← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇)

ကောင်းကင်ဖာထေးသည့် နတ်ရွှံ့စေး

လူဦးရေ ရေတွက်ရန် အမိန့်ပေးပြီးနောက် ရွှီပေါ်အန်းသည် မနားခဲ့ချေ။

သူသည် ပိုမိုညက်ညောသော သရွတ်ကို ရွေးချယ်လိုက်ပြီး ကျောက်ဆောင်ကြားတွင် စိုက်ထားသော ဆေးသွင်း ပိုက်တစ်လျှောက် သတိထား၍ သုတ်လိမ်းကာ တစ်လွှာ ဖုံးအုပ်လိုက်လေ၏။

ရွှီပေါ်အန်းအတွက်မူ ဘွန်ဆိုင်းအတွင်းရှိ နေရာသည် သူ၏ ကိုယ်ပိုင် ခြံဝင်းနှင့် တူညီနေသဖြင့် သူသည် သေသပ် ချောမွေ့စေရန်၊ လေပူဖောင်းများ မရှိစေရန်နှင့် ကွက်လပ်များ မကျန်စေရန် ဂရုတစိုက် သုတ်လိမ်းခဲ့လေသည်။

မကြာမီမှာပင် အစောပိုင်းက ပေါ်လွင်နေခဲ့သော ဖောက်ထွင်းမြင်ရသည့် ပိုက်လုံးကို တောင်စောင့်နတ်မင်းကြီး ၏ တန်ခိုးတော်ဖြင့် ဖုံးကွယ်လိုက်ပြီဖြစ်ကြောင်း လူပုလေးများ မြင်တွေ့သွားကြလေတော့သည်။

"ဘုရားရေ...၊ ဒီအရာကို ကြည့်ကြစမ်း...၊ တကယ့် ရတနာပဲ...။"

"ယိုစိမ့်တာတွေကို ဖာထေးဖို့ သုံးတဲ့ ရွှံ့တွေ၊ ကျောက်စရစ်တွေနဲ့ နည်းနည်း တူနေတယ်...။"

"နောက်နေတာလား...။ ရွှံ့တွေ၊ မြေကြီးတွေက ဒီလို အရောင်မျိုးမှ မရှိတာ...၊ ပြီးတော့ တောင်စောင့်နတ် မင်းကြီးက ငါတို့ သာမန်လူတွေ သုံးတဲ့အရာမျိုးကို သုံးပါ့မလား...။"

"ယိုစိမ့်တာကို ဖာထေးတယ်ဆိုတော့...၊ ရှေးခေတ်က နတ်ဘုရားတွေ ကောင်းကင်ကို ဖာထေးဖို့ သုံးခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလာ နတ်ရွှံ့စေးတွေများ ဖြစ်နေမလား...။"

"ဟယ်...၊ ကောင်းကင်ဖာထေးတဲ့ နတ်ရွှံ့စေး...။ မင်းပြောမှပဲ တကယ်ကို တူနေသလိုပဲ...။"

"ဟေး...၊ တကယ်လို့ ငါတို့ဆီမှာသာ သည်အရာမျိုးရှိခဲ့ရင် ငါတို့ ခြေအောက်က ရွှံ့ဗွက်ထနေတဲ့ မြေကြီးကို မြို့ထဲက အုတ်ခင်းထားတဲ့ ကြမ်းပြင်တွေလို ခင်းလို့ မရနိုင်ဘူးလား...။"

"သေချာပေါက် ရတာပေါ့...။ တောင်စောင့်နတ်မင်းကြီးဆီက နတ်ရွှံ့စေးဟာ အပြင်ဘက်မှာ ငါတို့ကို ပေးသနား ထားတဲ့ မြို့ရိုးနဲ့ တစ်ထပ်တည်း တူနေတယ်ဆိုတာ မင်းတို့ သတိမထားမိကြဘူးလား...။"

"ငါ အခုမှ နားလည်တော့တယ်...။ ဒီခိုင်ခံ့လှတဲ့ မြို့ရိုးကြီးကို တောင်စောင့်နတ်မင်းကြီးက နတ်ရွှံ့စေးတွေ သုံးပြီး ဖန်တီးထားခဲ့တာပဲ...။"

"ဘုရားရေ...၊ ဒါကြောင့်လည်း မြို့ရိုးကြီးက ကျောက်တုံးတွေနဲ့ ယှဉ်နိုင်လောက်အောင် ခိုင်ခံ့နေတာကိုး...။ အစ ကတည်းက ဒါဟာ ကောင်းကင်ဖာထေးတဲ့ နတ်ရွှံ့စေးတွေနဲ့ ပြုလုပ်ထားခဲ့တာကိုး...။"

လူသုံးယောက်ပြောလျှင် ကျားဖြစ်သည် ဆိုသည့် ယုတ္တိဗေဒသည် နေရာတိုင်းတွင် အသုံးဝင်လှပေသည်။

မကြာမီမှာပင် ရွှီပေါ်အန်း အသုံးပြုခဲ့သော သရွတ်ကို ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများက ဒဏ္ဍာရီလာ ကောင်းကင်ဖာထေးသည့် နတ်ရွှံ့စေး အဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်ကြလေတော့သည်။

ပြီးပြည့်စုံမှုကို လိုလားသော သူ၏ စိတ်ကြောင့် ဤအလုပ်များကို ပြီးစီးရန် ရွှီပေါ်အန်းအတွက် နာရီဝက်ကျော် အချိန်ယူခဲ့ရလေသည်။

မျက်လုံးထောင့်မှ ကြည့်လိုက်ရာ လီချင်းကျန်းသည် တုတ်ချောင်းများကို ကြိုးကြိုးစားစား ရေတွက်နေပြီး သူ၏ ဘေးရှိ ကြမ်းတမ်းသော စက္ကူတစ်ရွက်ပေါ်တွင် ရှုပ်ထွေးသော စာလုံးအချို့ကို ရံဖန်ရံခါ ရေးမှတ်နေသည်ကို သူ မြင်လိုက်ရလေ၏။

"လီချင်းကျန်း...၊ မင်း ဘာလုပ်နေတာလဲ...။" ဟု ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ လီချင်းကျန်းသည် သစ်သားတုတ်ချောင်းလေးကို ကိုင်ထားရာမှ အလျင် အမြန် ရပ်တန့်လိုက်ပြီး အဝတ်အစားများကို ခါလိုက်ကာ ရိုသေစွာဖြင့်...၊

"တောင်စောင့်နတ်မင်းကြီးကို အကြောင်းကြားပါရစေ...။ ရွာသားအများစုက စာမတတ်ကြပါဘူး...၊ ဒါကြောင့် ကိန်းဂဏန်းတွေကို ကိုယ်စားပြုဖို့ သစ်သားတုတ်ချောင်းလေးတွေကို အသုံးပြုကြပါတယ်...။ အပြီးသတ် လူဦး ရေကို မရေတွက်ခင် ဒီတုတ်ချောင်းလေးတွေကို အရင်ရေတွက်ရမှာ ဖြစ်ပါတယ်...။"

ထိုအခါမှ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ရေတွက်နည်းစနစ်များမှာ အလွန် ခေတ်နောက်ကျနေသေးကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေသည်။

သူတို့၏ ရေတွက်နည်းစနစ်မှာ တစ်၊ နှစ်၊ သုံး ကဲ့သို့သော စာလုံးကြီးများဖြင့် ရေးသားရသည့် ကိန်းဂဏန်းများ ကဲ့သို့ ရှုပ်ထွေးနေပြီး ရိုးရှင်းလွယ်ကူသည့် အခြားရွေးချယ်စရာ မရှိခဲ့ချေ။

ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ရွှီပေါ်အန်းသည် သူတို့ကို အလွယ်ကူဆုံးသော အာရေဗျဂဏန်းများနှင့် အခြေခံ သင်္ချာ တွက်ချက်နည်းများကို သင်ပေးရန် ဆုံးဖြတ်လိုက်လေ၏။

မကြာမီ ရွှီပေါ်အန်းသည် ပဲပိစပ်စေ့ခန့် အရွယ်အစားရှိသော စက္ကူပိုင်းအနည်းငယ်ကို ဆုတ်ဖြဲလိုက်ပြီး ၎င်းတို့ ပေါ်တွင် သုညမှ နှစ်ဆယ်အထိ ဂဏန်း (၂၁) လုံးကို ဂရုတစိုက် ရေးချလိုက်လေသည်။

ထို့နောက် သူက လေးနက်စွာဖြင့်...၊

"လီချင်းကျန်း...၊ ပိုမိုရိုးရှင်းတဲ့ ရေတွက်နည်းစနစ်နဲ့ ပိုအဆင်ပြေတဲ့ တွက်ချက်နည်းကို ငါ မင်းကို သင်ပေးနိုင် တယ်...။ သေချာနားထောင်...။"

တောင်စောင့်နတ်မင်းကြီး၏ စကားကို ကြားလိုက်ရသောအခါ လီချင်းကျန်းမှာ အံ့အားသင့်သွားပြီး သူ ယခု လေးတင် ရေတွက်ထားသော တုတ်ချောင်းအရေအတွက်ကိုပင် လုံးဝ မေ့သွားခဲ့လေတော့သည်။

လီချင်းကျန်းက သစ်သားတုတ်ချောင်းကို ဘေးသို့ ဖယ်ထားလိုက်ပြီး...၊

"တောင်စောင့်နတ်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော်မျိုး သေချာနားထောင်ပါ့ မယ်... "

ရွှီပေါ်အန်းသည် ကတ်ပြားငယ်အချို့ကို ထုတ်ယူကာ လီချင်းကျန်း၏ရှေ့တွင် ညင်သာစွာ ချထားလိုက်လေသည်။ သူသည် သုညမှ ကိုးအထိရှိသော ကတ်ဆယ်ကတ်ကို အရင်ညွှန်ပြကာ...

"သေချာကြည့်ထား...၊ ဒီစာလုံးတွေကို ကိန်းဂဏန်းတွေလို့ ခေါ်တယ်...။ (၁) က တုတ်ချောင်းငယ် တစ်ချောင်းကို ကိုယ်စားပြုပြီး (၂) က တုတ်ချောင်းငယ် နှစ်ချောင်းကို ကိုယ်စားပြုတယ်...။"

"ဒီနည်းအတိုင်းပဲ (၉) က တုတ်ချောင်းငယ် ကိုးချောင်းကို ကိုယ်စားပြုတယ်...။ (၀) က ဘာမှမရှိတာကို ကိုယ် စားပြုတယ်...။ ဥပမာအနေနဲ့ သစ်သီးတစ်လုံးဆိုရင် (၁) ပေါ့.... ဒါပေမဲ့ ထိုသစ်သီးကို မင်းစားလိုက်ပြီဆိုရင် ကုန်သွားပြီဖြစ်တဲ့အတွက် (၀) ဖြစ်သွားတယ်...။"

လီချင်းကျန်းသည် စိတ်ဝင်တစားဖြင့် ခေါင်းညိတ်လိုက်ပြီး...၊

"ဒီနည်းက တော်တော်လေး ဆန်းသစ်တဲ့ နည်းလမ်းပဲ...။ စာရေးတာထက် အများကြီး ပိုအဆင်ပြေပြီး ပိုမြန် တယ်... "

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး...၊

"ဟုတ်တယ်...၊ အရေးအကြီးဆုံးက ရွာသားတွေအတွက် သင်ယူဖို့ လွယ်ကူပြီး တုတ်ချောင်းငယ်တွေကို ရေတွက် နေတာထက် ပိုမြန်တယ်...။"

လီချင်းကျန်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး...

