အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁) ဤဂိုဏ်းတွင် နင်းဖန်၏ ခွေး မဖြစ်ချင်သူ ဘယ်သူရှိမလဲ
နတ်ဘုရားစိတ်အာရုံ ဆေးလုံးများ ၏ အရေအတွက် ကန့်သတ်ချက်များကို ချိုးဖျက်ရန် ဒသမအဆင့် ဆေးလုံး ကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ ရူးမိုက်သော စိတ်ကူး တစ်ခု ဖြစ်သည်။ သို့သော် နင်းဖန်သည် ထိုအရာကို လုပ်ဆောင်ခဲ့ရုံသာမက အောင်လည်း အောင်မြင်ခဲ့၏။
ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေဘဲ ဆေးလုံး အလုံး တစ်ရာကို မျိုချခဲ့ပြီး သူ၏ နတ်ဘုရားစိတ်အာရုံ သည် မကြုံစဖူးသော အဆင့်သို့ပင် ထပ်မံ မြင့်တက်သွားခဲ့သည်။
ဤသည်မှာ ရူးသွပ်လွန်းလှပြီး အကြီးအကဲများ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် လီချန်မင် ရုတ်တရက် အော်ပြောလိုက်သည်။
"ကြည့်ပါဦး သူတော်စင်မိန်းမပျို လည်း အများကြီး စားနေတယ်..."
အားလုံး အာရုံစိုက်လိုက်ကြ၏။ အောက်ဘက်တွင် နယ်ပယ် ကို ချိုးဖျက်ကာ ဆေးလုံးများကို ဆုပ်ကိုင် မျိုချနေသည့် ကျန်းထန် သူတို့ မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းသည် ယခင်က နင်းဖန် ဆေးလုံးများကို စားသုံးခဲ့စဉ်က မြင်ကွင်းနှင့် အတိအကျ တူညီနေခဲ့၏။ ရှောင်ချာ သည် သူ၏ ပေါင်ကို ရိုက်လိုက်သည်။
"မှန်တယ် …. သူတော်စင်မိန်းမပျို လည်း အဲဒီ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို စားခဲ့တာပဲ..."
ရွှီယိုဝေ စိုက်ကြည့်လိုက်သည်။
"မင်းက ဘာလို့ ငါ့ပေါင်ကို လာရိုက်နေတာလဲ..."
ရှောင်ချာ က ပြောလိုက်သည်။
"အဲဒါ အရေးမကြီးပါဘူး အခု သူတော်စင်မိန်းမပျို က သူ့ မခန္ဓာကိုယ် ထဲမှာ ရှိနေတယ်၊ သူမရဲ့ နတ်ဘုရားစိတ်အာရုံ က နဂါး မျိုးနွယ်စု နတ်ဘုရားစွမ်းရည် တွေရဲ့ သက်ရောက်မှုကို မခံရဘူး၊ ပြီးတော့ သူမရဲ့ အခြေခံအုတ်မြစ် က နက်ရှိုင်းနေပြီးသားပဲ... ဒီတစ်ကြိမ် ဖုန်မှုန့်သန့်စင် ဆေးလုံး နဲ့ဆို ကျင့်ကြံ ခြင်း စွမ်းအားကို ပို အားကောင်းလာစေလိမ့်မယ်..."
