← Chapters

သမိုင်း၌ အဆိုးဆုံး ကြည့်ရှုသူနှုန်းထား

Vol. 13 Ch. 189

သမိုင်း၌ အဆိုးဆုံး ကြည့်ရှုသူနှုန်းထား

Vol. 13 Ch. 189

တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်ကို သပိတ်မှောက်ခြင်းက ဒါရိုက်တာကျိုး မျှော်လင့်ထားသည်ထက်ပင် ကြီးမားနေ၏။ သူ တစ်ကိုယ်တည်း လမ်းလျှောက်ကာ လမ်းပျောက်ပြီး ယောင်လည်လည် ဖြစ်နေလေသည်။

ထိုအဖြစ်အပျက်က ပွဲ၏ ဂုဏ်သတင်းကို ညတွင်းချင်း ဖျက်ဆီးခဲ့ပြီး အများပြည်သူ၏ ချဉ်ဖတ်ပစ်မှတ် ဖြစ်သွားစေခဲ့သည်။

“ထားပါတော့လေ၊ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဘဲ စင်ပေါ်မှာပဲ ကပ်နေကြတာပေါ့”

ဒါရိုက်တာက အံကြိတ်လျက် ရေရွတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

ယခု season က ဖိုင်နယ်ပွဲစဉ်သို့ ရောက်နေပြီ ဖြစ်သည်။ စတိတ်စင်က အဓိက အာရုံစိုက်ရာ ဖြစ်သဖြင့် သူတို့ ထိုသို့ လုပ်ရန်သာ တတ်နိုင်တော့သည်။

အားလုံး အသင့်ဖြစ်ပြီးနောက် ရိုက်ကူးရေးကို စတင်လိုက်သည်။

ဖိုင်နယ်သို့ တက်လာသည့် ပြိုင်ပွဲဝင်နှစ်ယောက်က စင်ပေါ်သို့ တက်လာသည်။ သူတို့၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေပြီး စိတ်ထိခိုက်ကာ စိုးရိမ်ပုံ ပေါ်နေသည်။

သူတို့သည် မိုက်များကိုကိုင်၍ စိတ်လှုပ်ရှား ထိခိုက်လွယ်စေမည့် စကားများ ပြောနေကြသည်။ ကင်မရာသမားက သူတို့ကို မကြာခဏ အနီးကပ်ရိုက်၍ မျက်ရည်များကို မြင်သာအောင် ရိုက်ကူးလေသည်။

အချင်းချင်း ခင်မင်ရင်းနှီးသော သံယောဇဉ်ကို ဖြစ်စေသော်လည်း သူတို့က အချင်းချင်း ယှဉ်ပြိုင်ရပေဦးမည်။

ဒိုင်လူကြီးများက အချိန်နှင့်အမျှ ညွှန်ကြားနေပြီး ပြိုင်ပွဲဝင်နှစ်ယောက်လုံးက သူတို့ ဇာတ်ညွှန်းကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ကြသည်။ တစ်ယောက်ကို တစ်ယောက် အချိန်ကြာကြာ ကြည့်နေပြီးနောက် ပထမလူက သီချင်းစ ဆိုလေသည်။

“ဘယ်လိုလဲ၊ ကြည့်ရှုသူနှုန်းက ဘယ်လိုရှိလဲ”

ဒါရိုက်တာက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ ရှောင်ကျောက်က တံတွေးမျိုချလိုက်ပြီး ပြောရမည်ကို စိုးရွံ့နေ၏။ နောက်ဆုံးတွင် သူ ကြောင့်ကြစွာ ပြောလေသည်။

“ဒါရိုက်တာ၊ ကြည့်ရှုသူနှုန်းက ၀.၀၂ ပဲ ရှိပါတယ် …”

“ဘာ … ထပ်ပြောစမ်း”

ဒါရိုက်တာ၏ မျက်နှာက စိမ်းဖန့်သွားသည်။

၀.၀၂၊ ဤမျှ နိမ့်သော တီဗွီနှုန်းထား ရနေသဖြင့် အစီအစဉ်က အဘယ်မျှ စုတ်ပြတ်နေသလဲ။ သူ့မှတ်ဉာဏ်ထဲတွင် ထိုမျှ နှုန်းထားနိမ့်သော အစီအစဉ်တစ်ခုမှ မရှိဖူးပေ။

