အခန်း (၂၃၉-၂၄၀)
Vol. 20 Ch. 239-240
အခန်း (၂၃၉)
ဇိုင်ယွန်ရဲ့ ကမ္ဘာဖျက် လက်ဝှေ့စစ်သည်တော် လက်သီးချက်ကြောင့် ဖိုက်ဗ် တစ်ယောက် နံရံဆီကို လွင့်ထွက်သွားခဲ့ရပါတယ်။
အရာအားလုံးက အရမ်းကို မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာ ဖြစ်လို့ ပွဲကြည့်စင်က လူတွေအနေနဲ့ ဖိုက်ဗ် နံရံကို သွားဆောင့်ပြီး ကွင်းပြင်တစ်ခုလုံး တုန်ခါသွားတာနဲ့ ဖုန်မှုန့် အပိုင်းအစတွေ လွင့်စင်သွားတာကို မမြင်ရခင်မှာ အရိပ်အယောင်လောက်ပဲ ဖျတ်ခနဲ မြင်လိုက်ရတာပါ။
လူအုပ်ကြီးက မတ်တတ်ရပ်လိုက်ကြပြီး တိုက်ပွဲက ပြီးသွားပြီလားဆိုတာကို သိရအောင် ဖုန်မှုန့်လှိုင်းလုံးကြီးတွေရဲ့ အနောက်ဘက်ဆကို လှမ်းကြည့်ဖို့ ကြိုးစားနေကြတယ်။
ဒါပေမဲ့ ဖုန်မှုန့်တွေ ငြိမ်သက်သွားတဲ့ အခါမှာတော့ ဖိုက်ဗ် တစ်ယောက် အပြာရောင် ဝတ်စုံကြီးကို အကောင်းအတိုင်း ဝတ်ဆင်ထားရင်းနဲ့ လုံးဝ ငြိမ်သက်စွာ မတ်တတ်ရပ်နေတုန်းပဲဆိုတာကို သူတို့ မြင်လိုက်ရတယ်။
သူ့ခန္ဓာကိုယ်ပေါ်မှာ ချိုင့်ခွက်တာ ဒါမှမဟုတ် အစင်းရာလေး တစ်ချက်တောင် ရှိမနေခဲ့ပါဘူး။ သူ့မျက်နှာပေါ်က အပြုံးကို ကြည့်ရုံနဲ့တင် ဇိုင်ယွန်ရဲ့ လက်သီးချက်က ဒီကတုံးနဲ့ လူအပေါ်မှာ ဘာထိခိုက်ပျက်စီးမှုမှ အဖတ်တင်အောင် မလုပ်နိုင်ခဲ့ဘူးဆိုတာကို လူတိုင်း သေချာသိလိုက်ဖို့အတွက် လုံလောက်တဲ့ သက်သေ ဖြစ်နေခဲ့ရတယ်။
"ဝိုး အဲဒီ လူတစ်ပိုင်းသတ္တဝါလေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲ သူ့ရဲ့ ထိုးနှက်ချက်တွေက တကယ်ကို ရူးချင်စရာပဲ"
"ဒါပေမဲ့ ဖိုက်ဗ်က အဲဒီလက်သီးချက်ကို ဘာမှမခံစားရဘဲ တည့်တည့်မတ်မတ် ခုခံနိုင်တာက ပိုပြီးတော့တင် အံ့ဩဖို့ ကောင်းသေးတယ် ဝတ်စုံကတော့ တကယ်ကို အစွမ်းထက်တာပဲ"
"ဟမ်းမားစတုန်း အဖွဲ့က ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့ လက်ရာမျိုးကို ဖန်တီးနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
ဖိုက်ဗ်က သူ့ရဲ့ ဝတ်စုံအပေါ် ချီးကျူးသံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ပြုံးလိုက်မိပါတယ်။ ဒါက သူ ကိုယ်တိုင် အထိုးခံခဲ့ရတဲ့ တကယ့် အကြောင်းပြချက် အစစ်အမှန်ပဲလေ။
"မင်းက ငါ့ဝတ်စုံရဲ့ ခွန်အားကို ပြသဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ နှိုင်းယှဉ်ချက်တစ်ခု ဖြစ်ပေးခဲ့တာပဲ အခုဆိုရင် သူတို့တွေလည်း ပစ္စည်းကောင်းကောင်း လိုချင်ရင် ဘယ်နေရာမှာ သွားဝယ်ရမလဲဆိုတာကို သိသွားကြပြီ" လို့ သူက ဇိုင်ယွန်ကို ပြောလိုက်တယ်။ "စိတ်မရှိပါနဲ့တော့ တို့တွေ ဒီတိုက်ပွဲကို အဆုံးသတ်ရတော့မယ်"
ဖိုက်ဗ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အခြေအနေအားလုံးကို စိုးမိုးထားတဲ့ အပြာရောင် မှော်စွမ်းအားတွေ ထွက်ပေါ်လာခဲ့ရပြီး လေထုထဲက လေဒြပ်စင်နဲ့ ရေဒြပ်စင် မှော်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ အေးခဲနေတဲ့ မန္တန်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့ရတာပါ။
"ဟက်ဖေးစတပ်စ် အေးစက်လှတဲ့ လေပြင်း" လို့ ဖိုက်ဗ်က အော်ဟစ်လိုက်ပြီး သူ့ရဲ့ လှံဦးကို ကြယ်လေးပွင့်အဆင့်ရှိတဲ့ ရေခဲမှော်အစွမ်းတွေနဲ့ အားဖြည့်လိုက်တယ်။ သူ့ခြေထောက်အောက်က ဖုန်မှုန့်တွေတောင် အေးခဲစပြုလာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ပွဲကြည့်စင်က လူတွေအားလုံး အံ့ဩဆွံ့အသွားခဲ့ကြရတယ်။
ဖိုက်ဗ်က ဇိုင်ယွန်ဆီကို တရှိန်ထိုး ပြေးဝင်လာခဲ့ပြီး အေးစက်လှတဲ့ လှံဦးနဲ့ လူငယ် ဒရာဂွန်ဘွန်းလေးရဲ့ ရင်ဘတ်ဆီကို တည့်တည့်မတ်မတ် ဦးတည်လိုက်တယ်။
ဇိုင်ယွန်က နောက်ဆုံး စက္ကန့်ပိုင်းအတွင်းမှာတင် ဘယ်ညာကို လျင်မြန်စွာ ရွှေ့လျားခြင်းအားဖြင့် ရှောင်ကွင်းလိုက်နိုင်ခဲ့ရပေမဲ့ လှံဦးကနေ ထက်မြလှတဲ့ ရေခဲစူးကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး လူငယ် ဒရာဂွန်ဘွန်းလေးရဲ့ အနောက်က နံရံကို အလွယ်တကူပဲ ထိုးဖောက်ဖျက်ဆီးပစ်လိုက်တာပါ။
