← Chapters

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း (၄၂၆) ရှက်စရာပဲ။၊ လုံးဝကို အရှက်ရစရာပဲ

"မင်းက ဟိုကောင်မလေး နှစ်ယောက်ထက်စာရင် အများကြီး အကြောင်းပြချက် ခိုင်လုံတာပဲ။"

ဤသို့ပြောနေသော်လည်း မဟာတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ဦး၏ ကိုင်ဆောင်ထားခြင်းကို ခံရစဉ် အသူရာချောက်နက်ဝိညာဉ်ဓားမှာ မတုန်ယင်ဘဲ မနေနိုင်ခဲ့ပေ။ ၎င်း၏လေသံမှာ သိသိသာသာပင် ပို၍ ရိုသေလေးစားလာသည်။

"ဖြေရှင်းဖို့ နည်းလမ်းက မခက်ပါဘူး။ မိုရှုမိန်ရဲ့ ဝိညာဉ်အသိစိတ်ထဲ ဝင်ပြီးတော့ ကျူးကျော်ဝင်ရောက်လာတဲ့ အငြိုးဝိညာဉ်တွေ အားလုံးကို ရှင်းလင်းပစ်ဖို့ပဲ လိုတာပါ။ ခက်တာကတော့ မိုရှုမိန်ရဲ့ အသိစိတ်က သူ့ကိုယ်သူ ကာကွယ်တဲ့ ပိတ်ဆို့မှုအခြေအနေထဲ ရောက်နေတာပဲ။ သူ အရမ်းယုံကြည်ရတဲ့သူ တစ်ယောက် မဟုတ်ရင် ဝင်ရောက်ဖို့က အရမ်းကိုခက်တယ်။"

ချန်ဟွိုက်အန်က နှာခေါင်းကို ပွတ်လိုက်သည်။ ၎င်းက အမှန်တကယ် ဒုက္ခများမည့်ပုံပေါ်သည်။ "အတင်းအကျပ် ဝင်သွားရင်ကော ဘာဖြစ်မလဲ။"

"သူ့ရဲ့အသိစိတ် ကွဲအက်သွားပြီး ဝိညာဉ်က မပြည့်မစုံ ဖြစ်ကျန်ခဲ့နိုင်ခြေရှိတယ်။ နောက်ဆုံးတော့ သူက အရူး တစ်ယောက် ဖြစ်သွားလိမ့်မယ်။"

ချန်ဟွိုက်အန် တိတ်ဆိတ်သွားသည်။ ပေးဆပ်ရမည့်တန်ဖိုးက အလွန်ပင် ကြီးမားလွန်း၏။

မိုရှုမိန်ကို စိုးရိမ်တကြီးနှင့် ဘာလုပ်ရမှန်းမသိ စိုက်ကြည့်နေသော လီချင်းရန်ကို သူ တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ ထိုသို့ဖြစ်သွားပါက လီချင်းရန်သည် သူ့ကိုယ်သူ တစ်သက်လုံး အပြစ်တင်နေမည် ဖြစ်ပြီး ထိုအပြစ်မကင်းစိတ်က အတွင်းစိတ်မိစ္ဆာများကို မလွဲမသွေ မွေးဖွားလာစေမည်ဖြစ်ကြောင်း သူ သိသည်။

ထို့အပြင် လီချင်းရန်က သူ့ကို ပွင့်ပွင့်လင်းလင်း မုန်းတီးမည်မဟုတ်သော်လည်း ရင်ထဲတွင် သေချာပေါက် နောင်တရနေလိမ့်မည်။ သူက ဆရာဖြစ်သူ၏ စွမ်းအားနှင့် အမှားကင်းစင်မှုကို အထင်ကြီးလေးစားနေခြင်းမှ ရပ်တန့်သွားမည်လား။ တာဝန်သိတတ်သော ဆရာတစ်ဦးအနေဖြင့် ဤကဲ့သို့ ဖြစ်လာရန် သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။။

လီချင်းရန်၏ မျက်လုံးများထဲတွင် သူ၏ ပြီးပြည့်စုံသောဆရာပုံရိပ်ကို ထိန်းသိမ်းရန် ဤကိစ္စကို သူ အပြစ်အနာအဆာကင်းကင်း ဖြေရှင်းရပေမည်။