"ဟုတ်ပါတယ်...။ နောက်မှ ဒီရိုးရှင်းတဲ့ ဂဏန်းတွေကို ရွာသားတွေကို သင်ပေးပါ့မယ်...။ တကယ်လို့ လူတိုင်းက သင်္ချာတွက်ချက်မှု အနည်းငယ်ကို တတ်ကျွမ်းသွားမယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝမှာ အားအင်တွေ အများကြီး သက်သာသွားပါလိမ့်မယ်...။"

"ဟုတ်တယ်...၊ ဒါကြောင့် မင်း အရင်ဆုံး ကြိုးစားသင်ယူဖို့ လိုတယ်...။"

ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းသည် နောက်ထပ် ကတ်တစ်ကတ်ကို ထုတ်ယူလိုက်ပြီး...၊

"ကြည့်...၊ (၁) နဲ့ (၀) ပေါင်းလိုက်ရင် ဆယ်ကို ကိုယ်စားပြုတယ်...။ ဒီနည်းအတိုင်းပဲ ဆယ့်တစ်နဲ့ ဆယ့်နှစ်က မင်းရဲ့ တုတ်ချောင်း ဆယ့်တစ်ချောင်းနဲ့ ဆယ့်နှစ်ချောင်းကို အသီးသီး ကိုယ်စားပြုတယ်...။"

လီချင်းကျန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ...

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... ၊အကယ်၍ ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် (၁) သုံးလုံးက တစ်ရာ့ဆယ့်တစ်ကို ကိုယ်စားပြုတာလား...။"

ရွှီပေါ်အန်းက မျက်ခုံးပင့်လိုက်ပြီး...၊

*အရည်အချင်းရှိတဲ့ ပညာရှင်တစ်ယောက်ဆိုတဲ့အတိုင်း တစ်ခုကို မြင်တာနဲ့ နောက်တစ်ခုကို ဆက်စပ်တွေးတော နိုင်တဲ့ စွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ...* ဟု စိတ်ထဲမှ တွေးလိုက်မိလေ၏။

ဤကဲ့သို့သော လူတစ်ယောက်က အင်ပါယာစာမေးပွဲရဲ့ အနိမ့်ဆုံးအဆင့်ကိုတောင် ကျရှုံးရလောက်အောင် ဘာလို့ ဤမျှ ကံဆိုးရသလဲဆိုတာ တကယ်ကို နားမလည်နိုင်စရာပင်။

"မှန်တယ်...၊ အတိအကျပဲ...။ ဒီရိုးရှင်းတဲ့ ရေတွက်နည်းစနစ်က တတ်ကျွမ်းဖို့ လွယ်ကူတယ်...။ အနည်းဆုံး တော့ တုတ်ချောင်းတွေနဲ့ ရေတွက်ရသလိုမျိုး ရှုပ်ထွေးမနေဘူးလေ...။"

ဂဏန်းများကို ကြည့်ရင်း လီချင်းကျန်းက ဝမ်းသာအားရဖြင့်...၊

"တောင်စောင့်နတ်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်...။ ဒီရိုးရှင်းတဲ့ ဂဏန်းတွေရှိနေရင် ကျွန်တော်မျိုး ရှုပ်ထွေးတဲ့ စာလုံးတွေကို ရေးနေစရာ မလိုတော့ဘူး...။ ရွာသားတွေလည်း သင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်တယ်...။"

ရွှီပေါ်အန်းက အတည်ပြုသည့်ဟန်ဖြင့်...၊

"ဟုတ်တယ်...၊ ရွာသားတွေအတွက် သင်ကြားရေးနဲ့ လေ့လာရေးကို မင်းက တာဝန်ယူရမယ်...။ ဒီကိစ္စ ပြီး သွားရင် အမြှောက်ဇယားလို့ခေါ်တဲ့ မြန်မြန်ဆန်ဆန် ရေတွက်နိုင်တဲ့ နည်းလမ်းကို ငါ မင်းကို ပေးမယ်...။"

လီချင်းကျန်းက ရိုသေမှုနှင့် မျှော်လင့်ချက်အပြည့်ဖြင့်...၊

"ကျွန်တော်မျိုး သေချာနားထောင်နေပါတယ်...။"

ရွှီပေါ်အန်းက ဖြည်းညင်းစွာဖြင့်...၊

"ပထမဆုံးအနေနဲ့ အမြှောက်ကို တတ်ကျွမ်းဖို့အတွက် နေ့စဉ်ဘဝမှာ အဲဒါရဲ့ အသုံးဝင်ပုံကို ငါတို့ သိဖို့ လိုတယ်... ။ ဥပမာအနေနဲ့ လူငါးယောက်က အလုပ်ထွက်လုပ်ဖို့ လိုအပ်ပြီး လူတစ်ယောက်ကို ကိရိယာနှစ်ခုစီ လိုအပ်မယ် ဆိုရင် စုစုပေါင်း ကိရိယာဘယ်နှခု လိုအပ်မလဲ...။"

လီချင်းကျန်း မျက်တောင်ခတ်လိုက်ပြီး သူ၏ လက်မဖြင့် လက်ဆစ်များကို အကြိမ်အနည်းငယ် ပုတ်ကာ...၊

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင် ပြောခဲ့တဲ့ ပြဿနာအရဆိုရင် ကျွန်တော်တို့ ကိရိယာ ဆယ်ခု ပြင်ဆင်ဖို့ လိုအပ်ပါတယ်...။"

ရွှီပေါ်အန်းက ခေါင်းညိတ်ပြပြီး ဆက်လက်၍...၊

"အကယ်၍ လူသုံးဆယ့်နှစ်ယောက်က သုံးရက်ကြာ အလုပ်လုပ်ပြီး လူတိုင်းက တစ်ရက်ကို ထမင်းနှစ်နပ်စာ လုံလောက်တဲ့ အစားအစာတွေ ယူဆောင်လာဖို့ လိုအပ်မယ်ဆိုရင် သူတို့ စုစုပေါင်း အစားအစာ ဘယ်နှနပ်စာ ယူဆောင်လာဖို့ လိုအပ်မလဲ...။"

လီချင်းကျန်းသည် အရင်ကလိုပင် သူ၏ လက်ဆစ်များကို ထပ်မံ၍ ညင်သာစွာ ပုတ်လိုက်ပြန်သော်လည်း ဤ တစ်ကြိမ်တွင်မူ အချိန်ပိုကြာသွားခဲ့လေသည်။

ရွှီပေါ်အန်းက သဲ့သဲ့လေး ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လီချင်းကျန်းက သူ လုပ်နေသည်ကို ရပ်တန့်လိုက်ပြီး...၊

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ (၁၉၂) နပ်စာအတွက် လုံလောက်တဲ့ အစားအစာဆိုရင် ရလောက်ပါ တယ်...။"

ဤတစ်ကြိမ်တွင်မူ ရွှီပေါ်အန်း အံ့အားသင့်သွားခဲ့ရလေသည်။ ပထမမေးခွန်းမှာ အလွန်လွယ်ကူလွန်းလှသဖြင့် လီချင်းကျန်း အလျင်အမြန် တွက်ချက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သူ အစက ထင်မှတ်ထားခဲ့မိ၏။ ဒုတိယမေးခွန်း သည် ကိန်းဂဏန်းများ ပိုများလာသဖြင့် တစ်ဖက်လူမှာ အခက်တွေ့သွားနိုင်သည်ဟု ယူဆခဲ့မိပါသော်လည်း လီချင်းကျန်း က အလွန်လျင်မြန်စွာ တွက်ချက်နိုင်ဆဲဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

*ဘုရားရေ...၊ လောကမှာရှိတဲ့ သူရဲကောင်းအားလုံးကို ငါ အထင်သေးမိခဲ့တာပဲ…။*

"အရမ်းကောင်းတယ် လီချင်းကျန်း...၊ အခု မင်းမှာ အခြေခံရှိနေပြီဆိုတော့ မင်းအတွက် သင်ယူဖို့ အများကြီး ပိုလွယ်ကူသွားပြီ...။ ပိုရိုးရှင်းတဲ့ အရာတွေကနေ စလိုက်ကြရအောင်...။"

"တစ် အမြှောက် တစ် ညီမျှခြင်း တစ်...၊ နှစ် အမြှောက် နှစ် ညီမျှခြင်း လေး...၊ နဲ့ သုံး အမြှောက် သုံး ညီမျှခြင်း ကိုး...။ ဆိုလိုတာက တစ် တစ်လီ တစ်၊ နှစ် နှစ်လီ လေး၊ နဲ့ သုံး သုံးလီ ကိုးပဲ...။"

အမြှောက်ဇယားများကို အသုံးပြုခြင်းက ပေါင်းလဒ်တွက်ချက်ရာတွင် လိုအပ်မည့် အချိန်ကို လျင်မြန်စွာ သက် သာစေနိုင်ပြီး တွက်ချက်မှုအမြန်နှုန်းနှင့် တိကျမှုကို ထိရောက်စွာ တိုးတက်စေနိုင်သည်။

ရွှီပေါ်အန်း ပြောစကားဆုံးသွားပြီးနောက် လီချင်းကျန်းက ထူးဆန်းသောအမူအရာဖြင့်...

