← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အခန်း (၂၂၉)

မိုက်ကယ်တစ်ယောက် စိတ်လှုပ်ရှားသွားရတာပေါ့။ အခုကြည့်ရတော့ ဒီတည်းခိုဆောင်က လူတစ်ပိုင်းသတ္တဝါတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အားကိုးလို့ရမယ့် တစ်ခုတည်းသော နေရာ ဖြစ်နေခဲ့တာလေ။

သူက တည်းခိုဆောင်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ လူတစ်ပိုင်းသတ္တဝါအမြောက်အမြားက ပြတင်းပေါက်တွေကနေတစ်ဆင့် အပြင်ကို လှမ်းကြည့်နေကြပြီး သူတို့မျက်လုံးတွေထဲမှာလည်း မျက်ရည်တွေ ဝဲလို့နေတာကို မြင်လိုက်ရတယ်။

လူတစ်ပိုင်းသတ္တဝါမိခင်အချို့ဟာ သူတို့ရဲ့ကလေးတွေကို ပွေ့ချီထားရင်း ချောက်ချားမှုကို ချော့မြူဖို့ ကြိုးစားနေကြပြီး သူမတို့ရဲ့ မျက်ဝန်းကနေလည်း မျက်ရည်တစ်စက်က စီးကျလာခဲ့တာပဲ။ ဖခင်ဖြစ်သူတွေကတော့ အခြေအနေတွေကို ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်ဖို့အတွက် ကြမ်းပြင်တွေကို ပိုပြီးတော့ အပြင်းအထန် ဆေးကြောသန့်ရှင်းရေးလုပ်နေကြရှာတယ်။

သူတို့တွေက ဒီနေရာကတင် သူတို့လက်လှမ်းမီနိုင်တဲ့ တစ်ခုတည်းသော ဈေးအသက်သာဆုံး နေရာဖြစ်တယ်ဆိုတာကို သိနေကြတာကိုး။

မြို့တော်ကြီးထဲက လူနေမှုဘဝကတော့ ထူးခြားတဲ့ ပါရမီမရှိကြတဲ့သူတွေအပေါ်မှာ အဲဒီလောက်အထိ ကြင်နာတတ်တာမျိုး မဟုတ်ပါဘူး။ ဒါက သူတို့တွေ ဒီနေရာနဲ့ ကိုက်ညီမှုရှိတယ်ဆိုတာကို သက်သေပြဖို့အတွက် ဝေးလံလှတဲ့နေရာကနေ လာခဲ့ကြတဲ့ လူတစ်ပိုင်းသတ္တဝါတွေအတွက်ဆိုရင်တော့ ပိုပြီးတော့တောင် ဆိုးရွားလှပါတယ်။

ဒါပေမဲ့လည်း ပိုင်ရှင်ဖြစ်သူရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကပဲ တည်းခိုဆောင်ကို နောက်ဆုံးမှာတော့ ပျက်စီးခြင်းဆီကို လမ်းညွှန်ပေးလိုက်သလို ဖြစ်သွားခဲ့ရတာပါ။ ဈေးနှုန်းတွေက ဆင်းရဲသား လူတစ်ပိုင်းသတ္တဝါတွေ အခြေချနေထိုင်နိုင်ဖို့အတွက် ခက်ခဲမှုမရှိအောင် သက်သက်သာသာ ရှိခဲ့တာမှန်ပေမဲ့လည်း အဆောက်အဦးကို ဆက်ပြီး ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးဖို့အတွက်ကျတော့ လုံလောက်မှု မရှိခဲ့ပါဘူး။

အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့အရိပ်ထဲကနေ အသံတစ်ခု ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။

ဒါကတော့ သူတို့ရဲ့ အစီအစဉ်တွေအတွက် ပြင်ဆင်ဆောင်ရွက်ထားတဲ့ တိုးတက်မှုအခြေအနေတွေကို သတင်းပို့ဖို့အတွက် ဆက်သွယ်လာတဲ့ ရှီနာပဲ ဖြစ်ပါတယ်။

"သခင်ကြီးမိုက်ကယ်၊ ကျွန်မနဲ့ သခင်မလေးယူနာတို့ မြို့လယ်ခေါင်မှာရှိတဲ့ ပျက်စီးနေတဲ့ အဆောက်အဦးတစ်ခုရဲ့ ပိုင်ရှင်နဲ့ တွေ့ဆုံဆွေးနွေးတာတွေကို အပြီးသတ်နိုင်ခဲ့ပါပြီ။ ဒါက အန်ဂိုရာမြို့တော်ကြီးထဲမှာ ကျွန်တော်တို့ရဲ့ အရောင်းဌာနကို စတင်ဖို့အတွက် တကယ့်ကို သင့်တော်မယ့် နေရာတစ်ခုပါပဲ။ ကျွန်မတို့ သခင်ကြီးရဲ့ အမိန့်ကိုပဲ စောင့်နေရုံပါပဲ"

မိုက်ကယ်က စက္ကန့်အနည်းငယ်လောက်အထိ တိတ်ဆိတ်စွာနဲ့ စဉ်းစားနေခဲ့ပြီးမှ တည်းခိုဆောင်ထဲမှာ စိတ်ဖိစီးပြီး ဖရိုဖရဲဖြစ်နေကြတဲ့ လူတစ်ပိုင်းသတ္တဝါတွေကို လှမ်းပြီး ကြည့်လိုက်တယ်။

အဲဒီနောက်မှာတော့ သူက ရှီနာဘက်ကို လှည့်လိုက်တာလေ။

"အစီအစဉ်တွေကို ပြောင်းလဲလိုက်မယ်" လို့ သူက သူမကို ပြောလိုက်တယ်။ "ငါ မြို့ထဲမှာ တခြားနေရာတစ်ခုကို ထပ်ပြီး ဝယ်ယူဖို့ စဉ်းစားနေမိလို့။ ငါ့ရဲ့... အိမ်ကို ပြန်ပြီး သတိရစေမယ့် နေရာမျိုးပေါ့"

တကယ်လို့ ရီနေးတားနိုင်ငံတော်ထဲမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါအားလုံးရဲ့ ကူညီပေးမှုသာ မရှိခဲ့ရင် သူက ဘယ်လိုလူမျိုး ဖြစ်လာမှာလဲ။ ဒါကြောင့် သူတို့တွေကိုပါ ကာကွယ်စောင့်ရှောက်ပေးဖို့က သူ့အတွက်တော့ အသေအချာပါပဲ။