"ငါ အရင် စမ်းကြည့်မယ်။"

ချန်ဟွိုက်အန်က ယုံကြည်မှုရှိရှိဖြင့် မိုရှုမိန်ကို မျက်နှာမူကာ ထိုင်လိုက်သည်။ "ငါက မိုရှုမိန်ရဲ့ ကျေးဇူးရှင်ပဲလို့ ပြောလို့ရတယ်။ ငါတို့ သိပ်မဆက်ဆံဖူး၊ မတွေ့ဖူးပေမဲ့ ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီး တစ်ယောက်အနေနဲ့ သူ ငါ့ကို အတော်လေး ယုံကြည်လေးစားမှာ သေချာတယ်။"

"ဘိုးဘေးကြီးပြောတာ အမှန်ပဲ။" ယွဲ့ချန်ချီက ချက်ချင်းပင် မြှောက်ပင့်လိုက်သည်။ "ဘိုးဘေးကြီးက တာအိုလက်တွဲဖော် အနေနဲ့ တစ်သက်တာလုံး လက်တွဲဖို့ အကောင်းဆုံးဖြစ်တဲ့ ခန့်ညားပြီး စွမ်းအားကြီးတဲ့ အမျိုးအစားဆိုတာ ဘယ်သူမဆို မြင်နိုင်တာပဲ။ မိုရှုမိန်ကလည်း ရှင့်ကို အဲဒီလိုပဲ မြင်ပြီး လုံးဝ ယုံကြည်မှာ သေချာတယ်။"

လီချင်းရန်၏ရင်ထဲတွင်လည်း မျှော်လင့်ချက်များ တောက်လောင်လာလေသည်။ "ဆရာ။ ကျွန်မက မိုရှုမိန်ကို ဆရာ့အကြောင်း မကြာခဏ ပြောပြဖူးတယ်။ သူ ဆရာ့ကို သေချာပေါက် ယုံကြည်မှာပါ။"

လူတိုင်း၏ အားပေးမှုကြောင့် ချန်ဟွိုက်အန်က မိုရှုမိန်၏ လက်ကိုယူကာ လက်ဝါးချင်း ကပ်ထားပြီး သူ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့် ဝိညာဉ်အသိစိတ်ဖြင့် သူ့ကို လွှမ်းခြုံလိုက်သည်။

သို့သော် သူ ဝင်ရောက်ရန် ကြိုးစားလိုက်သည့် အခိုက်အတန့်တွင် ပြင်းထန်သော ခုခံမှုနှင့် ကြုံတွေ့လိုက်။ သူ၏ အသိစိတ်မှာ ချက်ချင်း နှင်ထုတ်ခံလိုက်ရသည်။ အပြင်ပန်းတွင်မူ၊ လေစီးကြောင်းတစ်ခုက သူတို့၏ လက်ဝါး နှစ်ဖက်ကို အတင်းကွာကျသွားစေသကဲ့သို့ ပေါ်လာသည်။

သူက မိုရှုမိန်ကို ထိန်းချုပ်ပြီး အတင်းအကျပ် ဝင်ရောက်နိုင်သော်လည်း အသူရာချောက်နက်ဝိညာဉ်ဓား သတိပေးခဲ့သလို အရူးတစ်ယောက် ဖြစ်လာနိုင်မည့် အန္တရာယ်က အရမ်းကြီးမားလွန်း၏။

ချန်ဟွိုက်အန် ရပ်တန့်လိုက်ပြီး ကြည့်နေသော လူအုပ်ကြီးကို အနေခက်စွာ ပြုံးပြလိုက်သည်။ "သူ... ငါ့ကို သိပ်ပြီးတော့ ယုံကြည်တဲ့ပုံမရဘူး..."

"မဖြစ်နိုင်တာ။" ယွဲ့ချန်ချီက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ဘိုးဘေးကြီးရဲ့ ဆွဲဆောင်မှုကို ဘယ်သူက ခုခံနိုင်မှာလဲ။ သူက မိန်းကလေးတွေကို ပိုသဘောကျနေတာများလား။"

ချန်ဟွိုက်အန် - "..."