သူတော်စင်မိန်းမပျို သည် နဂါးသတ်ကမ်းပါးတွင် တံခါးပိတ်မကျင့်ကြံမီကပင် စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီး သူမ၏ နတ်ဘုရားစိတ်အာရုံမှာ မိုင်နှစ်သောင်းအထိ ရှိသည်။ နဂါးမျိုးနွယ်စုစွမ်းရည်ကြောင့် သူမ၏ခန္ဓာကိုယ်နှင့် စွမ်းအင်များ ၁၈ နှစ်အရွယ်သို့ ပြန်ရောက်သွားသော်လည်း ဝိညာဉ်နှင့် စိတ်အာရုံမှာမူ ပြောင်းလဲမသွားပေ။
ထို့ကြောင့် သူမ၏ နတ်ဘုရားစိတ်အာရုံသည် မိုင်နှစ်သောင်းမှ စတင်ခဲ့ပြီး ' ဖုန်မှုန့်သန့်စင်ဆေးလုံး' ကို သောက်သုံးလိုက်သောအခါ အကျိုးသက်ရောက်မှု အလွန်ကြီးမားသွားသည်။
ကျန်းထန်သည် တင်ပျဉ်ခွေထိုင်ကာ ဆေးစွမ်းများကို အာရုံစိုက် သန့်စင်ခဲ့သည်။ သူမ၏အမြန်နှုန်းက နင်းဖန်ကို မမီသော်လည်း သူမအသုံးပြုသော ထိပ်တန်းကျင့်စဉ်ကြောင့် ၁၅ မိနစ်အတွင်း အဆင့် (၈) ကောင်းကင်ဘုံဆေးလုံး (၂၉) လုံးစလုံးကို သန့်စင်နိုင်ခဲ့သည်။ ထို့နောက် သူမ၏ နတ်ဘုရားစိတ်အာရုံသည် အလျင်အမြန် တိုးတက်လာကာ နောက်ဆုံးတွင် ၈၂,၃၀၀ ၌ ရပ်တန့်သွားခဲ့သည်။
"အဲဒါက တကယ်ကို ရှစ်သောင်း ကျော်ပဲ..."
"သူတော်စင်မိန်းမပျို ဒီ ဆေးလုံး ကို စားတာက အကျိုးသက်ရောက်မှု တကယ် ရှိတာပဲ..."
"နင်းဖန်က ချင်းဟန် ကို ဒီလို အခွင့်အရေး မျိုး ပေးတာ… တကယ်ကို ရက်ရောတာပဲ..."
"ဒါနဲ့အတူ ငါတို့ ဂိုဏ်းက လုံးဝ ထွန်းကားလာပြီ... အမြင့်ဆုံး အဆင့် အခြေခံအုတ်မြစ် တွေနဲ့ ပါရမီရှင် နှစ်ယောက် ရှိရုံသာမကဘူး… သူတို့ရဲ့ နတ်ဘုရားစိတ်အာရုံ တွေက အရမ်း နက်ရှိုင်းတယ်။ တခြား အင်အားစုတွေက တာအို ကလေးတွေနဲ့ တိုက်ရိုက် မျိုးဆက်တွေကို ချေမှုန်းပစ်နိုင်တယ်..."
"ငါတို့ ဂိုဏ်းက နင်းဖန်ကို ရလိုက်တာဟာ အကြီးကျယ်ဆုံး ကံကောင်းခြင်းပဲ..."
"အများကြီး ရှေ့ရောက်နေပြီ အများကြီး ရှေ့ရောက်နေပြီ..."
ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များသည် ကျန်းထန် ၏ နတ်ဘုရားစိတ်အာရုံ အဆင့်ကို မြင်တွေ့ပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားလာကြ၏။ အချို့မှာ ပျော်ရွှင်စွာဖြင့် ကခုန်နေကြသည်။ နတ်ဘုရားစိတ်အာရုံ မိုင် ၈၀၀၀၀ မှာ တကယ်ကို နက်ရှိုင်းလွန်းလှပေသည်။
