အခန်း (၂၃၅-၂၃၆)
Vol. 20 Ch. 235-236
အခန်း (၂၃၅)
ခရူဂါ က မိုက်ကယ်ဆီကို လှမ်းကြည့်လိုက်ပြီး မျက်လုံးတွေက တဖျတ်ဖျတ် တောက်ပသွားတယ်။ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေတဲ့ တန်ခိုး စွမ်းအားတွေကို သူ အခုမှပဲ နောက်ဆုံးမှာ သဘောပေါက်သွားတဲ့ ပုံစံမျိုးပေါ့။
"ဆိုလိုတာက မင်းတစ်ယောက်တည်းပဲ မီသရယ် မှော်ဝင်ပစ္စည်းတွေကို ဖန်တီးနိုင်တာဖြစ်ပြီး မင်းတစ်ယောက်တည်းပဲ ဒါတွေကို ဖြန့်ဖြူးပေးနိုင်တာပေါ့။ ငါ ထင်တာ တကယ်ကြီး မှန်နေခဲ့တာပဲ။ မင်းက တကယ့်ကို အန္တရာယ်များလှတဲ့ လူတစ်ယောက်ပဲ"
လက်ရှိခေတ်ကာလမှာ အကောင်းဆုံးလို့ သတ်မှတ်ထားရမယ့် လက်နက်တွေကို တစ်ဦးတည်း အပိုင်ချုပ်ထားနိုင်တဲ့ အားသာချက်ကြောင့် မိုက်ကယ်ဟာ တစ်ကမ္ဘာလုံးက အလိုချင်ဆုံး လူတစ်ယောက် ဖြစ်လာခဲ့ရတာ အမှန်ပါပဲ။ ဒါကိုတော့ ဒီကမ္ဘာကြီးက အခုအချိန်အထိ မသိသေးကြသေးတာဖြစ်လို့ပါပဲ။
"မင်းရဲ့ မီသရယ် မှော်ဝင်ပစ္စည်းတွေနဲ့ ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။ ဒါတွေကို အပြင်မှာ လိုက်ပြီး ရောင်းချဖို့ ပြင်နေတာလား" လို့ ခရူဂါ က စူးစမ်းချင်စိတ် ပြင်းပြနေတဲ့ လေယူလေသိမ်းနဲ့ မေးလိုက်တယ်။ သူ မိုက်ကယ်ကို ဘာကို ဆိုလိုချင်နေလဲဆိုတာကတော့ တကယ့်ကို သိသာလွန်းလှတာပေါ့။
ခရူဂါ လည်း အဲဒီပစ္စည်းတွေကို တကယ်ကြီး လိုချင်နေခဲ့တာလေ။
"လောလောဆယ်တော့ ကျွန်တော့်အနေနဲ့ အကန့်အသတ်နဲ့ပဲ ထုတ်ပေးနိုင်ပါသေးတယ်" လို့ မိုက်ကယ်က ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ မှော်ဝင်ပစ္စည်းတွေရဲ့ တန်ဖိုးကိုတော့ ပိုက်ဆံနဲ့ပဲ လဲလှယ်ပြီး မရောင်းချချင်ပါဘူး"
ခရူဂါ က ခေါင်းညိတ်ပြလိုက်ပြီး မိုက်ကယ်ရဲ့ ရပ်တည်ချက်ကို အပြည့်အဝ နားလည်ပေးလိုက်တယ်။
"ငါ ကြားသိရသလောက်တော့ မင်းတို့ ကုမ္ပဏီက အန်ဂိုရာမြို့ထဲမှာ တော်တော်လေးကို အဆင်ပြေနေကြတာပဲ။ ချောကလက် မုန့်အချိုပွဲတွေနဲ့ အကာအကွယ်ဝတ်စုံတွေ... တကယ့်ကို ထူးဆန်းလှတဲ့ ပေါင်းစပ်မှုတစ်ခုဆိုပေမဲ့ အဲဒါက ပိုက်ဆံတွေကို သံလိုက်လိုမျိုး ဆွဲဆောင်နိုင်တဲ့နေရာအဖြစ် မြို့ထဲမှာ နာမည်ကျော်ကြားမှုကို ရရှိထားခဲ့တာပဲလေ။ မင်းမှာ ရွှေဒင်္ဂါးတွေနဲ့ ပတ်သက်ပြီး ဘာအခက်အခဲမှ မရှိဘူးဆိုတာ ငါ အသေအချာ ပြောရဲပါတယ်"
"ဒါဆို မင်းက မီသရယ် မှော်ဝင်ပစ္စည်းတွေအတွက် ဘာကို ပြန်ပြီး လိုချင်လို့လဲ။ မင်းရဲ့ လက်အောက်မှာ အသုံးတော်ခံမယ့် စစ်သည်တော်တွေလား။ အဖွဲ့အစည်းအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်မယ့် အခွင့်အရေးလား။ ဒါမှမဟုတ် တားမြစ်ထားတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေရဲ့ မှော်ပရပိုဒ်တွေလား"
"မိတ်ဆွေဖြစ်မှုပါ" လို့ သူက ဆိုလိုက်တယ်။
"မိတ်ဆွေဖြစ်မှု ဟုတ်လား" ခရူဂါ က အံ့ဩတုန်လှုပ်စွာနဲ့ ရေရွတ်လိုက်မိတယ်။
စက္ကန့်ပိုင်းလောက်အထိ သူ့ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်သွားတဲ့ အရိပ်အယောင်တွေ ပြည့်နှက်သွားပြီး အဲဒီစကားလုံးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားနေရှာတယ်။ အဲဒါက လက်နက်တစ်ခုခုရဲ့ နာမည်လား။ ဒါမှမဟုတ် နယ်မြေတစ်ခုခုလား။
ဒါပေမဲ့ မိုက်ကယ်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က စစ်မှန်တဲ့ ရိုးသားမှုတွေကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ခရူဂါ လည်း အဲဒီတောင်းဆိုချက်က တကယ့်အစစ်အမှန်ဆိုတာ သဘောပေါက်သွားခဲ့ရတာပေါ့။
အဲဒီနောက်မှာတော့ သူက ရယ်မောလိုက်မိတာဖြစ်ပြီး သူ့ရဲ့ ရယ်သံကြီးက တစ်ခန်းလုံးမှာ ဟိန်းထွက်သွားခဲ့ရတာကြောင့် လေ့ကျင့်နေကြတဲ့ စစ်သည်တော်တွေနဲ့ အလုပ်သင်အချို့တောင် အံ့ဩသွားကြရတယ်။
"မင်းက တကယ့်ကို လောဘကြီးလှတဲ့ ကောင်လေးတစ်ယောက်ပဲကွ။ မင်းက တစ်ခုတည်းကိုတင် လိုချင်တာ မဟုတ်ဘူး။ အရာရာတိုင်းကို အကုန် သိမ်းကျုံးယူချင်နေတာပဲ" လို့ ခရူဂါ က မိုက်ကယ်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
