အခန်း (၂၅၁-၂၅၂)
Vol. 21 Ch. 251-252
အခန်း(၂၅၁)
"ဟူး... ငါတို့တွေ နောက်မှ ဒီကိစ္စကို လုပ်လို့ မရဘူးလား" ဂျာကူက ဝတ်ရုံခြုံထားတဲ့ ထိုလူကို လှမ်းပြောလိုက်ပါတယ်။
"သခင်ကြီး... ဒီလူကို ကြည့်စမ်းပါဦး၊ ကျွန်တော့်အိပ်နေတာကို လာပြီး ဖျက်ဆီးနေတာ"
ဝတ်ရုံခြုံထားတဲ့ ထိုလူက တဟားဟားနဲ့ ရယ်မောလိုက်ပြီး "ဒီနေရာမှာ မင်းကို ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိဘူး၊ ငါက အကြွေးကိစ္စတွေကို ရှင်းဖို့အတွက် အထူး ရောက်လာခဲ့တာ" လို့ ဆိုပါတယ်။
ထိုလူက သူ့ရဲ့ လက်မောင်းကို မြှောက်လိုက်ရာ ဝတ်ရုံရဲ့ အောက်ကနေ ဓားကောက်ကြီး တစ်လက် ထွက်ပေါ်လာပြီး ဂျာကူရဲ့ မျက်နှာဆီကို ချိန်ရွယ်လိုက်ပါတယ်။ လရောင်အောက်မှာ ဓားက တလက်လက် တောက်နေပြီး တကယ့်ကို ထက်မြက်လွန်းနေတာကို မြင်လိုက်ရပါတယ်။
"မင်းတို့ ဒရာဂွန်ဘွန်းတွေထဲက တစ်ယောက်က ငါတို့လူကို အနိုင်ယူသွားခဲ့တယ်လေ။ မင်း အနိုင်ရသွားတာက မင်းရဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ ငါတို့လူက စွမ်းဆောင်ရည် ကျဆင်းသွားလို့ဆိုတာကို ပြသဖို့အတွက် ငါ ဒီနေရာကို ရောက်လာခဲ့တာ။ အဲဒီ အမှားကို ပြင်ဆင်ဖို့အတွက် ငါ ရောက်လာခဲ့တာပဲ"
မိုက်ကယ်ကတော့ အဝေးကနေ ဒီမြင်ကွင်းကို စောင့်ကြည့်နေတာပါ။
"ဂျာကူက စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ထဲက နံပါတ် ၂ အကောင်းဆုံး စစ်သည်တော်နဲ့ ရင်ဆိုင်နေရတာပဲ"
သူတို့တွေထဲမှာ ဝတ်ရုံခြုံထားတဲ့သူနဲ့ ရင်ဆိုင်နေရတာ ဂျာကူ တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြား တစ်နေရာမှာလည်း အလားတူပဲ ဖြစ်ပျက်နေတာပါ။
နောက်ထပ် မြင်ကွင်းတစ်ခုမှာတော့ အူမီစုက လူမရှိသလောက် ခြောက်ကပ်နေတဲ့ စာကြည့်တိုက်ထဲမှာ ထိုင်နေစဉ် ဝတ်ရုံခြုံထားတဲ့သူ တစ်ယောက်က အရိပ်ထဲကနေ တိတ်တဆိတ် ထွက်လာခဲ့ပါတယ်။
"...အိုး... မကောင်းတော့ပါဘူး" လို့ အူမီစုက တိုးတိုးလေး ရေရွတ်မိလိုက်ပါတယ်။
"စာအုပ်တွေက ဘယ်လိုလုပ်မလဲ... အကုန် ပျက်စီးကုန်တော့မှာပဲ"
ဝတ်ရုံခြုံထားတဲ့ ထိုလူက အူမီစု သူ့ဘက်ကို လှည့်ကြည့်လိုက်တာကြောင့် ခဏလောက် ရပ်တန့်သွားခဲ့ပါတယ်။ ထိုလူက ခဏလောက် ကြောင်သွားခဲ့ပေမဲ့ နောက်တော့ တဟားဟား ရယ်မောလိုက်ပါတယ်။
"လူတစ်ပိုင်း သတ္တဝါဆိုပေမဲ့ မဆိုးပါဘူး" လို့ ဝတ်ရုံခြုံထားတဲ့ ထိုလူက ဆိုပါတယ်။
"ငါတော့ အများကြီး မမျှော်လင့်ထားခဲ့ပေမဲ့ ဖိုက်ဗ် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ နားလည်သွားပြီ"
ဝတ်ရုံခြုံထားတဲ့ ထိုလူက ဝတ်ရုံကို ချွတ်လိုက်တဲ့အခါ ခေါင်းပေါ်မှာ နံပါတ် '၃' ပုံစံအတိုင်း ထောင်မတ်နေတဲ့ ဆံပင်အရှည်ကြီးတွေကို မြင်လိုက်ရပါတယ်။
"ငါတို့နှစ်ယောက် တိုက်ခိုက်ကြရတော့မယ်" လို့ သူမက ပြောလိုက်ပါတယ်။
