← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇) လူတစ်ယောက်က ရုပ်သေးရုပ် အခု တစ်ရာကို ထိန်းချုပ်ပြီး "ကောင်းကင် လက်မှုပညာ အမိန့်တော်" ကို ရရှိခြင်း

ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ (၁၂) ဆက်မြောက် တောင်ထိပ်အရှင်သခင်သည် ရုပ်သေးဆရာများအားလုံးအတွက် အမြင့်ဆုံးစံပြပုဂ္ဂိုလ်ဖြစ်သည်။ လူသိနည်းသော ဤလမ်းကြောင်းကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်ရန်မှာ မလွယ်ကူလှသဖြင့် သူ၏အောင်မြင်မှုများက ရုပ်သေးဆရာအဆက်ဆက်ကို လှုံ့ဆော်ပေးခဲ့သည်။

လက်ရှိတောင်ထိပ်အရှင်သခင် ချီလေ့ကွမ်သည်လည်း ထိုပုဂ္ဂိုလ်၏ ပရိသတ်တစ်ဦးဖြစ်သည်။ သူသည် ရှေးဟောင်းအတ္ထုပ္ပတ္တိများနှင့် လက်စွဲစာအုပ်များကို လေ့လာခွင့်ရထားသူဖြစ်သဖြင့် ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်၏ ကြီးထွားလာပုံနှင့် လျှို့ဝှက်ချက်များကို ကောင်းစွာသိရှိထားသည်။ ထို့ကြောင့်ပင် နင်းဖန်၏လုပ်ရပ်ကိုမြင်သောအခါ သူ အလွန်အမင်းတုန်လှုပ်သွားရခြင်းဖြစ်သည်။

ဒဏ္ဍာရီလာ (၁၂) ဆက်မြောက် အရှင်သခင်ပင်လျှင် ရုပ်သေးရုပ်နည်းစနစ်ကို စတင်ထိတွေ့စဉ်က အခု (၃၀) ကိုသာ ထိန်းချုပ်နိုင်ခဲ့သော်လည်း နင်းဖန်ကမူ အခု (၅၀) ဖြင့် စတင်လိုက်သည်။ ဤသည်မှာ ခန့်မှန်း၍မရနိုင်သော နားလည်နိုင်စွမ်းမျိုးဖြစ်သည်။ မိမိ၏စံပြပုဂ္ဂိုလ်မှာ နင်းဖန်ထက် နိမ့်ကျနေသည်ကို ချီလေ့ကွမ် လက်မခံနိုင်ဖြစ်နေသည်။

ယခင်က နင်းဖန်သည် ဆေးဖော်စပ်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့တွင် ထူးချွန်ခဲ့စဉ်က ချီလေ့ကွမ် တုန်လှုပ်ခဲ့သော်လည်း ရုပ်သေးနည်းစနစ်တွင်မူ နင်းဖန်ကို အထင်မကြီးခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရုပ်သေးနည်းစနစ်မှာ လူသိနည်းသော လမ်းကြောင်းတစ်ခုသာ ဖြစ်သောကြောင့်ဖြစ်သည်။ (၁၂) ဆက်မြောက် အရှင်သခင်သည်သာ ခေတ်အဆက်ဆက် အားအကောင်းဆုံးဖြစ်သည်ဟု သူ အမြဲယုံကြည်ခဲ့သည်။

သို့သော် ယခု နင်းဖန်သည် သူ၏နတ်ဘုရားစိတ်အာရုံကို လေ့ကျင့်ရန်လာရင်းမှပင် (၁၂) ဆက်မြောက် အရှင်သခင်ထက် သာလွန်သော ပါရမီကို ပြသလိုက်သည်။ ဤသည်က ချီလေ့ကွမ် အမြဲစွဲကိုင်ထားသော ယုံကြည်ချက်ကို ပြိုလဲသွားစေသည်။ သူသည် ငေးကြောင်ကြောင်ဖြင့် ထိုင်နေရင်း နင်းဖန်က ရုပ်သေးအရေအတွက်ကို ဆက်လက်တိုးမြှင့်နေသည်ကို ကြည့်ကာ အမူအရာများ ထုံထိုင်းနေတော့သည်။

ဇူယွင်ကျယ်က ရေရွတ်လိုက်သည်။

"နောက်ထပ် တစ်ယောက် စိတ်ဓာတ်ကျသွားပြန်ပြီး “

ဇူယွင်ကျယ် သည် ဤမြင်ကွင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။ အခြား အကြီးအကဲများမှာ ဘာပြောရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ရုပ်သေး တာအို တွင် ကျွမ်းကျင်သူများ မဟုတ်သဖြင့် ချီလေ့ကွမ်၏ စိတ်ခံစားမှု အပြောင်းအလဲကို သူတို့ နားမလည်နိုင်ခဲ့ချေ။

