အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
အခန်း (၂၀၉) - ဟင်နရီရဲ့ အပြစ်ပေးခံရမှု
တာလီယာရဲ့ မျက်နှာက ချက်ချင်းဆိုသလို မှောင်ကျသွားပါတယ်။ သူမရဲ့ မျက်ဝန်းထဲမှာ အေးစက်တဲ့ ဒေါသတွေ လောင်မြွက်နေပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်တယ်။
"အဲဒီလူယုတ်မာကတော့ သူ့ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားပြီ အကုန်လုံးလည်း ဝန်ခံသွားပြီလေ သူက အစကတည်းက ဖရန့်ခ်က လွှတ်ထားတဲ့ သူလျှိုတစ်ယောက်ပဲ"
ဆိုင်းလပ်စ်ရဲ့ မျက်ဝန်းတွေက ဒေါသကြောင့် ပြာလဲ့သွားပါတယ်။ 'ငါ့အစ်မကို အသုံးချရဲတယ်ပေါ့လေ သူ ပြန်ပေးဆပ်ရမယ်' လို့ စိတ်ထဲကနေ အော်ဟစ်နေပေမဲ့ အပြင်မှာတော့ "သူ့ကို မင်း သဘောရှိသလိုပဲ စီရင်လိုက်ပါ" လို့ပဲ ပြောလိုက်သည်။
တာလီယာက ခေါင်းညိတ်ပြပြီး အမူအရာ ပြောင်းသွားပါတယ်။ သူမရဲ့ မျက်ဝန်းတွေက နူးညံ့လာပြီး "အိုင်ဗီကော... သူ အခု ဘယ်လိုလဲ" လို့ မေးလိုက်ပါတယ်။
အဲဒီမေးခွန်းကြောင့် ဆိုင်းလပ်စ်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပွင့်လန်းသွားပါတယ်။
"ငါ့မိန်းမ ဖြစ်လာပြီးကတည်းက သူက ပိုပြီး စိတ်ကြီးလာတယ် ဒါပေမဲ့ အဲဒါက ပိုကောင်းပါတယ် ငါ့အိုင်ဗီက စိတ်တိုနေတဲ့အချိန်မှာ ပိုပြီး လှတာ"
တာလီယာ - “ပြောစရာ စကားများပျောက်ဆုံး”
ဟင်နရီ (အပြင်မှာ ချောင်းနားထောင်နေသူ) ∘ ∘ ∘
ဗိုလ်ချုပ်ဒန်တေး - (စိတ်ကုန်လိုက်တာ)
တာလီယာက အသက်ကို ပြင်းပြင်းရှူပြီး လက်ပိုက်လိုက်ကာ ခေါင်းခါလိုက်ပါတယ်။
"မင်းရဲ့ 'ခွေးစာ' တွေကို ငါ့ရှေ့မှာ လာမကြွေးနဲ့ ဆိုင်းလပ်စ် အဲဒါတွေကို မင်းမိန်းမအတွက်ပဲ ချန်ထားလိုက်ပါ"
ထိုစကားကြောင့် ဆိုင်းလပ်စ်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး ဗိုလ်ချုပ်ကြီးဒန်တေးကတော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်း အခု ထွက်သွားလို့ရပြီ မင်း ဒီမှာ ရှိနေတာနဲ့တင် ငါ စိတ်ညစ်ရုံမကဘူး ဒေါသပါ ထွက်တယ်"
ဆိုင်းလပ်စ်က မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်တဲ့ လေသံနဲ့ ပြန်ပြောပါတယ်။
"ကောင်းပါပြီ ကျွန်တော်လည်း ဒီမှာ ကြာကြာနေဖို့ စိတ်မဝင်စားပါဘူး အထူးသဖြင့် အဖေက ယောက္ခမကြီးတစ်ယောက်လို ကျွန်တော့်ကို လိုက်ပြီး ရန်ရှာနေတာမျိုးဆိုရင်ပေါ့"
ဗိုလ်ချုပ်ကြီးဒန်တေးက စားပွဲကို လက်သီးနဲ့ ထုလိုက်ပါတယ်။
သူ့မျက်နှာက ဒေါသကြောင့် နီမြန်းနေပြီး သားဖြစ်သူကို လက်ညှိုးငေါ့ငေါ့ထိုးကာ ပြောလိုက်တယ်။
"မင်း မင်းကတော့ တကယ့်ကို ငါ့သားပဲ ငါ့ကို ဘယ်လိုဒေါသထွက်အောင် လုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ"
ဆိုင်းလပ်စ်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ လှည့်ထွက်လာခဲ့သည်။ တံခါးကို တွန်းဖွင့်လိုက်ချိန်မှာတော့...
