← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉) မဟာအကြီးအကဲ၏ ဆုံးဖြတ်ချက်

[ဒင်... ကံကြမ္မာတန်ဖိုး +၄၃၊ သက်တမ်း +၃၉၊ ကျင့်စဉ်အမှတ် +၆၇၈...]

[ဒင်... ကံကြမ္မာတန်ဖိုး +၅၇၊ သက်တမ်း +၉၄၊ ကျင့်စဉ်အမှတ် +၉၈၉...]

စနစ်၏ သတိပေးသံများသည် ကျိုးယွမ်၏ စိတ်ထဲတွင် ဆက်တိုက် ထွက်ပေါ်နေပြီး ကျိုးယွမ်သည် သူ၏ စိတ်ကို စုစည်းကာ စနစ် အချက်အလက်များကို ကြည့်လိုက်လေ၏။

[ပိုင်ရှင်: ကျိုးယွမ်]

[ကျင့်စဉ်အဆင့်: အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်: ၄၈၉၆၂၆၇၁/၆၀၀၀၀၀၀]

[သက်တမ်း: ၂၇/၈၈၆၅၁.၈]

[ပါရမီ: တာအိုတားမြစ်ခြင်းဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မိုးကြိုးဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မီးဝိညာဉ်သွေးကြော]

[ကံကြမ္မာတန်ဖိုး: ၅၄၁၂၇၁]

[ကျွမ်းကျင်မှုများ: အဆင့်မြင့် မီးတောက်မန္တန်၊ အဆင့်မြင့် ဝိညာဉ်ဖမ်း ဝင်္ကပါ]

[အထူးစွမ်းရည်များ: မျက်နှာ တစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ ကောင်းကင်ဆင့်ကဲဖြစ်စဉ် တွက်ချက်မှုကျင့်စဉ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၅)၊ အဆင့် ၄ အဆောင်သခင်]

သန်း ၅၀ နီးပါး စုဆောင်းမိနေပြီဖြစ်သော ကျင့်စဉ်အမှတ်များကို ကြည့်ရင်း ကျိုးယွမ် အနည်းငယ် ဆွံ့အသွားရလေသည်။

သူ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်သို့ တက်လှမ်းလိုက်သည်နှင့် နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားနိုင်မည်ဟု သူ ခန့်မှန်းမိပေသည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အဝင်ဝ၌ တူးဖော်ရေးတာဝန်ယူထားသော သာမန်လူများသည် ကြောက်ရွံ့တုန်လှုပ်နေကြပြီး ဤကဲ့သို့သော သွေးထွက်သံယို မြင်ကွင်းမျိုးကို သူတို့ ဘယ်သောအခါကမျှ မမြင်တွေ့ခဲ့ဖူးချေ။

ပြတ်တောက်နေသော ခြေလက်များ နေရာအနှံ့ ပြန့်ကျဲနေပြီး ခေါင်းများပင်လျှင် လိမ့်နေလေ၏။

ကောင်းမိသားစုမှ လူများသည်လည်း ယခုအခါတွင် တည်ငြိမ်သွားကြပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြလေသည်။

ယခုလေးတင် သူတို့၏ စိတ်နှလုံးထဲတွင် ဒေါသများ ပြည့်နှက်နေသဖြင့် မဆင်မခြင် ပြုမူခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့ သတိဝင်လာကြပြီး တစ်ယောက်စီတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လွင်လာကြလေ၏။

စုဟွာက သက်ပြင်းချလိုက်ပြီး ယခုတစ်ကြိမ်တွင် ပြဿနာကြီးသွားပြီဖြစ်ကြောင်း သူ ကောင်းစွာ သိပေသည်။

စုဟွာသည် လေထဲတွင် ရပ်နေသော ကျိုးယွမ်ကို လှမ်းကြည့်လိုက်ရာ သူလည်း ယခုအခါတွင် ထုံကျဉ်နေပြီ ဖြစ်သည်။

ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်ကို သူ မသိတော့ချေ။ ယခုလေးတင် ကြယ်ကိုးလုံးဂိုဏ်းမှ လူအများအပြားကို ရက်စက်စွာ သတ်ဖြတ်လိုက်ခြင်းဖြင့် သူတို့၏ ရင်ထဲရှိ အငြိုးများကို ဖြေဖျောက်နိုင်ခဲ့ပေသည်။

ကျိုးယွမ်သည် အောက်ဘက်ရှိ ကောင်းမိသားစုမှ လူများကို ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်လေ၏။

"မင်းတို့ ဘာလို့ ကြောင်ကြည့်နေကြတာလဲ... အလောင်းတွေကို မီးရှို့၊ အရိုးပြာတွေကို ကြဲချပြီး သူတို့ကို နောက်ဆုံးခရီး ပို့ပေးလိုက်ကြ..."