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီအင်မော်တယ်ကမ္ဘာရဲ့ အမြှောက်ဇယားဆိုတာက တစ် ညီမျှခြင်း တစ်...၊ နှစ် ညီမျှခြင်း လေး ဆိုတဲ့...၊ ကျွန်တော်တို့ရဲ့ ကိုးခုတွက်ချက်နည်းစနစ်များ ဖြစ်နေမလား…။ ဒီဟာက... ကျွန်တော်မျိုးလည်း ကိုးခုတွက်ချက်နည်းစနစ်ကို သိပါတယ်...။ အဲဒါကို သင်္ချာတွက်နည်းကျမ်းထဲမှာ မှတ်တမ်း တင်ထားပါတယ်...။"

ရွှီပေါ်အန်း အံ့အားသင့်သွားပြီး ရှက်ရွံ့မှုတစ်ခုက သူ၏အတွင်းစိတ်၌ ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့လေ၏။ ဤ သည်မှာ ဘွန်ဆိုင်းဥယျာဉ်ထဲရှိ လူပုလေးများရှေ့တွင် သူ ပထမဆုံးအကြိမ် အရှက်ကွဲခဲ့ရခြင်းပင် ဖြစ်လေသည်။

"ကောင်းပြီ... အဲဒါက အရမ်း လောလွန်းသွားတယ်…။"

"ဒီနေရာမှာ အမြှောက်ဇယားတွေ ရှိနေသေးတယ်ဆိုတာကို ငါ မထင်မှတ်ထားခဲ့ဘူး...။"

မကြာမီ ရွှီပေါ်အန်းသည် အွန်လိုင်းတွင် ရှာဖွေကြည့်လိုက်ရာ အမြှောက်ဇယားသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော် နွေဦးနှင့် ဆောင်းဦးကာလများနှင့် စစ်မက်ဖြစ်ပွားနေသော တိုင်းပြည်များခေတ်ကတည်းက ပုံပေါ်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

"ကောင်းပြီ...၊ ငါ့ကိုယ်ငါ အထင်ကြီးလွန်းသွားခဲ့တာပဲ...။"

လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော် နွေဦးနှင့် ဆောင်းဦးကာလများနှင့် စစ်မက်ဖြစ်ပွားနေသော တိုင်းပြည်များ ခေတ်က အမြှောက်ဇယားများကို တီထွင်ခဲ့ချိန်တွင် မဟာကျင့်မင်းဆက်မှ လူများသည် ကိုးခုတွက်ချက်နည်း စနစ်ကို အကျဉ်းချုပ်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။

ရွှီပေါ်အန်းသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ချောင်းဟန့်လိုက်ကာ လီချင်းကျန်းကို ဆက်၍...

"ကောင်းပြီ... မင်းဆီမှာ ကိုးခုတွက်ချက်နည်းစနစ် ရှိနေပြီဆိုမှတော့ ငါ သင်ပေးခဲ့တဲ့ ဂဏန်းတွေထဲကို အဲဒါကို ထည့်သွင်းနိုင်တယ်...။ ဒါမှသာ ရွာသားတွေ အတတ်နိုင်ဆုံး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မှာဖြစ်ပြီး အထူး သဖြင့် ကလေးတွေ မဖြစ်မနေ သင်ယူရမယ်...။"

သူ၏ ဆုံးဖြတ်ချက်သည် မဟာကျင့်မင်းဆက်တွင် မသင်မနေရ ပညာရေး၏ ကနဦး ဖွဲ့စည်းမှုကို ဖြစ်ပေါ်စေလိမ့် မည်ကို ရွှီပေါ်အန်း သတိမပြုမိခဲ့ချေ။

"ဒေါက်... ဒေါက်... ဒေါက်... "

တံခါးခေါက်သံ ထွက်ပေါ်လာလေ၏။

ရွှီပေါ်အန်းသည် အလိုအလျောက်ပင် ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီးနောက် ရုံးခန်းတံခါးဆီသို့ လျှောက်သွား ကာ ဖွင့်လိုက်လေသည်။

ထို့နောက် အလုပ်ဝတ်စုံ ဝတ်ဆင်ထားသော ကော်ဟွိုက်ကျူးကို တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို မြင်တွေ့ လိုက်ရလေ၏။ သူသည် အနက်ရောင် ပလပ်စတစ်အိတ်တစ်လုံးကိုလည်း ကိုင်ဆောင်ထားသေး၏။

"မင်္ဂလာပါ အထွေထွေမန်နေဂျာရွှီ...၊ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်...။ အလုပ်ကိစ္စတချို့ ကို လာရောက်တင်ပြချင်လို့ပါ...။"

အလုပ်ကိစ္စ တင်ပြခြင်းဟု ဆိုသော်လည်း အမှန်တကယ်တွင် သူတို့နှစ်ဦးမှာ ရာထူးအဆင့်အတန်းအရ တော် တော်လေး ကွာဟနေခဲ့လေသည်။

ကော်ဟွိုက်ကျူး၏ အလုပ်အစီရင်ခံစာများသည် ရွှီပေါ်အန်းထံသို့ မရောက်မီ အဆင့်နှစ်ဆင့် သုံးဆင့်ခန့်ကို ဖြတ်သန်းရမည် ဖြစ်သည်။ သို့သော်ငြားလည်း ရွှီပေါ်အန်းက ကော်ဟွိုက်ကျူးကို နွေးထွေးစွာ ကြိုဆိုခဲ့လေ၏။

ထိုနှစ်ဦးမှာ အလွန် နှစ်လိုဖွယ်ကောင်းသော စကားဝိုင်းကို ပြုလုပ်ခဲ့ကြပြီး ရွှီပေါ်အန်းက မေးခွန်းများမေးကာ ကော်ဟွိုက်ကျူးက ဖြေကြားပေးခဲ့လေသည်။ မကြာမီ ရွှီပေါ်အန်းသည် ကော်ဟွိုက်ကျူးအပေါ် သူ၏ ကိုယ်ပိုင် အကဲဖြတ်မှုကို ပြုလုပ်ခဲ့လေ၏။

သူတို့သည် စစ်တပ်များကို တိုက်ပွဲဝင်ရန် ဦးဆောင်နိုင်သော်လည်း ဒေသတစ်ခုကို တစ်ကိုယ်တော် အုပ်ချုပ်ရန် မစွမ်းဆောင်နိုင်သော သီးသန့် နည်းပညာပိုင်းဆိုင်ရာ အမာခံဝန်ထမ်းများ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် သူတို့ ကို ပြန်လည်အသုံးပြုနိုင်သော်လည်း သူတို့သည် အမြင့်ဆုံး ခေါင်းဆောင်များ မဖြစ်နိုင်ကြပေ။

သို့သော် လောလောဆယ်အတွက်တော့ ဒါက လုံလောက်နေပြီ ဖြစ်သည်။

ကော်ဟွိုက်ကျူးနှင့် လျှိုချွမ်တို့က အုတ်မြစ်ချပေးနေသဖြင့် အရည်အချင်းရှိသူများကို ရရှိရန် ငွေအမြောက် အမြား အကုန်အကျခံခဲ့ရပြီး ပထမခြေလှမ်းကို ကောင်းစွာ လှမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ကော်ဟွိုက်ကျူး မထွက်ခွာမီ ရွှီပေါ်အန်းသည် သူ့ကို အနက်ရောင် ပလပ်စတစ်အိတ်ထဲမှ ဒေသထွက်ကုန်ဆိုသည်များကို ပြန်ယူ သွားစေခဲ့လေသည်။

သူသည် ကော်ဟွိုက်ကျူး စိတ်သက်သာရာရစေရန်အတွက် မှိုခြောက်အမျိုးမျိုး ပါဝင်သော တောမှိုအိတ်ငယ် တစ်အိတ်ကိုသာ ချန်ထားခဲ့လေ၏။

ယခုအခါ ရွှီပေါ်အန်းတွင် အစားအသောက်နှင့် အဝတ်အထည် ပြတ်လပ်မှု မရှိတော့ဘဲ ကောင်းမွန်စွာ အလုပ် လုပ်ပြီး နေထိုင်ချင်ရုံသာ ဖြစ်သောကြောင့် အခြားသူများ၏ စေတနာဟု ဆိုသောအရာများကို သဘာဝကျကျပင် သူ လက်ခံလိမ့်မည် မဟုတ်ချေ။

ကော်ဟွိုက်ကျူးကို ဧည့်ခံပြီးနောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ထပ်မံ ကြည့်ရှုလိုက်ပြန်လေသည်။

အဓိက အာရုံစိုက်မှုကတော့ လီချင်းကျန်းအပေါ်တွင် ဖြစ်လေ၏။

ဤအချိန်တွင် လီချင်းကျန်းသည် တုတ်ချောင်းများကို ရေတွက်ပြီးစီးသွားပုံရလေသည်။ ဘေးဘက်ရှိ ကြမ်းတမ်း သော စက္ကူတစ်ရွက်ပေါ်တွင် သူ ယခုလေးတင် သင်ယူထားခဲ့သော အာရေဗျဂဏန်းများဖြင့် (၁၁၃) နှင့် (၁၈၉) ဟူသော ဂဏန်းများကို ရေးသားထားလေ၏။

ဘွန်ဆိုင်းကမ္ဘာရှိ အမျိုးသားနှင့် အမျိုးသမီး အချိုးအစားအပေါ် ရွှီပေါ်အန်း၏ အမြင်အရ အစပိုင်းရှိ ပိုငယ်သော ဂဏန်းက အမျိုးသမီးများကို ရည်ညွှန်းခြင်း ဖြစ်လေသည်။

မဟာကျင့်မင်းဆက်တွင်လည်း သမီးများထက် သားများကို ပိုမို ဦးစားပေးပုံရလေသည်။

ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ယဉ်ကျေးမှုတစ်ရပ် ခေတ်နောက်ကျလေလေ၊ ၎င်း၏ လုပ်သားအင်အားကို ပို၍ တန်ဖိုးထားလေလေ ဖြစ်ပေသည်။ လုပ်အားအရ အမျိုးသားများသည် အမျိုးသမီးများထက် သဘာဝအလျောက် အားသာချက် ရှိကြလေသည်။

အစပိုင်းက လူသုံးဆယ်ကျော်ရှိသော အုပ်စုကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ ရွှီပေါ်အန်းသည် ကြီးပွားတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှု ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရလေ၏။

*ကောင်းပြီ... အဲဒါ အရမ်းကောင်းတယ်...။*

"ဒီလိုနည်းနဲ့ ငါတို့ ရှေ့ဆက်သွားမယ်၊ ဒီလိုနည်းနဲ့ ငါတို့ စိတ်အားထက်သန်နေမယ်...။ အနာဂတ်ရဲ့ တစ်နေ့နေ့မှာ ငါတို့ရဲ့ အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှုတွေကို နေ့စဉ် အဆတစ်ရာလောက် တိုးမြှင့်နိုင်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...။"

*ဒါပေမဲ့ နောက်ပိုင်းကျရင် သူတို့ကို ငါ ပညာပေးရမယ်...။ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အတူ တူပဲ၊ မဟုတ်ရင် ကလေးမှာ လက်တွဲဖော် ရှိလာမှာ မဟုတ်ဘူးလေ...။*

"လီချင်းကျန်း...။ စာရင်းပြုစုလို့ ပြီးပြီလား...။" ဟု ရွှီပေါ်အန်းက မေးလိုက်လေ၏။

လီချင်းကျန်းက အလျင်အမြန်ပင်...၊

"တောင်စောင့်နတ်မင်းကြီးကို အကြောင်းကြားပါရစေ...။ လက်ရှိမှာ မြို့ရိုးပေါ်က တပ်စွဲထားတဲ့သူတွေ အပါ အဝင် ကျွန်တော်တို့ဆီမှာ အမျိုးသား (၁၇၉) ယောက်နဲ့ အမျိုးသမီး (၁၀၃) ယောက် စုစုပေါင်း ရှိနေပါတယ်...။"

"ကောင်းတယ်...၊ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်...။ မင်းကို ငါ ဘာဆုချရမလဲ...။"

ရွှီပေါ်အန်းက သူ့ကို အထက်အောက် ကြည့်လိုက်လေ၏။

လီချင်းကျန်းက အလျင်အမြန်ပင်...