ကတုံးနဲ့ လူက သူ့ရဲ့ လှံကြီးကို ဇိုင်ယွန်ဆီကို ဆက်တိုက် ဝှေ့ယမ်းနေခဲ့ရပြန်ပါတယ်။ အစောနတုန်းကနဲ့ မတူတာကတော့ သူ့ရဲ့ ဝှေ့ယမ်းချက်တိုင်းက ပြင်းထန်လှတဲ့ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ရေခဲဆူးကြီးတွေကို ထွက်ပေါ်လာစေခဲ့တာဖြစ်ပြီး အဲဒါတွေက ဘယ်လောက်ပဲ မာကြောလှတဲ့ သံမဏိဝတ်စုံတွေကိုမဆို အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိနေခဲ့တာကိုး။
လှံရဲ့ တိုက်စစ်ချက် တိုင်းကြောင့် ဇိုင်ယွန်တစ်ယောက် အနောက်ဘက်ဆီကို ပိုပြီးတော့တင် ဆုတ်ခွာပေးခဲ့ရရှာတယ်။
"ဆောင်းရာသီ အေးခဲစက်ဝန်း" လို့ ဖိုက်ဗ်က အော်ဟစ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခြေထောက်နှစ်ဖက်လုံးက အပြာရောင် ရေခဲပြင်ကြီးအဖြစ်ကို လုံးဝ ပြောင်းလဲသွားခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ခြေထောက်တစ်ခုလုံးက ရေခဲတောင်ကြီးတစ်ခုအဖြစ် အေးခဲသွားခဲ့ရသလိုမျိုးပါပဲ။
ခြေထောက်တွေဆီမှာ တန်ခိုးစွမ်းအားတွေ ပြည့်နှက်သွားခဲ့ရပြီးတဲ့နောက် ဖိုက်ဗ်က မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်တဲ့ အခါမှာတော့ ရေခဲတွေနဲ့ နှင်းခဲတွေက အပြင်ဘက်ဆီကို တလိပ်လိပ် ပြန့်နှံ့သွားခဲ့ရတာပေါ့။
"မင်း အမြဲတမ်းတော့ ထွက်ပြေးနေလို့ ရမှာ မဟုတ်ဘူးနော်" လို့ ဖိုက်ဗ်က လှောင်ပြောင်လိုက်ရင်း ရှေ့ကို တိုးလာခဲ့ပြီး သူ့ရဲ့ လှံကြီးနဲ့ ဇိုင်ယွန်ကို ဝှေ့ယမ်း တိုက်ခိုက်လိုက်ပြန်တယ်။
အေးစက်လှတဲ့ လှံဦးက အပေါ်ဘက်ကနေ သူ့ဆီကို ဦးတည်မလာခင် စက္ကန့်ပိုင်းအလိုမှာတင် ဇိုင်ယွန်ရဲ့ ခြေထောက်အောက်က မြေပြင်က ချောနေတဲ့ ရေခဲပြင်ကြီးအဖြစ်ကို လုံးဝ ပြောင်းလဲသွားခဲ့ရတာပါ။
ဖိုက်ဗ်ကတော့ ဒါဟာ လူငယ် ဒရာဂွန်ဘွန်းလေးကို လမ်းကြောင်းလွဲသွားစေခဲ့ပြီး သူ့ရဲ့ လှံတိုက်စစ်ဆင်မှုကနေ အချိန်မီ မရှောင်ကွင်းနိုင်တော့ဘဲ ဖြစ်သွားစေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ရမယ်လေ။
ဒါပေမဲ့လည်း သူက ဇိုင်ယွန်ရဲ့ ခွန်အားတွေကို တကယ့်ကို အထင်သေးမိခဲ့ပုံပါပဲ။
ဇိုင်ယွန်က လေထဲကို လက်သီးတစ်ချက် ပစ်သွင်းလိုက်ရုံတင် ရှိပါသေးတယ် အဲဒီက ထွက်ပေါ်လာတဲ့ လေဖိအားလှိုင်းကြီးက လှံရဲ့ လှုပ်ရှားမှု လမ်းကြောင်းကို လွှဲပြောင်းပစ်လိုက်နိုင်ခဲ့တာဖြစ်လို့ ရေခဲဆူးကြီးက သူ့ရဲ့ နားရွက်ဘေးကနေတင် ကပ်ပြီး လွဲချော်သွားခဲ့ရတာကိုး။
အဲဒီနောက်မှာတော့ သူက သူ့ခြေထောက်အောက်က မြေပြင်ဆီကို ဝမ်းတူး လက်သီးချက် တစ်ချက် ပစ်သွင်းလိုက်ပြန်ပါတယ်။ အဲဒီက ထွက်ပေါ်လာတဲ့ လေဖိအားလှိုင်းကြီးက မြေပြင်ပေါ်မှာ အက်ကြောင်းတွေနဲ့ ချိုင့်ခွက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့တာဖြစ်လို့ ရေခဲတွေကို ချောနေအောင် လုပ်ဆောင်နေခဲ့တဲ့ ညီညာတဲ့ မြေပြင်အနေအထားကို လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်ခဲ့တာ ဖြစ်ရမယ်လေ။
"နောက်ကျသွားပြီ" လို့ ဖိုက်ဗ်က အော်ဟစ်လိုက်ရင်း သူ့ရဲ့ လှံကို ဇိုင်ယွန်ဆီကို ပြန်လည် ညွှန်ပြလိုက်ပါတယ်။ "ရေခဲပိတ်ဆို့ခြင်း"
လှံဦးကနေ အပြာရောင် စွမ်းအင်လုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး သူ့ရဲ့ လမ်းကြောင်းပေါ်မှာ ပိတ်မိသွားခဲ့ရတဲ့ ကံမကောင်းရှာတဲ့ အရာမှန်သမျှကို ချက်ချင်းပဲ အေးခဲပစ်လိုက်တာပါ။
အေးခဲနေတဲ့ စွမ်းအင်လုံးကြီးက ထိတွေ့လိုက်တာနဲ့ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ရပြီး လူငယ် ဒရာဂွန်ဘွန်းလေးကို ရေခဲတောင်ကြီးတစ်ခုအဖြစ် လုံးဝ ပိတ်ဆို့သွားစေခဲ့ရတယ်။
ဒါပေမဲ့ ဖိုက်ဗ်ရဲ့ မျက်လုံးတွေက ဇဝေဇဝါ ဖြစ်သွားတဲ့ အရိပ်အယောင်တွေနဲ့အတူ ချက်ချင်း ပြူးကျယ်သွားခဲ့ရပါတယ် ဘာလို့လဲဆိုတော့ အဆိုပါ ရေခဲဆူးကြီးက ဖန်တီးတုန်းကလိုအရှိန်အဟုန်နဲ့ ချက်ချင်း ပြန်လည် အရည်ပျော်သွားခဲ့ရလို့ပါပဲ။ ရေခဲတောင်ကြီးက တရှိန်ထိုး ပျက်စီးသွားခဲ့ရတာကြောင့် လေထုထဲမှာ ရေနွေးငွေ့တွေနဲ့ မြူခိုးတွေက ချက်ချင်းပဲ တဟုန်းဟုန်း ထွက်ပေါ်လာခဲ့ရတယ်။