ထိုအစား လီချန်မင် ကသာ ချီလေ့ကွမ်၏ စကားများကို နားထောင်ပြီးနောက် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ငါတို့ ဂိုဏ်းရဲ့ ဝိညာဉ်ဖိနှိပ်ခြင်း တောင်ထိပ် ရဲ့ ၁၂မြောက် တောင်ထိပ် အရှင်သခင် အကြောင်းကို ငါလည်း ကြားဖူးပါတယ်... ဂိုဏ်းရဲ့ ကောင်းကင်အလယ်အလတ်အဆင့် လူသဏ္ဌာန် စစ်ပွဲ ရုပ်သေးရုပ် ခုနစ်ခုစလုံးကို သူ ဖန်တီးခဲ့တာလို့ ဆိုကြတယ်"

ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် အခြေခံအုတ်မြစ် နက်ရှိုင်းပြီး တာအိုအမျိုးမျိုးကို ကျွမ်းကျင်ကြသည်။ ထိုအထဲတွင် ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ အမွေအနှစ်ကြောင့် ဂိုဏ်းကို စောင့်ရှောက်သည့် ထိပ်တန်းအဆင့် ရုပ်သေးရုပ်များလည်း ရှိနေသည်။

၎င်းတို့မှာ "အသူရာနတ်ဘုရားရုပ်သေးရုပ်" ဟု လူသိများသည့် ကောင်းကင်အလယ်အလတ်အဆင့် လူသဏ္ဌာန်ရုပ်သေးရုပ် (၇) ခု ဖြစ်သည်။ ရုပ်သေးတစ်ခုချင်းစီ၏ ခန္ဓာကိုယ်အတွင်း အားကောင်းသော ဝင်္ကပါများ ရေးထိုးထားသဖြင့် တာအိုတည်ထောင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိကြသည်။

နှစ်များတစ်လျှောက် အသူရာနတ်ဘုရားရုပ်သေးရုပ်များသည် ဂိုဏ်း၏ အဓိကတိုက်ပွဲတိုင်းတွင် ပါဝင်ကူညီခဲ့သည်။ ယခုအခါ ရုပ်သေးရုပ် (၄) ခုသာ ကောင်းမွန်စွာ ကျန်ရှိတော့ပြီး ကျန် (၃) ခုမှာမူ စစ်ပွဲများအတွင်း အဓိကအစိတ်အပိုင်းများ ပျက်စီးသွားသဖြင့် အနား ပေးထားရသည်။ ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ အဆက်ဆက်သော အရှင်သခင်များက ပြုပြင်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ထိုရုပ်သေးရုပ်များ၏ ဖန်တီးရှင်မှာ ပါရမီထူးချွန်လွန်းသည့် (၁၂) ဆက်မြောက် တောင်ထိပ်အရှင်သခင် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူ၏ ရုပ်သေးရုပ်တာအို ကျွမ်းကျင်မှုမှာ အလွန်မြင့်မားလှသဖြင့် အတွင်းပိုင်းယန္တရားများနှင့် ဝင်္ကပါပုံကြမ်းများမှာ နောက်ပိုင်းတောင်ထိပ်အရှင်သခင်များ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးလွန်းလှသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ထိုပျက်စီးနေသည့် ရုပ်သေးရုပ် (၃) ခုမှာ ပြုပြင်နိုင်ခြင်း မရှိပေ။ မြေကြီးပေါ်တွင် ထိုင်နေသော ချီလေ့ကွမ်သည် လီချန်မင်၏ စကားကို ကြားသောအခါမှ သတိပြန်ဝင်လာပြီး သက်ပြင်းရှည်ကြီးချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလီ... ခင်ဗျား မသိတဲ့အရာ တစ်ခု ရှိသေးတယ်"

"တကယ်တော့ အဲဒီတုန်းက ၁၂ဆက် တောင်ထိပ် အရှင်သခင် ဟာ ကောင်းကင်အဆင့် ရုပ်သေးရုပ် စုစုပေါင်း ရှစ်ခု ကို ဖန်တီးခဲ့တာ"

"အဲဒီ အသူရာ နတ်ဘုရား ရုပ်သေးရုပ် ခုနစ်ခုအပြင် ကောင်းကင်အဆင့်မြင့် ပြိုင်ဘက်ကင်း ရုပ်သေးရုပ်ကြီး တစ်ခုလည်း ရှိသေးတယ်"

