ထားသော လီယောင်သည် အနည်းငယ် ခါးကိုင်းသွားလေသည်။ တဝေါဝေါတိုက်ခတ်နေသော လေပြေများနှင့် တဖျတ်ဖျတ် လွင့်နေသော အလံများကြားတွင် သူက ပြောလိုက်၏။ "ပြန်ကြစို့"

ယုံကျိုးတွင် ဖေအရာရှိများအားလုံးသည် မကြာသေးမီက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။

ပထမအချက်အနေဖြင့် ကျိုးစွေနှင့် ရှောင်းမျိုးရိုး လူငယ်စစ်သူကြီးတို့ကို မြို့ကို ပိတ်ဆို့ပြီး လဝက်နီးပါး ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့နောက် တောင်ဘက်နယ်စပ်မှ လျန်၊ ချန်နှင့် ဝေ့တို့၏ မဟာမိတ်တပ်များသည် ကျင်းကျိုးသို့ တည့်တည့်မတ်မတ် ချီတက်လာကြသည်။

ပိုဆိုးသည်က ဝေ့ချီရှန်း၏ ပင်မတပ်များသည် မြောက်ဘက်နယ်စပ် စစ်မြေပြင်တွင် ပိုပြီး အပြင်းအထန် တိုက်ခိုက်လာခြင်းပင်။ ရှုထောင့်ပေါင်းစုံမှ ကြည့်လျှင် လက်ရှိအခြေအနေက ဖေမိသားစုအတွက် တော်တော်လေး အရေးမသာ ဖြစ်နေလေသည်။

တောင်ဘက်နယ်စပ်ရှိ ကျင်းကျိုးနှင့် မြောက်ဘက်နယ်စပ်ရှိ မော့ကျိုးတို့မှ တိုက်ပွဲအစီရင်ခံစာများသည် ရက်အနည်းငယ်ကြာတိုင်း ရောက်ရှိလာပြီး အခြေအနေ၏ အရေးတကြီးဖြစ်မှုကို ပေါ်လွင်စေသည်။

သို့သော် ယခုအချိန်အထိ ဖေစုန့်သည် စစ်ရေးကိစ္စများကို ကြီးကြပ်ရန် ရှေ့တန်းသို့သွားမည့် စိတ်ကူးမပြသသေးချေ။ သူသည် ယုံကျိုးတွင်သာ နေထိုင်ပြီး ထွက်ပြေးသွားသော ကျိုးစွေ၊ ရှောင်းလိနှင့် အခြားသူများကို မည်သည့်နည်းဖြင့်မဆို ဖမ်းဆီးရန် အမိန့်များ ထုတ်ပြန်နေဆဲပင်။

ယုံကျိုးကို တာဝန်ယူထားသော ဖေစစ်သူကြီးများနှင့် ကျိုးအိမ်တော်ကို ဝင်ရောက်စီးနင်းရာတွင် တာဝန်ရှိသော အရာရှိတို့သည် ပြင်းထန်စွာ အပြစ်ပေးခံခဲ့ရပြီး ဖြစ်သော်လည်း ရှာဖွေမှုက မည်သည့်တိုးတက်မှုမှ မရှိခဲ့ချေ။

ကိစ္စက ပိုကြာလာလေလေ အောက်ခြေအဆင့် အရာရှိများက ပိုကြောက်လန့်လာလေလေ ဖြစ်နေတော့သည်။ ဖေစုန့်က သူတို့ကို ခေါ်ယူလိုက်တိုင်း တံခါးဝသို့ပင် မရောက်ခင်မှာ ချွေးအေးများ ပျံနေတတ်ကြသည်။