ဇိုင်ယွန်က ရေခဲတောင်ကြီးထဲကနေ ဘာဒဏ်ရာမှ မရဘဲ ဘေးကင်းလုံခြုံစွာနဲ့ ထွက်ပေါ်လာခဲ့ရတာပါ။ ဖိုက်ဗ်ကတော့ သူက ကြယ်လေးပွင့်မန္တန်တစ်ခုရဲ့ တိုက်ရိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်လို့ အနည်းဆုံးတော့ ရေခဲဒဏ်ကြောင့် အသားအရေ ပျက်စီးတာမျိုးတော့ ဖြစ်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ အဲဒီအချိန်ကျမှပဲ သူ သတိထားမိလိုက်တာက အဆိုပါ ရေခဲတောင်ကြီးက ဇိုင်ယွန်ကို ဘယ်တုန်းကမှ ပိတ်ဆို့နိုင်ခဲ့ခြင်း မရှိခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။ ဒရာဂွန်ဘွန်းလေးရဲ့ အကြေးခွံတွေဆီကို မန္တန်ရဲ့ စွမ်းအားတွေ မရောက်ရှိနိုင်ရလေအောင် တားဆီးပေးထားတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ အဝိုင်းပုံစံ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်တစ်ခု ရှိနေခဲ့ပုံရတာကိုး။ အဲဒါကပဲ ရေခဲတွေကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် အရည်ပျော်သွားစေခဲ့တဲ့ အချက်လည်း ဖြစ်နိုင်ခဲ့တာပါ။
"ဟင်း... ငါက အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ်ကို မသုံးဘဲနဲ့ အနိုင်ယူချင်ခဲ့တာကို" လို့ ဇိုင်ယွန်က ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အမူအရာမျိုးနဲ့ ပြောလိုက်ရရှာတယ်။
တကယ်တော့ သူတစ်ယောက်တည်းသာ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးနေခဲ့တာ ဖြစ်ပါတယ်။ ပွဲကြည့်စင်က လူတိုင်းကတော့ ကြယ်၃ပွင့်အဆင့်မှာပဲ ရှိသေးတဲ့ တိုက်ခိုက်ရေးသမားလေးတစ်ယောက်က ကြယ်၄ပွင့်မန္တန်တစ်ခုရဲ့ ရှေ့တန်း တိုက်စစ်အကုန်လုံးကို ဘယ်လိုမျိုး တောင့်ခံနိုင်ခဲ့ရသလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးထားခဲ့ကြတာ ဖြစ်လို့ပါပဲ။ သူက ဘာဒဏ်ရာမှမရဘဲ ဘေးကင်းလုံခြုံစွာနဲ့ ထွက်လာခဲ့တာလေ။ ဒါက ဘယ်လိုမှ မဖြစ်ပေါ်လာသင့်တဲ့ ကိစ္စတစ်ခု ဖြစ်ရမှာပါ။
"ကဲ... ဘာပဲဖြစ်ဖြစ်ပါလေ" လို့ ဇိုင်ယွန်က ပုခုံးတွန့်ပြလိုက်ရင်း ပြောလိုက်တယ် "ငါ အခုတော့ ငါ့ရဲ့ တကယ့် စွမ်းရည်တွေကို ထုတ်သုံးရတော့မယ့် ပုံပဲ"
ဇိုင်ယွန်က အိတ်ထဲမှ ချောကလက်တုံးကို ထုတ်ကာ လေထဲ မြှောက်ပြလိုက်တယ်။ ထို့နောက် ပါးစပ်ထဲ ပစ်ထည့်ကာ တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်တယ်။
ချက်ချင်းဆိုသလိုပင် ကွင်းပြင်တစ်ခုလုံး မှော်စွမ်းအင် ပေါက်ကွဲမှုကြီးနှင့်အတူ တုန်ဟိန်းသွားခဲ့တယ်။ ကျင့်ကြံခြင်းအကြောင်း ဘာမှမသိသည့် သာမန်အားပေးသူများပင် ဇိုင်ယွန်ထံမှ လျှံထွက်လာသော အဆမတန် မြင့်မားသည့် ခွန်အားလှိုင်း အရှိန်အဝါကို ထင်ထင်ရှားရှား ကြီးမားစွာ ခံစားလိုက်ရတာကိုး။
ကွင်းလယ်ရှိ ဖိုက်ဗ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားတဲ့ အရိပ်အယောင်များ ယှက်သန်းသွားခဲ့ရတယ်။ သူက အိတ်ထဲမှ မျက်မှန်တစ်ဖက်တပ်ကို ကပျာကယာ ထုတ်ယူကာ မျက်လုံးတွင် တပ်ဆင်ရင်း ဇိုင်ယွန်ကို စိုက်ကြည့်လိုက်တာပါ။
ထိုခဏ၌ပင် သူ သွေးပျက်သွားခဲ့ရတယ်။ ဇိုင်ယွန်၏ စွမ်းအင်ပင်လယ်အနီး၌ တောက်ပနေသော အလင်းစက် လေးခုက ရဲရဲတောက်နေတာကိုတွေ့လိုက်တယ်။
သူ ကြယ် ၄ ပွင့်အဆင့်ကို တက်လှမ်းသွားခဲ့ပြီပဲ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဖိုက်ဗ် ထိတ်လန့်တကြား အော်ဟစ်မိလိုက်တယ်။ နာမည်ကျော် ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုမှ အဆင့်မြင့် ကျင့်ကြံခြင်း ဆေးလုံးများပင် လျှပ်တစ်ပြက်အတွင်း ယခုကဲ့သို့ ပြင်းထန်သော ခွန်အားအပြောင်းအလဲမျိုးကို ဘယ်လိုမှ မဖန်တီးနိုင်ကြပါဘူး။ ဒါဟာ ဒေသတွင်းကလူတွေ မသိနိုင်တဲ့ အဆင့်မြင့် အချိုဓာတ်အရှိန်အစွမ်းရဲ့ တန်ခိုးစွမ်းအားပဲ ဖြစ်တယ်။ ချောကလက် တစ်တုံးတည်းဖြင့် ခွန်အားအမှတ်အသားကို ကြယ်တစ်ပွင့်အဆင့် ချက်ချင်း မြင့်တက်သွားစေခဲ့တာ ဖြစ်လို့ပါပဲ။
