← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း ၆၅ - ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်ဇွန်ဘီ

"မျှော်လင့်ထားတဲ့အတိုင်းပဲ ငါ့ရဲ့သွေးပမာဏကန့်သတ်ချက်က တိုးမလာတော့ဘူး..."

မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းနှင့် သူ၏သွေးပမာဏ ၁၀၀၀ ကိုကြည့်ရင်း ဝမ်ထောင် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် စတိုးဆိုင်အတွင်းမှ သွေးစွန်းနေသော ပျက်စီးနေသည့်အစာများအားလုံးကို သိမ်းဆည်းကာ အိတ်ဖြင့် အိမ်သို့ သယ်ဆောင်လာခဲ့၏။

သို့နှင့် အိမ်သို့ရောက်ပြီးနောက်...။

"ဒီး..ဒီးဒီး.."

အစားအစာဖိသိပ်စက်၏ တုန်ခါမှုအပြီးတွင် စက်ပြတင်းပေါက် ပွင့်လာကာ အတွင်းရှိ အာဟာရပျော်ရည်များကို မြင်လိုက်ရသည်။

"အောင်မြင်တယ်၊ ဒါပေမဲ့... ပမာဏက အများကြီး နည်းသွားတယ်"

ဝမ်ထောင် နှိုင်းယှဉ်ကြည့်လိုက်သည်။ ညစ်ညမ်းနေသော အစာများမှ ထွက်လာသည့် အာဟာရပျော်ရည် ပမာဏမှာ ပုံမှန်အစာများဖြင့် လုပ်သည့်အစာထက် ဆယ်ဆကျော် သို့မဟုတ် အဆပေါင်းများစွာ နည်းပါးနေသည်။ အများစုမှာ လုပ်ဆောင်စဉ်အတွင်း ပျောက်ဆုံးသွားခြင်း ဖြစ်၏။

"နှမြောစရာကောင်းပေမဲ့ စားလို့ရတာပဲလေ၊ စားလို့ရရင်တော့ အမြတ်ပေါ့"

တင်ယွီချင် ဘေးမှနေ၍ နှစ်သိမ့်ပေးသည်။

"မှန်တယ်၊ စားလို့ရတာကိုက ကောင်းနေပြီ"

ဝမ်ထောင် ခေါင်းညိတ်လိုက်သည်။ ချွေတာခြင်းဟူသော ကောင်းမွန်သည့် အလေ့အကျင့်အတိုင်း သူသည် အပြင်ဘက်ရှိ ပျက်စီးနေသော အစာများအားလုံးကို ပြန်ယူလာရန် ပြင်ဆင်လိုက်သည်။ ခြင်တစ်ကောင်၏ ခြေထောက်ဆိုသော်လည်း အသားဖြစ်နေဆဲပင် မဟုတ်ပါလား။

"ခဏနေရင် ငါ ထောက်ပံ့ရေးပစ္စည်းတွေ ဆက်ရှာဦးမယ်၊ မရီး ငါနဲ့ လိုက်ခဲ့"

"အာ... ငါ... ငါလည်း ထွက်ရမှာလား..."

ထိုစကားကို ကြားလိုက်ရသဖြင့် တင်ယွီချင် စတင်၍ ကြောက်ရွံ့လာသည်။

"အစ်မ ပိုသန်မာလာအောင်လို့ပါ"

"..."

တင်ယွီချင်မှာ ပိုမိုသန်မာလာရန် ဆန္ဒမရှိဘဲ လက်ရှိဘဝနှင့်သာ ကျေနပ်နေကြောင်း ဝမ်ထောင်အား ပြောပြချင်သည်။ သို့သော် ထိုသို့ပြောလိုက်ပါက ဝမ်ထောင် စိတ်ဆိုးသွားမည်ကိုလည်း စိုးရိမ်နေ၏။ ထို့ကြောင့် တင်ယွီချင်သည် သူမ၏ နောက်ဆုံးလက်နက်ဖြစ်သည့် ချွဲခြင်းကို စတင်သုံးစွဲလိုက်သည်။

"မလိုက်လို့ မရဘူးလားဟင်—"

သူ၏ လက်မောင်းကို ကိုင်ကာ ချွဲနေသည့် မရီးဖြစ်သူအား ကြည့်ရင်း ဝမ်ထောင်သည် သူမ၏ နူးညံ့မှုအား ခံစားနေရသည်။ သူက ပြုံးလျက် ပြောလိုက်၏။

"မရဘူး"

"..."

ဝမ်ထောင်သည် ပျော့ပျောင်းသည့်နည်းလမ်းရော၊ မာကျောသည့်နည်းလမ်းများကိုပါ ခုခံနိုင်စွမ်းရှိသူ ဖြစ်သောကြောင့် တင်ယွီချင်တွင် လိုက်ပါသွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မထွက်ခွာမီ ဝမ်ထောင်သည် တင်ယွီချင်အတွက် ကာကွယ်ရေးဝတ်စုံတစ်စုံကို ပြင်ဆင်ပေးပြီး ကာကွယ်ရေးလုပ်ငန်းအချို့ လုပ်ဆောင်ပေးခဲ့သည်။ ထို့နောက် သူတို့နှစ်ဦး အောက်ထပ်သို့ အတူတူ ဆင်းလာခဲ့ကြသည်။

အပြင်ဘက်ရှိ ရှုပ်ထွေးပြီး သေမင်းကဲ့သို့ တိတ်ဆိတ်နေသော မြင်ကွင်းကို ကြည့်ရင်း တင်ယွီချင်သည် ထိန်လန့်စွာဖြင့် ဝမ်ထောင်၏ နောက်မှ ကပ်လျက် လိုက်လာ၏။

"ကမ္ဘာပျက်ကပ်ဆိုတာ..."