အူမီစုက ခေါင်းကို ခါယမ်းလိုက်ပြီး "အိုး... မဟုတ်ပါဘူး... စာအုပ်တွေကကော... ငါ အကုန် ဖျက်ဆီးပစ်မိတော့မှာပဲ" လို့ ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မိုက်ကယ်ရဲ့ စိတ်သက်သာရာ ရစေမယ့် အသံက အရိပ်တွေထဲကနေ ထွက်ပေါ်လာပြီး စိုးရိမ်နေတဲ့ ဒရာဂွန်ဘွန်းမလေးကို နှစ်သိမ့်ပေးလိုက်ပါတယ်။
"တကယ်လား သခင်ကြီး။ ကျွန်မ စာအုပ်တွေကို ပြန်အစားထိုးပေးမှာလား။ ပျော်လိုက်တာ"
စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ဝင် ၃ ကတော့ အူမီစုကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သူမကတော့ ဒရာဂွန်ဘွန်းမလေး တစ်ယောက်တည်း ရူးနေပြီး အရိပ်တွေနဲ့ စကားပြောနေတယ်လို့ ထင်နေခဲ့တာပါ။
မိုက်ကယ်ကတော့ စာအုပ်စင်တွေရဲ့ အကြားက မှောင်မိုက်နေတဲ့ နေရာတွေရဲ့ အနောက်ကွယ်မှာ ရှိနေတာ ဖြစ်ပါတယ်။
"သခင်ကြီး... နောက်ထပ် ဝတ်ရုံခြုံထားတဲ့သူ တစ်ယောက် ကျန်သေးတယ်" လို့ ဖတ်ချ်က သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ နောက်ဆုံး ပြကွက်ဆီကို မိုက်ကယ်ရဲ့ အာရုံကို ဆွဲခေါ်လိုက်ပါတယ်။
ဒီတစ်ခါ မြင်ကွင်းကတော့ အန်ဂိုရာမြို့ရဲ့ အပြင်ဘက်မှာ ရှိတဲ့ တောအုပ်တစ်ခုလို မြင်ကွင်းမျိုးပါ။
သစ်ရွက်တွေရဲ့ အောက်မှာတော့ ကြွက်နီကြီးတွေလိုဖြစ်နေတဲ့ အနီရောင်မျောက်လူ နှစ်ကောင်က ကြယ်တွေအောက်မှာ စခန်းချနေတာကို မိုက်ကယ် မြင်လိုက်ရပါတယ်။ သူတို့တွေက မီးပုံဘေးမှာ စုရုံးနေခဲ့ကြပြီး တောထဲမှာ ထင်းခြောက်တွေ ကျိုးသံက ပဲ့တင်ထပ်နေပါတယ်။
သူတို့တွေက လေ့ကျင့်ရေး တင်းကြပ်စွာ လုပ်ဆောင်ပြီးနောက်မှာတော့ အတော်လေး ပင်ပန်းနေပုံရပြီး တစ်ယောက်နဲ့တစ်ယောက် ကျောတွေကို နှိပ်ပေးကာ လက်နက်တွေကို ပွတ်တိုက်နေခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ အဝေးကနေ တုတ်ချောင်းတစ်ခု ကျိုးသွားသံ ထွက်ပေါ်လာတာကြောင့် အနီရောက်မျောက်လူတွေကို သတိထားမိသွားစေခဲ့ပါတယ်။
"တောက်... ဒီကောင်တွေကို လိုက်လာရင် တန်ဖိုးရှိတဲ့ အရာတစ်ခုခုတော့ တွေ့လိမ့်မယ်လို့ ထင်ခဲ့တာ။ အလကားပဲ။ မင်းတို့က အနီရောင်မျောက်လူ အုပ်စုလေးတွေပဲလေ။ ငါ့အချိန်တွေ အလကား ကုန်တာပဲ"
ဝတ်ရုံကို ခြုံထားတဲ့ ခန္ဓာကိုယ်ကြီးမားပြီး ကြွက်သားတွေ ထွားကျိုင်းလှတဲ့ လူတစ်ယောက်က တောထဲကနေ ထွက်လာပြီး အနီရောင်မျောက်လူတွေကို ချဉ်းကပ်လာခဲ့ပါတယ်။ သူ့ရဲ့ အရပ်အမောင်းနဲ့ ဝတ်ရုံအောက်က ထွားကျိုင်းလှတဲ့ ကြွက်သားတွေက အနီရောင်မျောက်လူလေးတွေကို ကြောက်လန့်သွားစေခဲ့ပါတယ်။
"မင်းတို့ထဲမှာ ဒရာဂွန်ဘွန်း တစ်ယောက်လောက်တော့ ရှိနေမယ်လို့ ပြောစမ်းပါဦး" လို့ ဝတ်ရုံခြုံထားတဲ့ ထိုလူက အော်ဟစ်လိုက်ပါတယ်။
အနီရောင်မျောက်လူတွေက ထိုလူကို စိုက်ကြည့်ရင်း မြေပြင်ပေါ်က လက်နက်တွေကို ဖြည်းဖြည်းချင်း ကောက်ယူလိုက်ကြပါတယ်။
"ဟေ့... တကယ်လား။ ဒရာဂွန်ဘွန်း တစ်ယောက်မှ မရှိဘူးလား။ ငါ့အချိန်တွေ အကုန် အလကား ဖြစ်ကုန်ပြီ။ ငါ မြို့ထဲကိုပဲ ပြန်တော့မယ်"
