← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း ၆၇ - အမြုတေများ၏ အရည်အသွေး

အမြုတေတိုင်းတွင် ဘေးထွက်ဆိုးကျိုးများ ရှိသည်ဟု ဝမ်ထောင် ထင်ထားခဲ့သော်လည်း ထိုသို့မဟုတ်ကြောင်း သိလိုက်ရသည်။

အမြုတေတိုင်းတွင် မသန့်စင်သောအရာများ ပါဝင်နေသော်လည်း ၎င်းတို့တိုင်းတွင် ဘေးထွက်ဆိုးကျိုး ရှိနေသည်ဟု မဆိုလိုပေ။ ဘေးထွက်ဆိုးကျိုးဆိုသည်မှာ မျက်လုံးများ အလင်းရောင်နှင့် ထိတွေ့လျှင် နာကျင်ခြင်း သို့မဟုတ် အလွန်အမင်း အဝလွန်ခြင်းကဲ့သို့ ထင်ရှားသော လက္ခဏာများကို ဆိုလိုသည်။

မသန့်စင်သောအရာများ ကိုယ်တိုင်ကပင် ဘေးထွက်ဆိုးကျိုးတစ်မျိုးဖြစ်၏။ အကယ်၍ ၎င်းတို့ များပြားလာပါက ဇွန်ဘီဖြစ်သွားမည့် အန္တရာယ်ရှိသည်။ သို့သော် ၎င်းမှာ ကြာရှည်စွာ စုပုံမိခြင်း၏ ရလဒ်သာဖြစ်သည်။ နှစ်ခုမှာ တူသလိုလိုနှင့်ကွဲပြားခြားနားသည်။

ယခုအမြုတေအကြောင်း ပြောရမည်ဆိုလျှင် ဘေးထွက်ဆိုးကျိုးမရှိဟုသည်ကို တွေ့လိုက်ရသဖြင့် ဝမ်ထောင် အံ့အားသင့်မိသည်။ သို့သော် ၎င်း၏စွမ်းရည်ဖော်ပြချက်ကို မြင်လိုက်ရသည့်အခါ သူ ချက်ချင်းပင် နားလည်သွားသည်။

ဤစွမ်းရည်ကို ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းဟု အမည်ပေးထားခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းမှာ တစ်သက်တာတွင် တစ်ကြိမ်သာ အသုံးပြုနိုင်သော စွမ်းရည်ဖြစ်သည်။ ဝမ်ထောင်အတွက်မူ ဤကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲအမြုတေမှာ အရင်က သူစားသုံးခဲ့သည့် အငမ်းမရစားသောက်အမြုတေကဲ့သို့ပင် အသုံးမဝင်သော ပစ္စည်းတစ်ခုသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအမြုတေနှစ်မျိုးစလုံးကို ဝမ်ထောင်သည် ပေါင်းစပ်ရန် ရွေးချယ်လိမ့်မည် မဟုတ်ပေ။

အခြားသူများအတွက်မူ ဤအမြုတေနှစ်မျိုးမှာ အသုံးဝင်နိုင်သည်။ စွမ်းရည်အသုံးပြုသူ ဖြစ်လာပြီးနောက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာမည်ဖြစ်ရာ စွမ်းရည်ကို မသုံးလျှင်ပင် အရှုံးမရှိပေ။ ထို့နောက် ဝမ်ထောင်သည် အမြုတေများအကြား ကွာခြားချက်များကို ပြန်လည်တွေးတောလိုက်သည်။

သူသည် ယခုအချိန်အထိ ဇွန်ဘီအမြုတေ လေးခု ရရှိထားသည်။ ၎င်းတို့မှာ တုန်ခါလှိုင်းအမြုတေ နှစ်ခု၊ အငမ်းမရစားသောက်အမြုတေ တစ်ခုနှင့် ယနေ့ရရှိသော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲအမြုတေ တစ်ခုတို့ဖြစ်သည်။ အမျိုးအစား ကွဲပြားသည့်အပြင် ဤအမြုတေလေးခုမှာ အရည်အသွေးများလည်း မတူညီကြပေ။ ၎င်းတို့၏ သန့်စင်မှုမှာ ၅၀% ဟု တူညီကြသည်။ ထို့ကြောင့် ပထမအဆင့် အမြုတေများ၏ သန့်စင်မှုမှာ ၅၀% စီ ဖြစ်သင့်သည်ဟု ဝမ်ထောင် ယူဆသည်။

အဆင့်မြင့်အမြုတေများ၏ သန့်စင်မှုမှာ ပိုများမည် သို့မဟုတ် ပိုနည်းမည်ကို မသိသော်လည်း ၎င်းမှာ လျော့ကျသွားဖွယ် ရှိသည်ဟု ဝမ်ထောင် ခံစားရသည်။