"မင်း အဆင်သင့်ဖြစ်ပြီလား... လာစမ်းပါ... ငါ့ကို နိုင်အောင် တိုက်ခိုက်ကြည့်စမ်း"
ဇိုင်ယွန်က မေးလိုက်ရင်း လူငယ် ဒရာဂွန်ဘွန်းပီပီ ပျာပျာသလဲ ဖြစ်နေသော ဖိုက်ဗ်ဆီသို့ တရှိန်ထိုး ပြေးဝင်သွားခဲ့တယ်။ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည့်အတွက် ကတုံးနှင့်လူ ဖိုက်ဗ်လည်း ချက်ချင်း စိတ်တည်ငြိမ်အောင် ထိန်းလိုက်ရပြီး လှံရှည်ကြီးကို ကိုင်ကာ ခံစစ်ပြင်လိုက်ရတယ်။
စက္ကန့်ပိုင်းအတွင်း ဖိုက်ဗ်၏ လှံဦးက ရှေ့သို့ အကြိမ်နှစ်ဆယ်ထက်မနည်း တရစပ် ထိုးနှက်သွားခဲ့တယ်။ ဇိုင်ယွန်အနေဖြင့် သူ့အနား ကပ်ရန်ပင် အခွင့်အရေး မရှိတော့ဘဲ ရှေ့သို့ တစ်လှမ်းတိုးမိသည်နှင့် ထိုရေခဲဆူးကြီးများက ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်သွားတော့မည့် အနေအထားမျိုးပဲလေ။
သို့သော် ဇိုင်ယွန်က အရှိန်အဟုန်မပျက်ဘဲ ရှေ့သို့သာ တိုးဝင်လာခဲ့တယ်။
သူက လက်နှစ်ဖက်ကို မေးစေ့နား ကပ်ကာ ခေါင်းငုံ့ထားပြီး၊ တရစပ် ထိုးနှက်လာသော လှံဦးများကြားမှ ဘယ်ညာကို လျင်မြန်လှပစွာ ရှောင်ကွင်းရင်း ရှေ့သို့ တိုးကပ်လာခဲ့တာကိုး။
"ဒမ်ပဆေး ရိုးလ် ..."
ဇိုင်ယွန် တိုးတိုးလေး ရေရွတ်လိုက်တယ်။ အရှိန်ပြင်းလွန်းသဖြင့် ဇိုင်ယွန်၏ ခန္ဓာကိုယ်က လမ်းတစ်လျှောက်လုံး ဝေဝါးသွားခဲ့ရပြီး ဘေးပတ်ပတ်လည်တွင် အရိပ်အယောင် ပုံရိပ်များပင် ပြည့်နှက်သွားစေခဲ့တာ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို မြင်လိုက်သည့်အခါ ဖိုက်ဗ်က လှံဦးကို ဇိုင်ယွန်၏ ခေါင်းတည့်တည့်သို့ ဦးတည်ကာ ပြင်းထန်စွာ ထိုးစိုက်လိုက်တယ်။ လူငယ် ဒရာဂွန်ဘွန်းလေးကတော့ အောက်ကိုငုံ့ရှောင်ဖို့ ဘာအားစိုက်ထုတ်မှုမှ မလုပ်ခဲ့ပါဘူး။
ချက်ခနဲ...။
အံ့ဩစရာကောင်းလှစွာပင် ဖိုက်ဗ်၏ လှံဦးက ဇိုင်ယွန်၏ ခေါင်းကို ဟာလာဟင်းလင်း ဖြတ်သန်းသွားခဲ့ရတယ်။ တံလျှပ် ပုံရိပ်ယောင်တစ်ခုကိုသာ ထိုးဖောက်လိုက်ရသလိုမျိုး ဖြစ်နေခဲ့ရတာကိုး။
ဖိုက်ဗ် တုန်လှုပ်သွားခဲ့ရပြီး အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရင်း လှံထိုးချက် အရှိန်ကို ပိုမိုမြှင့်တင်လိုက်ရတယ်။ လေထုထဲတွင် ရေခဲမှုန်များ တဖျတ်ဖျတ် လွင့်စင်သွားခဲ့ရသော်လည်း ဇိုင်ယွန်၏ ခန္ဓာကိုယ်ပေါ်က အကြေးခွံတစ်ခုကိုမျှ မထိမှန်နိုင်ခဲ့ကြပါဘူး။ လူငယ် ဒရာဂွန်ဘွန်းလေးက ဘယ်ညာကို စည်းချက်ကျကျ လှုပ်ရှားရင်း တိုက်စစ်မှန်သမျှကို ဘေးကင်းလုံခြုံစွာ ရှောင်ကွင်းနေခဲ့တာ ဖြစ်လို့ပါပဲ။
ဖိုက်ဗ် တစ်ယောက် ဇိုင်ယွန်နှင့် မျက်နှာချင်းဆိုင် အနီးကပ်အနေအထားသို့ ရောက်ရှိသွားခဲ့ရပြီဖြစ်ရာ ရှည်လျားသော လှံကြီး၏ အသာစီးရမှုက အသုံးမဝင်တော့ပါဘူး။ နောက်ဆုံးအနေဖြင့် ဖိုက်ဗ်က လှံတစ်ခုလုံးကို ထက်မြက်လှသည့် ရေခဲဆူးကြီးများဖြင့် ဖုံးလွှမ်းသွားစေပြီး ဇိုင်ယွန်ဆီသို့ အားကုန် ဝှေ့ယမ်း တိုက်ခိုက်လိုက်ရတယ်။
သို့သော် ဇိုင်ယွန်ကတော့ အောက်ကို အလွယ်တကူ ငုံ့ရှောင်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် အောက်တွင် ထိုင်နေသည့် အနေအထားမှနေ၍ ဇိုင်ယွန်က ညာဘက်လက်သီးထဲသို့ ခွန်အားအားလုံး စုစည်းလိုက်တာပေါ့။ အချိုဓာတ်အရှိန်အစွမ်း တန်ခိုးများ ပါဝင်နေသော သဟဇာတ ပေါင်းစည်းခြင်း မှော်စွမ်းအင်များက သွေးကြောများထဲ စီးဝင်သွားခဲ့ပြီး တကယ့်ကို ကြီးမားလှသည့် ခွန်အား ပမာဏကို ရရှိစေခဲ့တာ ဖြစ်လို့ပါပဲ။
ဇိုင်ယွန် မော့ကြည့်လိုက်သည့်အခါ ဖိုက်ဗ်၏ မျက်နှာပေါ်က သွေးပျက်နေသော အမူအရာကို မြင်လိုက်ရတယ်။
သူ ပြုံးလိုက်ပြီး... ပွဲသိမ်း ရွှေ့ကွက်ကို ထုတ်လိုက်ပါတယ်။
ဇိုင်ယွန်က ပင့်လက်သီး တစ်ချက်ဖြင့် အပေါ်သို့ တရှိန်ထိုး ခုန်တက်လိုက်ပြီး ဖိုက်ဗ်၏ ဝမ်းဗိုက်တည့်တည့်ဆီ ပြင်းထန်စွာ ပစ်သွင်းလိုက်တာကြောင့် ကတုံးနှင့်လူမှာ အပြင်ဘက်သို့ ဝုန်းခနဲ လွင့်ထွက်သွားခဲ့ရတော့တာပဲ။
* * * * * * * * *
စာစဉ်(၂၀)
အခန်း (၂၄၀)
ဝုန်း...