"တောင်စောင့်နတ်မင်းကြီးကို အလုပ်အကျွေးပြုရတာ ကျွန်တော်မျိုးရဲ့ ဂုဏ်ယူစရာပါ...။ ဘာဆုမှ မတောင်းရဲ ပါဘူး...။"

ရွှီပေါ်အန်းသည် ဤလူလည်လေးများထံ ပစ္စည်းများပို့ရန် အကြောင်းပြချက် ရှာတွေ့ခဲသဖြင့် သဘာဝကျကျပင် ထိုစကားကို အလေးထားမည် မဟုတ်ချေ။ သေချာစွာ ထပ်ကြည့်လိုက်ပြီးနောက် ဘွန်ဆိုင်းအတွင်းမှ မီးခိုးများ ထွက်ပေါ်လာသဖြင့် ထမင်းဟင်းချက်ပြုတ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း ရွှီပေါ်အန်း သဘောပေါက် သွားခဲ့လေသည်။

ဤလူပုလေးများ ယနေ့ အစားစားချိန် အနည်းငယ် နောက်ကျသွားပုံရလေသည်။

*နေဝင်သွားမှပဲ ဟင်းစချက်ရတယ်...။ ပုံမှန်ဆိုရင် ညနေစောင်းလောက်ကတည်းက စားလေ့ရှိကြပေမဲ့ အခုချိန် ဆို ပြီးနေလောက်ပြီလေ...။*

ဤလူပုလေးများမှာ လတ်တလောတွင် စုပေါင်းစနစ်ဖြင့် စားသောက်နေကြခြင်း ဖြစ်လေသည်။ စုပေါင်း လုပ်အား၊ စုပေါင်းချက်ပြုတ်စားသောက်ခြင်းပင်။

ရွှီပေါ်အန်းသည် အိုးထဲရှိ အစားအစာများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက် လေ၏။

၎င်းမှာ ကောက်နှံစုံ ပေါင်းမုန့် အိုးကြီးသုံးအိုးနှင့် တူနေလေသည်။ နောက်ထပ်အိုးတစ်အိုးထဲတွင်မူ ဟင်းချိုတည် ထားပုံရပြီး တကယ်ကို ဟင်းချိုဖြစ်နေလေသည်။

ဟင်းချိုမှာ ရေခဲလို ကြည်လင်နေပြီး တောဟင်းရွက် အနည်းငယ်သာ အပေါ်တွင် ပေါလောပေါ်နေလေ၏။ အသားအနည်းငယ်နှင့် သူ တစ်ခါက ဆုချထားခဲ့သော မွှေးရနံ့သာအသားအချို့လည်း ပါဝင်ပုံရလေသည်။

ထိုအခါမှ ခေါင်ရှန်းရွာတွင် ရရှိနိုင်သော အစားအစာ အမျိုးအစားမှာ အလွန် အကန့်အသတ်ရှိကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေသည်။

အရင်က သူတို့အတွက် ငါးရံ့သားဖြင့် ပြုလုပ်ပေးထားသော အသားခြောက်နှင့် ဆုအဖြစ် တစ်ခါတစ်ရံ ပေးလေ့ ရှိသည့် မွှေးရနံ့သာအသားဟု ခေါ်သောအရာတို့မှလွဲ၍ပေါ့။

သူတို့သည် တူးဖော်ရရှိသော တောဟင်းရွက်များနှင့် စုဆောင်းထားသော ဆားနယ်ဟင်းသီးဟင်းရွက်များကိုသာ စားသုံးကြလေသည်။

ပြင်းထန်သော မိုးခေါင်ရေရှားမှုကြောင့် ယနေ့ခေတ်တွင် တောဟင်းရွက်များ ရှာဖွေရန် ခက်ခဲပြီး သူတို့သည် များသောအားဖြင့် ဆားအနည်းငယ်ပါသော ဟင်းချိုရည်စိမ် ထမင်းကိုသာ စားလေ့ရှိကြသည်။

ဤသည်ပင်လျှင် ရှားပါးသော စားသောက်ဖွယ်ရာအဖြစ် ယူဆထားကြပြီ ဖြစ်လေသည်။

မိုးခေါင်ရေရှားမှု ပြင်းထန်နေချိန်တွင် အနည်းဆုံး ဤအစားအစာ ရှိနေခြင်းက မည်သူမျှ ငတ်မွတ်မည် မဟုတ် ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ လူအများစု အိပ်မက်သာ မက်နိုင်သည့် ဇိမ်ကျကျ နေထိုင်မှုတစ်ခုပင် ဖြစ်လေ၏။

ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ရွှီပေါ်အန်းသည် ရှီတာကီ မှိုခြောက်ငယ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကိုင် လိုက်ပြီး လေးပုံတစ်ပုံခန့်ကို ညင်သာစွာ ဖဲ့ချိုးကာ ထည့်လိုက်လေသည်။ အခြားရွေးချယ်စရာ မရှိချေ။ ရွှီပေါ်အန်းသည် အသေးဆုံးသော ရှီတာကီ မှိုခြောက်ကို ရွေးချယ်ခဲ့သော်လည်း ၎င်းမှာ တစ်ယွမ်တန် အကြွေ စေ့ခန့် အရွယ်အစား ရှိနေဆဲပင် ဖြစ်လေသည်။

ဤလူပုလေးများအတွက်တော့ ထိုအရာက ဝက်နှစ်ကောင်ထက် ပိုကြီးနေလေ၏။ အကယ်၍ အများကြီး ပေး လိုက်လျှင် သယ်ယူရန် ခက်ခဲမည်ဖြစ်ပြီး အစားအစာကို အမှန်တကယ် လွတ်လပ်စွာ ထောက်ပံ့ပေးလိုက်လျှင် အချို့သူများ သေချာပေါက် အလွန်အကျွံ စားမိကြလိမ့်မည် ဖြစ်သည်။

ချက်ချင်းပင် လီချင်းကျန်းသည် ကောင်းကင်မှ ကျလာသော မီးခိုးရောင် အရာဝတ္ထုကြီးတစ်ခုကို မြင်လိုက်ရပြီး ၎င်းမှာ သူ၏ဘေးရှိ သစ်ပင်ထက်ပင် အများကြီး ပိုကြီးမားနေလေသည်။

"ဒီဟာက မှိုခြောက်ပဲ...၊ အဲဒါကို စားဖို့အတွက် ပျော့သွားအောင် ရေစိမ်လိုက်ရုံပဲ...။ ကျန်တာတွေကိုတော့ မင်း သိသင့်တယ်...။"

ရွှီပေါ်အန်း သူတို့ကို အရင်က မြင်ဖူးလေသည်။ သူတို့သည် အရင်က မှိုဟင်းချို စားဖူးကြသဖြင့် ၎င်းကို မည်သို့ ချက်ပြုတ်ရမည်ကို သူ သိရပေမည်။

သေချာသည်မှာ လီချင်းကျန်းက ပျော်ရွှင်သောအမူအရာဖြင့်...၊

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်...။ လူတိုင်းကို ကျွန်တော်မျိုး ချက်ချင်း သွားပြောလိုက်ပါ့မယ်...။ အားလုံး အရမ်းပျော်သွားကြပါလိမ့်မယ်...။"

လီချင်းကျန်း သတင်းကောင်း မပြောရသေးမီ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိသွားသော လီခန့်ရှန်း သည် ပြေးလာခဲ့လေ၏။ သေချာစွာ ပြန်လည်စဉ်းစားကြည့်ရာ ထိုအဘိုးအို၏ ခန္ဓာကိုယ်သည် သူတို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက အားနည်းသည့် လက္ခဏာများ လုံးဝ မပြတော့ကြောင်း ရွှီပေါ်အန်း ရုတ် တရက် သဘောပေါက်သွားခဲ့လေသည်။

သူ့ကို သေချာစွာ လေ့လာပြီးနောက် လီခန့်ရှန်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အမှန်တကယ်တော့ မဆိုးလှ ကြောင်း ရွှီပေါ်အန်း ရုတ်တရက် သဘောပေါက်သွားခဲ့လေ၏။ သူသည် အလွန်အမင်း ဆာလောင်လွန်းလှသဖြင့် သူ၏ ဝမ်းဗိုက်မှာ ကျောပြင်နှင့် ကပ်လုနီးပါး ဖြစ်နေခဲ့ပြီး သဘာဝကျကျပင် အားအင်မရှိနိုင်ခဲ့ခြင်းသာ ဖြစ်ပေ သည်။

ဤမဟာကျင့်မင်းဆက်မှ လူများသည် ယေဘုယျအားဖြင့် ကောင်းမွန်သော ကိုယ်ခန္ဓာ ကျန်းမာရေးရှိပုံရပြီး လူစွမ်းကောင်းခွန်အားဖြင့် မွေးဖွားလာသော လီချိန်းရှီကဲ့သို့သော ထူးခြားသူတစ်ဦးကိုတော့ ထည့်ပြောရန်ပင် မလိုတော့ချေ။

ချန်ရှီရှီကဲ့သို့သော အားနည်းသော အမျိုးသမီးများ သို့မဟုတ် လီခန့်ရှန်းနှင့် လီလောင်ဆန်းကဲ့သို့သော အဘိုးအို များသည်ပင် ထိုအချိန်က ရွှီပေါ်အန်းထက် ကျန်းမာရေး ပိုမိုကောင်းမွန်ပုံရလေသည်။

ရှုး...