"ကျွန်တော်ကတော့ တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ကြရမယ်ဆိုတဲ့ အတွေးအခေါ်ကိုပဲ ယုံကြည်တာပါ။ ခင်ဗျား ကျွန်တော့်ကို ကူညီရင် ကျွန်တော်လည်း ခင်ဗျားကို ပြန်ကူညီမှာပေါ့။ ဈေးနှုန်းတွေ သတ်မှတ်နေဖို့ မလိုအပ်ပါဘူး။ အကယ်၍ ခင်ဗျား တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ပေးမှာပါ။ ပြီးတော့ တစ်ချိန်ချိန်မှာ ကျွန်တော် ခင်ဗျားရဲ့ အကူအညီ လိုအပ်လာခဲ့ရင်လည်း ခင်ဗျားဆီကနေ အကူအညီ ရလိမ့်မယ်လို့ မျှော်လင့်တာပေါ့။
တိုတိုနဲ့လိုရင်းပြောရရင်တော့ ဒရာဂွန်ဘွန်းတွေ၊ ရီနေးတားနိုင်ငံသားတွေ၊ ပြီးတော့ လူပုတွေနဲ့ ကျွန်တော် မိတ်ဆွေ ဖြစ်ခဲ့သလိုမျိုး ခင်ဗျားနဲ့လည်း မိတ်ဆွေ ဆက်လုပ်ချင်တာပါ။ တို့တွေအားလုံး အတူတူ ပူးပေါင်းပြီး ကူညီကြတာပေါ့"
ခရူဂါ့ မျက်နှာပေါ်က အပြုံးတွေကတော့ လုံးဝကို ဖျောက်ဖျက်လို့ မရတော့ပါဘူး။ သူတို့ရဲ့ ဆက်ဆံရေးကို စာချုပ်တွေ၊ စီးပွားရေး သဘောတူညီချက်တွေနဲ့ မဟုတ်ဘဲ အခုလိုမျိုး တည်ဆောက်လိုက်ခြင်းအားဖြင့် မိုက်ကယ်ဟာ တစ်ကမ္ဘာလုံးမှာမှ ဆယ်ယောက်တည်းသာရှိတဲ့ ကောင်းကင်ဘုံစစ်သည်တော်ကြီးတွေထဲက တစ်ယောက်နဲ့ ရေရှည်လက်တွဲဖော် ဖြစ်သွားဖို့အတွက် သေချာအောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်လို့ပါပဲ။
အကယ်၍သာ တခြားလူသားတစ်ယောက်ယောက်ဆိုရင်တော့ ခရူဂါ အနေနဲ့ ကိုယ့်ကို အခွင့်ကောင်းယူပြီး အသုံးချဖို့ ကြိုးစားနေတာလားဆိုပြီး သေချာပေါက် သတိကြီးကြီး ထားမိမှာပါ။ ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက်အနေနဲ့ သူ့ရဲ့ သြဇာအရှိန်အဝါက တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးထားနိုင်တာဖြစ်ပြီး ရေလူသားဘုရင် ဒါမှမဟုတ် နဂါးဘုရင်မကြီးတို့လိုမျိုး အုပ်ချုပ်သူတွေရဲ့ အောက်မှာပဲ ရှိတာလေ။
ဒါပေမဲ့လည်း ခရူဂါ ကတော့ မိုက်ကယ်ဆီက တကယ့် စစ်မှန်တဲ့ ရိုးသားမှုတွေကို ခံစားသိရှိနေခဲ့ရတာ ဖြစ်ပါတယ်။
သူက မိုက်ကယ်ရှိရာဆီ လျှောက်လာပြီး သူ့ရဲ့ လက်ကို လှမ်းပြီး ကမ်းပေးလိုက်တယ်။
"ကောင်းပြီလေ။ မင်းရဲ့ မိတ်ဆွေဖြစ်မှုကို ငါ လက်ခံပါတယ်" လို့ ခရူဂါ က အပြုံးကြီးနဲ့ ပြောလိုက်တာပေါ့။
မိုက်ကယ်လည်း သူ့ရဲ့ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး၊ ပုံရိပ်ယောင်ထဲက မှော်စွမ်းအင်တွေကို သူ့ရဲ့ အဆင့်မြင့်စွမ်းရည်နဲ့ ထိန်းချုပ်လိုက်ခြင်းအားဖြင့် ကောင်းကင်ဘုံစစ်သည်တော်ကြီးနဲ့ တကယ့်ကို ခိုင်မာလှတဲ့ လက်ဆွဲနှုတ်ဆက်မှုတစ်ခုကို ပြုလုပ်လိုက်ပါတော့တယ်။
* * * * * * * * *
ခရူဂါ နဲ့ တွေ့ဆုံပွဲ ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် မိုက်ကယ်က အခန်းထဲကနေ ထွက်လာခဲ့တဲ့ အချိန်မှာပဲ သူ့မျက်နှာပေါ်မှာ အံ့ဩမှုတွေ အမြဲတမ်း ထင်ဟပ်နေတတ်တဲ့ ဆာဂျွန်နဲ့ ချက်ချင်းပဲ ဆုံမိပါတော့တယ်။
"ဟိုအထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ ကျွန်တော်တို့ရဲ့ မြေအောက်ဂူဗိမာန်ထဲကို မင်း စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ရသွားပြီဆိုတဲ့ သတင်းစကားကို အခုပဲ လာပြီး သတိပေးသွားလို့ပါ"
တွေ့ဆုံပွဲကနေ မထွက်ခွာခင်တုန်းက မိုက်ကယ်က အဖွဲ့အစည်းရဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို တစ်ချက်လောက် ကြည့်ရှုခွင့်ပေးဖို့ ခရူဂါ ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာကို လာခဲ့ရတဲ့ သူ့ရဲ့ မူလ ရည်မှန်းချက်ကိုတော့ သူက လုံးဝ မေ့လျော့နေခဲ့တာ မဟုတ်ဘူးလေ။
ဒါကတော့ အချက်အလက်တွေ စုဆောင်းဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ နိုဗာ သိထားသမျှ မန္တန်တွေအကုန်လုံးက အဆင့်မြင့်စွမ်းရည်တွေဖြစ်တဲ့ မှော်စွမ်းအား မန္တန်တွေချည်းပဲ ဖြစ်နေတာကြောင့် ဒရာဂွန်ဘွန်းတွေနဲ့ ရီနေးတားနိုင်ငံတော်က တခြားသော တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ ဘာမှ အသုံးမဝင်ဘဲ ဖြစ်နေခဲ့ရတာကိုး။
