← Chapters

အခန်း (၄၆၀-၄၆၁)

Vol. 43 Ch. 460-461

အခန်း (၄၆၀-၄၆၁)

Vol. 43 Ch. 460-461

အခန်း ၄၆၀ - ရုတ်တရက် အပြောင်းအလဲ၊ ဂိမ်းကုမ္ပဏီ ပိတ်လိုက်ပြီလား

ဓားနက်နှင့် ကျန်ရှိသော ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်များ အပြင်းအထန် ဆွေးနွေးနေကြစဉ် ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေအတွင်း၌ ခါးတွင် သိုလှောင်အိတ်များ ဖောင်းကားနေအောင် ချိတ်ဆွဲထားသည့် အနီရင့်ရောင်ဝတ်ရုံနှင့် လူတစ်ဦးက အေးအေးလူလူ လေညင်းခံနေ၏။

ဤဆန်းကြယ်နယ်မြေ၏ အပိုင်းအစထဲတွင် ကောင်းကင်ဘုံတစ်ခွင် ထင်ဟပ်နေသော ကြယ်တာရာများကို မမြင်တွေ့နိုင်ပေ။ နေပူစာလှုံရန် နေမရှိသဖြင့် သူသည် လေညင်းခံရုံသာ တတ်နိုင်တော့သည်။

သူသည် သိုလှောင်အိတ်များကို ဖွင့်လိုက်ရာ အရောင်တောက်ပနေသော နှင်းခဲဥများ တန်းစီ၍ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားကြပြီး ကျိယွမ်၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြသဖြင့် သူ့ပုံစံက ဥစျေးသည်တစ်ဦးနှင့်ပင် တူနေတော့သည်။

"ဟူး... တစ္ဆေစိုးမိုးကောင်းကင်က ကျင့်ကြံသူတွေကတော့ နှေးလိုက်တာ။ ဒီလောက်ကြာနေပြီ၊ အခုထိ ဖင်လေးနေတုန်းပဲ"

စင်မြင့်ကို ပြင်ဆင်ပြီးပြီ ဖြစ်သဖြင့် ကျိယွမ်သည် သရုပ်ဆောင်များ ရောက်လာမည်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့သော် အင်မော်တယ်ကျင့်ကြံခြင်း လောကမှ ကျင့်ကြံသူများသည် အလွန် အလုပ်မတွင်ကြဘဲ လှုပ်ရှားမှုတိုင်းတွင် အမြဲတမ်း နှေးကွေးကာ ဝေခွဲမရ ဖြစ်နေတတ်ကြ၏။ ဘယ်တော့မှ ပြတ်ပြတ်သားသား မရှိကြပေ။

ဥပမာအားဖြင့် မူလသဘောတရားစည်းဝေးပွဲတွင် လင်းယာအသွင်ပြောင်းလဲခြင်း အကြောင်းကို ပြောခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်မည်ရရ အစမပြုရသေးပေ။

ယခုလည်း ကျိယွမ်က နှင်းခဲဥများကို ချပြပြီး တစ္ဆေစိုးမိုးကောင်းကင်၏ လူငယ်ပါရမီရှင်များကို ရန်စစိန်ခေါ်ထားသော်လည်း ယခုအချိန်အထိ သူတို့ဘက်က လေလုံးထွားရုံသာ ရှိသေးပြီး ကိုယ်တိုင် ရောက်မလာကြသေးပေ။

"ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်မယ့်သူတွေက အထီးကျန်မှုကို အောင်နိုင်ရမယ်"

ကျိယွမ်သည် စိတ်အေးလက်အေး ရှိနေ၏။

သူ၏ ဂိမ်းကျောက်စိမ်းပြားထဲမှ တိတ်ဆိတ်သောအသံသည် နောက်တစ်ကြိမ် ပြန်လည် ပဲ့တင်ထွက်ပေါ်လာပြန်သည်။

ကျိယွမ်က တိုးတိုးလေး ရယ်မောလိုက်၏။

"နောက်ထပ် ပုံပြင်တစ်ပုဒ် ထပ်နားထောင်ဦးမလား"

ဂိမ်းကျောက်စိမ်းပြားထဲရှိ တိတ်ဆိတ်သောအသံကို ပုံပြင်ပြောပြခြင်းက ဂိမ်းအသစ်၏ ဒေါင်းလုဒ်ဆွဲသည့်အရှိန်ကို မြန်ဆန်စေကြောင်း သူ ရှာဖွေတွေ့ရှိထားသည်။ ထို့ကြောင့် သူသည် ပုံပြင်များကို စိတ်ကူးပေါက်သလို လျှောက်လုပ်ကြံ ပြောပြနေခြင်း ဖြစ်သည်။

"ဟိုးရှေးရှေးတုန်းက တောင်တစ်တောင် ရှိသတဲ့။ အဲဒီတောင်ပေါ်မှာ နွားနီလေးလို့ ခေါ်တဲ့ နွားတစ်ကောင် ရှိတယ်..."

"တစ်နေ့မှာ အဲဒီနွားလေးဟာ --------"

"--------------"

"...ကဲ၊ ဒီနေ့အတွက် ပုံပြင်ကတော့ ဒီမှာတင် ပြီးပြီ"

"နေ့တိုင်း ငါပဲ နင့်ကို ပုံပြင်တွေ ပြောပြနေရတာ။ နင်ကော ငါအစိမ်းသပ်သပ်ဖြစ်မနေရအောင် ဂိမ်းဇာတ်ကွက် အကြောင်း နည်းနည်းလောက် ပြောပြပါလား"

ကျိယွမ်သည် ဂိမ်းအသစ်နှင့် ပတ်သက်၍ အတော်လေး သိလိုစိတ် ပြင်းပြနေပြီး စိတ်လည်း လှုပ်ရှားနေမိသည်။ လက်ရှိတွင် သူသည် ခရမ်းရောင်နန်းတော်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ်ဂိမ်းကမ္ဘာသည် သူအဆင့်တက်လှမ်းပြီး ယင်နတ်ဘုရား ဖြစ်လာမည့် နေရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ဂိမ်းအသစ်အပေါ် အလွန် စိတ်ဝင်စားနေခြင်း ဖြစ်၏။

"နတ်ဘုရား ဖြစ်ရတာ စိတ်ဝင်စားဖို့ကောင်းမှာပဲ။ ငါ့မှာ နောက်လိုက်တွေ၊ ကိုယ့်ကွယ်ပူဇော်သူတွေ အများကြီး ရှိလာမှာလား"

"လူတွေက ငါ့ရဲ့ ရုပ်ထုတွေကို ထုလုပ်ပြီး ပူဇော်ကြမလား"

"အဲဒီနောက် အချိန်တွေ ကုန်လွန်သွားတဲ့အခါ ဘယ်လို ပုဂ္ဂိုလ်ကြီးတွေ ပေါ်လာပြီး ရုပ်ထုတွေကို မိစ္ဆာဒိဋ္ဌိ ထုံးတမ်းစဉ်လာအတိုင်း ဖြိုဖျက်ပစ်မလား"

ကျိယွမ်သည် အတွေးများကို ဖြန့်ကျတ်နေမိသည်။ ကံဆိုးစွာဖြင့် တိတ်ဆိတ်သောအသံက သူ့ကို လုံးဝ ပြန်မဖြေပေ။

"မျှတတဲ့ ကုန်သွယ်မှု သဘောအရဆိုရင် ငါ နင့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တွေ အများကြီး ပြောပြခဲ့တာလေ။ အဲဒါက ငါ့ရဲ့ ဦးနှောက်စွမ်းအားတွေ အများကြီး ကုန်တာ။ နင် ငါ့ကို ရွှေဒင်္ဂါးအချို့တော့ ပြန်ပေးသင့်တာ မဟုတ်ဘူးလား။ ကပ်စေးမနှဲပါနဲ့..."