တင်ယွီချင်သည် အိမ်တွင်သာ ကြာရှည်နေခဲ့ရသည်။ တိုက်ခန်းဝင်းထဲမှ ပထမဆုံးအကြိမ် ထွက်လာရခြင်းဖြစ်ပြီး ဤတိတ်ဆိတ်ခြောက်ကပ်နေသော ပတ်ဝန်းကျင်ကို ပထမဆုံး ခံစားလိုက်ရချိန်တွင် သူမ၏ ကိုယ်ထဲ၌ မသက်မသာ ဖြစ်လာ၏။ အထူးသဖြင့် လမ်းမပေါ်တွင် ဇွန်ဘီအချို့ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူမ အလွန်ကြောက်လန့်ပြီး ဝမ်ထောင်၏ နောက်ကွယ်တွင် လျင်မြန်စွာ ပုန်းကွယ်လိုက်သည်။

ဝမ်ထောင်သည် ဇွန်ဘီတစ်ကောင်ဆီသို့ တူကိုကိုင်လျက် အေးဆေးလျှောက်သွားကာ အားမစိုက်ဘဲ ၎င်း၏ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။

【-၄၆၉】

【၃၁/၅၀၀】

ဇွန်ဘီမှာ ချက်ချင်း ပြိုလဲသွားပြီး သေလုမျောပါး ဖြစ်သွားသည်။

"သွား"

ဝမ်ထောင် အသံနိမ့်ဖြင့် တိုက်တွန်းလိုက်သည်။ တင်ယွီချင်သည် တံတွေးကို အနိုင်နိုင် မြိုချလိုက်ရသော်လည်း ဝမ်ထောင်၏ အမိန့်ကို မလွန်ဆန်ရဲပေ။ သူမသည် လှံကိုကိုင်ကာ ဇွန်ဘီအနီးသို့ ချဉ်းကပ်သွားပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်လေ၏။

ဒုတ်...

【-၃၁】

【၀/၅၀၀】

တင်ယွီချင်၏ သွေးဘားတန်းမှာ ၅ မှတ် တိုးလာသည်ကို မြင်လိုက်ရသောအခါ ဝမ်ထောင် စိတ်ကျေနပ်မှု ရသွားသည်။ ပတ်ဝန်းကျင်ရှိ ထောက်ပံ့ရေးပစ္စည်းအားလုံးကို ရှာဖွေလိုသောကြောင့် သူသည် ဇွန်ဘီများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် သာမန်ဇွန်ဘီများကို သတ်ခြင်းက သူ၏ သွေးပမာဏကို မတိုးပေးတော့သဖြင့် သူကိုယ်တိုင် သတ်ရခြင်းမှာ အချိန်ကုန်သည်ဟု ခံစားရသည်။

ထို့ကြောင့် တင်ယွီချင်အား သွေးအမှတ်များ အောင် လုပ်ပေးခြင်းက ပို၍ ကောင်းမွန်သည်။ အဓိကအချက်မှာ သူမ၏ သွေးထုပ်စွမ်းရည်က HP တိုးလာပြီးနောက် ပိုမိုအားကောင်းလာမည်လားဆိုသည်ကို ဝမ်ထောင် သိလိုခြင်းကြောင့် ဖြစ်သည်။ ဝမ်ထောင်တွင် သွေးပမာဏ ၁၀၀၀ ရှိပြီး တင်ယွီချင်မှာ တစ်ရက်လျှင် သွေး ၁၀၀ သာ ပြန်ဖြည့်ပေးနိုင်သဖြင့် နည်းနေသည်ဟု ခံစားရသည်။

ဇွန်ဘီများထံမှ ကျလာသည့် ပစ္စည်းများအတွက်မူ ဝမ်ထောင် လက်ရှိတွင် မလိုသေးသဖြင့် စောင့်ဆိုင်းနိုင်သည်။ နောက်ပိုင်း လိုအပ်လာမှသာ သတ်ပြီး ကောက်ယူရလိမ့်မည်။ သူသည် ယခုအခါ သာမန်ဇွန်ဘီများကို တူတစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်နေလေပြီ ။

နှစ်ရက်ကြာပြီးနောက် ဝမ်ထောင်သည် တိုက်ခန်းဝင်းတစ်ဝိုက်မှ ရှာဖွေနိုင်သမျှ အစားအစာများကို ပြန်သယ်လာနိုင်ခဲ့သည်။ တင်ယွီချင်၏ သွေးပမာဏမှာလည်း အတိအကျ ၃၀၀ သို့ ရောက်ရှိသွားသည်။