ဂရီးဗ် က သူတို့ကို တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး သင်ကြားပေးဖို့ အဲဒီမှာ ရှိနေတယ်ဆိုပေမဲ့လည်း အဲဒီဖုတ်ကောင် အရိုးစုကြီးက သာမန်ဖြစ်တဲ့ အခြေခံမန္တန်တွေကိုတော့ တော်တော်လေးကို မေ့လျော့နေတတ်တာ ဖြစ်ရမယ်။
စစ်သည်တော်တွေက သူတို့ရဲ့ လူတွေကို သင်ကြားပေးဖို့ အသုံးပြုလေ့ရှိကြတဲ့ အချက်အလက် အမြောက်အမြားကို ရရှိသွားခဲ့ပြီဆိုတော့ မိုက်ကယ်အနေနဲ့ အဲဒီဗဟုသုတတွေကို ရီနေးတားနိုင်ငံသားတွေဆီကို နောက်ဆုံးမှာတော့ ပြန်လည် မျှဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။
မိုက်ကယ်ကတော့ အောက်ထပ်ကမြေအောက်ဂူဗိမာန်ဆီကို ဦးတည်နေတဲ့ ရစ်ခွေနေတဲ့ လှေကားထစ်တွေကနေတစ်ဆင့် အောက်ဘက်ဆီကို နောက်ဆုံးမှာတော့ လမ်းညွှန်ခေါ်ဆောင်ခြင်း ခံခဲ့ရတာပေါ့။
ဆာဂျွန်က သူ့ကို လိုက်လံပြသပေးရင်းနဲ့ ဆောင်းရာသီအတွက် ပြင်ဆင်ထားတဲ့ သူတို့ရဲ့ အပိုဆောင်း ကိရိယာတန်ဆာပလာတွေ သိုလှောင်ထားတဲ့ နေရာကိုပါ ပြသခဲ့တယ်။ မြေအောက် အကျဉ်းထောင်လိုမျိုး ဖြစ်နေတဲ့ အဲဒီ ဂူအသေးလေးတွေထဲမှာတော့ လက်နက်တွေနဲ့ အကာအကွယ်ဝတ်စုံ အမြောက်အမြားကို အမိုးအထိ ရောက်လုနီးပါးဖြစ်အောင် စည်းကမ်းမရှိ ပြန့်ကျဲပြီး စုပုံထားတာကို တွေ့လိုက်ရတာပေါ့။
နောက်ဆုံးမှာတော့ သူက အခန်းရဲ့ အဆုံးသတ် နေရာဆီကို လမ်းညွှန်ခေါ်ဆောင်ခြင်း ခံခဲ့ရပြန်တယ်။ အထဲကို မဝင်ခင်မှာတင် အခန်းထဲကနေ လွင့်ပျံလာတဲ့ စာအုပ်ဟောင်းတွေရဲ့ မွှေးရနံ့လေးကို သူ ချက်ချင်း သတိပြုမိလိုက်တာ ဖြစ်ရမယ်။
သူ နောက်ဆုံးမှာ အထဲကို ဝင်သွားခဲ့တဲ့ အချိန်မှာတော့ ရှေးဟောင်းကျူစက္ကူချပ်တွေနဲ့ သေသေချာချာ ပြုလုပ်ထားတဲ့ မှော်ပရပိုဒ်တွေ ပြည့်နှက်နေတဲ့ စင်ကြီးတွေကို တွေ့လိုက်ရတာပေါ့။ စာအုပ်တစ်အုပ်ချင်းစီကိုလည်း အထဲက အကြောင်းအရာအလိုက် သေသေသေချာချာကို အမျိုးအစား ခွဲခြားထားခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့အစည်းရဲ့ ပုံစံအတိုင်းပါပဲ၊ ဟောဒီ စာကြည့်တိုက်တစ်ခုလုံးက စက်ဝိုင်းပုံစံ ရှိနေတာဖြစ်ပြီး အပိုင်းတစ်ခုချင်းစီက ကိုယ်ပိုင်လက်နက်တစ်ခုချင်းစီရဲ့ ဆရာသခင်တွေအတွက် ကိုယ်ခံပညာရပ်မန္တန်တွေကို အသီးသီး ပြသထားခဲ့ကြတာကိုး။
"မင်း သင်ယူချင်တဲ့ ထူးခြားတဲ့ မန္တန် တစ်ခုခု ရှိလို့လား။ ငါ မင်းကို ကူညီပေးလို့ ရပါတယ်" လို့ ဆာဂျွန်က ဆိုတယ်။
"မလိုပါဘူး။ အကုန်လုံးကိုပဲ သင်ယူလိုက်မယ်"
မိုက်ကယ်က အနီးဆုံး စင်ဆီကို လျှောက်သွားလိုက်ပြီး သူ့ရဲ့ မျက်လုံးအဆင့်နားမှာ ရှိနေတဲ့ မှော်ပရပိုဒ်တွေထဲက တစ်ခုကို ကောက်ယူလိုက်တာပေါ့။
အဲဒါကတော့ ဓားလမ်းစဉ်အတွက် သီးသန့်ပြုလုပ်ထားခဲ့ရတဲ့ ကြယ်သုံးပွင့်မန္တန် တစ်ခုဖြစ်ပြီး 'ဖြတ်တောက်ခြင်း၏ တောင်ဘက်လေညင်း' လို့ အမည်ရတာပေါ့။
သူ အဲဒီမှော်ပရပိုဒ်ကို ဖြန့်လိုက်တဲ့ အချိန်မှာတော့ မန္တန်ရဲ့ ဘေးပတ်ပတ်လည်မှာ ထည့်သွင်းထားတဲ့ မှော်ကျင့်စဉ်တွေ ပြည့်နှက်နေတဲ့ မှော်အဝိုင်းတစ်ခုကို တွေ့လိုက်ရတယ်။ သာမန် စစ်သည်တော်တွေဆိုရင်တော့ အခုလိုမျိုး မန္တန်တစ်ခုကို အပြီးသတ် ကျွမ်းကျင်ဖို့အတွက် လပေါင်းများစွာ အချိန်ပေးရမှာ သေချာလှပါတယ်။
ဆာဂျွန်ကတော့ မိုက်ကယ်တစ်ယောက် မှော်ပရပိုဒ်ကို လေ့လာတဲ့နေရာမှာ အပြည့်အဝ အာရုံစိုက်နေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အခန်းထဲကနေ ထွက်သွားခဲ့ပြီး အပေါ်ထပ်က ရုံးတော်ဆီကို ပြန်လည် လမ်းလျှောက်သွားခဲ့တာပေါ့။
မိုက်ကယ်က စက်ဝိုင်းပုံစံ စာကြည့်တိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး မှော်ပရပိုဒ်တွေရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ ထူးဆန်းတဲ့ မှော်စွမ်းအင်တွေနဲ့ ထိတွေ့နိုင်ဖို့အတွက် သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို စတင် အသုံးပြုလိုက်ပါတော့တယ်။
ဒီလို ရေးသားထားတဲ့ ဗဟုသုတတွေကတော့ သာမန်အတိုင်း မှတ်တမ်းတင်ထားခဲ့တာ မျိုးတင် မဟုတ်ဘဲ အတွေ့အကြုံရှိတဲ့ အသုံးပြုသူတစ်ယောက်ရဲ့ မှော်စွမ်းအင်တွေကိုပါ သေသေသေချာချာ ထည့်သွင်းပေးထားခဲ့တာ ဖြစ်တာကြောင့် သူတို့ရဲ့ စူးစမ်းလိုစိတ်တွေနဲ့ သင်ယူခဲ့ရသမျှကို စာရွက်ပေါ်မှာတင် ကိုယ်တိုင် ခံစားသိရှိနိုင်စေခဲ့တာကိုး။