အပြင်မှာ ချောင်းနားထောင်နေတဲ့ ဟင်နရီက အမြန်ပဲ နောက်ဆုတ်လိုက်ပြီး အခုမှ ရောက်လာသယောင် ဟန်ဆောင်လိုက်သည်။ သူက လက်ထဲမှာ စာရွက်စာတမ်းတွေကို ကိုင်ထားရင်း အံ့သြသွားသလိုမျိုး လုပ်ပြလိုက်သည်။
"ဪ... ကပ္ပတိန်ဆိုင်းလပ်စ် ကျွန်တော်က ဗိုလ်ချုပ်ကြီးဒန်တေးဆီ ဒီအစီရင်ခံစာတွေ လာတင်တာပါ"
ဆိုင်းလပ်စ်ရဲ့ စူးရှတဲ့ မျက်ဝန်းတွေက သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ကြမ်းပြင်ပေါ်ကို အကြည့်ရွှေ့လိုက်တယ်။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာပြီး။
"တံခါးဝနားက မြေကြီးတွေ စိုနေတယ် ဆိုလိုတာက မင်း ဒီနေရာမှာ ရပ်ပြီး ချောင်းနားထောင်နေတာ ကြာပြီပေါ့"
ဟင်နရီရဲ့ ရင်ခုန်သံတွေ မြန်လာကာ သူက အယောင်ယောင်အမှားမှားနဲ့ လက်ကာပြပြီး ငြင်းရှာသည်။
"မ... မဟုတ်ပါဘူး ကပ္ပတိန် ကျိန်ပြောရဲပါတယ် ကျွန်တော် အခုမှ ရောက်တာပါ ကျွန်တော် ဘာမှ..."
ဒါပေမဲ့ ဆိုင်းလပ်စ်က သူ့စကားကို ဆုံးအောင် နားမထောင်ပါဘူး
"မင်းက အတင်းအဖျင်းတွေ နားထောင်ရတာ အရမ်းဝါသနာပါနေမှတော့... ကွင်းထဲမှာ ငါးပတ် ပြေးလိုက်တော့"
ဟင်နရီရဲ့ ပါးစပ်ကြီး အဟောင်းသား ဖြစ်သွားပြီး သူ ငိုချင်စိတ်တောင် ပေါက်သွားရသည်။
’ဘာလို့လဲ ဘာလို့ ငါ့ကိုမှလဲ ငါက သိချင်ရုံသက်သက်ပါဆိုတာကို’ လို့ သူ စိတ်ထဲကနေ အော်ဟစ်နေမိသည်။
ဒါပေမဲ့ သူ ဘာမှမတတ်နိုင်ဘဲ အေးအေးဆေးဆေး ထွက်သွားတဲ့ ဆိုင်းလပ်စ်ကိုပဲ ကြည့်နေနိုင်တော့ပါတယ်။
ဟင်နရီက ခေါင်းခါရင်း တံခါးကို ဖွင့်ဝင်လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီးဒန်တေးက သူ့ကို မြင်လိုက်တာနဲ့ အေးစက်တဲ့ အကြည့်တွေက သနားစရာကောင်းတဲ့ စစ်သားလေးဆီ ရောက်လာပါတယ်။
"ဟင်နရီ ငါးပတ် ပြေးလိုက် အဲဒါက ချောင်းနားထောင်တဲ့အတွက် အပြစ်ပေးတာပဲ"
ဟင်နရီတစ်ယောက် ဆို့တက်သွားပါတော့တယ်။
’ဘယ်လောက်တောင် မတရားလိုက်သလဲ’ သူက သွားကို ကြိတ်ထားပြီး တစ်ကိုယ်လုံးက ကျိန်ဆဲနေပေမဲ့ အပြင်မှာတော့ "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး" လို့ပဲ ခေါင်းငြိမ့်ဝန်ခံလိုက်ရပါတယ်။
...................................