သွေးပမာဏ တိုးလာခြင်းက သူမ၏ ကုသမှုစွမ်းရည်ကို ထိခိုက်စေသလားဆိုသည်ကို ဝမ်ထောင် မသိသေးပေ။ အကြောင်းမှာ သူသည် မကြာသေးမီက သွေးအပြည့် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် တင်ယွီချင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာသည်ကိုတော့ သူသိသည်။ အရင်က သူမ မလုပ်နိုင်ခဲ့သော ပုံစံများသည် ယခုအခါ ဝမ်ထောင် ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်သော ပုံစံများ ဖြစ်လာသည်။(ဘာပုံစံတွေလည်းဆိုတာကိုတော့ စာဖတ်သူများ မဖတ်ချင်ဘူးထင်သဖြင့် ထည့်မရေးတော့ပြီ )

မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့၏။

ဤမိုးမှာ တင်ယွီချင်အတွက် အံ့အားသင့်စရာ ဖြစ်သည်။ တစ်လနီးပါး မိုးမရွာဘဲ လေထုမှာ အလွန်ခြောက်သွေ့နေခဲ့ရာမှ ရုတ်တရက် ထရွာခြင်း​ဖြစ်၏။ ခေါင်မိုးလသာဆောင်ရှိ အပင်များနှင့် အစိမ်းရောင်အပင်များမှာလည်း ရေလုံလောက်စွာ ရရှိသွားပြီး တစ်ညတည်းနှင့် ပိုမိုကြီးထွားလာသည်ဟု ထင်ရသည်။

ခဏလေး..

"မရီး၊ ဒီအစိမ်းရောင်အပင်တွေ ပိုကြီးလာတယ်လို့ မထင်ဘူးလား"

ခေါင်မိုးလသာဆောင်တွင် ဝမ်ထောင်သည် မြေပြင်ပေါ်ရှိ အပင်များကို ရုတ်တရက် လက်ညှိုးထိုးကာ မေးလိုက်သည်။

"မဟုတ်... မဟုတ်လောက်ပါဘူး"

တင်ယွီချင်၏ အသံမှာ မသေချာမရေရာ ဖြစ်နေသည်။ သူမသည် ဤအပင်များကို နေ့တိုင်းလိုလို ကြည့်နေကျ ဖြစ်၏။ အပင်များ ကြီးထွားလာလျှင် သူမအနေဖြင့် သိသာထင်ရှားစွာ ခံစားမိမည် မဟုတ်ပေ။ သို့သော် ယခုအခါ ၎င်းတို့ တကယ်ပင် အနည်းငယ် ကြီးလာသလို ခံစားနေရသည်။

"အစ်မလည်း မသေချာဘူးပေါ့၊ ဒါဆိုရင် တကယ်ပဲ ကြီးထွားလာတာ ဖြစ်ရမယ်"

ဝမ်ထောင်သည် ပုံမှန်အားဖြင့် အပင်များကို အလေးမထားတတ်သော်လည်း ယနေ့ကြည့်လိုက်သောအခါ တစ်ဆိုင်းလောက် ပိုကြီးနေသည်ဟု ခံစားမိသည်။ အထူးသဖြင့် အပင်များမှာ တစ်နေ့ကမှ ဖြတ်တောက်ထားခဲ့သော်လည်း ယခုအခါ တစ်ဝက်ကျော်လောက် ပြန်ပေါက်နေသည်။ အပင်များက ဒီလောက် မြန်မြန် ကြီးထွားနိုင်သလား။

ဝမ်ထောင်သည် ကောင်းကင်မှ မြူဆိုင်းနေသော မိုးဖွဲဖွဲကို ကြည့်လိုက်ပြီး မကောင်းသည့် ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"မနေ့က မိုးကြီးရွာတာနဲ့ ဆက်စပ်နေတာလား"

"မိုးသည်းတာလား၊ မိုးရွာတာက အပင်ကြီးထွားမှုကို အားပေးတယ်လို့ ပြောချင်တာလား"

တင်ယွီချင် အနည်းငယ် အံ့အားသင့်သွားသည်။

"ဖြစ်နိုင်ချေ ရှိတာပေါ့၊ မရီး.. ကမ္ဘာပျက်ကပ် မရောက်ခင်က မိုးသုံးရက်ဆက်တိုက် ရွာခဲ့တာကို မေ့သွားပြီလား"

ထိုသို့သော စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်ကို တင်ယွီချင် မည်သို့ မေ့နိုင်ပါ့မလဲ။ သူမ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် မကောင်းတာတွေ ဖြစ်လာတော့မှာလား..."

"ငါလည်း မသေချာဘူး၊ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ငါတို့ဆီ မသက်ရောက်သေးဘူး"

ဝမ်ထောင်သည် သူ၏ သွေးဘားတန်းမှာ ပြောင်းလဲမှုမရှိဘဲ ထူးခြားသည့်အရာများလည်း မပေါ်လာသည်ကို မြင်လိုက်ရသည်။

"မရီး၊ ရွေးထုတ်ထားတဲ့ အစားအစာတွေကို အစားအစာဖိသိပ်စက်ထဲ ထည့်ပြီး အာဟာရပျော်ရည် လုပ်ထားလိုက်၊ ငါ ဒီနေ့ ထပ်ထွက်ဦးမယ်"

