← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182

အခန်း (၁၈၁) ဝက်တုပ်ကွေးရောဂါ ကပ်ဆိုက်ခြင်း

နှစ်သစ်ကူးပြီးနောက်ပိုင်းတွင်ဖြစ်၏။

ချင်းရှန်းခရိုင်တစ်ခုလုံး၌ ယခင်က မကြားဖူးသော ဝက်တုပ်ကွေးရောဂါမှာ မီးတောက်မီးလျှံပမာ တစ်ခဏချင်းတွင် ပျံ့နှံ့သွားတော့သည်။

နို့တောင်း၍ အော်ဟစ်နေကြသည့် ဝက်ကလေးများမှာ ရုတ်တရက် ဖျားနာလာပြီး အစာစားချင်စိတ် မရှိကြတော့ပေ။ ၎င်းတို့၏ ကိုယ်ခန္ဓာတွင် ခရမ်းရောင်အစက်အပြောက်များ ပေါ်လာကာ နှစ်ရက်အတွင်းမှာပင် ခြေတံများ တဆတ်ဆတ်တုန်ပြီး သေဆုံးသွားကြလေသည်။

"သေရချည်ရဲ့... ဒါက ဒီတစ်နှစ်လုံးအတွက် မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါလား..."

ကြောက်ရွံ့မှုများ ပျံ့နှံ့သွားပြီးနောက် ဆုံးရှုံးမှုများ လျော့ပါးစေရန်အတွက် ရွာသားများမှာ ဝက်များကို အလုအယက် ရောင်းထုတ်ကြတော့သည်။

ဝက်ကြီးများဖြစ်စေ၊ ဝက်လတ်များဖြစ်စေ၊ တစ်လသားအရွယ် ဝက်ကလေးများပင်ဖြစ်စေ အကုန်လုံးကို ဈေးသို့ သယ်ဆောင်သွားကြ၏။ ခရိုင်မြို့ရှိ ဟင်းသီးဟင်းရွက်ဈေးမှာ ဝက်သားများမှာ တောင်ပုံရာပုံ ဖြစ်နေတော့သည်။ ပုံမှန်ဆိုလျှင် လက်မှတ်ပြ၍ တန်းစီဝယ်ယူရသည့် ဝက်သားသုံးထပ်သားများမှာ ယခုမူ တစ်ပေါင်လျှင် နှစ်ပြားဖြင့်ပင် ဝယ်သူမရှိ ဖြစ်နေရ၏။

"ဘယ်သူက ဝယ်ရဲပါ့မလဲ... အဲ့ဒီဝက်တွေက ရောဂါဖြစ်နေတဲ့ ဝက်တွေတဲ့၊ စားမိရင် သေနိုင်တယ်ဆိုပဲ..."

သတင်းစကားများမှာ ဗိုင်းရပ်စ်ထက် ပို၍မြန်ဆန်စွာ ပျံ့နှံ့နေသည်။

ချန်ရှင်းသည် ချင်းရှန်းရွာကို တာဝန်ယူထားပြီး ဖန်လုံအိမ်များနှင့် ကြက်မွေးမြူရေးခြံများကို တည်ဆောက်ထားသော်လည်း အိမ်ခြေများစွာတွင် ဝက်အနည်းငယ်ကို လွှတ်ကျောင်းထားဆဲပင်။ အခြားရွာများတွင် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို မြင်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေကြရသည်။ ချန်ရှင်းသည် ရွာအဝင်ဝ၌ ရပ်နေရင်း ဝေးလံသော မြေလမ်းမပေါ်မှ တက်လာသည့် ဖုန်လုံးများကို ငေးကြည့်နေမိသည်။ ၎င်းမှာ လီကျားရွာသားများက ရောဂါလက္ခဏာ မပြသေးသော ဝက်များကို ခရိုင်မြို့ဆီသို့ မောင်းနှင်လာခြင်း ဖြစ်သည်။

"အစ်ကိုရှင်း... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

ချန်အယ်တန့်သည် သူ့ဘေးတွင် ထိုင်ချလိုက်ရင်း စိုးရိမ်တကြီး မေးမြန်းသည်။

"ကျွန်တော့်အမေဆိုရင် ဝက်ခြံထဲမှာ တစ်ညလုံး မအိပ်ဘဲ စောင့်နေရတာ၊ အဲ့ဒီဝက်နှစ်ကောင် ငရဲမင်းကြီးဆီ ရောက်သွားမှာကို ကြောက်လို့လေ..."

ချန်ရှင်း စကားမပြောရသေးမီမှာပင် ချန်ကွမ်လင်သည် အမောတကော ပြေးလာသည်။

"အကြံပေးချန်... ပြည်နယ်မြို့တော်က ညွှန်ကြားရေးမှူးကောင်းဆီက အရေးပေါ် ဖုန်းခေါ်ထားပါတယ်..သူ သုံးကြိမ်တောင် ခေါ်ပြီးပြီ..."