တစ်ဖက်မှာတော့ အိုင်ဗီဟာ သူမရဲ့ ရုံးခန်းထဲမှာ ထိုင်နေပြီး ခန္ဓာကိုယ်ဘေးက ထူးဆန်းတဲ့ အလင်းတန်းတွေ ပျောက်ကွယ်သွားချိန်မှာတော့ မျက်တောင်ခတ်လိုက်မိပါတယ်။
သူမက သူမရဲ့ လက်ကို ဖြည်းဖြည်းချင်း မြှောက်ကြည့်လိုက်တော့ အရေပြားပေါ်က နွေးထွေးတဲ့ အလင်းရောင်လေးတွေ ပျောက်သွားတာကို ခံစားလိုက်ရပါတယ်။
သူမရဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
"ငါ... ငါ ထပ်ပြီး အဆင့်တက်သွားပြီ"
သူမရဲ့ နှုတ်ခမ်းမှာ အပြုံးလေးတစ်ခု ပေါ်လာပေမဲ့ သိပ်မကြာပါဘူး။ သူေမရဲ့ လက်ကို တင်းတင်းဆုပ်လိုက်ပါတယ်။
’အဆင့် (၂) ကို ရောက်သွားပြီ ဒါဆိုရင် ငါ့ရဲ့ ဘေးကင်းဇုန်က ပိုပြီး အားကောင်းလာလိမ့်မယ် အတိုင်းအတာကလည်း ကျယ်ပြန့်လာမှာပဲ။ ဒါပေမဲ့... ဘယ်လောက်အထိ အားကောင်းလာတာလဲ ဘယ်လောက်အထိ ဝေးဝေးသွားလို့ ရမလဲ’
သူမ စိတ်လှုပ်ရှားစွာနဲ့ စကူတာကို တွန်းထုတ်လိုက်ပါသည်။
"အခုပဲ သွားစမ်းကြည့်ရအောင် အတိုင်းအတာကို သိထားမှ စခန်းအတွက် ပိုကောင်းအောင် စီစဉ်နိုင်မှာ"
စခန်းတံခါးကနေ ထွက်ခွာလာတဲ့အခါ စကူတာသံက တိုးတိုးလေး ထွက်ပေါ်နေပါတယ်။
လေတိုးသံက သူမရဲ့ ပါးပြင်တွေကို ထိတွေ့သွားပြီး သူမက လက်ကိုင်ကို တင်းတင်းဆုပ်ထားသည်။
လမ်းမပေါ်မှာ မှန်ကွဲတွေနဲ့ အမှိုက်တွေ ပြန့်ကျဲနေပေမဲ့ အထူးခြားဆုံးကတော့ ကြောက်စရာကောင်းတဲ့ တိတ်ဆိတ်မှုပါပဲ။
ဇမ်ဘီတွေက ဟိုတစ်စု ဒီတစ်စု ရှိနေကြပေမဲ့ ဘယ်သူကမှ သူမဘက်ကို လှည့်မလာကြဘူး။
မကြာခင်မှာပဲ သူမဟာ စခန်းနဲ့ အတော်လေး ဝေးတဲ့နေရာကို ရောက်လာကာသူမ လက်ကို ပြန်ကြည့်လိုက်တဲ့အခါ အလင်းရောင်က ပိုပြီး ပါးလွှာလာတာကို သတိထားမိသည်။
စတုရန်းမီတာ ၁၀,၀၀၀ ဝန်းကျင် ရောက်တဲ့အခါ သူမ အသက်ရှူမှားသွားပါတယ်။
"ဒီနေရာမှာ အားနည်းနေပြီ အကာအကွယ်က... ပျောက်ကွယ်တော့မယ်"
သူမရဲ့ စကူတာက တစ်ချက် ယိမ်းထိုးသွားပြီး စိတ်ဓာတ်တွေ ကျဆင်းသွားပါသည်။ ဒါပေမဲ့ သူမက ဇွဲမလျှော့ဘဲ ရှေ့ကို ဆက်တိုးရင်း စိတ်ထဲကနေ ရေတွက်နေမိပါတယ်။
’နောက်ထပ် နည်းနည်းလောက်ပဲ အတိုင်းအတာ အစစ်အမှန်ကို သိဖို့ လိုတယ်’
စတုရန်းမီတာ ၁၂,၀၀၀ ဝန်းကျင် ရောက်တဲ့အခါ သူမ တောင့်ခဲသွားပါတယ်။
ချည်မျှင်တစ်ချောင်း ဖြတ်လိုက်သလိုမျိုး ဆက်သွယ်မှုက ပြတ်တောက်သွားပါတယ်။
သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရပြီး စခန်းနဲ့ ချိတ်ဆက်ထားတဲ့ မမြင်ရတဲ့ ကြိုးမျှင်လေးလည်း မရှိတော့ပါဘူး။
သူမရဲ့ အသံက တုန်ရီနေပါတယ်။ "စခန်းက... အခု အကာအကွယ် မရှိတော့ဘူးပေါ့ ဒါက အကန့်အသတ်ပဲလား... အင်း..."