“နှုန်းထားက ၀.၀၂ ပဲ ရှိပါတယ် …”

ရှောင်ကျောက်က နာကျင်၍ အခက်တွေ့နေသော အမူအရာဖြင့် ပြောလေသည်။

“မဖြစ်နိုင်ဘူး၊ Top Voice ရဲ့ ကြည့်ရှုသူနှုန်းက အနည်းဆုံး ၀.၈ လောက် အနည်းဆုံး ရှိခဲ့တာ၊ ပြီးခဲ့တဲ့ နှစ်ပိုင်းရဲ့ နှုန်းထားကဆို အမြင့်ဆုံး စံချိန်တင်တယ်လေ၊ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ဆိုးဆိုးရွားရွား ကျသွားတာလဲ”

ဒါရိုက်တာ ရူးမတတ် ဖြစ်နေ၏။

“သေသေချာချာ စစ်ဆေးစမ်း၊ စနစ်က မှားနေတာပဲ ဖြစ်ရမယ်”

“ဒါရိုက်တာ ကျွန်တော် ငါးခါတောင် စစ်ပြီးပါပြီ၊ ဒါပါပဲ”

ရှောင်ကျောက်က ခါးသီးစွာ ပြောလေသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျင် ထို၀.၀၂ ဟူသော နှုန်းထားသည် လူတစ်ချို့က Top Voice ကို ဆဲဆိုချင်၍ ကြည့်နေသောကြောင့်သာ ရနေခြင်း ဖြစ်သည်။ ရှောင်ကျောက်သည် ဒါရိုက်တာအား ထိုအမှန်အတရားကို မပြောရဲချေ။

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ခပ်သွက်သွက် လျှောက်လာနေ၏။

သူသည် မျက်မှောင်ကြုတ်နေပြီး လက်ထဲ၌ စာရွက်များ ကိုင်ထားသည်။ သူ့အမူအရာက အတော်လေး ကြည့်ရဆိုးနေ၏။

“ဥက္ကဋ္ဌတင်း”

ဒါရိုက်တာကျိုး ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားအား စိုးရိမ်တကြီး ကြည့်လေသည်။

“ဒါရိုက်တာကျိုး ကျုပ်က ဥက္ကဋ္ဌဆိုတာကို ခင်ဗျား သိသေးတာလား၊ ခင်ဗျားရဲ့ Top Voice က သေချင်နေတယ် ဆိုရင်လည်း ကျုပ်တို့ မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနကိုတော့ ခင်ဗျားနဲ့အတူ ဆွဲမချသင့်ဘူး”

ဥက္ကဋ္ဌတင်းက ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံသဖွယ် အော်ဟစ်လေသည်။

“Top Voice အောက်က ခင်ဗျားရဲ့ ပွဲတွေအားလုံးကို ချက်ချင်း ရပ်လိုက်”

“မလုပ်ပါနဲ့ဗျာ”

ဒါရိုက်တာကျိုး၏ မျက်နှာ ဖြူရော်သွားသည်။

“ဥက္ကဋ္ဌတင်း ဒီနေ့က Top Voice ရဲ့ ဖိုင်နယ်ပွဲစဉ်နေ့ပါ”

“ဟ ဒီလိုပြိုင်ပွဲကို ဘယ်သူကမှ မကြည့်တာ၊ ဆက်လုပ်နေလို့ ဘာထူးမှာလဲ”

ဥက္ကဋ္ဌတင်းက ဒါရိုက်တာကျိုးကို အေးစက်စွာ ကြည့်လေသည်။

“ခင်ဗျားဦးနှောက်က ဘယ်လို အလုပ်လုပ်လဲတော့ ကျုပ်မသိဘူး၊ ဒီပွဲက ချန်ရှောင်ယန် ရှိတုန်းကသာ နာမည်ကြီးတာ၊ ဘာလို့ ခင်ဗျား အစီအစဉ် ဒီလောက် ကျသွားတာလဲဆိုတာကို ခင်ဗျား အကြောင်းရင်းကို မပြောနိုင်ဘူးလား၊ ဒါ ကျုပ်တို့ ရုပ်သံထုတ်လွှင့်ရေးရဲ့ ဆာဗာက စုဆောင်းထားတဲ့ ဒေတာတွေပဲ၊ ခင်ဗျား ကြိုးကြိုးစားစား လုပ်ထားတဲ့ ရလဒ်ကို သေချာကြည့်လိုက်”