"ဩော်... ဟုတ်သားပဲ။ နင်က မျက်စိကန်းပြီး ဆွံ့အနတာပဲ။ စကားမပြောနိုင်ဘူးလေ"

ထိုအချိန်တွင် တိတ်ဆိတ်သောအသံသည် လုံးဝ ငြိမ်သက်သွားခဲ့သည်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကျိယွမ်သည် တိတ်ဆိတ်သောအသံက တစ်ခုခုကို ကြံစည်နေသည်ဟု ထူးဆန်းသော ခံစားချက်ကို ရလိုက်မိသည်။

အသက်ရှူကြိမ် တစ်ရာခန့် ကုန်လွန်ပြီးနောက် ကျိယွမ်သည် ကျောက်စိမ်းပြားအတွင်းရှိ ဂိမ်းအသစ်ကို ကိုယ်စားပြုသော ဂိမ်းအိုင်ကွန်က ရုတ်တရက် တောက်ပသော အလင်းရောင်များဖြင့် လက်ခနဲ ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ ကျိယွမ်သည် မျက်မှောင်ကုတ်လျက် ထိုလက်ခနဲ ဖြစ်သွားသော အလင်းကို စိုက်ကြည့်လိုက်၏။

"ပြင်းထန်တဲ့ သက်စောင့်စွမ်းအားပါလား..."

မူလ ဂိမ်းအိုင်ကွန်က မှောင်မိုက်၊ ရှုပ်ထွေးပြီး ပျက်စီးလုနီးပါး ဖြစ်နေခဲ့လျှင် ယခုမူ ၎င်းသည် တက်ကြွသော စွမ်းအင်နှင့် အရောင်အသွေးများဖြင့် ပြည့်နှက်နေသည်။ ၎င်းက ပျက်စီးယိုယွင်းနေသော မြေရိုင်းပြင်ကြီးတစ်ခုကို ပြုပြင်မွမ်းမံနေသကဲ့သို့ပင်။ ထိုအချိန်မှစ၍ ဂိမ်း၏ အင်တင်သည့်အရှိန်ကလည်း အဟုန်ပြင်းစွာ မြင့်တက်လာခဲ့တော့သည်။

"ဟေး... နင် ရှိသေးလား"

ကျိယွမ်က စမ်းသပ်သည့်အနေဖြင့် လှမ်းခေါ်လိုက်သည်။ ကံဆိုးစွာဖြင့် တိတ်ဆိတ်သောအသံက ပြန်မထူးပေ။ ထိုအရာက ကျိယွမ်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။ ဂိမ်းကျောက်စိမ်းပြားအတွင်း ဘာတွေ ဖြစ်ပျက်နေသည်ကို သူ လုံးဝ မသိနိုင်ပေ။

အသက်ရှူကြိမ် သုံးရာခန့် ကြာပြီးနောက် ကျိယွမ်သည် ဂိမ်းအိုင်ကွန်ကို စိုက်ကြည့်ရင်း သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

"ဟေ.....ဂိမ်းက... ဒေါင်းလုဒ်ဆွဲတာ မအောင်မြင်တော့တာလား"

"နေဦး... ဂိမ်းကုမ္ပဏီပဲ လူမွဲစာရင်း ခံလိုက်ရတာလား"

အမှန်ပင်၊ ထိုအသက်ရှူကြိမ် သုံးရာအတွင်းမှာပင် ဂိမ်းတင်သည့် ဖြစ်စဉ်က အရှိန်မြင့်နေရာမှ ရုတ်တရက်... ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။ အိုင်ကွန်၏ ပုံစံနှင့် ထွက်ပေါ်လာသော အရှိန်အဝါအရ ဂိမ်းကုမ္ပဏီ ပိတ်သိမ်းသွားသကဲ့သို့ ခံစားရစေသည်။ ၎င်းက အင်စတောဖိုင်တစ်ခုကို နှိပ်လိုက်သော်လည်း ဂိမ်းဖိုင်များ ပျက်စီးနေသည်ဟု အကြောင်းကြားစာ တက်လာသကဲ့သို့ပင်။

"ဘာဖြစ်တာလဲ။ တကယ်ပဲ ပိတ်သွားတာလား"

"ဟေး... နင် ရှိသေးလား"

သို့သော် မည်သူမျှ ပြန်မထူးပေ။ ဂိမ်း၏ တိုးတက်မှုဘားတန်းက မှိန်ဖျော့သွားပြီး ရပ်တန့်သွားခဲ့သည်။

"မိတ်ဆွေတို့ရေ... ဒါကို ဘယ်သူ နားလည်လဲ။ ငါ ဒီဂိမ်းကို ကြိုတင်မှာယူထားတာ ကြာလှပြီ၊ အခုတော့ မိတ်မဆက်ရသေးခင်မှာတင် ကုမ္ပဏီက ဒေဝါလီခံသွားပြီတဲ့။ ငါ ဖြုန်းတီးလိုက်ရတဲ့ လူငယ်ဘဝအတွက် ဘယ်သူက လျော်ကြေးပေးမှာလဲ"

ကျိယွမ်သည် အလွန်အမင်း စိတ်ပျက်သွားသော်လည်း တိတ်ဆိတ်သောအသံအတွက် စိုးရိမ်စိတ်ကို မဖျောက်နိုင်ဘဲ ရှိနေသည်။

"ဒါက ကစားသမားတစ်ယောက်ဖြစ်တဲ့ ငါကပဲ ဝင်ရောက်ပြီး ဒီဒေဝါလီခံသွားတဲ့ ဂိမ်းကုမ္ပဏီကို ကယ်တင်ရမယ်လို့ ဆိုလိုတာလား"

"ဟေး... ငါက ကစားသမားသက်သက်ပဲလေ"

"တောက်... ကပ်စေးနှဲ အရင်းရှင်တွေ"

သို့သော် ဤအရာက သူ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ဆက်စပ်နေသဖြင့် ကျိယွမ်သည် ဂိမ်းကို ကယ်တင်ဖို့ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"တကယ်လို့ ငါ ကယ်တင်နိုင်ရင် ငါ အစုရှယ်ယာအချို့ လိုချင်တယ်။ ငါက အကျိုးစီးပွားပါဝင်ပက်သက်သူ ဖြစ်လာမှာ"

သေချာစဉ်းစားပြီးနောက် ကျိယွမ်သည် သူ၏ ဝိညာဉ်ကို ဂိမ်းကျောက်စိမ်းပြားထဲသို့ စမ်းသပ်၍ ထိုးသွင်းလိုက်သည်။ သူသည် ဂိမ်းအသစ်ထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူသည် ဂိမ်းထဲတွင် ထူးခြားဆန်းပြားသောအရာတစ်ခု ဖြစ်ပျက်နေသည်ဟု ခံစားနေရသည်။

သို့သော် ကံဆိုးစွာဖြင့် ပြင်းထန်သော ကန့်သတ်ချက်တစ်ခုက ကျိယွမ် ဝင်ရောက်ခြင်းကို ပိတ်ဆို့ထား၏။

"အရမ်း တင်းကျပ်လွန်းတယ်။ ငါ ဝင်လို့မရဘူး"

ကျိယွမ်သည် ဂိမ်းကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း အတွေးပွားနေမိသည်။ ဂိမ်းက ပျက်စီးနေသဖြင့် သူ လုံးဝ ဝင်၍မရပေ။ အဆုံးစွန်တွင် ကစားသမားတစ်ယောက်သည် မပြီးစီးသေးသော အင်စတော ပက်ကေ့ဂျ်ထဲသို့ ဝင်ရောက်၍ မည်သို့ ကစားနိုင်မည်နည်း။

ကျိယွမ်သည် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ၏ အရှိန်အဝါက ပြောင်းလဲသွားသည်။

"အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း"

ထိုအချိန်တွင် သူသည် မိမိ၏ မူလသဘောတရားကို ထုတ်ဖော်လိုက်သည်။ ကျိယွမ်၏ ဝိညာဉ်သည် စတင်၍ ရွေ့လျားပြောင်းလဲလာခဲ့၏။ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းသည် ရှင်သန်ခြင်းကို ဗဟိုပြုသော သဘောတရား ဖြစ်သည်။

အရာအားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရမည်။ သူသည် ဤပျက်စီးနေသော အင်စတော ပက်ကေ့ဂျ်ထဲသို့ ဝင်ရောက်နိုင်ရန် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