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူတစ်စုဟာ တော်ဝင်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက်ကို ခြံရံရင်း တညီတညွတ်တည်း လမ်းလျှောက်ဝင်လာတဲ့ အချိန်မှာတင် သူက ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။ တည်းခိုဆောင်ထဲမှာရှိတဲ့ လူတိုင်းရဲ့ မျက်နှာပေါ်က နာကျင်နေတဲ့ အမူအရာတွေကို ကြည့်ရုံနဲ့တင် ဟောဒီလူက ပိုင်ရှင်ဖြစ်သူ ငှားရမ်းထားတဲ့ မြေပြင်ကို မြို့တော်အာဏာပိုင်တွေဆီကနေတစ်ဆင့် တရားဝင် ပြန်သိမ်းဖို့ ရောက်လာတာ ဖြစ်တယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းလိုက်လို့ ရတာပေါ့။

"မင်္ဂလာပါ။ ကျွန်တော်ကတော့ အန်ဂိုရာမြို့တော်ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ကနေတစ်ဆင့် တည်းခိုဆောင်ရဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ဖို့အတွက် လာရောက်ခဲ့တဲ့ တော်ဝင်အရာရှိတစ်ယောက် ဖြစ်ပါတယ်။

မင်းနဲ့ မြို့တော်အာဏာပိုင်တွေအကြားမှာ လက်မှတ်ရေးထိုးထားခဲ့တဲ့ စာချုပ်အရ အခကြေးငွေတွေ ပေးဖို့ သတ်မှတ်ရက် ကျော်လွန်သွားခဲ့တာ သုံးလလောက် ရှိပြီဖြစ်တာကြောင့် အခုဆိုရင် ဒီအဆောက်အဦးကို မြို့တော်အာဏာပိုင်တွေကနေတစ်ဆင့် ပြန်သိမ်းဖို့ အချိန်ကျရောက်လာခဲ့ပါပြီ" လို့ တော်ဝင်ဝတ်စုံနဲ့လူက မှော်ပရပိုဒ်တစ်ခုကို ဖတ်ရင်း အတိအလင်း ကြေညာလိုက်တာလေ။

"အခကြေးငွေတွေ ပေးဖို့ သတ်မှတ်ရက် ကျော်လွန်သွားခဲ့တာ တစ်နှစ်ရဲ့ တစ်ဝက်လောက်တောင် ရှိနေပါပြီ"

"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ကို အချိန်ကာလ နည်းနည်းလောက် ထပ်ပြီး တိုးမြှင့်ပေးလို့ မရဘူးလားဗျာ" လို့ တည်းခိုဆောင်ပိုင်ရှင်က အတင်းအကျပ် တောင်းပန်တိုးလျှိုးနေခဲ့တယ်။

ဝတ်စုံနဲ့လူက ခွင့်မပြုခင်မှာတင် ဝတ်စုံပြည့်ဝတ်ထားတဲ့ လူတွေက တည်းခိုဆောင်ပိုင်ရှင်ကို တော်ဝင်အရာရှိနားကို ချဉ်းကပ်မလာနိုင်အောင် အတင်းအကျပ် တားဆီးထားကြတာပဲ။

"စိတ်မကောင်းပါဘူး" လို့ သူက ဆိုတယ်။

"ကျွန်တော့်အနေနဲ့ မင်းကို ကူညီပေးချင်စိတ် ရှိနေမယ်ဆိုရင်တောင်မှ ဟောဒီစာချုပ်က မှော်အတတ်ရဲ့ အစွမ်းနဲ့ ချိတ်ဆက်ထားတဲ့အရာ ဖြစ်နေလို့ပါ။ မှော်ပညာနဲ့ စောင့်ကြည့်ထားတဲ့ စာချုပ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာ မင်းလည်း သိထားတာပဲ... ဒါက တကယ့်ကို ဆိုးရွားလှတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေလိမ့်မယ်"

တည်းခိုဆောင်ပိုင်ရှင်လည်း တော်ဝင်အရာရှိမှာ တခြားရွေးချယ်စရာ မရှိဘူးဆိုတာကို အမှန်အတိုင်း သဘောပေါက်သွားခဲ့ရတာပေါ့။

"ကျွန်တော် သိပါတယ်... တောင်းပန်ပါတယ်ဗျာ။ ဒါတွေအကုန်လုံးက ကျွန်တော့်ရဲ့ အမှား... ကျွန်တော့်တစ်ယောက်တည်းရဲ့ အမှားပါပဲ"

သူ့ရဲ့ မျက်နှာပေါ်မှာတော့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် အများကြီး ပင်ပန်းနွမ်းနယ်နေတဲ့ အမူအရာတွေ ရှိနေခဲ့ရတယ်။ သူက တည်းခိုဆောင်ထဲမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါတွေကို လှည့်ကြည့်လိုက်တဲ့အခါ တည်းခိုဆောင်က အခုပဲ ဖျက်ဆီးခံရတော့မှာဆိုတော့ သူတို့တွေ ဒီမြို့မှာ ဆက်ပြီး နေထိုင်နိုင်ကြမှာ မဟုတ်တော့ဘဲ ဘယ်ကို သွားကြမလဲဆိုတာကို တွေးမိရင်း မျက်ရည်တွေကို မထိန်းနိုင်ဘဲ စွန့်ပစ်လိုက်ရရှာတာပဲ။

တော်ဝင်အရာရှိက သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိပြီး အလုပ်သမားတွေကို လူတစ်ပိုင်းသတ္တဝါတွေအားလုံးကို ဒီနေရာကနေ အတင်းအကျပ် မောင်းထုတ်ဖို့အတွက် အချက်ပြလိုက်ပါတော့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ့်အတိုင်း နာကျင်နေတဲ့ အမူအရာတွေ ရှိနေခဲ့ရပေမဲ့လည်း သူလုပ်ဆောင်ရမယ့် တာဝန်အတိုင်းပဲ လုပ်ဆောင်ရမှာ ဖြစ်လို့ပါပဲ။

“ခနလောက်နေပါဦး”

မိုက်ကယ်ရဲ့ ထွက်ပေါ်လာတဲ့ စကားသံကပဲ ဝတ်စုံပြည့် ဝတ်ထားတဲ့ လူတွေကို ရှေ့ဆက်မတိုးလာနိုင်အောင် တားဆီးထားလိုက်သလို ဖြစ်သွားခဲ့ရတာပါ။

လူတိုင်းက လမ်းလယ်ခေါင်မှာ ရပ်နေတဲ့ ရွှေဝါရောင် ဆံပင်တွေနဲ့ ကောင်လေးဖြစ်တဲ့ မိုက်ကယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်ကြတယ်။

"တကယ်လို့ ကျွန်တော်က အကြွေးတွေကို အကုန်လုံး ဆပ်ပေးမယ်ဆိုရင်ကော" လို့ သူက တော်ဝင်အရာရှိကို မေးလိုက်တာလေ။

