အခန်း (၂၃၃-၂၃၄)
Vol. 20 Ch. 233-134
အခန်း (၂၃၃)
မိုက်ကယ် ပိုပြီးတော့ တွေးတောကြည့်လေလေ၊ သူ့ရဲ့ အကြံဉာဏ်က ပိုပြီးတော့ ခိုင်မာလာလေလေပဲ။
သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်တယ်ဆိုတာကို သူ့ရဲ့ ဗီဇအသိက သိနေခဲ့ရတာပေါ့။ ဟောဒီ အနီရောင် မျောက်လူတွေက တိုက်ခိုက်ရေးပိုင်းမှာ အချင်းချင်း ယှဉ်ပြိုင်ကြတဲ့ အချိန်တိုင်းမှာတင် ထူးကဲလှတဲ့ ပါရမီတွေကို ပြသနိုင်ကြတဲ့ ဒရာဂွန်ဘွန်းတွေနဲ့ လုံးဝကို မတူတာပါပဲ။
ဖြစ်နိုင်တာကတော့ အနီရောင် မျောက်လူတွေက စစ်သူကြီးရဲ့ အမိန့်ပေးသံ တစ်ချက်အောက်မှာတင် ရန်သူတွေဆီကို တရှိန်ထိုး ပြေးဝင်သွားနိုင်ကြတဲ့ စစ်သူကြီးတွေလိုမျိုး၊ ဘာအမှားအယွင်းမှ မရှိဘဲ လူအယောက်တစ်ရာနဲ့ တစ်ချိန်တည်းမှာ အတူတူ လှုပ်ရှားကြတဲ့ စစ်သည်တော်တွေ ဖြစ်ကြတာမို့ စစ်မက်ရေးရာပိုင်းမှာ အများကြီး ပိုပြီးတော့ သင့်တော်နေခဲ့တာ ဖြစ်ရမယ်။
ဒါကြောင့်လည်း အနီရောင် မျောက်လူတွေက ဂရီးဗ် ရဲ့ စိတ်ထဲမှာ ဘယ်လိုမှ မေ့ဖျောက်လို့ မရနိုင်လောက်အောင်အထိ ကြီးမားလှတဲ့ အထင်ကြီးမှုမျိုး ဖြစ်ပေါ်စေခဲ့တာ ဖြစ်ရမှာပေါ့။
"ဆရာ... ဆရာတို့က ရီနေးတားကုမ္ပဏီက လာကြတာလား" လို့ အနီရောင် မျောက်လူတွေထဲက တစ်ယောက်က လှမ်းပြီး မေးလိုက်တယ်။
"ဟုတ်ပါတယ်။ မင်းတို့က တို့တွေအကြောင်း ကြားဖူးလို့လား"
အနီရောင် မျောက်လူတွေက ခေါင်းညိတ်ပြလိုက်ကြပြီး "ကျွန်တော်တို့မှာ... မိတ်ဆွေတွေ ရှိပါတယ်... သူတို့က ပလေတိုရဲ့ တည်းခိုဆောင်မှာ... ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ... ပြောပြခဲ့ကြတာ... ကျွန်တော်တို့လည်း... ဆရာတို့ရဲ့ နိုင်ငံတော်ထဲကို... ဝင်ရောက်ချင်ပါတယ်..."
သတင်းက ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားခဲ့တာကို မိုက်ကယ် တကယ်ပဲ အံ့ဩသွားခဲ့ရတယ်။ ဒါက ဒီမနက်တင် ဖြစ်ပျက်ခဲ့တာလေ။
"ဒါက တကယ်ကောင်းတာပဲ" လို့ သူက ဆိုလိုက်တယ်။ "ငါလည်း မင်းတို့ကို တို့တွေနဲ့ ပူးပေါင်းချင်လားလို့ လာပြီး မေးဖို့ မျှော်လင့်ထားခဲ့တာပါ"
အနီရောင် မျောက်လူတွေကတော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်သွားခဲ့ကြရပြီး သူတို့ရဲ့ အမြီးတွေကို ခွေးလေးတစ်ကောင်လိုမျိုး ဘယ်ပြန်ညာပြန် ဝှေ့ယမ်းနေကြတာပေါ့။
"ငါ တစ်ခုလောက် မေးပါရစေ။ တို့တွေရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ချင်ကြတဲ့ တခြားသော မိတ်ဆွေတွေ မင်းတို့မှာ ရှိနေသေးလား"
သူတို့အားလုံးကတော့ စကားမပြောနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် မျက်နှာပေးတွေနဲ့ ကြည့်လိုက်ကြတယ်။
"ကျွန်တော်တို့မှာ မိသားစုတွေ ရှိပါတယ်... အနောက်ဘက်က... ရွာထဲမှာပေါ့..."