"ချင်းကျန်း...၊ ဒါက ဘာကြီးလဲ...။ တောင်စောင့်နတ်မင်းကြီးက ငါတို့ကို နောက်ထပ် ကောင်းချီးတစ်ခု ပေး သနားတော်မူပြန်တာများလား...။" ဟု လီခန့်ရှန်းက မှိုတုံးကြီးကို လက်ညိုးထိုးကာ မေးလိုက်လေသည်။

လီချင်းကျန်းက ခေါင်းညိတ်ကာ ပြုံးလျက်...၊

"ဟုတ်ပါတယ် အဘိုး...။ တောင်စောင့်နတ်မင်းကြီးက ဒီဟာတွေက အင်မော်တယ်ကမ္ဘာက မှိုတွေလို့ ပြောပါ တယ်...။ ကျွန်တော်တို့ ရေစိမ်ပြီးရင် စားလို့ရပါပြီ...။"

"မှိုတွေလား... မှိုဆိုရင်တော့ သိပ်ကောင်းတာပေါ့...။ မနေ့က ထမင်းချက်နေတုန်း အိုးတစ်လုံး ကွဲသွားတာလေးပဲ နှမြောစရာ ကောင်းတယ်...။ မဟုတ်ရင် အခု လူတိုင်း မြည်းစမ်းကြည့်ဖို့ အရသာရှိတဲ့ အစားအစာတချို့ ငါ ချက် ပေးနိုင်မှာ...။ ဒီနှစ်ရက်အတွင်း လူတိုင်း ပင်ပန်းခဲ့ကြတာကိုး...။" ဟု လီခန့်ရှန်းက နောင်တရသည့်ဟန်ဖြင့် ငြီးတွားလိုက်လေသည်။

*အိုး ကွဲသွားတာလား...။*

ရွှီပေါ်အန်းသည် လူပုလေးများ၏ အိုးကြီးကို အလိုအလျောက် လှမ်းကြည့်လိုက်မိလေသည်။ ၎င်းကို သံဖြင့် ပြုလုပ်ထားပြီး အရွယ်အစားနှင့် အနက်မှာ ဘီယာပုလင်းဖုံးတစ်ခုနှင့် ခန့်မှန်းခြေ အတူတူပင် ဖြစ်လေသည်။

*ဘီယာပုလင်းဖုံး...။*

ရွှီပေါ်အန်းသည် လူပုလေးများအား အိုးအဖြစ် ဘီယာပုလင်းဖုံးတစ်ခု ပေးရန် အလိုအလျောက် တွေးလိုက်မိလေ သည်။ ထို့နောက် သူက ထိုအတွေးကို ဖယ်ရှားလိုက်လေ၏။

*မဖြစ်ဘူး...၊ အဲဒါ အဆင်မပြေဘူး...။*

*အဲဒီအဖုံးမှာ အလွှာတစ်လွှာ ပါတယ်...။ အဲဒါက ကျန်းမာရေးနဲ့ မညီညွတ်ဘူး...။*

အခန်း (၁၇၈)

ပိုင်ရှန်းရှန်း၏ ဖိတ်ကြားချက်

ရွှီပေါ်အန်း အကြံသစ် တစ်ခုခု မတွေးမိခင်မှာပင် လူပုလေးများသည် စတင် စားသောက်နေကြပြီ ဖြစ်လေသည်။

ဘီယာပုလင်းဖုံးများကို အသုံးမပြုလျှင်တောင်မှ ရွှီပေါ်အန်းတွင် အခြား ရွေးချယ်စရာများ ရှိနေသေး၏။

အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် မီးဖိုချောင်ထဲ၌ ဇွန်းများ ပြတ်လပ်နေမည် မဟုတ်ချေ။ ဟင်းချို သောက်သည့် ဇွန်းငယ်တစ်ချောင်းကို ယူကာ လက်ကိုင်ကို ဖြတ်လိုက်ပါက ဒယ်အိုးအသေးလေး တစ်လုံးကို ရရှိမည် ဖြစ်လေသည်။

ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် ဤကဲ့သို့ သေးငယ်သော အရာလေးကို ပြုပြင်ပြောင်းလဲရန်မှာ အလွန် လွယ်ကူလှပေသည်။ သူတို့သည် အစွန်းအထောင့်များကို ချောမွေ့သွားသည်အထိပင် တိုက်ချွတ် အရောင်တင် နိုင်ကြသေး၏။

ဟင်းချိုဇွန်းများအကြောင်း ပြောရလျှင် စုန့်ကျိချိုး ပို့ပေးလိုက်သော ဒယ်အိုးနှင့် ဒယ်ပြား အသေးလေးများ ကိုလည်း အရှိအတိုင်း အသုံးပြုနိုင်လေသည်။ သေးငယ်သော်ငြားလည်း ဆယ်စုံထက်မက ရှိနေသော်လည်း ရွှီပေါ်အန်းသည် လောလောဆယ်တွင် ၎င်းတို့ကို ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိသေးချေ။

၎င်းကို နောက်ပိုင်းမှ ဆုလာဘ်အဖြစ် ချီးမြှင့်ပါက ပို၍ အဓိပ္ပာယ် ရှိပေလိမ့်မည်။

လူပုလေးများ ပျော်ရွှင်စွာ စားသောက်နေကြသည်ကို မြင်သောအခါ ရွှီပေါ်အန်း ကိုယ်တိုင်လည်း ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရလေ၏။ ထို့ကြောင့် သူကိုယ်တိုင် ဘေစင်ကို အရင်သွားဆေးလိုက်ခြင်းက ပိုကောင်းပေမည်။

အကယ်၍ အရာအားလုံးကို စောစောစီးစီး အဆင်သင့် ပြင်ဆင်ထားနိုင်ပါက ဤလူပုလေးများသည်လည်း ရေကို စောစောရရှိနိုင်ပြီး ရေချိုးခြင်း သို့မဟုတ် တစ်ခုခုကို ပြုလုပ်နိုင်မည် ဖြစ်လေသည်။

သို့မဟုတ်ပါက အခြားအရာများကို ဘေးဖယ်ထား၍ ရွှီပေါ်အန်း မြင်တွေ့ခဲ့ရသည်ကို ကြည့်လျှင် နှင်းဆီပွင့်လို ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချန်ရှီရှီကဲ့သို့သော ဖျော်ဖြေရေးမယ် တစ်ဦးပင်လျှင် ဖုန်မှုန့်များစွာ ဖုံးလွှမ်းနေပြီ ဖြစ်လေသည်။

ရေကန်ကို ပြုပြင်ရန် အင်္ဂတေကို အသုံးပြုမည်ဟု ရွှီပေါ်အန်း တွေးလိုက်မိချိန်တွင် အင်္ဂတေများမှာ အချိန် ကြာမြင့်စွာ ထားရှိထားသဖြင့် အနည်းငယ် ခြောက်သွေ့နေပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်လေ၏။

၎င်းကို အသုံးပြု၍ ရနိုင်သေးသော်လည်း ဘွန်ဆိုင်းကမ္ဘာထဲတွင် ၎င်း၏ ချို့ယွင်းချက်များစွာက ပိုမို ကြီးမား ထင်ရှားနေမည် ဖြစ်လေသည်။ အကယ်၍ အက်ကွဲကြောင်း သို့မဟုတ် တစ်ခုခု ပေါ်လာပါက အပြင်ဘက်မှ ကြည့်လျှင် လက်သည်းခွံ အရွယ်အစားခန့်သာ ရှိပုံရပြီး သတိပြုမိမည် မဟုတ်သော်လည်း ဘွန်ဆိုင်းကမ္ဘာ အတွင်း၌မူ လူပုလေးတစ်ယောက်၏ ခြေထောက်ကို အလွယ်တကူ ပိတ်မိသွားစေနိုင်လေသည်။

ဤမျှ သေးငယ်သော အင်္ဂတေပမာဏကို အလဟဿ ဖြစ်သွားစေခြင်းက ကိစ္စကြီး တစ်ခုတော့ မဟုတ်ပေ။ ဖုန်းတစ်ချက် ခေါ်လိုက်ရုံဖြင့် အင်္ဂတေအသစ်များ ရောက်လာမည် ဖြစ်လေသည်။

ရွှီပေါ်အန်း၏ တွေးခေါ်မှုက အနည်းငယ်တော့ အကောင်းမြင်လွန်းနေဆဲ ဖြစ်၏။ ဖုန်းမှာ အချိန်အတော်ကြာ မြည်နေသော်လည်း မည်သူမှ ဖြေကြားခြင်း မရှိခဲ့ချေ။

အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ရုံးဆင်းချိန်ပင် ကျော်လွန်နေပြီ ဖြစ်ကြောင်း သူ သတိပြုမိလိုက်လေသည်။

ဆောက်လုပ်ရေး ယူနစ်၏ အောက်ခြေဝန်ထမ်းများသည် တစ်ရက်လျှင် (၂၄) နာရီ တာဝန်ကျသော်လည်း ကုမ္ပဏီ၏ ရုံးချုပ်ကမူ နံနက် (၉ ) နာရီမှ ညနေ (၆) နာရီအထိ စနစ်ကို တင်းကျပ်စွာ အကောင်အထည် ဖော်ထားလေ၏။

အထူးသဖြင့် ဝန်ထမ်းအများစုမှာ ဒေသခံများဖြစ်ကြသည့် ဤကဲ့သို့သော ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ များတွင် သူတို့သည် အလုပ်မှ ပြန်ရန် အလွန်ပင် စိတ်အားထက်သန်ကြလေသည်။ ရုံးဆင်းချိန် မတိုင်မီမှာပင် လူအများအပြားသည် အကြောင်းအမျိုးမျိုး ပြကာ တိတ်တဆိတ် ထွက်ခွာသွားကြပြီ ဖြစ်လေ၏။

ဤအခြေအနေတွင် မည်သူ့ကိုမှ တားဆီးထားရန်မှာ မကောင်းလှချေ။ ဤအချိန်၌ တာဝန်ကျဝန်ထမ်းများမှလွဲ၍ ရွှီပေါ်အန်းမှာ လက်တွေ့တွင် တစ်ယောက်တည်းသာ ရှိနေတော့သည်။

အိမ်တွင် မည်သူမှ မရှိသဖြင့် ရွှီပေါ်အန်းသည် အိမ်ပြန်ရန်ပင် စိတ်ကူးမရတော့ချေ။ လူပျိုကြီးများသည် ယေဘုယျအားဖြင့် ပေါ့ပေါ့ပါးပါး နေတတ်ကြလေသည်။

သူ ကုမ္ပဏီတွင်ပင် အစားအစာ အချို့ကို စားသောက်ကာ ထိုနေရာ၌သာ နေလိုက်လေ၏။ ရွှီပေါ်အန်း ဘွန်ဆိုင်း ကို သိမ်းဆည်းကာ စားသောက်ခန်းဆီသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ထိုပြင်းထန်သော ဆင့်ခေါ်နေ သည့် ခံစားချက်က သူ့ထံသို့ ပြန်လည် ရောက်ရှိလာလေသည်။