တည်းခိုဆောင်ပိုင်ရှင်နဲ့ အနီးနားမှာရှိတဲ့ လူတစ်ပိုင်းသတ္တဝါအားလုံးက မိုက်ကယ်ကို စိုက်ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ နှလုံးသားထဲမှာတော့ သေးငယ်လှတဲ့ မျှော်လင့်ချက်လေးတစ်ခုက တစ်စက္ကန့်အတွင်းမှာတင် တောက်လောင်လာခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ပြီး ပျောက်ကွယ်သွားခဲ့ရတာပေါ့။ ကလေးတစ်ယောက်ရဲ့ စွမ်းအားနဲ့ ဘာများ လုပ်ဆောင်နိုင်မှာလဲ။

"လူငယ်လေး၊ တောင်းပန်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အကြွေးပမာဏက စုစုပေါင်း ရွှေဒင်္ဂါး တစ်သိန်းတောင် ဖြစ်နေတာပါ။ မင်း ဒါကို ကောင်းကောင်း နားလည်နိုင်မလားဆိုတာ ကျွန်တော် မသေချာပေမယ့် သာမန် ပန်းပဲဆရာတွေတောင်မှ ဒါမျိုးကို အခြေချနိုင်ဖို့အတွက် အနည်းဆုံး ၅ နှစ်လောက်အထိ အလုပ်လုပ်ကြရတာဖြစ်လို့ပါပဲ" လို့ တည်းခိုဆောင်ပိုင်ရှင်က ဆိုတယ်။

"အကယ်၍ မင်းက တည်းခိုဆောင်ကို ပြန်ပြီး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဲဒီအကြွေးပမာဏက နှစ်ဆလောက်အထိ တိုးမြှင့်သွားလိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ်" လို့ တော်ဝင်အရာရှိက ဆိုတာပဲ။ "စုစုပေါင်း ရွှေဒင်္ဂါး နှစ်သိန်း ဖြစ်သွားမှာပါ"

တော်ဝင်အရာရှိက မိုက်ကယ်ဟာ အဲဒီပမာဏကို ကြားလိုက်ရတဲ့ အချိန်မှာတင် မျက်တောင်တစ်ခတ်စာမျှပင် တုန်လှုပ်သွားတာမျိုး မရှိတာကို သတိထားမိလိုက်တယ်။

"ကျွန်တော် ဝယ်မယ်" လို့ မိုက်ကယ်က ဘာမှ တွေဝေမနေဘဲ တိုက်ရိုက်ပဲ ပြောလိုက်တာရာ။ ဒါက တကယ်တော့ တော်တော်လေးကို ဈေးသက်သာလွန်းလှပါတယ်လို့ သူက စိတ်ထဲကနေ တွေးနေမိတာကိုး။

တကယ်လို့ အခြေအနေက ဒီလောက်အထိ တည်ကြည်လေးနက်နေတာမျိုးသာ မဟုတ်ခဲ့ရင်တော့ လူအများစုက ကလေးတစ်ယောက်က ဒီလောက်အထိ ကြီးမားလှတဲ့ ဈေးနှုန်းကို ပေးနိုင်လိမ့်မယ်လို့ တွေးနေတာကို ကြည့်ပြီး တကယ့်ကို ရယ်ချင်စရာကောင်းတဲ့ ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားကြမှာ အသေအချာပါပဲ။

တော်ဝင်အရာရှိက မိုက်ကယ်ရဲ့ စကားတွေကို လွယ်လွယ်ကူကူနဲ့ လစ်လျှူရှုလိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီအစား မိုက်ကယ်ရဲ့ မျက်နှာကို သေသေချာချာ စုံစမ်းကြည့်ရင်း သူက ဘယ်နေရာကနေ လာခဲ့တာလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ကြိုးစားလိုက်တယ်။

သူက အန်ဂိုရာမြို့တော်ရဲ့ တော်ဝင်မျိုးနွယ်စုထဲက တစ်ယောက်မဟုတ်တာတော့ အသေအချာပါပဲ၊ အဲလိုသာ မဟုတ်ရင် တော်ဝင်အရာရှိအနေနဲ့ သူ့ကို အစကတည်းက မှားစရာ အကြောင်းမရှိဘဲ သိနေမှာ ဖြစ်လို့ပါပဲ။

သူ့ရဲ့ ဝတ်စုံကို ကြည့်ရင်လည်း မှော်ဝတ်ရုံတွေရဲ့ အမှတ်အသားမျိုး မရှိတာကြောင့် သူက မှော်မျှော်စင်က လာတဲ့သူလည်း မဟုတ်ပြန်ပါဘူး။

ပြီးတော့ သူ့ရဲ့ အသက်အရွယ်နဲ့ လက်ထဲမှာ ဘာလက်နက်မှ ပါမလာတာကို ကြည့်ရင် သူက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က တစ်ယောက်လည်း မဟုတ်တာ သိသာလှပါတယ်။

ကုမ္ပဏီတစ်ခုခုရဲ့ အမွေဆက်ခံသူ ဖြစ်ဖို့ပဲ အလားအလာ ရှိနေတာပေါ့။ ဒါပေမဲ့လည်း တော်ဝင်အရာရှိကတော့ မိုက်ကယ်ရဲ့ နောက်ခံအကြောင်းရင်းနဲ့ ပတ်သက်ပြီး ဘာအဖြေမှ ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေရတုန်းပါပဲ။

သူက မိုက်ကယ်ရဲ့ မျက်လုံးထဲမှာ တကယ့်ကို ယုံကြည်ချက်တွေအပြည့်နဲ့ ရှိနေတာကို မြင်တွေ့နိုင်ခဲ့တာကြောင့် ဒီကလေးက နောက်ပြောင်ကျီစယ်နေတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်တာပဲ။

"မင်း အဲဒီလို ပေးနိုင်စွမ်း ရှိနေမယ်ဆိုရင်တောင်မှ ဒီကိစ္စက တခြားဝယ်ယူမယ့်သူဆီကို အစကတည်းက လွှဲပြောင်းပေးပြီးသား ဖြစ်နေပါပြီ" လို့ တော်ဝင်အရာရှိက ဆိုတယ်။

"သူတို့တွေက ဒီမြေပြင်ကို အပိုင်သိမ်းပြီး ကိုယ်ပိုင်အဖြစ် ပြုလုပ်ဖို့အတွက် မြို့တော်အာဏာပိုင်တွေနဲ့ အခြေအနေတွေကို အကုန်လုံး သဘောတူညီချက် ချမှတ်ထားပြီးသား ဖြစ်လို့ပါပဲ"