တစ်နေ့တွင် ဖေစုန့်၏ ကိုယ်ရံတော်သည် ဒေသအသီးသီးမှ အရေးပေါ် အစီရင်ခံစာများကို ယူဆောင်လာပြီး သူ့ကို လာတွေ့လေသည်။ သူ အခန်းနားသို့ မချဉ်းကပ်မီ အတွင်းဘက်မှ ဆူပူကြိမ်းမောင်းသံများကို ကြားလိုက်ရပြီးနောက် ခွက်တစ်ခွက် ကွဲအက်သွားသံနှင့် အရာရှိတစ်ဦး၏ ကြောက်လန့်တကြား ခွင့်လွှတ်ပေးရန် တောင်းပန်သံများ ထွက်ပေါ်လာ၏။

ခဏအကြာတွင် အပြစ်တင်ခံရသော အမတ်သည် ဖရိုဖရဲဖြစ်ကာ ထွက်ပေါ်လာပြီး အရှက်ရစွာဖြင့် ထွက်ခွာသွားလေသည်။

အစောင့်သည် အသက်နှစ်ကြိမ် ရှူလိုက်ပြီးမှ လက်ကို မြှောက်ကာ တံခါးကို ခေါက်လိုက်သည်။

အတွင်းဘက်မှ တိုးညှင်းပြီး ပင်ပန်းနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဝင်ခဲ့"

အစောင့်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အရေးပေါ် အစီရင်ခံစာများကို စားပွဲပေါ်တွင် တင်လိုက်ကာ ရိုသေစွာ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်၏။ "သခင်ကြီး၊ ကျင်းကျိုးနဲ့ မော့ကျိုးက အရေးပေါ် အစီရင်ခံစာတွေပါ"

ဖေစုန့်သည် လက်ရန်းပေါ်တွင် တံတောင်ကို ထောက်ကာ သူ၏လက်ချောင်းများကို နဖူးတွင် ဖိလျက် ကုလားထိုင်ပေါ်တွင် နောက်သို့ မှီထိုင်နေသည်။ သူ၏ အသွင်အပြင် တစ်ခုလုံးမှာ မှုန်မှိုင်းနေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်က သိသာလှ၏။

အစောင့် တင်ပြလာသော အစီရင်ခံစာများကို မကြည့်ဘဲ မေးလိုက်သည်။ "ကျန်းမေရန်က ဒီရက်ပိုင်း ဘာလှုပ်ရှားမှု ရှိသေးလဲ"

အစောင့်က ပြန်ဖြေလိုက်၏။ "အရာအားလုံးက ပုံမှန်ပါပဲ"

ဖေစုန့်သည် မျက်ခွံများကို ပင့်လိုက်ပြီး မေးလိုက်သည်။ "သူ့ရဲ့ အစေခံတွေကရော။ မျက်နှာသစ်တွေ ရောက်လာသေးလား"

အစောင့်က ခေါင်းခါပြလိုက်သည်။

ဖေစုန့်၏ မျက်မှောင်များက ပိုလို့ပင် စိတ်အနှောင့်အယှက်ဖြစ်စွာ တွန့်ချိုးသွားတော့သည်။

ရှောင်းလိသည် မသေဆုံးသေးဘဲ ကျိုးစွေနှင့်အတူ ယုံကျိုးတွင် ဘေးကင်းလုံခြုံစွာ ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ ဟန့်ယန်သည် သူ၏ သွေးခွဲရန် ကြံစည်မှုကို အယုံမသွင်းခဲ့ဘဲ သူ့ကို လမ်းလွဲစေရန် ဖိန်ကျိုးတွင် ရှောင်းလိ သေဆုံးသွားကြောင်း သတင်းကို တမင်တကာ ဖြန့်ခဲ့ခြင်းပင်။

ထို့အစား ကျန်းယီချူးကို အသုံးပြုပြီး သူတို့အတွက် ကျော့ကွင်းဆင်သည့် သူ၏အကြံအစည်က ပေါ်ပေါက်သွားခဲ့သည်။

ယင်းမတိုင်မီကပင် ဟန့်ယန်သည် ကျန်းယီချူး၏ အနီးအနားတွင် လူများကို အောင်မြင်စွာ ထည့်ထားနိုင်ခဲ့သည်။ ယခု အကြံအစည် ပေါ်ပေါက်သွားပြီဖြစ်ရာ ကျန်းယီချူး၏ လုံခြုံရေးအတွက် ဟန့်ယန်သည် နောက်ထပ် အစောင့်အရှောက်များကို သေချာပေါက် စေလွှတ်လိမ့်မည်။