သူ၏ ဝိညာဉ်က ပြောင်းလဲလာပြီး မူလသဘောတရားက လှိုင်းထလာကာ သူ၏ အရိုးများ နက်ရှိုင်းသော နေရာမှ မဟာတာအို၏ သိမ်မွေ့သော ပဲ့တင်သံများ ထွက်ပေါ်လာသည်။

"အဆင်မပြေဘူး။ ငါ့ရဲ့ မူလသဘောတရားက အပြည့်အဝ မတည်ငြိမ်သေးတော့ ဂိမ်းထဲကို ဝင်လို့မရဘူး"

ကျိယွမ်သည် အနည်းငယ် အခက်ကြုံနေရသည်။ သူသည် မူလသဘောတရားကို မကြာသေးမီကမှ သဘောပေါက်ခဲ့ခြင်း ဖြစ်သဖြင့် အနှိုင်းမဲ့မူလသဘောတရားသခင်ဟောင်းများနှင့် နှိုင်းယှဉ်လျှင် သာမန် မဟာမူလသဘောတရားအဆင့် အရှင်သခင်များကိုပင် ခဲယဉ်းစွာ ယှဉ်ပြိုင်နိုင်ရုံသာ ရှိသေးသည်။ သူ၏ မူလသဘောတရားသည် သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ် သို့မဟုတ် အတွေးများထဲတွင် စွဲမြဲတည်ငြိမ်ခြင်း မရှိသေးပေ။

"ငါ ဘာလုပ်ရမလဲ"

"ငါ့ရဲ့ ထက်မြက်လှတဲ့ ဉာဏ်ကြီးရှင် ဦးနှောက်ကိုပဲ ထပ်ပြီး အားကိုးရတော့မှာလား"

ထိုအကြောင်းကို စဉ်းစားရင်း ကျိယွမ်သည် တစ်ခါက သွေးတိုးပွားအသိဉာဏ်ပွင့်ဆေးလုံးများ ထည့်ထားခဲ့သော ပုလင်းကို ထုတ်ယူလိုက်သည်။

သို့သော် ပုလင်းက ဗလာဖြစ်နေ၏။ ဆေးလုံးများကို စားသုံးခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် မွှေးပျံ့သော ရနံ့ဖျော့ဖျော့သာ ကျန်ရစ်တော့သည်။

ဆေးမရှိတော့လည်း ဆေးပုလင်းကို ရေကျင်းပြီးသောက်ရမယ် ။

ကျိယွမ်သည် ပုလင်းထဲသို့ နတ်ဘုရားအရည်အချို့ကို လောင်းထည့်လိုက်ပြီးနောက် အရပ်မျက်နှာအနှံ့သို့ အားရပါးရ လှုပ်ခါလိုက်၏။

"ဒီဆေးနံ့လေး နည်းနည်းပါရင်တော့ အဆင်ပြေမှာပါ"

ကျိယွမ်သည် နတ်ဘုရားအရည်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်ချလိုက်ရာ ချက်ချင်းပင် အင်အားများ ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခါးလည်း မနာတော့သလို၊ ကျောလည်း မကိုက်တော့ဘဲ စိတ်ကလည်း ထက်မြက်လာခဲ့သည်။ သူသည် ဆန်အိတ် ဆယ်အိတ်ကို လှေကားဆယ်ထပ်အထိ ထမ်းတင်ရင်း စာမေးပွဲ မေးခွန်းလွှာ ကိုးစုံကို တစ်ပြိုင်နက် ဖြေဆိုနိုင်လောက်သည်အထိ ခံစားလိုက်ရ၏။

"ဂိမ်းရဲ့ အခြေခံက ပရိုဂရမ်ရေးဆွဲခြင်းနဲ့ ကုဒ်တွေပဲ"

"လောကကြီးကိုယ်တိုင်က ကုဒ်တွေ၊ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂိမ်းအကြီးကြီးတစ်ခုပဲ..."

"အဲဒီစည်းမျဉ်းတွေက လမ်းစဥ်ပေါင်းစုံပဲ"

"လမ်းစဥ်ပေါင်းစုံဆိုတာ ဘိုင်နရီပဲ"

"ဒါကြောင့်... ဂိမ်းရဲ့ ကုဒ်က ဘိုင်နရီပဲ"

"ပြီးပြည့်စုံတယ်။ ယုတ္တိဗေဒက ကိုက်ညီတယ်။ အပြစ်ပြောစရာမရှိတဲ့ ကျိုးကြောင်းဆင်ခြင်မှုပဲ။ ဘာအကွက်မှ မကျန်ဘူး"

မှန်ပါသည်၊ ကျိယွမ်သည် သူ၏ ယုတ္တိဗေဒတွင် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့ပါက ထိုအစီအစဉ်သည် မည်သည့် လိုအပ်ချက်မျှမရှိဘဲ ပြီးပြည့်စုံသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"အသွင်ပြောင်းလဲစေ"

ချက်ချင်းပင် ကျိယွမ်၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် အနီရောင် ဝိညာဉ်သွေး နှစ်စက်အဖြစ် ကွဲထွက်သွားခဲ့သည်။ ထိုသွေးနှစ်စက်သည် "၀" နှင့် "၁" ဟူသော ဂဏန်းများအဖြစ် ပုံပေါ်လာ၏။

"ဒါက ကုဒ်တွေပေါ့"

ကျိယွမ်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သို့သော် သူ၏ ဝိညာဉ်အစိတ်အပိုင်းလေး မျှသာ ဆုံးရှုံးသွားခဲ့သော်လည်း ကျိယွမ်၏ မျက်နှာသည် သက်စောင့်စွမ်းအားများ ပြင်းထန်စွာ ထိခိုက်သွားသကဲ့သို့ ဖြူလျော်သွားခဲ့သည်။

သူသည် ဤဂိမ်းအတွက် များစွာပေးဆပ်ခဲ့ရ၏။

"ငါ ဝိညာဉ်သွေးတွေ အများကြီး သွေးအန်လိုက်ရလို့ သွေးတွင်းသကြားဓာတ်တောင် နည်းသွားပြီ။ ဟေး... ငါ့ကို အစုရှယ်ယာတော့ ပေးရမယ်နော်"

ကျိယွမ်က ဂိမ်းထဲသို့ လှမ်းအော်လိုက်၏။ သူ၏ ဝိညာဉ်သွေးမှ ဖြစ်ပေါ်လာသော "၀" နှင့် "၁" သည် ဂိမ်းထဲသို့ ပေါင်းစပ်သွားခဲ့သည်။ အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်းသည်လည်း ၎င်း၏ ထူးခြားသော စွမ်းအားကို ဆက်လက် ထုတ်ဖော်နေဆဲပင်။

မှောင်မိုက်၍ သက်မဲ့ဖြစ်နေကာ တိုးတက်မှုဘားတန်း ရပ်တန့်နေသော ဂိမ်းအိုင်ကွန်သည် ထိုသွေးနှစ်စက်ကို စုပ်ယူပြီးနောက်တွင်မူ သက်ရှိလက္ခဏာများ ဖြည်းညင်းစွာ ပြသလာခဲ့သည်။

၎င်းကို မြင်ရသောအခါ ကျိယွမ်သည် သက်ပြင်းချနိုင်တော့သည်။

"နောက်ဆုံးတော့ အလုပ်လုပ်ပြီ"

ဂိမ်းသည် ပြန်လည်၍ ဖိုင်တင်နေပြီ ဖြစ်သည်။

"တကယ် ပင်ပန်းတာပဲ"

သူ၏ ဝိညာဉ်သွေး နှစ်စက် ဆုံးရှုံးသွားရသဖြင့် ပြင်းထန်သော မောပန်းမှုက လွှမ်းမိုးလာပြီး ကျိယွမ်သည် အချိန်အကြာကြီး အိပ်စက်ချင်စိတ်သာ ရှိတော့သည်။