ဒါကတော့ မိုက်ကယ် အစကတည်းက ရှာဖွေနေခဲ့တဲ့ အရာပါပဲ။ သူက အနီရောင် မျောက်လူတွေ အစုအဖွဲ့တစ်ခုအနေနဲ့ ရှိနေတဲ့ အချိန်မှာ ပြသနိုင်မယ့် စစ်မှန်တဲ့ ခွန်အားတွေအပေါ် သူ့ရဲ့ သီအိုရီကို စမ်းသပ်ကြည့်နိုင်ဖို့အတွက် အနီရောင် မျောက်လူတွေ အများကြီးကို သူ့ရဲ့ အနားမှာ ရှိနေစေချင်နေခဲ့တာကိုး။
ရီနေးတားမှာရှိတဲ့ ဟော့ဘ်မျောက်လူတွေကတော့ ဒါမျိုးကို အစကတည်းက ပြသခဲ့ကြပြီးသားပဲလေ။ မိုက်ကယ် သတိထားမိတာကတော့ ပါရမီရှင် အင်ဂျင်နီယာ အစုအဖွဲ့တစ်ခုက စီမံကိန်းတစ်ခုကို အတူတူ လုပ်ဆောင်ကြတဲ့ အချိန်တိုင်းမှာ တခြားသော လူတစ်ပိုင်းသတ္တဝါ မျိုးနွယ်စုတွေထက် အဆမတန်ကို မြန်ဆန်လှတဲ့ နောက်ဆုံးရလဒ်တွေကို အမြဲတမ်း ဖန်တီးနိုင်ကြတာပါပဲ။
မိုက်ကယ်ကတော့ ဒါဟာ မျောက်လူတွေရဲ့ အချင်းချင်းကြားက ရင်းနှီးမှုကြောင့်ပဲ ဖြစ်ရမယ်လို့ ထင်ထားခဲ့တာဖြစ်ပေမဲ့ တကယ်တမ်းကျတော့ အဲဒါထက် အများကြီး ပိုမို နက်နဲတဲ့အရာတစ်ခု၊ သူတို့မျိုးနွယ်စုရဲ့ ဗီဇအသိထဲမှာတင် ကိန်းအောင်းနေတဲ့ အရာတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်။
"ကျွန်တော်တို့ တောင်းပန်ပါတယ်... ဆရာ မိုက်ကယ်... ဒါပေမဲ့ ကျွန်တော်တို့က… အဲ့ဒီရွာက ဘယ်နေရာမှာ ရှိလဲဆိုတာ... မသိကြပါဘူး..." လို့ အနီရောင် မျောက်လူတွေက စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အသံနဲ့ ဆိုရှာတယ်။
သူတို့က အတိတ်ကာလတုန်းက အကြောင်းပြချက်တစ်ခုခုကြောင့် ရွာကနေ ထွက်ခွာခဲ့ကြပြီးတဲ့နောက်မှာတော့ ဘယ်တော့မှ ပြန်မလာနိုင်အောင် အပြီးတိုင် နှင်ထုတ်ခြင်း ခံခဲ့ကြရတာလို့ ရှင်းပြကြတာပေါ့။ သူတို့ရဲ့ ရွာက လူတွေကတော့ သူတို့တွေ အိပ်ပျော်နေတဲ့ အချိန်မှာတင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး လမ်းကြောင်းကို ပြန်မမှတ်မိရလေအောင် တောရိုင်းမြေတွေထဲကို ပစ်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါက အတိတ်ကာလတုန်းက သူတို့ရဲ့ ဘိုးဘေးတွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေပေါ့။ အဲဒီအချိန်ကတည်းက သူတို့တွေ၊ သူတို့ရဲ့ မိဘတွေနဲ့ မိဘတွေရဲ့ မိဘတွေက ဟောဒီ အန်ဂိုရာမြို့ ရဲ့ အပြင်ဘက်မှာပဲ မွေးဖွားလာခဲ့ကြတာဖြစ်လို့ သူတို့တွေ ဘယ်နေရာကနေ လာခဲ့ကြသလဲဆိုတာကိုတော့ ဘယ်တော့မှ အမှန်အတိုင်း သိနိုင်စွမ်း မရှိကြတော့ပါဘူး။
"ဒါပေမဲ့ ကျွန်တော်တို့ ကြားတာတော့... အန်ဂိုရာမြို့ ရဲ့ အနီးနားမှာတင် ရှိနေတာတဲ့..."
အနီရောင် မျောက်လူတွေကတော့ မိုက်ကယ်ကို ဒီထက်မက ပိုပြီး မကူညီနိုင်ကြတာကြောင့် တောင်းပန်နေကြရှာတယ်။ မိုက်ကယ်ကတော့ သူတို့ကို အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် သေချာပေါက် ရှာဖွေပေးသွားမှာပါလို့ စိတ်ချအောင် ပြောလိုက်တာပေါ့။
"အရိပ်ထဲက ဘာလျှို့ဝှက်ချက်မှ ငါ့မျက်စိအောက်ကနေ ဖုံးကွယ်ထားလို့ မရပါဘူး" လို့ ဖတ်ချ် က ယုံကြည်ချက်အပြည့်နဲ့ ဆိုလိုက်တယ်။
"တို့တွေ အဲဒီရွာကို မျက်တောင်တစ်ခတ်အတွင်းမှာတင် ရှာဖွေပေးရမှာပေါ့"
မိုက်ကယ်က အနီရောင် မျောက်လူတွေကို လောလောဆယ်မှာတော့ ပလေတိုရဲ့ တည်းခိုဆောင် ဆီကိုပဲ သွားကြဖို့ ပြောလိုက်ပြီး အဲဒီနေရာမှာ ရှီနာ က သူတို့ ဒီမှာပဲ နေချင်တာဖြစ်ဖြစ် ဒါမှမဟုတ် ရီနေးတားနိုင်ငံတော် ဆီကို ပြောင်းရွှေ့ချင်တာဖြစ်ဖြစ် အစစအရာရာ အကုန်လုံးကို သေသေချာချာ စီမံခန့်ခွဲပေးသွားမှာ ဖြစ်လို့ပါပဲ။
အဲဒီအတောအတွင်းမှာပဲ၊ သူ့ရဲ့ အနားကို အသက်ငယ်ငယ်လေးတွေဖြစ်တဲ့ အလုပ်သင် စစ်သည်တော် အနည်းငယ်က ချဉ်းကပ်လာခဲ့ကြပြီး သူ့ကို အံ့ဩတုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာပေါ့။
"ဆာဂျွန် က ခင်ဗျားကို တွေ့ဆုံချင်လို့ပါ ခင်ဗျာ"
သူက အစကတည်းက ဒီနေရာကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားခဲ့တာဖြစ်လို့ မိုက်ကယ်လည်း သဘောတူလိုက်ပြီး အလုပ်သင် စစ်သည်တော်တွေရဲ့ အနောက်ကနေတစ်ဆင့် စစ်သည်တော်များရုံးတော် ရဲ့ အတွင်းပိုင်းဆီကို လိုက်ပါသွားခဲ့ပါတော့တယ်။