ဝတ်ရုံခြုံထားတဲ့ ထိုလူက လှည့်ထွက်သွားမလို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ လက်မောင်းမှာ ရှိတဲ့ အမွှေးတွေက ထောင်လာခဲ့ပါတယ်။ သူ့ရဲ့ ပင်ကိုယ်သိစိတ်က လှုပ်ရှားလာခဲ့ကာ ကြွက်သားတွေက တင်းမာသွားခဲ့ပြီး သူ့အနောက်မှာ ပုန်းကွယ်နေတဲ့ ဘယ်လို သတ္တဝါဆိုးပဲ ဖြစ်ဖြစ် ရင်ဆိုင်ဖို့အတွက် လှည့်လိုက်ပါတော့တယ်။
ဒါပေမဲ့ သူ ကြည့်လိုက်တဲ့ အခါမှာတော့ အနီရောင်မျောက်လူတွေကလွဲရင် ဘယ်သူမှ ရှိမနေခဲ့ပါဘူး။
"ဟိုး…ဟိုး... ငါကတော့ ဒရာဂွန်ဘွန်းတွေလောက် မတော်ပေမဲ့ မင်းကို ခဏလောက်တော့ အဖော်ပြုပေးနိုင်မယ်လို့ ထင်တယ်... အနည်းဆုံးတော့ အဲဒီလိုပဲ ထင်မိတာပဲ"
ဖိုး လို့ အမည်ပေးထားတဲ့ ထွားကျိုင်းလှတဲ့ လူက အနီရောင်မျောက်လူတွေကို အကဲခတ်လိုက်ပြီး သူ့ရဲ့ အရှေ့မှာ ဘာမှ မရှိသလိုနဲ့ ရပ်နေတဲ့ ဝတ်ရုံခြုံထားတဲ့သူ တစ်ယောက်ကို စိုက်ကြည့်လိုက်ပါတယ်။ သူက အသံမထွက်ဘဲသာဆိုရင် အဲဒီလူကို သတိပြုမိမှာတောင် မဟုတ်ပါဘူး။
"မင်းက ဘယ်သူလဲ" လို့ ဖိုး က မေးလိုက်ပါတယ်။
"ငါကတော့ အတိတ်က ကျန်ရစ်ခဲ့တဲ့ အငွေ့အသက်လေး တစ်ခုပါပဲ ကောင်လေးရယ်" လို့ ဂရီးဗ် က တဟားဟား ရယ်မောရင်း ရေရွတ်လိုက်ပါတယ်။
အတောအတွင်းမှာပဲ ရဲတိုက်ထဲမှာတော့ မိုက်ကယ်က သူ့ရှေ့မှာ ရှိနေတဲ့ ပြကွက် လေးခုကို စိုက်ကြည့်နေပါတယ်။
'သူတို့တွေ လေးယောက် ရှိနေတာပဲ' လို့ သူ တွေးလိုက်မိပါတယ်။ မူလကတော့ သူတို့တွေ ခြောက်ယောက် ရှိခဲ့တာလေ၊ ဒါပေမဲ့ ဇိုင်ယွန်က ဖိုက်ဗ် လို့ အမည်ရတဲ့သူကို အနိုင်ယူခဲ့ပြီးသားပါ။
အရိပ်အော့ခ်တွေက ဆစ်ခ်စ် ကို ရင်ဆိုင်နေရပါတယ်။
ဂျာကူ က တူး ကို တိုက်ခိုက်နေပါတယ်။
အူမီစု က သရီး နဲ့ တိုက်ခိုက်ရတော့မှာပါ။
ဂရီးဗ် က ဖိုး နဲ့ ရင်ဆိုင်ရပါတော့မယ်။
အဲဒီတော့ သူတို့အဖွဲ့ထဲမှာ ကျန်ရှိနေသေးတာက စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ဝင် တစ်ယောက်တည်းပါ။ အဲဒီသူကတော့ သူတို့ထဲမှာ အသန်မာဆုံး ဖြစ်တဲ့ ဝမ်း လို့ အမည်ပေးထားတဲ့သူပါ။
သူတို့တွေက ဒရာဂွန်ဘွန်းတွေကို လူသိရှင်ကြားနဲ့ အနိုင်ယူပြီး သူတို့ ကုမ္ပဏီက သာတယ်လို့ ကြေညာချင်နေတာဆိုရင် အတော်ဆုံးလူကို မပို့တာက မယုတ္တိမရှိပါဘူး။ သူ့မှာ ပိုကြီးတဲ့ တာဝန်တစ်ခုခု ရှိနေတာများလား။
မိုက်ကယ် စဉ်းစားနေတဲ့အချိန်မှာပဲ ရဲတိုက် နံရံတွေကနေ တုန်ခါသံကြီး ထွက်ပေါ်လာပါတယ်။ လူတိုင်းက တံခါးပေါက်ဆီကို ကြည့်လိုက်ကြတဲ့အခါ တံတားကြီး လျှောကျလာပြီးနောက် ကျောက်တုံးလမ်းမပေါ်မှာ အကြီးဆုံး မြင်းရထားကြီး တစ်စီး ဝင်လာတာကို တွေ့လိုက်ရပါတယ်။
မြင်း ၄ ကောင်က ဆွဲလာတာ ဖြစ်ပြီး ကြွက်သားတွေ တအားကြီးနေတဲ့ ပုံပါပဲ။ ရထားက အထဲကို ဝင်လာတာကြောင့် ဧည့်သည်တွေက နံရံဘက်ကို တိုးပေးလိုက်ရပါတယ်။
"အဲဒါ ဘယ်သူလဲ။ အဲဒီ တံဆိပ်ကို မြင်ဖူးသလိုပဲ..."