"တိတ်ဆိတ်သောအသံ... ငါ နင့်အတွက် ဒီတစ်ခေါက် သွေးတွေ အများကြီး အန်ပေးခဲ့တာနော်။ ငါ့ကို ပြန်ပေးဆပ်ဖို့ မမေ့နဲ့ဦး"

ထိုစကားကို ပြောပြီးနောက် ကျိယွမ်သည် နှင်းခဲဥတစ်လုံးကို ပွေ့ဖက်လျက် လှဲချလိုက်ပြီး ချက်ချင်းပင် အိပ်မောကျသွားခဲ့တော့သည်။ ဂိမ်းကို ပြန်လည်ရှင်သန်စေခြင်းက သူ့ကို ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရသကဲ့သို့ အလွန်အမင်း ကုန်ဆုံးသွားစေခဲ့ခြင်း ဖြစ်သည်။

သူ အိပ်ပျော်နေစဉ် ကျောက်စိမ်းပြားထဲရှိ ဂိမ်းအိုင်ကွန်သည် ဖြည်းညင်းစွာ ဆက်လက်၍ တင်နေဆဲပင်။ အခါအားလျော်စွာ ၎င်း၏အပေါ်၌ အလင်းတန်းများ ဖြတ်ပြေးနေသည်။

ရုတ်တရက် တိတ်ဆိတ်သောအသံ ထွက်ပေါ်လာလေသည်။ ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်တွင် ၎င်းသည် သက်ရှိတစ်ဦးကဲ့သို့ စွမ်းအင်မျိုး ရရှိထားပုံရပြီး သို့မဟုတ် ၎င်းက တိတ်ဆိတ်မနေတော့ပေ။

"ငါ..."

ထိုလောကပြင်ပမှ အသံသည် ကောင်းကင်ဘုံတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသော်လည်း အိပ်မောကျနေသော ကျိယွမ်သည် ၎င်းကို လုံးဝ မကြားလိုက်ရပေ။

အချိန်များ ကုန်လွန်သွားပြီးနောက် နောက်ဆုံးတွင် တိတ်ဆိတ်သောအသံသည် ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။ ဂိမ်းကမူ ဆက်လက်၍ တင်နေဆဲပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပန်းပွင့်လမင်း ဆန်းကြယ်နယ်မြေ၏ ယခင်က မှောင်မိုက်နေသော ကောင်းကင်ပြင်တွင် ရုတ်တရက် အလင်းတန်း ပေါင်းများစွာဖြင့် လင်းထိန်သွားခဲ့သည်။ ရွှေချည်ထိုး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဝိညာဉ်တစ်သောင်းတံခွန်ကို ကိုင်ဆောင်ထားသော လူတစ်ဦးသည် လေထဲတွင် ရပ်နေပြီး သူ၏ အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှ၏။

"သွေးဝတ်စုံ... မင်း ဘယ်မှာလဲ။ ထွက်ခဲ့ပြီး အသေခံလိုက်စမ်း"

စုစုပေါင်း ပါရမီရှင် လေးဆယ့်ခုနစ်ဦး စုဝေးရောက်ရှိလာကြခြင်း ဖြစ်ပြီး သူတို့အားလုံးနီးပါးသည် ဒဏ္ဍာရီလာနယ်ပယ်တွင် ရှိနေကြသည်။ ဝိညာဉ်တစ်သောင်းတံခွန်ကို ကိုင်ဆောင်လျက် သူတို့သည် အင်အားအလုံးအရင်းဖြင့် ရောက်လာကြသဖြင့် သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှ၏။

ဤပါရမီရှင်များ သက်သက်ပင်လျှင် ယန်နတ်ဘုရားကောင်းကင်ဘုံအရှင် စောင့်ကြပ်မထားသော ကမ္ဘာတစ်ခုကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။

ယခုအခါ ပါရမီရှင် လေးဆယ့်ခုနစ်ဦးနှင့်အတူ မဟာအုပ်စိုးရှင် ရာပေါင်းများစွာ စုဝေးရောက်ရှိနေကြပြီး အားလုံးက တညီတညွတ်တည်း အော်ဟစ်ကာ သွေးဝတ်စုံကို ထွက်လာရန် တောင်းဆိုနေကြသည်။ သို့သော် အလွန်အမင်း မောပန်းနေသော ကျိယွမ်ကမူ သူတို့၏ အသံကို လုံးဝ မကြားရဘဲ ရှိနေသည်။

"သူ ငါတို့ကို ကြောက်နေတာလား။ သူရဲဘောကြောင်ပြီး ပုန်းနေတာလား"

သွေးဝတ်စုံထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသောအခါ မိုချုံက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

အခြား ပါရမီရှင်များကလည်း သရော်ပြုံး ပြုံးလိုက်ကြ၏။

"သူက လေလုံးပဲ ထွားရဲတာ၊ အခုတော့ သူ့အရိပ်အယောင်တောင် မမြင်ရတော့ဘူး"

-------------

အခန်း ၄၆၁ - ပေါ့ဆမှုကြောင့် စော်ကားခံရခြင်း၊ ဘိုးဘေးသွေးအတတ်ပညာကို ကျင့်ကြံခြင်း

သွေးဝတ်စုံသည် တစ္ဆေစိုးမိုးကောင်းကင်မှ ပါရမီရှင်များကို စိန်ခေါ်တိုက်ခိုက်ရန်အတွက် နှင်းခဲဥများကို အသုံးချကာ စကားလုံးကြမ်းများဖြင့် မျှားခေါ်ခဲ့သည်။

သို့သော်လည်း သူတို့ ရောက်ရှိလာသောအခါ သွေးဝတ်စုံ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။

သူတို့သည် အချိန်အတော်ကြာထိ ရှာဖွေခဲ့သော်လည်း သူ့ကို ရှာမတွေ့ခဲ့ကြပါ။

"ငါတို့က သူ့မှာ အရည်အချင်းတစ်ခုခု ရှိတယ်အောက်မေ့လို့၊ အခုငါတို့ ရောက်လာတော့ သူကပုန်းနေပြီး ထွက်မလာရဲဘူးလား။"

ထိုပါရမီရှင်များသည် ပန်းပွင့်လမင်းဆန်းကြယ်နယ်မြေ တစ်ခွင်လုံးတွင် အော်ဟစ်ဆဲဆိုကြပြီး သွေးဝတ်စုံကို ရှာဖွေရန် ထိုနေရာကို မြေလှန်ပစ်ချင်နေကြသည်။

သို့သော် သူတို့သည် အလွန်တောင့်တင်းသောလူအင်အားဖြင့် ရောက်လာကြသော်လည်း လူစုမခွဲရဲကြဘဲ သုံးယောက်တစ်စု ငါးယောက်တစ်စု စုဝေးနေကြ၏။

သွေးဝတ်စုံသည် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး တစ်ယောက်တည်း အထီးကျန်ဖြစ်မည့်သူကို ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်ဆိုင်းနေမည်ကို သူတို့ ကြောက်ရွံ့နေကြခြင်းပင်။

ထို့ကြောင့် သူတို့က သွေးဝတ်စုံကို ဆဲဆိုနေကြသော်လည်း သူ ထွက်လာမည်ကိုလည်း သတိကြီးစွာ ထားနေကြ၏။

"ဒါက မဟူရာချောက်ကမ်းပါးရဲ့ ဒုတိယမြောက်ပါရမီရှင်ပေါ့လေ၊ ဓားနက်နဲ့ ယှဉ်ရင် မင်းက အဝေးကြီး လိုပါသေးတယ်။"

ကံဆိုးစွာပင် သူတို့၏ စော်ကားစကားများသည် ကျိယွမ်၏ နားထဲသို့ မရောက်ရှိခဲ့ပါ။

အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည်ကြောင့် သူသည် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။

သူ့နားထဲသို့ ရောက်ရှိလာသော စော်ကားစကားများကို အကြွင်းမဲ့လိုက်လျောညီထွေဖြစ်ခြင်း စွမ်းရည်က အနုတ်လက္ခဏာဆောင်သောမှတ်ချက်များအဖြစ် အလိုအလျောက် သတ်မှတ်ပြီး ဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် တစ်စုံတစ်ဦးက သူ့ကို ဆဲဆိုနေသည်ကို သူ လုံးဝမသိရှိခဲ့ပါ။