ဝမ်ထောင်သည် ဒီနေ့တွင် ဓာတ်ဆီနှင့် ဒီဇယ်ကို သွားရောက် ရှာဖွေရန် စီစဉ်ထားသည်။ တိုက်ခန်းဝင်းတစ်ဝိုက်ရှိ အစားအစာအရင်းအမြစ်များမှာ ပြောင်သလင်းခါအောင် ရှာပြီးပြီ ဖြစ်သည်။ အစားအစာ မည်မျှပင် ရှိပါစေ ပြန်လည်ဖြည့်တင်းမှု မရှိလျှင် အဆင်မပြေနိုင်သဖြင့် အချိန်အနည်းငယ်ကြာလျှင် ဤနေရာမှ ထွက်ခွာရတော့မည်ဟု ဝမ်ထောင် ခံစားနေရသည်။

အကယ်၍ ထွက်ခွာရမည်ဆိုပါက သူတွင် ယူဆောင်ရမည့် ထောက်ပံ့ရေးပစ္စည်းများစွာ ရှိပြီး တင်ယွီချင်မှာလည်း သွေးထုပ်အဖြစ် လိုက်ပါလာမည်ဖြစ်ရာ လမ်းလျှောက်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကားဖြင့် သွားရမည်ဖြစ်သည်။ ကားဖြင့် သွားမည်ဆိုလျှင် လောင်စာဆီကို ကြိုတင် ပြင်ဆင်ထားရမည်။

သို့သော် ဝမ်ထောင်သည် လျှပ်စစ်ကားဖြင့် ထွက်ခွာနိုင်ပါက အကောင်းဆုံးဟု မျှော်လင့်ထားသည်။ လျှပ်စစ်ကားများမှာ ပိုမို တိတ်ဆိတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝမ်ထောင်သည် ဓာတ်ဆီနှင့် ဒီဇယ် ရှာရင်း လျှပ်စစ်ကားတစ်စီးစီးကိုပါ ရှာဖွေကြည့်မည်ဖြစ်သည်။ အကယ်၍ မတွေ့ရှိပါက ပစ်ကပ်ကားတစ်စီးဖြင့်သာ အဆင်ပြေသလို အသုံးပြုရတော့မည်။

"သတိထားပါ"

တင်ယွီချင်သည် ဝမ်ထောင်အား ကာကွယ်ရေးဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပေးပြီးနောက် ဝမ်ထောင်သည် ဆီပုံးအလွတ်များ ကိုင်လျက် အောက်ထပ်သို့ ဆင်းသွားသည်။ လမ်းပေါ်ရှိ စွန့်ပစ်ထားသော ယာဉ်များစွာမှာ မီးလောင်ထားသဖြင့် အတွင်းရှိ ဓာတ်ဆီများမှာ ပျောက်ဆုံးနေ၏။

ဝမ်ထောင်၏ ဦးတည်ရာမှာ နောက်လမ်းမပေါ်ရှိ လေဟာပြင်ကားပါကင်အသေးစားတစ်ခု ဖြစ်သည်။ သူသည် မှန်ပြောင်းဖြင့် ကြိုတင်စစ်ဆေးထားခဲ့ပြီး ထိခိုက်မှုမရှိသော ကားအချို့ကို မြင်တွေ့ထား၏။ သို့သော် ပါကင်အပြင်ဘက်သို့ ရောက်ရှိပြီးနောက် သူ၏ အကြည့်မှာ ရုတ်တရက် တောင့်ခဲသွားသည်။

"အဲဒါ..."

ဝမ်ထောင်သည် ဗိုက်ဖောင်းနေပြီး အတွင်းအင်္ဂါအစိတ်အပိုင်းများကပါ အပြင်ထွက်နေသော ဇွန်ဘီတစ်ကောင်ကို မြင်လိုက်ရသည်။

【၁၀၀၀/၁၀၀၀】

သွေးပမာဏ ၁၀၀၀ မှာ အလွန်အမင်း မများလှပေ။ သို့သော် ၎င်းမှာ သူတွေ့ဖူးသမျှ ဇွန်ဘီများထဲတွင် ပတ်ပတ်စက်စက်အကြည့်ရဆိုးဆုံး ဖြစ်သည်။

"ဒါ အထူးဇွန်ဘီ ဖြစ်တာ သေချာတယ်၊ ဒါပေမဲ့ စစ်တပ်ရဲ့ အချက်အလက်တွေထဲမှာ ဒါနဲ့ပတ်သက်ပြီး ပါမလာဘူး..."

ဝမ်ထောင် တိုက်ရိုက် မချဉ်းကပ်ဘဲ အကွာအဝေးတစ်ခု ထိန်းထားကာ ဇွန်ဘီဆီသို့ အုတ်ခဲတစ်ခဲ ပစ်ပေါက်လိုက်သည်။

ဘုတ်...

ထိုအသံကြောင့် ဇွန်ဘီသည် သူမ၏ အကြည့်ကို ပြောင်းလိုက်သည်။ ဝမ်ထောင်ကို တွေ့လိုက်ရသည်နှင့် ဇွန်ဘီသည် သူ့ဆီသို့ ယိုင်နဲ့နဲ့ လမ်းလျှောက်လာပြီး ဝမ်ထောင်လည်း တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ သို့သော် ဝမ်ထောင်နှင့် ဝေးကွာနေသေးချိန်တွင် ဇွန်ဘီ၏ ကိုယ်ပေါ်ရှိ ပွင့်ထွက်နေသော အစိတ်အပိုင်းများမှာ ရုတ်တရက် တုန်ခါလာပြီး ကျယ်ပြန့်လာသည်။

နောက်ဆုံးတွင်—

ဗုန်း။

ကျယ်လောင်သော အသံနှင့်အတူ ၎င်းသည် ပေါက်ကွဲသွားတော့သည်။ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေ၏။

"ငါသာ အနားသွားမိရင်တော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ.."