"အဲ့ဒီ ရုပ်သေးရုပ် က အလွန် အားကောင်းတယ်၊ အကယ်၍ အပြည့်အဝ အသက်သွင်းလိုက်ရင် မဟာ ကောင်းကင်အရှင်သခင် တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ပေါက်ကွဲထွက်လာနိုင်တယ်"

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဖျက်ဆီးရေး လက်နက်မျိုး ဂိုဏ်းအတွင်း၌ အမှန်တကယ် ပုန်းကွယ်နေကြောင်းကို အဓိက အကြီးအကဲများစွာ မသိခဲ့ကြသောကြောင့်ပင်။ လီချန်မင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ မျက်လုံးများတွင် အံ့သြမှုနှင့် သံသယများ ဖုံးကွယ်ထားကာ မေးလိုက်သည်။

"ငါတို့ လက်ထဲမှာ ဒီလို နတ်ဘုရား အရာမျိုး တကယ် ရှိနေတာလား... ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ"

အခြားသူများသည်လည်း သိချင်စိတ်များ ပြည့်နှက်နေကြ၏။ သို့သော် ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ် ဖေ့ချင်းယွီ က စကားဖြတ်လိုက်ပြောသည်။

"အဲဒါက နှစ်ပေါင်းများစွာ ကြာတဲ့အထိအဲ့ ဒီ ရုပ်သေးရုပ် ကို တစ်ခါမှ ရှာမတွေ့ခဲ့လို့ပဲ... ၁၂ဆက် တောင်ထိပ် အရှင်သခင် အဲဒါကို ဘယ်မှာ ဖုံးကွယ်ထားလဲဆိုတာ ဘယ်သူမှ မသိကြဘူး"

ဤစကားကို ကြားသောအခါ ချီလေ့ကွမ် ခေါင်းညိတ်လိုက်သည်။ ထိုကောင်းကင်အဆင့်မြင့် ရုပ်သေးကို (၁၂) ဆက်မြောက် တောင်ထိပ်အရှင်သခင်၏ နောက်ဆုံးနှစ်များတွင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူ၏တစ်သက်တာ စွမ်းအားများကို စုစည်းထားခြင်းဖြစ်သည်။ ၎င်းသည် သူ၏ဘဝတွင် အကောင်းဆုံးဖန်တီးမှုဖြစ်ကြောင်း အတ္ထုပ္ပတ္တိတွင် အတိအလင်း ဖော်ပြထားခဲ့သည်။

သို့သော် ကံမကောင်းသည်မှာ ထိုရုပ်သေးရုပ်၏ ပုံပန်းသဏ္ဌာန်နှင့် ထားရှိသည့်နေရာကိုမူ အသေးစိတ် ရေးသားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် နှစ်သန်းပေါင်းများစွာအတွင်း ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်၏ အဆက်ဆက်သော အရှင်သခင်များက ထိုရုပ်သေးရုပ်ကို ရှာဖွေခဲ့ကြသော်လည်း မည်သူမျှ မတွေ့ရှိခဲ့ကြပေ။

"မြန်မြန် ကြည့်... နင်းဖန်က ရုပ်သေးရုပ် အခု တစ်ရာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နေပြီ"

အကြီးအကဲများသည် ဤရှေးဟောင်းလျှို့ဝှက်ချက်အကြောင်းကို ပြောဆိုနေစဉ် တပည့်များ၏ အံ့သြတကြီး အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ အခြားအရာတစ်ခုကို ပြောရန်ပြင်နေသော ချီလေ့ကွမ်သည် ထိုအသံကြောင့် မှင်တက်သွားပြီး အောက်ဘက်သို့ အလျင်အမြန် ကြည့်လိုက်သည်။

နင်းဖန်သည် ထိန်းချုပ်ထားသော ရုပ်သေးရုပ်အရေအတွက်ကို တစ်ရာအထိ တိုးမြှင့်လိုက်ပြီဖြစ်သည်။ ဤရုပ်သေးရုပ်တစ်ရာစလုံးမှာ လူသဏ္ဌာန်များဖြစ်ကြပြီး အသစ္စာရှိဆုံး စစ်သားများကဲ့သို့ မြေကြီးပေါ်တွင် ဒူးထောက်ကာ နင်းဖန်၏အမိန့်ကို စောင့်ဆိုင်းနေကြတော့သည်။

"ရုပ်သေးရုပ် အခု တစ်ရာ..."