ပြီးတော့ အဲဒီ သင်ကြားမှုတွေကို အခြားလူတစ်ယောက်ဆီကို လွှဲပြောင်းပေးပြီးသွားတဲ့ အချိန်ကျရင်တော့ မှော်ပညာရဲ့ အစွမ်းက လုံးဝကို ပျောက်ကွယ်သွားခဲ့ရမှာ ဖြစ်ပါတယ်။
ဒါကပဲ မှော်ပရပိုဒ်တွေ ဘာကြောင့် ဒီလောက်အထိ ဈေးကြီးလွန်းနေရသလဲဆိုတဲ့ အကြောင်းပြချက် ဖြစ်နေခဲ့ရတာပေါ့။
ဒါပေမဲ့ ဒါမျိုးတွေက မိုက်ကယ်အတွက်တော့ ဘာမှ အသုံးလိုမှာ မဟုတ်ပါဘူး။ သူ လောလောဆယ် လိုအပ်တာဆိုလို့ အခန်းထဲမှာရှိတဲ့ မှော်ကျင့်စဉ်အကုန်လုံးကို နိုဗာကို စကန်ဖတ်ခိုင်းလိုက်ပြီး ကိုယ်ပိုင် အချက်အလက်တွေအဖြစ် ကူးယူလိုက်ဖို့ပဲ ရှိတာကိုး။
ဒါကြောင့် သူက အခန်းထဲက မှော်စွမ်းအင်တွေကို စတင် ထိန်းချုပ်လိုက်တဲ့ အချိန်မှာတော့၊ မှော်ပရပိုဒ်တွေက စင်တွေပေါ်ကနေ လေပေါ်ကို အလိုအလျောက် ဝဲပျံထွက်လာခဲ့ကြပြီး မိုက်ကယ်ရဲ့ အရှေ့တည့်တည့်မှာတင် အလိုအလျောက် ဖြန့်ခင်းသွားခဲ့ကြပါတော့တယ်။
စာလုံးတွေထဲမှာ ပါဝင်တဲ့ မှော်စွမ်းအင်တွေကြောင့်ပဲ၊ သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူကလည်း ဗဟုသုတအကုန်လုံးကို အထင်အရှား မြင်တွေ့နိုင်ခဲ့ပြီး အမြင့်မားဆုံး အဆင့်အထိကို ခွဲခမ်းစိတ်ဖြာပေးနိုင်ခဲ့တာပေါ့။
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၂၀.၂၃%]
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၂၇.၇၃%]
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၃၉.၂၆%]
မှော်ပရပိုဒ်တစ်ခုချင်းစီကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်ရဲ့ အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှုက ပိုမို မြင့်မားလာခဲ့ရတယ်။
စက္ကန့်ပိုင်းလောက်ပဲ ကြာပြီးတဲ့အချိန်မှာတင်၊ မိုက်ကယ်က သောင်းနဲ့ချီတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေပေါ်က မှော်ကျင့်စဉ်တွေကို ကိုယ်ပိုင်အဖြစ် အလွယ်တကူ ကူးယူနိုင်ခဲ့တာ ဖြစ်ပါတယ်
ဗဟုသုတတွေက သူ့ရဲ့ ဦးနှောက်ထဲကို စီးဝင်လာခဲ့တာဖြစ်ပြီး အဲဒီမန္တန်တွေကို ကောင်းကောင်း အသုံးပြုနိုင်ဖို့အတွက် တိကျတဲ့ နားလည်မှုတွေကိုပါ ယူဆောင်ပေးခဲ့တာပေါ့။
မိုက်ကယ်ကတော့ ဒီထက်မက ပိုပြီး သိချင်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း အရှိန်အဟုန်ကလည်း ပိုမိုပြီးတော့ မြန်ဆန်လွန်းလှပါတယ်။
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၄၉.၉၉%]
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၅၀%]
[ဂုဏ်ယူပါသည်။ မင်းအနေနဲ့ ကိုယ်ခံပညာရပ်မန္တန်တွေအပေါ်မှာ အခြေခံအဆင့် ကျွမ်းကျင်မှုကို ရရှိသွားခဲ့ပါပြီ။]
[စနစ်ကတော့ လောလောဆယ် အပ်ဒိတ်ပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်နေပါသည်…]
[မင်္ဂလာပါ မိုက်ကယ်။ ကျွန်ုပ်ကတော့ နိုဗာ ဗားရှင်း ၃.၅ ဖြစ်ပြီး မင်းရဲ့ ကိုယ်ပိုင် အေအိုင် အကူ ဖြစ်ပါတယ်၊]
* * * * * * * * *
စာစဉ်(၂၀)
အခန်း (၂၃၆)
မိုက်ကယ်က သူ့ရဲ့ ခန္ဓာကိုယ်ကို အရင်ကထက်စာရင် ပိုပြီးတော့ အာရုံခံနိုင်စွမ်း ရှိလာသလို ခံစားလိုက်ရတယ်။ ကြွက်သား မျှင်လေးတစ်ခုချင်းစီက သဟဇာတ ပေါင်းစည်းခြင်း မှော်စွမ်းအင်တွေနဲ့ အချိတ်အဆက်မိမိ ဆက်စပ်နေခဲ့တာဖြစ်တာကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိစေခဲ့တာကိုး။ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကလည်း အဆမတန်ကို မြင့်မားတိုးတက်သွားခဲ့ရတယ်။
[ကျွန်ုပ်အနေနဲ့ မှော်ပရပိုဒ် ပေါင်း ၁၃,၅၃၂ ခုမှာ ပါဝင်တဲ့ ကိုယ်ခံပညာရပ် ဗဟုသုတအကုန်လုံးကို အောင်မြင်စွာ ပေါင်းစပ်ပြီးသားဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ပြီးတော့ မင်းရဲ့ မှော်စွမ်းအင် စုဆောင်းခြင်း နည်းစနစ်ကိုလည်း အဲဒီအပေါ် မူတည်ပြီး ပြန်လည် ချိန်ညှိပေးထားခဲ့ပါတယ်။ အခုဆိုရင် ၈၃ ရာခိုင်နှုန်းလောက်အထိ ပိုမို ထိရောက်မှု ရှိသွားခဲ့ရပြီ ဖြစ်တာကြောင့် အားစိုက်ထုတ်မှု နည်းနည်းလေးနဲ့တင် ပိုမို ပြင်းထန်တဲ့ စွမ်းအားတွေကို ထုတ်သုံးနိုင်စေမှာ ဖြစ်ပါတယ်။]