မိုချုံသည် ရှေ့ဆုံးတွင် ရပ်နေရင်း မကျေမနပ် ဖြစ်နေ၏။ "ဒီကောင်တွေ ဘယ်တုန်းကများ ဒီလောက် ယဉ်ကျေးသွားကြတာလဲ။"

သူသည် တစ္ဆေစိုးမိုးကောင်းကင်မှ မိမိ၏အဖော်များကို မကျေမနပ် ဖြစ်နေ၏။

သူတို့၏ သွေးဝတ်စုံအပေါ် ဆဲဆိုမှုများသည် အလွန် နူးညံ့လွန်းလှ၏။

လူကြောက်ကြီး၊ သေမှာကြောက်တဲ့ကောင် စသဖြင့် ပြောနေခြင်းမှာ ထိရောက်မှု မရှိပေ။

သို့သော်လည်း အကြောင်းရင်းကို မိုချုံ နားလည်ပါသည်၊ ထိုပါရမီရှင်များသည် သတိထားနေကြသောကြောင့် ဖြစ်၏။ မည်သူမျှ ပထမဆုံး အသေခံမည့်သူ မဖြစ်ချင်ကြပေ။

အဘယ်ကြောင့်ဆိုသော် သွေးဝတ်စုံသည် မိုနာကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။

အကယ်၍ သူက အမှောင်ထဲမှာ ပုန်းနေပြီး တစ်ယောက်ယောက်က သူ့ကို အလွန်ရိုင်းရိုင်းစိုင်းစိုင်း ကျိန်ဆဲလိုက်လျှင်၊ ထိုလူက ပထမဆုံး ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သေသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် သူတို့သည် ဆဲဆိုနေကြသော်လည်း အလွန်အကျွံ မလုပ်ရဲကြပေ။

၄င်းက မိုချုံကို စိတ်ပျက်စေခဲ့သည်။

"ဖန်ရွှယ်၊ မင်း သွေးဝတ်စုံကို ဆဲလိုက်စမ်း၊ ရဲရဲဝံ့ဝံ့နဲ့ တည်တည်ငြိမ်ငြိမ် ဆဲစမ်း၊ ငါ မင်းဘေးမှာ ရပ်ပြီး ကာကွယ်ပေးမယ်။"

မိုချုံက အကြံပြုလိုက်၏။

ထိုပါရမီရှင်များသည် သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေကြဆဲ ဖြစ်သည်။

ဆဲဆိုသည့်တိုင်အောင် အလွန်အကျွံ မလုပ်ကြပေ။

အလွန်ဆုံးရှိမှ လူတစ်ယောက်၏ စိတ်ကို ထိခိုက်စေနိုင်သော စူးရှသည့် စကားလုံးများကိုသာ သုံးကြသော်လည်း ယဉ်ကျေးနေကြဆဲ ဖြစ်သည်။

"ကောင်းပြီ။"

ဖန်းရွှယ်သည် ဝိညာဉ်တစ်သောင်းတံခွန် ကို ကိုင်ဆောင်ထားရင်း တည်ငြိမ်သော အမူအရာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် အနောက်တောင်ဘက်သို့ မျက်နှာမူကာ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်၏။

"သွေးဝတ်စုံ၊ မင်းအမေကို...။"

ထိုအော်ဟစ်သံသည် ပဲ့တင်ထပ်သွားပြီး နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ပန်းပွင့်လမင်းဆန်းကြယ်နယ်မြေ ထဲရှိ ပါရမီရှင်အားလုံးသည် ထိုဆဲရေးသံကို ကြားလိုက်ရသဖြင့် သူတို့၏ အကြည့်များမှာ ဖန်းရွှယ်ထံသို့ ချက်ချင်း ရောက်ရှိသွားကြ၏။

ဒီကောင်က... တကယ် ဆဲရဲတာပဲ။

မိုချုံပင်လျှင် ဖန်းရွှယ် ဤမျှ တိုက်ရိုက် ဆဲဆိုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသည်။ သတ်ဖြတ်ခြင်းက သူတို့အတွက် သာမန်ကိစ္စ ဖြစ်နိုင်သော်လည်း ဆဲဆိုသည့်အခါတွင်မူ သူတို့၏ သိက္ခာကို ထိန်းသိမ်းတတ်ကြလေ့ရှိသည်။

ဖန်းရွှယ်ကဲ့သို့ ဆဲဆိုခြင်းမျိုးမှာ သူတို့ကြားတွင် ရှားပါးလှ၏။

"အဟမ်း၊ စိတ်မပူနဲ့၊ ငါ မင်းကို ကာကွယ်ပေးထားတယ်၊ သွေးဝတ်စုံက ဒါကို သည်းခံနိုင်မလား ကြည့်ကြတာပေါ့။"

မိုချုံသည် သူ၏ ရွှေရောင်လက်စများကို ဝှေ့ယမ်းရင်း ဖန်းရွှယ်၏ ဘေးတွင် ဘီလူးကြီးတစ်ကောင်ကဲ့သို့ မတ်တတ်ရပ်လိုက်သည်။

ထိုအချိန်တွင် အစီအရင် အတွင်း၌...

အိပ်ငိုက်နေသော ကျိယွမ်သည် ရုတ်တရက် မျက်လုံးပွင့်လာ၏။

"ဘာလဲဟ၊ ငါ ခဏအိပ်ပျော်သွားတာကို တစ်ယောက်ယောက်က ငါ့အမေကို ဆဲနေတာလား။"

"နေပါဦး... ငါ့မှာ အမေမှ မရှိတာ။"

"လူတစ်ယောက်ရဲ့ မျက်နှာကိုလည်း မရိုက်ရဘူး၊ အမေကိုလည်း မဆဲရဘူးတဲ့၊ ဒါကတော့ အလွန်အကျွံ ဖြစ်သွားပြီ။"

ကျိယွမ် အလွန် ဒေါသထွက်သွားသည်။

ပုံမှန်အားဖြင့် သူသည် အလွန် ယဉ်ကျေးသူ ဖြစ်သည်။

သို့သော် တစ်ယောက်ယောက်က သူ့တစ်ယောက်တည်းကို စော်ကားလျှင်တော့ သူက ထိုသူ၏ မိသားစုတစ်ခုလုံးကို ရက်ရက်ရောရော ပြန်ပြီး စော်ကားပေးတတ်၏။

ဒါက လုံလောက်တဲ့ ငဲ့ညှာမှု၊ ရက်ရောမှုနဲ့ ကြင်နာမှု မဟုတ်ဘူးလား။

သို့သော်လည်း သူ၏ ကြင်နာမှုကို အားနည်းချက်ဟု ထင်မှတ်ကာ လူများက သူ့အပေါ် နင်းခြေချင်နေကြလေသည်။

"ငါ ဆက်ပြီး အိပ်နေလို့ မရတော့ဘူး ထင်တယ်...။"

ကျိယွမ်၏ ပတ်ဝန်းကျင်ရှိ ပျင်းရိနေသောအငွေ့အသက်များ ပျောက်ကွယ်သွား၏။

"အစီအစဉ်ကြီးရော အစီအစဉ်ငယ်ရော... နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရမယ်။"

အခြားတစ်ဖက်တွင်မူ ဖန်းရွှယ် ဆဲဆိုပြီးနောက် ပါရမီရှင် တစ်ဒါဇင်ခန့်သည် သူ့ဘေးတွင် စုဝေးကာ ကာကွယ်ပေးထားကြသည်။

အဝေးမှ အခြားပါရမီရှင်များသည်လည်း အနီးကပ် စောင့်ကြည့်နေကြ၏။

သူတို့သည် သတိကြီးစွာ ထားလျက် ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။

"ဒီသွေးဝတ်စုံက တကယ်ပဲ လူကြောက်ပဲ၊ ဒီလောက်အထိ ဆဲတာတောင် ထွက်မလာရဲသေးဘူး။"