ရွှီပေါ်အန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။

*အို... ဒီခံစားချက်က ရှန်းယန်မြို့က မြို့စောင့်နတ်ကွန်းနဲ့ တူနေတာပဲ...။ မှန်တာပေါ့...။*

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုနေရာက အခြေအနေ မည်သို့ ရှိနေမည်ကို သူ သိချင်မိသွားလေသည်။ နောက်ထပ် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းဆီသို့ သူ၏ အကြည့်ကို ချက်ချင်း စူးစိုက် လိုက်ကာ ပူဖောင်းကို ရွေးချယ်၍ ကာလရှည်ကြာ ပျောက်ဆုံးနေသော မြို့စောင့်နတ်ကွန်းဆီသို့ ရောက်ရှိသွား လေတော့သည်။

သူ၏ ပထမဆုံး ခံစားချက်မှာ အမှန်တကယ်ပင် အလင်းရောင်များ ထွန်းလင်းနေခြင်း ဖြစ်၏။

ပုံမှန်အားဖြင့် ရွှီပေါ်အန်း အဆောက်အအုံထဲသို့ ဝင်ရောက်လာချိန်တွင် အလင်းရောင် မည်မျှပင် ကောင်းမွန်နေ စေကာမူ အတားအဆီးများစွာ ရှိနေဆဲ ဖြစ်လေသည်။ သို့သော် ဤအခိုက်အတန့်တွင် ရွှီပေါ်အန်းသည် အပြင် ဘက်၌ ရောက်နေသကဲ့သို့ ခံစားလိုက်ရလေ၏။

ညနေစောင်းနေပြီ ဖြစ်သော်လည်း ထိုမျှအထိ မှောင်မိုက်နေပုံ မရချေ။ ရွှီပေါ်အန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့် လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။ ၎င်းက အမှန်တကယ်ပင် အပြင်ဘက် ရောက်နေခြင်း ဖြစ်၏။

ထိုအခါမှ မြို့စောင့်နတ်ကွန်းသည် အပြင်ဘက် လေဟာပြင် နေရာတစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရကြောင်း သူ သတိပြုမိသွားလေသည်။ သို့သော် ဤအရာမှာ လူတို့က တမင်တကာ ဖန်တီးထားသော ပြုပြင်မွမ်းမံမှု တစ်ခုနှင့် မတူဘဲ စစ်ပွဲအပြီး ပျက်စီးနေသော အပျက်အစီးများနှင့် ပို၍ တူနေလေ၏။

နေရာတကာကို ကြည့်လိုက်လျှင် ပြိုကျနေသော အိမ်များနှင့် အပျက်အစီးများကိုသာ မြင်တွေ့နေရလေသည်။

*ဘုရားရေ... ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ...။*

*ဒီရက်အနည်းငယ်အတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ခြင်းများလား...။ ပုန်ကန်သူတွေ ထပ်မံ တိုက်ခိုက်ခဲ့ကြ ပြန်ပြီလား...။*

အကယ်၍ ရွှီပေါ်အန်းသာ ရှန်းယန်ခရိုင်ကို နတ်ဘုရားတစ်ပါး၏ ရှုထောင့်မှနေ၍ တစ်ကြိမ်တစ်ခါမျှ လေ့လာ ကြည့်ရှုခဲ့ခြင်း မရှိပါက ရှန်းယန်ခရိုင်၏ အထင်ကရ အဆောက်အအုံ အချို့နှင့် လမ်းအပြင်အဆင်များကို သူ မှတ်မိနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူ တစ်ခါမှ မမြင်ဖူးသော နေရာတစ်ခုဟုပင် အထင်မှားသွားနိုင်လေသည်။

ရွှီပေါ်အန်းသည် ပတ်ဝန်းကျင်ကို အသေအချာ ဝေ့ကြည့်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိမပြု မိမီ အချိန်အတန်ကြာ အကဲခတ်နေခဲ့လေ၏။

သူ့ကို အမွှေးတိုင် လာရောက် ပူဇော်သူ တစ်ဦးမျှ မရှိသည့်အပြင် အမွှေးတိုင်ခုံပင် မရှိနေချေ။

*ငါ ဒီကို ဘယ်လိုများ ရောက်လာခဲ့တာလဲ...။*

*ဒီဆင့်ခေါ်ခံရတဲ့ ခံစားချက်ရဲ့ အကြောင်းရင်းက ဘာများဖြစ်နေမလဲ...။*

စူးစမ်းလိုစိတ်များ ပြည့်နှက်သွားကာ ရွှီပေါ်အန်းသည် ရုတ်တရက် အကြည့်ကို မြှင့်လိုက်ပြီး ငှက်တစ်ကောင်၏ အမြင်ဖြင့် ကြည့်ရှုနေသကဲ့သို့ ရှန်းယန်ခရိုင် တစ်ခုလုံးကို အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်လေသည်။

ဤအချိန်၌ ခရိုင်မြို့လေးသည် အမှန်တကယ်ပင် ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ တောင်စောင့် နတ်မင်း နတ်ကွန်းသာမက ခမ်းနားလှသော ခရိုင်အစိုးရရုံး ခြံဝင်းနှင့် တရားဝင်ရော ရာဇဝတ်မှုလောကတွင်ပါ အဆက်အသွယ်ရှိသည်ဟု အမြဲတစေ ကြွားလုံးထုတ်လေ့ရှိသော ကျွီရှန်ဖန်းတို့ပင်လျှင် ထိခိုက်ပျက်စီးနေခဲ့ လေသည်။

*ဘာတွေ ဖြစ်ကုန်တာလဲ...၊ ဒါက ရမ်းသန်း တိုက်ခိုက်နေခြင်းများလား...။*

ရုတ်တရက် ရင်းနှီးနေသော အသံတစ်သံက အတွင်းဘက်မှ ထွက်ပေါ်လာလေ၏။ ရွှီပေါ်အန်း အသံလာရာ ဘက် သို့ ကြည့်လိုက်ရာ မြောက်ဘက် မြို့ရိုးပေါ်တွင် လူအချို့ စုဝေးကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်း အကြည့်ကို နှိမ့်ချလိုက်ရာ ထိုလူများ၏ ရုပ်သွင်ကို ချက်ချင်းပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။

စစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား အချို့ရှိနေပြီး ၎င်းတို့အထဲတွင် လီချိန်းရှီနှင့် ယန်ရှိုယီတို့ကို ထင်ရှားစွာ မြင်တွေ့နေရလေသည်။

လီချိန်းရှီသည် စစ်ဘက်သုံး သားရေချပ်ဝတ်တန်ဆာကို အပြည့်အစုံ ဝတ်ဆင်ထားပြီး မည်သည့်အချိန်က ဝတ်ဆင်ထားမှန်းပင် မသိရချေ။

သူ့အား ပေးသနားထားသော ပင်အပ်ကြီးကို လက်ထဲတွင် သေသပ်စွာ ကိုင်ဆောင်ထားပြီး တောက်ပသော ငွေရောင်လှံကို ကိုင်ဆောင်ထားသည့် ကျောက်ကျီလုံ ကဲ့သို့သော ခံစားချက်ကို ပေးစွမ်းနေလေ၏။

“ညီလေးချိန်းရှီ...၊ ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်ပါ့မလား...။”

ယန်ရှိုယီသည် အဖွဲ့သားများ ဝိုင်းရံထားသော အမွှေးတိုင်ခွက် အသေးလေးကို စိုးရိမ်တကြီးဖြင့် ကြည့်နေလေ သည်။ ယန်ရှိုယီသာမက စုဝေးနေကြသော အခြားလူများသည်လည်း အလယ်ရှိ ခွေးခြေခုံဝိုင်းလေးပေါ်မှ အမွှေး တိုင်ခွက်ကို စိုက်ကြည့်နေကြလေ၏။

ထိုအမွှေးတိုင်ခွက်မှာ လက်ဖဝါးအရွယ်ခန့်သာ ရှိပြီး နှံစားပြောင်းစေ့ ကဲ့သို့သော အရာများဖြင့် ပြည့်နေကာ လောင်ကျွမ်းနေသော အမွှေးတိုင် သုံးတိုင်ကို စိုက်ထားလေသည်။

*ဘုရားရေ...၊ ဒါကြောင့် ငါ့ကို ဆင့်ခေါ်နေခဲ့တာကိုး...။*

သူတို့၏ အကြည့်နောက်သို့ လိုက်ရင်း ရွှီပေါ်အန်းသည် ထိုအမွှေးတိုင်ခွက် အသေးလေးကို နောက်ဆုံးတွင် မြင်တွေ့ လိုက်ရလေသည်။

မြို့စောင့်နတ်ကွန်း၏ ခေါင်မိုး ပြိုကျသွားပြီးနောက် ၎င်းက သူတို့ လှုပ်ရှားသွားလာရန် ပိုမို လွယ်ကူစေရုံသာမက ဤလူပုလေးများအတွက် သူတို့ကို လျင်မြန်စွာ ဆင့်ခေါ်ရန်ပါ ပိုမို လွယ်ကူသွားစေခဲ့ခြင်း ဖြစ်လေသည်။

“ကျွန်တော်လည်း မသိပါဘူး...။ ဒါပေမဲ့ ဒီအချိန်မှာတော့ ရတဲ့နည်းနဲ့ အကုန် စမ်းကြည့်ရမှာပဲ...။”

လီချိန်းရှီက ပြန်ဖြေလိုက်ပြီး ထိုလူငယ်လေးသည်လည်း အမွှေးတိုင်ခွက် အသေးလေးကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေလေ၏။ ရက်အနည်းငယ်ကြာ ကွဲကွာနေပြီးနောက် လီချိန်းရှီ၏ မျက်နှာသည် ပိုမို ရင့်ကျက် တည်ငြိမ်လာပုံ ရလေသည်။

သူ၏ နှုတ်ခမ်းများမှာ ကွဲအက်နေပြီး မျက်နှာပေါ်တွင် အမည်းရောင်များနှင့် သွေးများ ပေကျံနေသဖြင့် သူသည် တကယ့်တိုက်ပွဲကို ဖြတ်သန်းလာခဲ့ရကြောင်း ရှင်းလင်းစွာ ပြသနေလေ၏။

လွန်ခဲ့သော နှစ်ရက်အတွင်း မည်မျှ ဆိုးရွားသော အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ လုံးဝ မသိရှိခဲ့ချေ။

“အမတ်မင်းဝမ်ချောင် အဆင်ပြေရဲ့လား မသိဘူးနော်...။”

စစ်သည်တစ်ဦးက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ ထိုလူသည် စစ်သည် သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း ရွှီပေါ်အန်းက သူ့ကို ရင်းနှီးနေသည်ဟု ခံစားရပြီး ယခင်က ဝမ်ချောင်၏ နောက်သို့ လိုက်ပါခဲ့သော မြို့စောင့်ရဲမက်များထဲမှ တစ်ဦးဖြစ်ပုံရလေ၏။