"ဟက်ဖေးစတပ်စ် ကုမ္ပဏီလေ။ သူတို့ရဲ့ တံဆိပ်တောင် ဒါမာစကတ် သံမဏိနဲ့ လုပ်ထားတာ၊ အဲဒီအတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်မလဲ မသိဘူး..."
မြို့စားမင်းက မိုက်ကယ်ရဲ့ ကားကို စမ်းမောင်းနေရာကနေ ရပ်လိုက်ပြီး ပွဲကို နောက်ကျပြီးမှ ရောက်လာတဲ့ ဧည့်သည်ကို စောင့်ကြည့်လိုက်ပါတယ်။
"ဘယ်သူလဲ ဆင်းလာခဲ့" လို့ မြို့စားမင်း စတယ်လ်မိန်း က အမိန့်ပေးလိုက်ပါတယ်။
ရထားမောင်းသူက တံခါးဆီ လျှောက်သွားပြီး ဖွင့်လိုက်ကာ ပိုင်ရှင် မဆင်းလာခင်မှာ လေးစားသမှုဖြင့် ဦးညွှတ်လိုက်ပါတယ်။
"ရောက်ရှိလာပါပြီ သခင်လေး။ ဟမ်းမားစတုန်း ကုမ္ပဏီရဲ့ ခေါင်းဆောင်နဲ့ ပိုင်ရှင် ဖြစ်သူ ရောက်ရှိလာပါပြီ"
သခင်လေး လို့ ခေါ်တဲ့သူက ရထားပေါ်ကနေ ဆင်းလာပြီး မိုက်ကယ်နဲ့ အရွယ်တူလောက် ရှိမယ့် ကောင်လေးတစ်ယောက် ဖြစ်နေတာကို လူတိုင်း မြင်လိုက်ကြရပါတယ်။ ရွှေရောင်နဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ထိုကောင်လေးက ဧည့်သည်တွေကို လက်ဝှေ့ယမ်းပြလိုက်ပါတယ်။
"မင်္ဂလာပါ။ ကျွန်တော်ကတော့ ကမ္ဘာ့အဆင့် ၄၉၅ ရှိတဲ့ ကုမ္ပဏီရဲ့ ဂုဏ်ယူစရာ ပိုင်ရှင် ခရစ်ရှန် ဟမ်းမားစတုန်း ပါ" လို့ သူက ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်ပါတယ်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က ဟက်ဖေးစတပ်စ် မိသားစုရဲ့ အိမ်တော်ကနေ လာခဲ့တာပါ"
ဧည့်သည်တွေ အကုန်လုံးကတော့ ဒီလောက် အောင်မြင်နေတဲ့ ကုမ္ပဏီရဲ့ ပိုင်ရှင်က ဒီလောက်တောင် ငယ်ရွယ်နေလိမ့်မယ်လို့ မထင်ထားကြဘဲ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးလေး ပြောဆိုနေကြပါတယ်။
လူတိုင်းက ခရစ်ရှန် ကို စိုက်ကြည့်နေတဲ့အချိန်မှာ မိုက်ကယ်ကတော့ သူ့ဘေးမှာ ရှိနေတဲ့ လူကို ကြည့်လိုက်ပါတယ်။
သူကတော့ စတုန်းကိုးလ် ဆစ်ခ်စ် ဝမ်း ဖြစ်ပါတယ်။ သူက ဒရာဂွန်ဘွန်းတွေကို တိုက်ခိုက်မယ့်အစား သူတို့ရဲ့ ခေါင်းဆောင်ကို ကာကွယ်ပေးဖို့အတွက်ပဲ တာဝန်ယူထားတာ ဖြစ်ပုံရပါတယ်။
ခရစ်ရှန် က မြို့စားမင်းဆီ လျှောက်သွားပြီး ဦးညွှတ်လိုက်ပါတယ်။
"မြို့စားမင်း စတယ်လ်မိန်း။ ကျွန်တော့်ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက အကောင်းဆုံးပါ။ စိတ်မကောင်းစွာနဲ့ပဲ ပြောရတော့မှာပါ၊ ကျွန်တော်တို့ ကုမ္ပဏီထက် ပိုကောင်းတဲ့ ကုမ္ပဏီဆိုတာ မရှိဘူးဗျ"
သူက မိုက်ကယ်ကို လှည့်ကြည့်လိုက်ပါတယ်။
"ကျွန်တော့်ရဲ့ နည်းလမ်းတွေအတွက်တော့ တောင်းပန်ပါတယ်။ ခင်ဗျားရဲ့ ဝန်ထမ်းတွေကို အနိုင်ယူဖို့အတွက် ကျွန်တော့်ရဲ့ အကောင်းဆုံးလူတွေကို စေလွှတ်လိုက်ပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးအရတော့ မဟုတ်ပါဘူး၊ မြို့စားမင်းအနေနဲ့ ဘယ်သူ့ကို စပွန်ဆာအဖြစ် လက်ခံသင့်သလဲဆိုတာ သိစေဖို့အတွက်သာ ဖြစ်ပါတယ်"