အမြုတေများ၏ အရည်အသွေးအရ ဝမ်ထောင်တွင် အရည်အသွေးနှင့် အရောင် ကွဲပြားသော အမြုတေ လေးခု ရှိသည်။ ၎င်းတို့မှာ ပေါင်းစပ်မှုအောင်မြင်နှုန်း ၂၀% ရှိသည့် အဖြူရောင်သာမန်အဆင့်၊ ၄၀% ရှိသည့် အပြာရောင်အဆင့်မြင့်၊ ၆၀% ရှိသည့် အခရမ်းရောင်ထူးကဲအဆင့်နှင့် ၈၀% ရှိသည့် အနီရောင်သာလွန်အဆင့်တို့ ဖြစ်သည်။ ဝမ်ထောင်သည် အရင်က တုန်ခါလှိုင်းအမြုတေ နှစ်ခုကို ပေါင်းစပ်ပြီး ပေါင်းစပ်မှုအောင်မြင်နှုန်း ၁၀၀% ရှိသည့် လိမ္မော်ရောင်မော်ကွန်းဝင်အဆင့်ကို ရရှိခဲ့ဖူးသည်။

ထိုသို့ ကြည့်ခြင်းအားဖြင့် အခြေအနေမှာ အလွန်ရှင်းလင်းနေသည်။ အမြုတေတွင် အရည်အသွေးငါးမျိုး ရှိသင့်သည်။ ၎င်းတို့မှာ အဖြူရောင်သာမန်အဆင့် (၂၀%)၊ အပြာရောင်အဆင့်မြင့် (၄၀%)၊ အခရမ်းရောင်ထူးကဲအဆင့် (၆၀%)၊ အနီရောင်သာလွန်အဆင့် (၈၀%) နှင့် လိမ္မော်ရောင်မော်ကွန်းဝင်အဆင့် (၁၀၀%) တို့ဖြစ်သည်။ လိမ္မော်ရောင်မော်ကွန်းဝင်အဆင့်မှာ သူကိုယ်တိုင် ပေါင်းစပ်ထားခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော အရာမျိုး ရှိနေသည်ဆိုလျှင် အမြုတေကျလာသည့်အခါတွင်လည်း ရရှိနိုင်မည်ဟု သူ ထင်၏။ အကယ်၍ မော်ကွန်းဝင်အဆင့် အမြုတေတစ်မျိုးမျိုး ကျလာပါက ၎င်းမှာ ကံကောင်းမှု၏ အထွတ်အထိပ်ပင် ဖြစ်ပေလိမ့်မည်။

လိမ္မော်ရောင်မော်ကွန်းဝင်အဆင့် မဟုတ်လျှင်ပင် ခရမ်းရောင်ထူးကဲအဆင့်နှင့် အနီရောင်သာလွန်အဆင့်တို့မှာလည်း ကောင်းမွန်သည်။ အနည်းဆုံးတော့ ပေါင်းစပ်မှုအောင်မြင်နှုန်းမှာ ၅၀% ထက် ပိုများသည်။ ဝမ်ထောင်အတွက် လက်ရှိတွင် အထိရောက်ဆုံးနည်းလမ်းမှာ ပေါင်းစပ်မှုအောင်မြင်နှုန်း စုစုပေါင်း ၁၀၀% ပြည့်မီမည့် အမြုတေနှစ်ခုကို ပေါင်းစပ်ခြင်းဖြစ်သည်။ အကြောင်းမှာ အမြုတေပေါင်းစပ်ခြင်းပြီးနောက် သန့်စင်မှုမှာလည်း ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်သည်။ လက်ရှိတွင် ပထမအဆင့် အမြုတေတစ်ခု၏ သန့်စင်မှုမှာ ၅၀% ဖြစ်သဖြင့် နှစ်ခုဆိုလျှင် ၁၀၀% ပြည့်စုံသည်။ အကယ်၍ အမြုတေသုံးခုကို ပေါင်းစပ်ပါက သန့်စင်မှုမှာ အနည်းငယ် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

"ဂလု..."

တံထွေးမြိုချသံကို ကြားလိုက်ရသဖြင့် ဝမ်ထောင်သည် ခေါင်းလှည့်ကြည့်လိုက်ရာ တင်ယွီချင်သည် ဇွန်ဘီအမြုတေအား တပ်မက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မရီး၊ ဒါကို စားချင်တာလား"

ဝမ်ထောင် မျက်ခုံးပင့်ကာ မေးလိုက်သည်။

"စားချင်တယ်..."

