← Chapters

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း (၄၂၈) ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲ

ရက္ခိုက်နှလုံးသားကျင့်စဉ်သည် သူ၏ အဓိက ကျင့်ကြံခြင်ပညာရပ် ဖြစ်သည်။

ဤအတတ်သည် ဖြောင့်မတ်ခြင်းနှင့် မိစ္ဆာလမ်းစဉ်ကြားရှိ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။

အနည်းဆုံးတော့ ၎င်းက ပေးအပ်သည့် စွမ်းအားသည် မိစ္ဆာစွမ်းအင်မဟုတ်ဘဲ သန့်စင်သော ဝိညာဉ်စွမ်းအင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များက အဓိကအားဖြင့် ပျံ့လွင့်နွေဦးဓားသိုင်းနှင့် အသူရာချောက်နက်ဝိညာဉ်ဓား တို့မှ လာခြင်းဖြစ်သည်။

မိစ္ဆာဓားနှင့် ၎င်း၏အတတ်များကို အသုံးပြုသောအခါ သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်သည် မိစ္ဆာစွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်က မိစ္ဆာစွမ်းအင်များဖြင့် ပြည့်ဝလာခဲ့သည်။

သူ့ရှေ့ရှိ ဤအဘိုးအိုက သူ့ကိုယ်သူ ရက္ခိုက်နှလုံးသားကျင့်စဉ်ကို ဖန်တီးခဲ့သူများထဲမှ တစ်ဦးဟု ဆိုသည်။ သူ၏ ပတ်လည်တွင် ရစ်ပတ်နေသော မိစ္ဆာစွမ်းအင်များက သူ့ကို မဟာမိစ္ဆာကြီးတစ်ပါးအဖြစ် အသေအချာ ဖော်ပြနေ၏။

ထို့ကြောင့် ရက္ခိုက်နှလုံးသားကျင့်စဉ်က အမှန်တကယ်ပင် မိစ္ဆာအတတ်တစ်ခုဖြစ်သည်။ အဖြေပေါ်သွားလေပြီ။

"ကျွန်မ အခုရောက်နေတာ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရှိတဲ့ ဓားကျောင်းတော်ထဲမှာနော်။" မိုရှုမိန်က သူသည် အဘိုးအိုကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် ဟန်ရေးပြ ခြိမ်းခြောက်ရုံသာ တတ်နိုင်တော့သည်။ "ရှင်က ရက္ခိုက်နှလုံးသားကျင့်စဉ်ကို ဖန်တီးတဲ့သူ ဖြစ်နေရင်တောင် မဟာတက်လှမ်းခြင်း အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်မလား။ ကျွန်မ ရှင့်ကို အခွင့်အရေး တစ်ခါပေးမယ်။ တောင်းပန်လိုက်။ ကျွန်မရဲ့ မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်နေတဲ့ အချိန်မှာ နောက်တစ်ခါ ဘယ်တော့မှ ပေါ်မလာတော့ပါဘူးလို့ ကျိန်ဆိုလိုက် ပြီးတော့ အဆင့်မြင့် ဝိညာဉ်ပုံဆောင်ခဲ တစ်သိန်းနဲ့ လျော်ကြေးပေး။ အဲဒါဆိုရင် ဒီနေ့ ကျွန်မတို့ တစ်ခါမှ မတွေ့ခဲ့ဘူးလို့ သဘောထားပေးမယ်။"

ရှောင်ဖုန်းက စိတ်ကူး၍ရသမျှ ခြိမ်းခြောက်မှုအားလုံးကို ကြားဖူးပြီးသားဖြစ်သော အတွေ့အကြုံရင့် မိစ္ဆာအဘိုးအို တစ်ဦးဖြစ်သည်။

သို့တိုင် မိုရှုမိန်၏စကားများက သူ့ကို ခဏတာ ရပ်တန့်သွားစေပြီးမှ အော်ဟစ်ရယ်မောသွားစေခဲ့သည်။