'ဒါကြောင့်မို့လို့ ငါ့ခန္ဓာကိုယ်က ဒီလောက်အထိ သက်သောင့်သက်သာ ဖြစ်နေတာကိုး'
[မှော်ပရပိုဒ်တစ်ခုချင်းစီမှာ ကျန်ရှိနေခဲ့တဲ့ စိတ်အာရုံခံစားမှုတွေကနေတစ်ဆင့် ဆရာသခင်တွေရဲ့ စိတ်ထဲက တကယ့် စူးစမ်းလိုစိတ်တွေကို နက်နက်နဲနဲ ခွဲခမ်းစိတ်ဖြာနိုင်ခဲ့ပါတယ်။ အဲဒီ ဗဟုသုတတွေအကုန်လုံးကို မင်း လက်ရှိ အသိစိတ်နဲ့ သိနေတာပဲဖြစ်ဖြစ် မသိနေတာပဲဖြစ်ဖြစ် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အပြီးသတ် သိုလှောင်ထားပေးပြီးသား ဖြစ်ပါတယ်။]
တစ်နည်းအားဖြင့် ပြောရရင်တော့ မိုက်ကယ်ရဲ့ ခန္ဓာကိုယ် ကြွက်သားတွေရဲ့ မှတ်ဉာဏ်က လပေါင်းများစွာကို ပင်ပင်ပန်းပန်း လေ့ကျင့်နေခဲ့ရတဲ့ ဒရာဂွန်ဘွန်းတွေထက်တောင် အများကြီး ပိုမို ကောင်းမွန်နေတာ ဖြစ်တာကြောင့် သူတို့အတွက်တော့ နည်းနည်းလေး မတရားသလို ဖြစ်နေရတာပေါ့။
တစ်ဖက်မှာလည်း သူလုပ်ဖို့ လိုအပ်တာဆိုလို့ သောင်းနဲ့ချီတဲ့ မှော်ပရပိုဒ်တွေကို စကန်ဖတ်ခိုင်းလိုက်ရုံပဲ ရှိခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ ခန္ဓာကိုယ်ကို ကိုယ်ခံပညာရပ်မန္တန်တွေအတွက် ပြီးပြည့်စုံတဲ့ သိုလှောင်ရာနေရာတစ်ခု ဖြစ်လာအောင် အလွယ်တကူပဲ အသားကျသွားစေခဲ့တာကိုး။
ဒါပေမဲ့ မိုက်ကယ်ကတော့ နိုဗာကို နောက်ထပ် ဆော့ဝဲလ် ဗားရှင်းအသစ်တစ်ခုအထိ တိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့ရတဲ့ အချက်အပေါ် နည်းနည်းတော့ စိတ်ပျက်မိတာ အမှန်ပါပဲ။ သူ ရရှိခဲ့တာက တစ်ဝက်လောက်ပဲ အဆင့်မြှင့်တင်နိုင်ခဲ့တဲ့ အခြေအနေ ဖြစ်တာကြောင့် ကောင်းတယ်ဆိုပေမဲ့ သူ မျှော်လင့်ထားခဲ့သလောက်တော့ မပြည့်စုံသေးပါဘူး။
[ဆော့ဝဲလ် ဗားရှင်းအသစ်တစ်ခုအထိ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ ပမာဏကတော့ ပြုပြင်ပြောင်းလဲမှုတစ်ခုချင်းစီအပေါ် မူတည်ပြီး အဆမတန် မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။ ဟောဒီ မှော်ပရပိုဒ်တွေထဲမှာ ပါဝင်တာက ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေသာ ဖြစ်တာကြောင့် မင်းရဲ့ ခန္ဓာကိုယ်ကို အားကစားသမားတစ်ယောက်ရဲ့ အဆင့်အထိ ပြောင်းလဲပေးနိုင်ခဲ့ပေမယ့် မင်းရဲ့ စိတ်အာရုံကိုတော့ နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊]
'ငါ ဒါကို သိပြီးသားပါ' လို့ သူက နိုဗာကို စိတ်ထဲကနေ ပြန်ပြောလိုက်တယ်။ ကံကောင်းထောက်မစွာပဲ ကွင်းစ်နယ်မြေထဲမှာ တစ်ချိန်ချိန်မှာ သူ သွားရောက်လည်ပတ်နိုင်မယ့် အခြားသော စစ်သည်တော်များရုံးတော်တွေ အများကြီး ရှိနေသေးတာပဲလေ။
လောလောဆယ်တော့ မိုက်ကယ်အနေနဲ့ ကိုယ်ခံပညာရပ်မန္တန်တွေအပေါ်မှာ အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်မှုကို ရရှိသွားခဲ့ပြီဆိုတဲ့ အချက်နဲ့တင် ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းကလိုပါပဲ၊ သူက အခုဆိုရင် ကိုယ်ပိုင် စိတ်ကူးစိတ်သန်း သက်သက်နဲ့တင် မန္တန်အသစ်တစ်ခုကို လုံးဝ ဖန်တီးနိုင်စွမ်း ရှိနေပြီလေ။
သူ့အနေနဲ့ ကြယ်ငါးပွင့်နဲ့ အောက်အဆင့်ရှိတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို စက္ကန့်ပိုင်းအတွင်းမှာတင် အလွယ်တကူ စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ မန္တန်အမျိုးအစားတွေထဲမှာ ပိုမို ပြင်းထန်တဲ့ စွမ်းအားတွေကို အလွန်တရာလိုအပ်နေကြတဲ့ ဒရာဂွန်ဘွန်းတွေနဲ့ ရီနေးတားနိုင်ငံသားတွေအတွက် အများကြီး အကျိုးရှိစေမှာ အသေအချာပဲလေ။
ဒီနေရာမှာ သူလုပ်စရာ ဘာမှ မကျန်တော့တာကို မြင်လိုက်ရတဲ့ အခါမှာတော့၊ သူက အပေါ်ထပ်က မူလ ရုံးတော်ဆီကို ပြန်လည် လမ်းလျှောက်တက်လာခဲ့တာဖြစ်ပြီး၊ အဲဒီနေရာမှာတော့ ဆာဂျွန်က သူ့ရဲ့ ရုတ်တရက် ရောက်ရှိလာမှုအပေါ် ဘာမှ ပြင်ဆင်မထားမိဘဲ ဖြစ်နေရှာတယ်။
"မင်း အောက်ထပ်ကို သွားတာ ဖယောင်းတိုင်တစ်ဝက်စာလောက်ပဲ ရှိသေးတာကို။ စိတ်မကောင်းပါဘူး၊ မင်း ရှာဖွေနေတဲ့ အရာကို မတွေ့ခဲ့လို့လားဟင်"