ထိုအရာမှာ လှည့်စားနေသကဲ့သို့ပင်။ စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် ၏ ကနဦး အဆင့် သို့ ချိုးဖျက်ဝင်ရောက်ပြီးပြီးချင်း နတ်ဘုရားစိတ်အာရုံ မိုင်တစ်ထောင် ရှိသော နင်းဖန်ကဲ့သို့ ပါရမီရှင် တစ်ဦးပင်လျှင် ဆေးလုံး အလုံး တစ်ရာ စားသုံးပြီးနောက်မှသာ မိုင် ၁၃၀၀၀၀ အထိသာ ချဲ့ထွင်နိုင်ခဲ့သည်။
ကျန်းထန်သည် ဆေး (၂၉) လုံးတည်းဖြင့် နတ်ဘုရားစိတ်အာရုံ ၈၀,၀၀၀ သို့ ရောက်ရှိသွားသည်။ ဂိုဏ်းတွင် ဆေးဖက်ဝင်အပင်များသာ လုံလောက်စွာရှိ၍ ဆေးများများ ဖော်စပ်နိုင်ပါက နင်းဖန်နှင့် ကျန်းထန်တို့သည် ဤနယ်ပယ်တွင် ပြိုင်ဘက်ကင်းဖြစ်သွားမည်ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် အကြီးအကဲများ စိတ်လှုပ်ရှားနေကြပြီး အခြားတပည့်များမှာမူ မနာလိုဖြစ်နေကြသည်။
ယခုအခါ နင်းဖန်၏ နတ်ဘုရားစိတ်အာရုံမှာ ၁၃၀,၀၀၀ ရှိပြီး ကျန်းထန်မှာ ၈၀,၀၀၀ ရှိရာ သူတို့နှစ်ဦးသည် ပါရမီရှင်များ၏ အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်သည်။ ၎င်းကိုကြည့်နေသော သူတော်စင်သည် နင်းဖန်ကို မယှဉ်ရဲတော့သော်လည်း သူတော်စင်မိန်းမပျိုကိုမူ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
သူတော်စင်မိန်းမပျိုသည် နင်းဖန်ကို အားကိုးကာ အကောင်းဆုံးအခြေခံအုတ်မြစ်များရရှိပြီး နတ်ဘုရားစိတ်အာရုံ လေးဆတိုးလာသည့်အတွက် သူတော်စင်က အလွန်ဒေါသထွက်နေသည်။ သူသာ အစကတည်းက နဂါးသတ်ကမ်းပါးတွင် ကျန်ခဲ့ပါက ဤအခွင့်အရေးများ၏ တစ်ဝက်ကို ရနိုင်မည်ဟုလည်း နောင်တရနေမိသည်။
သူလည်း သူမလိုပင် နင်းဖန်ကို ခြေဆုပ်လက်နယ်ပြုစုကာ အလုပ်အကျွေးပြုနိုင်သည်ဟု တွေးနေမိသော်လည်း လောကတွင် "အကယ်၍" ဆိုသည်မှာ မရှိပေ။ လက်တွေ့တွင် သူသည် လျှို့ဝှက်နယ်မြေထဲ ပိတ်မိနေပြီး သူတော်စင်မိန်းမပျို တစ်ဟုန်ထိုး တိုးတက်သွားသည်ကိုသာ ထိုင်ကြည့်နေရတော့သည်။
"သူတော်စင် က မနာလိုဖြစ်နေတာလား..."
ဇူယွင်ကျယ် ကို စောင့်ကြည့်ရသည်ကို နှစ်သက်သော အကြီးအကဲကျူးကော့ က မျက်လုံးများကို မှေးစင်းကာ တစ်ဖက်လူ၏ စိတ်အခြေအနေ အပြောင်းအလဲကို ခန့်မှန်းလိုက်၏။ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ကွေးတက်သွားသည်။
" ဒါက ပုံမှန်ပါပဲ... ဒီ ထိုက်ရီအကြွင်းအကျန်နယ်မြေ ထဲမှာ နင်းဖန်ရဲ့ ခွေးဖြစ်ချင်သူ မရှိဘဲ နေမှာလဲ..."
"ငါ အပြင်မှာ မရှိလို့သာပေါ့…. မဟုတ်ရင် ငါ့ရဲ့ လှေပျံ ကို ခုတ်ထစ်ပြီး ငါ့ကိုယ်ငါ နင်းဖန်ရဲ့ ပျံသန်းရေး ယာဉ် အဖြစ် ပြောင်းလဲပစ်ပြီးလောက်ပြီ..."