ဥက္ကဋ္ဌတင်းက ဒါရိုက်တာကျိုးရှေ့၌ စာရွက်များကို ဖြန်းခနဲ ပစ်ချလေသည်။ ဒါရိုက်တာကျိုးက ၎င်းတို့ကို တုန်ယင်နေသော လက်များဖြင့် ကောက်လိုက်သည်။

စာရွက်များက မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန၏ ကြည့်ရှုသူနှုန်းများကို မှတ်တမ်းတင်ထားသည့် အချက်အလက်များ ဖြစ်သည်။ ချန်ရှောင်ယန် ပါဝင်နေစဉ်က ချန်နယ်တစ်ခုလုံး၏ ကြည့်ရှုသူနှုန်းထားက တစ်ဟုန်ထိုး မြင့်တက်နေခဲ့သည်။ သို့သော် ချန်ရှောင်ယန် ပြုတ်သွားသည်နှင့် ချန်နယ်၏ ကြည့်ရှုသူနျုန်းက ကျောက်တုံးတစ်တုံး ရေထဲ နစ်သွားသကဲ့သို့ စုန်းစုန်းမြုပ်သွားပြီး ရုပ်သံထုတ်လွှင့်ရေး ဌာန၏ တရားဝင် webiste တွင် စွပ်စွဲပြောဆိုမှုများနှင့် ပြည့်လာ၏။

ခြားနားသွားသည့် အဆင့်က အံ့ဩစရာ ကောင်းလှပြီး သူတို့အား အတော်လေး ထိတ်လန့်သွားစေခဲ့သည်။

“ဥက္ကဋ္ဌတင်း ချန်ရှောင်ယန် ပြုတ်သွားတာက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးလေ၊ အဲ့ဒါအားလုံးက ဟုန်နာကြောင့် ဖြစ်တာ …”

ဒါရိုက်တာကျိုးက ရှင်းပြရန် ကြိုးစားလေသည်။

“ဟားဟား ဒါရိုက်တာကျိုး ခင်ဗျားက ဒီနယ်ပယ်မှာ အတွေ့အကြုံရှိပြီးသားပါ၊ ဘယ်လိုလုပ် ခင်ဗျားက ချန်ရှောင်ယန်ရဲ့ တန်ဖိုးကို နားမလည်ဘဲ နေမှာလဲ”

ဥက္ကဋ္ဌတင်း၏ လေသံတွင် စိတ်ပျက်မှုတို့ ပါဝင်နေ၏။

“ချန်ရှောင်ယန်က အစကတည်းက နာမည်ကြီးနေတာ၊ ပြီးတော့ သူ့ကို ဝိုင်က ထောက်ပံ့ထားသေးတယ်၊ မင်း ဘယ်လိုလုပ် ဒါကို လျစ်လျူရှုခဲ့တာလဲ”

“ဒီနေ့ မင်းရဲ့ Top Voice က ဒီလို ဆိုးရွားလွန်းတဲ့ ကြည့်ရှုသူနှုန်းနဲ့ ရင်ဆိုင်နေရပင်မယ့် QQ Music ရဲ့ စာရင်းဇယားကို ဝိုင်နဲ့ ချန်ရှောင်ယန်က သိမ်းထားတာကွ”

လူတစ်ချို့က နံပါတ်တစ်တွင် နေရာယူထားပြီး အလင်းအား ဖွေရှာသူ၊ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်နှင့် အလင်းနှစ်များစွာတို့က ဒုတိယ၊ တတိယနှင့် စတုတ္ထတို့ကို အသီးသီး နေရာယူထား၏။

ထိုကျော်ကြားမှုက ကြောက်လန့်စရာပင်။

ဒါရိုက်တာကျိုး တစ်ကိုယ်လုံး တုန်လာပြီး နှုတ်ခမ်းပါ တုန်ကာ ဘာစကားမှ မပြောနိုင် ဖြစ်နေ၏။