မိုက်ကယ်က ခေါင်းခါပြလိုက်ပြီး "ကျွန်တော် အကုန်လုံးကို သင်ယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် ပိုပြီးတော့ လိုအပ်နေသေးလို့ပါ" လို့ သူက စစ်သည်တော်ကို ပြောလိုက်တာပေါ့။
သေချာတာပေါ့၊ ဆာဂျွန်အနေနဲ့ မိုက်ကယ်က သူတို့ရဲ့ မြေအောက်ဂူဗိမာန်ထဲမှာရှိတဲ့ မှော်ပရပိုဒ် တစ်ခုချင်းစီကို အကုန်လုံး သင်ယူသွားခဲ့ပြီဆိုတဲ့ အချက်ကို ဘယ်လိုမျိုးမှ သိရှိနိုင်မှာ မဟုတ်သလို၊ ဒါက လုံးဝ ဖြစ်နိုင်ခြေ ရှိတဲ့ ကိစ္စတစ်ခုလို့တောင် စိတ်ထဲကနေ စဉ်းစားမိမှာ မဟုတ်ပါဘူး။
"ဒါနဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ ဘယ်ကို သွားကြလဲ မြင်လိုက်မိသေးလား"
ဇိုင်ယွန်နဲ့ ကျန်တဲ့လူတွေကတော့ သူ ခရူဂါနဲ့ စကားပြောနေတဲ့ အချိန်တုန်းက သူတို့ဘာသာ သီးသန့် ထွက်သွားခဲ့ကြတာဖြစ်လို့၊ မိုက်ကယ်က အခု သူတို့ ဘယ်မှာ ရှိနေလဲဆိုတာကို လုံးဝ မသိတော့လို့ပါပဲ။
"စောစောတုန်းကတော့ သူတို့တွေ တခြား စစ်သည်တော်တွေနဲ့အတူ လိုက်သွားတာကို မြင်လိုက်မိတယ်။ ကျွန်တော် ထင်တာတော့ သူတို့တွေ ဟောဒီ ကွင်းပြင်ကြီးဆီကို ပြန်သွားကြတာ ဖြစ်ရမယ်" လို့ ဆာဂျွန်က ဆိုတယ်။
အဲဒီ သုံးယောက်ရဲ့ အကြောင်းကို ကောင်းကောင်း သိနေတာကြောင့်၊ မိုက်ကယ်လည်း သူတို့တွေ တစ်ခုခု ဒုက္ခရှာနေကြပြန်ပြီဆိုတာကို အသေအချာ သိနေတာပေါ့။
"ခင်ဗျားတို့ဆီမှာ ဆေးကုသပေးမယ့် မှော်ဆရာတွေ ရှိကြတယ်၊ ဟုတ်တယ်မလား"
သူက ဒါကို မေးလိုက်ရတဲ့ အကြောင်းရင်းကတော့ ဇိုင်ယွန်တစ်ယောက် သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တော့ဘဲ စစ်သည်တော်တွေထဲက တစ်ယောက်ယောက်ကို အန္တရာယ်ပြုမိတော့မှာကို ကြိုတင် ခန့်မှန်းမိလို့ပါပဲ။
"ဘာဖြစ်လို့လဲ" လို့ ဆာဂျွန်က ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ မေးလိုက်တယ်။
"ကျွန်တော် ထင်တာတော့ သူတို့တွေ စစ်သည်တော်တွေကို သွားပြီးတော့ စိန်ခေါ်နေကြပြီ ထင်တယ်။ ခင်ဗျားတို့ဆီမှာ ဆေးကုသပေးမယ့် မှော်ဆရာတွေ ရှိကြတယ်၊ ဟုတ်တယ်မလား"
အကယ်၍သာ တခြားလူတစ်ယောက်ယောက်ဆိုရင်တော့ ဆာဂျွန်အနေနဲ့ အခုလိုမျိုး မေးခွန်းအပေါ် တကယ့်ကို လှောင်ပြောင်မိမှာ အသေအချာပါပဲ။ ဒါပေမဲ့ သူကိုယ်တိုင် အဲဒီ ဒရာဂွန်ဘွန်းတွေရဲ့ တကယ့် စွမ်းဆောင်ရည်တွေကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးထားခဲ့တာ ဖြစ်တာကြောင့်၊ မြို့ထဲမှာ ပြဿနာကြီးတစ်ခုခု ဖြစ်ပေါ်နေပြီဆိုတာကို ချက်ချင်းပဲ ရိပ်မိသွားခဲ့ရတာပေါ့။
"ငါ ပတ်တီးတွေ သွားယူလိုက်ဦးမယ်" လို့ ဆာဂျွန်က စိုးရိမ်တကြီး ဖြစ်နေတဲ့ လေယူလေသိမ်းနဲ့ ပြောလိုက်ရှာတယ်။
ဆာဂျွန်တစ်ယောက် စစ်သည်တော်တွေကို ဇိုင်ယွန်လို့ အမည်ရတဲ့ ကြောက်စရာကောင်းတဲ့ ပါရမီရှင်လေးရဲ့ အန္တရာယ်အကြောင်း သွားပြီး သတိပေးဖို့ ပျာပျာသလဲ ထွက်ခွာသွားခဲ့တဲ့ အချိန်မှာတော့၊ မိုက်ကယ်တစ်ယောက်တည်းပဲ အခန်းထဲမှာ ကျန်ရစ်ခဲ့တာပေါ့။
သူလည်း ကွင်းပြင်ကြီးဆီကို သွားဖို့ ပြင်လိုက်ပေမဲ့၊ ရုတ်တရက်ဆိုသလို သူ့အရှေ့က နံရံတွေရဲ့ အရိပ်က ပုံစံပြောင်းလဲလာနေပြီး အစင်းရာတွေ ထွက်ပေါ်လာခဲ့ရတာကြောင့်၊ အနောက်ကနေ အရိပ်အော့ခ် နှစ်ယောက် ချက်ချင်း ထွက်ပေါ်လာခဲ့ရတယ်။
အဲဒါကတော့ ဝံပုလွေအော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ်တွေရဲ့ ခေါင်းဆောင်နှစ်ယောက် ဖြစ်ကြတဲ့ နာရီတိုနဲ့ ဆာစူကီ တို့ပဲ ဖြစ်ပါတယ်။
"တစ်ခုခု ပြဿနာရှိလို့လား"
"ကျွန်တော်တို့တွေ မြို့ထဲမှာ တကယ့်ကို အရေးကြီးတဲ့ စကားဝိုင်းတစ်ခု ဖြစ်ပွားနေတာကို စောင့်ကြည့်မိတာကြောင့်၊ ဒါကို သခင်ဆီကို တိုက်ရိုက် လာပြီး သတင်းပို့တာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ" လို့ နာရီတိုက လေးစားသမှု ပြသတဲ့ အနေနဲ့ သူ့ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထုရင်း ပြောလိုက်တယ်။
"အရေးကြီးတဲ့ စကားဝိုင်း ဟုတ်လား" မိုက်ကယ်က စိတ်ဝင်စားသွားပြီး မေးလိုက်တာပေါ့။ သူက သူ့ကိုယ်သူနဲ့ အော့ခ်တွေကို လူသူကင်းဝေးတဲ့ လျှို့ဝှက်နေရာတစ်ခုဆီကို မှော်ပညာနဲ့ ချက်ချင်း ပြောင်းလဲခေါ်ဆောင်သွားခဲ့ရတယ်။