ဖိုက်ဗ်တစ်ယောက် နံရံဆီ လွင့်စင်သွားခဲ့ရပြီး ကြီးမားလှသည့် ဖုန်မှုန့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရတယ်။ ပွဲကြည့်စင်မှ လူများလည်း ဝုန်းခနဲ မတ်တတ်ရပ်လိုက်ကြပြီး ဖုန်မှုန့်များ ငြိမ်သက်သွားမည့် အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြရပါတယ်။
ဖုန်မှုန့်များ ကွာကျသွားသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။ ဖိုက်ဗ်အနေဖြင့် ဇိုင်ယွန်၏ တိုက်စစ်ကို ဘာမှမဖြစ်သလို ပယ်ဖျက်နိုင်စွမ်း မရှိတော့ပါဘူး။ သူက မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ရပြီး ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း နာကျင်စွာ ညည်းတွားနေတာ ဖြစ်လို့ပါပဲ။
"ဟားဟား... ဒါက တကယ်ကို ပျော်စရာကောင်းတာပဲ"
ဇိုင်ယွန်က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ခြေလှမ်းများကို စည်းချက်ကျကျ လှုပ်ရှားရင်း ပြောလိုက်တာပေါ့။
"အားး... ဟာ... မဖြစ်နိုင်တာ..." ဖိုက်ဗ် မြေပြင်ပေါ်က ဖုန်မှုန့်များကို လက်ဖြင့် ဆုပ်ကိုင်ရင်း တုန်တုန်ရီရီ ရေရွတ်မိလိုက်တယ်။
ပွဲကြည့်စင်က လူများအားလုံးကတော့ ဇိုင်ယွန်ကို ကြည့်ပြီး အဆုတ်ကွဲအက်မတတ် သောင်းသောင်းဖျဖျ အော်ဟစ် အားပေးလိုက်ကြပါတော့တယ်။
"ဝိုး... သူက ကြယ် ၄ ပွင့်အဆင့်ရှိတဲ့ တိုက်ခိုက်ရေးသမားကို အပြတ်အသတ် အနိုင်ယူလိုက်တာပဲ..."
"သူ စောစောက ဘာစားလိုက်တာလဲ... ချောကလက် မဟုတ်လား... ချောကလက် စားရင် အဲဒီလောက် သန်မာလာတာ တကယ်ကြီးလား... ငါ အခုပဲ သွားဝယ်တော့မယ်..."
"ဒါတင် ဘယ်ကမလဲ... သူ ဟိုလူ့ရဲ့ ရေခဲမှော်တွေကိုပါ မျက်စိနဲ့မမြင်ရတဲ့ ဒိုင်းတစ်ခုနဲ့ ခုခံလိုက်တာလေ... ဒါ သူတို့ကုမ္ပဏီက ထုတ်တဲ့ ဝတ်စုံစွမ်းအားပဲ ဖြစ်ရမယ်... တို့တွေ နောက်ကျရင် သူတို့ လက်နက်တိုက်ဆီ သွားကြည့်ရအောင်..."
ဒါဟာ တကယ့်ကို အပြတ်အသတ် အသာစီးရယူခဲ့သည့် ခွန်အားပြသမှုတစ်ခုပါပဲ။ ဇိုင်ယွန်က ပြင်းထန်လှသည့် ခွန်အားတင်မကဘဲ ကြယ် ၄ ပွင့်အဆင့် ရေခဲတိုက်ခိုက်ရေးသမား၏ စွမ်းအားကို တောင့်ခံနိုင်တဲ့ ခိုင်မာလှသည့် ခံစစ်အစွမ်းကိုပါ ပြသနိုင်ခဲ့တာ ဖြစ်လို့ပါပဲ။
"ဟုတ်တယ်... ငါ သိသားပဲ... ငါ့ညီက သေချာပေါက် အနိုင်ရမှာ..." ဖတ်ချ်က အားရပါးရ အော်ဟစ်လိုက်တယ်။ "သူ့အတွက်တော့ တကယ်ကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပဲ..."
"တကယ့်ကို ထိပ်တန်းအဆင့် တိုက်ခိုက်ရေး စွမ်းရည်တွေပဲ..." ဂရီးဗ်ကလည်း လှမ်းပြီး ချီးကျူးစကား ဆိုရှာပါတယ်။
ဇိုင်ယွန်ကတော့ သူ့ထံ ဦးတည်လာသည့် လက်ခုပ်သံများနှင့် ချီးကျူးသံများကို ဝမ်းမြောက်ဝမ်းသာ ခံစားနေခဲ့ရတာပေါ့။ သူက ပွဲကြည့်စင်ဘက်သို့ လက်သီးချက်အချို့ လေထဲ ပစ်သွင်းပြလိုက်သေးတာကြောင့် ပွဲကြည့်စင်ကြီးတစ်ခုလုံး ပိုမို ဆူညံပွက်လောရိုက်သွားခဲ့ရတယ်။
သို့သော် ကွင်းထဲက လူအားလုံး မသိလိုက်ရသည့် အချက်ကတော့ ဖိုက်ဗ်တစ်ယောက် အရှုံးမပေးသေးဘူးဆိုတဲ့ အချက်ပါပဲ။ သူက အိတ်ထဲမှ အဖြူရောင် ဆေးလုံးလေးတစ်လုံးကို တိတ်တဆိတ် ထုတ်ယူကာ သွားဖြင့် ကိုက်ဝါးပစ်လိုက်တာကိုး။
ဆေးလုံးက အမှုန့်လေးများအဖြစ် ကွဲအက်သွားပြီး ခန္ဓာကိုယ်ထဲ ချက်ချင်း စိမ့်ဝင်သွားခဲ့ရတယ်။ အဆမတန် မြင့်မားလှသည့် မှော်စွမ်းအင်များကြောင့် သူ့ခန္ဓာကိုယ်က ရူးသွပ်စွာ တုံ့ပြန်လာခဲ့ရတာပေါ့။ အသစ်ရရှိလာသော စွမ်းအားများက ရင်ဘတ်ထဲက ကျိုးအက်နေသည့် နံရိုး ရှစ်ချောင်းကို ယာယီ ပြန်လည်ကုသပေးလိုက်သလို၊ ဇိုင်ယွန်၏လက်သီးချက်ကြောင့် ရရှိထားသည့် အတွင်းဒဏ်ရာများကိုပါ အကုန်လုံး ပြန်လည် ပြုပြင်ပေးလိုက်နိုင်သွားတယ်။
ဒါပေမဲ့လည်း ဆေး၏ အကျိုးဆက်ကြောင့် ဖိုက်ဗ်၏ မျက်လုံးများ နီရဲလာခဲ့ရပြီး မျက်နှာပေါ်က ကြွက်သားများကလည်း အလိုအလျောက် တုန်ရင်နေတယ်။
ဖိုက်ဗ်က အသစ်ရရှိလာသော စွန်အားရိုင်းများနှင့်အတူ ဇိုင်ယွန်ဆီသို့ ဝုန်းခနဲ တရှိန်ထိုး ပြေးဝင်လာခဲ့ပြန်ပါတယ်။