ကျိုးယွမ်၏ စကားကို ကြားချိန်၌ ကောင်းမိသားစုမှ လူများသည် ခဏမျှ မှင်တက်သွားကြပြီးနောက် သူ ပြောသည့်အတိုင်း စတင် လုပ်ဆောင်ကြလေတော့သည်။

အချိန်တိုလေးအတွင်းမှာပင် မြေပြင်ပေါ်ရှိ အလောင်းများသည် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ပြာဖြူများသာ ကျန်ရစ်ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ကျိုးယွမ်သည် ကောင်းကင်မှ ဆင်းသက်လာပြီး ဝိညာဉ်ဖမ်း ဝင်္ကပါတစ်ခု ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်အကြွင်းအကျန်များကို ပြန်လည် စုစည်းလိုက်လေ၏။

ကျိုးယွမ်သည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်ဝါးတစ်ချက် ရိုက်ချလိုက်ရာ ဝိညာဉ်အကြွင်းအကျန်များအားလုံး ပြာအဖြစ် ပြောင်းလဲသွားလေတော့သည်။

ကောင်းမိသားစုမှ လူများသည် ဤသခင်လေးသုံးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ပုံရပြီး သူတို့သည် ကျိုးယွမ်ကို မှုန်ဝါးဝါး ကြောက်ရွံ့မှုများဖြင့် ကြည့်နေကြလေသည်။

ဤမျှ ကျွမ်းကျင်သော လုပ်ရပ်မျိုးသည် သာမန်လူတစ်ယောက် လုပ်နိုင်မည့်အရာ လုံးဝ မဟုတ်ချေ။ သူ လူဘယ်နှယောက်လောက် သတ်ဖူးခဲ့ပြီလဲ။

ကျိုးယွမ်သည် ဤလူများကို အာရုံစိုက်နေမည် မဟုတ်ချေ။ သူက ပြဿနာရှာရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

ယခု ကြယ်ကိုးလုံးဂိုဏ်းမှ လူအားလုံးကို သတ်ပစ်လိုက်ပြီဖြစ်ရာ ကြယ်ကိုးလုံးဂိုဏ်းဘက်တွင် သေချာပေါက် ငြိမ်သက်နေမည် မဟုတ်ဘဲ ဤနေရာတွင် အလွန် စည်ကားလာပေလိမ့်မည်။

"စုဟွာ... လူတိုင်းကို ဝိညာဉ်ကျောက်တုံးတွေ တူးဖော်ဖို့ စီစဉ်လိုက်..."

ကျိုးယွမ်က စုဟွာကို တိုက်ရိုက် အမိန့်ပေးလိုက်လေ၏။

စုဟွာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အစီအစဉ်များ ပြုလုပ်ရန် အောက်သို့ ဆင်းသွားလေသည်။ နာရီဝက်အတွင်းမှာပင် ကြယ်ကိုးလုံးဂိုဏ်းမှ သတ္တုတွင်းလုပ်သားများကို မောင်းထုတ်လိုက်ပြီး သူတို့ တစ်နေ့တာ အလုပ်လုပ်ထားသမျှသည် သဘာဝကျကျပင် ကျိုးယွမ်၏ သိုလှောင်လက်စွပ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

ကျိုးယွမ် တစ်ချက်ကြည့်လိုက်ရာ အကြမ်းဖျင်းအားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းခန့် ရှိပေသည်။ သူ တကယ်တမ်း ထိုဝိညာဉ်ကျောက်တုံးများကို သဘောမကျသဖြင့် စုဟွာထံသို့ တိုက်ရိုက် ပစ်ပေးလိုက်လေ၏။

သူသည် ကောင်းမိသားစုကို ကြယ်ကိုးလုံးဂိုဏ်းအား ဖိအားပေးရန် ကူညီပေးနေခြင်းဖြစ်ရာ ဤမျှလောက် အချောင်ရသည့်အရာလေးများကို သဘာဝကျကျ လောဘတက်နေမည် မဟုတ်ချေ။

ထို့ပြင် ယခုလေးတင် သတ်ဖြတ်လိုက်သော လီခွေ့မှာ အလွန် ချမ်းသာပြီး သူ့ထံတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီ ရှိနေလေသည်။

ကျိုးယွမ်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဤကောင်သည် သတ္တုတွင်း ကြီးကြပ်ရေးမှူး အမည်ခံကာ မိမိအိတ်ကပ်ထဲသို့ ထည့်ပြီး အရည်အသွေးကောင်းမွန်သော ဝိညာဉ်ကျောက်တုံးအချို့ကို သိမ်းဆည်းထားခြင်း ဖြစ်ရမည်။

စုဟွာသည် မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော ကျိုးယွမ်ကို ကြည့်လိုက်ပြီး စကားပြောချင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ ရှေ့သို့ တက်သွားလေ၏။

"သခင်လေးသုံး... ဒီနေ့ကိစ္စက အရမ်းကြီးသွားပြီမို့ မဟာအကြီးအကဲဆီ သတင်းပို့ဖို့ လူတစ်ယောက် လွှတ်ရပါလိမ့်မယ်... မဟာအကြီးအကဲကို ဆုံးဖြတ်ခိုင်းပါ..."

