← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) ရွှမ်ဟဲတံခါး

ကောင်းကင်ဘုံအတိဒုက္ခကို ကျော်လွန်သွားပြီးနောက်တွင် မိုင်တစ်သောင်းပတ်လည်ရှိ ကောင်းကင်ယံသည် ကြည်လင်သွား၏။ အတိဒုက္ခဖြတ်သန်းသွားခြင်း သက်သေအဖြစ် အောက်ခြေမရှိသော မိုးကြိုးချိုင့်ခွက်ကြီးသာ ကျန်ရစ်ခဲ့သည်။ ပေတစ်ရာပတ်လည်ရှိ ဧရိယာသည် မီးကျွမ်းကာ မည်းနက်နေပြီး သဲနှင့်ကျောက်ခဲများမှာ ဖန်များအဖြစ် အရည်ပျော် ပေါင်းစပ်သွားသည်။ ချိုင့်ခွက်ပတ်လည်တွင် သုဿာန်ကဲ့သို့ တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေပြီး သက်ရှိအရိပ်အယောင်တစ်ခုမျှ မရှိတော့ပေ။

"အသုံးမကျလိုက်တာ။"

ဟင်းလင်းပြင်ထဲမှ သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်လာသည်။

"အတိဒုက္ခကိုတောင် မခံနိုင်ဘူးလား။"

ချိုင့်ခွက်အစွန်းတွင် မက်မွန်ပန်းဖတ်များ ဝဲလည်စုစည်းသွားပြီး ဝတ်ရုံဖြူဓားသမားတစ်ဦး၏ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ အောက်တွင်ရှိသော မီးကျွမ်းနေသည့် အရိုးစုကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သော မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။

"အင်မော်တယ်... သခင်ကြီး..."

အရိုးစုက ခေါင်းကို အားပျော့စွာ မော့လာပြီး ဩရှရှနှင့် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "သခင်ကြီးရဲ့ မျှော်လင့်ချက်တွေကို ကျွန်မ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်မ...အတိဒုက္ခကို မကျော်ဖြတ်နိုင်ခဲ့ဘူး..."

သူ၏ ခြောက်သွေ့နေသော လက်က မတ်မတ်ပင် မမြှောက်နိုင်ဘဲ ပြာအဖြစ် ကြေမွသွားသည်။

ဝတ်ရုံဖြူ ဓားသမား၏ အမူအရာမှာ စိတ်မရှည်တော့သည့်ဟန် ဖြစ်သွားသည်။ သူက ချိုင့်ခွက်ထဲသို့ ဆင်းသက်သွားပြီး အကြွင်းအကျန်များရှေ့တွင် ရပ်လိုက်သည်။

"မဟာတက်လှမ်းခြင်း တတိယအဆင့်လေးနဲ့များ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ဖို့ ကြိုးစားတယ် ဟုတ်လား။ မိုက်မဲလိုက်တာ။"

"သခင်ကြီး... အတိဒုက္ခက ရောက်လာတာပါ..."

"ဒါဆို မင်း နည်းနည်းလောက် သိုသိုသိပ်သိပ် နေသင့်တယ် မဟုတ်ဘူးလား။" ဓားသမားက နောက်ပြန် လက်ပိုက်ရင်း လှောင်ပြောင်လိုက်သည်။ "မင်းရဲ့ အတွေးတွေကို ငါ မသိဘူးလို့ ထင်နေလား။ ဖန်ယဲ့ကို စုပ်ယူပြီးတော့ မင်းရဲ့ စွမ်းအားက မဟာတက်လှမ်းခြင်း တတိယမြောက်အတိဒုက္ခအထိကို ရောက်သွားတော့ အတိဒုက္ခနှစ်ခုစလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်မယ်လို့ တွေးခဲ့တာပဲ။ ဒါပေမဲ့ မဟာတက်လှမ်းခြင်း အတိဒုက္ခ မစခင်မှာတင် မင်းက ဒီလိုအခြေအနေ ရောက်နေပြီ။"

"ငါ သတိမပေးခဲ့ဘူးလား။ ငါ့ရဲ့ အင်မော်တယ်အတတ်တွေက အစွမ်းထက်ပေမဲ့ မင်းရဲ့ အခြေခံကို ခိုင်မာအောင် လုပ်ရမယ်။ မဟုတ်ရင် ရလာတဲ့ စွမ်းအားမှန်သမျှက အခွံသက်သက်ပဲ။"