သူမ ထင်ခဲ့တာက အဆင့်တက်ပြီးသွားရင် အခြားနိုင်ငံမှာ ရှိနေရင်တောင် အကာအကွယ်က ဆက်ရှိနေလိမ့်မယ်လို့ပါ။
စိတ်ပျက်လက်ပျက်နဲ့ သူမ အဲဒီကနေ ထွက်လာခဲ့ပြီး ဆိုင်းလပ်စ်ရဲ့ တိုက်ခန်းဆီကို ဦးတည်လိုက်ပါတယ်။
......................................
အဲဒီညမှာတော့ ဆိုင်းလပ်စ်က အိုင်ဗီ ပြန်လာတာကို စောင့်နေပါတယ်။ သူမ အထဲကို ဝင်လာတာနဲ့ သူက သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါတယ်။
အိုင်ဗီက မျက်တောင်ခတ်လိုက်ပေမဲ့ သူ့ကို တွန်းမထုတ်ပါဘူး။ သူမက သူ့ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးရင်း တိုးတိုးလေး မေးလိုက်ပါတယ်။
"ဒီခရီးက နှစ်ပတ်ထက် ပိုကြာမလား"
ဆိုင်းလပ်စ် ခေတ္တ ငြိမ်သွားပြီး သေချာစဉ်းစားလိုက်ပါတယ်။
"တကယ်လို့ နားနားနေနေ မသွားဘဲ ခရီးဆက်မယ်ဆိုရင်တော့ သုံးရက် ဒါမှမဟုတ် လေးရက်မြောက်မှာ ရောက်နိုင်ပါတယ် ဒါပေမဲ့ နားပြီးသွားမယ်ဆိုရင်တော့ ဆယ်ရက်လောက် ကြာနိုင်တယ်"
အိုင်ဗီက ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းတွေက စဉ်းစားနေဟန် ရှိပါတယ်။
ဆိုင်းလပ်စ်က အဲဒါကို သတိထားမိပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်ပါတယ်။
"ဘာဖြစ်လို့လဲ ဘာတွေ စိုးရိမ်နေတာလဲ"
အိုင်ဗီက တွန့်ဆုတ်နေပြီးမှ ပြန်ဖြေပါတယ်။
"စခန်းရဲ့ ခေါင်းဆောင်ကလည်း အပြင်ကို ထွက်သွားတော့မှာ အဲဒါက စခန်းမှာ ဦးဆောင်မယ့်သူ မရှိတော့ဘူးဆိုတဲ့ သဘောပဲ သူက ကျွန်မကို စခန်းကို ကာကွယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားခိုင်းထားတယ်"
ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လိုက်ပြီးမှ တိုးတိုးလေး ရယ်လိုက်ပါတယ်။
"အဲဒါက လွယ်လွယ်လေးပါရှေ့လာမယ့် ၁၅ ရက်အတွက် ဇမ်ဘီတွေကို တိုက်ခိုက်နိုင်တဲ့ ထူးချွန်သူ အနည်းငယ် ထပ်ငှားလိုက်ပေါ့ သူတို့သာ ရှေ့တန်းကနေ ခုခံထားနိုင်ရင် ဘာမှ မှားယွင်းမှာ မဟုတ်ပါဘူး"
အိုင်ဗီက ထပ်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ သူမလည်း အဲဒီလိုပဲ တွေးထားတာပါ။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့က ပိုပြီး ခက်ခဲပါတယ်။ သူမရဲ့ စွမ်းအားက အဆင့်တက်သွားပြီ ဆိုပေမဲ့... စခန်းကို လှမ်းပြီး ကာကွယ်ပေးနိုင်လောက်အောင် အတိုင်းအတာက မကျယ်ပြန့်သေးပါဘူး။
အခုလောလောဆယ်တော့ ထူးချွန်သူတွေကို ငှားရမ်းတာက ပိုကောင်းပါလိမ့်မယ်။
ဒါပေမဲ့ အလုပ်တွေကို လွှဲမပေးခင်မှာ သူမရဲ့ စခန်းရဲ့ ခုခံရေးက ဘယ်လောက်အထိ အားကောင်းလဲဆိုတာကို ကိုယ်တိုင် သွားကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