မိုက်ကယ်က တော်ဝင်အရာရှိရဲ့ လက်ထဲက မှော်ပရပိုဒ်ကို လှမ်းပြီး ကြည့်လိုက်တာပေါ့။

"ဒါက ဒီနယ်မြေအတွက် စာချုပ်လား" လို့ သူက တော်ဝင်အရာရှိကို မေးလိုက်တယ်။

တော်ဝင်အရာရှိ နောက်ထပ် ဘာစကားမှ မပြောရသေးခင်မှာပဲ သူ့ရဲ့ လက်ထဲက မှော်ပရပိုဒ်က သူ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုတ်တရက်ဆိုသလို ရုန်းထွက်သွားခဲ့တာကို ခံစားလိုက်ရပါတော့တယ်။

မှော်ပရပိုဒ်က မိုက်ကယ်ရဲ့ လက်ဖဝါးထဲကို တန်းတန်းမတ်မတ် လွင့်ပျံရောက်ရှိသွားခဲ့တာဖြစ်ပြီး စာချုပ်တစ်ခုလုံးရဲ့ အခြေအနေတွေကိုပါ သေသေချာချာ ဖတ်ရှုနိုင်ခွင့် ပေးလိုက်တာလေ။ တော်ဝင်အရာရှိကိုယ်တိုင်က ဒါဟာ မှော်အတတ်ရဲ့ အစွမ်းနဲ့ ချိတ်ဆက်ထားတဲ့ စာချုပ်တစ်ခု ဖြစ်တယ်ဆိုတာကို အစကတည်းက အတည်ပြုထားခဲ့တာဖြစ်လို့ ဒါဟာ မှော်ပညာနဲ့ မှော်စွမ်းအင်တွေ ပြည့်နှက်နေတဲ့အရာ ဖြစ်တယ်ဆိုတာ သိသာလှပါတယ်။ ဒါကြောင့်မို့လို့ သူလုပ်ဖို့ လိုအပ်တာဆိုလို့ အဲဒါတွေကို သူ့ဆီလာဖို့ အမိန့်ပေးလိုက်ရုံပဲဖြစ်ပြီး အရာရာက သူ့ရဲ့ လက်ထဲကို တရှိန်ထိုး လွင့်ပျံလာခဲ့ကြတာပေါ့။ ဒါကတော့ သူ့ရဲ့ အဆင့်မြင့်စွမ်းရည် ဖြစ်ပါတယ်။

" နိုဗာ၊ ဒီစာချုပ်ကို စစ်ဆေးကြည့်ပြီး ငါ ဒီမြေကို ဝယ်လို့ရမယ့် အပေါက်တစ်ခုခုကို ရှာဖွေပေးနိုင်မလား "

ငါးစက္ကန့်တောင် အချိန်မပေးလိုက်ရခင်မှာပဲ သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူက အဖြေတစ်ခုနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့တာပေါ့။ အဲဒီအချက်အလက်တွေက သူ့ရဲ့ ဦးနှောက်ထဲကို လိုင်းလုံးကြီးတွေလို စီးဝင်လာခဲ့တာဖြစ်လို့ အဖြေကို ကောင်းကောင်း မြင်တွေ့နိုင်ခွင့် ရရှိသွားခဲ့ရတာပဲ။

"ဒီမှာ ရေးထားတာကတော့ နယ်မြေကို သိမ်းပိုက်ပြီးသွားခဲ့ပြီဆိုရင်တောင်မှ ဝယ်ယူမယ့်သူတွေအနေနဲ့ နယ်မြေအတွက် လေလံဆွဲနိုင်ဖို့အတွက် တစ်လလောက်အထိ အချိန်ကာလတစ်ခု ရှိနေသေးတယ်လို့ ဆိုထားတာပဲ"

"ဟုတ်ပါတယ်" လို့ တော်ဝင်အရာရှိက မိုက်ကယ်ရဲ့ လက်ထဲက မှော်ပရပိုဒ်ကို မယုံနိုင်အောင် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း ခေါင်းညိတ်ပြလိုက်တာပေါ့။

"ဒါပေမဲ့ ငါပြောခဲ့သလိုပဲ လေလံပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ကုမ္ပဏီတစ်ခုက ဒါကို ရွှေဒင်္ဂါး သုံးသိန်းနဲ့ အပြီးသတ် ဝယ်ယူထားခဲ့ပြီးသားပါ"

မိုက်ကယ်က ခေါင်းညိတ်လိုက်ပြီး စစာချုပ်ထဲက တိကျတဲ့ စည်းကမ်းတစ်ခုကို လက်ညှိုးထိုးပြလိုက်တယ်။

"ဒါပေမဲ့... ဒီမှာ ရေးထားတာကတော့ အဆောက်အဦးအတွက် လေလံဆွဲတဲ့နေရာမှာ စိတ်ဝင်စားတဲ့အစုအဖွဲ့အားလုံးကို ပါဝင်ခွင့်ပေးရမယ်လို့ ဆိုထားတာ ဖြစ်လို့။ ဒါက ကျွန်တော်ကိုယ်တိုင်လည်း ဒီမြေအတွက် လေလံဆွဲခွင့် ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ"

တော်ဝင်အရာရှိက မိုက်ကယ်ကို စိုက်ကြည့်လိုက်ပြီး "ဟုတ်ပါတယ်... ဒါပေမဲ့ အဲဒီဘေးမှာတင် နောက်ထပ် စည်းကမ်းတစ်ခု ရှိနေသေးတယ်ဗျ။ လေလံပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ အခြားအစုအဖွဲ့တစ်ခုက ပါဝင်ချင်တယ်ဆိုရင်တော့ အဲဒီအသစ်ဝင်လာတဲ့လူက မူလလေလံပမာဏထက်... နှစ်ဆလောက်အထိ တိုးမြှင့်ပြီး ပေးရမှာဖြစ်လို့ပါပဲ။ ဆိုလိုတာက မင်းအနေနဲ့ ရွှေဒင်္ဂါး လေးသိန်းအထိ ပေးရလိမ့်မယ်"

* * * * * * * * *

စာစဉ်(၂၀)

အခန်း (၂၃၀)

လူတစ်ပိုင်းသတ္တဝါတွေအားလုံး မျက်နှာပျက်သွားကြရတာပေါ့။ တော်ဝင်အရာရှိ ပြောလိုက်တဲ့ ဈေးနှုန်းက သူတို့ စဉ်းစားကြည့်ဖို့တောင် မလွယ်ကူလှတဲ့ ပမာဏမျိုး ဖြစ်နေလို့ပါပဲ။

အဲဒီလောက်အထိ များပြားလှတဲ့ အကြွေးတွေကပဲ သူတို့ရဲ့ လက်ရှိ လူနေမှုဘဝကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားခဲ့ရတာကိုး။

အသက်ရှင်သန်နိုင်ဖို့အတွက် တောရိုင်းမြေတွေထဲမှာပဲ ပြန်ပြီး စခန်းချ နေထိုင်ကြရတော့မှာ ဖြစ်သလို၊ ဒါမှမဟုတ်ရင်လည်း ခြောက်သွေ့လွင်ပြင်ကြီးထဲကို မောင်းထုတ်ခံရဖို့ပဲ ရှိပါတော့တယ်။