တင်ယွီချင်မှာ အသိစိတ်မရှိဘဲ ဖြေလိုက်မိသည်။ ထို့နောက် သတိပြန်ဝင်လာပြီး ရှက်ရွံ့စွာဖြင့် အမြန်ပြောလိုက်၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မစားတော့ပါဘူး၊ ဝမ်ထောင်ပဲ စားလိုက်ပါ"

ဝမ်ထောင်သည် သူမအား ဇွန်ဘီအမြုတေများအကြောင်း ပြောပြထားသော်လည်း ဇွန်ဘီအမြုတေမှာ မည်သို့ရှိသည်ကို သူမ မသိပေ။ ဝမ်ထောင်၏ လက်ထဲရှိ အမြုတေမှာ အလွန်သန့်ရှင်းနေသဖြင့် ၎င်းမှာ ဇွန်ဘီအမြုတေမှန်း သူမ မသိခဲ့ခြင်း ဖြစ်သည်။

"မရီး၊ ဒါက ဘာလဲသိလား၊ ဒါက ဇွန်ဘီအမြုတေလေ၊ ဒါကို စားလိုက်ရင် စွမ်းရည်တစ်ခုခု ရနိုင်တဲ့ အခွင့်အရေးရှိတယ်၊ မက်မောတဲ့စိတ် မရှိဘူးလား"

ဝမ်ထောင်က စိတ်ဝင်စားဖွယ်ရာ စကားဖြင့် လှုံ့ဆော်လိုက်သည်။

"မမက်မောပါဘူး"

တင်ယွီချင်သည် တံတွေးမြိုချနေဆဲ ဖြစ်သော်လည်း ချက်ချင်း ခေါင်းလှည့်သွားသည်။ သူမသည် စွမ်းရည်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂရုမစိုက်ပေ။ ဝမ်ထောင်က သူမကို မစွန့်ပစ်သရွေ့ သူမ ကျေနပ်သည်။ သို့သော် သူမ၏ ဗီဇစိတ်က အမြုတေကို စားရန် တိုက်တွန်းနေသဖြင့် သူမသည် အမြုတေကို မကြည့်ဘဲ နေလိုက်တော့သည်။ တင်ယွီချင်သည် လိမ်ပြောနေခြင်း မဟုတ်ကြောင်း မြင်လိုက်ရသဖြင့် ဝမ်ထောင် အံ့ဩသွားသည်။

အရင်က တင်ယွီချင်မှာ လုပ်ငန်းခွင်ဝင် အမျိုးသမီးမျိုးဟု သူထင်ခဲ့သည်။ သို့သော် သူမနှင့် ပိုရင်းနှီးလာသောအခါ သူမမှာ အမျိုးသားများအပေါ် အမှီပြုတတ်သည့် ရိုးရာအမျိုးသမီးမျိုး ဖြစ်ကြောင်း သိလိုက်ရသည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးတွင် စီးပွားရေးလုပ်ရန် သို့မဟုတ် ငွေရှာရန် မျှော်လင့်ခြင်းမှာ အဆင်မပြေနိုင်သော်လည်း ဇနီးကောင်းတစ်ယောက် ဖြစ်ရန်မှာမူ ပြဿနာမရှိပေ။

"ကောင်းပြီ၊ အမြုတေတွေအကြောင်း နည်းနည်းရှင်းပြပေးမယ်..."

ဝမ်ထောင်သည် သူသိသမျှကို တင်ယွီချင်အား ရှင်းပြလိုက်သည်။ နောက်ပိုင်းတွင် တွေ့ကြုံရပါက သူမ အလန့်တကြား မဖြစ်စေရန် ဖြစ်သည်။ ဤဇွန်ဘီအမြုတေတွင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသည့်စွမ်းရည် ရှိကြောင်း ကြားလိုက်ရသောအခါ တင်ယွီချင် တုန်လှုပ်သွားသည်။

"မစားမိတာ ကံကောင်းတယ်၊ ငါ ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲချင်ဘူး"

အမြုတေမှာ လက်ရှိတွင် အသုံးမလိုသေးသဖြင့် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် ခဏ သိမ်းထားလိုက်သည်။ ဝမ်ထောင်လည်း ကိုယ်တိုင် အသုံးပြုရန် စိတ်မကူးပေ။ အကြောင်းမှာ ဤသည်မှာ ဂိမ်းမဟုတ်ပါ သေသွားလျှင် ခနခနပြန်မရှင်နိုင်ပေ။ သူ၏အသက်မှာ တစ်ခုတည်းသာ ရှိ၏။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရမည့်အထိ ရောက်သွားပါက မည်သို့ပင်ဖြစ်စေ သူ သေရမည်သာ ဖြစ်သည်။

အခြားသူများကို ကူညီရန်အတွက် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်မည့် စိတ်ဓာတ်မျိုး သူတွင် မရှိပေ။