ချန်ရှင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ရွာလူထုဌာနချုပ်ဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်သည်။ ဖုန်းတစ်ဖက်စွန်းမှ ကောင်းမင်၏ အသံမှာ အရေးတကြီး ဖြစ်နေ၏။

"အကြံပေးချန်... ပြည်ပပို့ကုန် အော်ဒါတွေ တအားများလာတယ်၊ နိုင်ငံတကာ ဈေးကွက်မှာ ဝက်သားပြတ်လပ်မှုက ပြင်းထန်နေတယ်…ပြည်ပဝယ်လက်တွေက အရည်အသွေးမြင့် ဝက်သားကို တောင်းဆိုနေကြတာ၊ အဲ့ဒါကို ထောက်ပံ့ပေးနိုင်ရင် ဈေးနှုန်းကို နှစ်ဆပေးမယ်တဲ့…အမေရိကန် ဒေါ်လာနဲ့ ရှင်းပေးမှာ..."

ချန်ရှင်းသည် ဖုန်းကိုကိုင်ထားရင်း စားပွဲပေါ်၌ လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်နေသည်။

အာဖရိက ဝက်တုပ်ကွေးလား၊ ပြတ်လပ်မှုလား၊

ဤသည်က ဘေးအန္တရာယ်မဟုတ်ဘဲ ကောင်းကင်ဘုံက ကျလာသည့် ရွှေတုံးကြီးတစ်ခုပင် ဖြစ်သည်။

"ညွှန်ကြားရေးမှူးကောင်း... ကျွန်တော် ဒီအော်ဒါကို ယူလိုက်မယ်"

ချန်ရှင်း၏ အသံမှာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့် ရှိနေသည်။

ဖုန်းချလိုက်ပြီးနောက် ချန်ရှင်း၏ မျက်ဝန်း၌ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

အကျပ်အတည်းဟူသည် ဘေးအန္တရာယ်နှင့် အခွင့်အလမ်းနှစ်ခုစလုံးကို ဆောင်ကြဉ်းလာတတ်သည်။ ခရိုင်တစ်ခုလုံး ဝက်သတ်နေချိန်တွင် မွေးမြူရေးခြံ စတင်ဖွင့်လှစ်ခြင်းမှာ ရူးသွပ်သည်ဟု အများက ထင်မြင်ကြမည်ဖြစ်သော်လည်း ချန်ရှင်း၏ အမြင်တွင်မူ ၎င်းမှာ တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်မည့် အခွင့်အလမ်းပင် ဖြစ်သည်။

ထိုညတွင် ချန်ရှင်းသည် အတွင်းခန်းထဲသို့ ဝင်ကာ တံခါးကို သော့ခတ်ထားလိုက်သည်။ စိတ်အာရုံကို စုစည်းလိုက်သည်နှင့် တံခါးပေါက် ပွင့်လာ၏။ ခေတ်သစ်ကမ္ဘာသို့ ရောက်ရှိသွားသောအခါ ချန်ရှင်းသည် ဝက်မွေးမြူရေး ခြံကြီးတစ်ခုဆီသို့ ရောက်သွားသည်။ အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ထားပြီး လုံခြုံရေး အပြည့်အဝရှိသော လမ်းစင်္ကြံ၌ ရပ်ကာ အောက်တွင် ရှိနေသည့် ဆီးနှင်းလို ဖြူဖွေးသော ဝက်ကြီးများကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။

ချန်ပိုင်ဝက်။

နောက်ပိုင်းမျိုးဆက်များတွင် သာမန်ဖြစ်နေမည့် မျိုးစိတ်တစ်ခုမှာ ၁၉၇၀ ပြည့်နှစ်တွင်မူ မည်သူမျှ မသိရှိသည့် ထူးဆန်းသော သတ္တဝါတစ်ကောင် ဖြစ်နေပေလိမ့်မည်။ ၎င်းမှာ သက်တမ်းတို၍ အသားပိုများပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိကာ အရေးအကြီးဆုံးမှာ ခန္ဓာကိုယ် အရွယ်အစား ကြီးမားခြင်းပင် ဖြစ်သည်။ ထိုခေတ်က ဒေသဝက်များသည် တစ်နှစ်မွေးမှ ၁၀၀ ကျော်သာ ရှိသော်လည်း ဤဝက်မျိုးမှာ ခြောက်လအတွင်း ဈေးကွက်ဝင်နိုင်ပြီး ၂၀၀ မှ ၃၀၀ အထိ အလွယ်တကူ ကြီးထွားလာနိုင်သည်။

"အစ်ကိုကြီး... ကျွန်တော် ဒီဝက်ကလေး သုံးရာ လိုချင်တယ်"

ချန်ရှင်းသည် ငွေစက္ကူအနီရောင်များ ပါဝင်သည့် သေတ္တာတစ်လုံးကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

"ပြီးတော့ အဆင့်အမြင့်ဆုံး ဝက်တုပ်ကွေး ကာကွယ်ဆေး၊ ရောဂါ ကာကွယ်ရေး ပစ္စည်းအစုံနဲ့ ဖြည့်စွက်စာတွေပါ လိုချင်တယ်... ပြီးတော့ ဒီကာကွယ်ဆေးက ပြောင်းလဲသွားတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေကိုရော ကာကွယ်နိုင်ရဲ့လား..."

မွေးမြူရေးခြံ မန်နေဂျာမှာ ငွေကို မြင်သောအခါ နားရွက်တက်မတတ် ပြုံးလိုက်ပြီး

"ညီလေးရေ... စိတ်ချပါ၊ ဒါက အနောက်ဆုံးပေါ် ကာကွယ်ဆေးပါ၊ ဝက်တုပ်ကွေးတင် မဟုတ်ဘဲ ငရဲမင်းကြီးတောင် လမ်းဖယ်ပေးရမယ့် အမျိုးအစားပါ..."