လီချင်းရန် - "..."

"ဆရာ၊ ကျွန်မကို စမ်းကြည့်ခွင့်ပြုပါ။" လီချင်းရန်က ချန်ဟွိုက်အန်၏ ဘေးတွင် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ထိုင်လိုက်သည်။ "မိုရှုမိန်က ကျွန်မကို သူငယ်ချင်းလို့ ခေါ်တယ်လေ။ သူက ကျွန်မကို ယုံကြည်နိုင်တယ်။"

တကယ်တမ်း ချန်ဟွိုက်အန်သည် အစကတည်းက ၎င်းကို စဉ်းစားခဲ့သည်။ မိုရှုမိန်က လီချင်းရန်၏ခင်မင်မှုကို အသည်းအသန် လိုချင်ခဲ့သည့်အတွက် သူ့ကို အရင်ကတည်းက ယုံကြည်ပြီးသား ဖြစ်ရမည်။ ယခုအခါ တကယ့်သူငယ်ချင်းများ ဖြစ်လာရာ ပို၍ပင် ယုံကြည်ပေလိမ့်မည်။ သို့သော် ပြဿနာကို ဖြေရှင်းရန်အပြင် သူ၏ တပည့်လေး၏ ဘေးကင်းလုံခြုံမှုကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ထို့ကြောင့် လီချင်းရန်၏ တောင်းဆိုမှုကို သူ တွန့်ဆုတ်နေခဲ့သည်။

ဆရာဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို သိမြင်သော လီချင်းရန်က သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ "ဆရာက မိုရှုမိန်ကို မကယ်နိုင်လောက်ပေမဲ့ ကျွန်မကိုတော့ သေချာပေါက် ကယ်မှာပါ။ ဘာလို့လဲဆိုတော့ ဆရာက ဒီလောကမှာ ကျွန်မ အယုံကြည်ရဆုံး လူမို့လို့လေ။ ဆရာ ကျွန်မကို ကာကွယ်ပေးမယ် မဟုတ်လား။"

ချန်ဟွိုက်အန်က သူ၏အစီအစဉ်ကို ချက်ချင်း နားလည်သွားသည်။ အကယ်၍ လီချင်းရန်က မိုရှုမိန်၏ အသိစိတ်ထဲသို့ ဝင်ရောက်ပြီး သူက လီချင်းရန်၏ အသိစိတ်ထဲသို့ ဝင်ရောက်မည်ဆိုပါက သူသည် မိုရှုမိန်၏ အသိစိတ်ထဲသို့ ဝင်ရောက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။ လီချင်းရန်က သူတို့၏ ယုံကြည်မှုတံတားကြီး ဖြစ်လာပေလိမ့်မည်။

တကယ်ကို ငါ့တပည့်လေးပဲ။

တကယ့် ပါရမီရှင်လေး။

"မင်းရဲ့ အကြံက တကယ်ကောင်းတယ်။" ချန်ဟွိုက်အန်က ခေါင်းညိတ်ရင်း စီစဉ်လိုက်သည်။ "လုံခြုံရေးအတွက် ငါ မင်းဆီကို အရင်ဝင်မယ်။ ပြီးမှ မင်းက မိုရှုမိန်ဆီကိုဝင်။ ဒီလိုဆိုရင်တော့ တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါ ဝင်ရောက်စွက်ဖက်လို့ ရတာပေါ့။"

ယွဲ့ချန်ချီနှင့် တိုက်ရိုက်တပည့် သုံးဦးဘက်သို့ လှည့်ကာ ထပ်ပြောသည်။ "ဆရာတော်ဖန်ယဲ့ ကိစ္စကို ငါ ရှင်းပြီးပြီ။ သူ မကြာခင် ငါတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ တပည့်တွေကို ပင်မခန်းမဆီ ခေါ်သွားပြီး ကျန်းမုန့်ချူးရဲ့ အဖွဲ့နဲ့ ပြန်ပေါင်းလိုက်။ ပြီးတော့ ဆရာတော်ဖန်ယဲ့က ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ထွက်ပြေးသွားပြီလို့ သူတို့ကို အကြောင်းကြားလိုက်ပါ။"