ညဘက်ရောက်သောအခါ ဝမ်ထောင်နှင့် မရီးဖြစ်သူတို့၏ နွေးထွေးသောလေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်၌ အချိန်စောနေသေးသဖြင့် သူသည် ဝေါ်ကီတော်ကီကို ထုတ်လိုက်သည်။ ထို့နောက် အိုရင်းရင်းနှင့် နောက်တစ်ကြိမ် အဆက်အသွယ် ရသွားလေသည်။

သူတို့ နောက်ဆုံးအဆက်အသွယ် ရပြီးနောက် တစ်ပတ် ရှိသွားပြီဖြစ်သည်။ အခြားသူများ မသေဆုံးသေးသည်ကို တွေ့ရသဖြင့် ဝမ်ထောင် အနည်းငယ် အံ့ဩမိ၏။

ဝမ်ထောင် အခြေအနေကို စစ်ဆေးကြည့်ရာ အိုရင်းရင်းက လက်ဖက်ရည်ဆိုင်တွင် အစားအစာ အနည်းငယ် ကျန်ရှိနေပြီး သူတို့နှစ်ဦးအတွက် လုံလောက်ကြောင်း ပြောပြသည်။ သံလိပ်တံခါးမှာလည်း ခိုင်ခံ့သဖြင့် ပုံမှန်ဇွန်ဘီများ မဝင်နိုင်ပေ။ လက်ဖက်ရည်ဆိုင်အတွင်း တိတ်ဆိတ်စွာ နေသရွေ့ လုံခြုံမှု ရှိသည်။ သို့သော် လုံခြုံသော်လည်း သူတို့နှစ်ဦးစလုံးမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ယိုင်နဲ့နေကြပြီဖြစ်သည်။

"အစ်ကိုကြီး၊ ကျွန်မတို့ကို ကယ်ဖို့ လူလွှတ်ပေးပါဦး၊ ကျွန်မတို့ တကယ်ပဲ အရူးလို ဖြစ်နေပါပြီ..."

လက်ဖက်ရည်ဆိုင်ထဲတွင် ဆံပင်များ ရှုပ်ပွပြီး ခန္ဓာကိုယ်ညစ်ပတ်နေသော အိုရင်းရင်းမှာ ငိုယိုရင်း ပြောလိုက်သည်။ သူမနှင့် ဆန်းဝေကွမ်တို့မှာ ဤလက်ဖက်ရည်ဆိုင်တွင် တစ်ပတ်ကြာ နေထိုင်နေကြသည်။ ဆိုင်၏နေရာမှာ အလွန်သေးငယ်ပြီး စားသောက်ခြင်းနှင့် ရေချိုးခန်းသုံးခြင်းအားလုံးကို အတွင်းမှာပင် လုပ်ဆောင်ကြသည်။ လူသားတို့၏ အနံ့ရလိုက်ပါက ဇွန်ဘီများ ဝိုင်းလာမည်ဖြစ်ရာ တံခါးကိုပင် မဖွင့်ရဲကြပေ။ ထို့ကြောင့် အတွင်းရှိ အနံ့ဆိုးမှာ မည်သို့ရှိမည်ကို ခန့်မှန်းနိုင်သည်။ အတွင်းတွင် အနံ့ဆိုးများဖြင့် ပြည့်နှက်နေပြီး အပြင်ဘက်တွင် ဇွန်ဘီများက တံခါးကို ခေါက်နေကြသည်။ အထူးသဖြင့် ညဘက်တွင် ခြေသံများနှင့် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများကို ကြားနေရသည်။ ဤပတ်ဝန်းကျင်တွင် တစ်ပတ်ကြာ အနှိပ်စက်ခံခဲ့ရပြီးနောက် သူမ စိတ်မပျက်သေးခြင်းမှာပင် အတော်လေး ခိုင်မာသည်ဟု ဆိုနိုင်သည်။

ကံကောင်းစွာဖြင့် လက်ဖက်ရည်ဆိုင်ထဲတွင် သူမတစ်ယောက်တည်း မဟုတ်ဘဲ ဆန်းဝေကွမ်လည်း ရှိနေသည်။ သူတို့နှစ်ဦး စကားပြောဆိုပြီး အထီးကျန်မှုကို ဖြေဖျောက်နိုင်ကြသည်။ ဝမ်ထောင်အနေဖြင့် သူတို့နှစ်ဦးကို သနားစိတ် မရှိသော်လည်း ထိုရဲမေအကြောင်းကို တွေးမိလိုက်သည်။