ဂုဏ်သိက္ခာရှိသော တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲတစ်ဦးသည် နင်းဖန်ကို မျက်နှာချိုသွေးရန် ထူးဆန်းသောအကြံတစ်ခု ရခဲ့သည်။ နင်းဖန်သည် နီဗားနားအဆင့်သို့မရောက်သေး၍ မပျံသန်းနိုင်ဘဲ လှေပျံကိုသာ အားကိုးနေရသဖြင့်၊ ထိုအကြီးအကဲက နင်းဖန်ခရီးသွားလျှင် သယ်ဆောင်ပေးရန် သူ့ကိုယ်သူ ပျံသန်းရေးအရာဝတ္ထုအဖြစ် ပြောင်းလဲပေးချင်နေခဲ့ခြင်းဖြစ်သည်။
ဤဆွေးနွေးမှုများနှင့် ဖြစ်ရပ်များအားလုံး အပြင်စည်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသောအခါ သောင်းနှင့်ချီသော အပြင်စည်းတပည့်များ မှင်တက်သွားကြသည်။
နင်းဖန်ဖော်စပ်သည့် အဆင့် (၁၀) နတ်ဘုရားဆေးလုံးက ကန့်သတ်ချက်များကို ချိုးဖျက်ပေးနိုင်ပြီး အဆင့် (၈) ကောင်းကင်ဘုံဆေးလုံးများကို အကန့်အသတ်မရှိ စားသုံးနိုင်သည်ဟူသော သတင်းကြောင့် ဖြစ်သည်။
နင်းဖန် ဆေးအလုံးတစ်ရာကို တစ်ပြိုင်နက်မျိုချခြင်းမှာ ရူးသွပ်ခြင်းမဟုတ်ဘဲ နတ်ဘုရားစိတ်အာရုံကို မိုင် ၁၃၀,၀၀၀ အထိ ရောက်အောင် မြှင့်တင်ပေးခဲ့သည့် သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း သိလိုက်ရသောအခါ၊ တပည့်များမှာ မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြတော့သည်။
"နင်းဖန်က တကယ်ကို အံ့သြစရာပဲ..."
"ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ အဆင့် ၁၀ နတ်ဘုရားအဆင့် ဆေးလုံး သုံး ပြီး နတ်ဘုရားစိတ်အာရုံ ကို စုဆောင်းဖို့ ဖုန်မှုန့်သန့်စင် ဆေးလုံး အများကြီးကို သုံးတယ်။ဒီလို တွေးခေါ်မှုမျိုးနဲ့ဆိုရင် ငါ နှစ်တစ်သောင်းလောက် စဉ်းစားရင်တောင် အဲဒါကို စဉ်းစားမိမှာ မဟုတ်ဘူး..."
"မိုင် ၁၃၀၀၀၀... တစ်ခုတည်းကတင် ငါ့ကို သေစေနိုင်ပြီး ..."
"စိတ်ဝိညာဉ်သွန်းလုပ်ခြင်း အဆင့် မှာ အဆင့်ငယ်တစ်ခု ချိူးဖျက်တိုင်း နတ်ဘုရားစိတ်အာရုံ က နှစ်ဆ တိုးလာမယ် မဟုတ်လား..."
"မှန်တယ်... နင်းဖန် အလယ်အလတ် အဆင့် ကို ချိုးဖျက်သွားတဲ့အခါ အဲဒါက မိုင် နှစ်သိန်း ခြောက်သောင်း ဖြစ်သွားလိမ့်မယ်..."
"ရှီး…… ဒီကလေးက တကယ်ကို ကြောက်စရာကောင်းတာပဲ..."
အတွင်းစည်းနှင့် အပြင်စည်းတပည့် များစွာသည် တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောဆိုနေကြပြီး သူတို့၏ စကားများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။ သူတို့သည် နင်းဖန်၏ ပုံရိပ်ကို ကြည့်ရင်း သူတို့၏ စိတ်များ ပွက်လောရိုက်နေခဲ့သည်။
စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်၏ ကနဦးအဆင့်မျှဖြင့် နတ်ဘုရားစိတ်အာရုံကို ဤမျှအထိ ကျင့်ကြံနိုင်လိမ့်မည်ဟု ဘယ်သူမှ စိတ်ကူးမယဉ်ရဲခဲ့ကြပေ။ ထို့ကြောင့် အားလုံးက နင်းဖန်ကို ခေတ်အဆက်ဆက်၏ နံပါတ်တစ် ပါရမီရှင်အစစ်အမှန် ဖြစ်သည်ဟုသာ တညီတညွတ်တည်း ချီးကျူးလိုက်ကြတော့သည်။
........
