← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃) ထောင်ချောက်ဆင်ခြင်း

"ဘန်း" ခနဲ အသံနှင့်အတူ မြေကြီးတစ်ခုလုံး တုန်ခါသွားလေ၏။

ကောင်းယန်သည် ပြုတ်ကျသွားကာ မီတာအနည်းငယ် နက်သော တွင်းကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ နှုတ်ခမ်းထောင့်များမှ သွေးများ အဆက်မပြတ် အန်ထွက်နေကာ မျက်လုံးများတွင် ပြင်းထန်သော မကျေနပ်မှုများ ပြည့်နှက်နေလေ၏။

ကောင်းယန်အနေဖြင့် သူ သာမန်အားဖြင့် အထင်အမြင်သေးတတ်သော ဤညီလေးက သူ့ကို တိမ်ပေါ်မှနေ၍ တွင်းနက်ကြီးထဲသို့ တိုက်ရိုက် တွန်းချလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဤအခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်သွားပြီး လူအများအပြား၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ အထင်အရှား ပေါ်လာကြလေ၏။

သူတို့ ခေါင်းမော့ကြည့်လိုက်ရာ လေထဲတွင် ခံစားချက်ကင်းမဲ့စွာ ရပ်နေသော တတိယသခင်လေးကို မြင်လိုက်ရပြီး လူအများအပြားသည် တတိယသခင်လေးအကြောင်း သူတို့ သိထားသည်မှာ နည်းလွန်းလှကြောင်း သဘောပေါက်သွားကြလေ၏။

"တတိယသခင်လေးက အရမ်း အစွမ်းထက်တာပဲ... ပထမသခင်လေး အယောက်အနည်းငယ် ပေါင်းရင်တောင် တတိယသခင်လေးလောက် မကောင်းဘူး..."

"အဲ့ဒါ သဘာဝကျတာပေါ့... ငါတို့ အားလုံး ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာပဲ... ပထမသခင်လေးက ကျင့်ကြံမှုကို ချက်ချင်း မြင့်တက်စေတဲ့ ဆေးလုံးကို မျိုချခဲ့တာတောင် တတိယသခင်လေးရဲ့ တိုက်ရိုက်အနိုင်ပိုင်းခြင်းကို ခံလိုက်ရတာပဲ..."

"ငါ့အမြင်ကို ပြောရရင် တတိယသခင်လေးက ငါတို့ ကောင်းမိသားစုရဲ့ အနာဂတ် ခေါင်းဆောင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ..."

လူတိုင်း ဆွေးနွေးနေကြစဉ် ကောင်းချုံးကျင်းသည် ကောင်းယန်၏ အနီးသို့ ပျံသန်းလာပြီး ကောင်းယန်ကို တွင်းထဲမှ ဆယ်ယူလိုက်လေ၏။

ဤအခိုက်အတန့်တွင် ကောင်းယန်မှာ အလွန် သနားစရာ ကောင်းနေလေ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အကြောများစွာ ပြတ်တောက်သွားပြီ ဖြစ်သည်။

မပြတ်တောက်သေးသော အကြောများနှင့် သွေးကြောများမှာလည်း မရေမတွက်နိုင်သော ဒဏ်ရာများ ရရှိထားလေ၏။

ကောင်းယန် မူလက ရူးသွပ်မိစ္ဆာ ဆေးလုံး၏ အကူအညီဖြင့် ကောင်းဖေးကို အလျင်အမြန် ဖြေရှင်းနိုင်မည် ဟုထင်ခဲ့သည်။

သို့သော် ယခုမှသာ ကောင်းယန် သိလိုက်ရသည်မှာ သူ လုံးဝ မှားယွင်းခဲ့ကြောင်း ပင်ဖြစ်သည်။ ကောင်းဖေးသည် သူ့ထက် များစွာ ပို၍ အစွမ်းထက်လှပေသည်။

သေချာသည်မှာ ကောင်းယန် မသိသည်မှာ သူ၏ရှေ့ရှိ ကောင်းဖေးသည် ကျိုးယွမ် ဟန်ဆောင်ထားခြင်းဖြစ်ပြီး တကယ့် ကောင်းဖေး၏ စွမ်းအားမှာ ဤမျှလောက် အစွမ်းမထက်ကြောင်း ပင်ဖြစ်သည်။

တွင်းထဲမှ ထွက်လာခါစ ကောင်းယန်သည် ပတ်ဝန်းကျင်ရှိ ဆွေးနွေးသံများကို ကြားသောအခါ ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်သွားကာ သွေးတစ်လုပ် ပန်းထုတ်လိုက်ပြီးနောက် ကောင်းချုံးကျင်း၏ လက်မောင်းထဲတွင် သတိလစ်သွားလေတော့၏။