"ကျွန်တော်တို့ရဲ့ အရိပ်အဖွဲ့တွေကို မြို့ထဲနဲ့ ပတ်ပတ်လည် နေရာအနှံ့အပြားမှာ ဖြန့်ကြက်ထားပြီးသား ဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ရဲ့ နားတွေနဲ့ မကြားရတဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာမှ မရှိပါဘူး။
ပုံမှန်ဆိုရင်တော့ မြို့ထဲမှာ ပြန့်နှံ့နေတဲ့ ဘာမှမဟုတ်တဲ့ အတင်းအဖျင်း စကားတွေကို ကျွန်တော်တို့ လျစ်လျူရှုထားလေ့ ရှိကြပေမယ့်၊ ရီနေးတားကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကိုတော့ အမြဲတမ်း အစွမ်းကုန် သတိထားပြီး စောင့်ကြည့်နေခဲ့ကြတာပါ" လို့ ဆာစူကီက သူ့ရဲ့ နောက်ကျောက ဆူးတောင်တွေကို တုန်ခါစေခြင်းအားဖြင့် ထူးဆန်းလှတဲ့ အသံကြီး ထွက်ပေါ်လာစေရင်း ပြောပြရှာတယ်။
"ဟောဒီ ဂူသင်္ချိုင်း ဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက စပြီး၊ ကျွန်တော်တို့ရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တဲ့ ထူးခြားတဲ့ အစုအဖွဲ့တစ်ခု ရှိနေခဲ့ရတယ်။ အဲဒါကတော့ ဟမ်းမားစတုန်း ကုမ္ပဏီ ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့က သူတို့ရဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ အဆင့်တွေကို မြှင့်တင်ဖို့ ပြင်ဆင်နေတဲ့ စီမံကိန်းမှန်သမျှကို ကြားကနေ ဝင်ရောက် ဖျက်ဆီးပစ်လိုက်သလိုမျိုး ဖြစ်ခဲ့ရတာကြောင့်၊ သူတို့တွေက တို့အပေါ်ကို တကယ်ကို စိတ်မကျေမနပ် ဖြစ်နေကြတာပါ"
ပြိုင်ဆိုင်မှု ရှိလာပြီဆိုရင်တော့ အမုန်းတရားတွေ ဖြစ်ပေါ်လာတတ်တာက သဘာဝပါပဲ။ ဒါကတော့ ပုံမှန်ပါပဲ။ သူ ကြားသိရသလောက်ဆိုရင်တော့ ဟောဒီ ဟမ်းမားစတုန်း အဖွဲ့က သူ့အဘိုးရဲ့ လုပ်ငန်းလိုမျိုးပဲ တစ်ကမ္ဘာလုံးမှာ အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ ဟက်ဖေးစတပ်စ် ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခု ဖြစ်နေတာကိုး။
"မင်းတို့ ဘာတွေ ထပ်ပြီး စုံစမ်းမိသေးလဲ"
"အခုအချိန်အထိတော့ တိကျတဲ့ အချက်အလက်တွေ မရသေးပါဘူး၊ ခေါင်းဆောင် မိုက်ကယ်။ ဒါပေမဲ့ အခုလို အချိန်မျိုးမှာတင် မြို့ထဲမှာ အပြောင်းအလဲအချို့ စတင် ဖြစ်ပွားနေခဲ့တာပါ"
မိုက်ကယ်က အနောက်က အရိပ်အော့ခ်တွေကို ပြန်လည် ကြည့်ရှုလိုက်ပြီး သူ့ရဲ့ စိတ်ထဲမှာ အကြံတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ရတာပေါ့။
တစ်ဖက်မှာလည်း၊ အန်ဂိုရာမြို့ရဲ့ အလယ်တည့်တည့်၊ မြို့တော်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဓိက စုဝေးရာ နေရာအလယ်မှာတော့၊ ဟမ်းမားစတုန်း အဖွဲ့ရဲ့ တကယ့် ရုံးချုပ်ကြီး တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူတို့ရဲ့ လက်နက်တိုက်ကတော့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကိရိယာမှန်သမျှအတွက် မြို့ထဲမှာ အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်ခဲ့တာ ဖြစ်ရမယ်။
အစုအဖွဲ့တိုင်း၊ ကုမ္ပဏီတိုင်း ဒါမှမဟုတ် အစည်းအရုံးတိုင်းက သူတို့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ဝတ်စုံတွေနဲ့ လက်နက်တွေကို မရှိမဖြစ် လိုအပ်နေကြရတာဖြစ်ပြီး၊ အဲဒါတွေကို သူတို့ဆိုင်ကနေပဲ အမြဲတမ်း ဝယ်ယူခဲ့ကြတာ ဖြစ်လို့ပါပဲ။
အနည်းဆုံးတော့၊ တောနက်ကြီးထဲကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့တစ်ခုက သူတို့ရဲ့ အသစ်စက်စက် အကာအကွယ်ဝတ်စုံတွေနဲ့ လက်နက်တွေကို ထုတ်ပြပြီး၊ မြို့ထဲမှာ ကုန်ပစ္စည်းတွေရဲ့ စံနှုန်းသစ်တစ်ခုကို အပြီးသတ် ချမှတ်လိုက်နိုင်ခြင်း မရှိခင် အချိန်အထိပေါ့။ သူတို့တွေက နေရာအနှံ့အပြားမှာရှိတဲ့ လက်နက်တွေနဲ့ အကာအကွယ်ဝတ်စုံတွေရဲ့ စီးဆင်းမှုအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို တဖြည်းဖြည်းနဲ့ လက်လွတ်ဆုံးရှုံးလာခဲ့ကြရတာ ဖြစ်ပါတယ်။
ဒါကို တုံ့ပြန်တဲ့ အနေနဲ့၊ ဟမ်းမားစတုန်း ကုမ္ပဏီအတွက်တော့ နောက်ထပ် ရွေးချယ်စရာ လမ်းတစ်ခုပဲ ရှိခဲ့တော့တာပေါ့။