၁၉၇၀ ပြည့်နှစ်သို့ ပြန်ရောက်သောအခါ ချန်ရှင်းသည် ခဏမျှ မနားဘဲ သူ၏ ဆီဒင်ကားကို မောင်းနှင်ကာ ခရိုင်ရုံးသို့ တန်းမောင်းသွားသည်။ ဟူဖုန်းသည် ရုံးခန်းထဲတွင် ဆေးလိပ်ကို တိတ်တဆိတ် ဖွာနေပြီး ကြမ်းပြင်တွင် ဆေးလိပ်တိုများ ပြန့်ကျဲနေ၏။ ခရိုင်အတွင်း အာဖရိက ဝက်တုပ်ကွေးမှာ စီးပွားရေးကိုတင် မဟုတ်ဘဲ ပြည်သူလူထု၏ ဘဝကိုပါ ထိခိုက်နေသောကြောင့် အာဏာပိုင်တို့မှာ အချိန်မရွေး အရေးယူရန် ပြင်ဆင်နေကြသည်။

"မင်းက လုံခြုံရေး အပြည့်အဝရှိတဲ့ မွေးမြူရေးခြံကို ဆောက်ချင်တာ ဟုတ်လား..."

ချန်ရှင်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဟူဖုန်းသည် မျက်လုံးများ နီရဲနေလျက် မော့ကြည့်လိုက်သည်။

"ဒီလိုအချိန်မှာလား..."

"အဲ့ဒါကြောင့်ပဲ အခုဆောက်ဖို့ လိုအပ်တာပါ၊ ခရိုင်အုပ်ချုပ်ရေးမှူး... ကျွန်တော့်မှာ ပြည်ပကနေ ထိရောက်တဲ့ ကာကွယ်ဆေးနဲ့ အရည်အသွေးမြင့် ဝက်မျိုးတွေကို ရနိုင်မယ့် လမ်းကြောင်းရှိပါတယ်၊ ကျွန်တော့်ကို သီးသန့်ခွဲခြားတဲ့နေရာ တစ်ခုလောက်ပေးပါ၊ ကျွန်တော်တို့ ခရိုင်ကနေ အကောင်းဆုံး ပို့ကုန်ရလဒ် ထွက်လာအောင် တာဝန်ယူပါတယ်"

ဟူဖုန်းသည် ချန်ရှင်းကို မိနစ်ဝက်ခန့်ကြာအောင် စိုက်ကြည့်နေသည်။ သူ လောင်းကြေးထပ်နေခြင်း ဖြစ်၏။ အကြိမ်ကြိမ် အံ့ဖွယ်များကို ဖန်တီးပြခဲ့သော ဤလူငယ်သည် ယခုတစ်ကြိမ်တွင်လည်း အောင်မြင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

"ကောင်းပြီ... မင်း ဘယ်နေရာကို လိုချင်တာလဲ"

ဟူဖုန်းသည် စားပွဲကို လက်ဖြင့် ပုတ်လိုက်၏။

"ချင်းရှေရွာ နောက်ဘက်မှာ စွန့်ပစ်ထားတဲ့ ကျောက်ခွဲရုံ ရှိပါတယ်၊ အဝင်အထွက် တစ်လမ်းတည်းသာ ရှိတဲ့အတွက် သဘာဝအလျောက် သီးသန့်ခွဲခြားထားနိုင်တဲ့ နေရာဖြစ်ပါတယ်"

"ခွင့်ပြုတယ်... အထူးကိစ္စကို အထူးအနေနဲ့ ကိုင်တွယ်မယ်၊ လမ်းဆုံမှာ စောင့်ကြည့်ဖို့ စစ်တပ်က လူတွေကို ထပ်ပေးလိုက်မယ်၊ ဘယ်သူပဲ ဖြစ်ဖြစ် အတင်းဝင်လာရင် ဖမ်းဆီးလိုက်..."

သုံးရက်မြောက်နေ့ ညနက်ပိုင်းတွင် စစ်ဘက်သုံး အစိမ်းရောင် တာပေါ်လင်စများ အုပ်ထားသော ကုန်တင်ကားကြီးအချို့မှာ ချင်းရှေရွာတွင်းသို့ ဝင်ရောက်လာပြီး တောင်နောက်ဘက်ရှိ ကျောက်ခွဲရုံဆီသို့ မောင်းနှင်သွားကြသည်။ ချန်အယ်တန့် အပါအဝင် ထိုနေရာတွင် စောင့်ဆိုင်းနေသော ရွာသားများမှာ အသံပင် မထွက်ရဲကြပေ။ ချန်ရှင်းသည် ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး ပစ္စည်းများ ချရန် ညွှန်ကြားသည်။

"တိတ်တိတ်နေကြ... ပိုးသတ်ဆေး အရင်ဖြန်းမယ်၊ အားလုံး ဖိနပ်အစွပ်တွေ စွပ်ထားပါ၊ ငါ့အမိန့်မပါဘဲ ဘယ်သူမှ တာပေါ်လင်စကို မလှန်ရဘူး"

နောက်တစ်နေ့ နံနက်စောစောတွင် သတင်းမှာ ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွား၏။

"အကြံပေးချန်က နတ်ဝက်တွေ ခေါ်လာတယ်တဲ့..."