ယန်ရှိုယီက သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်လေသည်။

“ဟူး...၊ အဲ့ဒီလူတွေက လုံးဝ ယုံကြည်လို့မရတဲ့အတွက် ဝမ်အိုကြီးတော့...။”

ယန်ရှိုယီ စကားမဆုံးမီမှာပင် လီချိန်းရှီက လေးနက်သော အမူအရာဖြင့် ကြားဖြတ် ပြောလိုက်လေ၏။

“အကိုယန်...၊ အမတ်မင်းဝမ်က ကံကောင်းတဲ့သူပါ...။ သူ သေချာပေါက် အဆင်ပြေမှာပါ...။”

ယန်ရှိုယီသည် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်လေ သည်။ လီချိန်းရှီနှင့် ယန်ရှိုယီတို့၏ မျက်နှာပေါ်ရှိ အလွန်တရာ တည်ငြိမ်လေးနက်နေသော အမူအရာများကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ၏ အကြည့်ကို ပိုမို နီးကပ်စွာ ဆွဲယူလိုက်လေ၏။

၎င်းသည် ကင်မရာကို အပေါ်စီးမှ ရိုက်ကူးမှုမှ အလျားလိုက် ရိုက်ကူးမှုသို့ ပြောင်းလဲလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလူများက သူတို့၏ အရှေ့တည့်တည့်တွင် ရောက်နေသကဲ့သို့ ထင်မှတ်ရစေလေသည်။ သူသည် ထိုအဖြစ်အ ပျက်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရလေ၏။

“လီချိန်းရှီ...၊ ဘာတွေဖြစ်နေတာလဲ...။ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ...။”

ရွှီပေါ်အန်းက မေးလိုက်လေသည်။ ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ လီချိန်းရှီ၏ မျက်နှာသည် ဝမ်းသာ အားရမှုဖြင့် ဝင်းလက်သွားပြီး သူ၏ လှံကို မနေနိုင်ဘဲ ခေါက်လိုက်ရာ အသံတစ်သံ ထွက်ပေါ်လာလေ၏။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ရောက်လာပြီ...။”

ယန်ရှိုယီ၏ မျက်နှာအမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။ မူလက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူသည် ဒူးကွေးကာ မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်လေတော့သည်။

“ရှန်းယန်ခရိုင်ဝန် ယန်ရှိုယီ တောင်စောင့်နတ်မင်းကြီးကို အရိုအသေ ပေးပါတယ်...။”

“ကောင်းပြီ...၊ ထကြတော့...။ လီချိန်းရှီ...၊ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ မင်း ငါ့ကို ပြောပြစမ်း...။”

သူတို့အားလုံးမှာ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသဖြင့် ရွှီပေါ်အန်းသည် မည်သည့်အရာကိုမျှ တမင်တကာ ဖုံးကွယ်မထားတော့ချေ။ လီချိန်းရှီကိုသာ ဆက်သွယ်ရာမှ အသိဟောင်း တစ်ဦးဖြစ်သော ယန်ရှိုယီကိုပါ အပါအဝင် ဖြစ်လာရန် စကားဝိုင်းကို ပြောင်းလဲလိုက်လေ၏။

လီချိန်းရှီက သက်ပြင်းချကာ ပြောလိုက်လေသည်။

“အကိုယန်... ၊ အကိုက ပိုသိတာဆိုတော့ အကိုပဲ အစီရင်ခံလိုက်ပါ...။”

ယန်ရှိုယီက အလျင်အမြန် ပြောလိုက်လေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အစီရင်ခံပါတယ်...။ ကျွန်တော်တို့ စုံစမ်းဖို့ လွှတ်လိုက်တဲ့သူတွေဆီက သတင်းရတာတော့ မြို့အပြင်ဘက်က လူတွေရဲ့ ခေါင်းဆောင်က ချင်းမူအလံတပ်ဖွဲ့ရဲ့ ချန်ကျုံး ဖြစ်နေပါ တယ်...။”

မဟာကျင့်မင်းဆက်၏ ဥပဒေများအရ တစ်ရက်အတွင်း အထက်လူကြီးများ၏ အမိန့်ကို လက်မခံပါက ပုန်ကန် မှုအဖြစ် သတ်မှတ်ခံရမည် ဖြစ်လေသည်။ ထို့ကြောင့် အချိန်စေ့လုနီးပါး ဖြစ်လာသောအခါ အမတ်မင်းဝမ်ချောင် သည် တစ်ဖက်လူများနှင့် ဆက်သွယ်ရန် မြို့အပြင်သို့ ကိုယ်တိုင် ထွက်သွားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိ ခဲ့ချေ။

“သို့ပေမဲ့ သူတို့က ကျွန်တော်တို့ကို မည်သည့် အခွင့်အရေးမျှ မပေးဘဲ သူပုန်များနှင့် ပူးပေါင်းကြံစည်နေတယ်လို့ ချက်ချင်း စွပ်စွဲပြီး သူ့ကို ဖမ်းဆီးသွားခဲ့ကြပါတယ်...။ အဲ့ဒီနောက် ဒါကို အကြောင်းပြချက် တစ်ခုအနေဖြင့် အသုံးချပြီး ရှန်းယန်မြို့ကို အလုံးစုံ တိုက်ခိုက်ရန် စတင် ထိုးစစ်ဆင်လာခဲ့ကြပါတယ်...။”

လီချိန်းရှီက စကားကို ဆက်ယူကာ ပြောလိုက်လေသည်။

“မူလက ကျွန်တော်တို့အားလုံး မြို့တံခါးကိုဖွင့်ပြီး အပြစ်ကို ဝန်ခံဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ အပြင်ထွက်သွားတဲ့ ညီ အစ်ကိုတချို့က ဒီလူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းက သံသယဖြစ်စရာ ကောင်းနေတယ်လို့ သတင်းပို့လာ ခဲ့ပါတယ်...။ ပြီးတော့ အထက်လူကြီးတွေကလည်း သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးဖို့ စစ်ကူတွေ လွှတ်လိုက်ပြီလို့ ဆိုပါတယ်...။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဆက်လက် တောင့်ခံထားပြီး စစ်ကူတွေ ရောက် လာမယ့်အချိန်ကို စောင့်ဆိုင်းနေခဲ့တာပါ...။”

ရွှီပေါ်အန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။

“မင်းတို့က တောင့်ခံထားပြီး အပြင်မထွက်ဘူးဆိုရင် မြို့ထဲမှာ အခုလို ဖြစ်နေရတဲ့ အကြောင်းရင်းက ဘာလဲ...။”

ယန်ရှိုယီက ခါးသီးသော အပြုံးဖြင့် သက်ပြင်းချကာ ပြောလိုက်လေ၏။

“ရန်သူတွေက ကျောက်ခဲပစ်စက်တွေလိုမျိုး ကြီးမားတဲ့ မြို့သိမ်းလက်နက်ကြီးတွေကို တကယ်ပဲ ယူဆောင်လာခဲ့ ကြတယ်...။ ကျွန်တော်တို့က သူတို့ကို မယှဉ်နိုင်တဲ့အတွက် အသေအပျောက် အထိအခိုက်တွေ အများကြီး ရှိခဲ့ ပါတယ်...။ အရပ်သားတွေအားလုံးလည်း ပုန်းအောင်းနေကြရပြီ...။”

*ကျောက်ခဲပစ်စက်...။*

ရွှီပေါ်အန်းသည်လည်း ဤအရာကို ကြားသောအခါ အံ့အားသင့်သွားခဲ့လေသည်။

*ဘုရားရေ...၊ ဒီလောက်တောင် အဆင့်မြင့်နေပြီလား...။. ဒီလောက် ဖျက်ဆီးနိုင်စွမ်း ရှိနေတာ အံ့ဩစရာတော့

မဟုတ်ပါဘူးလေ…။*

ရွှီပေါ်အန်း ထပ်မံ စကားမပြောတော့ဘဲ မြို့ပြင်သို့ လွင့်မျောထွက်ခွာရန် ကြိုးစားလိုက်လေ၏။ သူသည် မြို့ရိုး အပြင်ဘက် တစ်ကီလိုမီတာခန့် အကွာအဝေး အတွင်း၌သာ လှုပ်ရှားနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းကို ကျော်လွန်သွားပါက သူသည် တစ်လက်မမျှပင် ရွေ့လျားနိုင်ခြင်း မရှိတော့ဘဲ မြူနှင်းများထဲတွင် ရောက်နေ သကဲ့သို့ သူ၏ အမြင်အာရုံမှာပင် ဝေဝါးနေခဲ့လေ၏။

*ကောင်းပြီ...၊ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို အထင်ကြီးလွန်းသွားခဲ့တာပဲ...။*

ရွှီပေါ်အန်း လက်လျှော့တော့မည့် ဆဲဆဲမှာပင် ရုတ်တရက် အဝေးမှ ကျယ်လောင်သော ဗုံတီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ဝေဝါးနေမှုထဲမှ လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေတော့၏။ လီချိန်းရှီနှင့် အခြားသူများ ပြောခဲ့သော ကျောက်ခဲပစ်စက်ဆိုသည်မှာ မည်သို့ ပုံပန်းသဏ္ဌာန် ရှိသည်ကို ရွှီပေါ်အန်း မကြာမီမှာပင် မြင်တွေ့လိုက်ရလေသည်။

၎င်းမှာ အလွန်တရာ ရိုးရှင်းနေသော်လည်း ရွှီပေါ်အန်းကို အံ့ဩမှင်တက်သွားစေခဲ့၏။

ဤကျောက်ခဲပစ်စက် ဆိုသည်မှာ အမှန်တကယ်တော့ ဝါးခြင်းတောင်း တစ်ခုကို တပ်ဆင်ထားသည့် ဝါးလုံးကဲ့ သို့သော အရာတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ နောက်တစ်ခဏတွင်တော့ နောက်ထပ် ကျောက်ခဲမိုး များ ပြိုကျလာလေတော့၏။