တရားမျှတမှုစိတ်ဓာတ်ရှိသော ထိုရဲမေကို သူလေးစားသည်။ သူမသည် ဆိုင်တစ်ဆိုင်တွင် ပုန်းခိုနေပြီး ဆိုင်မှာလည်း လုံခြုံသည်ဟု ထင်ရသော်လည်း အိုရင်းရင်း ပြောပြသည့် ပတ်ဝန်းကျင်မျိုးတွင် သူမတစ်ယောက်တည်း ကြာကြာမခံနိုင်ပေ။ ဝမ်းနည်းစရာပင်။

"အဆင်ပြေအောင် နေကြပါဦး၊ ကယ်ဆယ်ရေးကို စောင့်ပါ"

ဝမ်ထောင်သည် အပေါ်ယံမျှသာ ပြောဆိုပြီးနောက် ဝေါ်ကီတော်ကီကို ပိတ်လိုက်ပြီး သူ၏ဘေးမှ တင်ယွီချင်ကို ကြည့်လိုက်၏။

.......

အခန်း ၆၈ - လျှပ်စစ်တောင်တက်ကား

"အပြင်ဘက်က အရမ်းအန္တရာယ်များတယ်..."

တင်ယွီချင်သည် ဝမ်ထောင်၏ ရင်ဘတ်ပေါ်တွင် မှီတွယ်ရင်း သူမ၏ လက်ညှိုးဖြင့် စက်ဝိုင်းများ ရေးဆွဲကာ သက်ပြင်းချလိုက်သည်။ သူမသည် အိုရင်းရင်း ပြောသမျှကို အစအဆုံး ကြားလိုက်ရသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူမဆိုလျှင် မည်မျှကြာအောင် အသက်ရှင်နိုင်မည်ကို စဉ်းစားရခက်လှသည်။ ဤသည်မှာ ဝမ်ထောင်ကြောင့်သာ ဖြစ်သည်။

"အန္တရာယ်မများရင် ကမ္ဘာပျက်ကပ်လို့ ဘယ်ခေါ်မလဲ..."

ဝမ်ထောင်သည် တင်ယွီချင်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် ရုတ်တရက် ပြုံးစိစိဖြင့် သူမ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

"မရီး၊ ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ် မဟုတ်လား"

"ဟင်... မရီးကို ဘယ်လို ကျေးဇူးတင်စေချင်တာလဲ..."

နားထဲသို့ တိုးဝင်လာသော ပူနွေးသည့် အသက်ရှူသံကြောင့် တင်ယွီချင်၏ နားသီးလေးများ နီရဲလာပြီး မော့ကြည့်ကာ ကိုယ်ကို မသက်မသာ ရွှေ့လိုက်သည်။ ဝမ်ထောင်သည် သူမ၏ နီရဲနေသော နှုတ်ခမ်းများကို ငေးကြည့်နေမိသည်။

"ဒီလိုလေ ."

"အား..ဝမ်ထောင်..."

ဒီနေ့လည်း မိုးရွာနေပြန်သည်။

ဝမ်ထောင်သည် မိုးကို အန်တုကာ အရင်က လေဟာပြင်ကားပါကင်သို့ ပြန်သွားရန် စီစဉ်လိုက်သည်။ လောင်စာဆီ စုဆောင်းခြင်းနှင့် ယာဉ်ရှာဖွေခြင်း လုပ်ငန်းမှာ မပြီးဆုံးသေးပေ။ တင်ယွီချင်၏ စိုးရိမ်တကြီး ကြည့်နေမှုကို ကျောခိုင်းကာ ဝမ်ထောင်သည် ဓာတ်ဆီပုံးကို ကိုင်လျက် ဟက်ပီးနက်စ်လူနေရပ်ကွက်မှ ထွက်ခွာလာခဲ့၏။

ဝမ်ထောင်သည် လမ်းမပေါ်ရှိ ဇွန်ဘီများကို မနေ့က ရှင်းလင်းထားခဲ့သော်လည်း တစ်ညအကြာတွင် ဇွန်ဘီအချို့ ပြန်လည်ရောက်ရှိလာကြသည်။ ဝမ်ထောင်သည် မဆိုင်းမတွပင် တူကိုကိုင်လျက် မိုးရေထဲတွင် လှုပ်ရှားကာ တစ်ကောင်ချင်းစီကို ရှင်းလင်းပစ်လိုက်သည်။

"ဒီဇွန်ဘီတွေက ပိုပြီး ထိုင်းမှိုင်းနေသလိုပဲ၊ ငါ ဒီလောက်နားရောက်နေတာတောင် မသိကြဘူး...ဒါလည်း မိုးကြောင့်လား"