ဒီကိစ္စအတွက် ဖတ်ချ် လောက် စိတ်လှုပ်ရှားနေတဲ့သူ ဘယ်သူမှ မရှိပါဘူး။ အဲဒီ စလိုင်းမ်လေးကတော့ စစ်သည်တော်များရုံးတော်ထဲက စစ်သည်တော် မှန်သမျှကို ချောင်းနားထောင်နိုင်ဖို့အတွက် သူ့ရဲ့ အရိပ်တွေကို နေရာအနှံ့မှာ တိတ်တဆိတ် စတင် ပုန်းကွယ်ခိုင်းနေတာကိုး။ မိုက်ကယ်ကတော့ အဲဒီ နင်ဂျာစလိုင်းမ်လေးကို အလွန်အကျွံ မလုပ်ဖို့အတွက် သတိပေးလိုက်ရတာပေါ့။
"အား... ကျွန်တော်လည်း ဟောဒီ စစ်သည်တော်တွေနဲ့ တကယ်ကို ယှဉ်ပြိုင် တိုက်ခိုက်ကြည့်ချင်မိတာ" လို့ ဇိုင်ယွန် က စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အမူအရာနဲ့ ဆိုရှာတယ်။
"ဟောဟော... အဲဒါဆိုရင်တော့ နောက်မှပဲ ငါက မင်းရဲ့ တိုက်ခိုက်ရေးပြိုင်ဘက်အဖြစ် လုပ်ပေးရတော့မှာပေါ့" လို့ ဂရီးဗ် က ပြန်လည် ဖြေကြားလိုက်တာလေ။
အဲဒီစကားက ဇိုင်ယွန် ရဲ့ ပါးစပ်ကို ချက်ချင်းပဲ ပိတ်သွားစေခဲ့ရတာပေါ့။
မိုက်ကယ် တစ်ဦးတည်းသာ ဟောဒီ စစ်သည်တော်များရုံးတော် ရဲ့ ဗိသုကာ အလှတရားတွေကို တန်ဖိုးထားပြီး ကြည့်ရှုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာက မြင်ကွင်းမှန်သမျှက အလယ်ခေတ် အင်္ဂလန်နိုင်ငံရဲ့ ပုံစံမျိုး ရှိနေခဲ့ပြီး မှော်ပင်တွေ ပြည့်နှက်နေတဲ့ ကျောက်တုံးနံရံကြီးတွေရယ်၊ သူတို့ရဲ့ သံမဏိ ရင်ဘတ်အကာအကွယ်တွေကို အချောသပ်နေကြတဲ့ စစ်သည်တော်တွေရယ် ပြည့်နှက်နေတာ ဖြစ်လို့ပါပဲ။
ကြီးမားလှတဲ့ အဝိုင်းပုံစံ စစ်သည်တော်များရုံးတော်တစ်ခုလုံးကို ကဏ္ဍအမျိုးမျိုး ခွဲခြားထားတာဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီက သီးသန့်လက်နက်တစ်ခုခုအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဓားကဏ္ဍကိုတော့ 'ဓားလမ်းစဉ်' လို့ အမည်ပေးထားတာဖြစ်ပြီး အဲဒီနေရာမှာတော့ စစ်သည်တော်တွေက သူတို့ရဲ့ အလုပ်သင်တွေကို ဓားကို စနစ်တကျ ဘယ်လိုကိုင်ဆောင်ရမလဲဆိုတာ လေ့ကျင့်ပေးနေကြတာပေါ့။ သူတို့ရဲ့ စစ်တန်းလျားတွေထဲမှာတော့ သူတို့ စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မယ့် ပုံစံအမျိုးမျိုးရှိတဲ့ ဓားတွေနဲ့ပဲ အပြည့် ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘေးနားမှာတော့ 'လှံလမ်းစဉ်' ရှိနေတာဖြစ်ပြီး အဲဒီနေရာက လူတွေကတော့ ကွင်းပြင်ထဲက တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့အတွက် သူတို့ရဲ့ ပြိုင်ဘက် ဓားလမ်းစဉ်က လူတွေကို နောက်ပြောင်ကျီစယ်တဲ့ စကားလုံးတွေနဲ့ ကျယ်လောင်စွာ အော်ဟစ်နေကြတာကြောင့် တကယ့်ကို ပြိုင်ဆိုင်လိုတဲ့ စိတ်တွေ ကိန်းအောင်းနေကြတာကိုး။
သူ ဖြတ်သန်းသွားခဲ့ရတဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်သည်တော်တွေ၊ သာမန်လူတွေနဲ့ တိရစ္ဆာန်တွေကအစ လူတိုင်းက သူ့ကို တစ်ချက် ကြည့်လိုက်ကြပြီး ရိုရိုသေသေ ခေါင်းညိတ်ပြကြတာ ဖြစ်ပါတယ်။ ကြည့်ရတာ ရီနေးတားကုမ္ပဏီအကြောင်း ကောလာဟလတွေက ဒီနေရာအထိပါ ပြန့်နှံ့နေခဲ့ပြီ ဖြစ်ရမယ်။
အလုပ်သင် စစ်သည်တော်တွေက နောက်ဆုံးမှာတော့ သူ့ကို စစ်သည်တော်များရုံးတော် ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ 'ပုဆိန်လမ်းစဉ်' ရဲ့ စစ်တန်းလျားတွေဆီကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။
အဲဒီနေရာမှာတော့ ဆာဂျွန် နဲ့အတူ ဂူသင်္ချိုင်းထဲတုန်းက သူ့ကို မြင်တွေ့ခဲ့ဖူးကြတဲ့ စစ်သည်တော် အချို့က သူ့ကို ဝမ်းမြောက်ဝမ်းသာ ဆီးကြိုနှုတ်ဆက်ကြတာပေါ့။
"မိုက်ကယ်... မင်း ဒီနေ့ တို့တွေနဲ့ လာရောက် တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာ တကယ်ကို ဝမ်းသာစရာပါပဲဗျာ" လို့ ဆာဂျွန် က မိုက်ကယ်ရဲ့ လက်ကို နှုတ်ဆက်ရင်း ဆိုလိုက်တယ်။ အဲဒီနောက်မှာတော့ သူက ဇိုင်ယွန် ဘက်ကို လှည့်လာခဲ့ပြီး သူ့ရဲ့ လက်ကိုပါ ကမ်းပေးလိုက်တာပေါ့။