ချီလေ့ကွမ်သည် တံတွေးတစ်ကျိုက် မျိုချလိုက်ပြီး မျက်လုံးများမှာ အဝေးသို့ ငေးကြည့်နေသည်။ သူသည် ဤကြီးမားသော ရိုက်ခတ်မှုကြောင့် တုန်လှုပ်နေဆဲဖြစ်ပြီး သူ၏ဘဝကိုပင် ပြန်လည်မေးခွန်းထုတ်နေပုံရသည်။

ဤမြင်ကွင်းကို မြင်သောအခါ ရှောင်ချာ၊ လီချန်မင်နှင့် ဆွန်းချီယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကိုယ်ချင်းစာနေကြသည်။ သူတို့သည် ချီလေ့ကွမ်၏ ခံစားချက်ကို ကောင်းကောင်းနားလည်ကြ၏။ နင်းဖန်သည် ဒသမအဆင့် နတ်ဘုရားဆေးလုံးများ၊ ကောင်းကင်အဆင့် ဝိညာဉ်ရတနာများနှင့် ထိပ်တန်းဆေးရေချိုးနည်းများကို ဖန်တီးခဲ့စဉ်က သူတို့လည်း ဤကဲ့သို့ပင် ခံစားခဲ့ရဖူးသည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ ရုပ်သေးရုပ်တစ်သောင်း ဂါရဝပြုရာခန်းမအတွင်း၌...

နင်းဖန်သည် ရုပ်သေးရုပ် အခုတစ်ရာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လိုက်သည့် အခိုက်အတန့်တွင် စနစ်၏ အသိပေးချက်သည် မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိလာတော့သည်။

[ဒင် ပိုက်ရှင်မှ မစ်ရှင် ကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ရွှေရောင် ပါရမီ ဆုလာဘ် "ကောင်းကင် လက်မှုပညာ အမိန့်တော်" ကို ထုတ်ပေးလိုက်ပါပြီ]

[မင်းရဲ့ လက်တွေက ကောင်းကင်ဘုံ အနုပညာ ရဲ့ သက်သေပဲ]

[မင်းရဲ့ ဆန္ဒက ဖန်ဆင်းခြင်း အမိန့်တော် ပဲ]

နင်းဖန်သည် သူ၏ နားလည်နိုင်စွမ်း နောက်တစ်ကြိမ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ကြီးကျယ်ခမ်းနားသော တာအိုသံစဉ်တစ်ခု စိတ်ထဲတွင် ပဲ့တင်ထပ်သွားသကဲ့သို့ ရုပ်သေးရုပ်တာအိုအပေါ် သူ၏ နားလည်မှုမှာ မျက်စိတစ်မှိတ်အတွင်း အဆင့်များစွာ တိုးတက်သွားခဲ့၏။

သူ သတိပြန်ဝင်လာသောအခါ မျက်လုံးများအတွင်း ပြင်းထန်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ လမ်းညွှန်ထိန်းချုပ်ခြင်း မရှိဘဲနှင့်ပင် ပတ်ဝန်းကျင်ရှိ ရုပ်သေးရုပ်များမှာ အနည်းငယ် တုန်ယင်နေကြသည်။ ၎င်းတို့မှာ အသက်မဲ့သော အရာဝတ္ထုများသာ ဖြစ်သော်လည်း ယခုအခါ အသိစိတ် ရှိနေပုံရပြီး နင်းဖန်ကို ဒူးထောက်ဦးညွှတ်နေကြတော့သည်။

---

အခန်း (၁၅၈) ငါ၊ အဘိုးကြီးချီ ဟာ အမြဲတမ်း ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပါတယ်

နင်းဖန် ရွှေရောင် ပါရမီ ဆုလာဘ်ကို ရရှိပြီးနောက်။

သူ ခံစားရသည့် အထင်ရှားဆုံး အပြောင်းအလဲမှာ ထုတ်လွှတ်လိုက်သော နတ်ဘုရားစိတ်အာရုံ အစိတ်အပိုင်းတစ်ခု ရုတ်တရက် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် 'ကောင်းကင်လက်မှုပညာအမိန့်တော်' ပါရမီသည် ရုပ်သေးရုပ်တာအိုအပေါ် သူ၏ နားလည်မှုကို မြှင့်တင်ပေးခြင်းနှင့် ရုပ်သေးဖန်တီးရာတွင် အောင်မြင်နှုန်းကို တိုးစေသည့်အပြင်၊ ရုပ်သေးရုပ်များကို ထိန်းချုပ်ရာတွင် နတ်ဘုရားစိတ်အာရုံ၏ အသုံးပြုမှုနှုန်းကို သုံးဆ တိုးစေနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ယခင်က အလဟဿဖြစ်သွားသော နတ်ဘုရားစိတ်အာရုံများ ချက်ချင်း ပြန်လည်ရရှိလာသည်။ ဤသည်က နင်းဖန်ကို အင်အားများ ပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားရစေပြီး မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားစေသည်။ ထို့နောက် သူသည် နောက်ထပ် ရုပ်သေးရုပ် အခုငါးဆယ်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လိုက်ပြန်သည်။