သို့သော် သူ့လူများက ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရိပ်အယောင်မှ မတွေ့ခဲ့ရချေ။ ယင်းက ဟန့်ယန်၏ သူလျှိုများသည် အတွင်းကျကျ ကျွမ်းကျင်စွာ ပုန်းကွယ်နေသည့်သဘောပင်။

ဤအချက်ကို ယုံကျိုးမြို့အတွင်း ကျိုးစွေနှင့် ရှောင်းလိတို့ ပျောက်ဆုံးသွားမှုနှင့် ဆက်စပ်ကြည့်လိုက်ရာ ဖေစုန့်၏ မျက်နှာအမူအရာက ပိုပြီး မည်းမှောင်လာတော့သည်။ သူ့မျက်လုံးများတွင် အဆိပ်အတောက်များ ပြည့်နှက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒီလိုကိုး..."

အစောင့်သည် သူ့အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ သူက မေးလိုက်သည်။ "ကျူကျွင်း ဆိုလိုတာက..."

ဖေစုန့်သည် တိုးညှင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပြောလိုက်၏။ "ဟန့်ယန်က ယုံကျိုးမှာ စိုက်ထားတဲ့ သံမှိုဖြစ်တဲ့ ကျိုးစွေကို ငါ ဆွဲနှုတ်လိုက်ပြီ။ ကျိုးမိသားစုက ချောင်ပိတ်ခံနေရပြီဖြစ်ပေမဲ့ အဲဒီညက ထွက်ပြေးသွားတဲ့လူတွေက တစ်လတိတိ မြို့ကို ပိတ်ဆို့ရှာဖွေခဲ့တာတောင် အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားတယ်။ အဲဒါက မင်းကို ဘာပြောနေတာလဲ"

အစောင့်က သဘောပေါက်သွားပြီး အံ့အားသင့်စွာ အော်ပြောလိုက်သည်။ "မြို့ထဲမှာ ကျိုးမိသားစုရဲ့ ပူးပေါင်းကြံစည်သူတွေ ရှိနေသေးတယ်ပေါ့"

ဖေစုန့်၏ မျက်လုံးများတွင် ရက်စက်သော အရောင်တစ်ချက် လက်သွားပြီး သူက အမိန့်ပေးလိုက်၏။ "စုံစမ်းစမ်း။ ကျင်းကျိုးကို ဖေရှစ်စန်းရဲ့ အကူအညီနဲ့ ဟန်ချီက စောင့်ကြပ်နေတယ်ဆိုတော့ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်သွားမှာ မဟုတ်ဘူး။ မော့ကျိုးက ဆရာ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ဝေ့ချီရှန်းကို အားသာချက် အများကြီး ရခွင့်ပေးမှာ မဟုတ်ဘူး။ ယုံကျိုးက အခု ငါတို့ ဖေမိသားစုရဲ့ အချက်အချာကျတဲ့ နေရာပဲ။ ဒီမှာ ပိုးမွှားတွေကို ထပ်ပြီး တွင်းတူးခွင့် ပေးလို့ မရဘူး"

အစောင့်သည် အမိန့်ကို ချက်ချင်း လက်ခံလိုက်ပြီး နောက်ဆုတ်သွားလေသည်။

စုံစမ်းစစ်ဆေးမှုများ တိုးတက်လာသည်နှင့်အမျှ ဖေစုန့်၏ မျက်နှာအမူအရာက အနည်းငယ် သက်သာသွားသည်။ သူသည် စားပွဲပေါ်မှ တိုက်ပွဲအစီရင်ခံစာ တစ်စောင်ကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ အကြောင်းအရာများကို အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီး အစောင့်က တံခါးကို ဖွင့်ခါနီးတွင် ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။ "ပြန်လာခဲ့ဦး"

....

All Chapters