စုဟွာသည် ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ရန် မရဲဝံ့သဖြင့် ဤသခင်လေးသုံးကို သတင်းပို့ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်လေ၏။

စုဟွာ ကောင်းစွာ သိပေသည်။ ဤသခင်လေးသုံးသည် ရက်စက်သူဖြစ်ပြီး ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် ကြယ်ကိုးလုံးဂိုဏ်းမှ လူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်။

အကယ်၍ သူသာ ခွင့်ပြုချက်မပါဘဲ ဆုံးဖြတ်ချက်ချမိပါက သခင်လေး မပျော်မရွှင်ဖြစ်ပြီး သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်လျှင် သူ မည်သူ့ကို အကြောင်းပြချက် ပေးနိုင်မည်နည်း။

တစ်ဖက်လူက သခင်လေးသုံး ဖြစ်သည်။

သူ့ကို သတ်လိုက်လျှင် သခင်လေးမှာ အများဆုံး ပြစ်ဒဏ်ပေးခံရုံသာ ရှိမည်ဖြစ်ပြီး သူသာလျှင် အချည်းနှီး သေဆုံးရပေလိမ့်မည်။

ကျိုးယွမ်သည် စုဟွာ ဤစကားကို ပြောမည့်အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူက တိုက်ရိုက် ပြောဆိုလိုက်လေ၏။

"သတင်းပို့ဖို့ လူလွှတ်လိုက်ပါ... ပြီးတော့ မင်းရှေ့မှာ ဖြစ်ပျက်ခဲ့တာတွေကိုလည်း ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်... အဓိပ္ပာယ် ကောက်လွဲအောင် မလုပ်နဲ့..."

ဤစကားကို ကြားချိန်၌ စုဟွာသည် စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။

ထွက်ခွာသွားသော စုဟွာ၏ ကျောပြင်ကို ကြည့်ရင်း ကျိုးယွမ် စိတ်ထဲမှ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ ဤစုဟွာက အသိဉာဏ်ရှိသူ တစ်ဦးပင်။

တစ်နာရီခန့် အကြာတွင် ကျဲ့ယွင်ဇီသည် ကျိုးယွမ်၏ ဘေးသို့ ရောက်လာပြီး အရိုအသေပေးကာ ပြောဆိုလိုက်လေ၏။

"သခင်လေး... ကျွန်တော် ခုနက ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အနက်ပိုင်းကို သွားစုံစမ်းခဲ့ပါတယ်... အဲ့ဒီမှာ တူးဖော်ရရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ အားလုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေချည်းပါပဲ... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်လုံးမှတောင် မတွေ့ခဲ့ရပါဘူး... ကျွန်တော်တို့ရဲ့ တူးဖော်ရေးနေရာက သိပ်မကောင်းလှဘူးထင်တယ်... နောက်ပိုင်းကျရင် အံ့သြစရာတွေ ရှိလာမလားဆိုတာတော့ မသိဘူး..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ လင်းကျင်းနို့ရည် ရှာဖွေရန် သူ၏ အကြံအစည်မှာ ကျရှုံးသွားတော့မည့်ပုံပင်။

သို့သော် ကျိုးယွမ် စိတ်မပျက်ချေ။

ကောင်းမိသားစု၏ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းတွင် မရှိခြင်းက အခြားနေရာများတွင် မရှိဟု မဆိုလိုချေ။

ကျိုးယွမ်အတွက်မူ ကောင်းမိသားစုသည် သူ၏ ပထမဆုံး မှတ်တိုင်သာ ဖြစ်သည်။

ယခု စုန်းဟူနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ ဤနေရာကို ဗြောင်းဆန်သွားအောင် မလုပ်ဘဲ သူ ဘယ်လိုလုပ် ပြန်သွားချင်စိတ် ရှိမည်နည်း။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး သုံးရက်ကြာသောအခါ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းသည် ငြိမ်းချမ်းနေလေ၏။

မူလက ကြယ်ကိုးလုံးဂိုဏ်းမှ ဖြစ်သော သတ္တုတွင်းလုပ်သားများကို ကောင်းမိသားစုက တိုက်ရိုက် သိမ်းသွင်းလိုက်ပြီး ၂၄ နာရီပတ်လုံး အဆိုင်းနှစ်ဆိုင်းဖြင့် ဝိညာဉ်ကျောက်တုံးများကို တူးဖော်နေကြသည်။

ဤနေရာတွင် ကျိုးယွမ်၏ စကားများမှာ ဧကရာဇ်၏ အမိန့်များကဲ့သို့ဖြစ်ပြီး မည်သူမျှ မဆန့်ကျင်ရဲကြချေ။ သူ၏ နေထိုင်မှုမှာ အလွန် သက်တောင့်သက်သာ ရှိနေလေ၏။

ကျိုးယွမ်က သက်တောင့်သက်သာ ရှိနေသော်လည်း ကောင်းကျန်းကျွန်းမှာမူ အလွန် နေရခက်နေလေသည်။ ယမန်နေ့ ညနေခင်းက ကောင်းကျန်းကျွန်းသည် စုဟွာ ပေးပို့လိုက်သော ကျောက်စိမ်းပြားကို ရရှိခဲ့လေ၏။