မိုက်ကယ်ကတော့ ထိုသူ့ကို လျစ်လျူရှုလိုက်ပြီး သူ့ရဲ့ အရိပ်တွေကို ငုံ့ကြည့်လိုက်ပါတယ်။
ဒရာဂွန်ဘွန်းတွေက အဲဒီနေရာမှာ ရှိနေပြီး ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နားထောင်နေကြတာပါ။
"အဲဒီနေရာမှာ မင်းတို့ အကူအညီ လိုသေးလား" လို့ မိုက်ကယ်က မေးလိုက်ပါတယ်။
အရိပ်အော့ခ်တွေ၊ ဂျာကူ၊ အူမီစု နဲ့ ဂရီးဗ် တို့အားလုံးက သူတို့ရဲ့ ခြေထောက်အောက်မှာ ရှိတဲ့ အရိပ်ကို ကြည့်ရင်း ပြုံးလိုက်ကြပါတယ်။
"ကျွန်တော်တို့ကို အထင်သေးနေတာလား သခင်ကြီး။ ဒါက ကျွန်တော်တို့ရဲ့ အလုပ်လေ" လို့ အရိပ်အော့ခ်တွေက ရေရွတ်လိုက်ပါတယ်။
"ကျွန်တော် တစ်မိနစ်အတွင်းမှာပဲ အပြီးသတ်လိုက်မယ်" လို့ ဂျာကူ က ငိုက်မျဉ်းရင်း ပြောလိုက်ပါတယ်။
"သခင်ကြီး... အဲဒီ ရိုင်းစိုင်းတဲ့သူကို သင်ခန်းစာ တစ်ခုလောက် ပေးလိုက်ပါဦးမယ်" လို့ အူမီစု က တိုးတိုးလေး ပြောလိုက်ပါတယ်။
"ဟိုး… ဟိုး... မိုက်ကယ်။ ဒါက ငါတို့အတွက် လွယ်လွယ်လေးပါကွာ"
* * * * * * * * *
စာစဉ်(၂၁)
အခန်း(၂၅၂)
"တစ်မိနစ်အတွင်းမှာပဲ အပြီးသတ်လိုက်မယ်လို့ မင်း ပြောလိုက်တာလား၊ အဲ့ဒီစကားက ဘာကို ဆိုလိုတာလဲ"
စတုန်းကိုးလ် ဆစ်ခ်စ် အဖွဲ့ထဲက 'တူး' လို့ အမည်ပေးထားတဲ့ ဝတ်ရုံခြုံထားသူက ဂျာကူရဲ့ လျစ်လျူရှုတဲ့ အမူအရာကို ကြည့်ပြီး ဟားတိုက်လိုက်ပါတယ်။
"ငါက တကယ့်ကို အစွမ်းထက်တဲ့သူပါ ကောင်လေး။ မင်းတို့တွေ ငါတို့လူတစ်ယောက်ကို အနိုင်ယူလိုက်ရုံနဲ့ ငါ့ကိုလည်း နိုင်မယ်လို့ ထင်နေရင်တော့ အကြီးအကျယ် မှားနေပြီ။ ငါက ဒီမြို့မှာ ဒုတိယမြောက် အစွမ်းအထက်ဆုံး စစ်သည်တော် တူး ပဲ"
တူး က ဝတ်ရုံကို ချွတ်လိုက်တဲ့အခါ ထိပ်ပြောင်နေတဲ့ ခေါင်းကို မြင်လိုက်ရပါတယ်။ သူက ဖိုက်ဗ် ဝတ်ဆင်ထားတာနဲ့ ဆင်တူတဲ့ ရေခဲအပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပေမဲ့ ဒီဝတ်စုံကတော့ ပိုပြီး ထူးခြားနေပါတယ်။ ၎င်းရဲ့ အစိတ်အပိုင်းတိုင်းမှာ သတ္တုသတ္တုစပ်တွေနဲ့ ပြုလုပ်ထားတဲ့ ဆီးနှင်းပွင့်ပုံစံ အသေးစိတ် ဒီဇိုင်းတွေ ပါဝင်နေပြီး၊ တာရှည်ခံမှုကလည်း လူပုတွေရဲ့ လက်ရာတွေလောက်ပဲ ရှိပါတယ်။
သူ့ရဲ့ ဓားကောက်ကလည်း ထူးခြားနေပါတယ်။ "ဒီလက်နက်က ဘာနဲ့ လုပ်ထားလဲ သိလား" လို့ သူက ဂျာကူကို မေးလိုက်ပါတယ်။
"မင်းသာ သတ္တုတွေကို စိတ်ဝင်စားရင် ငါ့ဓားသွားက ဒမာစကတ် သံမဏိနဲ့ လုပ်ထားတာကို သိမှာပါ"