အခန်း (၁၅၂) ဘာ... နင်းဖန်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်တာလား…
ဆေးခန်းမ ၏ တာအို ကွင်းပြင် ပေါ်တွင်။
နင်းဖန်သည် ဆေးဖော်စပ်ခန်း ထဲမှ လျှောက်ထွက်လာပြီး ကျင့်ကြံခြင်း ပြီးဆုံးသွားသော ကျန်းထန် ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ဂျူနီယာညီမလေး ဟာ အူကြောင်ကြောင်နိုင်ပေမယ့် သူမရဲ့ ပါရမီ က တကယ်ကို ကောင်းတယ်..."
နင်းဖန်သည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
“ငါ့မှာသာ စနစ်အကူညီ မရှိရင် ဂျူနီယာညီမလေးကို ယှဉ်နိုင်မှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ ဂျူနီယာညီမလေးရဲ့ အခြေခံအုတ်မြစ်က ဘာလို့ ဒီလောက်တောင် ခိုင်မာနေရတာလဲ... ဆေးလုံး ၂၉ လုံးတည်းနဲ့ နတ်ဘုရားစိတ်အာရုံက မိုင် ၈၀,၀၀၀ တောင် ရောက်သွားတယ်ဆိုတာ ဟုတ်ကော ဟုတ်ရဲ့လား...”
ကျန်းထန်၏ အခြေခံအုတ်မြစ်သည် နင်းဖန်ထက် များစွာဆိုးရွားသော်လည်း၊ စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ် ကနဦးအဆင့်သို့ ရောက်ရှိချိန်တွင် သူမ၏ နတ်ဘုရားစိတ်အာရုံမှာ နင်းဖန်ထက် အဆနှစ်ဆယ်ပင် ပိုများနေခဲ့သည်။ သူမ ငယ်စဉ်က ဤနယ်ပယ်နှင့်ပတ်သက်ပြီး ကံကောင်းသော အခွင့်အရေးတစ်ခုခု ရခဲ့ဖူးသလားဟု နင်းဖန် တွေးတောမိသော်လည်း မမေးမြန်းခဲ့ပေ။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် လူတိုင်း၌ ကိုယ်ပိုင်လျှို့ဝှက်ချက်နှင့် အခွင့်အရေးများ ရှိကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ကျန်းထန်သည် သူ့ဘက်၌ ရှိနေပေးသည်ဆိုရုံဖြင့် နင်းဖန်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"စီနီယာအစ်ကို... ကျွန်မ ပိုသန်မာလာပြီ..."
ကျန်းထန်သည် မျက်လုံးများပွင့်လာပြီး နင်းဖန်ကို စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။ သူမသည် ကျင့်ကြံခြင်းဆိုင်ရာ မှတ်ဉာဏ်များစွာ ပြန်ရလာခဲ့သဖြင့် သူမရရှိထားသော အောင်မြင်မှုက မည်မျှကြောက်စရာကောင်းကြောင်း ကောင်းကောင်းသိသည်။ ကျင့်ကြံခြင်းလောကတွင် သူမသည် နင်းဖန်ပြီးလျှင် ဒုတိယမြောက် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။
စိတ်ဝိညာဉ်သွန်းလုပ်ခြင်းနယ်ပယ်သည် ရုပ်ခန္ဓာသန့်စင်ခြင်းနယ်ပယ်ကဲ့သို့ပင် အဆင့်မြင့်လေလေ ခက်ခဲလာလေလေဖြစ်သည်။ ကနဦးအဆင့်မှာပင် ဤမျှခိုင်မာသော အခြေခံကို ရရှိထားရာ နောက်ထပ်နှစ်ကြိမ် ထပ်မံချိုးဖျက်ပြီး နှောင်းပိုင်းအဆင့်သို့ ရောက်သွားပါက သူမ၏စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာတော့မည် ဖြစ်သည်။
"သန်မာလာတာ ကောင်းပါတယ်..."