ကျောက်စိမ်းပြားကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကောင်းကျန်းကျွန်းသည် ချွေးအေးများ ပျံလာလေတော့သည်။

မူလက သခင်လေးသုံးသည် ကြယ်ကိုးလုံးဂိုဏ်းမှ လူအနည်းငယ်ကိုသာ သတ်ဖြတ်ခဲ့သည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တစ်ကြိမ်တည်းဖြင့် အကုန်လုံးကို သတ်ပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ဤကိစ္စက ကောင်းကျန်းကျွန်းကို မျက်စိတစ်မှိတ်အတွင်း ခေါင်းကြီးသွားစေလေ၏။

ကောင်းကျန်းကျွန်းသည် ကောင်းဝူဖိန်၊ ကောင်းဟိုင်၊ ချင်ယန်ယွီ နှင့် ကျိုးစု တို့ကို အလျင်အမြန် ခေါ်ယူကာ ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်ကို ဆွေးနွေးကြလေသည်။

"မဟာအကြီးအကဲ... ကြယ်ကိုးလုံးဂိုဏ်းရဲ့ ဒေါသကို ငြိမ်သက်သွားအောင် လုပ်ဖို့က လွယ်ပါတယ်... ကောင်းဖေးကို ဖမ်းပြီး ကြယ်ကိုးလုံးဂိုဏ်းဆီ ပို့လိုက်ရုံပါပဲ... ပြီးတော့ ကျွန်တော်တို့ ကောင်းမိသားစုက ကြယ်ကိုးလုံးဂိုဏ်းကို လျော်ကြေးနည်းနည်း ပေးလိုက်ရင် ဒီကိစ္စက ပြေလည်သွားသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

တတိယအကြီးအကဲ ကောင်းဝူဖိန်က တိုက်ရိုက် ပြောဆိုလိုက်လေ၏။

တစ်ချိန်တည်းမှာပင် သူ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

‘ဒါက မင်းကိုယ်မင်း သေတွင်းတူးတာပဲ... တခြားသူတွေကို အပြစ်မတင်နဲ့။’

ပဉ္စမအကြီးအကဲ ကောင်းတာဟိုင်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် ပြောဆိုလိုက်လေ၏။

"မဟာအကြီးအကဲ... တတိယအကြီးအကဲ ပြောတာ မမှန်ဘူးလို့ ကျွန်တော် ထင်တယ်... ကြယ်ကိုးလုံးဂိုဏ်းက အရမ်း အနိုင်ကျင့်လွန်းတယ်... ပြီးတော့ ကျွန်တော်တို့ ကောင်းမိသားစုက အနိုင်ကျင့်လို့ လွယ်တယ်ဆိုတာ လုံးဝ မဟုတ်ဘူး... သခင်လေးသုံးရဲ့ လုပ်ရပ်က နည်းနည်း အစွန်းရောက်ပေမဲ့ သခင်လေးသုံးက သူတို့ကို အခွင့်အရေး ပေးခဲ့ပါသေးတယ်... ဒါ့အပြင် သခင်လေးသုံး လုပ်ခဲ့တာတွေ အားလုံးက ကောင်းမိသားစုအတွက်ချည်းပါပဲ... အကယ်၍ ကျွန်တော်တို့က တတိယအကြီးအကဲ ပြောတဲ့အတိုင်း တကယ် လုပ်လိုက်မယ်ဆိုရင် ကောင်းမိသားစုဝင်တွေရဲ့ စိတ်နှလုံးကို အေးစက်သွားစေရုံသာမကဘဲ ကြယ်ကိုးလုံးဂိုဏ်းရဲ့ မောက်မာမှုကိုပါ မီးထိုးပေးသလို ဖြစ်သွားလိမ့်မယ်..."

ပဉ္စမအကြီးအကဲက ပြတ်ပြတ်သားသား ဆန့်ကျင်လိုက်သဖြင့် ကောင်းဝူဖိန်၏ မျက်နှာမှာ မည်းမှောင်သွားရလေ၏။

ကောင်းကျန်းကျွန်းက ကောင်းဝူဖိန်ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ‘ငါက ကောင်းကင်တာအို ကျိန်စာ ကျိန်ဆိုထားပြီးပြီ။

မင်းက သခင်လေးသုံးအပေါ် ဒီလောက်တောင် အမြင်မကြည်ဖြစ်နေမှတော့ မင်းကို ခွေးကိုက်ခံရမယ့် အခွင့်အရေး ပေးလိုက်မယ်။’

"ကောင်းဝူဖိန်... မင်း အခု ဝိညာဉ်ကျောက်တုံး သတ္တုတွင်းဘက်ကို သွားပြီးတော့ လူကိုယ်တိုင် ကြီးကြပ်ကွပ်ကဲလိုက်... ငါ့ခန့်မှန်းချက်သာ မှန်ရင် ကြယ်ကိုးလုံးဂိုဏ်းက လူတွေလည်း ရောက်လာတော့မယ်..."