"ပြီးတော့ ခင်ဗျားလည်း တကယ့်ကို တော်တဲ့ စစ်သည်တော်တစ်ယောက်ပဲ။ ခင်ဗျားရဲ့ နာမည်က ဘယ်လိုခေါ်လဲဟင်"
"ကျွန်တော်လား" လို့ ဇိုင်ယွန် က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဆိုလိုက်တယ်။ "ကျွန်တော်ကတော့ တကယ့်ကို ကြီးကျယ်လှတဲ့ ဇိုင်ယွန် ပဲလေ။ လိပ်ပြာတစ်ကောင်လို ကျော့ရှင်းပြီး ပျားတစ်ကောင်လို ကျင်လည်တဲ့သူပေါ့"
အဲဒီနောက်မှာတော့ သူက ခန္ဓာကိုယ်တစ်ခုလုံးကို ပွပွယောင်းယောင်း ဝတ်စုံတွေနဲ့ သေသေချာချာ ဖုံးကွယ်ထားတဲ့ ဂရီးဗ် ဘက်ကို လှည့်ကြည့်လိုက်ပြန်တယ်။
"ငါ ခင်ဗျားနဲ့ အရင်က မတွေ့ဖူးသေးဘူး၊ ဒါပေမဲ့ ခင်ဗျားက ရီနေးတားကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကို ကြည့်ရင် တကယ့်ကို ကြီးမားလှတဲ့ ခွန်အားတွေ ရှိနေရမယ်ဆိုတာ ငါ အသေအချာ ပြောရဲတယ်"
မိုက်ကယ်ကတော့ သူကိုယ်တိုင် ဂရီးဗ် အတွက် သူ့ရဲ့ ပုန်းကွယ်ခြင်းစွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ့် အထူး အနုစိတ် ပြင်ဆင်ထားတဲ့ မီသရယ် မှော်ဝင်ပစ္စည်း ပါဝင်တဲ့ ဝတ်စုံကို ဖန်တီးပေးခဲ့မိတာ တကယ်ကို ကံကောင်းသွားခဲ့ရတယ်လို့ တွေးလိုက်မိတာပေါ့။ သူက ကြီးကျယ်လှတဲ့ စစ်သူကြီးဂရီးဗပ်စ် ကို သူ့ရဲ့ သစ္စာရှိ နောက်လိုက်တစ်ယောက်အဖြစ် ဘယ်လိုမျိုး ပြောင်းလဲလိုက်လဲဆိုတာကို တခြားလူတွေကို ဘယ်လို ရှင်းပြရမှန်း သိမှာ မဟုတ်လို့ပါပဲ။
"လာကြပါ... အထဲဝင်ပြီး စကားပြောကြရအောင်။ တို့တွေ ဆွေးနွေးစရာတွေ အများကြီး ရှိသေးတယ်လေ"
ဆာဂျွန် က မိုက်ကယ်နဲ့ ကျန်တဲ့သူတွေကို စစ်တန်းလျားတွေရဲ့ အတွင်းပိုင်းဆီ ခေါ်ဆောင်သွားခဲ့တယ်။ သူတို့တွေက စစ်သည်တော်တွေနဲ့ အလုပ်သင်တွေရဲ့ အခန်းအမျိုးမျိုးကို ကျော်ဖြတ်သွားခဲ့ကြပြီး လမ်းမြှောင်ရဲ့ အဆုံးတည့်တည့်မှာရှိတဲ့ ဆာဂျွန် ရဲ့ ကိုယ်ပိုင်ရုံးခန်း ဖြစ်ဟန်တူတဲ့ နေရာတစ်ခုဆီကို ရောက်ရှိသွားခဲ့ကြတာပေါ့။
"ကျေးဇူးပြုပြီး အထဲဝင်ခဲ့ကြပါ။ အဲဒီမှာ မင်းတို့ကို တွေ့ဆုံဖို့အတွက် တကယ့်ကို ထူးခြားလှတဲ့ လူတစ်ယောက်က စောင့်ဆိုင်းနေတာပါ" လို့ ဆာဂျွန် က ဆိုလိုက်တယ်။
"ဒီတွေ့ဆုံပွဲက ငါတစ်ယောက်တည်းနဲ့တင် ဆုံးဖြတ်ချက်ချဖို့အတွက် အများကြီး အရေးကြီးလွန်းနေလို့ပါ။ အဲဒီအစား မင်းနဲ့ စကားပြောဖို့အတွက် အများကြီး ပိုပြီးတော့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ရှိနေတာကိုး"
မိုက်ကယ်က သူ့ရဲ့ မျက်မှောင်ကို ကြုတ်လိုက်ပြီး တံခါးရဲ့ အနောက်ဘက်က အခြေအနေကို သူ့ရဲ့ အဆင့်မြင့်စွမ်းရည် နဲ့ လှမ်းပြီး ကြည့်ရှုလိုက်ပါတော့တယ်။
ဒါပေမဲ့ သူ အထဲမှာ မြင်တွေ့နိုင်သလောက်ဆိုရင်တော့ ရှုပ်ထွေးလှတဲ့ မှော်စွမ်းအင် အပိုင်းအစ အမြောက်အမြားပဲ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ မှော်စွမ်းအင်တွေက တကယ့်ကို ပြင်းထန်လွန်းလှတာဆိုပေမဲ့ မိုက်ကယ်အနေနဲ့ အထဲမှာ ဘာ သက်ရှိမှော်စွမ်းအင် ရဲ့ အရိပ်အယောင်ကိုမှ မခံစားရပါဘူး။
ဒါက သက်ရှိသတ္တဝါတစ်ကောင် မဟုတ်ဘူးလား။
မိုက်ကယ်က တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တဲ့ အချိန်မှာပဲ၊ သူ့ရဲ့ အရှေ့တည့်တည့်မှာ သူ့ကို ကျောခိုင်းပြီး ရပ်နေတဲ့ ကြီးမားလှတဲ့ အော့ခ် တစ်ယောက်ကို မြင်တွေ့လိုက်ရတာပေါ့။
"အော့ခ် တစ်ယောက်လား" လို့ မိုက်ကယ်က မေးလိုက်မိတယ်။
ဒါပေမဲ့ သူ အနားကို ပိုပြီး တိုးသွားခဲ့တဲ့ အချိန်ကျမှပဲ ဒါက သာမန် အော့ခ်တစ်ယောက် မဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့ရပါတော့တယ်။
ဘာလို့လဲဆိုတော့ အဲဒီအရာက စစ်မှန်တဲ့ သက်ရှိခန္ဓာကိုယ်တစ်ခု မဟုတ်ဘဲ မှော်စွမ်းအင် တွေနဲ့ပဲ သီးသန့် ပြုလုပ်ထားတဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်နေလို့ပါပဲ။