"ဟမ်၊ ငါတို့ ဒီလောက်အများကြီး ဖန်းရွှယ်ကို ကာကွယ်ပေးထားတာ၊ သူ ထွက်လာရင် သေကြောင်းကြံတာပဲ ဖြစ်လိမ့်မယ်။"

"အထက်တန်းကောင်းကင်ဘုံအရှင်များ ရဲ့ ငယ်စဉ်ဘဝကတောင် ငါတို့ကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။" ပါရမီရှင်တစ်ယောက်က ဂုဏ်ယူစွာ ကြွားဝါလိုက်၏။

သူတို့၏ စိတ်ထဲတွင် အထက်တန်းကောင်းကင်ဘုံအရှင်များသည် လက်ရှိတွင် ပိုမို အစွမ်းထက်ပြီး လမ်းစဉ်တွင် ပိုမို ရှည်လျားစွာ လျှောက်လှမ်းနိုင်ခဲ့ကြသော်လည်း သူတို့ ငယ်စဉ်ကမူ မိမိတို့ထက် သာလွန်လိမ့်မည် မဟုတ်ဟု ထင်နေကြသည်။

"ဒီသွေးဝတ်စုံက တကယ်ပဲ စိတ်ရှည်နိုင်စွမ်း ရှိတာပဲ၊ သူက အတော်လေး ခံနိုင်ရည်ရှိတဲ့ကောင်ပဲ။" မိုချုံက တည်ကြည်စွာ ပြောလိုက်သည်။

စစ်မှန်သော စိတ်ရှည်မှု ရှိသူများသာလျှင် ကြီးမြတ်သော အရာများကို အောင်မြင်နိုင်ကြ၏။

စစ်မှန်သော ပါရမီရှင်ဆိုသည်မှာ မိမိတို့ဘေးတွင် တောင်များ ပြိုကျနေသည့်တိုင်အောင် တည်ငြိမ်စွာ နေနိုင်သူများ ဖြစ်သည်။

သို့သော်လည်း သူ စကားပြောပြီးရုံရှိသေး၊ မကြည့်နိုင်လောက်အောင် စူးရှလှသော ဓားအလင်းတန်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာရာ ထိုအလင်းတန်းသည် ဝိညာဉ်ကိုပင် ထိုးဖောက်သွားနိုင်ပုံရ၏။

"ဟေး၊ ပုစွန်ခေါင်း၊ မင်းမှာ အမေ မရှိဘူးလား။"

"ဒါမှမဟုတ် မင်းအမေက မွေးရုံပဲ မွေးပေးခဲ့တာလား။"

"မင်း နည်းနည်းလောက် ရိုသေမှု မရှိနိုင်ဘူးလား။"

စကားသုံးခွန်းသည် ဓားအလင်းတန်းထက်ပင် ပိုမို မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။

၄င်းကို မြင်လိုက်ရသော ပါရမီရှင်တိုင်း တုန်လှုပ်သွားကြ၏။

"သွေးဝတ်စုံ ပေါ်လာပြီ။"

"တကယ်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုပဲ။"

"တိုက်ကြ။"

မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ပါရမီရှင် သုံးဆယ်ကျော်တို့သည် ဒေါသတကြီးဖြင့် သွေးဝတ်စုံထံသို့ ပြေးဝင်သွားကြသည်။

"သွေးဝတ်စုံ၊ မင်း ဘယ်ပြေးမလို့လဲ။"

"ဥတွေကို ထားခဲ့စမ်း။"

ရေတွက်၍ မရသော အစွမ်းများနှင့် နတ်ဘုရား နည်းစနစ်များ သည် သူတို့၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာရာ ထိုနယ်မြေတစ်ခုလုံးကို မုန်တိုင်းကြီးတစ်ခုကဲ့သို့ လွှမ်းမိုးသွားလေ၏။

မဟာလမ်းစဉ်၏ အသံများ ပဲ့တင်ထပ်နေပြီး မသေမျိုးမီးတောက်များကလည်း မိုးရွာသကဲ့သို့ ကျဆင်းလာသည်။

တိုက်ခိုက်မှုအားလုံး တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းပင်။

သို့သော် ကျိယွမ်သည် မလှုပ်မယှက် ရပ်နေခဲ့သည်။

"ဒီနတ်ဘုရားအတုတွေက ဒီလောက်တောင် မောက်မာရဲတာလား။"

သူတို့က စကြဝဠာ တစ်ခုကိုတောင် မဖန်တီးနိုင်ဘဲနဲ့ မိမိကိုယ်ကိုယ် ယင်နတ်ဘုရားများ လို့ ခေါ်ရဲကြသေးတယ်လား။

ကျိယွမ်၏ မျက်နှာ၌လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ရုတ်တရက်ဆိုသလို သူ၏ ပြင်းထန်သော ဓားအလင်းတန်းက ပိုမို မြန်ဆန်သွား၏။

နဝမကောင်းကင်ဘုံမှ အေးစက်သော အလင်းတန်းတစ်ခုသည် တိမ်တိုက်များကို ထိုးဖောက်သွားပြီး မကောင်းဆိုးဝါး အားလုံးကို ဆုတ်ခွာသွားစေသကဲ့သို့ပင်။

"သတ်။"

ကျိယွမ်က တိုးတိုးလေး ပြောလိုက်၏။

သူ၏ စွမ်းအားဖြင့် ဖန်းရွှယ်ကဲ့သို့သော လူကို သတ်ရန်အတွက် မူလသဘောတရား စွမ်းရည်ကိုပင် အသုံးပြုရန် မလိုပေ။

ရိုးရှင်းသော ဓားတစ်ချက် ထိုးရုံဖြင့် ထိုပါရမီရှင်များကို လွှမ်းမိုးသွားနိုင်ရာ သူတို့သည် ၄င်းကို နားမလည်နိုင်ကြသလို တားဆီးနိုင်ခြင်းလည်း မရှိကြပေ။

ချက်ချင်းပင် သူ၏ ပြင်းထန်သော ဓားချက်သည် ပါရမီရှင်များ၏ လူအုပ်ကို ဖြတ်သန်းသွားပြီး ဖန်းရွှယ်၏ လည်ပင်းသို့ တည့်တည့် ထိုးဖောက်သွားလေသည်။

မိုချုံ၏ မျက်နှာသည် ဖြူလျော်သွားပြီး သူ၏ ကာကွယ်ရေးကို အမြင့်ဆုံးအဆင့်သို့ ချက်ချင်း မြှင့်တင်လိုက်၏။

အခြားပါရမီရှင်များသည်လည်း အလားတူ ထိတ်လန့်သွားကြပြီး သွေးဝတ်စုံက ၄င်းကို မည်သို့လုပ်ဆောင်လိုက်သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။

ဖန်းရွှယ်၏ အရှိန်အဝါသည် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူသည် ပြန်လညိရှင်သန်နိုင်ခြင်းမရှိတော့ပါ ။ ဝိညာဥ်ပါမကျန်အောင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျိယွမ်ကို တိုက်ခိုက်လိုက်ကြသော ပါရမီရှင်အားလုံး ခေတ္တမျှ ဆွံ့အသွားကြပြီး သူ့ကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ထဲမှ မည်သူမျှ ဖန်းရွှယ်ကဲ့သို့ ကြမ်းတမ်းစွာ မဆဲဆိုခဲ့ကြပေ။

ထို့နောက် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကျိယွမ်ကကြည်လင်သော အသံဖြင့် ပြောလိုက်၏။

"ခြေလှမ်းဆယ်လှမ်းတိုင်းမှာ ငါက အသက်တစ်ချောင်းကို နှုတ်တယ်၊ မိုင်ပေါင်းများစွာအတွင်းမှာ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် မပေးဘူး။"

"မိတ်ဆွေတို့၊ မင်းတို့ရဲ့ ဥတွေက ငါ့ဆီမှာ ရှိတယ်၊ တကယ်လို့ လိုချင်ရင်...နောက်နေ့တွေ ငါ့ကို လာရှာကြပေါ့။"