တည်ငြိမ်တဲ့ မျက်ဝန်းတွေနဲ့ သူမ ဆိုင်းလပ်စ်ကို ကြည့်လိုက်ပါတယ်။
အခန်း (၂၁၀) - ဘလက်ခ်ဗာချာအဖွဲ့
"မသွားခင် စခန်းရဲ့ ခုခံရေးစွမ်းရည်ကို ကျွန်မ အကဲဖြတ်ချင်တယ်"
ဆိုင်းလပ်စ်က သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
အိုင်ဗီသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ သို့သော်လည်း ထိုစဉ်မှာပင် ဆိုင်းလပ်စ်၏ လက်များက သူမ၏ ခါးထက်သို့ ကမြူးစွာ ရောက်ရှိလာပြန်သည်။
သူမ၏ ပါးပြင်များ နီမြန်းသွားကာ သူ့ကို အမြန်ပင် တွန်းထုတ်လိုက်သည်။
"ကျွန်မ ပြောထားတာကို ရှင် မေ့နေပုံပဲ"
ဆိုင်းလပ်စ်က ညည်းတွားလိုက်မိသည်။ သူ့ခန္ဓာကိုယ်ထဲမှ အပူရှိန်များက သူ့ကို ကောင်းကောင်း မစဉ်းစားနိုင်အောင် တားဆီးနေသကဲ့သို့ပင်။
"ဒါက ကိုယ့်အတွက် မတရားဘူးလေ"
အိုင်ဗီက သူ့ကို လျစ်လျူရှုကာ ခေါင်းလွှဲလိုက်သည်။ သူ စိတ်ကောက်ချင်ကောက်ပါစေ သူမက အေးတိအေးစက် နေနေသရွေ့ သူသည်သာ ထိုခံပြင်းမှုကို မျိုသိပ်ရမည်ဖြစ်သည်။
"ကျွန်မ ဗိုက်ဆာပြီ"
ဆိုင်းလပ်စ်က သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားတော့သည်။ "ကိုယ်လည်း ဗိုက်ဆာနေတာပဲ" ဟု သူက တိုးတိုးလေး ရေရွတ်သွားလေသည်။
ထိုအချိန်တွင် အခြားအိမ်တစ်အိမ်၌ အယ်လင်နာနှင့် ဖီးလစ်တို့သည် ဆိုဖာပေါ်တွင် အတူတူ ထိုင်နေကြသည်။ ဖီးလစ်က သူ၏ နားထင်ကို ပွတ်သပ်နေရင်း...
"အိုင်ဗီက သူ့ရဲ့ အရင်ဘဝကို မှတ်မိနေတယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူး အဲဒါကြောင့်ပဲ သူ ကျွန်တော်တို့ကို အခုလို ကူညီပေးနိုင်တာ သူ့ရဲ့ တုံ့ပြန်မှုတွေကလည်း အဲဒါကို အတည်ပြုနေတယ်"
အယ်လင်နာက သူမ၏ လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် စုထားကာ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။
"တကယ်လို့ သူသာ အဲဒီအသိဉာဏ်တွေ မရှိခဲ့ရင် ဒီတစ်ကြိမ်မှာလည်း တို့တွေ ငြိမ်းချမ်းတဲ့ ဘဝကို ရနိုင်မှာ မဟုတ်ဘူး အခုတော့ သူ့ကို တကယ်ပဲ ကျေးဇူးတင်မိပါတယ် စခန်းအတွက် အစွမ်းကုန် အလုပ်လုပ်ပေးရင်းနဲ့ပဲ ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ်"
နောက်တစ်နေ့တွင် အိုင်ဗီသည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည်။ စစ်သားများသည် တန်းစီလျက် ချွေးတပြိုက်ပြိုက်ဖြင့် လေ့ကျင့်နေကြသည်။
သူမက လက်တစ်ချက် တီးလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက လေ့ကျင့်မှုကို ရပ်တန့်ကာ သူမဘက်သို့ လှည့်လိုက်ကြသည်။
သူမ၏ အကြည့်များက သူတို့အပေါ် ဝေ့ဝဲသွားပြီး...