ကောင်းချုံးကျင်းသည် ကောင်းယန်၏ ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာလေ၏။

သို့သော် မလှမ်းမကမ်းရှိ မဟာအကြီးအကဲ ကောင်းကျန်းကျွန်းကို မြင်သောအခါ ကောင်းချုံးကျင်းသည် ဘာမျှ မပြောတော့ဘဲ သတိလစ်နေသော ကောင်းယန်ကို ပွေ့ချီကာ ထွက်ခွာသွားလေတော့၏။

ဤအခိုက်အတန့်တွင် ကောင်းချုံးကျင်းသည် ကျိုးယွမ်ကို အရိုးထဲထိ မုန်းတီးနေပြီဖြစ်သော်လည်း သူ၏ ဒေါသကို မြိုသိပ်ထားရုံသာ ရှိတော့လေ၏။

သူသည် ကောင်းယန်နှင့် အေးအတူ ပူအမျှ ဖြစ်သည်။ အကယ်၍ ကောင်းယန်သာ ကောင်းမိသားစု၏ ခေါင်းဆောင်နေရာကို မရရှိနိုင်ပါက အနာဂတ်တွင် သူ့အတွက် ဇာတ်သိမ်းလှရန် ခက်ခဲပေလိမ့်မည်။

ကျိုးယွမ် မျက်မှောင်ကြုတ်သွားလေ၏။

ကောင်းယန် တကယ် သတိလစ်သွားသလား၊ ဟန်ဆောင် သတိလစ်သွားသလား ဆိုတာကို သူ မသိသော်လည်း သူ မကြောက်ချေ။

တစ်ဖက်လူက ဟန်ဆောင် သတိလစ်သွားရင်တောင် ဘာဖြစ်လဲ။

ကျိုးယွမ်က ဤအခြေအနေအတွက် ကြိုတင် ကာကွယ်ထားပြီး တစ်ဖက်လူကို ကောင်းကင်တာအို ကျိန်စာ တိုက်ခိုင်းထားပြီး ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် အကြီးအကဲများ ရှိနေကြပြီး ဤတိုက်ပွဲ အမှန်တကယ် ပြီးဆုံးသွားသည့်တိုင် သူတို့၏ အကြည့်များ အားလုံးသည် ကောင်းကင်ပေါ်ရှိ ကျိုးယွမ်ထံသို့ ရောက်ရှိနေကြကာ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အမျိုးမျိုး အဖုံဖုံ ဖြစ်နေကြလေ၏။

မဟာအကြီးအကဲ ကောင်းကျန်းကျွန်း၏ မျက်လုံးများရှိ ချီးကျူးသည့် အရိပ်အယောင်များကို ဖုံးကွယ်ထား၍ မရတော့ချေ။

တတိယအကြီးအကဲ ကောင်းဝူဖိန်၏ အမူအရာမှာ အနည်းငယ် ပို၍ မှုန်ကုပ်ကုပ် ဖြစ်သွားပြီး သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ခပ်ရေးရေး ပေါ်လာလေ၏။

သို့သော် ကောင်းဝူဖိန်က အလွန် သေသေချာချာ ဖုံးကွယ်ထားသဖြင့် အနည်းငယ်မျှ ပေါ်လွင်ခြင်း မရှိချေ။

ပဉ္စမအကြီးအကဲ ကောင်းတာဟိုင်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ဖြစ်နေလေ၏။

သို့သော် သူသည် ရှေ့သို့ မတက်လာဘဲ စဉ်းစားခန်း ဝင်နေလေသည်။

ဧည့်သည်တော် အကြီးအကဲ ချင်ယန်ယွီ နှင့် ကျိုးစု တို့၏ မျက်လုံးများတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာကြသော်လည်း သူတို့သည် ကျိုးယွမ်နှင့် စကားပြောရန် ရှေ့သို့ တက်လာခြင်း မရှိကြချေ။

ရုတ်တရက် ပေါ်ပေါက်လာသော ပြိုင်ပွဲတစ်ခုကြောင့် နံနက်ခင်း လေ့ကျင့်ရေး ပျက်ပြားသွားပြီးနောက် ကျိုးယွမ်က လူစုခွဲလိုက်လေ၏။

မည်သည့် အကြီးအကဲကမျှ ရှေ့တက်လာပြီး ကျိုးယွမ်ကို နှုတ်ဆက်ခြင်း မပြုလုပ်ကြသလို ကျိုးယွမ်ကလည်း မိမိကိုယ်ကိုယ် အရေးပါသူအဖြစ် သတ်မှတ်ရန် မရည်ရွယ်ချေ။

အကြီးအကဲများ ထွက်သွားကြသည်ကို မြင်သောအခါ မလှမ်းမကမ်းမှ ကြည့်နေသော ကျဲ့ယွင်ဇီသည် သက်ပြင်းချလိုက်နိုင်လေ၏။