သူ ရခဲ့ဖူးသော တွေဝေမှုကို ပြန်တွေးမိသွားသည်။ ထိုအချိန်က သူ ရှေ့ထွက်၍ ပွဲ၏ အခြေအနေကို တည့်မတ်ကာ၊ ဟုန်နာနှင့် လက်တွဲဖြုတ်ကာ ချန်ရှောင်ယန် အဖြုတ်ခံရခြင်းမှ ပြန်ခေါ်ခဲ့ပါက ရလဒ်က ယခုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်လောက်သည်။

ချန်ရှောင်ယန်၏ အထုတ်ခံလိုက်ရခြင်းက Top Vocie နှင့် ဘာမှမသတ်ဆိုင်ပါဟု သူ ကြေညာချက် ထုတ်ခဲ့လျင်တောင်မှ အခြေအနေက ယခုလောက် ဆိုးမည် မဟုတ်ပါ။

လက်ရှိတွင် သူ့စိတ်ထဲ၌‌ နောင်တတို့ဖြင့် ပြည့်နှက်နေသည်။

သူသည် Top Voice ၏ ကျော်ကြားမှုကို အထင်ကြီးခဲ့မိပြီး ချန်ရှောင်ယန်နှင့် ဝိုင်တို့၏ ကျော်ကြားမှုကို အထင်သေးခဲ့မိသည်။

“မင်း သုံးရက်ပဲ အချိန်ရမယ်၊ ဒီအဖြစ်အပျက်ရဲ့ နစ်နာဆုံးရှုံးမှုကို မင်း မထိန်းချုပ်နိုင်ရင် ငါတို့ မြို့တော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနက တရုတ်နိုင်ငံရဲ့ Top Voice ကို မလွှင့်တော့ဘူး”

ဥက္ကဋ္ဌတင်းက စိတ်ဓာတ်ကျနေသော ဒါရိုက်တာကျိုးကို ကြည့်၍ သက်ပြင်းချကာ ထွက်သွားလေသည်။

တရုတ်နိုင်ငံ Top Voice ၏ ဖိုင်နယ်အပိုင်းကို ဖျက်သိမ်းလိုက်သည်။ ထိုသတင်းက ဝေ့ပေါ်၏ ရေပန်းစားနေသော ခေါင်းစဉ်၌ နေရာယူလာလေသည်။

ထိုသတင်းပြီးနောက် Top Voice မှု ထုတ်ပြန်သော ကြေငြာစာက အတော်လေး လူစိတ်ဝင်စား ခံလိုက် ရလေသည်။

[ချန်ရှောင်ယန် အထုတ်ခ့လိုက်ရတာက ပွဲရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး၊ ဟုန်နာရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ပါ၊ ချန်ရှောင်ယန်ရဲ့ အရည်အချင်းက ပစ်ချက်ကင်းပါတယ်၊ ချန်ရှောင်ယန် ဆန္ဒရှိသရွေ့ Top Voiceရဲ့ စင်မြင့်ပေါ်ကို ပြန်ခြေချနိုင်ပါတယ်]

ယခုကဲ့သို့သော အချိန်၌ တရုတ်နိုင်ငံ၏ Top Voice က တွေးတောမနေဘဲ ဟုန်နာကို ထိုးကျွေးလိုက်သည်။

ထိုကြေညာချက်က ပြေးကြည့်စရာပင် မလိုလောက်အောင် ရေပန်းစားနေသော ခေါင်းစဉ် ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံရဲ့ Top Voice အရှုံးပေးလိုက်လေပြီ။

ထိုသို့သောအချိန်၌ ချန်ကွမ်းများအားလုံး စိတ်သက်သာရသလို ခံစားလိုက်ရသည်။

[ဟားဟားဟား Top Voiceက နောက်ဆုံးတော့ ငါတို့ ချန်ရှောင်ယန်ရဲ့ အရေးပါပုံကို သိသွားပြီပဲ]

[အခုမှ တောင်းပန်နေတာလား၊ ပြီးခဲ့တဲ့အချိန်တွေက ဘယ်ရောက်နေခဲ့တာလဲ]

[ဟားဟားဟား ကြေညာချက်လေးတစ်ခုတည်းနဲ့ သင်ပုန်းချေဖို့ ကြိုးစားနေတာလား၊ ချန်ရှောင်ယန် အဖြုတ်ခံရတုန်းက ဘာလို့ မင်းတို့ သူ့အတွက် ရှေ့မထွက်ပေးခဲ့တာလဲ]