"မင်းနဲ့ အခုလိုမျိုး နည်းလမ်းနဲ့ တွေ့ဆုံခဲ့ရတဲ့အတွက် ငါ တောင်းပန်ပါတယ်။ ငါလည်း မင်းကို မျက်နှာချင်းဆိုင် တွေ့ဆုံချင်တာဖြစ်ပေမဲ့ လောလောဆယ် ကိစ္စတစ်ခုခုနဲ့ အလုပ်ရှုပ်နေတာကြောင့် ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ယူဆောင်ပြီး မင်းနဲ့ လာရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့တာပါ"
အဲဒီ အော့ခ်က မိုက်ကယ်ရှိရာဆီကို ခြေလှမ်းပြင်ပြီး လမ်းလျှောက်လာခဲ့တာ ဖြစ်ပြီး ခြေထောက်အောက်က ကြမ်းပြင်တွေဆီကနေ ကျွိကျွိဆိုတဲ့ အသံတွေ ထွက်ပေါ်နေတာကြောင့် သာမန် လူတစ်ပိုင်းသတ္တဝါ တစ်ယောက်လိုပဲ ထင်ရပါတယ်။
တခြားလူတွေသာဆိုရင်တော့ ဒါကို ဘာမှ ကွဲပြားခြားနားခြင်း မရှိဘူးလို့ ထင်မိကြမှာ သေချာပေမဲ့ မိုက်ကယ်ကတော့ အမှန်တရားကို သိနေတာပေါ့။
"တို့တွေ အရင်က မတွေ့ဖူးကြသေးဘူး၊ ဒါပေမဲ့ ငါ မင်းအကြောင်းကို အများကြီး ကြားသိထားခဲ့ရပြီးသားပါ။ ငါ့နာမည်က ခရူဂါ လို့ ခေါ်တယ်၊ ကောင်းကင်ဘုံ စစ်သည်တော်တစ်ယောက်ပါပဲ"
* * * * * * * * *
စာစဉ်(၂၀)
အခန်း (၂၃၄)
ခရူဂါ ကတော့ သာမန် အော့ခ်တစ်ယောက်နဲ့ ဘာမှ ကွဲပြားခြားနားခြင်း မရှိလှပါဘူး။ အမှန်အတိုင်း ပြောရရင် သူက သာမန်အော့ခ်တွေထက် အဆမတန် ကြီးမားလှတဲ့ ခန္ဓာကိုယ်အပြင် အောက်နှုတ်ခမ်းကနေ ထွက်ပေါ်နေတဲ့ အစွယ်နှစ်ချောင်း ရှိနေတာဖြစ်လို့ ဝံပုလွေအော့ခ် တွေ ဒါမှမဟုတ် လိပ်ပြာဆူးအော့ခ် တွေလိုမျိုး မျိုးကွဲအော့ခ်တွေထက်စာရင် အများကြီး ပိုပြီးတော့ သာမန် အော့ခ်တစ်ယောက်ရဲ့ ပုံစံမျိုး ရှိနေတာကိုး။
သူက မှော်စွမ်းအင်တွေနဲ့ ပြုလုပ်ထားတဲ့ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေတာကလည်း သူ့ကို ပိုပြီးတော့ ထူးခြားမှု မရှိလှဘူးလို့ ထင်ရစေပါတယ်။ ဒါ့အပြင် သူ ဝတ်ဆင်ထားတာကလည်း ရိုးရှင်းလှတဲ့ လေ့ကျင့်ရေး ဝတ်စုံဖြစ်တဲ့ အဖြူရောင် အင်္ကျီနဲ့ အညိုရောင် ဘောင်းဘီတိုမျှသာဖြစ်ပါတယ်။
"ခင်ဗျားက ကောင်းကင်ဘုံ စစ်သည်တော်တစ်ယောက် ဟုတ်လား" လို့ သူက မေးလိုက်တယ်။
"ဟုတ်ပါတယ်။ အပြင်မှာပေါ့... အဲ... တကယ်တော့ အပြင်မှာတော့ မဟုတ်ပါဘူး၊ ဟားဟား။ ဒါပေမဲ့ မင်းရဲ့ ရှေ့မှာ ရှိနေတဲ့ ငါကတော့ ကောင်းကင်ဘုံ စစ်သည်တော်တစ်ယောက်အဖြစ် တာဝန်ယူထားရတာ အမှန်ပါပဲ" လို့ ခရူဂါ က သူ့ရဲ့ လက်တွေကို အနောက်မှာ ထားရင်း တည်ငြိမ် လေးနက်တဲ့ မျက်နှာပေးနဲ့ ဆိုလိုက်တာလေ။
"မင်းလည်း သတိထားမိမှာဖြစ်တဲ့အတိုင်း ငါက ပုဆိန်လမ်းစဉ် ရဲ့ ဆရာသခင်တစ်ယောက်ပါ။ မင်း လမ်းစဉ်တွေအကြောင်း တစ်ခုခု ကြားဖူးလား"
မိုက်ကယ်ကတော့ ဒါတွေအကုန်လုံးကို ယူနာ နဲ့ အက်ဂ်နက်စ် တို့ဆီကနေ အစကတည်းက ကြားသိထားခဲ့ရပြီးသား ဖြစ်တာကြောင့် သူတို့ထက် အဆင့်အတန်း အများကြီး မြင့်မားလှတဲ့ ကောင်းကင်ဘုံ စစ်သည်တော်တစ်ယောက်ဆီကနေ ကိုယ်တိုင် နားထောင်ရတာကလည်း ဘာမှ မဆိုးပါဘူး။
"ဟောဒီ လက်ရှိခေတ်ကာလမှာတော့ တို့တွေက ပုံစံအမျိုးမျိုးရှိတဲ့ လက်နက် ၁၀ မျိုးကို တို့တွေရဲ့ နယ်ပယ်မှာ အပြီးသတ် ကျွမ်းကျင်ရမယ့် အနုပညာရပ်တွေအဖြစ် သတ်မှတ်ထားခဲ့ကြတာလေ။ နားလည်လွယ်အောင် ပြောရရင် လမ်းစဉ်ဆိုတာ ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိနိုင်ဖို့အတွက် စစ်သည်တော်တစ်ယောက် မဖြစ်မနေ ဖောက်ထွင်းရမယ့် ကျွမ်းကျင်မှု နယ်ပယ်တစ်ခုပေါ့။
ကြိုးစားပမ်းစား လုပ်ဆောင်မှုတွေ၊ ပါရမီတွေနဲ့အတူ ကံကောင်းမှု နည်းနည်းလောက် ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့ ငါက ပုဆိန်လမ်းစဉ်ကို အပြီးသတ် ကျွမ်းကျင်နိုင်ခဲ့တာဖြစ်လို့ ငါ့ကို ကောင်းကင်ဘုံ စစ်သည်တော်ဆိုတဲ့ ဘွဲ့နာမည် ပေးခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ တို့တွေလိုမျိုး ကောင်းကင်ဘုံ စစ်သည်တော် ၁၀ ယောက် ရှိနေတာဖြစ်ပြီး တစ်ယောက်ချင်းစီက ကိုယ်ပိုင်လက်နက်တစ်ခုချင်းစီရဲ့ ဆရာသခင်တွေပဲ"