ယခုလေးတင် သူ၏ နှလုံးသားသည် လည်ချောင်းဝအထိ ရောက်နေခဲ့ပြီ ဖြစ်သည်။

ကျဲ့ချင်းဟယ်သည် ကျဲ့ယွင်ဇီထက် များစွာ ပို၍ တည်ငြိမ်နေပြီး ကျိုးယွမ်အပေါ် သူ၏ ယုံကြည်မှုမှာလည်း အတော်လေး ကြီးမားလှပေသည်။

ကျိုးယွမ်သည် ပြဿနာမရှိကြောင်း မြင်သောအခါ သူနေထိုင်ရာသို့ ဦးတည်သွားလေ၏။

ကျိုးယွမ် ပြန်ရောက်ပြီး မကြာမီ ကျဲ့ယွင်ဇီသည် ကျိုးယွမ်၏ အနီးသို့ ရောက်လာပြီး တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေလေ၏။

"ဘာကိစ္စရှိလို့လဲ... ပြောစရာရှိရင် ပြောပါ..."

ကျိုးယွမ်သည် ကျဲ့ယွင်ဇီကို တစ်ချက် ကြည့်လိုက်ပြီး တစ်ဖက်လူ ဘာပြောမည်ကို ခန့်မှန်းမိသော်လည်း မေးမြန်းလိုက်လေ၏။

"သခင်လေး... ဒီနေ့ လုပ်ရပ်က နည်းနည်းလေး စိတ်လိုက်မာန်ပါများ ဖြစ်သွားသလား... "

ကျဲ့ယွင်ဇီ၏ စကားများမှာ အတော်လေး သိမ်မွေ့နေလေပြီ။ မည်သို့ပင်ဆိုစေ သူသည် ကျိုးယွမ်၏ စရိုက်ကို သိပ်မသိသေးချေ။

ကျိုးယွမ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"စိတ်လိုက်မာပါ ဖြစ်တာ မဟုတ်ဘူး... ဒီတတိယသခင်လေးက ကောင်းမိသားစုမှာ ပွင့်လင်းမြင်သာတဲ့ သူတစ်ယောက်လို ဖြစ်နေတာ..."

" ဒီနေ့ ငါ အစည်းအဝေးခန်းမထဲ ဝင်သွားတာနဲ့ ငါ့ရဲ့ အစ်ကိုအကြီးဆုံးက ငါ့ကို နှင်ထုတ်ချင်နေတာ..."

"ငါသာ ပြန်မတုံ့ပြန်ရင် အနာဂတ်မှာ ကောင်းမိသားစုရဲ့ ဘယ်ကိစ္စကိုမှ ဝင်ပါလို့ ရတော့မှာ မဟုတ်ဘူး..."

"ပြီးတော့ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ရချင်ရင် ယုံကြည်လောက်တဲ့ စွမ်းအားကို ပြသရမယ်... တခြားသူတွေက မင်းကို အထင်သေးနေလို့ မရဘူး..."

"ငါတို့ရဲ့ အထောက်အထားက ထူးခြားတယ်... သတင်းအများကြီး ရချင်ရင် ရှေ့ထွက်ပြီး သူတို့နဲ့ ရောနှောနေမှ ရမယ်..."

"ဒါမှသာ ငါတို့ရဲ့ တာဝန်ကို ပြီးမြောက်နိုင်မှာ..."

ကျိုးယွမ်၏ ရှင်းပြချက်ကို ကြားသောအခါ ကျဲ့ယွင်ဇီသည် ခေါင်းညိတ်လိုက်ပြီးနောက် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်လေ၏။

"သခင်လေး... ဒီရက်ပိုင်းအတွင်း အန္တရာယ်ကင်းအောင်နေဖို့ သတိထားပါ..."

"ပထမသခင်လေး ကောင်းယန်ရဲ့ ဘေးမှာ အထူးသက်တော်စောင့် တစ်စု ရှိတယ်... သူတို့အားလုံးက အသက်စွန့်ရဲတဲ့သူတွေချည်းပဲ... ဒီတစ်ခေါက် ပထမသခင်လေးက အကြီးအကျယ် ရှုံးနိမ့်သွားတော့ ဒီလူစုကို သေချာပေါက် ခေါ်သုံးလိမ့်မယ်…”

"ဒါကြောင့် သခင်လေးအနေနဲ့ အချိန်တိုင်း သတိဝီရိယရှိဖို့ လိုအပ်ပါတယ်..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်လေ၏။

"လောင်ကျဲ့... အကယ်၍ တစ်ယောက်ယောက် ငါတို့ နေတဲ့နေရာကို ရောက်လာရင် တစ်ယောက်လာရင် တစ်ယောက်သတ်မယ်... တစ်ဖက်လူရဲ့ အထောက်အထား ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး..."