ဝမ်ထောင် စဉ်းစားလိုက်သည်။

မိုးပေါက်များက မြေပြင်နှင့် အဆောက်အအုံများကို ရိုက်ခတ်နေသည့် အသံမှာ တဒေါက်ဒေါက်နှင့် အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုဆူညံသံမှာ ဇွန်ဘီများ၏ အကြားအာရုံကို အနှောင့်အယှက် ဖြစ်စေနိုင်ပုံရသည်။ မိုးကြောင့် အနံ့များလည်း ပျောက်ကွယ်သွားသဖြင့် ၎င်းတို့၏ အာရုံခံစားမှုများ အားနည်းသွားခြင်းမှာ ဖြစ်နိုင်ချေ ရှိသည်။

ဇွန်ဘီ ဆယ်ကောင်ကျော်ကို သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် လေဟာပြင်ကားပါကင်သို့ အဆင်ပြေပြေ ရောက်ရှိသွားသည်။ သို့သော် သူသည် တိုက်ရိုက် မဝင်ရဲဘဲ ပတ်လည်ကို သေချာစွာ စောင့်ကြည့်လိုက်သည်။ မနေ့ကကဲ့သို့ ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်ဇွန်ဘီများ မရှိကြောင်း အတည်ပြုပြီးမှသာ သတိကြီးစွာဖြင့် အတွင်းသို့ ဝင်လိုက်သည်။

ဝမ်ထောင် လှည့်ပတ်ကြည့်လိုက်လေ၏။ တံခါးပွင့်နေသော ကားနှစ်စီးမှလွဲ၍ ကျန်ကားအားလုံးမှာ တံခါးများ ပိတ်လျက်ရှိသည်။ ပိတ်ထားသောကားများထဲတွင် မတော်တဆဖြစ်ထားသောယာဉ် သုံးစီးမှာ တစ်စုံတစ်ခုဖြင့် ရိုက်ခွဲခံထားရသည့်အတိုင်း ဖြစ်နေသည်။ ဝမ်ထောင်သည် လောင်စာဆီ စုပ်ယူရန် တံခါးပွင့်နေသော သို့မဟုတ် ပျက်စီးနေသော ကားများကိုသာ ပစ်မှတ်ထားခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏ အချက်ပေးသံများ မမြည်နိုင်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍သာ အကောင်းပကတိကားများကို အတင်းဖွင့်ပါက အချက်ပေးသံများ မြည်လာမည် ဖြစ်သည်။ သူသည် မနေ့ကကဲ့သို့ အရူးဇွန်ဘီအုပ်စုကြီး၏ လိုက်လံဖမ်းဆီးခြင်းကို မခံလိုပေ။

မကြာမီပင် ဝမ်ထောင်သည် အသံမထွက်ဘဲ ဓာတ်ဆီပုံးကို ဖြည့်လိုက်သည်။

"နောက်တစ်ခု"

စတုတ္ထမြောက်ကားမှာ တံခါးပွင့်နေသည်။ အတွင်းတွင် ဇွန်ဘီတစ်ကောင်မှာ စတီယာရင်ပေါ်တွင် မှောက်လျက်ရှိပြီး ဝမ်ထောင် ရောက်လာသည်ကိုပင် သတိမထားမိပေ။ ဝမ်ထောင်သည် ထိုဇွန်ဘီကို ရုတ်တရက် ဆွဲထုတ်ကာ တူဖြင့် ခေါင်းကို ရိုက်ချလိုက်သည်။

【-၅၀၀】

ဇွန်ဘီမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားသည်။ ထိုအခါမှသာ ဝမ်ထောင် ကားကို ကြည့်လိုက်သည်။

"ဟေ... ဒါ လျှပ်စစ်ကား ဖြစ်ရမယ်၊ မောင်းနှင်အားတိုးချဲ့ထားတဲ့ မော်ဒယ်ပုံစံပဲ..."

၎င်းမှာ ပြည်တွင်းထုတ် ကြမ်းတမ်းသောတောင်တက်ကား ဖြစ်သည်။ ထောင့်ချိုးများဖြင့် ပုံစံထုတ်ထားပြီး အလွန်ပင် ခွန်အားကြီးမားပြီး ဩဇာညောင်းပုံပေါက်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက ကမ္ဘာတစ်ဝန်းလုံးတွင် စွမ်းအင်သစ်ယာဉ်များကို မြှင့်တင်နေခဲ့ပြီး ဂန်နိုင်ငံတွင်လည်း စွမ်းအင်သစ်ကားကောင်းများစွာ ထွက်ရှိခဲ့သည်။ ဆီဒင်ကားများ၊ ဆက်ဖ်ကားများ၊ တောင်တက်ကားများ အစရှိသဖြင့် စုံလင်လှသည်။ နှိုင်းယှဉ်ရလျှင် စွမ်းအင်သစ် ဆက်ဖ်ကားများမှာ အရောင်းရဆုံး ဖြစ်ပြီး ဆီဒင်ကားများ နောက်မှ လိုက်ကာ တောင်တက်ကားများမှာ အရောင်းအနည်းဆုံး ဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာ ကိုယ်ပိုင်အကြိုက်ထက် ဈေးနှုန်းကြောင့် ဖြစ်သည်။ စွမ်းအင်သစ် တောင်တက်ကားများမှာ အခြားယာဉ်များထက် ဈေးပိုကြီးသည်။