"ဒါက မြို့တော်ကြီးထဲမှာ နေထိုင်ရခြင်းရဲ့ ခက်ခဲမှုတွေပေါ့ဗျာ" လို့ တည်းခိုဆောင်ပိုင်ရှင်က ဆိုတယ်။

"ကျွန်တော်တို့ရဲ့ နယ်မြေကို တခြားနေရာတစ်ခုခု... ဒုက္ခရောက်နေတဲ့သူတွေအပေါ်မှာ အများကြီး ပိုပြီး ညှာတာတတ်တဲ့ နေရာမျိုးမှာပဲ သွားပြီး အခြေချရတော့မယ် ထင်တယ်"

သူကတော့ ရဲရင့်တဲ့ မျက်နှာပေးမျိုး ရှိနေအောင် မနည်းဟန်ဆောင်နေခဲ့ရတာ ဖြစ်ပေမဲ့လည်း တုန်ရင်နေတဲ့ အသံကတော့ သူ့ရဲ့ စိတ်ထဲက စစ်မှန်တဲ့ နာကျင်မှုတွေကို ဖော်ပြနေခဲ့တာပဲလေ

"မလိုပါဘူး" လို့ မိုက်ကယ်က ပြောလိုက်တယ်။

"ဒီနေရာကို ကျွန်တော်ကိုယ်တိုင်ပဲ အကုန်လုံး ဝယ်ယူလိုက်မယ်"

မိုက်ကယ်က အသာအယာ ခေါင်းညိတ်ပြလိုက်တာနဲ့တစ်ပြိုင်နက် အရိပ်အော့ခ် နှစ်ယောက် ထွက်ပေါ်လာခဲ့ရတာပါ။ တော်ဝင်အရာရှိနဲ့ အလုပ်သမားတွေအားလုံးကတော့ ဟောဒီအော့ခ်နှစ်ယောက် ဘယ်နေရာကနေ ရုတ်တရက် ရောက်လာသလဲဆိုတာကို လုံးဝကို သတိမထားမိဘဲ ဖြစ်သွားကြရရှာတယ်။

သူတို့တွေက မျက်တောင်တစ်ခတ်အတွင်းမှာတင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြတာဖြစ်ပြီး၊ အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေအနေနဲ့ မီတာ တစ်ဆယ်လောက်အထိ အဝေးကတည်းကတင် သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်တွေကို သတိပြုမိထားသင့်တာ ဖြစ်ပေမဲ့လည်း ဘာအချက်ပေးမှုမှ မရှိဘဲ ရောက်လာခဲ့ကြတာက တကယ့်ကို ထူးဆန်းလွန်းလှတာကိုး။

ဘာစကားမှ ထပ်မပြောတော့ဘဲ အော့ခ်တွေထဲက တစ်ယောက်က မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ရဲ့ တစ်ဝက်လောက်အထိ ကြီးမားလှတဲ့ သားရေအိတ် အကြီးကြီးတစ်ခုကို ဘယ်နေရာကမှန်းမသိ ထုတ်ယူလိုက်ပြီး မိုက်ကယ်ရဲ့ အရှေ့မှာ ဒူးထောက်ထိုင်ချရင်း ဂါရဝပြုလိုက်တာလေ။

မိုက်ကယ်က အဲဒီအိတ်ကို မှော်ပညာနဲ့ မချီလိုက်ပြီး တော်ဝင်အရာရှိရဲ့ ခြေထောက်နားဆီကို ပစ်ချလိုက်တဲ့ အခါမှာတော့ ထိတွေ့လိုက်တဲ့ အရှိန်ကြောင့် ထွက်ပေါ်လာတဲ့ လေးလံလှတဲ့ ဒင်္ဂါးချင်း ရိုက်ခတ်သံကြီးကြောင့် လူတိုင်း အံ့သြသွားကြရပါတော့တယ်။ အသံကို ကြားရုံနဲ့တင် တကယ့်ကို အဖိုးတန်လှတာကိုး။

တော်ဝင်အရာရှိနဲ့ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူတွေ မော့ကြည့်လိုက်ကြတဲ့ အချိန်မှာတော့ မိုက်ကယ်က လမ်းမပေါ်မှာ တစ်ယောက်တည်း ရပ်နေခဲ့တာဖြစ်ပြီး၊ ကြီးမားလှတဲ့ အော့ခ်တွေရဲ့ အငွေ့အသက်ကိုတော့ ဘယ်နေရာမှာမှ မြင်တွေ့ရခြင်း မရှိတော့ပါဘူး။ သူတို့တွေက လာခဲ့တုန်းကလိုပဲ အရမ်းကို မြန်မြန်ဆန်ဆန် ပဲပျောက်ကွယ်သွားခဲ့ကြတာဖြစ်လို့ ဒါဟာ သူတို့ရဲ့ စိတ်ကူးယဉ်မှု သက်သက်ပဲလားဆိုပြီး လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေခဲ့တာပေါ့။

"ဒါက ရွှေဒင်္ဂါး ငါးသိန်းပါ" လို့ မိုက်ကယ်က သာမန်အတိုင်းပဲ ပြောလိုက်တယ်။

"တကယ်လို့ ဟောဒီစာချုပ် ကိစ္စရပ်တွေကို ဒီနေ့တင် အပြီးသတ်ပေးနိုင်မယ်ဆိုရင်တော့ ကျန်တဲ့ ပိုက်ဆံတွေကို မင်းတို့ဘာသာ ယူနိုင်ပါတယ်"

ခဏလောက်အထိ မယုံနိုင်အောင် ဖြစ်နေပြီးတဲ့နောက်မှာတော့ တော်ဝင်အရာရှိလည်း နောက်ဆုံးမှာတော့ သတ္တိကို မနည်းမွေးလိုက်ပြီး အိတ်ရဲ့ ကြိုးကို ဖြည်းဖြည်းချင်း ဖြေလိုက်ပါတော့တယ်။ သူ အဲလိုလုပ်လိုက်တာနဲ့တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းလေးတစ်ခုက သူ့ရဲ့ မျက်နှာပေါ်ကို ပြန်လည်ထင်ဟပ်သွားခဲ့ရပြီး စစ်မှန်တဲ့ ရွှေဒင်္ဂါးတွေ ပြည့်နှက်နေတာကို မြင်တွေ့လိုက်ရတာပဲ။