သူတို့ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ ဟက်ဖေးစတပ်စ် အဖွဲ့အစည်းဆီကနေ အကူအညီ တောင်းခံဖို့ပါပဲ။
ဟမ်းမားစတုန်းရဲ့ ဝန်ထမ်းတိုင်းကတော့ ဒီနေ့မှာတင် သူတို့ရဲ့ ရောက်ရှိလာမှုကို တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စွန့်စားရှာဖွေသူ အဖွဲ့သားတွေကို ဦးဆောင်နေတဲ့သူဖြစ်တဲ့ ဘွတ်ချ် ကတော့ အရာရာတိုင်းက ပြီးပြည့်စုံနေစေဖို့အတွက် သေသေသေချာချာကို ပြင်ဆင်ထားခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ဝေးလံခေါင်ဖျားတဲ့ နေရာကနေ လာကြတဲ့ ဟောဒီ ဧည့်သည်တော်တွေက ဟက်ဖေးစတပ်စ် ကုမ္ပဏီကြီးရဲ့ တကယ့် ရုံးချုပ်ကနေ ကိုယ်တိုင် လာရောက်ကြတဲ့သူတွေ ဖြစ်နေကြလို့ပါပဲ။
ကြီးမားလှတဲ့ တံခါးကြီး နှစ်ချပ် ပွင့်သွားခဲ့တဲ့ အချိန်မှာတော့၊ ခေါင်းစွပ်အုပ်ထားတဲ့ လူငါးယောက်က သူတို့ရဲ့ အဆောက်အအုံထဲကို ဖြည်းဖြည်းချင်း ခြေလှမ်းပြင် ဝင်ရောက်လာခဲ့ကြတာပေါ့။
အစေခံမလေးတွေနဲ့ အိမ်တော်ထိန်းတွေက သူတို့ရဲ့ ရောက်ရှိလာမှုအတွက် အနီရောင် ကော်ဇောကြီးတစ်ခုကို ခင်းကျင်းပေးထားခဲ့ကြပေမဲ့၊ သူတို့တွေကတော့ ဒါကို ဘာမှ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ရှေ့ကိုပဲ တန်းတန်းမတ်မတ် လမ်းလျှောက်သွားခဲ့ကြတယ်။
"ကျွန်တော့်တို့ရဲ့ နေရာကို ရောက်လာတဲ့အတွက် ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုပါတယ် ..."
ဘွတ်ချ်ရဲ့ စကားလုံးတွေကတော့ ခေါင်းစွပ်အုပ်ထားတဲ့ လူငါးယောက်က သူ့ရဲ့ ဘေးနားကနေ သူတည်ရှိတာကိုအသိအမှတ်မပြုသလိုမျိုး ဖြတ်သန်းသွားတာကြောင့် ချက်ချင်းပဲ ရပ်တန့်သွားခဲ့ရရှာတယ်။ သူတို့နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့ သူ့ရဲ့ စကားလုံးတွေကို ဘာမှ ဂရုမစိုက်ခဲ့ကြပါဘူး။
"မလိုအပ်တဲ့ စကားတွေကို ပြောမနေပါနဲ့။ တို့တွေ ဒီကို လာခဲ့ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ တို့တွေရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ပြန်လည် ချမှတ်ဖို့ပဲ"
ခေါင်းစွပ်အုပ်ထားတဲ့ လူတွေထဲက တစ်ယောက်က စင်ပေါ်မှာ ပြသထားတဲ့ လက်နက်တွေထဲက ဓားတစ်လက်ကို ကောက်ယူလိုက်ပြီး၊ ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ ဓားသွားကို သူ့ရဲ့ လက်နဲ့တင် အလွယ်တကူပဲ ကွေးညွှတ်ပစ်လိုက်တယ်။
"မင်းတို့ ကုမ္ပဏီ ဘာလို့ ဝင်ငွေတွေ လျော့နည်းလာလဲဆိုတာ မင်းသိလား" လို့ ခေါင်းစွပ်အုပ်ထားတဲ့ လူက မေးလိုက်တယ်။
"ဘာလို့လဲဆိုတော့ သူတို့တွေက မင်းတို့အပေါ်ကို ယုံကြည်မှုတွေ လျော့နည်းလာကြလို့ပဲ။ ဟမ်းမားစတုန်း ကုမ္ပဏီက အကောင်းဆုံး ကိရိယာတန်ဆာပလာတွေကို ပေးစွမ်းနိုင်လောက်အောင်အထိ သန်မာမှု ရှိတယ်ဆိုတာကို သူတို့တွေ မယုံကြည်ကြတော့လို့ပါပဲ"
ဘွတ်ချ်ကတော့ သူ့ရဲ့ ခေါင်းကိုပဲ နှိမ့်ချလိုက်မိရှာတယ်။
"မင်းတို့ လုပ်ဖို့ လိုအပ်တာဆိုလို့ မင်းတို့ ဖန်တီးတဲ့ ဓားတွေနဲ့ အကာအကွယ်ဝတ်စုံတွေရဲ့ အရည်အသွေးကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေဖို့ပဲ ရှိတာ။ မင်းတို့အားလုံးက ဟက်ဖေးစတပ်စ် အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေကြတာဆိုတော့ ဒါက တကယ်တော့ လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ရမှာပါ။
ဒါပေမဲ့ ငါတို့မှာ ကွဲပြားခြားနားတဲ့အလုပ်တစ်ခု ရှိတယ်။ ငါတို့ရဲ့ စွမ်းအားတွေက ဟောဒီ စစ်သည်တော်တွေနဲ့ မှော်ဆရာတွေထက် အများကြီး ပိုမို ကောင်းမွန်နေတယ်ဆိုတာကို ငါတို့က မျက်မြင်ကိုယ်တွေ့ ပြသရမှာ ဖြစ်တယ်။ အဲဒီနည်းလမ်းနဲ့မှသာ ငါတို့က လူတွေရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်လို့ပါပဲ"
တစ်ဖက်မှာလည်း၊ မျက်နှာကျက်က ဆီမီးခွက်ကြီးတွေရဲ့ အရိပ်တွေကြားထဲမှာတော့၊ အပေါ်ကနေ ချောင်းမြောင်းကြည့်ရှုနေကြတဲ့ လူသုံးယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒါကတော့ မိုက်ကယ်နဲ့ အနောက်က အရိပ်အော့ခ် နှစ်ယောက်ကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
* * * * * * * * *