"ကျွန်မ ကြေညာစရာတစ်ခု ရှိတယ် မကြာခင်မှာ ကျွန်မ ခရီးတစ်ခု ထွက်ရတော့မယ် ၁၅ ရက်တိုင်တိုင် ဒီစခန်းက မင်းတို့လက်ထဲမှာပဲ ရှိနေလိမ့်မယ် မင်းတို့ရဲ့ ခွန်အားတွေနဲ့ စခန်းကို ကာကွယ်ရမယ် အဲဒါက လွယ်ကူမှာတော့ မဟုတ်ဘူး နောက်ရက်အနည်းငယ်မှာ သင်တို့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ အကဲဖြတ်သွားမယ် မင်းတို့ကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်ဆိုတာ ကျွန်မကို သက်သေပြကြပါ"
စစ်သားများ၏ မျက်ဝန်းများတွင် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ တောက်လောင်လာသည်။
အာသာက ပထမဆုံးပင် ကြွေးကြော်လိုက်သည်။ "နည်းပြ အိုင်ဗီ စိတ်မပူပါနဲ့ ကျွန်တော် နည်းပြကို စိတ်မပျက်စေရဘူး"
လူးကပ်စ်ကလည်း မက်စ်ဝဲလ်၊ ဖရန်ကလင်တို့နှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု လူးကပ်စ်က ဆိုသည်။
နောက်ရက်များတွင် အိုင်ဗီသည် သူတို့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ သူမ မရှိလျှင်ပင် စခန်းသည် ခေတ္တမျှ ကြံ့ကြံ့ခံနိုင်မည်ကို သူမ မြင်တွေ့ရသည်။
ဘာပဲဖြစ်ဖြစ် ဇမ်ဘီများသည် အဆင့် (၁) မှာပဲ ရှိနေသေးတာလေ
သို့သော် သူမ အရင်က တိုက်ခိုက်ခဲ့ဖူးသည့် မျိုးဗီဇပြောင်း ဇမ်ဘီများကို သတိရလိုက်ချိန်တွင် သူမ၏ ရင်ထဲ၌ လေးလံသွားရသည်။
’တကယ်လို့ အဲဒီလို ဇမ်ဘီတွေ ထပ်ပေါ်လာရင် သူတို့ တောင့်ခံနိုင်ပါဦးမလား’
သူမသည် သူမ၏ စွမ်းအင် သိုလှောင်ရုံရှိ ဈေးဝယ်စနစ်ထဲတွင် ဝှက်ထားသော ကာကွယ်ရေး ယန္တရားများ ရှိမလားဟု ရှာဖွေကြည့်သော်လည်း ဘာမှ မရှိပေ။ အပိုင်းအစလေးတောင် မတွေ့ရချေ။
နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်မိသည်။ ‘ကြည့်ရတာ စစ်တပ်နဲ့ စကားပြောပြီး လက်နက်တွေ ရအောင် လုပ်ရတော့မယ် ထင်တယ်’
ထိုသို့တွေးကာ သူမ ထွက်လာခဲ့သည်။ လမ်းခရီး တစ်ဝက်ခန့်တွင် သူမ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ပိန်ပိန်ပါးပါးနှင့် ဖြူဖျော့နေသော လူငယ်လေးတစ်ဦးသည် ကလေးငယ်တစ်ဦးကို ရင်ခွင်ထဲတွင် ပွတ်ပွတ်သပ်သပ် ပိုက်ထားသည်။ သူ့ပုခုံးတွင် နွမ်းဖတ်နေသော အိတ်တစ်လုံး လွယ်ထားသည်။ သူ့ပတ်ပတ်လည်တွင်တော့ ဗိုက်ဆာနေသော ဝံပုလွေများကဲ့သို့ ကြမ်းတမ်းသော လူ ၅ ဦးက ဝိုင်းထားကြသည်။
ထိုလူများထဲမှ တစ်ဦးက လှောင်ပြုံးပြုံးလိုက်သည်။ သူ၏ အရှိန်အဝါက ဖိအားများ ထုတ်လွှတ်နေသဖြင့် အသက်ရှူရန်ပင် ခက်ခဲစေသည်။ "အိတ်ကို ပေးစမ်း ကောင်လေး"
လူငယ်လေးက ခေါင်းကို အသည်းအသန် ခါယမ်းနေသည်။
"ဒါက ကျွန်တော့်မှာရှိတဲ့ နောက်ဆုံး အစားအစာလေးပါ တောင်းပန်ပါတယ် ကျွန်တော် ဒါကို လိုအပ်လို့ပါ ဒါကို စစ်တပ်အခြေစိုက်စခန်းထဲ ဝင်ဖို့အတွက် ဝင်ကြေးအနေနဲ့ သုံးမှာမို့လို့ပါ"
ထိုလူများက ရယ်မောလိုက်ကြသည်။
"စစ်တပ်အခြေစိုက်စခန်း ဟုတ်လား သူတို့က မင်းလို အမှိုက်မျိုးကို လက်ခံမယ် ထင်နေတာလား" ဟု တစ်ဦးက လှောင်ပြောင်သည်။
အခြားတစ်ဦးကလည်း မျက်လုံးများ တောက်ပြောင်လျက် ရှေ့သို့ တိုးလာကာ...