"ပြီးတော့ မဟာတက်လှမ်းခြင်း အတိဒုက္ခကို ရင်ဆိုင်ဖို့အတွက် ဟင်းလင်းပြင်ချောက်နက်ထဲမှာရှိတဲ့ ကိုးယောက်ထဲက အနည်းဆုံး သုံးပုံနှစ်ပုံကို အာဟာရအဖြစ် အရင်ဆုံး ရှင်းပစ်ရမယ်လို့လည်း ငါ ပြောခဲ့တယ် မဟုတ်လား။ ငါပြောတာ မှားလား။"

သူတော်စင်ယွိယောင် တိတ်ဆိတ်သွား၏။

အင်မော်တယ်က ထိုသို့ အမှန်တကယ် ပြောခဲ့သည်။

သူက အရမ်း အလျင်လိုလွန်းခဲ့၍သာ။

ဖန်ယဲ့ကို စုပ်ယူပြီးနောက်တွင် မည်သူမျှ မယှဉ်နိုင်တော့ဟူသည့် ခံစားချက်က သူ၏ ဆင်ခြင်တုံတရားကို ဖုံးကွယ်သွားစေပြီး၊ မဟာတက်လှမ်းခြင်း အတိဒုက္ခကိုပင် လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည်ဟု ယုံကြည်စေခဲ့သည်။ သို့သော်လည်း အဓိကအတိဒုက္ခကို မကျော်ဖြတ်နိုင်ခဲ့ရုံသာမက တတိယမြောက် အသေးစား အတိဒုက္ခကပင် သူ့ကို ရက်ရက်စက်စက် လဲပြိုသွားစေခဲ့သည်။

"ကျွန်မ... ကျွန်မက သခင်ကြီးရဲ့ဘေးမှာ ရပ်တည်နိုင်ဖို့... မြန်မြန် တက်လှမ်းချင်ရုံ သက်သက်ပါ..."

ဝတ်ရုံဖြူဓားသမားက တိုးတိုးလေး ရယ်လိုက်သည်။ သူ၏အသံမှာ သာယာနာပျော်ဖွယ် ကောင်းလှပြီး မက်မွန်ပန်းများအောက်ရှိ နွေဦးလေပြေကို သတိရစေသော်လည်း လူတိုင်းကို အနားမကပ်ရဲစေသည့် အအေးဓာတ် တစ်ခု ပါဝင်နေသည်။

"ငါ မင်းကို နောက်တစ်ခါ အခွင့်အရေး ပေးမယ်။ နောက်ဆုံး အခွင့်အရေးပဲ။"

သူ၏ဆံထိုးမှ မက်မွန်ပန်းဖတ် တစ်ခုကို ဆွဲနုတ်လိုက်ပြီး သူတော်စင်ယွိယောင်ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီးနောက် လေလိုပျောက်ကွယ်သွားရာ ချိုင့်ခွက်ထဲတွင် သူ၏ ပဲ့တင်ထပ်နေသော အသံသာ ကျန်ရစ်ခဲ့သည်။

"သေချာမှတ်ထား။ မင်း သေချာပေါက် အင်မော်တယ် ဖြစ်ချင်တယ်ဆိုရင် ငါ့ရဲ့ ပညာရပ်တွေကို သုံးပြီး မဟာတက်လှမ်ခြင်း ဒုတိယမြောက်ကပ်ဘေး ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့သူ အနည်းဆုံး ခြောက်ယောက်ကို စုပ်ယူရမယ်။ မဟုတ်ရင်တော့ နင် အင်မော်တယ်တံခါးကို ခေါက်နိုင်မှာ မဟုတ်သလို ငါ့ကိုလည်း ပြန်တွေ့ရမှာ မဟုတ်ဘူး။"

"နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်ပြီးတော့ လဲကျသွားမယ်မယ်ဆိုရင် မင်းရဲ့နေရာကို အစားထိုးဖို့ ငါ့မှာ လူတွေ အများကြီး ရှိတယ်။"