ဤလုပ်ရပ်က ကျန်းထန်ကို ထိပ် လန့်သွားစေသည်။ သူမ၏ လက်ရှိ ထိန်းချုပ်ထားသော ရုပ်သေးရုပ်အရေအတွက်မှာ ခြောက်ဆယ့်လေးခုသို့သာ ရောက်ရှိသေးသည်။ သို့တိုင် သူမသည် လူ ရော စိတ်ပါ မောပန်းနေပြီး ကန့်သတ်ချက်သို့ တဖြည်းဖြည်း ရောက်ရှိနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ‘ဖုန်မှုန့်သန့်စင်ဆေးလုံး' သည် အဓိကအားဖြင့် နတ်ဘုရားစိတ်အာရုံ၏ အကွာအဝေးကိုသာ မြှင့်တင်ပေးခြင်းဖြစ်သည်။

ထိုဆေး၏ စွမ်းအားမြှင့်တင်မှုမှာ အရေးမပါလှချေ။ ထို့ကြောင့် ကျန်းထန်သည် ယခင်ထက် အောင်မြင်မှုအချို့ ရှိလာသော်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ ရုပ်သေးရုပ် ခြောက်ဆယ့်လေးခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ခြင်းက သူမကို အားကုန်သွားစေပြီ ဖြစ်သည်။

သူမ ဆက်လက်ကြိုးစားနေရခြင်းမှာ နင်းဖန်သည် သူ၏ အခုတစ်ရာမြောက် ရုပ်သေးရုပ်ကို ထိန်းချုပ်ချိန်တွင် မောပန်းသည့်လက္ခဏာ ပြသခဲ့သောကြောင့် ဖြစ်သည်။

ဤသည်က အနည်းငယ် ပိုကြိုးစားပါက သူမ၏ စီနီယာအစ်ကိုကို မီနိုင်မည်ဟု ကျန်းထန်ကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။ အနည်းဆုံးတော့ ကွာဟချက် ကျဉ်းမြောင်းသွားပါက ဆိုးဆိုးရွားရွား ရှုံးနိမ့်မည်မဟုတ်ဟု တွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် နင်းဖန် ထိန်းချုပ်ထားသော ရုပ်သေးရုပ်အရေအတွက်မှာ တစ်ရာမှ တစ်ရာ့ငါးဆယ်သို့ တိုက်ရိုက်ခုန်တက်သွားမည်ဟု မည်သူမျှော်လင့်ထားမည်နည်း။

"စီနီယာအစ်ကို... ရှင် ဘယ်လိုလုပ် အဲဒီလောက် မြန်ရတာလဲ"

နင်းဖန်၏ မျက်နှာမှာ ဤသည်ကို ကြားသောအခါ မည်းမှောင်သွားခဲ့သည်။ သူက သူမကို ပြင်ပေးလိုက်သည်။

"ဂျူနီယာညီမလေး... အမျိုးသား သူငယ်ချင်းတွေကို ရည်ညွှန်းတဲ့အခါ 'မြန်တယ်' လို့ ငါတို့ မပြောရဘူး၊ 'တစ်နေ့ကို မိုင်တစ်ထောင် တိုးတက်တယ်'၊ 'လျင်မြန်စွာ တိုးတက်နေတယ်'၊ ဒါမှမဟုတ် 'မှန်မှန် တက်လာတယ်' လို့ ပြောရတာ"

ကျန်းထန် သည် နားထောင်ရင်း ဇဝေဇဝါ ဖြစ်နေခဲ့၏။

"အာ... ကွာခြားချက် ရှိလို့လား"

"မှတ်ထားလိုက်ပါ၊ ဘာလို့လဲလို့ မမေးနဲ့"

"အို..."