သို့သော် လူငယ် ဒရာဂွန်ဘွန်းလေးကလည်း လျင်မြန်စွာ နောက်ပြန်လှည့်လိုက်ပြီး ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးပါ။
ထိုအချိန်ကျမှပင် လူတိုင်း ဇိုင်ယွန်၏ လက်ထဲတွင် ခရမ်းရောင် အက်ကြောင်းများ ပြည့်နှက်နေသော အနက်ရောင် လက်ဝှေ့အိတ်ကြီးကို ကိုင်ဆောင်ထားသည်ကို သတိပြုမိသွားကြတာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်၏ အရှိန်အဝါက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြရတာကိုး။
သို့သော် ကံမကောင်းစွာဖြင့် ဇိုင်ယွန်က လက်ဝှေ့အိတ်ကို မြှောက်ကာ ညာလက်ဖြင့် တည့်တည့်မတ်မတ် ထိုးနှက်ချက်တစ်ချက် ပစ်သွင်းလိုက်ရာ ဖိုက်ဗ်၏ လှံဦးနှင့် တိုက်ရိုက် ထိတွေ့သွားခဲ့ရတာပါပဲ။
ချွင်... ကွဲအက်သံကြီးနှင့်အတူ...
လက်နက်နှစ်ခု ထိခိုက်မိသွားသဖြင့် ကွင်းပြင်အလယ်တွင် မီးပွားများ လွင့်စင်ထွက်ပေါ်လာခဲ့ရတယ်။ မှော်ပညာအကြောင်း နားလည်ကြသည့် စစ်သည်တော်အချို့ကတော့ ဇိုင်ယွန်၏ လက်ဝှေ့အိတ်ထဲမှတစ်ဆင့် ဒြပ်စင်အစုံပါသည့် မှော်စွမ်းအင်များက တစ်ခါမှမကြုံဖူးသော အရှိန်အဟုန်မျိုးဖြင့် ဝုန်းခနဲ ပေါက်ကွဲထွက်လာတာကို ချက်ချင်း သတိထားမိသွားကြတာ ဖြစ်ရမှာပေါ့။
အဲဒါက တကယ်ကို ပြင်းထန်လှတာဖြစ်လို့ ဖိုက်ဗ်၏ အသစ်ရရှိလာသော တိုက်စစ်ခွန်အားများကိုပါ အပြတ်အသတ် အသာစီးရယူကာ အနောက်သို့ တွန်းထုတ်ပစ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အကယ်၍ ဖိုက်ဗ်သာ အဆိုပါ ဆေးလုံးကို စားသုံးမထားခဲ့ပါက ဇိုင်ယွန်၏ လက်ဝှေ့အိတ်ထဲမှာ ဖုံးကွယ်နေသည့် တကယ့် စွမ်းအားအစစ်အမှန်ကို ချက်ချင်း ရိပ်မိသွားမှာဖြစ်ပြီး လက်နက်ချင်း ရိုက်ခတ်မိလျှင် ဘာရလဒ်မျိုးနှင့် ရင်ဆိုင်ရမလဲဆိုတာကို ကြိုတင် သိရှိသွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကံဆိုးစွာဖြင့် သူ့ရဲ့ အသစ်ရရှိလာတဲ့ စွမ်းအားတွေက သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို လုံးဝ ဖျက်ဆီးပစ်လိုက်ခဲ့တာလေ။
လက်ဝှေ့အိတ်၏ စွမ်းအား ပေါက်ကွဲမှုကြောင့် လှံဦးက အနောက်ဘက်သို့ လွင့်ထွက်သွားခဲ့ရတယ်။ ပြင်းထန်လှသည့် ခွန်အားများကြောင့် လှံတံကြီးက ဘယ်လိုမှ မဖြစ်နိုင်သော ပုံစံမျိုးဖြင့် ကွေးညွတ်သွားခဲ့ရပြီးနောက် နောက်ဆုံးတွင်တော့ အရှိန်ကို မတောင့်ခံနိုင်တော့ဘဲ အပိုင်းအစ တစ်ထောင်လောက်အဖြစ် ကွဲအက်သွားခဲ့ရရှာတာပေါ့။
ဒါပေမဲ့ ဒါဟာ အဆုံးသတ် မဟုတ်သေးပါဘူး။ ဇိုင်ယွန်၏ လက်သီးချက်က အရှိန်အဟုန်မပျက်ဘဲ ဖိုက်ဗ်၏ ရင်ဘတ်တည့်တည့်ဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့ရတာ ဖြစ်လို့ပါပဲ။
ဖိုက်ဗ်၏ အပြာရောင် ရေခဲဝတ်စုံကြီးပေါ်တွင် နှင်းခဲများ ပြည့်နှက်လာခဲ့ရပြီး လက်ဝှေ့အိတ်ဆီမှ ထွက်ပေါ်လာသော သဟဇာတ ပေါင်းစည်းခြင်း စွမ်းအားများကို ခုခံရန် အတင်းအကျပ် ကြိုးစားနေခဲ့ရှာတယ်။ ဖိုက်ဗ်၏ မျက်နှာကတော့ အဆိုပါ လက်သီးချက်၏ ပြင်းထန်လှသော ခွန်အားများကို အတင်းအဓမ္မ တောင့်ခံဖို့ ကြိုးစားနေရတာဖြစ်လို့ ဆိုးဆိုးရွားရွား ရှုံ့တွနေခဲ့ရတာပေါ့။
သို့သော် နောက်ဆုံးတွင်တော့ ဝတ်စုံပေါ်က ရေခဲများ ချက်ချင်း အရည်ပျော်သွားခဲ့ရတယ်။ ရင်ဘတ်အကာအကွယ်ဆီသို့ အဆက်မပြတ် စီးဝင်နေခဲ့သော ရေဒြပ်စင်နှင့် လေဒြပ်စင် မှော်စွမ်းအင်များက သဟဇာတ ပေါင်းစည်းခြင်း လက်ဝှေ့အိတ်ထဲမှာ ပါဝင်နေသည့် မီးဒြပ်စင်နှင့် မြေဒြပ်စင် မှော်စွမ်းအင်များ၏ တန်ပြန် တိုက်ခိုက်ခြင်းကို ခံလိုက်ရလို့ပါပဲ။
အာတိတ်စွန်းဒေသက ရေခဲတောင်ကြီးများလိုမျိုး ဘယ်တော့မှ မပျက်စီးနိုင်ဘဲ ထာဝရ တည်တံ့နေမည့် ပုံစံမျိုးဖြင့် ပြုလုပ်ထားခဲ့သည့် အပြာရောင် ရေခဲဝတ်စုံကြီးက နောက်ဆုံး အနေဖြင့် စွမ်းရည် ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်စေခဲ့ရပြီးနောက် အရောင်အဝါများနှင့် စွမ်းအားအားလုံး လုံးဝ ဆုံးရှုံးသွားခဲ့ရပါတော့တယ်။
ဂျွတ်... ခရန်း...