" ဒီလောကမှာ သေဖို့ တကယ် မကြောက်တဲ့သူဆိုတာ မရှိပါဘူး... လူတွေရဲ့ ခံနိုင်ရည်စွမ်းအားတွေက မတူကြလို့သာပါ..."

ကျိုးယွမ်၏ အမူအရာမှာ ခံစားချက်ကင်းမဲ့နေပြီး သူ၏ မျက်လုံးများတွင် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေ၏။

"ဟုတ်ကဲ့ပါ တတိယသခင်လေး... ဒီအဘိုးအို သေချာ ပြင်ဆင်ထားပါ့မယ်..."

ကျဲ့ယွင်ဇီသည် ကျိုးယွမ်ကို ခေါင်းညိတ်ပြပြီးနောက် ဘာမျှ ဆက်မပြောတော့ဘဲ ကျိုးယွမ်၏ အခန်းထဲမှ ထွက်ခွာသွားလေ၏။

ကျိုးယွမ်သည် ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားရင်း အပြစ်အနာအဆာ မရှိသင့်ဟု ခံစားလိုက်ရသဖြင့် သက်ပြင်းချလိုက်နိုင်လေ၏။

ဤကိစ္စသည် အစသာဖြစ်ပြီး လွယ်လွယ်နှင့် ပြီးဆုံးသွားမည် မဟုတ်ကြောင်း ကျိုးယွမ် ရှင်းလင်းစွာ သိထားပေသည်။

သို့သော် ကျိုးယွမ် လိုချင်သည်မှာ ဤအကျိုးသက်ရောက်မှုပင် ဖြစ်ပြီး ချက်ချင်း ပြီးဆုံးသွားရန် သူ မလိုလားချေ။

ကျိုးယွမ်၏ ခန့်မှန်းချက် မှန်ကန်ပါက ယနေ့ညတွင် တစ်ယောက်ယောက် လာရောက် လုပ်ကြံနိုင်ပေသည်။

"လာမယ့်သူက ကောင်းချုံးကျင်း လား... ဒါမှမဟုတ် ကောင်းဝူဖိန် လားဆိုတာတော့ မသိဘူး..."

ကျိုးယွမ်၏ နှုတ်ခမ်းထောင့်များမှ မိမိဘာသာ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာလေ၏။

ကျိုးယွမ်သည် ဝင်္ကပါများ ခင်းကျင်းရန် မတတ်ကျွမ်းသော်လည်း သူသည် အစစ်အမှန် အဆင့် ၄ အဆောင်သခင် တစ်ဦးဖြစ်ရာ လူများကို ထောင်ချောက်ဆင်ခြင်းမှာ သူ၏ အထူးကျွမ်းကျင်မှု တစ်ခုပင် ဖြစ်သည်။

ကျိုးယွမ်သည် သူနေထိုင်ရာ နေရာတွင် အဆင့် ၅ မိုးကြိုးပေါက်ကွဲခြင်း ဆေးလုံးတစ်လုံး၊ အဆင့် ၅ မိုးကြိုးမီးတောက် အဆောင်တစ်ခုနှင့် အဆင့် ၅ ဧရာမသစ်ပင် အဆောင်တစ်ခုတို့ကို ထုတ်ယူကာ စီစဉ်လိုက်လေ၏။

ကျိုးယွမ်သည် ဤပစ္စည်းသုံးခုကို သူ၏ အခန်းထောင့် သုံးထောင့်တွင် ထားရှိလိုက်ပြီး သူ၏ စိတ်ဆန္ဒတစ်ခုတည်းဖြင့် ပစ္စည်းသုံးခုစလုံးကို ချက်ချင်း အသက်သွင်းနိုင်ပေသည်။

ထို့နောက် ကျိုးယွမ်သည် ကျဲ့ယွင်ဇီနှင့် ကျဲ့ချင်းဟယ်တို့ကို သူနှင့် ဝေးရာတွင် နေစေလိုက်လေ၏။

ပထမအချက်မှာ လူသတ်သမားကို အခွင့်အရေး ပေးရန် ဖြစ်သည်။

ဒုတိယအချက်မှာ အပြစ်ကင်းသူများကို မထိခိုက်စေရန် ဖြစ်သည်။

သို့သော် အကယ်၍ အရာသုံးခုစလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပါက အဖျက်စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာပေသည်။

နတ်ဘုရားအသွင်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိသော ကောင်းချုံးကျင်းပင်လျှင် အနောက်မြောက်ဘက်သို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။