ကျန်းထန် က လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မေးလိုက်သည်။

"စီနီယာအစ်ကို ကျွန်မ ရှုံးသွားပြီ... ရှင် 'သူမ' နဲ့ ဘယ်အချိန် စကားပြောချင်လဲ... ကျွန်မ ကြိုပြီး စီစဉ်ပေးမယ်"

နင်းဖန်သည် သူ၏ နတ်ဘုရားစိတ်အာရုံ ကို ဖြန့်ကျက်ကာ ရုပ်သေးရုပ် နောက်ထပ် ဒါဇင်ကျော်ကို ထိန်းချုပ်လိုက်စဉ် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"မလောပါနဲ့၊ ကျင့်ကြံ ပြီးမှ စကားပြောကြတာပေါ့"

နင်းဖန်သည် ကျန်းထန်၏ မှတ်ဉာဏ်များ မဆုံးရှုံးမီ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်နိုင်မလားဆိုသည်ကို သိလိုသဖြင့် 'အေးစက်သော ကျန်းထန်' နှင့် ထပ်မံစမ်းသပ်ရန် ရည်ရွယ်ထားသည်။

ထို့ပြင် သူ၏သိုလှောင်လက်စွပ်ထဲတွင် ရှိနေသေးသော 'အရန်ကျောက်စိမ်း' ၏ အသုံးဝင်ပုံကိုလည်း သိချင်နေမိသည်။ နောက်ဆုံးတွေ့ဆုံစဉ်က ထိုကျန်းထန်သည် အလျင်အမြန် ထွက်ခွာသွားခဲ့သဖြင့် ကျောက်စိမ်းအကြောင်းကို မမေးမြန်းလိုက်ရပေ။

သို့သော်လည်း နင်းဖန်အတွက်မူ ဂိုဏ်းဝင်များ ပျောက်ဆုံးမှုနှင့် ကျောက်စိမ်းအကြောင်းထက် ကိုယ်ပိုင် ကျင့်ကြံခြင်းကသာ ပို၍အရေးကြီးသည်။ သုံးနှစ်မပြည့်မီ ကမ္ဘာကြီး ပျက်စီးတော့မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် အင်အားရှိဖို့က ပထမ ဦးစားပေး ဖြစ်သည်။ ထို့ကြောင့် သူသည် ရုပ်သေးရုပ်များကို အာရုံစိုက်၍ ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူ၏ နတ်ဘုရားစိတ်အာရုံသည် ရုပ်သေးရုပ်များနှင့် ပိုမိုနက်ရှိုင်းစွာ ချိတ်ဆက်မိလာပြီး မကြာမီ 'နတ်ဘုရားစိတ်အာရုံ ပုံပေါ်ခြင်း' အဆင့်ကို ရောက်ရှိတော့မည် ဖြစ်သည်။ ဤစွမ်းရည်သည် နောင်တွင် သူ၏ အားကိုးရဆုံး ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း ကျန်းထန်သည် စင်မြင့်ပေါ်တွင် ငြိမ်သက်စွာထိုင်ရင်း ရုပ်သေးရုပ်များကို ထိန်းချုပ်ကာ ကျင့်ကြံနေသဖြင့် မြေအောက်နန်းတော်တစ်ခုလုံး တိတ်ဆိတ်နေတော့သည်။ တစ်ချိန်တည်းမှာပင် 'ထိုက်ရီအကြွင်းအကျန်နယ်မြေ' အတွင်း၌ ရှိနေကြသော အပြင်စည်းတပည့် သောင်းနှင့်ချီသူများမှာမူ အံ့အားသင့်စရာ တစ်ခုခုကြောင့် ဆူညံစွာ အော်ဟစ်နေကြလေသည်။

" သူတော်စင်မိန်းမပျို ရှုံးသွားပြီ"

"နင်းဖန်က အရမ်း ကြောက်စရာကောင်းတယ်... သူတော်စင်မိန်းမပျို က သုံးနှစ် ကျင့်ကြံ ခဲ့တဲ့ အတွေ့အကြုံ ရှိတာတောင်မှ သူ့ကို မယှဉ်နိုင်သေးဘူး"

"ဒါက ပါရမီ ပဲ"

"ကြည့်ပါဦး သူတော်စင်မိန်းမပျို ထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ် အရေအတွက်က ခြောက်ဆယ့်လေး မှာ ပဲ ရှိနေတယ်၊ ဒါပေမယ့် နင်းဖန်ရဲ့ ရမှတ်က တက်နေတုန်းပဲ"

"ရှီး….. နှစ်ရာ နီးပါးတောင်"

"တပည့်ခေါင်းဆောင် နင်း က ရုပ်သေး တာအို ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ပဲ"

"ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်က တပည့်တစ်ယောက်အနေနဲ့ စီနီယာ၊ ဂျူနီယာ အစ်ကိုတို့အားလုံးကို အသိပေးပါရစေ။ ရုပ်သေးထိန်းချုပ်မှုပညာရပ်ကို စတင်လေ့လာရုံနဲ့တင် ရုပ်သေးရုပ် အခုတစ်ရာကျော်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်တာမျိုးဟာ ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။"