"စိတ်ဝင်စားစရာပဲ။ ဒီလို ရယ်စရာကောင်းတဲ့ ဂျူနီယာမျိုးနဲ့ မတွေ့ရတာ ကြာပြီ။ ငါ တက်လှမ်းမယ့်အချိန် နီးကပ်မနေရင် မင်းကို ငါ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံလိုက်မှာ။ ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့။ ဓားကျောင်းတော်က ဘယ်လိုလဲဆိုတာ ငါ အတိအကျ သိတယ်။ သူတို့ရဲ့ အသန်မာဆုံး ဓားကျင့်ကြံသူက ပေါင်းစည်းခြင်း အဆင့်မှာပဲ ရှိတာ။ အဲဒါတောင် ဒဏ်ရာရထားတဲ့သူ။ ငါသာ မမှားဘူးဆိုရင် အဲဒါက သူတို့ရဲ့ အရင်က တပည့်ကြီး လင်းယွီရှီး၊ ဘွဲ့နာမည်က လောကလွန်ဓားပဲ။ သူကလွဲရင် ဓားကျောင်းတော်မှာ တခြား ကျွမ်းကျင်သူ ဘယ်သူမှ မရှိဘူး။ သူတို့ရဲ့ လက်ရှိ ဂိုဏ်းချုပ် စုချီနျန်ဆိုတာ လုံးဝကို အသုံးမကျတဲ့ကောင်။"

မိုရှုမိန်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည် ခေါင်းခါလိုက်သည်။

"ရှင့်ရဲ့ နောက်ဆုံးစကားက ဒုတိယတစ်ဝက်ကိုတော့ သဘောတူတယ်။ ဒါပေမဲ့ ပထမတစ်ဝက်ကတော့ ရှင့်ရဲ့ မသိနားမလည်မှုကို ပြနေတာပဲ။"

"ဓားကျောင်းတော်မှာ ကျွမ်းကျင်သူ ရှိမရှိဆိုတာ ကျွန်မထက် ဘယ်သူက ပိုသိမှာလဲ။" သူက ကျိုးပဲ့နေသော ဓားကို အမှီပြု၍ မတ်တတ်ရပ်လိုက်ပြီး ယုံကြည်မှုရှိသောအပြုံးဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ "ဘာလို့လဲဆိုတော့ သူက အခုပဲ ပေါ်လာတော့မှာမို့လို့လေ။"

သူ၏စကား ဆုံးသည်နှင့် ဓားပျံတစ်လက်က မိုရှုမိန်ဘေးသို့ ကျဆင်းလာပြီး ၎င်း၏ ဓားစွမ်းအင်သည် လီချင်းရန်၏ ပုံရိပ်အဖြစ် စုစည်းသွားသည်။

လီချင်းရန် ဖြစ်နေသည်ကို မြင်သောအခါ မိုရှုမိန် အေးခဲသွား၏။

"ချင်းရန်။ နင်... နေပါဦး။ နင့်ဆရာကော။ ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီးကော ဘယ်မှာလဲ။"

လီချင်းရန် မျက်တောင်ခတ်လိုက်သည်။ "ဆရာက နင် ထိုးဖောက်မရတဲ့ ကာကွယ်မှုတွေ လုပ်ထားလို့ သူ့ရဲ့ နတ်ဘုရားဝိညာဉ် ဝင်လို့မရဘူးတဲ့။"

"မဖြစ်နိုင်တာ။" မိုရှုမိန်၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားသည်။ "ငါ့ဝိညာဉ်ထဲကို ဝင်ဖို့ကြိုးစားတဲ့ မဟာတက်လှမ်းခြင်း အဆင့်ရှိတဲ့ ဘယ်လို အရှိန်အဝါမျိုးကိုမှ ငါ မခံစားမိပါဘူး..."

အစောပိုင်းက ဝိညာဉ်စူးစမ်းရှာဖွေမှုတစ်ခုကို သူ တကယ် ခံစားမိခဲ့သည်၊ သို့သော် ရွှေရောင်အနှစ်သာရအဆင့် အဆင့်သာ ရှိသည်။

ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူက ဓားကျောင်းတော်ဘိုးဘေးကြီး မဟုတ်သည်မှာ အသေအချာပင်။

အဲဒီရွှေရောင်အနှစ်သာရအဆင့် အရှိန်အဝါက ချိုသာနူးညံ့တဲ့ လီချင်းရန်ရဲ့ဟာလည်း မဟုတ်ဘူး။

အပြစ်ကင်းသူများကို ပဋိပက္ခထဲသို့ မဆွဲသွင်းဘူးဆိုသည့် သူ၏မူဝါဒအရ ထိုစူးစမ်းမှုကို သူ ချက်ချင်းပင် ပိတ်ဆို့ပစ်ခဲ့သည်။

ဧကန္တ…အဲဒီရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူက ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီးများလား။