တော်ဝင်အရာရှိက တုန်ရင်နေတဲ့ လက်တွေနဲ့ ဒင်္ဂါးပြားတစ်ခုကို ကောက်ယူလိုက်ပြီး သေသေသေချာချာကို စစ်ဆေးကြည့်နေမိရှာတယ်။ သူ့ရဲ့ တော်ဝင်မျိုးနွယ်စု နောက်ခံအရဆိုရင်တော့ ဟောဒီ ရွှေဒင်္ဂါးရဲ့ သန့်စင်မှုနဲ့ စစ်မှန်မှုကို ကောင်းကောင်း ခွဲခြားနိုင်စွမ်း ရှိတာကိုး။

"မကြာသေးမီကမှ သွန်းလုပ်ထားတဲ့ ပုံစံမျိုးပဲ" လို့ သူက ဒင်္ဂါးပြားပေါ်က အစင်းရာ သေးသေးလေးတွေကို ကြည့်ပြီး ဆိုလိုက်တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ မျက်လုံးတွေက အောက်ခြေမှာ ထွင်းထုထားတဲ့ စာလုံး သေးသေးလေးဆီကို ရောက်ရှိသွားခဲ့တာပေါ့။ အဲဒီမှာ ရေးထားတာကတော့ K.R. တဲ့။

"ဒါက ကွင်းစ်နယ်မြေထဲမှာ ပြုလုပ်ထားတာ မဟုတ်ဘူး၊ ဆိုလိုတာက... ကင်းစ်နယ်မြေလား"

ဒီသဲလွန်စတစ်ခုတည်းနဲ့တင် တော်ဝင်အရာရှိအနေနဲ့ မိုက်ကယ်ရဲ့ စစ်မှန်တဲ့ နောက်ခံအကြောင်းရင်းကို ကောင်းကောင်း ရိပ်မိသွားခဲ့ရပြီ ဖြစ်ပါတယ်။ "မင်းက ဒီနေရာမှာနေတဲ့သူ မဟုတ်ဘူးဘဲ" လို့ သူက ဆိုတာပေါ့

တော်ဝင်အရာရှိအနေနဲ့ ဒါကို သိလိုက်ရုံနဲ့တင် လုံလောက်သွားခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက ရွှေဝါရောင် ဆံပင်တွေနဲ့ ကောင်လေးနဲ့ စကားပြောနေတဲ့ အချိန်မှာတင် တစ်ခုခုကို သဘောပေါက်သွားခဲ့ရတဲ့ ပုံစံမျိုး ရှိနေတာကိုး။

"ကောင်းပါပြီ" လို့ တော်ဝင်အရာရှိက ဆိုတယ်။

"ကျွန်တော့်အနေနဲ့ ဒီငွေပေးချေမှုကို လက်ခံလိုက်ပြီး ဟောဒီနယ်မြေကို မင်းရဲ့ ကိုယ်ပိုင်အဖြစ် ပြောင်းလဲပေးဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသွားမှာပါ"

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူတွေကတော့ တော်ဝင်အရာရှိရဲ့ ရုတ်တရက် ပြောင်းလဲသွားတဲ့ အမူအရာကြောင့် တအံ့တသြ ဖြစ်လို့ ကျန်ရစ်ခဲ့ရတာပေါ့။

"လူကြီးမင်း၊ ဒါက တကယ်ကြီး အဆင်ပြေရဲ့လားဗျာ။ မူလဝယ်ယူမယ့် အစုအဖွဲ့အတွက်ကျတော့ကော ဘယ်လိုလုပ်မလဲ"

"ဟုတ်ပါတယ်။ တို့တွေ ဘယ်လိုလူမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို သိသွားခဲ့ကြရပြီဆိုရင်တော့ သူတို့ကိုယ်တိုင်လည်း ဒါကို လက်ခံသွားကြရမှာ အသေအချာပါပဲ" လို့ တော်ဝင်အရာရှိက အလုပ်သမားရဲ့ စကားကို ဖြတ်ပြီး ပြန်လည်ဖြေကြားပေးလိုက်တာလေ။

"ဒီလောက်အထိ များပြားလှတဲ့ ပိုက်ဆံတွေကို အလွယ်တကူ သုံးနိုင်စွမ်းရှိတဲ့ အစုအဖွဲ့ဆိုလို့ လက်ရှိ ဒီနေရာမှာ တစ်ခုတည်းပဲ ရှိတာကိုး။ အဲဒါကတော့ တခြားမဟုတ်ဘဲ ရီနေးတားကုမ္ပဏီပဲ ဖြစ်ရမယ်"

အလုပ်သမားတွေက မိုက်ကယ်ကို မယုံနိုင်အောင် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ပြီး လှည့်ကြည့်လိုက်ကြတယ်။

"ရီနေးတားကုမ္ပဏီ ဟုတ်လား။ ဂူသင်္ချိုင်းကို အပြီးသတ် စွန့်စားရှာဖွေခဲ့တဲ့ အဖွဲ့လား။ သူတို့တွေက ဟိုစစ်သည်တော်တွေနဲ့ပါ ပြိုင်ဆိုင်ခဲ့ကြတာလို့ ကျွန်တော် ကြားဖူးတယ်နော်"

"ဒါတင်မကပါဘူး။ သူတို့တွေ တကယ် လုပ်နိုင်ခဲ့ကြတာပါ။ ဆာဂျွန်ကိုယ်တိုင်က သူ့ရဲ့ အထက်လူကြီးတွေဆီကို အကယ်၍ သူတို့အချင်းချင်းသာ တိုက်ပွဲဝင်ခဲ့ကြရမယ်ဆိုရင် သူတို့အနေနဲ့ ရီနေးတားနိုင်ငံသားတွေကို ဘယ်လိုမှ အနိုင်ရနိုင်စွမ်း ရှိမှာ မဟုတ်ဘူးလို့ သတင်းပို့ခဲ့တာလေ" လို့ အထဲက အချက်အလက်တွေကို အများကြီး ပိုပြီး သိရှိထားတဲ့ တော်ဝင်အရာရှိက ပြောပြလိုက်တာပေါ့။

"ဒါပေမဲ့ သူက အဲဒီအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်ဆိုတာကို လူကြီးမင်းက ဘာလို့ ဒီလောက်အထိ ယုံကြည်စိတ်ချနေရတာလဲဗျာ။ သူတို့က နဂါးမျိုးနွယ်ဝင်တွေနဲ့ ပြည့်နှက်နေတဲ့ အစုအဖွဲ့တစ်ခုလို့ ကျွန်တော် ကြားဖူးတာကိုး"

တော်ဝင်အရာရှိက တည်းခိုဆောင်ထဲကနေ ကျေးဇူးတင်စကားတွေ တရစပ် ပြောဆိုရင်း ဝိုင်းအုံနေကြတဲ့ လူတစ်ပိုင်းသတ္တဝါတွေရဲ့ အလယ်မှာ ရှိနေတဲ့ မိုက်ကယ်ကို ပြန်ပြီး လှည့်ကြည့်လိုက်တယ်။