မိုက်ကယ်က ခရူဂါ ရဲ့ မျက်လုံးထဲမှာ တကယ့် စစ်မှန်တဲ့ ဂုဏ်ယူမှုတွေကို မြင်တွေ့လိုက်ရတယ်။ သူက သူ့ရဲ့ နယ်ပယ်မှာ တကယ့် ဆရာသခင်တစ်ယောက် ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်ချက်ရှိနေတာ သိသာလှပါတယ်။ ဒါက ခရူဂါ ကို အပြင်မှာ တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမယ့် အချိန်ကျရင် သူ့ရဲ့ မှော်စွမ်းအင်တွေက ဘယ်လောက်တောင် ပြင်းထန်နေမလဲဆိုတာကို သူ သိချင်စိတ်တွေ ဖြစ်ပေါ်လာစေခဲ့တာပေါ့။
"အခု ငါ့ကိုယ်ငါ မိတ်ဆက်ပြီးပြီဆိုတော့ မင်းကော မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား"
မိုက်ကယ်ကလည်း အချိန်ဆွဲမနေဘဲ အမှန်တရားကိုပဲ ပြတ်ပြတ်သားသား ပြန်လည် ဖြေကြားပေးလိုက်တယ်။
"ငါက ရီနေးတားကုမ္ပဏီရဲ့ ခေါင်းဆောင်ပါ" လို့ သူက သာမန်အတိုင်း ဆိုလိုက်တာပေါ့။
"အာ... ဟုတ်သားပဲ။ ရီနေးတားကုမ္ပဏီ... ငါ ဒီနာမည်ကို ကြားသိခဲ့ရတာ သိပ်ပြီးတော့ မကြာသေးဘူးဆိုပေမဲ့ မင်းတို့ရဲ့ အောင်မြင်မှုတွေအပေါ် ငါ တကယ်ကို အထင်ကြီး လေးစားမိသွားခဲ့ရတာ အမှန်ပါပဲ။
သူတို့ ပြောတာတော့ မင်းတို့ ကုမ္ပဏီမှာ လူပုမျိုးနွယ်စုတွေနဲ့ အလားတူလှတဲ့ ကြီးမားလှတဲ့ ပန်းပဲပညာ အစွမ်းအစတွေ ရှိနေကြတာတဲ့။ မင်းတို့ရဲ့ ထုတ်ကုန်တွေကလည်း တကယ့်ကို အသစ်အဆန်းတွေဖြစ်ပြီး စွဲလမ်းဖို့ ကောင်းလှတာတဲ့။
ပြီးတော့ မင်းတို့ ကုမ္ပဏီက အော်ကပ်စ်မြို့ ကို ကိုယ်ပိုင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြတယ်။ အခုတော့ နီယိုအော်ကပ်စ် လို့ လူသိများနေခဲ့ပြီပေါ့။ ဒါပေမဲ့ အားလုံးထဲမှာ အံ့ဩဖို့ အကောင်းဆုံး အချက်ကတော့ မင်းတို့ရဲ့ လက်အောက်မှာ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုတွေနဲ့ ဝံပုလွေအော့ခ် မျိုးနွယ်စုတွေ နှစ်ခုစလုံးကို အတူတူ အလုပ်ခိုင်းထားနိုင်ပဲ။
ငါ အဲဒါကို ပထမဆုံးအကြိမ် ကြားလိုက်ရတုန်းကဆိုရင် လုံးဝကို မယုံနိုင်အောင် ဖြစ်ခဲ့ရတာ။ ငါ့ရဲ့ အော့ခ် မိတ်ဆွေ အများစုကတော့ ဒါကို ဒဏ္ဍာရီလာ ပုံပြင်တစ်ခုလိုပဲ သတ်မှတ်ထားခဲ့ကြတာဖြစ်ပြီး၊ ဘာလို့လဲဆိုတော့ ဟောဒီ အော့ခ်အုပ်စုနှစ်စု အတူတူ လှုပ်ရှားနေတာကို ဘယ်သူမှ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးခဲ့ကြလို့လေ။
ငါ မင်းကို ဒါက တကယ်ပဲလားဆိုတာ ကိုယ်တိုင် အတည်ပြုခိုင်းချင်တာဖြစ်ပေမဲ့ တစ်ခါတလေမှာ လူတစ်ယောက်က သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ဆက်ပြီး ဖုံးကွယ်ထားဖို့ လိုအပ်တယ်ဆိုတာ ငါ သိပါတယ်။
ဒါကြောင့်မို့လို့ ငါ့အနေနဲ့ မင်းကို တစ်ခုတည်းသော စကားလုံးပဲ ပြောချင်ပါတယ်၊ အဲဒါကတော့ ကျေးဇူးတင်ပါတယ် ဆိုတာပါပဲ။ မင်း ငါ့ရဲ့ မျိုးနွယ်စုဝင်တွေကို သူတို့ရဲ့ မိုက်မဲမှုတွေကြားထဲကနေ ကယ်တင်ပေးနိုင်ခဲ့တဲ့အတွက် ငါ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်"
မိုက်ကယ်က ပုခုံးတွန့်ပြလိုက်ပြီး "သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေကို ဖြေရှင်းဖို့ လိုအပ်နေခဲ့ကြရုံတင်ပါပဲ" လို့ သာမန်အတိုင်း ဆိုလိုက်တာပေါ့။
ခရူဂါ ကတော့ အဲဒီ အော့ခ်မျိုးနွယ်စု နှစ်ခု အတူတူ အလုပ်လုပ်အောင် စည်းရုံးရတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ သိနေတာကြောင့် ရယ်မောလိုက်မိတယ်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ မင်း ဟောဒီ ကွင်းစ်နယ်မြေ ဆီကို ရောက်ရှိလာတာက တကယ့်ကို ကြီးမားလှတဲ့ ဂယက်ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ ရှိနေကြတဲ့ လူအများစုက မင်းရဲ့ ရုတ်တရက် ရောက်ရှိလာမှုအပေါ် တကယ်ကို အံ့ဩ တုန်လှုပ်သွားခဲ့ကြရတာ ငါ အသေအချာ ပြောရဲတယ်။ မင်းက သူတို့ရဲ့ စီမံကိန်း မှန်သမျှကို တစ်ချက်တည်းနဲ့တင် ပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်သလိုမျိုး ဖျက်ဆီးပစ်လိုက်တာကိုး"