ဝမ်ထောင် မှတ်မိသလောက်ဆိုလျှင် သူ၏ရှေ့ရှိကားမှာ မောင်းနှင်အားတိုးချဲ့ထားသောစွမ်းအင်သစ်ယာဉ် ဖြစ်သည်။ လောင်စာဆီလည်း ထည့်နိုင်ပြီး လျှပ်စစ်လည်း အားသွင်းနိုင်သည်။ အင်ဂျင်က ဘီးများကို တိုက်ရိုက်မမောင်းဘဲ လောင်စာဆီသုံး၍ လျှပ်စစ်ဓာတ်အား ထုတ်ယူပြီး မော်တာများမှတစ်ဆင့် ဘီးများကို မောင်းနှင်ခြင်း ဖြစ်သည်။ ၎င်း၏ဈေးနှုန်းမှာ ခြောက်သိန်းမှ စတင်သည်။ ၎င်းမှာ လူကြိုက်များသော်လည်း ဈေးနှုန်း မသက်သာသဖြင့် အရောင်းမသွက်သော ကားမျိုး ဖြစ်သည်။

ဝမ်ထောင် ကားထဲသို့ တက်ကာ ရှာဖွေရာ ကားသော့ကို တွေ့လိုက်ရသည်။ အသံအနည်းငယ် မြည်လာပြီးနောက် သော့တွင် မီးလင်းလာသည်ကို မြင်ရသဖြင့် ဝမ်ထောင် အလွန်ဝမ်းသာသွား၏။

"ဟင်... မပျက်သေးဘူးပေါ့"

သူသည် ဘရိတ်ကို နင်းကာ စက်နှိုးခလုတ်ကို နှိပ်လိုက်သည်။

ဗရူး..ဗရူး..

လျှပ်စစ်မော်တာ စတင်လည်ပတ်သည့် အသံကို ကြားလိုက်ရသည်။

"လျှပ်စစ်ဓာတ်အား ရှိတယ်၊ ပြီးတော့ လောင်စာ ၇၀ ရာခိုင်နှုန်း ကျန်သေးတယ်"

ကားတွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ကားကို မောင်းကာ ကားပါကင်မှ ထွက်လာခဲ့သည်။ လျှပ်စစ်ကားများမှာ တိတ်ဆိတ်၏။ အထူးသဖြင့် လျှပ်စစ်သီးသန့်စနစ်တွင် ပို၍ တိတ်ဆိတ်သည်။ မိုးရွာနေခြင်းနှင့်အတူ မိုးပေါက်သံများက ဇွန်ဘီများ၏ အာရုံခံစားမှုများကို အနှောင့်အယှက် ဖြစ်စေသဖြင့် ဝမ်ထောင်မှာ လမ်းတွင် အတားအဆီးမရှိဘဲ ဟက်ပီးနက်စ်လူနေရပ်ကွက်သို့ အဆင်ပြေပြေ ပြန်ရောက်လာခဲ့သည်။

အဆောက်အအုံ ၄ အောက်တွင် ကားကို ရပ်လိုက်မှသာ ဝမ်ထောင် သက်ပြင်းချနိုင်တော့သည်။

"အခုတော့ ကားလည်း ရပြီ၊ လောင်စာလည်း လုံလောက်ပြီ။ နောက်တစ်ဆင့်အနေနဲ့ ရွှေကျဲတက္ကသိုလ်အသက်ရှင်ကျန်ရစ်သူများစခန်းကို သွားစမ်းကြည့်ရမယ်။ လုံခြုံမှု ရှိမရှိနဲ့ ငါနဲ့ ကိုက်ညီမှု ရှိမရှိ ကြည့်ရမယ်။ အဆင်ပြေရင် အဲဒီကို ပြောင်းရွှေ့မယ်၊ အဆင်မပြေရင်တော့ တခြားနေရာ ရှာရမှာပေါ့..."