အခန်း (၂၂၀) ရွှေရောင်ရေနဂါးပျံ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခြင်း၊ ဒန်တျန်အတွင်း မိုးကြိုးကန် ပေါ်လာခြင်း

မဟာအကြီးအကဲသည် လုံးဝ ရှင်းလင်းနေပေသည်။ ကောင်းဝူဖိန်ကို ထိုနေရာသို့ စီစဉ်ပေးလိုက်ခြင်းက ဝိညာဉ်ကျောက်တုံး သတ္တုတွင်းကို ပိုမို ရှုပ်ထွေးသွားစေမည်မှာ သေချာပေသည်။

သို့သော် သူ ထိုသို့ လုပ်ဆောင်လိုက်ပြီး ကောင်းဖေးက ဤပြဿနာများကို မည်သို့ ဖြေရှင်းမည်ကို သူ ကြည့်ရှုချင်ပေသည်။

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ကောင်းဖေး၏ လက်ထဲတွင် အဆင့် ၅ မှော်အဆောင် နှင့် အဆင့် ၅ မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံး ရှိနေမည်မှာ သေချာသည်။

ဤတတိယအကြီးအကဲသည် မည်သို့ ရင်ဆိုင်မည်နည်း ဆိုတာကို သူ မသိချေ။

ကောင်းကျန်းကျွန်း၏ စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကောင်းဝူဖိန်၏ မျက်နှာမှာ အနည်းငယ် အရောင်ပြောင်းသွားပြီး ကောင်းချုံးကျင်း၏ သေဆုံးမှုကို ချက်ချင်း သတိရသွားလေ၏။

ဒီရက်ပိုင်းအတွင်း ကောင်းဝူဖိန်သည် အဖြေရှာတွေ့ခဲ့ပြီ ဖြစ်သည်။

ကောင်းချုံးကျင်းသည် မဟာအကြီးအကဲ သတ်ဖြတ်ခြင်းခံရသည် မဟုတ်ဘဲ ကောင်းဖေး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သူ့ကိုယ်သူ ထိုလူ၏ ဘေးတွင် သွားထားရန် မဟာအကြီးအကဲက သေချာပေါက် တမင်သက်သက် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး သူ ယခုလေးတင် အကြံပြုခဲ့သောအရာကို အလွန် မကျေမနပ် ဖြစ်နေကြောင်း ထင်ရှားပေသည်။

သို့သော် ယခု မဟာအကြီးအကဲက အမိန့်ပေးလိုက်ပြီဖြစ်ရာ သူ မဆန့်ကျင်ရဲသဖြင့် တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

ကောင်းဟိုင်က ကောင်းဝူဖိန်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

ကောင်းဝူဖိန်အတွက် ယခုတစ်ကြိမ်တွင် ကံဆိုးမှုများသာရှိပြီး ကံကောင်းမှု အလွန်နည်းပါးကြောင်း သူ ကောင်းစွာ သိပေသည်။ ထိုသခင်လေးသုံးသည် ယခင်ကနှင့် မတူတော့ချေ။

ချင်ယန်ယွီ နှင့် ကျိုးစု တို့သည် မတ်မတ်ထိုင်နေပြီး စကားတစ်ခွန်းမျှ မဟကြချေ။ သူတို့သည် လောလောဆယ်တွင် ထိုသခင်လေးသုံးနှင့် မတိုက်ခိုက်ချင်ကြချေ။

ထိုအခိုက်အတန့်တွင် ကျိုးယွမ်သည် မိမိကိုယ်ကို အခန်းထဲတွင် ပိတ်လှောင်ကာ မှော်အဆောင်များကို သန့်စင်နေလေ၏။

မှော်အဆောင်များကို ပေါင်းစပ်ပြီးနောက် သူ၏ လက်ထဲတွင် အဆင့် ၅ မိုးကြိုးမီး မှော်အဆောင် အနည်းငယ် ပိုများလာလေသည်။

ကျိုးယွမ်၏ မျက်ခုံးကြားတွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေ၏။

မိုးကြိုးမီး မှော်အဆောင်ကို ပေါင်းစပ်ရန်အတွက် နတ်ဘုရားစိတ်ဝိညာဉ်အာရုံ၏ စွမ်းအား အများအပြားကို စားသုံးရန် လိုအပ်ပေသည်။

ထိုအခိုက်အတန့်တွင် ကျိုးယွမ်၏ ခေါင်းထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။

"သခင်... ကျွန်တော် အဆင့် ၆ ကို တက်လှမ်းတော့မယ်... မကြာခင် မိုးကြိုးကပ်ဘေးကို ဆွဲဆောင်တော့မယ်... ကျွန်တော့်ကို လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ကပ်ဘေးခံယူခွင့် ပြုပါ..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားလေသည်။