ရွှီပေါ်အန်း ကူညီချင်သော်လည်း ထိုကျောက်ခဲများ အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆုပ်နိုင်မည့် နည်းလမ်း မရှိကြောင်း တွေ့ရှိလိုက်ရလေသည်။ ရှန်းယန်မြို့၏ နယ်နိမိတ်အတွင်းတွင် ရွှီပေါ်အန်း၏ လက်နှစ်ဖက်သည် မြို့ရိုး၏ တစ်ဝက်ကိုသာ ဖုံးအုပ်နိုင်လေ၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာမှ ချက်ချင်း ပြန်လည် ထွက်ခွာလာခဲ့လေသည်။ သူ သည် သူ၏ ရုံးခန်းဗီရိုထဲမှ ဒဏ္ဍာရီလာ ဖုန်းမှန်ကပ်ကို နောက်တစ်ကြိမ် ထုတ်ယူလိုက်လေ၏။ နောက်တစ် ခဏ တွင် ရွှီပေါ်အန်းသည် မှန်ကပ်ကို ဖြန့်ကာ မြို့ရိုးပေါ်တွင် အလျားလိုက် တင်လိုက်ရာ ကျောက်ခဲများ ဝင်ရောက် လာခြင်းကို ချက်ချင်းပင် တားဆီးနိုင်သွားခဲ့လေသည်။

တစ်ဖက်မှ လူပုလေးများအဖို့မူ သူတို့ ပစ်လွှတ်လိုက်သော ကျောက်ခဲများသည် လေထဲသို့ ထိမှန်ကာ ပြန်လည် ထွက်ကန်လာသကဲ့သို့ ဖြစ်နေလေ၏။ ရန်သူကို အနိုင်မယူနိုင်ခဲ့သည့်အပြင် သူတို့၏ ကိုယ်ပိုင် မိသားစုဝင်များ ကိုပင် ထိခိုက်ဒဏ်ရာ ရစေလုနီးပါး ဖြစ်သွားခဲ့လေသည်။

ရွှီပေါ်အန်း ရန်သူများကို မောင်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းသံမြည်လာခဲ့လေ၏။ ၎င်းမှာ သူ၏ ဖုန်း မြည် လာခြင်းပင် ဖြစ်လေသည်။ ရွှီပေါ်အန်းသည် သူ၏ မွေးရပ်မြေမှ မိဘများ သူ့ကို လာရှာမည်ကို စိုးရိမ်သဖြင့် ဖုန်းကို လှမ်းကြည့်လိုက်ရာ ထျန်ရှောင်ထုန် ဖုန်းခေါ်နေခြင်း ဖြစ်သည်ကို မြင်လိုက်ရလေသည်။

သေချာ စဉ်းစားကြည့်ပြီးနောက် ဘွန်ဆိုင်းဥယျာဉ်ထဲရှိ တိုက်ပွဲမှာ အလွန်အမင်း မဆိုးရွားလှချေ။ နောက်ထပ် အစီအစဉ်များ မချမှတ်မီ ရန်သူ၏ အင်အားများကို အရင်ဆုံး ကုန်ခန်းသွားစေရန် ပြုလုပ်ခြင်းက ပို၍ ကောင်း မွန်ပေလိမ့်မည်။

ထိုအသိဖြင့် ရွှီပေါ်အန်းသည် အေးအေးဆေးဆေးပင် ဖုန်းကို ဖြေလိုက်လေ၏။

မကြာမီမှာပင် ထျန်ရှောင်ထုန်၏ အနည်းငယ် အက်ရှနေသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာလေသည်။

“အထွေထွေမန်နေဂျာရွှီ...။ တောင်းပန်ပါတယ်ရှင်...၊ ကျွန်မ...။ ကျွန်မ ဒီနေ့ နောက်ထပ် တစ်ရက် ခွင့်ယူချင် လို့ပါ...။”

“ကောင်းပါပြီ...၊ ပြဿနာမရှိပါဘူး...။ ဂရုစိုက်ပါဦး...။”

ရွှီပေါ်အန်းက ချက်ချင်းပင် ပြန်ဖြေလိုက်လေ၏။

မနေ့က သူမ ခွင့်တောင်းစဉ်က သူမ၏ အစ်မဖြစ်သူ ဆေးရုံတက်နေရကြောင်း ထျန်ရှောင်ထုန် ပြောခဲ့သည်ကို ရုတ်တရက် သတိရသွားကာ သူက ထပ်မေးလိုက်လေသည်။

“မေးဖို့ မေ့နေတာ...၊ မင်းရဲ့ အစ်မရော အခြေအနေ ဘယ်လိုရှိလဲ...။”

ထျန်ရှောင်ထုန်က အပြစ်ရှိသလို လေသံဖြင့် ပြောလိုက်လေ၏။

“အထွေထွေမန်နေဂျာရွှီရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...။ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါ ဘူး...။ အဖော်လုပ်ပေးမယ့်သူ တစ်ယောက် လိုအပ်လို့ပါ...၊ တကယ် တောင်းပန်ပါတယ် အထွေထွေမန်နေဂျာရွှီ ... ၊ကျွန်မ...၊ ကျွန်မ အလုပ်တွေကို ပစ်ထားမိသလို ဖြစ်သွားတယ်...။”

ထျန်ရှောင်ထုန်က အသေးစိတ် ရှင်းမပြသည်ကို မြင်သောအခါ ရွှီပေါ်အန်းကလည်း ဆက်၍ မမေးရဲတော့ချေ။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုသည်မှာ ရှိပြီး သူမအနေဖြင့် ပြောပြရန် အဆင် မပြေသော ရောဂါလက္ခဏာများ ရှိနေပါက သူ့အနေဖြင့် မေးမြန်းရန် အလွန်ပင် အနေခက်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ သူမသည် သူ၏ အတွင်းရေးမှူး ဖြစ်နေသဖြင့် ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် နှစ်သိမ့်ပေးလိုက် လေ၏။

“ကိစ္စမရှိပါဘူး...၊ အလုပ်ဆိုတာ လူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ဝန်ဆောင်မှု ပေးဖို့ပါပဲ...။ ဒါနဲ့ မင်းရဲ့ အစ်မက ဘယ်မှာ ဆေးရုံတင်ထားရတာလဲ...။”

ဤတစ်ကြိမ်တွင် ထျန်ရှောင်ထုန်က အတော်လေး အသင့်ဖြစ်နေဟန်ဖြင့် ချက်ချင်း ပြန်ဖြေလေသည်။

“တုန်းကျန်း အမှတ် (၂) ဆေးရုံမှာပါ...။ အခု ကျွန်မတို့ နေနေတဲ့ နေရာနဲ့ ပိုနီးတော့ ပိုပြီး အဆင်ပြေလို့ပါ...။”

ရွှီပေါ်အန်းက ပြောလိုက်လေ၏။

“အဆင်ပြေတာပေါ့...။ အမှတ် (၂) ဆေးရုံမှာ ငါ့ရဲ့ အဆက်အသွယ် အနည်းငယ် ရှိတယ်...။ တကယ်လို့ အကူ အညီ တစ်ခုခု လိုအပ်ရင် ငါ့ကို အသိပေးလိုက်ပါ...။”

နှစ်ပေါင်းများစွာကြာ ဆောက်လုပ်ရေး အင်ဂျင်နီယာအုပ်စုမှ ဝန်ထမ်းများသည် တုန်းကျန်း အမှတ် (၂) ဆေးရုံ တွင် ဆေးစစ်မှုများ ခံယူခဲ့ကြသဖြင့် ၎င်းက ဝင်ငွေ အတော်အတန် ရရှိစေခဲ့လေသည်။

ထို့ကြောင့် အဖွဲ့အစည်း နှစ်ခုစလုံးတွင် သြဇာလွှမ်းမိုးမှုရှိသော လူများ အမြဲတမ်း ရှိနေကြလေ၏။ ရွှီပေါ်အန်း၏ အဆင့်အတန်းနှင့် ရာထူးမှာ ယခင်က လုံလောက်မှု မရှိခဲ့သော်လည်း ယခု သူ၏ အဆင့်အတန်းဖြင့်မူ သေးငယ် သော ကိစ္စရပ်များအတွက် ဆက်သွယ်ပြောဆိုရန်မှာ သူ့အတွက် အလွန် လွယ်ကူလှပေသည်။

ထို့အပြင် ရွှီပေါ်အန်းသည် တုန်းကျန်း အမှတ် (၂) ဆေးရုံတွင် ရောဂါအမည်တပ် မှားယွင်းခံရစဉ်ကလည်း ဆေးရုံ၏ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သေးလေသည်။ နောက်ပိုင်းတွင် ပိုင်စုစုနှင့် သူမ၏ အဘိုးဖြစ်သူ ဒေါက်တာကျန်း တို့နှင့်ပါ တွေ့ဆုံခဲ့လေ၏။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ရေး အဆက်အသွယ်များနှင့် အရင်းအမြစ်များမှာ သာမန်လူများ လက်လှမ်းမီရန် ခက်ခဲလှ သည့် အမြင့်ဆုံး အဆင့်တစ်ခု ဖြစ်နေပြီ ဖြစ်လေသည်။

၎င်းကို ကြားသောအခါ ထျန်ရှောင်ထုန်သည် ဖုန်းမချမီ ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ဆိုခဲ့လေသည်။

ရွှီပေါ်အန်း ဘွန်ဆိုင်းကမ္ဘာကို ထပ်မံ ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် ဖုန်းက ထပ်မံ မြည်လာခဲ့ပြန်လေ၏။

"ပိုင်ရှန်းရှန်း... "

ဒေါက်တာကျန်းနှင့် သူ၏ မြေးမလေး ပိုင်စုစု အကြောင်းကို တွေးနေစဉ်မှာပင် ဒေါက်တာကျန်း၏ နောက်ထပ် မြေးမလေး တစ်ယောက်က တံခါးလာခေါက်နေလေပြီ။

*လူတွေက တကယ်ပဲ အပြောမခံနိုင်ကြဘူးပဲ...။*

“ဟဲလို... တပ်ဖွဲ့မှူးပိုင်...၊”

“အထွေထွေမန်နေဂျာရွှီ... မင်္ဂလာပါ...။ အနှောင့်အယှက် ပေးရတာ တောင်းပန်ပါတယ်...။ ဒါပေမဲ့ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျွန်မတို့ တပ်ဖွဲ့ဆီကို အမြန်ဆုံး လာခဲ့ပေးနိုင်မလား...။ ပြီးခဲ့တဲ့အကြိမ်က ရှင် ကျွန်မကို ကယ်တင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှင့်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်နေလို့ပါ...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်း အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။ သူက အတော်လေး မကျေမနပ်ဖြစ်ကာ ချက်ချင်းပင် ပြောလိုက်လေသည်။

“ဘာပြောလိုက်တယ်...၊ ငါ ကြားတာ မှန်ရဲ့လား...။ ပြီးခဲ့တဲ့ အကြိမ်က ငါ မင်းကို ကယ်ခဲ့တာ မင်း သိတယ်မ လား...။ ငါ့ကို ဂုဏ်ပြုလွှာဖြစ်ဖြစ် ဆုကြေးငွေဖြစ်ဖြစ် မပေးတဲ့အပြင် အခု ငါ့ကိုပါ စစ်ဆေးမလို့လား...။”

All Chapters