(သေဆုံးသွားမည်ဟု ဆိုလိုသည်)။

နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ရှိ မည်သူကမျှ အရာသုံးခုပေါင်းစပ်ထားသော ကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ညနေပိုင်းတွင် ကျိုးယွမ်သည် ကျဲ့ယွင်ဇီနှင့် ကျဲ့ချင်းဟယ်တို့ကို ခေါ်ဆောင်ကာ သူနေထိုင်ရာ နေရာမှ တိတ်တဆိတ် ထွက်ခွာပြီး ပဉ္စမအကြီးအကဲ ကောင်းတာဟိုင် နေထိုင်ရာ နေရာသို့ သွားရောက်ခဲ့လေသည်။

ကျိုးယွမ် ဤသို့ လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ မိမိအတွက် ခိုင်လုံသော သက်သေ တစ်ခု ဖန်တီးရန် ဖြစ်ပေသည်။

အခန်း (၂၁၄) အံ့ဩစရာကောင်းသော အတိတ်ဇာတ်ကြောင်းနှင့် ကောင်းချုံးကျင်း၏ ဝိညာဉ် ပျောက်ကွယ်သွားခြင်း

"တတိယသခင်လေး... ဘယ်လိုလေတိုက်လို့ ကျွန်တော့်ဆီ ရောက်လာတာလဲ..."

ကောင်းတာဟိုင်သည် ကျိုးယွမ်ကို ကြည့်ကာ သံသယဖြစ်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်လေ၏။

ကောင်းတာဟိုင်က သဘာဝကျကျပင် ထူးဆန်းနေသည်ဟု ခံစားရလေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမိသားစုရှိ ဤတတိယသခင်လေးသည် မည်သူနှင့်မျှ မဆက်ဆံတတ်သော ထူးဆန်းသည့် စရိုက်ရှိသူ ဖြစ်သောကြောင့်ပင်။

ယခင်က တစ်ဖက်လူသည် သူ့ကို မြင်လျှင်ပင် မမြင်ဟန်ဆောင်သွားတတ်ရာ ယခုလို လာရောက်လည်ပတ်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

ကျိုးယွမ်က အနည်းငယ် ပြုံးကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ပဉ္စမအကြီးအကဲ... ခင်ဗျား ဘယ်လိုတွေ ပြောနေတာလဲ..."

"ခင်ဗျားက ကျွန်တော်တို့ ကောင်းမိသားစုရဲ့ အကြီးအကဲတစ်ယောက်ပါ... ကျွန်တော့်ရဲ့ လူကြီးလည်း ဖြစ်ပါတယ်... လူကြီးဆီ လာလည်တာက ကျွန်တော့်ရဲ့ တာဝန်ပဲ မဟုတ်ဘူးလား..."

ကောင်းတာဟိုင်သည် ဤစကားကို ကြားသောအခါ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှ တွေးလိုက်လေ၏။

‘မင်းက ကောင်းမိသားစုမှာ ဘယ်သူ့ကိုမှ လူကြီးလို့ သဘောထားဖူးတာ မဟုတ်ဘဲနဲ့…’

သို့သော် ကောင်းတာဟိုင်သည် သဘာဝကျကျပင် ထိုသို့ မပြောဘဲ ပြုံးလျက် ပြောဆိုလိုက်လေ၏။

"တတိယသခင်လေး အပြင်ထွက်သွားပြီးနောက်ပိုင်း အများကြီး ပြောင်းလဲသွားတယ်... အတွေ့အကြုံက အသုံးအဝင်ဆုံးပဲဆိုတာ သေချာသွားပြီ..."

ကောင်းတာဟိုင်၏ စကားကို ကြားသောအခါ ကျိုးယွမ်က တည်ငြိမ်နေသော်လည်း ကျဲ့ယွင်ဇီ၏ မျက်နှာအရောင် အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ၏။

ကျိုးယွမ်က ကောင်းတာဟိုင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"လူတွေက အမြဲတမ်း ကြီးပြင်းလာရမှာပေါ့... ပြီးတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာတွေကလည်း ရင်ထဲမှာ အမြဲတမ်း အငြိုးတစ်ခု ဖြစ်နေခဲ့တာပဲလေ... အဲ့ဒါတွေကို တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖောက်ထုတ်ပစ်ရမှာပဲ..."