တူး က သူ့ရဲ့ လက်နက်အကြောင်းကို ဂုဏ်ယူစွာနဲ့ ကြွေးကြော်လိုက်ပါတယ်။ သူ့လက်နက်ရဲ့ ကြံ့ခိုင်မှု၊ တာရှည်ခံမှုနဲ့ ထက်မြက်မှုတွေက အန်ဂိုရာမြို့က သာမန်လူတွေ နားမလည်နိုင်တဲ့ အရာတွေပါ။
"ဟူး... စကားတွေ များနေတာ ပြီးပြီလား။ တိုက်ကြရအောင်"
ဂျာကူရဲ့ ထောင်လွှားတဲ့ အပြုအမူကြောင့် တူး က သွားတွေကို ကြိတ်လိုက်ပါတယ်။ သူက ဒူးကို ကွေးလိုက်ပြီး ဓားကောက်ကို ခေါင်းပေါ်မြှောက်ကာ ဂျာကူဆီကို အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်သွားပါတယ်။ သူ့ခြေထောက်အောက်က ကျောက်တုံးလမ်းမက ရေခဲမန္တန်ရဲ့ အစွမ်းကြောင့် အေးခဲကာ ကွဲအက်သွားခဲ့ပါတယ်။
ဂျာကူကတော့ အိပ်ရာက နိုးလာခါစ လူတစ်ယောက်လို ကိုယ်လက်ဆန့်နေဆဲပါပဲ။
ဓားကောက်က သူ့လည်ပင်းကို ဖြတ်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ ဓားတစ်ချက် ထိခိုက်သံ တင်း ခနဲ ထွက်ပေါ်လာပါတယ်။ ဂျာကူရဲ့ ဓားက တူး ရဲ့ လက်နက်ရှေ့ကို ရောက်လာတာကို မြင်လိုက်ရတာပါ။ ဂျာကူရဲ့ ဓားက လျှပ်စီးကြောင်းတွေနဲ့ တလက်လက် တောက်နေတာကို မြင်ပြီး တူး ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်။
"မြောက်ပိုင်းရေခဲဓား"
တူး က အော်လိုက်တာနဲ့ သူ့ဓားကောက်က အရွယ်အစား နှစ်ဆ ဖြစ်သွားပြီး ရေခဲအမှုန်တွေနဲ့ ဖုံးလွှမ်းသွားပါတယ်။
ကြယ်လေးပွင့်မန္တန်ကို ဂျာကူပေါ့ပေါ့တန်တန် မထားရဲပါဘူး။ ဒါကြောင့် သူက လျှပ်စီးခြေလှမ်းကို အသုံးပြုပြီး ခြေထောက်ကနေ လျှပ်စစ်စွမ်းအင်တွေ ပေါက်ကွဲထွက်သွားပါတယ်။ ဂျာကူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့က အဆောက်အအုံခေါင်မိုးပေါ်ကို ချက်ချင်း ရောက်သွားခဲ့ပါတယ်။
"မင်း ငါ့ဆီကနေ လွတ်အောင် မပြေးနိုင်ဘူ"
တူး က တိုင်တန်းရေခဲခေတ်ကို သုံးပြီး သူ့ခြေထောက်အောက်မှာ ရေခဲတုံးကြီးတွေ ပေါ်လာအောင် လုပ်ကာ အဆောက်အအုံခေါင်မိုးပေါ်ကို ခုန်တက်လိုက်ပါတယ်။
တူး က ခုန်တက်ပြီးပြီးချင်း ဓားကောက်နဲ့ ပိုင်းချလိုက်ပေမဲ့ ဂျာကူက ဓားချက်တွေကို လျင်မြန်စွာနဲ့ အလွယ်တကူ ရှောင်တိမ်းလိုက်ပါတယ်။ အန်ဂိုရာမြို့ရဲ့ တိတ်ဆိတ်တဲ့ညမှာ သတ္တုချင်း ထိခိုက်သံတွေနဲ့အတူ ခေါင်မိုးပေါ်ကနေ မီးပွားတွေ တဖျတ်ဖျတ် ကျလာခဲ့ပါတယ်။
တူး ရဲ့ ကျွမ်းကျင်တဲ့ ဓားကောက် ပိုင်နိုင်မှုက ဂျာကူကို အားသာချက် ရနေစေပါတယ်။ သူက ဂျာကူရဲ့ ဓားကို အချက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမဲ့ ဓားမှာ အနည်းငယ်မျှတောင် အစင်းမထင်ပါဘူး။
"ဒီဓားကို ဘာနဲ့ လုပ်ထားတာလဲ" လို့ တူး က စိတ်တိုတိုနဲ့ အော်လိုက်ပါတယ်။
"မင်းဓားနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ ပိုကောင်းတာပေါ့" လို့ ဂျာကူက ပြန်ပြောလိုက်ပါတယ်။