"နောက်ထပ် လတ်ဆတ်တဲ့ ဝိညာဉ်ငယ်လေး တစ်ခုပဲ။" ရှောင်ဖုန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး တောက်ပနေသော လီချင်းရန်ကို အကဲဖြတ်လိုက်သည်။ "နှစ်ယောက်စလုံးက သိပ်ကောင်းတဲ့ ပျိုးပင်လေးတွေပဲ။ ငါသာ တက်လှမ်းဖို့ ကြိုးစားနေရတဲ့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်မနေဘူးဆိုရင် ပြီးပြည့်စုံတဲ့ ရက္ခိုက်နှလုံးသားကျင့်စဉ်ကို သေချာ လက်ဆင့်ကမ်းပေးဖို့အတွက် မင်းတို့နှစ်ယောက်စလုံးကို တပည့်အဖြစ် လက်ခံလိုက်မှာ။ နှမြောစရာပဲ။"

"နှမြောစရာပဲ" ဟူသော စကားလုံး သူ၏ နှုတ်ခမ်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူ၏အမူအရာ မှောင်မိုက်သွားသည်။ မိစ္ဆာစွမ်းအင်များ သူ၏ပတ်လည်တွင် လှိုင်းထလာစဉ် သူ၏ ခြေသည်းလက်သည်းများ ပါသော လက်များ မြင့်တက်လာသည်။

"မင်းတို့က အချိန်မှားပြီး မွေးလာတာပဲ။ ငါ့ရဲ့ အာဟာရတွေ ဖြစ်လာကြစမ်း။"

လူဆိုးများ ထုံးစံအတိုင်း စကားအလုံအလောက် ပြောပြီးပြီဖြစ်ရာ ရိတ်သိမ်းချိန် ရောက်‌လလေပြီ။

ရှောင်ဖုန်းက ရက္ခိုက်နှလုံးသားကျင့်စဉ်ကို အသက်သွင်းလိုက်ရာ ဝိညာဉ်နယ်မြေတစ်ခုလုံး အမှောင်အတိ ကျသွားသည်။ လီချင်းရန်နှင့် မိုရှုမိန်တို့က အရိပ်များ တဖျပ်ဖျပ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရပြီး သူတို့၏ ပတ်လည်တွင် ရှောင်ဖုန်းနှင့် တစ်ထပ်တည်းတူသော ပုံတူ ဆယ့်ရှစ်ခု ထွက်ပေါ်လာကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။

ရက်စက်ယုတ်မာသော မိစ္ဆာစွမ်းအင်များ ပါဝင်သည့် လက်ဝါးရိုက်ချက် ဆယ့်ရှစ်ခုက စပါးကြီးမြွေများကဲ့သို့ သူတို့ဆီသို့ ရစ်ခွေဝင်ရောက်လာသည်။

"ချင်းရန်၊ ပြေး‌တော့။ ငါတို့ သူ့ကို မယှဉ်နိုင်ဘူး။" မိုရှုမိန်က လီချင်းရန်ကို အလောတကြီး ကာကွယ်လိုက်သည်။ "သွား၊ နင့်ဆရာကို သွားခေါ်။ သူက ငါတို့ကို ကယ်နိုင်သေးတယ်။"

လီချင်းရန်က လုံးဝ တည်ငြိမ်နေသည်။ "ဆရာ ရောက်နေပါပြီ။"

သူ ပြောနေစဉ်မှာပင် ဓားအလင်းတန်းတစ်ခုက သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာပြီး မိုရှုမိန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် လီချင်းရန်ကို ကြားခံအဖြစ် အသုံးပြုခဲ့သော ချန်ဟွိုက်အန်အဖြစ် ရုပ်လုံး ပေါ်လာသည်။

ချန်ဟွိုက်အန် မြေပြင်ပေါ်သို့ ဆင်းသက်ရန် အချိန်မရလိုက်ခင် မိစ္ဆာလက်ဝါး ဆယ့်ရှစ်ခု ဝင်ရောက်လာ၏။

တိုက်ခိုက်မှုများ၏ နောက်ကွယ်ရှိ ပေါင်းစည်းခြင်းအဆင့် ဝိညာဉ်စွမ်းအားက ဝင်မတိုက်မိခင်မှာပင် သူ၏ နှလုံးကို အမြန်ခုန်စေခဲ့သည်။ သူ ဝယ်ယူထားသော တိုက်ခိုက်-ကာကွယ်ရေး ပက်ကေ့ခ်ျကို သတိရလိုက်ကာ လက်များကို ယှက်၍ ကာကွယ်ရေး အနေအထားဖြင့် နေရာတွင် ခေါင်းမာမာ ရပ်နေလိုက်သည်။