ယွဲ့ချန်ချီက ရှုအန်ကို လေးနက်စွာ အမိန့်ပေးလိုက်သည်။ "ဘာလို့ အဲဒီမှာ ရပ်နေတာလဲ။ ဘိုးဘေးကြီး ပြောတာ ကြားတယ်မဟုတ်လား။ သွားလေ။"

"စီနီယာအစ်မ၊ အစ်မကကော..." ရှုအန်က တွန့်ဆုတ်သွားသည်။

"ငါက ဘိုးဘေးကြီး တရားထိုင်တာကို စောင့်ကြပ်ပေးဖို့ ကျန်ခဲ့မှာ။" ယွဲ့ချန်ချီက ဖြောင့်မတ် မှန်ကန်သည့်ဟန်ဖြင့် ကြေညာလိုက်သည်။

ဘိုးဘေးကြီးက အခင်းအကျင်းတွေ လိုအပ်လိမ့်မယ် မဟုတ်လား။

အခင်းအကျင်းတွေက ဝိညာဉ်ပုံဆောင်ခဲတွေ လိုအပ်တယ် မဟုတ်လား။ ဒါဆိုရင်...

ငါ ယွဲ့ချန်ချီက ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။

ထို့အပြင် သူက ကျောက်ရင်းဆီမှ ထိုကမ္ဘာ၏ အထူးထုတ်ကုန်ဖြစ်သော မှတ်တမ်းတင်ကျောက်တုံးကဲ့သို့ အလုပ်လုပ်သည့် "ဖုန်း"တစ်လုံးကို ရရှိထားသည်။

ဘိုးဘေးကြီးရဲ့ ကျင့်ကြံခြင်းကို ထောင့်ပေါင်းစုံကနေ သေချာမှတ်တမ်းတင်လို့ မရဘူးလား။

ဒီလို ပညာပေး ဗီဒီယိုတွေက ပိုက်ဆံအများကြီး ရနိုင်တယ်လေ။

"မင်းလည်း သွားတော့။" ချန်ဟွိုက်အန်က ယွဲ့ချန်ချီ၏နဖူးကို အားရပါးရ တောက်လိုက်သည်။ "ငါ့ကို စောင့်ကြပ်ဖို့ မလိုဘူး။ ဒီမှာ လာရှုပ်နေဖို့လည်း မလိုဘူး။"

သူ၏ ဉာဏ်များနေသော အကြည့်က အရာအားလုံးကို ဖော်ပြနေသည်။ သူ၏ ဝိညာဉ်ကူးပြောင်းမှုအတွင်း ယွဲ့ချန်ချီ ဒုက္ခပေးလောက်၏။

သူ၏နာမည်ကောင်းက ၎င်းကို အရင်းမခံနိုင်ပေ...

မလိုအပ်သော လူအုပ်ကြီးကို လွှတ်လိုက်ပြီးနောက် ချန်ဟွိုက်အန်က အသံလုံကာ အမြင်အာရုံကို ဖုံးပေးသော အခင်းအကျင်းတစ်ခုကို ခင်းကျင်းလိုက်ပြီး ကျန်းယိပိုင်၏ ယာယီကာကွယ်မှုကို တောင်းဆိုလိုက်သည်။ ပြင်ဆင်မှုများ ပြီးစီးသွားလေပြီ။

သူက လီချင်းရန်၏ နောက်ဘက်တွင် တင်ပလ္လင်ခွေထိုင်ကာ လက်ဝါးများကို လီချင်းရန်၏ကျောပြင်တွင် ကပ်ထားလိုက်သည်။ လီချင်းရန်ကလည်း မိုရှုမိန်နှင့် အလားတူ ပြုလုပ်လိုက်သည်။

မိုရှုမိန်၏ အခြေအနေ ပိုဆိုးလာသည်ကို မြင်သောအခါ လီချင်းရန်က အလောတကြီး ပြောလိုက်သည်။ "ဆရာ၊ ကျွန်မ အဆင်သင့်ဖြစ်ပြီ။ ကျေးဇူးပြုပြီး ဝင်လာပါ။"