မြေပြင်အနှံ့ လွင့်စဉ်နေသော ကိုယ်အင်္ဂါ အပိုင်းအစများကို ကြည့်ရင်း ဝမ်ထောင် နောက်ကျောမှ ချွေးပြန်သွားသည်။ သို့သော် သွေးစွန်းနေသော နေရာ၌ အပြာနုရောင် ဇွန်ဘီအမြုတေကို မြင်လိုက်ရသဖြင့် ဝမ်ထောင် အမြန်ပြေးသွားကာ ကောက်ယူလိုက်သည်။

"ငါ အမြန်ထွက်သွားမှ ဖြစ်မယ်၊ မဟုတ်ရင် ဇွန်ဘီတွေ ဝိုင်းထားတာ ခံရလိမ့်မယ်—"

"ဂါး—"

ရုတ်တရက် အရပ်မျက်နှာအနှံ့မှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံများ ထွက်ပေါ်လာသည်။ သာမန်ဇွန်ဘီ တစ်ဒါဇင်ကျော်မှာ အဝေးမှ လျင်မြန်စွာ ပြေးလာနေကြသည်။ အတားအဆီး နိမ့်နိမ့်အချို့နှင့် ကြုံတွေ့သောအခါ ၎င်းတို့မှာ ခုန်ကျော်သွားနိုင်သည်။ ကားများပေါ်သို့ပင် တက်နိုင်ပြီး နံရံများကိုလည်း ကုတ်ကပ်နိုင်သေးသည်။

"အကျိုးနည်း...သူတို့ နံရံတောင် ကပ်နိုင်တယ်ပေါ့၊ ဇွန်ဘီတွေက ပြောင်းလဲတိုးတက်သွားကြတာလား"

.......

အခန်း ၆၆ - ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသည့်အမြုတေ

"ပြေးမှရမယ်.."

ဝမ်ထောင်သည် နောက်မတွန့်ဘဲ ချက်ချင်းလှည့်ပြေးလိုက်သည်။ ယခုဇွန်ဘီများသည် အလွန်လျင်မြန်စွာ ပြေးနေကြပြီး ၎င်းတို့၏ လှုပ်ရှားမှုများမှာ ယခင်လို တောင့်တင်းခြင်းမရှိတော့ပေ။ အကယ်၍ ဝမ်ထောင်အဟောင်းသာ ဖြစ်ခဲ့ပါက ၎င်းတို့ထက် မြန်အောင် ပြေးနိုင်မည် မဟုတ်ပေ။

သို့သော် ယခု ဝမ်ထောင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်၏။ ကျောပေါ်တွင် လေးလံသောဝန်ထုတ်များ ရှိနေသော်လည်း သူ၏အရှိန်မှာ ၎င်းတို့ထက် မနှေးပေ။ လျင်မြန်စွာပြေးနေသော ဇွန်ဘီများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာနေသည်။ ကံကောင်းသည်မှာ သူ၏အိမ်ပြန်လမ်းတွင် ဇွန်ဘီတစ်ကောင်တည်းသာ ရှိနေခြင်းဖြစ်၏။

သူသည် ထိုဇွန်ဘီတစ်ကောင်ဆီသို့ အားကုန်ပြေးသွားလိုက်သည်။ အနီးသို့ရောက်သောအခါ လက်ထဲရှိတူကို မြှောက်ကာ ၎င်း၏ ဦးခေါင်းခွံကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ခွပ်..

【-၄၃၂】

【၅၆၈/၁၀၀၀】

ခေါင်းကိုထိမှန်မှုတစ်ခုက ထိခိုက်မှု လေးရာကျော်သာ ရှိသည်။ ဤဇွန်ဘီ၏ သွေးပမာဏမှာ ၁၀၀၀ ဖြစ်သဖြင့် သတ်ရန်အတွက် အနည်းဆုံး နှစ်ချက် သို့မဟုတ် သုံးချက် ရိုက်ရလိမ့်မည်။

ဇွန်ဘီမှာ သူ၏ရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။ ဝမ်ထောင်သည် အခွင့်ကောင်းကိုယူကာ တူကို နှစ်ချက် ထပ်ရိုက်လိုက်သည်။

【-၄၂၁】

【-၁၄၇】

【၀/၁၀၀၀】

ဇွန်ဘီ သေဆုံးသွားလေပြီ ။ ဝမ်ထောင်သည် ကျလာသောပစ္စည်းအိတ်ကို ကောက်ယူလိုက်ပြီး တိုက်ခန်းဝင်းဆီသို့ မရပ်မနား ဆက်ပြေးသွားလေသည်။ သူသည် ယခုဇွန်ဘီကို သုံးချက်ဖြင့် သတ်နိုင်ခဲ့သဖြင့် ၄င်းတို့အားတိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ဇွန်ဘီများမှာ အလွန်လျင်မြန်လွန်းသည်။ ၎င်းတို့ကို ဖြေရှင်းရခြင်းမှာ ပုံမှန်ဇွန်ဘီများထက် ပိုမိုခက်ခဲသည်။