ဒီစကားကြောင့် တူး စိတ်ဆိုးပြီး အိတ်ထဲက ဆေးလုံးတစ်လုံးကို ထုတ်ကာ မြိုချလိုက်ပါတယ်။ သူ့ဗိုက်ထဲကနေ စွမ်းအင်တွေ တိုးထွက်လာတဲ့အခါ နာကျင်မှုကို ခံစားလိုက်ရပါတယ်။ နာကျင်မှုကို ကျော်ဖြတ်လိုက်တဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်ကနေ မကြုံဖူးတဲ့ စွမ်းအင်တွေ ရရှိလာပါတယ်။
"ကံဆိုးတာပဲ ဒရာဂွန်ဘွန်းရေ။ မင်း ရင်ဆိုင်နေရတာ ကြယ်ငါးပွင့်မန္တန် ကျွမ်းကျင်သူတစ်ယောက်ပါ။ ဒီဆေးလုံးကြောင့် ငါ့ရဲ့ တန်ခိုးက ကြယ်ခြောက်ပွင့်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ"
တူး ရဲ့ ခန္ဓာကိုယ်က ဖြူလျော့သွားပြီး သူ့ဆီကနေ အေးစက်တဲ့ စွမ်းအင်တွေ ထွက်ပေါ်လာပါတယ်။ မကြာခင်မှာပဲ သူ့အရေပြားက အပြာရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူထုတ်လွှတ်တဲ့ အေးစက်တဲ့ မြူတွေက သူ့ပတ်ပတ်လည် ၁၀ မီတာအထိ ဆီးနှင်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
"မြောက်ပိုင်းဓား၊ ဖျက်ဆီးခြင်းရေခဲ"
တူး ဓားကို ပိုင်းချလိုက်တဲ့အခါ ခေါင်မိုးတွေ အက်ကွဲသွားပြီး အဆောက်အအုံ သုံးခုလောက် ပျက်စီးသွားခဲ့ရပါတယ်။ ညဘက်မှာ လူတွေရဲ့ အော်ငိုသံတွေ ဆူညံသွားပါတယ်။
ဂျာကူက လျှပ်စစ်ဓာတ် ပြန်ပြောင်းပြီး အဲ့ဒီနေရာကနေ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ သူ မြေပေါ်ကို ခြေချလိုက်တဲ့အခါ သူ့ရဲ့ အကြေးခွံတွေထဲကို အေးစက်တဲ့ စွမ်းအင်တွေ ရောက်လာတာကို ခံစားလိုက်ရပါတယ်။
တူး က သူ့တိုက်ခိုက်မှုထဲက လျှပ်စီးကြောင်းတွေကို မြင်ပြီး နှုတ်ခမ်းကို စူလိုက်ပါတယ်။ ဂျာကူ ဘယ်ရောက်နေလဲ ရှာဖို့ လုပ်နေတုန်းမှာပဲ သူ့နံရိုးနားမှာ တစစ်စစ် ဖြစ်နေတာကို ခံစားလိုက်ရပါတယ်။ ငုံ့ကြည့်လိုက်တဲ့အခါ ဂျာကူက သူ့အပြာရောင်ဝတ်စုံကို ဓားနဲ့ ဖြတ်ဖို့ လုပ်နေတာကို တွေ့လိုက်ရပါတယ်။ ဂျာကူရဲ့ ဓားတစ်ချက်ထဲမှာတင် သူ့ဘေးဘက်ကနေ သွေးတွေ စီးကျလာခဲ့ပါတယ်။
တူး က သွားကို ကြိတ်ကာ ဓားကောက်ကို ပြန်မြှောက်ပြီး ဒရာဂွန်ဘွန်းကို ပြန်တိုက်ခိုက်လိုက်ပါတယ်။ အဲ့ဒီဓားချက်က အဆောက်အအုံခေါင်မိုးကို ဖြတ်သွားပြီး အောက်ကို ပြုတ်ကျကာ အပိုင်းပိုင်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျာကူကတော့ လျှပ်စီးလို မြန်မြန်နဲ့ ရှောင်ထွက်သွားခဲ့ပြန်ပါပြီ။
"မပြေးနဲ့"
တူး က ဓားကို အလကား လျှောက်ခုတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာ ဖြစ်အောင် လုပ်နေပါတယ်။