ရှောင်ဖုန်းက အားရပါးရ ရယ်မောလိုက်၏။

ပုံရိပ်ယောင် ဆယ့်ရှစ်ခု၏ လှောင်ပြောင်ရယ်မောသံများက သူတို့၏ ဦးခေါင်းခွံများထဲတွင် နာကျင်စွာ မြည်ဟည်းနေသည်။

"ဒါက မင်းတို့ရဲ့ ဓားကျောင်းတော်က ကျွမ်းကျင်သူလား။ မဟာတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူ။"

"ငါ့မျက်လုံးတွေ မှားမနေဘူးဆိုရင်တော့ သူက ရွှေရောင်အနှစ်သာရအဆင့် အဆင့်လေးပဲ။ သေမင်းတံခါးဝကို ကိုယ့်ဘာသာ လာပို့တာပဲ။ ဒါဆိုလည်း အတူတူ သေလိုက်ကြတော့…"

ဒေါင်။ ဒေါင်။ ဒေါင်။

စကားပြောနေဆဲမှာပင် ဆက်တိုက် ထွက်ပေါ်လာသော ရွှေခေါင်းလောင်း ထိုးသံများက ရှောင်ဖုန်း၏ အပြုံးကို အေးခဲသွားစေသည်။

ရွှေရောင်အနှစ်သာရအဆင့် ဓားကျင့်ကြံသူ၏ ရှေ့တွင် မှောက်လျက် ရွှေခေါင်းလောင်းတစ်ခု ထွက်ပေါ်လာပြီး မိန်းကလေး နှစ်ဦးစလုံးကို ကာကွယ်ကာ လက်ဝါးရိုက်ချက် ဆယ့်ရှစ်ခုစလုံးကို တားဆီးပစ်လိုက်သည်။

"မဖြစ်နိုင်ဘူး။"

ရှောင်ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ငါ့ရဲ့ စိတ်ဝိညာဉ်ချီစွမ်းအားက ပေါင်းစည်းခြင်းအဆင့်မှာ ရှိတာလေ။

ဒီမပြည့်စုံတဲ့ ရက္ခိုက်နှလုံးသားကျင့်စဉ် မိတ္တူထဲမှာ ဝိညာဉ်အပိုင်းအစလေး တစ်ခုပဲ ကျန်တော့ပေမယ့် ဘယ်ရွှေရောင်အနှစ်သာရအဆင့် ဝိညာဉ်ကိုမဆို လွှမ်းမိုးနိုင်ရမှာပေါ့။

ဒါက ယုတ္တိဗေဒ အားလုံးကို ဆန့်ကျင်နေတယ်။

မပြည့်စုံသော ရက္ခိုက်နှလုံးသားကျင့်စဉ်က ချိန်ကိုက်ဗုံး တစ်လုံးလို အလုပ်လုပ်သည်။

ပြီးပြည့်စုံသောကျမ်းတွင် အခန်းကိုးခန်း ရှိသည်။ ကျင့်ကြံသူက အခန်းသုံးခန်း ကျင့်ကြံပြီးတိုင်း သူ ထည့်သွင်းထားသော ဝိညာဉ်အပိုင်းအစကို အသက်သွင်းစေပြီး မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေကာ ကျင့်ကြံသူများကို သူနှင့် မျက်နှာချင်းဆိုင် ဖြစ်စေသည်။ သူ တက်လှမ်းရန်အတွက် နောက်ဆုံး အာဟာရများအဖြစ်ပင်။

မိုရှုမိန်၏ လက်ရှိ မိစ္ဆာစွမ်းအင်တန်ပြန်သက်ရောက်မှု ဖြစ်ရခြင်းမှာ အဓိကအားဖြင့် သူသည် တတိယအခန်းသို့ ရောက်ရှိသွားသောကြောင့်ဖြစ်သည်။ လုံးဝ မကျွမ်းကျင်သေးသော်လည်း သူက ရိတ်သိမ်းရန် စိတ်မရှည်တော။

မည်သည့်ထိခိုက်မှုမှ မရှိသည်ကို မြင်သောအခါ ချန်ဟွိုက်အန်က ဂိမ်းစနစ်၏ အံ့မခန်းနိုင်စွမ်းကို မချင့်မရဲ ဝန်ခံလိုက်ရသည်။