ခရူဂါ က စကားပြောရင်း အခန်းထဲမှာ လှည့်ပတ် လမ်းလျှောက်နေခဲ့ပြီး နောက်ဆုံးမှာတော့ အပြင်က ကွင်းပြင်ကြီးကို လှမ်းပြီး ကြည့်ရှုနိုင်မယ့် ပြတင်းပေါက်နားမှာတင် ရပ်တန့်သွားခဲ့ရတာပေါ့။ အဲဒီနေရာမှာတော့ စစ်သည်တော်တွေနဲ့ အလုပ်သင်တွေက သူတို့နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေနဲ့အတူ ပျော်ပျော်ပါးပါး လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ နဂါးလိုမျိုး သတ္တဝါတစ်ကောင်ရယ်၊ ခေါင်းစွပ်အုပ်ထားတဲ့ လူတစ်ယောက်ရယ်၊ ပြီးတော့ ခရမ်းရောင် စလိုင်းမ် လေးတစ်ကောင်က စစ်သည်တော်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနေကြတာကိုး။ ပုံမှန်ဆိုရင်တော့ ဟောဒီ လှံစစ်သည်တော်တွေက သူတို့ မသိတဲ့သူတွေနဲ့ စကားပြောရတာကို မုန်းတီးကြတာဖြစ်ပေမဲ့ အခုတော့ သူတို့ရဲ့ လက်ထဲမှာ ချောကလက်တုံးလေးတွေကို ကိုင်ဆောင်ထားကြပြီး တကယ့်ကို ပျော်ရွှင်နေကြတဲ့ အမူအရာပါပဲ။
"ဒါပေမဲ့ ငါ မင်းနဲ့ ဘာလို့ တွေ့ဆုံချင်ရလဲဆိုတဲ့ တကယ့် အဓိက အကြောင်းအရင်းဆီကို သွားကြရအောင်။
မင်းရဲ့ အောက်က မိတ်ဆွေတွေ... ငါက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေဦးမယ်ဆိုရင်တောင်မှ၊ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေက တကယ့်ကို အလျှံပယ် ပြည့်နှက်နေတယ်ဆိုတာ ငါ အထင်အရှား မြင်တွေ့နေရတုန်းပါပဲ။
ဒီလောက်အထိ ထူးကဲလှတဲ့ ပါရမီရှင်တွေကို အစောပိုင်းကာလမှာတင် အလံတော်တစ်ခုတည်းရဲ့ အောက်မှာ စုစည်းထားနိုင်ဖို့ဆိုတာ တကယ့်ကို ရှားပါးလှတဲ့ မြင်ကွင်းတစ်ခုပဲလေ။
သူတို့တွေက ဂူသင်္ချိုင်းထဲတုန်းက ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့ ဘုရင်အဆင့် ကျားသစ်မိစ္ဆာကြီးကို အပြတ်အသတ် အနိုင်ယူခြင်းအားဖြင့် သူတို့ရဲ့ စွမ်းအားတွေကို သက်သေပြခဲ့ကြပြီးသားပဲ။ ဒါပေမဲ့ သေချာတာက... ဒါတွေအကုန်လုံးက အဲဒီ လက်နက်တွေ... မီသရယ် မှော်ဝင်ပစ္စည်းတွေ ရဲ့ အကူအညီ မပါဘဲနဲ့တော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး"
မိုက်ကယ်လည်း ဒါမျိုး ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတင် သိထားခဲ့တာပဲလေ။ သူက ဒီလောက်အထိ ကြီးမားလှတဲ့ လူကြီးလူကောင်းတစ်ယောက်ကို ဒီလောက်အထိ စောစောစီးစီး ဆွဲဆောင်နိုင်လိမ့်မယ်လို့တော့ မထင်ထားခဲ့တာ ဖြစ်ပါတယ်။
ခရူဂါ က မိုက်ကယ်နဲ့ တွေ့ဆုံပြီး ဟောဒီ လက်နက်တွေအကြောင်းကိုပဲ သီးသန့် ဆွေးနွေးချင်နေတာကိုး။
"ခင်ဗျား အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာကို သိချင်လို့လဲ" လို့ သူက ခရူဂါ ကို မေးလိုက်တယ်။
အော့ခ် ကောင်းကင်ဘုံ စစ်သည်တော်ကြီးက မိုက်ကယ် ဘာကြောင့် ဒါကို လွယ်လွယ်ကူကူနဲ့ ဝန်ခံလိုက်ရလဲဆိုတာကို အံ့ဩသွားတဲ့ ပုံစံမျိုးနဲ့ ပြန်ပြီး စိုက်ကြည့်လိုက်တာပေါ့။
"ဒါကို ဖုံးကွယ်ထားဖို့က ဘာမှ အကြောင်းပြချက် မရှိလို့ပါပဲ" လို့ သူက ပြန်လည် ဖြေကြားလိုက်တယ်။
"မင်းလည်း သိထားတဲ့အတိုင်း ဒါတွေက အတိတ်ကာလတုန်းက သမိုင်းစာမျက်နှာတွေထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီလို့ ထင်ထားခဲ့ကြရတဲ့ တကယ့် ကြီးမားလှတဲ့ တန်ခိုး စွမ်းအားတွေ ပါဝင်တဲ့ လက်နက်တွေလေ။ တို့တွေရဲ့ အဖွဲ့အစည်းကိုယ်တိုင်တောင်မှ မီသရယ် မှော်ဝင်ပစ္စည်းတွေရဲ့ အပိုင်းအစ သေးသေးလေးတွေကို စုဆောင်းဖို့အတွက်တင် အချိန်တွေနဲ့ အင်အားတွေကို အများကြီး ပေးခဲ့ကြရတာ။ မင်းက ဘယ်လိုမျိုး နည်းလမ်းနဲ့ မင်းရဲ့ မိတ်ဆွေတွေအတွက် ဒီလောက်အထိ များပြားလှတဲ့ ပမာဏကို ရှာဖွေပေးနိုင်ခဲ့တာလဲ"
"ငါကိုယ်တိုင် လုပ်ခဲ့တာလေ" လို့ သူက ပြန်ပြောလိုက်တယ်။