သတ္တု ရင်ဘတ်အကာအကွယ်ကြီးက ဇိုင်ယွန်၏ လက်သီးချက်ကြောင့် လုံးဝကို ကွဲအက် ပျက်စီးသွားခဲ့ရတာဖြစ်လို့ ဝတ်စုံတစ်ခုလုံးက အမှိုက်ပုံထဲ ပစ်ထည့်ရုံကလွဲလို့ ဘာမှ အသုံးမဝင်တော့တဲ့ အဆင့်အထိ ဖြစ်သွားခဲ့ရတာပေါ့။
ဖိုက်ဗ်က ကိုယ်ပိုင်ဝတ်စုံကြီး ပျက်စီးသွားတာကို ကြည့်ပြီး မယုံနိုင်အောင် ဖြစ်နေမိရရှာတယ်။ သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးများကပင် ရင်ထဲမှာ ခံစားနေရသည့် နာကျင်မှုများနှင့် စိုးရိမ်ပူပန်မှုများကို အပြည့်အဝ ဖော်ပြပေးနိုင်ခြင်း မရှိခဲ့ကြပါဘူး။ အခုအချိန်ကျမှပဲ သူက ဇိုင်ယွန်ကို မော့ကြည့်လိုက်မိပြီး သူ ရှုံးနိမ့်သွားခဲ့ရပြီဆိုတဲ့ အချက်ကို အမှန်အတိုင်း သဘောပေါက်သွားခဲ့ရတာပါ။
"မင်း... နိုင်ပါတယ်..."
ဖိုက်ဗ်က ကျန်ရှိနေသော နောက်ဆုံး ခွန်အားလေးဖြင့် တိုးတိုးလေး ပြောလိုက်ရှာတယ်။ ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရတာဖြစ်တာကြောင့် တိုက်ပွဲတစ်ခုလုံးက အပြီးသတ် ငြိမ်သက်သွားခဲ့ရတယ်။
လူအုပ်ကြီးက စက္ကန့်ပိုင်းလောက် ဆွံ့အသွားခဲ့ကြရပြီးမှ အရင်ကထက် အဆမတန် ကျယ်လောင်လှသည့် လက်ခုပ်တီးသံကြီးများနှင့် ပြန်လည် အော်ဟစ် အားပေးလိုက်ကြတာပါ။ သူတို့တွေက ဇိုင်ယွန်ဆီသို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်း အမျိုးမျိုးကိုပါ လှမ်းပြီး ပစ်ပေါက်ပေးနေခဲ့ကြတာကိုး။
လူငယ် ဒရာဂွန်ဘွန်းလေးက သူ့ဆီ ဦးတည်လာသည့် အလံများနှင့် လက်ကိုင်ပဝါများကို ကြည့်လိုက်ပြီး အောင်ပွဲရရှိသည့် အထိမ်းအမှတ်အနေဖြင့် လက်ကို အပေါ်သို့ မြှောက်ပြလိုက်ပါတယ်။
"ငါက ရီနေးတားနိုင်ငံသားကွ..."
သူ့ရဲ့ ကြွေးကြော်သံကြောင့် ပွဲကြည့်စင်က လူများအားလုံးက ဖိုက်ဗ်အပေါ် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် သူ့ရဲ့ ဂုဏ်သရေအတွက် "ရီနေးတား... ရီနေးတား..." ဟု တစ်ညီတညွတ်တည်း သောင်းသောင်းဖျဖျ အော်ဟစ် အားပေးလိုက်ကြပါတော့တယ်။
"ဟမ်းမားစတုန်း အဖွဲ့က ထုတ်တဲ့ ဝတ်စုံတွေက ဒါထက် ပိုပြီး သန်မာရမှာ မဟုတ်ဘူးလား လူတစ်ပိုင်းသတ္တဝါလေးက ဟိုလူ့ရဲ့ ဝတ်စုံကြီးကို လုံးဝကို ဖျက်ဆီးပစ်လိုက်တာပဲ"
"တို့တွေ သူ့ရဲ့ လက်ဝှေ့အိတ်အကြောင်းကို စကားပြောဖို့ လိုအပ်လာပြီ ထင်တယ် အဲဒါက ဘယ်လိုမျိုး စွမ်းအားကြီးလဲဟင် ကြည့်ရတာ တောင်တစ်လုံးကိုတောင် အလွယ်တကူ ဖြတ်တောက်နိုင်စွမ်း ရှိမယ့် ပုံပဲ"
"ရီနေးတား ရီနေးတား ရီနေးတား ငါ အခုကစပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေရဲ့ ပရိသတ်ကြီး ဖြစ်လာတော့မှာ အသေအချာပဲ သူတို့ရဲ့ ချောကလက်တွေနဲ့ ဝတ်စုံတွေကို တကယ်ကို ဝယ်ယူချင်မိတာပေါ့"
စစ်သည်တော်များရုံးတော် က စစ်သည်တော်ကြီးတွေတောင်မှ လူငယ် ဒရာဂွန်ဘွန်းလေးကို လာရောက် ဂုဏ်ပြုပေးခဲ့ကြရပါတယ်။ သူက ဖိုက်ဗ်ကို အပြတ်အသတ် အနိုင်ယူပြီး ဝတ်စုံကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တာ ဖြစ်လို့ သူတို့ရဲ့ ပျက်စီးသွားခဲ့ရတဲ့ ဂုဏ်သိက္ခာတွေကို အောင်အောင်မြင်မြင် ပြန်လည် ဆယ်ယူပေးနိုင်ခဲ့တာ ဖြစ်လို့ပါပဲ။
တစ်ဖက်မှာလည်း မိုက်ကယ်ကတော့ ပွဲကြည့်စင်ပေါ်ကနေ ဇိုင်ယွန်အတွက် လက်ခုပ်တီးပြီး အားပေးနေခဲ့တာပေါ့။ ကိုယ်ပိုင် စိတ်ကြိုက် ပြင်ဆင်ထားတဲ့ ကိုယ်ခံပညာရပ်မန္တန် တွေရဲ့ စွမ်းအားတွေကို မြင်တွေ့လိုက်ရတာက အနာဂတ်မှာ နိုဗာ ကို နောက်ထပ် အဆင့်မြှင့်တင်ဖို့ တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အရေးကြီးမှုကို ပိုမို ခိုင်မာသွားစေခဲ့တာ ဖြစ်ရမယ်လေ။