[အခု ချန်ရှောင်ယန်က ကျော်ကြားနေပြီဆိုတော့ မင်းတို့က သူ့ကို ပြန်လိုချင်တာလား၊ ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ၊ မင်းတို့က သူနဲ့ ထိုက်တန်လို့လား]

ထို့နောက်တွင် တစ်စုံတစ်ယောက်က တရုတ်နိုင်ငံ Top Voice၏ ဖိုင်နယ်ပွဲစဉ်မှ ပွဲကျင်းပရာ ခန်းမမှ ဓာတ်ပုံများနှင့် ထိုနေ့က ကြည့်ရှုသူနှုန်းထားကို ထုတ်ဖော်လေသည်။ ခန်းမတစ်ခုလုံး ဗလာဖြစ်နေပြီး သုညနား နီးနေသော ကြည့်ရှုသူနှုန်းတို့က သွေးပျက်စရာဟုပင် ပြောနိုင်ပေသည်။ သူတို့ ဤသို့သော လှောင်ပြောင် ချေပမှုနှင့် ထိုက်တန်ပေ၏။

[လခွမ်း စောက်ရမ်း သနားဖို့ကောင်းလိုက်တာ ဟားဟားဟား …]

[ငါ ဗြောင်ပြောမိရင် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ဒါ သမိုင်းမှာ အဆိုးရွားဆုံး ကြည့်ရှုသူနှုန်းထားပဲ]

[သူတို့ အရှုံးပေးလိုက်တာ မဆန်းပါဘူး၊ တရုတ်နိုင်ငံရဲ့ Top Voice က ထပ်ပြီး မရှင်သန်နိုင်တော့ဘူးနဲ့ တူတယ်၊ ကိုယ်စိုက်ပျိုးတာကို ကိုယ် ပြန်ရိတ်သိမ်းရတာပဲ]

…

ထိုစဉ် တရုတ်နိုင်ငံ Top Voice ၏ ကြေညာချက်ကို ချန်ရှောင်ယန်က ရိုးရှင်းစွာသာ ပြန်တုံ့ပြန်၏။

[ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ အဲ့စင်မြင့်ပေါ်ကို ဘယ်သောအခါမှ ထပ်ခြေမချ တော့ပါဘူး]

[တင်စီးတယ်]

[ဒီနေ့ ငါ့ကို တန်ဖိုးမထားရင် မနက်ဖြန်မှာ နင်က ငါနဲ့ မထိုက်တန်တော့ဘူး]

[တရုတ်နိုင်ငံရဲ့ Top Voice ရေ ငိုဖို့အချိန်ရောက်ပြီနော်၊ ဟားဟားဟား…]

ဒါရိုက်တာကျိုးသည် ချန်ရှောင်ယန်၏ တုံ့ပြန်စာကို မြင်သောအခါ မျှော်မှန်းထားမိဟန်ဖြင့် အောင့်သက်စွာ ခေါင်းခါလေသည်။

လက်ရှိ အခြေအနေတွင် ချန်ရှောင်ယန်၏ ရေပန်းစားမှုက အတော်လေး ပေါက်နေသည်ဟု ဆိုရပေမည်။ ထို့အပြင် သူမနောက်ကွယ်၌ အဆိုတော်ဝိုင်လည်း ရှိနေပြီး သူမ၏ ကျော်ကြားမှုကို တိုးမြင်င့စေနေသည်။ မရေတွက်နိုင်သော နာမည်ကြီး အစီအစဉ်များ၌ သူမကို နာမည်ကျော် ဧည့်သည်အဖြစ် လာရောက်ရန် သေချာပေါက် ဖိတ်လာနိုင်သည်။

မူလက သူသည် အကြီးဆုံး ဝှက်ဖဲကို ကိုင်ထားနိုင်ခဲ့သော်လည်း ယခု ဤသို့သော ရလဒ်မျိုး ဖြစ်လာခဲ့သည်။ သူ့စိတ် အခြေအနေက လုံးဝ စိန်ခေါ်ခံလိုက်ရသလို ဖြစ်သွားလေသည်။

All Chapters