ထို့အပြင် ၎င်းတို့မှာ အရေအတွက် များပြားလွန်းလှ၏။ ခဏလေးအတွင်းမှာပင် သူ၏ပတ်ပတ်လည်၌ တစ်ဒါဇင်ကျော် ထပ်မံ ပေါ်လာသည်။ အားကစားသမားများကဲ့သို့ သူ့ဆီသို့ ပြေးလာနေကြသော ဇွန်ဘီ သုံးဆယ်ကျော်ကို မြင်လိုက်ရသည့်အခါ သူ၏ ဦးရေပြားပင် ယားယံလာသလို ခံစားရသည်။

ထို့အပြင် ပေါက်ကွဲသံက အခြားအထူးဇွန်ဘီများကို ဆွဲဆောင်သွားမည်လားဆိုသည်ကို ဝမ်ထောင် မသေချာပေ။ အခြားအထူးဇွန်ဘီများ ထပ်ပေါ်လာပါက ပို၍ပင် ရှုပ်ထွေးသွားလိမ့်မည်။

ဇွန်ဘီများက သူ့နောက်သို့ တောက်လျှောက် လိုက်လာကြ၏ ။ ဝမ်ထောင်ကလည်း အရှိန်ဖြင့် ဆက်ပြေးသွားသည်။ သို့သော် ဤဇွန်ဘီများသည် ဝမ်ထောင်လောက် မမြန်ခဲ့ပါ။ ဟက်ပီးနက်စ်လူနေရပ်ကွက်၏ ပင်မဂိတ်တံခါးသို့ ရောက်သောအခါ ဇွန်ဘီအများစုမှာ နောက်ကျကျန်ရစ်ခဲ့ပြီး လူငယ်အမျိုးသားဇွန်ဘီငါးကောင်သာ ကျန်တော့သည်။

ဝမ်ထောင် ပင်မဂိတ်တံခါးကို မသုံးဘဲ ပတတံတိုင်းကို ကျော်ခွကာ လူနေရပ်ကွက်အတွင်းသို့ ခုန်ဝင်လိုက်သည်။ သို့သော် ထိုဇွန်ဘီငါးကောင်မှာလည်း တံတိုင်းကို ကျော်ကာ ဝမ်ထောင်၏နောက်သို့ လိုက်လာကြသည်။ ဝမ်ထောင်သည် ဇွန်ဘီငါးကောင်ကို တစ်ချက်ကြည့်ကာ အနည်းငယ်တန့်သွားသော်လည်း တိုက်ခိုက်ရန် မရပ်တန့်တော့ဘဲ အဆောက်အအုံ ၄ ၏ အဝင်ဝကို ဖွင့်ကာ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

"ဂရား.."

"ဂီး..ဂီး.."

ဇွန်ဘီငါးကောင်မှာ ဟိန်းဟောက်ကာ တံခါးကို ထုရိုက်နေသည်။ မပွင့်မှန်း သိသွားသောအခါ ၎င်းတို့မှာ ကျောက်တောင်တက်သူများကဲ့သို့ တံတိုင်းပေါ်ရှိ အစွန်းများကို ဖမ်းဆုပ်ကာ အပေါ်သို့ တက်လာကြသည်။

"ဝမ်ထောင် ဘာဖြစ်တာလဲ"

ဝမ်ထောင် အပြေးပြန်လာသည်ကို မြင်သောအခါ တင်ယွီချင်သည် သူမ၏အခန်းတံခါးကို အမြန်ဖွင့်ကာ မေးလိုက်သည်။ သူမသည် ဝမ်ထောင်၏ နောက်က ဇွန်ဘီများကို မမြင်ရသော်လည်း ပေါက်ကွဲသံကို ကြားလိုက်ရသည်။

"ဇွန်ဘီတွေ ငါ့နောက်ကို လိုက်နေတယ်၊ အခန်းထဲမှာပဲနေ၊ ငါ ခေါင်မိုးပေါ် သွားတော့မယ်"

ဝမ်ထောင် အခန်းထဲ မဝင်တော့ပေ။ သူမကို မှာကြားပြီးနောက် ခေါင်မိုးပေါ်သို့ တန်းပြေးသွားကာ တံခါးကို ဖွင့်လိုက်သည်။

"ဂီး..."

ဇွန်ဘီငါးကောင်မှာ ခေါင်မိုးပေါ်သို့ တက်လာနှင့်ပြီဖြစ်သည်။ ဝမ်ထောင်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ချက်ချင်း ပြေးဝင်လာကြသည်။

ဖူး—

ဝမ်ထောင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ဇွန်ဘီငါးကောင်လုံး သူ၏တိုက်ခိုက်မှုအကွာအဝေးအတွင်း ရောက်လာသောအခါ သူသည် တူကိုမြှောက်ကာ ရှေ့ဆုံးမှဇွန်ဘီဆီသို့ ပြင်းထန်စွာရိုက်ချလိုက်ပြီး တစ်ချိန်တည်းမှာပင် နောက်ဆက်တွဲတုန်ခါလှိုင်းစွမ်းရည်ကို သုံးလိုက်သည်။

ဒုတ်...

ဘုန်း..