မက်မွန်ပန်းဖတ်က ဖြည်းညှင်းစွာ လွင့်မျောလာပြီးနောက် သူတော်စင်ယွိယောင်၏ နဖူးပေါ်သို့ နောက်ဆုံးတွင် ကျရောက်သွားသည်။

သေနေသောသစ်ပင် နွေဦးနှင့် တွေ့သကဲ့သို့ အသားများ လျင်မြန်စွာ ပြန်လည်ပေါက်ဖွားလာသည်။ သူ၏ ခြောက်သွေ့နေသော အရေပြားများ သိသိသာသာ ပြည့်ဖြိုးလာပြီး အမွှေးတိုင် တစ်တိုင်စာ အချိန်မတိုင်မီမှာပင် လုံးဝ နဂိုအတိုင်း ပြန်ဖြစ်သွား၏။

အဝတ်အစား မရှိဘဲ ချိုင့်ခွက်ထဲတွင် လဲလျောင်းနေရင်း သူက အထက်မှ ကောင်းကင်ကွက်လပ်လေးကို စိုက်ကြည့်ကာ အိပ်မက်ထဲတွင် ရှိနေဆဲဟု ခံစားနေရသည်။ သူ၏ လက်များက နုပျိုသွားသော မျက်နှာနှင့် ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ပွတ်သပ်ကြည့်နေသည်။

"ဒါ... ဒါက အင်မော်တယ်စွမ်းအားလား။"

"မက်မွန်ပန်းဖတ်လေး တစ်ခုတည်းက ငါ့ဒဏ်ရာတွေ အားလုံးကို ချက်ချင်း ပျောက်ကင်းသွားစေတာပဲ..."

သူတော်စင်ယွိယောင်၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုနှင့် ရူးသွပ်မှုတို့ လက်သွား၏။

ဒါက စစ်မှန်တဲ့ ထာဝရအသက်ပဲ။

ဒါက ငါ ရှာဖွေနေတဲ့ လမ်းစဉ်ပဲ။

သူက ချက်ချင်း ဒူးထောက်ကာ အင်မော်တယ် ပျောက်ကွယ်သွားသော နေရာသို့ ဦးခေါင်းကို အကြိမ်ကြိမ် တိုက်ကာ အရိုအသေပေးလိုက်သည်။ "ဒီဂျူနီယာ ယွိယောင်က အင်မော်တယ်သခင်ကြီးရဲ့ အမိန့်ကို လေးနက်စွာ နာခံပါမယ်။ အခုကစပြီး ကျွန်မ သတိထားပြီးတော့ လှုပ်ရှားမယ်။ ပြီးတော့ ဟင်းလင်းပြင် ချောက်နက်ထဲက အဘိုးကြီးတွေကို မသန့်စင်ရသေးသရွေ့ အင်မော်တယ်ဖြစ်ဖို့ အတွေးတွေ အားလုံးကို စွန့်လွှတ်လိုက်ပါပြီ။"

သူက မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ အချိန်အတော်ကြာ ဒူးထောက်နေခဲ့သည်။

သို့တိုင် သူက စိတ်ဓာတ်မကျခဲ့ပေ။

သူ အမှားလုပ်ခဲ့သောကြောင့် အင်မော်တယ်က သူ့ကို လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် အခွင့်အရေး ပေးခဲ့ခြင်းက သူ့ကို တန်ဖိုးထားနေဆဲဖြစ်ကြောင်း သက်သေပြနေသည်။

အနည်းဆုံးတော့ သူက အင်မော်တယ်အတွက် အသုံးဝင်နေဆဲပင်။

၎င်းက လုံလောက်ပေသည်။

"ငါ အစကတော့ ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီးနဲ့ စာရင်းရှင်းဖို့ စီစဉ်ထားတာ..." သူတော်စင်ယွိယောင်က တိုးတိုးရေရွတ်လိုက်ပြီး ထိုလူယုတ်မာကျန်းမုန့်ချူးအကြောင်း တွေးမိကာ ဝမ်းဗိုက်ကို အလိုအလျောက် ကိုင်လိုက်မိသည်။

ကျန်းမုန့်ချူးကြောင့် သူ၏ အပျိုစင်ဘဝ ဆုံးရှုံးခဲ့ရသည်။

မျက်နှာပေါ်တွင် အရှက်ရမှုနှင့် ဒေါသများ ဖြတ်ပြေးသွားပြီးနောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