ဤသည်မှာ ရွှေရောင်ရေနဂါးပျံ၏ အသံဖြစ်သည်။

ရွှေရောင်ရေနဂါးပျံ၏ ယခင်ဘဝမှာ ရွှေရောင်စပါးကြီးမြွေ ဖြစ်ပြီး သူ၏ အရေးအကြီးဆုံး မိုးကြိုးကပ်ဘေး နှစ်ခုအနက် ပထမတစ်ခုမှာ စပါးကြီးမြွေမှ နဂါးအဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ နဂါးပျံမှ နတ်နဂါးအဖြစ် အသွင်ပြောင်းခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ဤရွှေရောင်ရေနဂါးပျံသည် ကပ်ဘေးကို ကျော်ဖြတ်နိုင်ပါက ရွှေရောင်နတ်နဂါးအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ပြီး အကယ်၍ မကျော်ဖြတ်နိုင်ပါက နတ်ဘုရားစိတ်ဝိညာဉ်အာရုံ အားလုံး ဖျက်ဆီးခံရမည် ဖြစ်သည်။

ကျိုးယွမ်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ တံခါးအပြင်သို့ အလျင်အမြန် ထွက်လာကာ ကျဲ့ယွင်ဇီ နှင့် ကျဲ့ချင်းဟယ် တို့ကို စကားအနည်းငယ် မှာကြားပြီးနောက် သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

နာရီဝက်ခန့် အကြာတွင် ကျိုးယွမ်သည် မိုင်နှစ်ရာ အကွာရှိ တောင်ကြားတစ်ခုသို့ ရောက်ရှိလာလေသည်။

ကျိုးယွမ်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရွှေရောင်ရေနဂါးပျံကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အလျင်အမြန် နောက်ဆုတ်သွားလေ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီး အရောင်ပြောင်းသွားပြီး မိုးကြိုးတိမ်တိုက်များသည် အရပ်မျက်နှာ အနှံ့အပြားမှ စုရုံးလာကာ လေထဲတွင် အဆက်မပြတ် ပေါင်းစည်းသွားကြလေသည်။

ရွှေရောင်ရေနဂါးပျံ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ စတင်ကြီးထွားလာပြီး အချိန်တိုလေးအတွင်းမှာပင် ပေဒါဇင်ပေါင်းများစွာ အရွယ်အစားသို့ ရောက်ရှိသွားလေသည်။

ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ရွှေရောင်ရေနဂါးပျံ၏ ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့နေလေ၏။

ကျိုးယွမ်သည် မိုင်ဒါဇင်ပေါင်းများစွာ အဝေးသို့ ဆုတ်ခွာသွားပြီး ဟင်းလင်းပြင်တွင် ရပ်နေလေ၏။ သူ၏ ဘယ်ဘက်ပခုံးပေါ်တွင် ခေါင်းသုံးလုံးဝိညာဉ်မြွေ ရှိနေသည်။

လေထဲတွင် အဆက်မပြတ် စုရုံးနေသော မိုးကြိုးတိမ်တိုက်များကို ကြည့်ရင်း ခေါင်းသုံးလုံးဝိညာဉ်မြွေ၏ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

သူသည် ရွှေရောင်ရေနဂါးပျံနှင့် မတူဘဲ မွေးရာပါ မြွေသွေးကြောဖြစ်သဖြင့် ကပ်ဘေးခံယူရန် မလိုအပ်ချေ။ အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောစွမ်းအားများသည် အဆက်မပြတ် နိုးကြားလာမည် ဖြစ်သည်။

မကြာမီ ကောင်းကင်တစ်ခုလုံးကို မိုးကြိုးတိမ်တိုက်များက ဖုံးလွှမ်းသွားပြီး လေထဲမှ မိုးချုန်းသံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။

ဤမိုးကြိုးတိမ်တိုက်သည် အလွန် ကြီးမားလှပြီး မိုင်ရာပေါင်းများစွာ အကွာအဝေးကို လွှမ်းခြုံထားကာ မိုးကြိုးတိမ်တိုက်များထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်နေလေသည်။

ကျိုးယွမ် တိတ်တဆိတ် အံ့အားသင့်သွားရသည်။

ဤအခိုက်အတန့်တွင် သူ အတော်လေး စိုးရိမ်နေမိပြီး ရွှေရောင်ရေနဂါးပျံသည် ဤကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်မည်လား ဆိုသည်ကို သူ မသိချေ။

ဧရာမ မိုးကြိုးတိမ်တိုက်ကြီးသည် စိတ်ဝင်စားသူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားပြီး အရပ်မျက်နှာ အနှံ့အပြားမှ ရောက်ရှိလာကြသော်လည်း မည်သူကမျှ အလွန် နီးကပ်စွာ ချဉ်းကပ်ရန် မရဲဝံ့ကြချေ။

အလွန် နီးကပ်စွာ ချဉ်းကပ်မိပါက မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်မှု ပစ်မှတ် ဖြစ်သွားနိုင်ဖွယ် ရှိပေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ အနက်ရောင် မိုးကြိုးတိမ်တိုက်များ လိမ့်တက်နေပြီး ထိုမိုးကြိုးတိမ်တိုက်များထဲတွင် ဖြော့တော့သော ခရမ်းရောင်လေး ရှိနေသည်ကို ကျိုးယွမ် မြင်တွေ့လိုက်ရလေ၏။

ဤခရမ်းရောင်က ဘာကိုဆိုလိုမှန်း ကျိုးယွမ် မသိသော်လည်း အနက်ရောင် မိုးကြိုးတိမ်တိုက်များနှင့် ယှဉ်လျှင် ဤခရမ်းရောင်သည် သူ့ကို ရင်တုန်စေသော ခံစားချက်တစ်ခု ပေးစွမ်းနေကြောင်း သူ ခံစားမိပေသည်။

"ဝုန်း..."

ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ လိမ့်တက်နေပြီး ကောင်းကင်မှ မိုးကြိုးလျှပ်စီး တစ်ကြောင်း ကျဆင်းလာကာ ရွှေရောင်ရေနဂါးပျံ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားလေ၏။

ရွှေရောင်ရေနဂါးပျံ၏ ရွှေရောင် ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပင် မည်းနက်နေသော အရောင်တစ်ခု ပေါ်လာလေသည်။

ရွှေရောင်ရေနဂါးပျံက ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ ချီသွေးများ လိမ့်တက်လာကာ မည်းနက်နေသော အရောင်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ရွှေရောင် ခန္ဓာကိုယ်ကို ပြန်လည် ရရှိသွားလေ၏။

ပထမဆုံး လျှပ်စီးတန်း ကျဆင်းလာပြီးနောက် နောက်ဆက်တွဲ လျှပ်စီးများသည် သဲကြီးမဲကြီး ရွာသွန်းနေသော မိုးကဲ့သို့ ကောင်းကင်မှ အဆက်မပြတ် ကျဆင်းလာပြီး ရွှေရောင်ရေနဂါးပျံကို လျှပ်စီးများထဲတွင် တိုက်ရိုက် နစ်မြုပ်သွားစေလေ၏။

ရွှေရောင်ရေနဂါးပျံ၏ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး မိုင်တစ်ရာကျော်အထိ ပျံ့နှံ့သွားကာ အသံမှာ အလွန် နာကျင်နေပုံရလေသည်။

လျှပ်စီးများ လုံးဝ လွှမ်းခြုံခံထားရသော ရွှေရောင်ရေနဂါးပျံကို ကြည့်ရင်း ကျိုးယွမ်၏ မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများက အနည်းငယ် ပိုမို ပြင်းထန်လာလေ၏။

ထိုအခိုက်အတန့်တွင် ကျိုးယွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇပြောင်း မိုးကြိုးဝိညာဉ်သွေးကြော အလွန် တက်ကြွနေသည်ကို ခံစားလိုက်ရပြီး လှုံ့ဆော်ခံလိုက်ရသကဲ့သို့ ဖြစ်နေပေသည်။

တစ်ချိန်တည်းမှာပင် ကျိုးယွမ်၏ ခန္ဓာကိုယ်အတွင်းမှ မိုးကြိုးဓားသည် တိုက်ရိုက် ပျံထွက်လာပြီး ကျိုးယွမ်၏ ခေါင်းပေါ်သို့ ရောက်ရှိလာလေ၏။

မိုးကြိုးဓားတွင် အပြင်သို့ ထွက်ချင်သော ပြင်းပြသည့် ဆန္ဒ ရှိနေလေသည်။

ကျိုးယွမ်၏ စိတ်နှလုံး တုန်လှုပ်သွားပြီး ဘာဖြစ်နေသလဲဆိုတာကို သူ ချက်ချင်း နားလည်သွားသည်။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲရှိ မိုးကြိုးဓားသည် မျက်စိတစ်မှိတ်အတွင်း ပျံထွက်သွားပြီး ရွှေရောင်ရေနဂါးပျံဆီသို့ တည့်မတ်စွာ ပြေးဝင်သွားလေ၏။

အသက်ရှူ နှစ်ကြိမ်ပင် မပြည့်မီ အချိန်အတွင်း မိုးကြိုးဓားသည် မိုင်ဒါဇင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်ကာ ရွှေရောင်ရေနဂါးပျံ၏ အထက်သို့ ရောက်ရှိသွားလေသည်။

မိုးကြိုးဓားမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး မူလက ရွှေရောင်ရေနဂါးပျံကို ခွဲခြမ်းပစ်မည့် မိုးကြိုးလျှပ်စီးများသည် မိုးကြိုးဓားထဲသို့ အဆက်မပြတ် စီးဝင်သွားကြလေ၏။

ထိုအခိုက်အတန့်တွင် ကျိုးယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မိုးကြိုးလျှပ်စီးများ လက်နေလေ၏။

သူနှင့် မိုးကြိုးဓားသည် မွေးရာပါ တစ်သားတည်းဖြစ်ရာ မိုးကြိုးဓားက ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး စွမ်းအားများကို စုပ်ယူလိုက်သောအခါ သဘာဝကျကျပင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စီးဝင်လာလေ၏။

ကျိုးယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ အတွင်းရှိ မိုးကြိုးဝိညာဉ်သွေးကြော စတင်လည်ပတ်လာကာ ဤမိုးကြိုးလျှပ်စီး စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုလေတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော ဤမြင်ကွင်းကြောင့် ခေါင်းသုံးလုံးဝိညာဉ်မြွေ အံ့အားသင့်သွားရလေသည်။ မိုးကြိုးလျှပ်စီး စွမ်းအားကို မနှစ်သက်သဖြင့် ကျိုးယွမ်၏ ခန္ဓာကိုယ်ပေါ်မှ တိုက်ရိုက် ခုန်ဆင်းကာ ကျိုးယွမ်နှင့် ဝေးရာသို့ ထွက်သွားလေ၏။

ကျိုးယွမ်၏ စိတ်နှလုံး ရုတ်တရက် တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များ လိမ့်တက်လာချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးလျှပ်စီး စွမ်းအားများကို လှုံ့ဆော်ကာ လေထဲတွင် လျင်မြန်စွာ ကခုန်နေလေ၏။

မိုးကြိုးလျှပ်စီး မှော်အက္ခရာများသည် သူ၏ လက်ထဲမှ တစ်ခုပြီးတစ်ခု ပျံထွက်လာပြီး လျင်မြန်စွာ ပေါင်းစည်းသွားကာ အချိန်တိုလေးအတွင်းမှာပင် မိုးကြိုးလျှပ်စီး မှော်အက္ခရာတစ်ခုအဖြစ် ဖွဲ့စည်းသွားလေသည်။

သူ၏ ရှေ့ရှိ မိုးကြိုးလျှပ်စီး မှော်အက္ခရာများကို ကြည့်ရင်း ကျိုးယွမ်၏ မျက်လုံးများ တောက်ပနေပြီး အပေါ်တွင် ရှင်းလင်းပြတ်သားသော မှော်အဆောင် အလင်းဝန်း လေးခု ရှိနေလေ၏။

ဤသည်မှာ အဆင့် ၄ အဆင့်မြင့် မိုးကြိုးလျှပ်စီး မှော်အဆောင် ဖြစ်သည်။

ကောင်းကင်ယံရှိ မိုးကြိုးလျှပ်စီး စွမ်းအားများ၏ အကူအညီဖြင့် အဆင့် ၄ အဆင့်မြင့် မှော်အဆောင်ကို ဤမျှ လျင်မြန်စွာ ရေးဆွဲနိုင်လိမ့်မည်ဟု ကျိုးယွမ် မမျှော်လင့်ထားခဲ့ချေ။

ကောင်းကင်မှ အဆက်မပြတ် ကျဆင်းနေသော မိုးကြိုးလျှပ်စီးများကို ကြည့်ရင်း ကျိုးယွမ်သည် မိုးကြိုးတာအိုအပေါ် ပိုမို နက်ရှိုင်းသော နားလည်မှုတစ်ခု ရရှိသွားလေ၏။

မိုးကြိုး... အစွမ်းအထက်ဆုံးနှင့် ယန်စွမ်းအင် အပြည့်ဝဆုံး၊ မကောင်းဆိုးဝါး အားလုံး၏ ရန်သူ။

မိုးကြိုးတာအို... ကမ္ဘာကြီးကို ဖျက်ဆီးပစ်သော်လည်း ရှင်သန်ခြင်း အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

အစွမ်းအထက်ဆုံးနှင့် ယန်စွမ်းအင် အပြည့်ဝဆုံးအရာထဲတွင် ယင်စွမ်းအင် အရိပ်အယောင်လေးတစ်ခုလည်း ရှိနေသည်။

ထို့ကြောင့် နားလည်သဘောပေါက်ခြင်းက ဖျက်ဆီးခြင်းကို မြင်တွေ့ရုံသာမက ရှင်သန်ခြင်း အရိပ်အယောင်ကိုလည်း မြင်တွေ့ရခြင်း ဖြစ်သည်။

ကျိုးယွမ်၏ စိတ်ထဲတွင် ဤစကားလုံးများကို တွေးတောနေခြင်းက ပြတင်းပေါက်အသစ်တစ်ခု ပွင့်သွားသကဲ့သို့ဖြစ်ပြီး ကျိုးယွမ်ကို ကမ္ဘာသစ်တစ်ခု မြင်တွေ့ခွင့် ရစေလေ၏။

သူ သတိပင် မထားမိဘဲ မိုးကြိုးတာအိုကို နားလည်သဘောပေါက်ရန် နှစ်မြှုပ်နေချိန်တွင် သူ၏ ဒန်တျန်အတွင်း၌ နောက်ထပ် အရာတစ်ခု ပေါ်လာလေရာ မိုးကြိုးကန်ပင် ဖြစ်သည်။

ထိုမိုးကြိုးကန်မှာ သေးငယ်သော်လည်း အဆက်မပြတ် ကျယ်ပြန့်လာနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဒန်တျန်ရှိ မိုးကြိုးကန်သည် ကြက်ဥအရွယ်အစားမှ ဘတ်စကတ်ဘောအရွယ်အစားအထိ ကျယ်ပြန့်သွားကာ အပြင်ဘက်သို့ အဆက်မပြတ် ဆက်လက် ကျယ်ပြန့်နေလေတော့သည်။

All Chapters