ဝမ်ထောင်သည် အသက်ရှင်ကျန်ရစ်သူများစွာ ရှိသောနေရာတွင် နေရသည်ကို ပိုနှစ်သက်သည်။ လူများလေ ခွန်အား ပိုကြီးလေဖြစ်သည်။ စည်းကမ်းတကျရှိသော အသက်ရှင်ကျန်ရစ်သူများစခန်းတွင်ဆိုလျှင် သူတစ်ယောက်တည်း အရာရာ လုပ်စရာမလိုတော့ဘဲ မိမိ၏ စွမ်းအားကို တိုးတက်စေရန် အချိန်ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာပျက်ကပ်တွင် တစ်ယောက်တည်း နေထိုင်ခြင်းမှာ အလွန်အန္တရာယ်များ၏။ ဇွန်ဘီများအကြောင်း မပြောနှင့်၊ တောစပ်တွင် တွေ့ခဲ့ရသော သွေးပမာဏ ၁၀၀၀၀ ရှိသည့် ထိုသတ္တဝါမျိုးဆိုလျှင် တစ်ယောက်တည်းဖြင့် မကိုင်တွယ်နိုင်ပေ။ လက်ရှိစွမ်းအားဖြင့်ပင် သူ အနိုင်ယူနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

ပြောရလျှင် အန္တရာယ်ဖြစ်လာပါက လူများများရှိလျှင် မိမိအစား အမြောက်စာအဖြစ် အသုံးပြုနိုင်သည့်သူများ ရှိသည်။ တစ်ယောက်တည်းဆိုလျှင် မိမိကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်။ မိမိကိုယ်တိုင် အမြောက်စာ မဖြစ်ရန်တော့ လိုသည်။

ဝမ်ထောင်တွင် မိမိ၏ ဆုံးဖြတ်ချက် ရှိ၏။ထိုစခန်းမှာ အဆင်မပြေပါက သူက အတင်းအကျပ် နေမည်မဟုတ်ပေ။

မိမိကိုယ်ပိုင် စခန်းတစ်ခု တည်ထောင်ရန် စိတ်ကူးမှာ ဝမ်ထောင်အတွက် မဖြစ်နိုင်သေးပေ။ သူကသာ ထိုကဲ့သို့သော စီမံခန့်ခွဲမှုမျိုး သို့မဟုတ် ခေါင်းဆောင်မှုမျိုး ရှိလျှင် အဘယ်ကြောင့် စတန့်သမားအဖြစ် နေထိုင်နေမည်နည်း။ ကမ္ဘာပျက်ကပ်တွင် စွမ်းအားမှာ အရေးကြီးသော်လည်း ဦးနှောက်ကို အသုံးမချလို့လည်း မရပေ။ မဟုတ်ပါက ကျောကို ဓားနှင့် ထိုးခံရသည်ကိုပင် သိမည် မဟုတ်ပါ။

မိမိ၏ စွမ်းအားမှာ အကြမ်းထည်သာရှိသေးပြီး အရာအားလုံးကို ဖိနှိပ်နိုင်လောက်အောင် မမြင့်မားသေးပေ။လက်ရှိတွင် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ တရားဝင်အာဏာပိုင်များ စီစဉ်သော အကြီးစားစခန်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ အလတ်စားနှင့် အသေးစားစခန်းများကိုမူ စိတ်မဝင်စားပေ။

"ဒါပေမဲ့ အဲဒီမတိုင်ခင် ကားကို စစ်ဆေးပြီး ပြင်ဆင်ရဦးမယ်..."

ဝမ်ထောင် မေးစေ့ကို ပွတ်ရင်း တွေးလိုက်သည်။ သူသည် တိုက်ခန်းဝင်းကို ရှင်းလင်းပြီးနောက် ကုန်ကြမ်းများစွာနှင့် ကိရိယာများစွာကို ရရှိထားသည်။ လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန် ကားကို ပြင်ဆင်ရန် စီစဉ်လိုက်၏။

သုံးရက်ကြာအောင် ဝမ်ထောင်သည် ကား၏ အစိတ်အပိုင်းများစွာကို အားဖြည့်ပေးပြီး အပြင်ဘက်တွင် သံမဏိပြားအလွှာကို တပ်ဆင်လိုက်သည်။ အရှိန်ကို ထိခိုက်စေသော်လည်း ဤနေရာတွင် ကားကို အလွန်မြန်မြန် မောင်း၍ မရပေ။ အရှိန်အနည်းငယ် လျှော့ချကာ ကာကွယ်ရေးစွမ်းအား ပိုမိုမြင့်မားစေခြင်းမှာ သင့်လျော်ပေသည်။

ယနေ့လည်း မိုးရွာနေပြန်သည်။

ပြတင်းပေါက်ပြင်ပမှ မိုးပေါက်သံများကို နားထောင်ရင်း ဝမ်ထောင်သည် အပြင်ထွက်ရန် သင့်တော်သောနေ့ဟု ခံစားလိုက်ရသည်။

-------

All Chapters