"ဝက်တွေက ဖြူဖွေးနေတာပဲ၊ ဆီးနှင်းလိုပဲတဲ့..."

ထိုသတင်းက တီဗွီဝယ်တုန်းကထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေသည်။ ရွာသားများမှာ ထမင်းပင် မစားနိုင်တော့ဘဲ ပန်းကန်များကို ကိုင်လျက် တောင်နောက်ဘက်သို့ ပြေးသွားကြသည်။

ကျောက်ခွဲရုံ အနီးသို့ ရောက်သောအခါ ဝါယာကြိုးများဖြင့် ကာရံထားပြီး စောင့်ကြပ်နေသည့် စစ်သားများက တားဆီးလိုက်သည်။ သို့သော် ၎င်းက ရွာသားများ၏ စိတ်အားထက်သန်မှုကို မလျှော့ကျစေနိုင်ပေ။ လူတိုင်းမှာ ဝါယာကြိုးပြင်ပ၌ တိုးကြိတ်နေပြီး အတွင်းဘက်သို့ မြင်ရအောင် ခြေဖျားထောက် ကြည့်နေကြ၏။

အသစ်ဆောက်ထားသော ဝက်ခြံများအတွင်းတွင် မမြင်ဖူးသော သတ္တဝါများမှာ အော်ဟစ်နေကြသည်။ ၎င်းတို့မှာ အသားအရေမှာ ပန်းရောင်သန်းပြီး အလွန်ကြီးမားသော နားရွက်များက မျက်လုံးကို ဖုံးလွှမ်းလုနီးပါး ကျနေသည်။ ၎င်းတို့မှာ ကြီးမားလွန်းသဖြင့် ဝက်ကလေးများပင်လျှင် ရွာထဲက ဒေသဝက်ထက် ပို၍ သန်မာနေသည်။

"အမလေး..."

ဝါယာကြိုးတွင် မှီတွယ်ကြည့်နေသော အဒေါ်လျူမှာ မျက်လုံးများ ပြူးထွက်လုမတတ် ဖြစ်သွားသည်။

"ဒါ ဝက်မဟုတ်ဘူး ဝက်နတ်မင်းကြီး ဆင်းသက်လာတာပဲ ဖြစ်ရမယ်..."

"ဒီလို အဖြူရောင်ဝက်သားက စားလို့ကောင်းပါ့မလား..."

အချို့က သံသယဝင်ကြသည်။

"ဘာမှမသိဘဲနဲ့..."

ချန်အယ်တန့်က ဂေါ်ပြားတစ်လက်ကို ကိုင်ရင်း ဝါယာကြိုးဘက်သို့ လှည့်ကာ ကြွားလုံးထုတ်လိုက်သည်။

"ဒါတွေက နိုင်ငံခြားဝက်တွေ၊ တစ်ကောင်ကို ပေါင် ၃၀၀ အထိ ဝိတ်တက်တယ်၊ ပြီးတော့ အသားပဲ ဖြစ်နေတာ..."

ပေါင် ၃၀၀ တဲ့လား။

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ အံ့အားသင့်စွာဖြင့် ရှိုက်သံ ထွက်ပေါ်လာသည်။ ရွာတွင် ဒေသဝက်တစ်ကောင်မှာ တစ်နှစ်မွေးမှ ၁၅၀ သို့မဟုတ် ၁၆၀ ရှိလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

လူအုပ်စု၏ အရှေ့ဘက်တွင် တိုးကြိတ်နေသော ဝမ်ကွေ့ရှန်းသည် ထိုစကားကို ကြားလိုက်သောအခါ မျက်လုံးထဲတွင် လောဘဇောများ တောက်ပြားလာသည်။ ယခု သူမကြည့်လိုက်သည့် အဖြူရောင်ဝက်များမှာ ဝက်များမဟုတ်တော့ဘဲ လမ်းလျှောက်နေသည့် ရွှေအိုးကြီးများ ဖြစ်နေတော့သည်။ သူမသည် မျက်လုံးများကို ကစားရင်း ဆံပင်ကို ပြင်လိုက်ကာ ချန်ရှင်း အနားသို့ ကပ်သွား၍

"မတ်လေး... အိုး ငါ့မတ်လေးရယ်၊ မတ်လေးရဲ့ ဝက်တွေက တကယ့်ကို လှတာပဲနော်..."

ချန်ရှင်းသည် မျက်နှာဖုံးကို ချွတ်လိုက်ပြီး အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်ရင်း သူမကို တည်ငြိမ်စွာ ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။

"အင်း... မတ်လေး အလုပ်များနေတာပဲ"

ဝမ်ကွေ့ရှန်းသည် မျက်နှာချိုသွေးကာ ရယ်မောလိုက်သည်။

"ကြည့်ပါဦး အစ်မတို့က မိသားစုဝင်တွေပဲဟာ... မတ်လေးဆီက ဝက်ကလေး နှစ်ကောင်လောက် မွေးဖို့များ ငှားလို့ရမလား..."