သူက အင်မော်တယ် အရှေ့တွင် သန့်ရှင်းစင်ကြယ်စွာ ရပ်တည်နိုင်ခဲ့သင့်သည်။

အရာအားလုံးကို သူ့အတွက် ပေးဆပ်နိုင်ခဲ့သင့်သည်။

ယခုတော့ သူ့ကိုယ်သူ ညစ်ပတ်သည်ဟုသာ ခံစားနေရ၏။

ထို့ကြောင့် ထိုအတွက် ကျန်းမုန့်ချူး၊ ဓားကျောင်းတော် ပြီးနောက် ကျန့်ဝူမြင့်မြတ်နယ်မြေ အားလုံးက ပေးဆပ်ရပေမနည်။

သို့သော် အရင်ဦးစွာ…

သူကိုယ်တိုင် အင်မော်တယ်ဖြစ်ရန် သေချာအောင် လုပ်ရပေမည်။

အင်မော်တယ်က ချင်းယွန်ဘုံကို ဆင်းသက်လာနိုင်လျှင် သူလည်း လုပ်နိုင်မည် ဖြစ်သည်။ အင်မော်တယ်ဖြစ်ပြီးမှ လက်စားချေခြင်းက ပိုကောင်းသည် မဟုတ်ပါလား။ အင်မော်တယ်တစ်ပါးနှင့် ရင်ဆိုင်ရလျှင် ထိုပုရွက်ဆိတ်များ မည်မျှ မျှော်လင့်ချက် ကင်းမဲ့သွားမလဲဆိုသည်ကို သူ ကြိုတွေးကြည့်၍ ရနေလေပြီ။

ထိုအခါကျလျှင် သူတို့ကို နည်းလမ်းမျိုးစုံနှင့် ညှဉ်းပန်းနှိပ်စက်၍ရပြီ ဖြစ်သည်။

ထိုအတွေးနှင့် သူတော်စင်ယွိယောင်က အမုန်းတရားကို ဖိနှိပ်ထားလိုက်သည်။

ယောင်ချီ မြင့်မြတ်နယ်မြေကို ပြန်သွားရန်လည်း မလိုတော့ပေ။

သူ၏ စီနီယာအစ်မနှင့် တပည့်တချို့သာ ကျန်တော့သည်။

"ဂိုဏ်းချုပ်တွေ အများကြီးကို သတ်ခဲ့ပြီးပြီဆိုတော့ တချို့က ဟင်းလင်းပြင် ချောက်နက်ထဲက မိစ္ဆာကြီးတွေနဲ့ အဆက်အသွယ် ရှိမှာ သေချာတယ်။ တံခါးပိတ် ကျင့်ကြံဖို့ အေးချမ်းတဲ့ နေရာတစ်ခု လိုတယ်။"

အနည်းငယ် စဉ်းစားပြီးနောက် သူက မျက်လုံးများ ကျဉ်းသွားသည်။

"အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးပဲ။ ဟင်းလင်းပြင်ချောက်နက်နားမှာ ဂိုဏ်းအသစ်တစ်ခု တည်ထောင်ရမယ်။ လူသိရှင်ကြား ပုန်းနေတာက သံသယဝင်စရာ ပိုနည်းစေလိမ့်မယ်။"

ယခင်က ၎င်းမှာ အန္တရာယ်များနိုင်သော်လည်း အခုတွင် မဟာတက်လှမ်းခြင်း တတိယမြောက်အတိဒုက္ခိကု ရောက်နေပြီး ကောင်းကင်အတိဒုက္ခ၏ သန့်စင်မှုကို ခံယူပြီးသွားသောနောက်တွင် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပြောင်းလဲသွားခဲ့လေပြီ။ သူက အမည်သစ်တစ်ခု ခံယူရန် ယုံကြည်မှု အပြည့်ရှိနေပြီ ဖြစ်သည်။

"ပြီးတော့ ဂိုဏ်းအသစ်တစ်ခု တည်ထောင်ပြီး သူတို့တွေ သတိလက်လွတ်ဖြစ်နေတဲ့ အချိန်ကျရင် ငါ့ရဲ့ သရုပ်မှန်ကို ထုတ်ပြမယ်…"

သူတော်စင်ယွိယောင်၏မျက်လုံးများ ပိုမို၍ ကျဉ်းမြောင်းသွားပြီး အမူအရာမှာ မူးယစ်နေသကဲ့သို့ ဖြစ်နေသည်။

ထိုအခိုက်အတန့်ကို သူ မစောင့်နိုင်တော့။

"ဂိုဏ်းအသစ်ကို ဒီလို ခေါ်မယ်..."