【-၄၅၁】

တူမှာ ပထမဆုံးဇွန်ဘီ၏ နဖူးကို ထိမှန်သွားပြီး ၎င်း၏ခေါင်းနှင့်တူထိမှန်သောနေရာမှ မြင်နိုင်သော နောက်ဆက်တွဲတုန်ခါလှိုင်းမှာ အပြင်ဘက်သို့ ပြန့်ထွက်သွားသည်။

【-၃၂၄】

【-၃၅၁】

【-၃၃၂】

【-၃၂၈】

【-၃၅၆】

ဇွန်ဘီအားလုံးမှာ ဟန်ချက်ပျက်သွားကြသည်။ ၎င်းတို့၏ ခေါင်းပေါ်တွင် ကိန်းဂဏန်းများ ဆက်တိုက်ပေါ်လာပြီး ဝမ်ထောင်၏ အမြင်အာရုံကိုပင် ဝါးတားတား ဖြစ်စေသည်။

"ငါ တကယ်ပဲ သန်မာလာတာပဲ"

စိတ်ထဲတွင် အံ့ဩနေသော်လည်း ဝမ်ထောင်၏ လှုပ်ရှားမှုများ မရပ်တန့်သွားပေ။

ဒုန်း..

【-၄၆၁】

【-၃၄၂】

【...】

နောက်ဆက်တွဲတုန်ခါလှိုင်း၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခုမှာ ထိမှန်သော ဇွန်ဘီများမှာ ထိခိုက်မှုသာမက နောက်သို့ လွင့်စဉ်သွားခြင်း သို့မဟုတ် လဲကျသွားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့တွင် ပြန်လည်တိုက်ခိုက်မှု ပြုလုပ်ရန် အချိန်မရှိတော့ပေ။

ဝမ်ထောင်ကလည်း မနားပါ ။ ဆက်တိုက်ထုပစ်၏။

【-၂၀၇】

【-၂၁၁】

【...】

【၀/၁၀၀၀】

【...】

တူရိုက်ချက် သုံးချက်ဖြင့် ဇွန်ဘီငါးကောင်အဖွဲ့မှာ အမြစ်ပြတ်သွားသည်။

"ကောင်းတယ်.."

ဝမ်ထောင်သည် သူ၏တူကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပြီး ကျလာသောပစ္စည်းအိတ်များကို သိမ်းဆည်းလိုက်သည်။

【ရရှိသည် - သံဗူး *၂】

【ရရှိသည် - ထက်မြက်သောဓားသွား *၃】

【ရရှိသည် - သံမှို *၂】

【...】

ပုံမှန်ဇွန်ဘီများမှာ များသောအားဖြင့် ပစ္စည်း ၁-၂ ခုသာ ကျတတ်ပြီး တစ်ခုသာ ကျခြင်းမှာ ပိုများသည်။ သို့သော် ဤဇွန်ဘီများမှာ ပစ္စည်း ၂-၃ ခုခန့် ကျသည်။ သို့သော် အန္တရာယ်အရ ပြောရလျှင် ၎င်းတို့မှာ ပုံမှန်ဇွန်ဘီများထက် အဆပေါင်းများစွာ ပိုမိုအန္တရာယ်များသည်။ ၎င်းတို့မှာ လျင်မြန်ရုံသာမက အုပ်စုလိုက်လည်း ပေါ်လာတတ်သည်။နံရံများကိုပါ ကုပ်တက်နိုင်ကြ၏။

"ဒီဇွန်ဘီတွေက မိုးကြီးရွာပြီးမှ ပေါ်လာတဲ့ မျိုးစိတ်သစ်တွေ ဖြစ်နိုင်တယ်..."

ဝမ်ထောင် သူ၏သွေးဘားတန်းကို ပြန်စစ်ဆေးကြည့်သည်။ သွေးပမာဏ တစ်မှတ်မျှပင် တိုးမလာပေ။ သူစိတ်ပျက်ခြင်း မရှိပါ။ အကြောင်းမှာ ကျလာသော ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ ပုံမှန်ဇွန်ဘီများသာ ဖြစ်ကြောင်း သိနိုင်သည်။ ဝမ်ထောင်၏ အမြင်တွင် အမြုတေကျလာသော ဇွန်ဘီများကိုသာ အထူးဇွန်ဘီများဟု ခေါ်ဆိုသည်။

အထူးဇွန်ဘီများက သူ၏ သွေးပမာဏကို တိုးပေးနိုင်သေးလားဆိုသည်ကို စမ်းသပ်ရန် အခွင့်အရေး မရသေးပေ။ သူသည် မကြာသေးမီးက အထူးဇွန်ဘီတစ်ကောင်နှင့် ကြုံရသော်လည်း ၎င်းမှာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသွားသဖြင့် ဝမ်ထောင်သတ်သည်ဟု မရေတွက်ပေ။ ဇွန်ဘီအမြုတေမှလွဲ၍ ဘာမျှ မကျလာခဲ့ပေ။

ဝမ်ထောင်သည် ဇွန်ဘီငါးကောင်၏ အလောင်းများကို အောက်ထပ်သို့ ပစ်ချလိုက်ပြီးနောက် သူ၏လူနေရပ်ကွက်ကို ကြည့်ကာ စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။

"ထွက်ခွာဖို့ အချိန်တန်ပြီ..."