အခန်း (၁၈၂) ရင်းနှီးမြှုပ်နှံလိုပါသည်

ချန်ရှင်းက ငြင်းပယ်မည်ကို စိုးရိမ်သဖြင့် ဝမ်ကွေ့ရှန်းက ကပျာကယာ ထပ်ပြောလိုက်၏။

"အစ်မရဲ့ ဝက်မွေးတဲ့အတတ်ပညာက ဒီတစ်ဝိုက်မှာ နာမည်ကြီးမှန်း မင်းလည်း သိတာပဲ။ အစ်မ သေချာပေါက် အကောင်ကြီးပြီး ကျန်းမာအောင် မွေးပေးမှာပါ။ နှစ်ကုန်လို့ ရောင်းရရင် အတိုးနဲ့တကွ ပြန်ဆပ်မယ်လေ... ဟုတ်ပြီလား"

ထိုစကားကို ကြားသောအခါ ဝန်းကျင်ရှိ ရွာသားများအားလုံး နားစွင့်လာကြသည်။

အကြွေးဖြင့် ဝယ်ယူနိုင်မည်ဆိုပါက မည်သူက မမွေးချင်ဘဲ နေပါ့မလဲ။ ၎င်းတို့မှာ ပေါင် (၃၀၀) အထိ ကြီးထွားလာနိုင်သည့် အံ့ဖွယ်ဝက်များ မဟုတ်ပါလော။

ချန်ရှင်းက ပုတီးစိပ်နေသကဲ့သို့ တွက်ချက်နေသော ဝမ်ကွေ့ရှန်း၏ မျက်နှာကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

"မရဘူး... အစ်မ ဝက်မွေးလို့ မရဘူး"

"ဘာလို့ မရရမှာလဲ..."

ဝမ်ကွေ့ရှန်း၏ မျက်နှာအမူအရာ ပျက်သွား၏။

"အစ်မက အကြွေးမဆပ်မှာ စိုးလို့လား။ အစ်မဆိုတာ ရွှီချင်းချင်းရဲ့ ယောင်းမအရင်းနော်"

"ဒါက ဆွေမျိုးနဲ့ မသက်ဆိုင်ဘူး"

ချန်ရှင်းက ဆူးကြိုးကာရံထားသော ခြံစည်းရိုးဘက်သို့ လျှောက်သွားကာ အသံကို တင်းမာစွာဖြင့် ဆိုသည်။

"ဒီဝက်တွေကို အထူးအစာတွေ၊ ပြည်ပက မှာယူထားတဲ့ ကာကွယ်ဆေးတွေနဲ့ မွေးမြူထားတာဖြစ်ပြီး အလုံးစုံ ပိတ်လှောင်ထားတဲ့ ပတ်ဝန်းကျင်မှာပဲ စီမံခန့်ခွဲရမှာ။ ဒီခြံထဲကနေ အပြင်ဘက်ကို ရောက်သွားရင် ဝက်တုပ်ကွေးကူးစက်ပြီး သေသွားလိမ့်မယ်"

"ဒါ့အပြင်"

ချန်ရှင်း၏ အကြည့်တို့က သူ့ပတ်ဝန်းကျင်ရှိ တရွရွဖြစ်နေသော ရွာသားများဆီသို့ ရောက်သွားပြီး အသံကို တိုးမြှင့်လိုက်သည်။

"ဒါတွေက တင်ပို့ရောင်းချပြီး နိုင်ငံခြားငွေ ရှာဖွေဖို့အတွက် ရည်ရွယ်ထားတဲ့ စုပေါင်းပိုင်ပစ္စည်းတွေပဲ။ အစိုးရက စနစ်တကျ ဝယ်ယူရမှာဖြစ်ပြီး အကြွေးနဲ့ ရောင်းပေးဖို့ မရှိဘူး"

"ရင်းနှီးမြှုပ်နှံချင်သလား။ ရပါတယ်။ ပိုက်ဆံကို ယူလာခဲ့၊ စာချုပ်မှာ လက်မှတ်ထိုး၊ နှစ်ကုန်ရင် အမြတ်ဝေစု ခွဲပေးမယ်။ အလကား ရဖို့တော့ မကြိုးစားနဲ့၊ ဒါမှမဟုတ် ဝက်ကို အိမ်မှာ ယူသွားပြီး ကိုယ်တိုင်မွေးမယ်ဆိုရင်လည်း... လုံးဝ မဖြစ်နိုင်ဘူး"

ထိုစကားများကြောင့် ရွာသားများအကြား ချက်ချင်းပင် ဆူညံသွားသည်။

"ပိုက်ဆံပေးရမယ်... အခုလိုကာလမှာ ဘယ်သူက ဝက်မွေးဖို့ ပိုက်ဆံရင်းရဲမှာလဲ"

"ဟုတ်တယ်လေ…ဒီပြည်ပဝက်တွေကသာ ရောဂါရပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံတွေ အကုန်အချည်းနှီး ဖြစ်ကုန်မှာပေါ့"

"အကြံပေးချန်ရဲ့ စည်းကမ်းတွေက တင်းကျပ်လွန်းတယ် နောက်မှပဲ စဉ်းစားကြတာပေါ့"

ရွာသားများ၏ စိတ်အားထက်သန်မှုတို့မှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားလေသည်။