နင်းဖန်သည် ကျန်းထန်၏ဦးခေါင်းမှဆံပင်များကို ဖွကာ အနည်းငယ်စနောက်ပြီးနောက် နှစ်ဦးလုံး စွမ်းအင်ပေါကြွယ်ဝလှသည့် သူတော်စင်မိန်းမပျိုနန်းတော်သို့ ပြန်လာခဲ့ကြသည်။ နင်းဖန် ဖော်စပ်ခဲ့သော အဆင့် (၁၀) နတ်ဘုရားဆေးလုံးများကြောင့် ဂိုဏ်းတစ်ခုလုံးသည် ကျင့်ကြံရန် အကောင်းဆုံးနေရာဖြစ်လာခဲ့သည်။
နင်းဖန်နှင့် ကျန်းထန်တို့သည် နန်းတော်ပထမထပ်၌ မျက်နှာချင်းဆိုင်ထိုင်ကာ ကျင့်ကြံကြလေသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအမြန်နှုန်းကြောင့် ဝိညာဉ်ချီများမှာ ရေဝဲတစ်ခုကဲ့သို့ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီး နယ်ပယ်များ အလျင်အမြန် တိုးတက်လာခဲ့သည်။
သုံးရက်အကြာတွင် နင်းဖန်သည် စတင်ချိုးဖျက်နိုင်ခဲ့ပြီး သူ၏ နတ်ဘုရားစိတ်အာရုံမှာ နှစ်ဆတိုးကာ မိုင် ၂၆၃,၀၀၀ သို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူ၏စိတ်အာရုံသည် ကျယ်ပြန့်သော သစ်တောကြီး၏အဆုံးသို့ မရောက်နိုင်သေးသဖြင့် နီဗားနားအဆင့်မတိုင်မီ သစ်တောကြီး၏အဆုံးနှင့် မြင့်မြတ်နယ်မြေကို မြင်တွေ့ချင်သည့် ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။
ဂိုဏ်းအတွင်း ကျင့်ကြံရသည်မှာ ဘေးကင်းသော်လည်း ပျင်းစရာကောင်းသဖြင့် ပြင်ပကမ္ဘာသို့လည်း ထွက်ကြည့်ချင်နေမိသည်။
ထိုသို့တွေးရင်း ရှေ့ရှိ ကျန်းထန်ကို ကြည့်လိုက်ရာ သူမ၏ခန္ဓာကိုယ်မှ နှင်းဆီရောင်အလင်းတန်းများ ဖြာထွက်နေပြီး အသက်ရှူသံတိုင်းတွင် နေနှင့်လ၏ အနှစ်သာရများကို ဖန်တီးနေသည်ကို တွေ့ရသည်။ ဤအနှစ်သာရများသည် ကောင်းကင်နှင့်မြေကြီး၏ ရှားပါးရတနာများဖြစ်ပြီး ကျန်းထန်သည် သူမ၏ခန္ဓာကိုယ်စွမ်းအားဖြင့် ထိုအရာများကို အချိန်မရွေး ဖန်တီးနိုင်စွမ်း ရှိနေခဲ့သည်။
"ဂျူနီယာညီမလေး... မင်း ဘာ ကျင့်ကြံခြင်းနည်းစနစ် ကို ကျင့်ကြံ နေတာလဲ..."
နင်းဖန်လည်း အလွန် ထူးဆန်းသည်ဟု ခံစားရကာ ကြည့်နေရင်း မေးလိုက်၏။ ဤသည်ကို ကြားသောအခါ ကျန်းထန် မျက်လုံးဖွင့်ပြီး ကြည်လင်ပြတ်သားသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ကျမ်းစာဆောင် ရဲ့ အဋ္ဌမထပ်က 'ကိုးကြိမ်လည်ပတ်ခြင်း အရုဏ်ဦး အလင်းတန်း အစစ်အမှန် ကျမ်းစာ' ပါ..."
အဋ္ဌမထပ်...
နင်းဖန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဂျူနီယာညီမလေး... ဘာလို့ နဝမထပ်က နည်းစနစ်တွေကို မကျင့်ကြံတာလဲ..."