ခရူဂါ ရဲ့ ပုံရိပ်ယောင်က သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် စက္ကန့်ပိုင်းလောက်အထိ တုန်ရင်သွားခဲ့ရတာပေါ့။ သူလိုမျိုး ကောင်းကင်ဘုံ စစ်သည်တော်တစ်ယောက်ဆိုရင်တော့ ဘယ်လို ထူးဆန်းလှတဲ့ အခြေအနေမျိုးမှာမဆို စိတ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မိုက်ကယ်က သာမန် စကားလုံးလေးတစ်ခုလိုမျိုး ထုတ်ပြောလိုက်တဲ့ ဟောဒီ သတင်းစကား တစ်ခုတည်းကတင် သူ့ရဲ့ ပုံရိပ်ယောင်ကို ပျောက်ကွယ်လုနီးပါး ဖြစ်သွားရလောက်အောင်အထိ တုန်လှုပ်သွားစေခဲ့တာကိုး။
"ဒါက တကယ်ပဲလား။ ဒါက ဘယ်လိုမျိုး လုပ်ဆောင်နိုင်မှာလဲ။ လူပုမျိုးနွယ်စုတွေ ကိုယ်တိုင်တောင်မှ ဒါတွေကို ဖန်တီးနိုင်မယ့် နည်းစနစ်တွေကို အပြီးတိုင် ဆုံးရှုံးသွားခဲ့ကြပြီလေ"
မိုက်ကယ်က နောက်တစ်ကြိမ် ပုခုံးတွန့်ပြလိုက်ပြီး "အခုတော့ မဟုတ်တော့ပါဘူး။ အကျဉ်းချုပ်ပြောရရင်တော့ ငါ သူတို့ရဲ့ အကူအညီနဲ့အတူ အဲဒီ နည်းစနစ်ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် တို့တွေရဲ့ နိုင်ငံတော်တွေက ဒါမျိုးတွေကို ပိုပြီး ဖန်တီးနိုင်ဖို့အတွက် အတူတူ ပူးပေါင်း လုပ်ဆောင်နေကြပြီလေ"
ခရူဂါ ကတော့ သူ့ရဲ့ ပုံရိပ်ယောင်ကို နောက်တစ်ကြိမ် ထပ်ပြီး မပျောက်ကွယ်သွားရလေအောင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်ဖို့အတွက် ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ရပါတော့တယ်။
"မင်း... မင်းက တကယ့်ကို အန္တရာယ်များလှတဲ့ လူတစ်ယောက်ပဲကွ။ ငါ့ဘဝမှာ လူသားတစ်ယောက်က လူပုတွေနဲ့ အတူတူ ပူးပေါင်းပြီး နိုင်ငံတော်တစ်ခု တည်ဆောက်တယ်ဆိုတာမျိုး တစ်ခါမှမကြားဖူးသေးဘူး"
မိုက်ကယ်က သူ့ရဲ့ အိတ်ထဲကို လက်လှမ်းလိုက်ပြီး သာမန် မီသရယ် မှော်ဝင်ပစ္စည်း အပိုင်းအစလေးတစ်ခုကို ထုတ်ပြလိုက်တယ်။ ဒါက သူ အစကတည်းက စမ်းသပ် ဖန်တီးခဲ့စဉ်တုန်းက ကျန်ရှိနေခဲ့တဲ့ ပစ္စည်းလေးတစ်ခုပေါ့။
အဲဒါက သာမန် ဖန်သားရုပ်ထုတစ်ခုလိုမျိုး အလင်းပေါက် ဖြစ်နေပြီး အလယ်ဗဟိုမှာတော့ သေးငယ်လှတဲ့ အနီရောင် အလင်းတန်းလေးတစ်ခု တောက်ပနေတာ ဖြစ်ပါတယ်။
"ဒါက တကယ့် အစစ်အမှန်ပဲ" လို့ ခရူဂါ က မိုက်ကယ်ရှိရာဆီကို လှမ်းပြီး လျှောက်လာရင်း ရေရွတ်လိုက်မိတယ်။
သူ့ရဲ့ မျက်လုံးတွေက အဲဒီ မီသရယ် အပိုင်းအစလေးဆီကနေ လုံးဝကို ခွာလို့ မရတော့ပါဘူး။ သူ့ရဲ့ ပြင်းပြလှတဲ့ စူးစမ်းလိုစိတ်တွေကြောင့် နောက်ဆုံးမှာတော့ အဲဒီ မှော်ဝင်ပစ္စည်း ဆီကို လက်လှမ်းလိုက်မိတာပေါ့။
ဒါပေမဲ့လည်း သူ့ရဲ့ လက်တွေက အဲဒီ မီသရယ် အပိုင်းအစလေးရဲ့ ခန္ဓာကိုယ်ကို ဘာမှမရှိသလိုမျိုး ဖြတ်သန်းသွားခဲ့ရုံကလွဲလို့ တခြားမရှိပါဘူး။
သူ့ရဲ့ မျက်နှာပေါ်မှာတော့ နှမြောတသဖြစ်ရတဲ့ အရိပ်အယောင်တွေ ပြည့်နှက်သွားရှာတယ်။ သူသာ မိုက်ကယ်နဲ့ အခုလို အချိန်မျိုးမှာ တကယ့်ကို မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ အချိန်ပေးခဲ့ရရင် တကယ်ကို ကောင်းမှာပဲလို့ တွေးနေမိတာပေါ့။ အဲလိုဆိုရင်တော့ သူက အဲဒီ မီသရယ် မှော်ဝင်ပစ္စည်း ကို သူ့ရဲ့ လက်တွေနဲ့ ကိုယ်တိုင် ထိတွေ့ကြည့်နိုင်ခွင့် ရရှိခဲ့မှာလေ။
"မင်း ဟောဒီလိုမျိုး ရတနာတွေကို အပြင်မှာ ထုတ်ပြနေရတာက တခြားလူတွေရဲ့ မကောင်းတဲ့ စိတ်တွေကို ဆွဲဆောင်လိုက်သလို ဖြစ်သွားမှာကို မကြောက်ဘူးလား"
မိုက်ကယ်ကတော့ ဘာမှ စကားပြန်မပြောဘဲ သူ့ရဲ့ လက်ချောင်းတွေကို တောက်တစ်ချက် နှိပ်လိုက်တာနဲ့ မီသရယ် မှော်ဝင်ပစ္စည်း ထဲက မီးမှော်စွမ်းအင်တွေက လေထုထဲကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
အလင်းပေါက် ဖြစ်နေတဲ့ ဖန်သားရုပ်ထုလေးရဲ့ အတွင်းထဲက အနီရောင် အလင်းတန်းလေးကလည်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်တာကြောင့် ဘာမှမရှိတော့ပါဘူး။
အတွင်းထဲမှာ မှော်စွမ်းအင် မရှိတော့တာကြောင့် မီသရယ် မှော်ဝင်ပစ္စည်း လေးက ညိုမှောင်တဲ့ အရောင်အဖြစ် ပြောင်းလဲသွားခဲ့ရပြီး အစစအရာရာ ပျက်စီးသွားခဲ့ရတာဖြစ်လို့ စက္ကူတစ်ရွက်ထက်တောင် ပိုပြီးတော့ ကြွပ်ဆတ်လွန်းလှတဲ့ သတ္တုစုတ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။
* * * * * * * * *