"ဝိညာဉ်ဖိနှိပ်ခြင်းတောင်ထိပ်ရဲ့ အကြီးအကဲချီ ကိုယ်တိုင်ကလည်း နင်းဖန်ရဲ့ ရုပ်သေးထိန်းချုပ်နိုင်စွမ်းကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့အရည်အချင်းဟာ ၁၂ဆက် တောင်ထိပ်အရှင်သခင်ကိုတောင် ကျော်လွန်သွားပြီဖြစ်ကြောင်း အံ့အားသင့်စွာနဲ့ ဝန်ခံခဲ့ရပါတယ်"

"တကယ်လား အကြီးအကဲချီ တောင် အဲဒီလို ပြောတာလား"

"အဲဒါ မဟုတ်သေးပါဘူး... ငါကြားတာကတော့ အကြီးအကဲချီဟာ နင်းဖန်ရဲ့ ရုပ်သေးထိန်းချုပ်မှုပါရမီကြောင့် ဘယ်လောက်တောင် တုန်လှုပ်သွားသလဲဆိုရင် စိတ်ကယောင်ကတမ်းဖြစ်ပြီး မြေကြီးပေါ်မှာ ခွေးလိုတွားသွားပြီး ဟောင်နေတယ်လို့ ကြားတာ။"

"ဘာ... မင်းသတင်းကလည်း သောက်တလွဲတွေ ချဲ့ကားလွန်းနေပြီ။"

"အားလုံး ဖယ်ကြစမ်း... ငါ့မှာ အတွင်းစည်းထဲက ခိုင်လုံတဲ့အဆက်အသွယ်ရှိတယ်။ ငါ့အဘိုးလေးရဲ့ ဝမ်းကွဲ၊ သူ့ယောက်ဖရဲ့ ပျားမွေးမြူရေးလက်တွဲဖော်၊ အဲဒီလူရဲ့ တတိယမြောက် အဘိုးလေးဆီကနေ သိရတာကတော့... အကြီးအကဲချီဟာ နင်းဖန်က တောင်ထိပ်အရှင်သခင်ထက် သာတယ်လို့လည်း ဝန်မခံသလို၊ မြေကြီးပေါ်မှာ ခွေးလိုဟောင်နေတာလည်း မဟုတ်ဘူး။”

“ သူက သူ့ရဲ့ တာအိုဝတ်ရုံစကို ဖြတ်ပြီး ဖခင်နဲ့သားအဖြစ် အသိအမှတ်ပြုတဲ့စာချုပ်ကို အားကြိုးမာန်တက် ရေးနေတာတဲ့။ လျှို့ဝှက်နယ်မြေကနေ ထွက်သွားတာနဲ့ နင်းဖန်ကို သူ့ရဲ့ 'မွေးစားဖခင်' အဖြစ် တိုက်ရိုက်ကန်တော့ဖို့ ပြင်နေတာပါဆို။"

"…"

များပြားလှသော အပြင်စည်းတပည့်များအကြားတွင် ထိုသတင်းကြောင့် အတင်းအဖျင်းသံများနှင့် ကောလာဟလအမျိုးမျိုး ပျံ့နှံ့သွားတော့သည်။ ထိုစကားများမှာ မည်မျှပင် အဓိပ္ပာယ်မရှိ ချဲ့ကားထားသည်ဖြစ်စေ အားလုံးက လက်ခံထားကြသည့် အချက်တစ်ချက်မှာမူ နင်းဖန်၏ ရုပ်သေးထိန်းချုပ်မှုပါရမီမှာ ထူးကဲလွန်းနေသည် ဆိုသည့်အချက်ပင် ဖြစ်၏။

ရုပ်သေးပညာရပ်တွင် ရုပ်သေးရုပ်များကို မည်မျှပင် ကောင်းမွန်စွာ ပြုလုပ်ထားပါစေ၊ ၎င်းတို့ကို မိမိ၏ ခြေလက်အင်္ဂါများကဲ့သို့ ကျွမ်းကျင်စွာ ခိုင်းစေနိုင်ရန်မှာ နတ်ဘုရားစိတ်အာရုံ ၏ စွမ်းရည်အပေါ်တွင်သာ မူတည်သည်။ ထိုစိတ်အာရုံ မလုံလောက်ပါက ရုပ်သေးရုပ်များသည် တကယ့်တိုက်ခိုက်ရေးစွမ်းအားကို ပြသနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရုပ်သေးတာအိုကို ပထမဆုံးအကြိမ် စတင်ရုံဖြင့် ရုပ်သေးရုပ် ရာနှင့်ချီကို ထိန်းချုပ်နိုင်သည့် နင်းဖန်၏ ပါရမီမှာ ကြောက်ခက်ဖွယ်ကောင်းလှသည်။ အကယ်၍ သူသာ ဤလမ်းစဉ်ကို အထူး ကျင့်ကြံခဲ့ပါက နောင်တစ်ချိန်တွင် အတွေးတစ်ခုတည်းဖြင့် ရုပ်သေးရုပ် သန်းနှင့်ချီသော စစ်တပ်ကြီးကိုပင် ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထိုစစ်တပ်မှာ နာကျင်မှုကိုမသိဘဲ ရှေ့သို့တိုးဝင်ကာ ရန်သူမှန်သမျှကို ချေမှုန်းမည့် ရေစီးကြောင်းကြီးတစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည်။ နင်းဖန်၏ ဤရုပ်သေးထိန်းချုပ်မှု ပါရမီမှာ သူ၏ ဆေးဖော်စပ်ခြင်းနှင့် လက်နက်ဖန်တီးခြင်း ပါရမီများကဲ့သို့ပင် တစ်ကမ္ဘာလုံးက မနာလိုဖြစ်ရလောက်အောင် ရှားပါးလွန်းလှသည်။