ကျမ်းစာဆောင်ရှိ ကျင့်စဉ်နည်းစနစ်အားလုံးနီးပါးကို သူ မြင်ဖူးပြီးသားဖြစ်၏။ နဝမထပ်ရှိ ကျင့်စဉ်များက အဋ္ဌမထပ်ထက် ပိုမိုကောင်းမွန်ပြီး ဂိုဏ်း၏ စစ်မှန်သောအခြေခံအုတ်မြစ် ဖြစ်သည်မှာ ထင်ရှားလှသည်။ သို့သော် ကျန်းထန်သည် ဤစကားကို ကြားသောအခါ သူမ၏ ပါးပြင်များကို ဖောင်းကာ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
"စီနီယာအစ်ကို... ရှင် ကျွန်မကို ထပ် နောက်နေပြန်ပြီ... ကျွန်မရဲ့ ပါရမီ နဲ့ ဘယ်လိုလုပ် နဝမထပ်ကို တက်သွားနိုင်မှာလဲ..."
‘ ပါရမီ...’
နင်းဖန် မှင်တက်သွားပြီး မေးလိုက်သည်။
"ကျမ်းစာဆောင် ရဲ့ အထပ်တွေကို တက်ဖို့ ပါရမီ လိုအပ်လို့လား..."
"စီနီယာအစ်ကို မသိဘူးလား..."
ဤသည်ကို မြင်သောအခါ ကျန်းထန် လည်း အံ့ဩသွားခဲ့၏။
"ဂိုဏ်းရဲ့ ကျမ်းစာဆောင် မှာ အထပ် တစ်ခုစီအတွက် အလွန် တင်းကျပ်တဲ့ ပါရမီ လိုအပ်ချက်တွေ ရှိတယ်... အကယ်၍ တစ်ယောက်ရဲ့ ပါရမီ က မလုံလောက်ဘူးဆိုရင် လှေကားတွေကို တက်တာက ထိုက်တောင် ကြီး ဖိချခံရသလိုပဲ၊ လက်မတစ်စက်လေးတောင် လှုပ်လို့ မရဘူး..."
‘ ထိုက်တောင် ကြီး ဖိချခံရတာလား... လက်မတစ်စက်လေးတောင် လှုပ်လို့ မရဘူးလား... ‘
နင်းဖန်သည် စမ်းသပ်မှုလှေကားကို တက်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်တွေးတောမိသည်။ "အဆတစ်သောင်း မြှင့်တင်မှု" စွမ်းရည်ကြောင့် သူ၏ ပါရမီသည် အလွန်အမင်း မြင့်မားနေပြီး နဝမထပ်သို့ တက်လှမ်းရာတွင်ပင် မြေပြင်ပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ လွယ်ကူနေခဲ့သည်ကို သတိပြုမိသွားသည်။
ထို့နောက် အဋ္ဌမထပ်တွင် တွေ့ရှိခဲ့သော ‘ကိုးကြိမ်လည်ပတ်ခြင်း အရုဏ်ဦး ကျမ်းစာ’ သည် ဂျူနီယာညီမလေး ကျန်းထန်၏ ခန္ဓာကိုယ်နှင့် အတိအကျ လိုက်ဖက်မှုရှိသည့် အကောင်းဆုံးကျင့်စဉ်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
သို့သော်လည်း နင်းဖန်က ပြုံးလိုက်ကာ တွေးလိုက်သည်။
"ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဂျူနီယာညီမလေးက ဒီအဋ္ဌမထပ် အဆင့်လောက် ကျင့်စဉ်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
. "ဂျူနီယာညီမလေး... မင်းရဲ့ ကျင့်ကြံခြင်းနည်းစနစ် ကို အဆင့်မြှင့်ပေးဖို့ ငါ ကူညီပေးရမလား..."
"အာ... ကျွန်မရဲ့ ကျင့်ကြံခြင်းနည်းစနစ် ကို အဆင့်မြှင့်ပေးမယ်..."