သူကတော့ အစတုန်းက လက်သီးချက် စွမ်းရည်တွေက သူ့ရဲ့ အရင်ဘဝတုန်းကတင် မြင်ဖူးခဲ့ရတဲ့ အရာတွေ ဖြစ်တာကြောင့် ဒီကမ္ဘာမှာ တကယ်ကြီး အလုပ်ဖြစ်ပါ့မလားဆိုတာ သေချာ မသိခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူက အဆိုပါ သာမန် လှုပ်ရှားမှုတွေကို မှော်စွမ်းအင်တွေနဲ့ အားဖြည့်ထားတဲ့ အရာတစ်ခုအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်လို့ပါပဲ။
မိုက်ကယ်အနေနဲ့ သူ့ရဲ့ ခေတ်သစ် ကမ္ဘာပေါ်က ဘဝတုန်းကနေ ယူသုံးလို့ရမယ့် တခြားသော လှုပ်ရှားမှုတွေ အများကြီး ရှိနေသေးတာဖြစ်ပြီး အချို့အရာတွေက တခြားသော ဒရာဂွန်ဘွန်းတွေအတွက်ပါ တကယ့်ကို အကိုက်ညီဆုံး ဖြစ်နေမှာ အသေအချာပါပဲ။
အဲဒီအကြောင်းကို စဉ်းစားနေတုန်းမှာပဲ မိုက်ကယ်ရဲ့ အောက်က အရိပ်က ရုတ်တရက် လှုပ်ရှားလာခဲ့ရပြီး အခြားတစ်ဖက်ကနေ ထွက်ပေါ်လာတဲ့ ရှီနာရဲ့ စကားသံက ပဲ့တင်ထပ်သွားခဲ့ရပါတယ်။
"သခင်ကြီး မိုက်ကယ်... ကျွန်မရဲ့ မောင်လေးက တကယ့်ကို ပျော်ပျော်ပါးပါး ကစားနေခဲ့တယ်လို့ ကြားသိရပါတယ်နော်..."
မိုက်ကယ်ကတော့ အားနာတဲ့ အမူအရာမျိုးနဲ့ ခေါင်းကိုပဲ ကုတ်နေမိရရှာတယ်။
"အာ... ဟုတ်တယ်၊ ဒါက သေးငယ်တဲ့ စမ်းသပ်မှုလေးတစ်ခု တင်ပါပဲ"
"ဟင်း... ကျွန်မအနေနဲ့ သခင်ကြီး မိုက်ကယ်ကို သတိပေးစကားလေး တစ်ချက် ပြောခဲ့ပါရစေ၊ များသောအားဖြင့်တော့... အစ်ကို ဒါမှမဟုတ် အစ်မ ဖြစ်တဲ့သူတွေကသာ လက်ဆောင်ပစ္စည်းတွေကို ပထမဆုံးအကြိမ်အဖြစ် ရရှိခွင့် ရှိကြတာ စံပြ အလေ့အထတစ်ခု ဖြစ်ရမှာပါ..."
"ဟားဟား ဒါပေါ့၊ ဒါပေါ့... အာ... သေစမ်း၊ ဒီမှာ လိုင်းတွေက ရုတ်တရက် ပြတ်တောက်သွားခဲ့ရပြန်ပြီ မှော်စွမ်းအား အချက်ပြမှုက တကယ့်ကို အားနည်းလွန်းနေတယ်"
မိုက်ကယ်ကတော့ သူ့ရဲ့ ဆင်ခြေက ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးဆိုတာကို သိနေပေမဲ့လည်း အဆိုပါ စကားဝိုင်းထဲကနေ အမြန်ဆုံးပဲ ရှောင်ကွင်းခဲ့ရရှာတာပေါ့။
"ဒရာဂွန်ဘွန်းတွေကတော့ သူတို့ဘာသာပဲ တကယ့်ကို ကြီးကျယ်လှတဲ့ စစ်သူကြီးတွေ ဖြစ်လာကြမှာ အသေအချာပါပဲ" လို့ ဂရီးဗ်က ဆိုပါတယ်။
"သူတို့တွေ စစ်တပ်တစ်ခုကို အမိန့်ပေးနိုင်မယ့် ပါရမီမျိုး ရှိမရှိကိုတော့ ကျွန်တော် သေချာမသိရသေးပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းအားတွေကတော့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရဖို့အတွက် သေချာပေါက် လုံလောက်လှပါတယ်... အနည်းဆုံးတော့ ကျွန်တော် အဲဒီအတိုင်းပဲ ထင်တာပေါ့"
မိုက်ကယ်လည်း ဇိုင်ယွန်တစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ စစ်တပ်တစ်ခုကို ကိုယ်တိုင် ဦးဆောင်နေမယ့် ပုံစံမျိုးကိုတော့ ဘယ်လိုမှ စိတ်ကူးလို့ မရပါဘူး။ ဒါပေမဲ့လည်း လူငယ် ဒရာဂွန်ဘွန်းလေးကတော့ တကယ့်ကို အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတဲ့သူတစ်ယောက် ဖြစ်နေတုန်းပါပဲ။
ကွင်းပြင်ထဲက တိုက်ပွဲ ပြီးသွားခဲ့ရပြီးတဲ့နောက်မှာတော့ မိုက်ကယ်နဲ့ ဒရာကွန်ဘွန်းတွေဟာ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ က စစ်သည်တော်ကြီးတွေကို လူပုဘီယာ သောက်ရမယ့် ပုံစံအမှန်ကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခဲ့ကြတာပေါ့။ လက်တစ်ဖက်က ခါးထောက်ထားပြီး ဘီယာခွက်ကြီးကို တစ်ကျိုက်တည်းနဲ့ ကုန်အောင် မော့သောက်ရမယ့် ပုံစံမျိုးကိုလေ။
သူတို့တွေကတော့ တရားမျှတလှတဲ့ စစ်သည်တော်ကြီးတွေအပေါ်မှာ မသိလိုက်ဘဲနဲ့ တကယ့်ကို မကောင်းတဲ့ အလေ့အထတွေကို ပြသပေးမိခဲ့ကြတာလည်း ဖြစ်နိုင်ခဲ့တာပါ။
* * * * * * * * *