ကောင်းတာဟိုင်သည် ဤစကားကို ကြားသောအခါ သူ၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားရလေ၏။

ထို့နောက် ပထမသခင်လေး၏ ကြေကွဲဖွယ် အခြေအနေကို သတိရသွားမိလေသည်။

ပထမသခင်လေးက ၈၀ ရာခိုင်နှုန်းလောက် အသုံးမကျတော့ပေ။ သွေးကြောများ ပြတ်တောက်၊ ပျက်စီး၊ ကျုံ့ဝင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြေကွဲဖွယ် အခြေအနေပေါင်းစုံ ရှိနေပေသည်။

ရောဂါပျောက်ကင်းသွားလျှင်ပင် သူ၏ မူလကျင့်ကြံမှုကို ခဲယဉ်းစွာ ထိန်းသိမ်းထားနိုင်ရုံသာ ရှိမည်ဖြစ်ပြီး အဆင့်တက်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ကောင်းမိသားစု၏ အခြေအနေအရ မည်မျှပင် မြင့်မားသော ရာထူးရှိစေကာမူ အဆင့်မတက်နိုင်သူ တစ်ယောက်သည် မိသားစုခေါင်းဆောင် နေရာသို့ တက်လှမ်းရန် မဖြစ်နိုင်ချေ။

သာမန် ပြိုင်ပွဲတစ်ခုဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကောင်းတာဟိုင်နှင့် အခြားသူများ မထင်မှတ်ထားခဲ့ကြချေ။

မဟာအကြီးအကဲ ကောင်းကျန်းကျွန်းပင်လျှင် အတော်လေး ခေါင်းကိုက်နေပြီး မိသားစုခေါင်းဆောင်အား မည်သို့ ရှင်းပြရမည်ကို မစဉ်းစားတတ်သေးချေ။

ထို့ပြင် တစ်ဖက်လူက ကောင်းမိသားစု၏ ဝိညာဉ်တစ်သောင်း တံဆိပ်ကိုလည်း ယူဆောင်သွားခဲ့သေးသည်။

ကောင်းတာဟိုင်သည် ဤကိစ္စများကို ဆက်မစဉ်းစားချင်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံးအတွက် သူ့ကို အပြစ်တင်၍ မရနိုင်ချေ။

"တတိယသခင်လေး... ဒီနေ့ ကျွန်တော့်ဆီ လာတာ ဘာကိစ္စများ ရှိလို့လဲ..."

တစ်ဖက်လူက အကြောင်းမဲ့သက်သက် ရောက်လာမည်မဟုတ်ကြောင်း ကောင်းတာဟိုင် ရှင်းလင်းစွာ သိထားပေသည်။

ဤတတိယသခင်လေးနှင့် အများကြီး မပတ်သက်ချင်သေးချေ။ မည်သို့ပင်ဆိုစေ သူ၏ ရှေ့တွင် ဒုတိယသခင်လေး ရှိနေသေးသည်။

ကျိုးယွမ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ပဉ္စမအကြီးအကဲ... ဒီနေ့ ကျွန်တော် လာတာက ကိစ္စတစ်ခုကို အတည်ပြုဖို့ပါ... အဲ့ဒါက ကျွန်တော့်ရဲ့ ကောင်းမိသားစုမှာ ရှိတဲ့ အထောက်အထားပါပဲ..."

ကျိုးယွမ်သည် စကားပြောပြီးနောက် သူ၏ မျက်လုံးများက ကောင်းတာဟိုင်ကို စူးစိုက်ကြည့်နေလေ၏။

ကောင်းတာဟိုင်သည် ဤစကားကို ကြားသောအခါ အနည်းငယ် တုန်လှုပ်သွားရလေ၏။

ဤသည်မှာ ကောင်းမိသားစုတွင် မည်သူကမျှ မပြောဆိုချင်သော ကိစ္စတစ်ခု ဖြစ်ပေသည်။

"ဟားဟား... တတိယသခင်လေးက ကျွန်တော့်ကို လာနောက်နေတာလား... သခင်လေးရဲ့ အထောက်အထားက ကျွန်တော်တို့ ကောင်းမိသားစုခေါင်းဆောင်ရဲ့ တတိယသား... ကောင်းမိသားစုရဲ့ တတိယသခင်လေးပဲလေ..."

ကျိုးယွမ်သည် ကောင်းတာဟိုင်၏ မျက်လုံးထဲမှ ထိတ်လန့်သည့် အရိပ်အယောင်ကို မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားရလေ၏။

ဤကောင်းဖေး၏ အထောက်အထားတွင် တကယ်တမ်း ပြဿနာရှိနေကြောင်း သူ သေချာသွားလေပြီ။

ကောင်းဖေး၏ အချက်အလက်များကို ရရှိသည့် အခိုက်အတန့်တွင် ကျိုးယွမ် တစ်ခုခုကို သံသယဝင်ခဲ့မိလေသည်။

ကောင်းဖေးသည် ကောင်းမိသားစု၏ တတိယသခင်လေး ဖြစ်သော်လည်း မည်သူနှင့်မျှ မဆက်ဆံတတ်သော၊ အထီးကျန်ဆန်သော စရိုက်ရှိသည်။

သာမန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော သူများသည် ကောင်းမိသားစုတွင် နေရာမရှိသော သူများဖြစ်ရာ ကောင်းယန်အနေဖြင့် သူ့အတွက် ခြိမ်းခြောက်မှု မရှိသော ဤညီလေးကို ဤမျှလောက် မုန်းတီးနေစရာ အကြောင်းမရှိချေ။