ယုတ္တိဗေဒ ဘာညာ ဂရုမစိုက်ဘူး။ ရွှေလက်ချောင်းကတော့ ရွှေလက်ချောင်းပါပဲ။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။"

ချန်ဟွိုက်အန်က ရင်ကော့လိုက်ပြီး မိန်းကလေးများကို ပြဇာတ်ဆန်ဆန် ကာကွယ်လိုက်သည်။ "မင်းလို ပုရွက်ဆိတ်တစ်ကောင်က ငါ့ရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။"

"ငါ တကယ်ပဲ မဟာတက်လှမ်းခြင်းအဆင့် ဝိညာဉ်စွမ်းအားနဲ့ ဝင်လာလို့ ရတယ်။ ဒါပေမဲ့ အဲဒါက သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ဝန်ပိစေလိမ့်မယ်။ မိစ္ဆာစွမ်းအင် တန်ပြန်သက်ရောက်မှုကို ဖြေရှင်းနိုင်ရင်တောင်မှ သူ့ရဲ့ ဝိညာဉ်ကို နှစ်နဲ့ချီပြီး ထိခိုက်ပျက်စီးသွားစေမှာ။"

"အဲဒါကြောင့်ကိုး..." မိုရှုမိန်က ယခုအခါ တောင်ကြီးတစ်တောင်လို မြင့်မားနေပုံရသော ချန်ဟွိုက်အန်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ သူ၏နှာခေါင်းများ ကျိန်းစပ်လာပြီး မျက်လုံးများ မျက်ရည်လည်လာ၏။

ဒါဆို ရွှေရောင်အနှစ်သာရအဆင့် ဝိညာဉ်က ဓားကျောင်းတော်ဘိုးဘေးကြီးပေါ့။

ငါ့ကို သက်ညှာဖို့အတွက် မဟာတက်လှမ်းခြင်းအဆင့်နဲ့ အတင်းအကျပ် ဝင်မလာဖို့ သူ ရွေးချယ်ခဲ့တာပဲ။ သူက ဒါကို အနှောင့်အယှက်လို့ မသတ်မှတ်ခဲ့တဲ့အပြင် လီချင်းရန်ကို တံတားအဖြစ် အသုံးပြုပြီး ငါ့ကို လာကယ်ဖို့ ထပ်ကြိုးစားခဲ့သေးတယ်။

လီချင်းရန်က သူ့ဆရာကို ကိုးကွယ်နေတာ အံ့ဩစရာ မရှိပါဘူးလေ။

တပည့်များ၏ ကိုးကွယ်မှုဆိုသည်မှာ အကောင်းမြင်လွန်းသည်များ ပါဝင်သည်ဟု မိုရှုမိန် ထင်ခဲ့ဖူးသည်။ ချန်ဟွိုက်အန်က တခြားအကြီးအကဲများထက် အများကြီး ပိုမကောင်းနိုင်ပေ။ လီချင်းရန်ကို နည်းနည်း ပိုဂရုစိုက်ပြီး ဘက်လိုက်ခြင်းလောက်ပင်။ သေချာပေါက် မာနကြီးပြီး ခေါင်းမာမည်ဟု သူ တွေးခဲ့သည်။ လီချင်းရန် ဒုက္ခရောက်မည်ကို သူ စိုးရိမ်ခဲ့၏။

ယခုတော့ သူ နားလည်သွားလေပြီ။

သူ လီချင်းရန်နှင့် ချန်ဟွိုက်အန်ကို ထာဝရ သဘောတူပေးလိုက်တော့မည်။

"မင်းက ငါ့ကို ပုရွက်ဆိတ်လို့ ခေါ်ရဲတယ်လား။။" ရှောင်ဖုန်း၏ ပုံရိပ်ယောင် ဆယ့်ရှစ်ခုက ဒေါသတကြီး လက်ညှိုးထိုးလာသည်။ "ငါ ဘယ်သူလဲဆိုတာကို မင်း သိလား။"

"သိတာပေါ့။" ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ငါက ဘယ်သူလဲ။"

ချန်ဟွိုက်အန် ပြုံးဖြီးဖြီး လုပ်လိုက်သည်။ "မင်းက... ငါတို့ရဲ့ သူရဲကောင်း‌လေး နီကျားလေ။ ”

All Chapters