ဝက်တုပ်ကွေး၏ အရိပ်မည်းများ ဖုံးလွှမ်းနေဆဲကာလတွင် ငွေစစ်ငွေမှန် ထုတ်သုံးခြင်းမှာ အသက်နှင့် ရင်း၍ လောင်းကစားခြင်းနှင့် အတူတူပင်ဖြစ်၏။

အခြေအနေကို မထိန်းချုပ်နိုင်တော့သည့် ဝမ်ကွေ့ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ကျိန်ဆဲလိုက်သည်။

"ဟွန့်... ပြည်ပဝက်တဲ့လား။ ငါ့အထင်တော့ ငါတို့ကို လှည့်စားပြီး ငွေညှစ်ဖို့ လုပ်တာပဲနေမှာ…တစ်လတောင် ခံပါ့မလား ဘယ်သူသိမှာလဲ။ သူတို့ မလိုချင်ရင်လည်း နေပါစေတော့.လာ... အဖေကြီး အိမ်ပြန်ရအောင်"

စကားပြောရင်း သူမက ဘေးနားတွင် ရပ်နေသည့် ရွှီဖူကွေ့ကို ဆွဲခေါ်ရန် ကြိုးစားသည်။

သို့သော် ရွှီဖူကွေ့ကမူ သစ်တုံးတစ်တုံးပမာ နေရာတွင်ပင် ငုတ်တုတ်ရပ်နေ၏။

သူက ချန်ရှင်းကိုသာ စိုက်ကြည့်နေသည်။

ချန်ရှင်းကမူ အေးဆေးတည်ငြိမ်စွာပင်ရှိနေပြီး သူ၏မျက်ဝန်းတို့မှာ နက်ရှိုင်းကာ ပြတ်သားလျက် ရှိသည်။

ချန်ရှင်း၏ အကူအညီဖြင့် ပိုက်ဆံများ ရခဲ့သည်ကို ပြန်တွေးမိသော ရွှီဖူကွေ့က အံကို တင်းတင်းကြိတ်လိုက်ပြီး ဝမ်ကွေ့ရှန်း၏ လက်ကို ရုတ်တရက် ခါချလိုက်သည်။

"ရှင် ဘာလုပ်တာလဲ။ ရှငိလွန်လွန်းနေပြီနော်"

ဝမ်ကွေ့ရှန်းက အော်ဟစ်လိုက်သည်။

ရွှီဖူကွေ့က သူမကို လျစ်လျူရှုလိုက်သည်။

သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ အသားမည်းမည်း ကြမ်းကြမ်းမျက်နှာပေါ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပေါ်လာလေသည်။

သူက အင်္ကျီအတွင်းထဲ လက်နှိုက်ကာ အဝတ်စုတ်များစွာဖြင့် ပတ်ထားသော အထုပ်ကလေးတစ်ခုကို ထုတ်လိုက်သည်။

အဝတ်စက အဖြူရောင်သန်းသည်အထိ လျှော်ဖွတ်ထားသော်လည်း အတွင်းထဲတွင်မူ အဖုအထစ်များဖြင့် ပြည့်နေသည်။

လူတိုင်း၏ အံ့အားသင့်သော အကြည့်အောက်တွင် သူက ချန်ရှင်းဆီသို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်သည်။

“ယောက်ဖ... မဟုတ်ဘူး..အကြံပေးချန်"

ရွှီဖူကွေ့၏ အသံတို့မှာ တုန်ယင်နေသော်လည်း သူ၏လက်မှာမူ ရှေ့သို့ ဆန့်တန်းထားဆဲပင်။

သူက အဝတ်စကို အလွှာလိုက် ခွာချလိုက်ရာ အတွင်း၌ တွန့်ကြေနေသော ပိုက်ဆံအထုပ်ကြီး ပေါ်လာ၏။

ကြီးမားသော ငွေစက္ကူများသာမက တစ်ယွမ်၊ နှစ်ယွမ်တန် ငွေစက္ကူလေးများလည်း ပါဝင်သည်။

ရွှီဖူကွေ့မှာ ဤနေရာတွင် လွန်ခဲ့သောနှစ်များအတွင်း ပိုက်ဆံအားလုံးကို စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး ယွမ် (၃၀၀) တိတိ ရှိနေလေသည်။ ၎င်း၏ အများစုမှာ ချန်ရှင်း၏ အကူအညီဖြင့် ရှာဖွေထားခြင်းဖြစ်သည်။

"ရွှီဖူကွေ့..ရှင် ရူးနေပြီလား..”

ဝမ်ကွေ့ရှန်း အော်ဟစ်ကာ လုယူရန် ရှေ့သို့ တိုးလာသည်။

"ဒါ ငါတို့ မိသားစုရဲ့ အသက်ကယ်ပိုက်ဆံလေ…ရှင်က ငါ့ကို သတ်ချင်နေတာလား"

"ဖယ်စမ်း"

ရွှီဖူကွေ့က ရုတ်တရက် သူ၏လက်ကို အစွမ်းကုန် လွှဲရမ်းလိုက်သည်။

ပြင်ဆင်ချိန်မရလိုက်သည့် ဝမ်ကွေ့ရှန်းမှာ နှင်းများပေါ်သို့ တင်ပါးဖြင့် ပြင်းပြင်းထန်ထန် ထိုင်လျက်သား ဖြစ်သွားပြီး နာကျင်လွန်းသဖြင့် အချိန်အတော်ကြာအောင် ထူမရ ဖြစ်နေတော့သည်။

အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွား၏။

ရွှီဖူကွေ့က သူမကို တစ်ချက်ပင် မကြည့်တော့ဘဲ ချန်ရှင်းကိုသာ စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းတို့တွင် စွန့်စားလိုသော၊ ရူးသွပ်သော စိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေလေသည်။

“ညီလေး..ငါ ဒီပိုက်ဆံတွေအကုန် ရင်းနှီးမြှုပ်နှံမယ်"

ချန်ရှင်းက ရွှီဖူကွေ့ကို ကြည့်နေသော်လည်း တစ်စုံတစ်ရာ မပြောချေ။

ထိုယွမ် (၃၀၀) မှာ ရွှီဖူကွေ့အတွက် မည်မျှအရေးပါသည်ကို သူ သိသည်။

သို့သော် ဤအရေးကြီးသောအချိန်တွင် သာမန်အချိန်၌ အားငယ်တတ်ပြီး နာခံတတ်သည့် သူ၏ယောက်ဖဖြစ်သူက အပြင်းထန်ဆုံးသော အထောက်အပံ့ကို ပေးလိုက်ခြင်းဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်…

"အယ်တန့်… ငါ့ဆီ စာရင်းစာအုပ် ယူခဲ့ပေး"

ချန်ရှင်းက နောက်ဆုံးတွင် စကားဆိုလိုက်သည်။

သူက စာရင်းစာအုပ်ကို ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်အပူရှိန် ကျန်ရှိနေသေးသော ပိုက်ဆံအထုပ်ကို လေးနက်စွာ လက်ခံလိုက်ကာ ချန်အယ်တန့်ထံ ပေးအပ်လိုက်သည်။ ထို့နောက် ဘောပင်ကို ကိုင်၍ စာမျက်နှာဦးဆုံးတွင် "ရွှီဖူကွေ့" ဟူသော စာလုံးသုံးလုံးကို သေသပ်စွာ ရေးထည့်လိုက်သည်။

"မင်းရဲ့ ရှယ်ယာကို ငါ လက်ခံလိုက်ပြီ"

ချန်ရှင်းက ရွှီဖူကွေ့၏ ပခုံးကို အားပါးတရ ပုတ်လိုက်ပြီး

"စိတ်မပူပါနဲ့၊ ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်အတွက် မင်း ဂုဏ်ယူရပါလိမ့်မယ်"

ရွှီဖူကွေ့၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး လဲကျလုနီးပါး ဖြစ်သွားကာ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။

သူ မှန်ကန်သော အလောင်းအစားကို ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်သည်။

"ငါလည်း ထည့်မယ်"

ရုတ်တရက် လူအုပ်ကြားထဲမှ အသံကျယ်ကျယ်ဖြင့် ထအော်လိုက်သည်။

ရွာမှ သစ်လုပ်ငန်းလုပ်သူ အဘိုးအိုပင်ဖြစ်ပြီး သူ၏လက်ထဲတွင် ယွမ်ငွေစက္ကူအနည်းငယ်ကို တုန်ယင်စွာ ကိုင်ထားသည်။

"ငါ့မှာ ပိုက်ဆံသိပ်မရှိဘူး၊ (၅၀) ပဲ ရှိတယ်။ အကြံပေးချန် ငါ့ကိုလည်း ခေါ်သွားပေးလို့ ရမလား"

"ရတာပေါ့”

ချန်ရှင်းက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

"ငါလည်း ထည့်မယ်…ငါ့ဝက်ကို ရောင်းလိုက်တာ (၂၀) ရတယ်၊ အကုန်လုံး လောင်းကြေးထပ်မယ်”

"ကျွန်တော်လည်း ထည့်မယ်! ကျွန်တော်လည်း ပါချင်တယ်"

ဆူပွက်နေသော ဆီအိုးထဲသို့ ရေတစ်စက် ကျရောက်သွားသကဲ့သို့ နေရာတစ်ခုလုံး ချက်ချင်းပင် ဆူညံသွားတော့သည်။

ခဏအကြာကတိုင် တွန့်ဆုတ်နေပြီး စောင့်ကြည့်နေကြသော ရွာသားတို့မှာ ရွှီဖူကွေ့၏ စကားကြောင့် လှုံ့ဆော်ခံလိုက်ရကာ ချန်ရှင်းအပေါ် ယုံကြည်မှုတို့ကြောင့် ရူးသွပ်သွားကြတော့သည်။

ဝမ်ကွေ့ရှန်းမှာ မြေပြင်ပေါ်တွင် ထိုင်လျက် ချန်ရှင်း၏ လက်ထဲသို့ ပိုက်ဆံများကို လုယက်ထည့်ပေးနေကြသော ရွာသားများကို ကြည့်နေရပြီး ရွှီဖူကွေ့၏ ပြတ်သားသော မျက်နှာကိုကြည့်ကာ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း လက်ခံလိုက်ရတော့သည်။

ချန်ရှင်းက မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်လျက် အောက်ရှိ စိတ်လှုပ်ရှားနေသော မျက်နှာများကို ငုံ့ကြည့်လိုက်သည်။