ထို့ပြင် ကောင်းဖေး၏ မှတ်ဉာဏ်များအရ သူ၏ဖခင် ကောင်းယွီရှန်းသည်လည်း ကောင်းဖေးအပေါ် အေးတိအေးစက် နိုင်ပြီး လျစ်လျူရှုထားသည်ဟုပင် ဆိုနိုင်ရာ အလွန် လက်ခံရခက်သော ကိစ္စဖြစ်သည်။

လူတိုင်း၏ လုပ်ရပ်များမှာ သာမန်ယုတ္တိနှင့် ဆန့်ကျင်နေသဖြင့် ယုတ္တိမတန်ချေ။

ကောင်းဖေး၏ အထောက်အထားတွင် သေချာပေါက် ပြဿနာရှိနေပေသည်။

"ပဉ္စမအကြီးအကဲ... ခင်ဗျားပြောတာကို ကျွန်တော် ယုံမယ်လို့ ထင်နေတာလား... အကယ်၍ ပဉ္စမအကြီးအကဲသာ ကျွန်တော့်ကို ပြောပြချင်ရင် ကျွန်တော် ကောင်းဖေးက ဒီကျေးဇူးကို မှတ်ထားပြီး အနာဂတ်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."

"သေချာတာကတော့ အကယ်၍ ပဉ္စမအကြီးအကဲက ကျွန်တော့်ရဲ့ ကျေးဇူးကို အရေးမပါဘူးလို့ ထင်ရင် ကျွန်တော် ချက်ချင်း ထပြန်ပါ့မယ်..."

"ကျွန်တော်က ဒီကိစ္စကို ထပ်မစုံစမ်းချင်တော့ပေမဲ့ အခု လူတချို့က ပိုပိုဆိုးလာတယ်... ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး..."

ကျိုးယွမ်၏ စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းတာဟိုင်သည် ချက်ချင်း တိတ်ဆိတ်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အနည်းငယ် ပြောင်းလဲသွားလေ၏။

ကျိုးယွမ်သည် ကောင်းတာဟိုင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ဘာမျှ မပြောခဲ့ချေ။

ကောင်းတာဟိုင်၏ ဆုံးဖြတ်ချက်ကို သူ စောင့်နေလေသည်။

ကောင်းတာဟိုင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခါးသက်သက် ပြုံးလိုက်ကာ ပြောဆိုလေ၏။

"တတိယသခင်လေး... ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့... ဒီကိစ္စကို မဟာအကြီးအကဲကို သွားမေးတာ ပိုကောင်းမယ် ထင်တယ်..."

ကျိုးယွမ် အနည်းငယ် ပြုံးကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"ပဉ္စမအကြီးအကဲ... ကျွန်တော် ဒီနှစ်တွေတစ်လျှောက်လုံး ဒီကိစ္စကို လျှို့ဝှက်စုံစမ်းနေခဲ့တာပါ... ခင်ဗျား မပြောလည်း ကျွန်တော် ခန့်မှန်းလို့ရပါတယ်..."

"ကျွန်တော် ပဉ္စမအကြီးအကဲကို ဒုတိယ မေးခွန်းတစ်ခု မေးမယ်... ကျွန်တော့်အမေ ဘယ်လို သေသွားတာလဲ..."

ကောင်းတာဟိုင်သည် ဤစကားကို ကြားသောအခါ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ မသေချာမရေရာ ဖြစ်သွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်ကာ ပြောဆိုလေ၏။

"တတိယသခင်လေး... မဟာအကြီးအကဲကို သွားမေးတာ ပိုကောင်းပါလိမ့်မယ်..."

ကျိုးယွမ်သည် ကောင်းတာဟိုင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် အဖြေရှိပြီး ဖြစ်လေ၏။

ဤကောင်းဖေးမှာ တကယ်ကို သနားစရာ ကောင်းလှပေသည်။ ကောင်းမိသားစုတွင် လျှို့ဝှက်ချက်များစွာ ရှိနေပုံရလေ၏။

"ဝုန်း..."