"ရွှမ်ဟဲတံခါး။"

...

မိုရှုမိန်၏ ဝိညာဉ်အနက်ရှိုင်းဆုံးထဲတွင်…

မှိုင်းညို့နေသော ကောင်းကင်၊ တိုက်ခတ်နေသော လေပြင်းများ၊ မီးတောက်များနှင့် မီးခိုးများ။

မီးကျွမ်းနေသော အပျက်အစီးများကြား မိုရှုမိန်က ဒူးတစ်ဖက် ထောက်ထားပြီး ကျိုးပဲ့နေသော ဓားတစ်လက်ကို မှီထားကာ နှုတ်ခမ်းမှ သွေးများ စီးကျနေသည်။

သူ၏အခြေအနေကို သူ ကောင်းကောင်း နားလည်သည်။

မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှု။ ၎င်းက ပထမဆုံးအကြိမ် မဟုတ်ပေ။

ယခင် တန်ပြန်သက်ရောက်မှု ဖြစ်စဉ်က သူ သတ်ခဲ့ဖူးသော ကျင့်ကြံသူများ၏ အငြိုးဝိညာဉ် အနည်းငယ် လောက်ကိုသာ ရင်ဆိုင်ခဲ့ရသည်။ မိစ္ဆာစွမ်းအင်ကြောင့် သူတို့က သူ၏အဆင့်အထိ စွမ်းအား မြင့်နေခဲ့၏။

ပုံမှန်အားဖြင့် သူက သူတို့ကို ရှင်းပစ်ရန် ရန်သူအများအပြားကို တစ်ပြိုင်တည်း တိုက်ခိုက်လေ့ရှိသည်။

သို့သော် ယနေ့တော့ မတူပေ။

မိုရှုမိန် အံကြိတ်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသည်မှာ ဝိညာဉ်များ စုစည်းထားခြင်း မဟုတ်ဘဲ မိစ္ဆာစွမ်းအင်များ ရစ်ပတ်နေသော ဝတ်ရုံနက် အဘိုးအို တစ်ဦးပင်။

ထိုအဘိုးအိုမျိုးကို သူ တစ်ခါမှ မသတ်ခဲ့ဖူးကြောင့် ကျိန်ဆိုရဲပေသည်။

ထို့အပြင် ထိုအဘိုးအို၏ အရှိန်အဝါက နတ်အသွင်ပြောင်းခြင်း အဆင့်ထက် အသေအချာ ကျော်လွန်နေ၏။

ပေါင်းစည်းခြင်းအဆင့် သို့မဟုတ် ထိုထက်ကျော်လွန်သည်အထိ ရောက်နေသည်။

သူတို့၏ ခဏတာတိုက်ပွဲက ၎င်းကို အတည်ပြုပေးနေ၏။

ထိုသူက သူ့ကို ကစားနေခြင်းပင်။

"ရှင်... ရှင်က ဘယ်သူလဲ။ ရှင့်ကို သတ်ခဲ့တာ ကျွန်မ မမှတ်မိဘူး..."

"ဒါပေါ့။ မင်း မမှတ်မိဘူး။"

အဘိုးအိုက မုတ်ဆိတ်ကို ပွတ်သပ်ရင်း လှောင်ပြုံး ပြုံးလိုက်သည်။

"ငါက ရှောင်ဖုန်း။ ရက္ခိုက်နှလုံးသားကျင့်စဉ်ကို ဖန်တီးခဲ့သူတွေထဲက တစ်ယောက်ပဲ။

မင်းရဲ့ပါရမီက ငါ့ရဲ့အာဟာရ ဖြစ်ဖို့အတွက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်။ ဒါကို ဂုဏ်ယူစရာတစ်ခုလို့ မှတ်ထားလိုက်တော့။”

…

All Chapters