ကောလာဟလများ၏ အဓိကဇာတ်လိုက်ဖြစ်နေသော အဘိုးကြီးချီ မှာ နင်းဖန်အား ရုပ်သေးပညာရပ်အပေါ် စိတ်ဝင်စားလာအောင် မည်သို့ဆွဲဆောင်ရမည်ကိုသာ အလေးအနက် စဉ်းစားနေတော့သည်။

မူလက အဘိုးကြီးချီတွင် ထူးခြားသော ရည်မှန်းချက်မရှိခဲ့ပေ။ နင်းဖန်ကို တပည့်အဖြစ်ရရန် ဖေ့ချင်းယွီ သို့မဟုတ် ယွီရူရွှမ်းတို့နှင့်လည်း မယှဉ်ပြိုင်ခဲ့သလို၊ နင်းဖန်၏ ဆေးဖော်စပ်မှုနှင့် လက်နက်ဖန်တီးမှုများအပေါ် ဂုဏ်ယူနေကြသော ရှောင်ချာနှင့် လီချန်မင်တို့ကဲ့သို့လည်း စိတ်မလှုပ်ရှားခဲ့ပေ။ သို့သော် ယနေ့ နင်းဖန်၏ ပါရမီကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးနောက်တွင်မူ သူ၏စိတ်က လုံးဝပြောင်းလဲသွားခဲ့လေပြီ။

‘ ပါရမီရှင် တစ်ယောက်ကို နာမည်ကြီး ဆရာတစ်ယောက်က သင်ပေးသင့်တယ်... ရှောင် နဲ့ လီ က ဆေးဖော်စပ်ခြင်း နဲ့ မှော်လက်နက် ဖန်တီးခြင်း မဟာတာအို ကို အသီးသီး ကျင့်ကြံတယ်။ တစ်ယောက်က ရက်ရောပုံပေါ်ပေမယ့် တကယ်တော့ ကပ်စေးနဲပြီး၊ နောက်တစ်ယောက်က ဉာဏ်ရည် နိမ့်ကျပြီး အဓိပ္ပာယ်မရှိတာတွေပဲ ပြောတတ်တယ် ဘယ်သူမှ ဆရာကောင်း မဟုတ်ဘူး'

‘ငါ့ က ရိုးသားတဲ့ ဘဝကို ဖြတ်သန်းခဲ့တယ်၊ ဒါပေမယ့် အခု ငါ ရှေ့ကို ထွက်ရမယ်... ဆေးဖော်စပ်ခြင်း နဲ့ မှော်လက်နက် ဖန်တီးခြင်း ကြောင့် နင်းဖန်ရဲ့ အနာဂတ် နောက်ကျသွားတာကို ငါ လုံးဝ ခွင့်မပြုနိုင်ဘူး'

"ဒါကြောင့် ငါ့ရဲ့ ရုပ်သေးရုပ် တာအို ထဲကို ဝင်လိုက်ပါ '

ချီလေ့ကွမ် သည် ဆင်ခြေများ ရှာဖွေနေပြီး သူ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့၏။ သို့သော် နင်းဖန်နှရုပ်သေးရုပ် တာအို အပေါ် စိတ်ဝင်စားအောင် မည်သို့ဆက်သွယ်ရ မည်မှာ ပြဿနာ တစ်ခု ဖြစ်၏။ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူသည် ချုံချီ လေး နှင့် စတင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ နင်းဖန်နှင့် အပြန်အလှန် ဆက်သွယ်ရန် ချုံချီလေးသည် တစ်ခုတည်းသော တံတား ဖြစ်ပေသည်။

All Chapters