"ငါတို့က ဘလက်ခ်ဗာချာ အဖွဲ့ကကွ မကြာခင်မှာ ဒီနယ်မြေတစ်ခုလုံးမှာ အကြီးဆုံး ဂိုဏ်းဖြစ်လာတော့မှာ မင်းအတွက် ဘာက ကောင်းမလဲဆိုတာ သိရင် အလိုက်တသိ ပေးလိုက်တာ ကောင်းမယ် မဟုတ်ရင်တော့ နောင်တရလိမ့်မယ်"
လူငယ်လေးသည် ကလေးငယ်ကို ပိုမို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူ၏ နှုတ်ခမ်းများ တုန်ရီနေသည်။ "တောင်းပန်ပါတယ်... မလုပ်ပါနဲ့ ကျွန်တော့်ညီမလေးအတွက် ဒီအစားအစာတွေ လိုအပ်လို့ပါ"
ဂိုဏ်းခေါင်းဆောင်၏ မျက်နှာတွင် ထိုလူငယ်လေး ခံစားနေရသည်ကို ကြည့်ပြီး ပျော်ရွှင်နေသည့်အလား အပြုံးကြီးတစ်ခု ပေါ်နေသည်။
"ဒါဆိုရင် ကလေးကိုပါ ငါတို့ ယူသွားမယ် တစ်ခုခုနဲ့ လဲစားလို့ ရကောင်းရမှာပေါ့"
လူငယ်လေး၏ ရင်ထဲတွင် ပြိုလဲသွားတော့သည်။ ဒူးများပင် တုန်ယင်လာရသည်။
’ငါ ဘာလုပ်သင့်သလဲ ငါသာ ပြန်တိုက်ရင် သူတို့ ငါ့ကို သတ်ပစ်လိမ့်မယ် ဒါပေမဲ့ ငါသာ အရှုံးပေးလိုက်ရင်... ငါ့ညီမလေး ငတ်သေလိမ့်မယ်’
အနီးနားရှိ တံတိုင်းတစ်ခု၏ နောက်ကွယ်တွင် အိုင်ဗီ၏ မျက်ဝန်းများ မှေးစင်းသွားသည်။
ကမ္ဘာပျက်ကပ်အတွင်းရှိ လူများထဲတွင် သူမကို နှိပ်စက်ခဲ့သူများပြီးလျှင် အိုင်ဗီသည် ဤဘလက်ခ်ဗာချာအဖွဲ့ကို အမုန်းဆုံး ဖြစ်သည်။ သူတို့သည် အားနည်းသူများကိုသာ ပစ်မှတ်ထားကာ လက်ကျန်ရိက္ခာများကို လိုက်လံလုယက်တတ်ကြသည်။
တွန့်ဆုတ်မနေတော့ဘဲ သူမသည် စကူတာလက်ကိုင်ကို လှည့်ကာ သူတို့ထံသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားတော့သည်။
ဂိုဏ်းသားများ ဘာဖြစ်နေမှန်း မသိလိုက်မီမှာပင် အိုင်ဗီ၏ စကူတာသည် အရှိန်ပြင်းပြင်းဖြင့် သူတို့ရှေ့တွင် ရပ်တန့်သွားပြီး သူမ၏ ခြေတံရှည်များက ဝှေ့ယမ်းထွက်လာသည်။
"ဘုန်း"
လူတစ်ယောက်သည် နောက်သို့ လွင့်ထွက်သွားကာ မြေကြီးပေါ်တွင် လူးလိမ့်သွားတော့သည်။
အခြားတစ်ဦးက စကူတာကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း အိုင်ဗီက ကိုယ်ကို ကိုင်းကာ သူ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်ရာ သူသည်လည်း ပက်လက်လန်သွားတော့သည်။
ထိုမြင်ကွင်းမှာ အလွန်ပင် မိုက်လှသဖြင့် ကလေးပိုက်ထားသော လူငယ်လေးမှာ အသက်ရှူရန်ပင် မေ့သွားရသည်။ သူ့မျက်လုံးများက အိုင်ဗီထံတွင်သာ စွဲမြဲနေတော့သည်။ သူမသည် စကူတာစီးလာသည့် အမျိုးသမီးတစ်ဦးထက် အိပ်မက်ထဲမှ သူရဲကောင်းတစ်ဦးကဲ့သို့ပင်။