"ဒါကတော့ ဗီဇအသိအရ ပြောရတာပေါ့။ စောစောက အော့ခ်တွေကို မင်းတို့လည်း မြင်ခဲ့ကြတာပဲ မဟုတ်လား။ အဲဒီလိုမျိုး လူတစ်ပိုင်းသတ္တဝါတွေက ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံတွေအကုန်လုံးကို ပေးမယ်ဆိုရင်တောင်မှ လူသားတစ်ယောက်ရဲ့ အနောက်ကို လွယ်လွယ်ကူကူ လိုက်ပါမယ့်သူတွေ မဟုတ်ကြပါဘူး။ အဲဒီကောင်လေးက သူတို့ရဲ့ လေးစားမှုကို ရရှိထားလို့သာ အစကတည်းက သူ့ရဲ့ စကားကို နားထောင်နေခဲ့ကြတာ ဖြစ်ရမယ်"

အလုပ်သမားတွေက မိုက်ကယ်ကို နောက်တစ်ကြိမ် ထပ်ပြီး လှည့်ကြည့်လိုက်ကြတာပဲ။

"ဒါဆို တို့တွေ အခု ဘယ်ကို သွားကြမလဲ" လို့ သူတို့က တော်ဝင်အရာရှိကို မေးလိုက်ကြတယ်။

"နန်းတော်ဆီကိုပေါ့" လို့ သူက ဆိုတယ်။

"မြို့စားမင်းကြီးအနေနဲ့ ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို သေချာပေါက် သိချင်နေမှာပါ။ သူက ရီနေးတားနိုင်ငံသားတွေ ဒီနေရာကို ရောက်ရှိလာခဲ့ကတည်းက တွေ့ဆုံဆွေးနွေးဖို့အတွက် တဖွဖွ ပြောဆိုနေခဲ့တာလေ။ အထူးသဖြင့် ဟိုကုမ္ပဏီကြီးတွေက သူတို့ရဲ့ စစ်ပွဲတွေကို စတင်လိုက်ကြကတည်းက မြို့စားမင်းကြီးမှာ အကူအညီတွေ အများကြီး လိုအပ်နေရတာ ဖြစ်လို့ပါပဲ"

တစ်ဖက်မှာလည်း တည်းခိုဆောင်ထဲက လူတစ်ပိုင်းသတ္တဝါတွေကတော့ သူတို့တွေ အားလုံးဆုံးရှုံးသွားခါနီးမှ ဘာအချက်ပေးမှုမှမရှိဘဲ ကာကွယ်စောင့်ရှောက်ခြင်း ခံလိုက်ရတာကို လုံးဝကို မယုံနိုင်အောင် ဖြစ်နေကြတုန်းပါပဲ။ ကြင်နာတတ်တဲ့ သူစိမ်းတစ်ယောက်က တည်းခိုဆောင်ကို ပြန်ပြီး ထိန်းချုပ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြဘူးလေ။

"ကျွန်တော်က ဒီတည်းခိုဆောင်ကို ပုံစံအသစ်တစ်ခုအနေနဲ့ ပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး၊ ဒါကို ဒီမြို့ထဲမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရောင်းဌာနတစ်ခုအဖြစ် အစားထိုးသွားမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် မင်းတို့အားလုံးကို ရွေးချယ်စရာတစ်ခု ပေးချင်ပါတယ်။ အဆောက်အဦးအသစ်ထဲမှာပဲ ဆက်ပြီး နေထိုင်ကြမလား၊ ဒါမှမဟုတ် ကင်းစ်နယ်မြေဘက်မှာရှိတဲ့ မင်းတို့ရဲ့ မျိုးနွယ်စုတွေရှိရာ တို့နိုင်ငံတော်ဆီကိုပဲ လိုက်ခဲ့ကြမလားဆိုတာကိုပေါ့"

"လူငယ်လေး..." လို့ တည်းခိုဆောင်ပိုင်ရှင်က သူ့အနားကို ချဉ်းကပ်ပြီး မေးလိုက်တယ်။

"ဒီတည်းခိုဆောင်ကို ဘာတွေ ဆက်လုပ်ဖို့ စီစဉ်ထားလို့လဲဟင်"

"စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ သခင်ကြီးမိုက်ကယ်က ခင်ဗျားတို့အားလုံးကို သေသေသေချာချာ ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ"

ရှီနာနဲ့ တခြားသော ဒရာကွန်ဘွန်းတွေ အချိန်ကိုက် ရောက်ရှိလာခဲ့ကြတာဖြစ်လို့ ကျန်တဲ့ လူတစ်ပိုင်းသတ္တဝါတွေမှာ တကယ့်ကို အံ့သြတုန်လှုပ်သွားကြရပြန်တာပေါ့။ သူတို့တွေက ဒရာကွန်ဘွန်းတွေရဲ့ တန်ဖိုးကြီးမားလှတဲ့ ဝတ်စုံတွေကို ကြည့်ပြီး အံ့သြနေကြတာဖြစ်ပြီး ဒါက သူတို့ကို တကယ့် လူသားတော်ဝင်မျိုးနွယ်စုတွေလိုမျိုး ထင်မှတ်ရစေတာကိုး။ သူတို့တွေရဲ့ ဘဝမှာ လူတစ်ပိုင်းသတ္တဝါတစ်ယောက်က ဒီလောက်အထိ... ပျော်ရွှင်နေတာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပါဘူး။

"မင်းတို့တွေကော ပျော်ခဲ့ကြရဲ့လား" လို့ သူက သူတို့ကို မေးလိုက်တယ်။

"ဟွန်း... နင်ကတော့ သေချာပေါက် ပျော်နေမှာပါပဲ" လို့ ယူနာက နှုတ်ခမ်းဆူရင်း ပြောလိုက်တာပေါ့။ "ငါတို့က အဆောက်အဦးအတွက် အခြေအနေတွေကို အကုန်လုံး သဘောတူညီချက် ချမှတ်ခါနီး ဖြစ်နေတာကို"

အဲဒီနောက်မှာတော့ သူမက သူတို့ရဲ့ အိမ်တွေကို လက်လွတ်ဆုံးရှုံးရတော့မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားခဲ့ကြရလို့ ပျော်ရွှင်စွာနဲ့ ဝိုင်းဖက်နေကြတဲ့ လူတစ်ပိုင်းသတ္တဝါတွေကို လှမ်းကြည့်လိုက်မိတယ်။

"ဒါပေမဲ့လည်း... ဒါက တကယ့်ကို ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်ခဲ့ပုံရပါတယ်" လို့ သူမက ပြုံးပြီး ပြောလိုက်ရင်း မိုက်ကယ်ရဲ့ ပုခုံးကို သူမရဲ့ ပုခုံးလေးနဲ့ အသာအယာ တွန်းလိုက်တာလေ။