ကံဆိုးစွာနဲ့ပဲ အဲ့ဒီအချိန်မှာ အိမ်ထဲကနေ ပြေးထွက်လာတဲ့ အဘိုးအိုတစ်ယောက်ရဲ့ အပေါ်ကို သစ်သားပြားကြီးတွေ ပြုတ်ကျလာခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာပဲ လျှပ်စီးကြောင်း တစ်ခုက အဘိုးအိုဆီကို ဝုန်းခနဲ ရောက်လာခဲ့ပါတယ်။ အလင်းရောင်ကြောင့် သစ်သားပြားတွေက အပိုင်းပိုင်း ကွဲထွက်သွားပြီး မြေပြင်ပေါ်ကို ဘေးကင်းစွာ ကျသွားခဲ့ပါတယ်။
အဘိုးအိုက လှည့်ကြည့်လိုက်တဲ့အခါ ဂျာကူက သူ့ကို ကာကွယ်ပေးထားတာကို တွေ့လိုက်ရပါတယ်။
"ဟား မိပြီ"
တူး က အပေါ်ကနေ ခုန်ချလာပြီး ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ကာ ပိုင်းချလိုက်ပါတယ်။ ကြယ်လေးပွင့်မန္တန် ရေခဲဓားက အရမ်းမြန်လွန်းလို့ ဂျာကူတောင် မတုံ့ပြန်နိုင်လောက်ပါဘူး။ ဒါပေမဲ့ ဂျာကူက နောက်ကိုတောင် မလှည့်ကြည့်ပါဘူး။ အဲ့ဒီအစား အဘိုးအို ဘေးကင်းဖို့ပဲ စိတ်ပူနေခဲ့တာပါ။
ဓားက ဂျာကူရဲ့ ခေါင်းကို ထက်ပိုင်း ခွဲတော့မယ့်အချိန်မှာပဲ ရောင်စုံအလင်းတန်းတွေ ပါတဲ့ အကာအကွယ်တစ်ခုက ဒမာစကတ် သံမဏိဓားကို တားဆီးလိုက်ပါတယ်။
ဆီးနှင်းအမှုန်တွေက အကာအကွယ်ကို ဖျက်ဆီးဖို့ ကြိုးစားပေမဲ့ ဂျာကူရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် က မီးစွမ်းအင်ကို သုံးပြီး ရေခဲတွေကို အရည်ပျော်အောင် လုပ်လိုက်ပါတယ်။ အဲ့ဒီနှစ်ခု ပေါင်းဆုံရာကနေ အလင်းရောင်တွေ ထွက်ပေါ်လာပြီး စွမ်းအင်တွေ ပျက်သုဉ်းသွားခဲ့ပါတယ်။
"ဒါ... ဒါက ဘာ အကာအကွယ်လဲ" တူး က အော်ဟစ်လိုက်ပါတယ်။
အဘိုးအို ဘေးကင်းသွားတဲ့အခါ ဂျာကူက တူး ကို လှည့်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးတွေက တည်ငြိမ်နေပြီး လက်တစ်ဖက်က ဓားကို ကိုင်ထားသလို နောက်လက်တစ်ဖက်ကတော့ ဘယ်ကရောက်လာမှန်း မသိတဲ့ ချောကလက်ကို စားနေခဲ့ပါတယ်။
ဂျာကူ ချောကလက်ကို စားလိုက်တဲ့အချိန်မှာ တူး က သူ့ဓားကောက်ကို ထိန်းချုပ်နိုင်စွမ်း နည်းလာတာကို ခံစားလိုက်ရပါတယ်။ ဓားကောက်ကို အကာအကွယ်က စားနေပြီး သတ္တုအပိုင်းအစတွေ ဖြစ်သွားအောင် လုပ်နေတာကို သူ သတိထားမိလိုက်ပါတယ်။
"ဆောရီးပဲ" လို့ ပြောပြီး ဂျာကူက ကာတာနာဓားကို မြှောက်လိုက်ပါတယ်။
အဲ့ဒီအခါမှ တူး က သူ့ဓားက အခုနကနဲ့ မတူတော့တာကို သိလိုက်ရပါတယ်။ အဲ့ဒီဓားက အပြာရောင် တောက်ပနေပြီး လျှပ်စီးစွမ်းအင်တွေနဲ့ ပြုလုပ်ထားသလိုပါပဲ။
"မင်းရဲ့ တစ်မိနစ် ပြည့်သွားပြီ"
ဂျာကူက ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ လျှပ်စီးတွေ ထွက်ပေါ်လာပြီး တူး ရဲ့ ပခုံးကနေ ပေါင်အထိ ဒဏ်ရာကြီး ဖြစ်သွားစေပါတယ်။ သူက ၅၀ မီတာလောက် လွင့်စင်သွားပြီး မြို့ရိုးကို တိုက်မိကာ အပျက်အစီးတွေအောက်မှာ မြုပ်သွားခဲ့ပါတော့တယ်။
* * * * * * * * *