ကျိယွမ် စကားပြောပြီးရုံရှိသေး၊ သူ၏ အရိပ်အယောင် ပျောက်ကွယ်သွားလေသည်။

ပါရမီရှင်များသည် ခေတ္တမျှ ကြောင်အသွားကြပြီးမှ သူ့နောက်သို့ အသည်းအသန် လိုက်လံ ဖမ်းဆီးကြတော့သည်။

"မြန်မြန်လုပ်၊ သူ အားကုန်နေပြီ။"

"သူခိုး... ရပ်စမ်း။"

ထိုကျင့်ကြံသူများသည် ကမ္ဘာဂြိုဟ် ပေါ်ရှိ ဂိမ်းကစားသူများနှင့် မခြားနားပါ ၊ "သူ့ သွေးတန်းကနည်းနေပြီ" ဟူသော စကားလုံးကိုသာ မပြောကြခြင်း ဖြစ်သည်။

ကျိယွမ် သူ၏ စွမ်းအားကို အစောပိုင်းက ပြသခဲ့စဉ်က သူတို့သည် ကြောက်ရွံ့သဖြင့် တုံ့ဆိုင်းနေခဲ့ကြ၏။

သို့သော် သူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် သူ့ထက်ငါအရင် လျင်မြန်စွာလိုက်လံဖမ်းဆီးကြသည်။

အဘယ်ကြောင့်ဆိုသော် သွေးဝတ်စုံက တကယ်သာ အမြဲတမ်း အစွမ်းထက်နေလျှင် ယခုလိုထွက်ပြေးမှာ မဟုတ်ပေ။

ဖန်းရွှယ်ကို သတ်ပြီးနောက် သွေးဝတ်စုံသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားရမည်ဟု သူတို့ ယုံကြည်နေကြ၏။

ထို့ကြောင့် ပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော လိုက်တမ်းပြေးတမ်း ကစားပွဲကြီး စတင်ခဲ့ရာ ကျိယွမ်ကလည်း အသက်အန္တရာယ် စိုးရိမ်ရသကဲ့သို့ ဟန်ဆောင်ရင်း လျှို့ဝှက်စွာဖြင့် လမ်းပြခေါ်ဆောင်သွားခဲ့သည်။

"လူအုပ်ကြီးတစ်ခုလုံးက ငါ့တစ်ယောက်တည်းကို ဝိုင်းတိုက်နေကြတာပဲ၊ မင်းတို့မှာ သိက္ခာဆိုတာ မရှိဘူးလား။"

"မင်းတို့မှာ သတ္တိရှိရင် ငါ့ကို တစ်ယောက်ချင်း ရင်ဆိုင်စမ်း။"

"ငါ အားကုန်နေမှ လူအုပ်နဲ့ဝိုင်းတာ ဘာကို ပါရမီရှင်တွေလဲ ၊ ငါတို့ ဆက်မတိုက်ခင် ငါ့ကို အားပြန်ဖြည့်ခွင့် မပေးဘူးလား။"

ကျိယွမ်က ရှေ့မှ ပြေးနေပြီး သူ့နောက်တွင်မူ ဒဏ္ဍာရီလာအဆင့်ပါရမီရှင် သုံးဆယ်ကျော်နှင့် ရာပေါင်းများစွာသော မဟာအုပ်စ်ုးရှင်များက လိုက်လံ ဖမ်းဆီးနေကြ၏။

"ဥတွေကို ထားခဲ့စမ်း။"

"တည့်တည့်လိုက်မနေနဲ့ ဘေးကပန်းစမ်း.."

"ဒေါင့်ဖြတ်က ပိတ်ဖမ်းကြ "

တစ်ယောက်တစ်မျိုးဆူညံစွာဟစ်အော်ကာ လိုက်ဖမ်းနေကြရာ ပန်းပွင့်လမင်းဆန်းကြယ်နယ်မြေ ထဲတွင် ကြီးကျယ်သော လိုက်လံဖမ်းဆီးမှုကြီး ဖြစ်ပေါ်လာတော့သည်။

ကျိယွမ်ကတော့ ၄င်းကို ဂိမ်းတစ်ခုကဲ့သို့ သဘောထားနေခဲ့၏။

သူသည် ထိုပါရမီရှင် အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ပါသည်။

သို့သော် သူ မလုပ်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အစီအစဉ်ငယ်သည် အစီအစဉ်ကြီးအတွက် လမ်းခင်းပေးနေသောကြောင့် ဖြစ်၏။

သူ၏ စစ်မှန်သော ပန်းတိုင်မှာ ထိုပါရမီရှင်များ မဟုတ်ကြပေ၊ယန်နတ်ဘုရားများသာ ဖြစ်သည်။

ပန်းပွင့်လမင်းဆန်းကြယ်နယ်မြေ ၏ အပြင်ဘက်တွင် ကျိယွန်ဖုန်းသည် တည်ငြိမ်စွာရပ်နေရင်း အောက်ခြေမှ မြင်ကွင်းကို စိုက်ကြည့်နေ၏။

"အချိန်အတော်ကြာသွားပြီပဲ ၊ အခုတော့ သွေးညှီနံ့တွေက လေထုထဲမှာ ပျံ့နှံ့နေပြီ၊ သွေးဝတ်စုံက နောက်ဆုံးတော့ လှုပ်ရှားလာခဲ့ပြီ။"

သူသည် အတွင်းထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိသော်လည်း အရှိန်အဝါများမှတစ်ဆင့် ခံစားသိရှိနိုင်၏။

အချိန်အတော်ကြာသည်အထိ သွေးထွက်သံယိုမှု မရှိခဲ့ဘဲ အားနည်းသော လှုပ်ရှားမှု အသံများကိုသာ ကြားခဲ့ရသည်။

၄င်းက သွေးဝတ်စုံသည် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

၄င်းက နားလည်နိုင်စရာ ရှိပါသည်။ ခရမ်းရောင်ကံကြမ္မာဖုန်းသည် သွေးဝတ်စုံအနေဖြင့် ပါရမီရှင် ဒါဇင်ပေါင်းများစွာကို ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မည်ဟု မထင်ပေ။

ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ရုတ်တရက် အငိုက်တိုက်ခိုက်ခြင်းကသာ လိမ္မာပါးနပ်သော ရွေးချယ်မှု ဖြစ်သည်။

ယခုအခါ သွေးညှီနံ့များနှင့် ဝိညာဉ်စွမ်းအင် များ မြင့်တက်လာခြင်းကို ကြည့်ခြင်းအားဖြင့် သွေးဝတ်စုံ လှုပ်ရှားလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားသည်၊ သူသည် တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။

"ဒီတိုက်ပွဲက ဘယ်လောက်အထိ ကြာဦးမလဲဆိုတာ ငါ သိချင်မိတယ်"

ကျိယွန်ဖုန်းက တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ထိုနေရာတွင် တစ္ဆေစိုးမိုးကောင်းကင်မှ ယန်နတ်ဘုရားတစ်ပါးသည်လည်း သူ့လိုပင် စောင့်ဆိုင်းနေလေသည်။

သူတို့နှစ်ယောက်သည် ဘေးကင်းသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြပြီး မည်သူမျှ မလှုပ်ရှားကြပေ။

ယန်နတ်ဘုရားများ ပါဝင်ပတ်သက်လာပါက အခြေအနေက ပိုမို ပြင်းထန်သွားမည်ဖြစ်သည်။ ကျိယွန်ဖုန်းသည် မူလသဘောတရား ယန်နတ်ဘုရားများ သူ့ကို တိုက်ခိုက်မည်ကို စိုးရိမ်ခြင်းမရှိပါ။

ထိုသို့ ဖြစ်ပွားပါက နတ်ဆိုးတောင်ကြားမှ ယန်နတ်ဘုရားများကလည်း သူ့အားဝင်ရောက် ကူညီကြလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် သတင်းစကားတစ်ခု ရောက်ရှိလာရာ ကျိယွန်ဖုန်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွား၏။

"နှင်းခဲဓားက တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတာလား။"

"ပြုပြင်မွမ်းမံထားတဲ့ ဘိုးဘေးသွေးအတတ်ပညာ ပေါ်လာတယ်တဲ့။"