ဤနေရာတွင် တိတ်ဆိတ်နေစဉ် ကောင်းမိသားစု နေရာတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားလေ၏။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခုသည် စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ ကောင်းမိသားစု နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေ၏။

ကောင်းတာဟိုင်၏ မျက်နှာအရောင် ပြောင်းသွားပြီး အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ အပြင်သို့ ပျံထွက်သွားလေ၏။

ကျိုးယွမ်၊ ကျဲ့ယွင်ဇီ နှင့် ကျဲ့ချင်းဟယ် တို့သည်လည်း တစ်ပြိုင်နက်တည်း လိုက်ပါသွားကြလေသည်။

ကျိုးယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားလေ၏။ ‘သူ့ကို တကယ် လာသတ်တဲ့သူ ရှိတာပဲ... အခုတော့ ကြည့်စရာ ပြဇာတ်ကောင်း တစ်ပုဒ် ရှိနေပြီ။’

ဤအခိုက်အတန့်တွင် ကောင်းမိသားစု နေရာမှ လူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြပြီး မလှမ်းမကမ်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေ၏။

ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ မသိကြချေ။

သူတို့အားလုံးမှာ တင်းမာနေကြပြီး လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေလေ၏။ ရန်သူ့တိုက်ခိုက်မှု ပင်ဖြစ်သည်။

မဟာအကြီးအကဲ ကောင်းကျန်းကျွန်းသည် လေထဲသို့ ပျံတက်သွားပြီး သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေလေ၏။ သူသည် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့နေသော လှိုင်းလုံးများကို အရှိန်အဝါဖြင့် တားဆီးလိုက်လေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအတွင်းတွင် ကောင်းချုံးကျင်း၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ကျိုးပဲ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။

ထွက်ပေါ်လာသော အခြေတည်စိတ်ဝိညာဉ်သည်လည်း ခန္ဓာကိုယ်ထဲမှ ပျံထွက်လာသော်လည်း တစ်လက်မချင်းစီ ကျိုးပဲ့သွားပြီး ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားရန် သေချာသွားလေပြီ။

"ဘယ်သူလဲ... အကြီးအကဲကောင်း ကို သတ်ရဲတာ ဘယ်သူလဲ..."

"ငါ မသိဘူး... ခုနက စွမ်းအားက အရမ်း ပြင်းထန်လွန်းတယ်... ငါ ကျင့်ကြံနေတုန်း ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုကြောင့် လန့်နိုးသွားလို့ ချီဖောက်ပြန်လုနီးပါး ဖြစ်သွားတာ…”

ကောင်းမိသားစုဝင် အများအပြား ဆွေးနွေးနေကြသော်လည်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို လုံးဝ မသိကြချေ။

ကောင်းတာဟိုင်သည် ဝိညာဉ် တစ်လက်မချင်းစီ ကျိုးပဲ့နေသော ကောင်းချုံးကျင်းကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ကျိုးယွမ်ကို ကြည့်လိုက်ရာ အကြောင်းရင်းကို မသိသော်လည်း သူ၏ စိတ်နှလုံးထဲမှ အေးစက်မှုတစ်ခု ဖြစ်ပေါ်လာလေ၏။

ထိုနေရာသည် တတိယသခင်လေး ကောင်းဖေး နေထိုင်ရာ နေရာဖြစ်ကြောင်း ကောင်းတာဟိုင် တွေ့လိုက်ရလေ၏။

ဤအခိုက်အတန့်တွင် ကောင်းချုံးကျင်း၏ စူးရှသော အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ဝိညာဉ် အားလုံး ပျက်စီးသွားလေပြီ။

သူ သေဆုံးခါနီးအချိန်မှသာ သူ အထင်သေးခဲ့သော ဤတတိယသခင်လေး၏ အကွက်ချမှုကို ခံလိုက်ရကြောင်း သူ သိလိုက်ရလေ၏။

ကောင်းချုံးကျင်းသည် မသေဆုံးမီက နောင်တရခဲ့လေ၏။ သူ အထင်သေးခဲ့သော ဤလူကို အချိန်မီ မလှုပ်ရှားခဲ့မိပြီး သုတ်သင်မပစ်ခဲ့မိသည်ကို နောင်တရနေခဲ့သည်။

[ဒင်... ကံကြမ္မာတန်ဖိုး +၂၂၄၁၁၊ သက်တမ်း +၃၃၉၊ ကျင့်စဉ်အမှတ် +၃၃၂၂၃၆၂... တိုက်ခိုက်ရေးသိုင်း "မီးရှူးမီးပန်း မန္တန်" ကို ရရှိပါတယ်...]

ကျိုးယွမ်သည် စနစ်၏ အသံကို ကြားချိန်၌ သူ၏ အမူအရာမှာ ပိုမို အေးစက်လာလေ၏။

ကောင်းချုံးကျင်းအပေါ် အနည်းငယ်မျှ သနားစာနာမှု မရှိခဲ့ချေ။

ကျိုးယွမ်သည် ဆုလာဘ်များ ရှိမည်မဟုတ်ဟု ထင်ခဲ့သော်လည်း စနစ်၏ အသံကို ကြားလိုက်ရသဖြင့် မထင်မှတ်ထားသော အကျိုးအမြတ်တစ်ခုဟု မှတ်ယူနိုင်ပေသည်။

All Chapters