"ကောင်းပြီ။"

မဆိုင်းမတွဘဲ ချန်ဟွိုက်အန်က အာရုံစူးစိုက်ကာ သူ၏ ဝိညာဉ်အသိစိတ်ကို ခွဲထုတ်လိုက်သည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ ခွဲထွက်သွားသော ဝိညာဉ်က ရွှေရောင်အနှစ်သာရအဆင့်အဆင့် စွမ်းအားသာ ရှိသည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့် စွမ်းရည်နှင့် ဘယ်လိုမှ မနီးစပ်ပေ။

ဒီလောက်အားနည်းသော ဝိညာဉ်က လီချင်းရန်နှင့် မိုရှုမိန်ကို တကယ်ပဲ ကူညီနိုင်ပါ့မလား။

[ ကစားသူသည် လီချင်းရန်ကို ကူညီရန် ဝိညာဉ်ပုံရိပ်ကို အသုံးပြုနေပါသည် ]

စာတန်းများက သူ၏ အသိစိတ်ထဲတွင် ပေါ်လာသည်။

[ ကျေးဇူးပြု၍ ရွေးချယ်ပါ ]

(၁) မူလအတိုင်းနေမည်။ လီချင်းရန်ထံ ဝင်ရောက်ရန် ရွှေရောင်အနှစ်သာရအဆင့် ဝိညာဉ်ကို အသုံးပြုပြီး သေဆုံးလျှင်ပင် ဂုဏ်သိက္ခာကို ပွေ့ဖက်ထားမည်။ (ကုန်ကျစရိတ်- သုည ယွမ်)

(၂) အဆုံးစွန် ကာကွယ်ရေး။ ကစားသူသည် ဗုဒ္ဓအလင်းရောင် ကာကွယ်မှုကို ရရှိမည်။ အငြိုးဝိညာဉ်အားလုံးကို တွန်းလှန်နိုင်သည့် ပြိုင်စံရှားဝိညာဉ်။ (တစ်မိနစ်လျှင် ၁၉၉ ယွမ်)

(၃)စစ်မှန်သော တိုက်ခိုက်ရေး။ ကစားသူ၏ ဝိညာဉ်သည် ကောင်းကင်ကိုးဆင့် နတ်ဘုရားမိုးကြိုးကို ရရှိမည်။ မိုးကြိုးလျှပ်စီးများဖြင့် ဝိညာဉ်အားလုံးကို ချေမှုန်းပစ်မည်။ (တစ်မိနစ်လျှင် ၈၈၈ ယွမ်)

ရွေးချယ်စရာများကိုကြည့်ပြီး ချန်ဟွိုက်အန် အံကြိတ်လိုက်သည်။

"ဂုဏ်သိက္ခာရှိရှိ သေဆုံးမည်"

ဆိုလိုတာက ငါ့ရဲ့ ရွှေရောင်အနှစ်သာရအဆင့် ဝိညာဉ်က အဲဒီဝိညာဉ်တွေကို သေချာပေါက် ရှုံးမယ်ပေါ့။

"တောက်။ ဒီပုံရိပ်ယောင်ကောင်မလေးဂိမ်းအပေါ် မှီခိုတာကို လျှော့မယ်လို့ ငါ ကျိန်ဆိုထားတာကို..."

ချန်ဟွိုက်အန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဈေးနှုန်းများက သွေးဆောင်ဖြားယောင်းမှု သက်သက်ပင်။

ရှက်စရာပဲ။

လုံးဝကို အရှက်ရစရာပဲ။

ငါ ချန်ဟွိုက်အန်က လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူ မဟုတ်ဘူး။

"ရွေးချယ်စရာ (၂)နဲ့ (၃)ကို ယူမယ်။"

ချန်ဟွိုက်အန် မျက်လုံးများကို မှိတ်လိုက်၏။

ဒီပုံရိပ်ယောင်ကောင်မလေးဂိမ်းက ပေးတာတွေ အရမ်းများလွန်းတယ်။

မငြင်းဆန်နိုင်မှတော့ ဒါကို ခံစားလိုက်တာပဲ ကောင်းပါတယ်လေ။

…

All Chapters