နင်းဖန်၏ စကားကို ကြားသောအခါ ကျန်းထန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူမ၏ မှတ်ဉာဏ်များမှာ မပြည့်စုံသေည်လည်း 'မူလအစ ချီ အသွင်ပြောင်းခြင်း နှင့် အရိပ်ထင်ဟပ်ခြင်း အနုပညာ' ကို ကျင့်ကြံပြီးနောက် သူမသည် ကိုယ်ပွား နှစ်ခုအဖြစ်သို့ ကွဲထွက်သွားခဲ့သည်။
ထို 'အခြားသော ကိုယ်ပွား' က ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ ချန်ထားခဲ့ပြီး သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း မှတ်ဉာဏ်အားလုံးကို ချိတ်ပိတ်ထားခဲ့သည်။
ထို့ကြောင့် ကျန်းထန်သည် အခြားအရာများကို မမှတ်မိနိုင်သော်လည်း ကောင်းကင်ဘုံ အလယ်အလတ်အဆင့်ဖြစ်သော 'ကိုးကြိမ်လည်ပတ်ခြင်း အရုဏ်ဦး ကျမ်းစာ' သည် သူမအတွက် သီးသန့်ကျင့်စဉ်ဖြစ်ကြောင်းကိုမူ ကောင်းစွာ သိရှိနေသည်။ သူမ၏ အခြားသော ကိုယ်ပွားသည်ပင်လျှင် ဤကျင့်စဉ်ကိုသာ ကျင့်ကြံခြင်းဖြစ်သည်။
ယခု နင်းဖန်က ဤနည်းစနစ်ကို အဆင့်မြှင့်ပေးမည်ဟု ပြောနေသည်။ ထိုအရာမှာ အလွန် ဖြစ်နိုင်ခြေ မရှိ ပေ။
"စီနီယာအစ်ကို... အဲဒါက အရမ်း ခက်ခဲနေမလား... တကယ်တော့ ကျွန်မ ဒါကို ကျင့်ကြံ ရတာ အဆင်ပြေပါတယ်..."
ကျန်းထန် သည် နင်းဖန်အတွက် အခက်အခဲဖြစ်မည်ကို စိုးရိမ်ကာ အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။ ဤသည်ကို ကြားသောအခါ နင်းဖန် ရယ်ရုံသာ ရယ်လိုက်သည်။
"မခက်ပါဘူး၊ ငါ့ကို တစ်နာရီလောက် စောင့်နေ..."
သူ ကျင့်ကြံထားသော 'အကန့်အသတ်မဲ့ တာအို စိတ်ပင်လယ်' တွင် တာအိုပညာရပ် သောင်းချီနှင့် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်သည့်အပြင်၊ ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ် သုံးဆယ့်ခုနစ်ခုကိုပင် ပေါင်းစပ်ထားသည်။ ထို့ကြောင့် ယခုလိုအချိန်တွင် ထိုကျင့်စဉ်ကို ပြန်လည်ဖန်တီးရန်မှာ သူ့အတွက် အခက်အခဲ တစ်စုံတစ်ရာ ရှိမနေခဲ့ပေ။
နင်းဖန်သည် ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ချိတ်ဆက်ကာ ဝိညာဉ်စွမ်းအားများဖြင့် ထွင်းထုလိုက်သည်။ သူ၏ အဆတစ်သောင်း မြှင့်တင်ထားသော နားလည်နိုင်စွမ်းကြောင့် ဉာဏ်ကွန့်မြူးမှုများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။ သူသည် အကောင်းဆုံး အနှစ်သာရများကိုသာ ထုတ်ယူကာ ပြိုင်ဘက်ကင်း နတ်ဘုရားနည်းစနစ်တစ်ခုကို ကိုယ်တိုင် ကြီးကျယ်ခမ်းနားစွာ ဖန်တီးရေးဆွဲလိုက်သည်။
တစ်နာရီပင် မပြည့်မီမှာပင် အဆုံးမရှိသော နှင်းဆီရောင် အလင်းတန်းများနှင့် တာအိုစည်းချက်များ သူ့ထံသို့ စတင်စုစည်းလာခဲ့သည်။ ဝိညာဉ်ချီများသည် ထိုကျောက်စိမ်းစာလိပ်ကို ဗဟိုပြု၍ ရေဝဲတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကျန်းထန်၏ ခန္ဓာကိုယ်မှလည်း ထိုကျောက်စိမ်းစာလိပ်ကို အလွန်အမင်း တောင့်တနေသကဲ့သို့ အလင်းတန်းများမှာ ထိန်းချုပ်၍မရအောင် ဖြာထွက်လာခဲ့တော့သည်။