သူသည် အနည်းငယ် ထပ်ပြင်ဆင်ရန် စီစဉ်ထားပြီး အခုလို အလျင်စလို မထွက်ခွာချင်သေးပေ။ သို့သော် အရူးဇွန်ဘီများကဲ့သို့ ဇွန်ဘီများ ပေါ်လာခြင်းကြောင့် ဝမ်ထောင်၏စိတ်တွင် အရေးတကြီး ခံစားလာရသည်။ သူ၏လူနေရပ်ကွက် ပတ်လည်တံတိုင်းမှာ ဤကဲ့သို့သော ဇွန်ဘီများကို လုံးဝ မတားဆီးနိုင်ပေ။ ဤအရူးဇွန်ဘီများသည် အဆောက်အအုံများကိုပင် တက်နိုင်ကြ၏။

ဝမ်ထောင် အိမ်ပြန်ရောက်သောအခါ တင်ယွီချင်သည် စိုးရိမ်တကြီးဖြင့် အမြန်လာမေးသည်။

"ဝမ်ထောင် အဆင်ပြေရဲ့လား"

"စိတ်မပူပါနဲ့ မရီး၊ ငါ အဆင်ပြေပါတယ်"

"ဒါဆို... အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ"

"ဇွန်ဘီမျိုးစိတ်သစ် တစ်မျိုး ပေါ်လာတယ်..."

ဝမ်ထောင် အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ဤဇွန်ဘီများသည် လူနေရပ်ကွက်တံတိုင်းကို ကျော်ဖြတ်နိုင်ရုံသာမက အဆောက်အအုံ၏ အပြင်ဘက်နံရံကို တက်၍ ခေါင်မိုးပေါ်အထိ ရောက်နိုင်ကြောင်း ကြားလိုက်ရသောအခါ တင်ယွီချင်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမ အလုပ်မရှိသည့်အခါ ခေါင်မိုးပေါ်သို့ သွား၍ အပင်များကို ရေလောင်းရသည်ကို နှစ်သက်သည်။ သူမ၏ အမြင်တွင် ဤအဆောက်အအုံမှာ ကမ္ဘာကြီးပေါ်တွင် အလုံခြုံဆုံးနေရာဖြစ်သည်။

ယခုမူ ရေလောင်းနေရင်း ဇွန်ဘီတစ်ကောင်နှင့်သာ တွေ့လိုက်ရပါက... သူမ သေချာပေါက် သေရလိမ့်မည်။

"ဒါဆို... ဘာလုပ်ကြမလဲ၊ အပင်တွေကို အောက်ကို သယ်လာကြမလား"

တင်ယွီချင် အနည်းငယ် ကြောက်လန့်နေသည်။ ဝမ်ထောင်၏ ကာကွယ်မှုအောက်တွင် တည်ငြိမ်သောရက်အနည်းငယ်ကို သူမ ရရှိခဲ့ပြီ ဖြစ်သည်။

ဘုရားသခင်က သူမကို ဆက်ပြီး အေးချမ်းခွင့် မပေးတော့ဘူးလား။

"စိတ်မပူပါနဲ့ မရီး၊ ဒီဇွန်ဘီတွေက အသံကျယ်ကျယ်ကြောင့် ဆွဲဆောင်ခံလိုက်ရတာပါ၊ အသံ သိပ်မထွက်သရွေ့တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီမှာတော့ ကြာကြာနေလို့ မဖြစ်တော့ဘူး၊ ဘယ်တော့ ထွက်ရမလဲဆိုတာ ငါ စီစဉ်ကြည့်မယ်၊ မနက်ဖြန်ကျရင် ငါ ထပ်ထွက်ဦးမယ်..."

ဝမ်ထောင် သူမကို နှစ်သိမ့်လိုက်သည်။

"အင်းပါ၊ ဝမ်ထောင်ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"

တင်ယွီချင်သည် ဝမ်ထောင်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

"အင်း..."

ဝမ်ထောင်သည် သူကောက်ယူလာသော ဇွန်ဘီအမြုတေကို ကြည့်ရန် မေ့နေကြောင်း ရုတ်တရက် သတိရသွားသည်။ စိတ်ထဲမှ တွေးလိုက်သည်နှင့် ဝမ်ထောင်၏ လက်ထဲတွင် အပြာနုရောင် ကြည်လင်သော အမြုတေတစ်ခု ပေါ်လာသည်။

【အဆင့် ၁ ကိုယ်ကိုယ်ကိုယ်ဖောက်ခွဲအမြုတေ】

【အရည်အသွေး - ကောင်းမွန် (၆၀%)】

【သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - မရှိ)】

ဘေးထွက်ဆိုးကျိုးမရှိတဲ့ အမြုတေတစ်ခု ဖြစ်နေပါလား။ ဝမ်ထောင် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် နောက်ဆက်တွဲ ရှင်းလင်းချက်ကို ဖတ်လိုက်ရသောအခါ ဘာကြောင့် ဘေးထွက်ဆိုးကျိုး မရှိသည်ကို သူ နားလည်သွားသည်။

【ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း - စွမ်းအင်အားလုံးကို စားသုံးပြီး ခန္ဓာကိုယ်ကို ချက်ချင်း ပေါက်ကွဲစေသည်။ ပေါက်ကွဲမှု၏ အကွာအဝေးနှင့် စွမ်းအားမှာ စွမ်းအင်ပမာဏအပေါ် မူတည်သည်။】```

" ငါက ဒါကိုဘယ်လိုသုံးရမှာလဲ"

------

All Chapters