မိုက်ကယ်က တည်းခိုဆောင်ပိုင်ရှင်ဘက်ကို လှည့်လိုက်ပြီး သူ့ရဲ့ လက်ကို ကမ်းပေးလိုက်တယ်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်မဆက်ရသေးဘူးနော်။ ကျွန်တော့်နာမည်က မိုက်ကယ်ပါ"

ပလေတို လို့ အမည်ရတဲ့ တည်းခိုဆောင်ပိုင်ရှင်က သူ့ရဲ့ နာမည်ကို မိတ်ဆက်ပေးလိုက်သလို၊ အဆောက်အဦးထဲမှာရှိတဲ့ ကျန်တဲ့ လူတစ်ပိုင်းသတ္တဝါတွေကလည်း လိုက်ပြီး မိတ်ဆက်ကြတာပေါ့

"ကျွန်တော်က ဒီတည်းခိုဆောင်ကို ကျွန်တော့်ရဲ့ ဖခင်ဆီကနေတစ်ဆင့် အမွေဆက်ခံခဲ့တာပါ။ သူက ဒုက္ခရောက်နေတဲ့ လူသားတွေနဲ့ လူတစ်ပိုင်းသတ္တဝါတွေအားလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့အတွက် ဒီနေရာကို စတင်ဖန်တီးပေးခဲ့တာဖြစ်လို့၊ ကျွန်တော်လည်း အဲဒီအလေ့အထကျစဉ်ကိုပဲ ဆက်ပြီး ထိန်းသိမ်းထားဖို့ ကြိုးစားနေတာပါ"

မိုက်ကယ်က တည်းခိုဆောင်ထဲက လူတစ်ပိုင်းသတ္တဝါတွေကို သေသေချာချာ ကြည့်ရှုလိုက်မိတယ်။ သူတို့ထဲက အများစုကတော့ စုတ်ပြဲနေပြီး အညစ်အကြေးတွေ စွန်းထင်နေတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားကြတာဖြစ်လို့ ဝတ်စုံလို့ ခေါ်ရုံထက်စာရင် အဝတ်စုတ်တွေလို့ ပြောရမယ့်အဆင့် ဖြစ်နေရတာကိုး။ ပြီးတော့ အဲဒီဝတ်စုံတွေရဲ့ အနောက်မှာတော့ ပိန်ပိန်ပါးပါးနဲ့ အရိုးပေါ် အရေတင် ဖြစ်နေကြတာ သိသာလှပြီး အခြေခံအကျဆုံး အရာလေးတွေကိုတင် မနည်းပဲ ရုန်းကန်နေကြရရှာတာ ဖြစ်လို့ပါပဲ။

ဒါက တကယ့်ကို ဆိုးရွားလှတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်၊ သူတို့လို မျိုးနွယ်စုတွေက ရီနေးတားနိုင်ငံတော်ထဲမှာဆိုရင်တော့ တကယ့်ကို မြင့်မားစွာနဲ့ တိုးတက်ကြီးထွားနေကြတာကိုး။ ကြောင်လူမျိုးနွယ်စုတွေဆိုရင် သူတို့ရဲ့ လျင်မြန်လှတဲ့ အရှိန်နဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကျော်ကြားကြတာဖြစ်လို့ ကဏ္ဍအသီးသီးမှာ အများကြီး အသုံးဝင်ကြသလို၊ ဖွတ်နဂါးလူသားတွေဆိုရင်လည်း ခွန်အားပိုင်းမှာ တကယ့်ကို နာမည်ကြီးကြတာ ဖြစ်လို့ပါပဲ။

ဒါပေမဲ့ ဒီနေရာမှာကျတော့ သူတို့တွေက ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် အလုပ်အကိုင် ရှာဖွေဖို့တောင် တတ်နိုင်သမျှ အများဆုံး ရုန်းကန်နေကြရရှာတာကိုး။

"ကျွန်တော်က ဒီတည်းခိုဆောင်ကို ပုံစံအသစ်တစ်ခုအနေနဲ့ ပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး၊ ဒါကို ဒီမြို့ထဲမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အရောင်းဌာနတစ်ခုအဖြစ် အစားထိုးသွားမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် မင်းတို့အားလုံးကို ရွေးချယ်စရာတစ်ခု ပေးချင်ပါတယ်။ အဆောက်အဦးအသစ်ထဲမှာပဲ ဆက်ပြီး နေထိုင်ကြမလား၊ ဒါမှမဟုတ် ကင်းစ်နယ်မြေဘက်မှာရှိတဲ့ မင်းတို့ရဲ့ မျိုးနွယ်စုတွေရှိရာ တို့နိုင်ငံတော်ဆီကိုပဲ လိုက်ခဲ့ကြမလားဆိုတာကိုပေါ့"

လူတစ်ပိုင်းသတ္တဝါတွေကတော့ မိုက်ကယ်ကို ဇဝေဇဝါ မျက်နှာပေးတွေနဲ့ စိုက်ကြည့်နေမိကြရတာပဲ။

ရှီနာက ဒါကို သူမရဲ့ အလှည့်အဖြစ် သတ်မှတ်လိုက်ပြီး သူမကိုယ်တိုင်နဲ့ ကျန်တဲ့ ရီနေးတားနိုင်ငံသားတွေအကြောင်းကို စတင် မိတ်ဆက်ပေးလိုက်ပါတော့တယ်။ သူမက ကန္တာရကြီးထဲမှာရှိတဲ့ သန့်စင်မွန်မြတ်သောနယ်မြေအကြောင်းနဲ့ အဲဒီနေရာက သူတို့တွေ ကိုယ်ပိုင်အိမ်လို့ ခေါ်ဆိုနိုင်မယ့် နေရာတစ်ခု ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဆိုတာကို ပုံစံအမျိုးမျိုးနဲ့ ရှင်းပြပေးလိုက်တာကိုး။

"ကျွန်တော်... ကျွန်တော် အဲဒီနေရာကို တကယ်ပဲ မြင်တွေ့ချင်မိတယ်ဗျာ"

"ကျွန်တော့်ရဲ့ မိသားစုက ကင်းစ်နယ်မြေထဲမှာ ရှိနေတုန်းပဲ။ သူတို့တွေလည်း မင်းတို့နိုင်ငံထဲကို ဝင်ရောက်သွားခဲ့ကြပြီလား မသိဘူး"

"အဲဒီနေရာက ဒီထက်စာရင် အများကြီး ပိုပြီး ကောင်းမွန်မယ့် ပုံစံမျိုး ရှိနေတာပဲ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုပါ အဲဒီမှာ နေထိုင်ခွင့် ပေးပါဦးဗျာ"

* * * * * * * * *

All Chapters