"ပြီးတော့ အဲဒါက... သွေးဝတ်စုံဆီကနေ လာတာလား။"

ကျိယွန်ဖုန်းသည် ပြန်လည်ပြင်ဆင်ထားသည်ဆိုသော ဘိုးဘေးသွေးအတတ်ပညာကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း သေချာစွာ စစ်ဆေးလိုက်သည်။

သူ ဖတ်ရှုလေလေ ၎င်း၏ ဆန်းကြယ်မှုများကြောင့် ပိုမို အံ့သြမိလေလေ ဖြစ်လာ၏။

"ဒီသွေးဝတ်စုံက တကယ်ပဲ ပါရမီရှင်တစ်ယောက်ပဲ၊ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သူ့ကို ဒီလောက်အထိ တန်ဖိုးထားတာ မဆန်းပါဘူး၊ တကယ်လို့ ငါသာ ဒီဘိုးဘေးသွေးအတတ်ပညာကို စောစောစီးစီး ကျင့်ကြံခဲ့ရင် အခုဆိုရင် အဆင့်ဆယ့်တစ် ကို ရောက်နေလောက်ပြီ။"

"ဒါက... တကယ်ကို အံ့ဩစရာကောင်းတာပဲ။"

"တစ်ခုတည်းသော အားနည်းချက်ကတော့ သာမန်ကျင့်ကြံခြင်းအပြင် အဲဒါက... နတ်ဘုရားအလွှာ တစ်ခုလိုအပ်တာပဲ။"

ဘိုးဘေးသွေးအတတ်ပညာတွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို သိရှိရန် လွယ်ကူလှသည်။

သင်၏သွေးမျိုးဆက်က ထိုအရာကို ဆန့်ကျင်ခြင်း ရှိမရှိ ကြည့်ရုံသာ ဖြစ်၏။

ဆန့်ကျင်မှု မရှိခြင်းက ထိုဘိုးဘေးသွေးအတတ်ပညာသည် လုံးဝ စစ်မှန်ကြောင်း ထင်ရှားစေသည်။

ပြုပြင်မွမ်းမံထားသော ဘိုးဘေးသွေးအတတ်ပညာဗားရှင်းသည် စွမ်းအားနှင့် ကျင့်ကြံခြင်း အရှိန်အဟုန် နှစ်ခုလုံးကို နှစ်ဆနီးပါး တိုးတက်စေ၏။

သူသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။

"ငါ့မှာ အခု တခြားလုပ်စရာ အရေးကြီးတာလည်း မရှိဘူး... ဆိုတော့ ဒါကို ဘာလို့ စမ်းမကြည့်ရမှာလဲ။"

"ပြီးတော့ ပတ်ဝန်းကျင်မှာ နတ်ဘုရားအလွှာတွေ ဒီလောက်အများကြီး ရှိနေတာ၊ ငါ တစ်ကြိမ်လောက် အလွှာခွာတာကို ဘယ်သူက ဂရုစိုက်မှာလဲ။"

ကျိယွမ်ဖုန်းက စဥ်းစားလိုက်သည်။

ရုတ်တရက် အတွေးတစ်ခုဝင်လာသဖြင့် သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။

"ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သွေးဝတ်စုံဆီမှာ ဒီဘိုးဘေးသွေးအတတ်ပညာ ရှိနေတာကို ကြိုတင် သိနေခဲ့တာ ဖြစ်နိုင်မလား။"

ကျိယွန်ဖုန်းသည် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

"ဒါဆို ဘိုးဘေးက... နတ်ဘုရားအလွှာကို... ခွာပြီးသွားပြီ ဖြစ်နိုင်မလား။"

သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။

တကယ်လို့ ဘိုးဘေးတောင်မှ ဥ ဥ ခဲ့...မဟုတ်ဘူး အလွှာခွာခဲ့တယ်ဆိုရင်၊ငါကကော ဘာလို့ မလုပ်နိုင်ရမှာလဲ။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်ကံကြမ္မာကောင်းကင် အတွင်း၌ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ လက်ထဲရှိ နည်းစနစ်ကို ကြည့်ရင်း အမူအရာများ ဆက်တိုက်ပြောင်းလဲနေသည်။

"ကြည့်စမ်း...အဲဒီကောင်လေးက... ဒီလောက် ကောင်းတဲ့ နည်းစနစ် ရှိနေတာကို ငါ့ကို စောစောမပေးဘူး။"

သူသည် အနည်းငယ် မကျေမနပ် ဖြစ်နေ၏။

သွေးဝတ်စုံသည် ၄င်းကို သူ့ထံမှ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုအကျိုးကျေးဇူးကို အခြားသူများထံမှသာ သိရှိခဲ့ရခြင်း ဖြစ်၏။

လူများက သူ့ကို ဒါကို သိသလားဟု မေးကြသောအခါ၊ သူ့မှာ မသိသော်လည်း အစကတည်းက သိထားပြီး ကျင့်ကြံနေခဲ့ပြီ ဖြစ်ကြောင်း ဟန်ဆောင်ခဲ့ရသည် မဟုတ်ပါလား ။

ထိုအချိန်ကဆိုလျှင် ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်တစ်ပါးက သူ့ကို မယုံသလိုလို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ခဲ့သဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ ဇဝေဇဝါ ဖြစ်ခဲ့ရ၏။

ယခုအခါ ပြည့်စုံသော နည်းစနစ်ကို လက်ဝယ်ရရှိသောအခါမှသာ သူသည် အဘယ်ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်ကို နားလည်သွားတော့သည်။

"ဟူး... လင်းယာအသွင်ပြောင်းလဲခြင်း က နီးကပ်လာပြီဆိုတော့ ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ရမယ်၊ မဟုတ်ရင်... သွေးဝတ်စုံ ကြီးထွားလာတဲ့အထိ သူ့ကို ကာကွယ်ပေးဖို့ ခက်ခဲလိမ့်မယ်။"

"ဥတစ်လုံး ဥတာက... အရေးကြီးတဲ့ ကိစ္စကြီး မဟုတ်ပါဘူး။"

အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ပြန်လည်ပြင်ဆင်ထားသော ဘိုးဘေးသွေးအတတ်ပညာကို စတင် ကျင့်ကြံလေတော့သည်။

သာမန်ကျင့်ကြံခြင်းသည် ယခုအခါ သူ့အတွက် အလွန် အန္တရာယ်များနေလေပြီ ။ သာမန်အတိုင်းဆက်ကျင့်နေလျှင် ၎င်းက မူလနတ်ဆိုးကပ်ဘေးကို ဖိတ်ခေါ်နိုင်သောကြောင့် ဖြစ်၏။

သို့သော် ပြုပြင်မွမ်းမံထားသော ဘိုးဘေးသွေးအတတ်ပညာသည် ကျင့်ကြံခြင်းကို မြှင့်တင်ပေးရုံသာမက သွေးမျိုးဆက်ကိုလည်း အားကောင်းစေသည်။

သွေးမျိုးဆက်ကို အားကောင်းစေခြင်းက မူလနတ်ဆိုးကပ်ဘေး ကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။

"အချိန်တွေ နှမြောစရာပဲ... ငါသာ အထက်တန်းကောင်းကင်ဘုံအရှင် တစ်ယောက် ဖြစ်ခဲ့ရင် တစ္ဆေစိုးမိုးကောင်းကင်က သွေးဝတ်စုံကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ။"

"ငါသာ အဲဒီအဆင့်ကို ရောက်ခဲ့ရင် အဲဒီအဖိုးကြီးကိုလည်း အားကိုးနေစရာ မလိုဘူး၊ ငါကိုယ်တိုင် တစ္ဆေစိုးမိုးကောင်းကင်ကို သွားပြီး နှိမ်နင်းပစ်မှာ။"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သက်ပြင်းချရင်း အရှက်ရဖွယ် ကျင့်ကြံခြင်းကို အံကြိတ်စတင်လိုက်လေတော့သည်။

ဥတစ်လုံးဥတာများ ဘာခက်လို့လဲ ..။

------

All Chapters