ဤနေ့မှစ၍ ဤဝက်ဖြူရာချီမှာ အသားများသာ မဟုတ်တော့ဘဲ ပတ်ဝန်းကျင်ရွာများအတွက် အနာဂတ်၏ မျှော်လင့်ချက်များ ဖြစ်လာလိမ့်မည်ကို သူ သိသည်။

"အားလုံးက ကျွန်တော့်ကို ယုံကြည်ကြတဲ့အတွက် အကြံပေးချန်အနေနဲ့ မနှစ်မြို့စရာ စကားတွေကို ကြိုတင်ပြောထားရတော့မယ်"

ချန်ရှင်းက တိတ်ဆိတ်သွားစေရန် လက်ဟန်ဖြင့် ပြလိုက်သည်။

"ဒီခြံကို စစ်တပ်ပုံစံမျိုးနဲ့ စီမံခန့်ခွဲမှာ။ ရင်းနှီးမြှုပ်နှံတဲ့သူတိုင်း အလှည့်ကျ တာဝန်ယူရမယ်။ အပျင်းထူတဲ့သူ ဒါမှမဟုတ် ဝက်ခြံထဲကို အညစ်အကြေး ယူလာတဲ့သူ ဘယ်သူမဆို သနားညှာတာမှုမရှိဘဲ နှင်ထုတ်ခံရမယ်၊ ပြီးတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံငွေကို ပြန်ပေးမှာမဟုတ်ဘူး"

"အကြံပေးချန် ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်"

"အလုပ်ပျက်အောင် လုပ်တဲ့သူရှိရင် ကျွန်တော်ပဲ အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

ဝက်ခြံမှာ အောင်မြင်စွာ တိုးတက်လာပြီး ပုံစံတစ်ကျ ဖြစ်လာပြီဖြစ်သည်။

ဝက်မျိုးစပ်အကောင် (၃၀၀) ကျော်ရှိပြီး ၎င်းတို့၏ စား၊ သောက်၊ စွန့်ပစ်မှုများကို အလွန်သေချာစွာ လုပ်ဆောင်ရသည်။

နေ့စဉ် မိုးမလင်းမီတွင် လူတစ်ယောက်က တွန်းလှည်းဖြင့် ဝက်ခြံသို့ အစာလာပို့ရသည်။ ၎င်းမှာ ခေတ်မီအာဟာရပြည့်ဝသော အစာကို အစေ့အဆန်များနှင့် ရောနှောထားသည့် ချန်ရှင်း၏ "လျှို့ဝှက်ချက် နည်းလမ်း" ပင် ဖြစ်သည်။

ချန်ရှင်း ပြောခဲ့သည့်အတိုင်းပင် မျိုးကွဲသစ်တို့မှာ လျင်မြန်စွာ ကြီးထွားလာပြီး နေ့တိုင်း ပြောင်းလဲလျက် ရှိသည်။

သို့သော် စီမံခန့်ခွဲမှုမှာမူ အလွန်ပင်ပန်းလှသည်။

ချန်အယ်တန့်က အားကောင်းမောင်းသန် လုပ်သား (၇) (၈) ယောက်ကို ဦးဆောင်ကာ နေ့စဉ် အစာရောခြင်းနှင့် ဝက်ချေးရှင်းခြင်းတို့ဖြင့် ပင်ပန်းလွန်းသဖြင့် ခါးပင် မဖြောင့်နိုင်ကြချေ။

ထို့အပြင် ပြည်ပရောဂါများမဝင်ရောက်အောင်လည်း ကာကွယ်ရသေးသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပိုးသတ်ခြင်းနှင့် အဝင်အထွက်တွင် အဝတ်အစား (၃) စုံ လဲလှယ်ခြင်းတို့မှာ နံရံကို ခေါင်းနှင့် ဆောင့်မိမတတ် ပင်ပန်းရသည်။

ထို့အပြင် နေ့စဉ် အပိုဆောင်း ရောဂါကာကွယ်ခြင်း၊ ပိုးသတ်ခြင်း၊ အပူချိန်တိုင်းခြင်းနှင့် မှတ်တမ်းတင်ခြင်းများကိုလည်း မဖြစ်မနေ လုပ်ဆောင်ရသည်။

"အစ်ကို... ကျွန်တော်တော့ မလုပ်နိုင်တော့ဘူး"

မျက်ကွင်းညိုလျက် ချဉ်စုတ်စုတ် အနံ့များထွက်နေသော ချန်အယ်တန့်သည် ချန်ရှင်းရှေ့တွင် လဲကျသွားပြီး အေးစက်နေသော မုန့်ဟင်းခါးကို ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။

"ဒါ ဝက်မွေးတာ မဟုတ်တော့ဘူး၊ ဘိုးဘွားတွေကို လုပ်ကျွေးနေရသလိုပဲ။ အဘိုးဝမ်က မနေ့က အစာတွေ အများကြီး ကျွေးလိုက်လို့ ဒီနေ့ အဲဒီဘိုးဘွားတွေ ဝမ်းလျှောကုန်ပြီ။ ကျွန်တော် ကြောက်လွန်းလို့ တစ်ညလုံး မအိပ်ရဲဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဝက်တွေ စျေးကွက်မရောက်ခင် ကျွန်တော်ပဲ အရင် မြေမြှုပ်ခံရတော့မယ်"

All Chapters