ကန်ထုတ်ခံလိုက်ရသော လူများမှာ ညည်းတွားရင်း ဖြည်းဖြည်းချင်း ပြန်ထလာကြပြီး အိုင်ဗီကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ တစ်ဦးက သူမကို လက်ညှိုးထိုးကာ...
"မင်း ဘာလုပ်နေတာလဲ ကောင်မ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်း သိရဲ့လား"
အိုင်ဗီက စကူတာလက်ကိုင်ပေါ်သို့ ကိုယ်ကို မှီလိုက်ရင်း တိုးတိုးလေး ရယ်မောလိုက်သည်။
"ရှင်တို့ကရော ကျွန်မ ဘယ်သူလဲဆိုတာ သိသင့်တာ် မဟုတ်ဘူးလား"
ဘလက်ခ်ဗာချာအဖွဲ့သားများ ကြောင်သွားကြသည်။ သူတို့ မျက်မှောင်ကြုတ်သွားကြပြီး တစ်ဦးက သတိထားကာ မေးလိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ"
သူတို့ရှေ့မှ အမျိုးသမီးသည် ဘလက်ခ်ဗာချာအဖွဲ့ ဒါမှမဟုတ် စစ်တပ်နှင့် ပတ်သက်နေသူများ ဖြစ်နေမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။ သူတို့သည် ဘလက်ခ်ဗာချာအဖွဲ့၏ အမည်ကို အသုံးချကာ သူတစ်ပါးထံမှာ လိုက်လံလုယက်နေသည့် လူမိုက်ငယ်လေးများသာ ဖြစ်သည်။ တကယ်လို့သာ တကယ့်အဖွဲ့အစစ်တွေနှင့် တွေ့သွားပါက... သူတို့ သေရုံသာ ရှိတော့မည်။
အိုင်ဗီက ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အေးစက်လွန်းလှသဖြင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။
"မပြောပြနိုင်ဘူး"
သူတို့ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူမသည် စကူတာပေါ်မှ ခုန်ဆင်းကာ အနီးဆုံးလူ၏ မေးရိုးကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုလူသည် အုတ်နီခဲအိတ်ကြီး ပြုတ်ကျသကဲ့သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
အခြားသူများက ဟိန်းဟောက်ကာ တိုက်ခိုက်ရန် ပြင်ကြသော်လည်း အိုင်ဗီက လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ သုံးလေးကွက်အတွင်းမှာပင် သူတို့အားလုံး မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းတွားရင်း မှောက်နေတော့သည်။
သူမ၏ လက်များကို ခါယမ်းလိုက်ပြီး လူငယ်လေးဘက်သို့ လှည့်ကာ သာယာသော အပြုံးလေးတစ်ခု ပြုံးပြလိုက်သည်။
"အဆင်ပြေရဲ့လား သူတို့ ရှင့်ကို တစ်ခုခု လုပ်လိုက်သေးလား"
လူငယ်လေးက အသံများ တုန်ရီလျက် အမြန် ခေါင်းငြိမ့်ပြသည်။
"ဟု... ဟုတ်ကဲ့ ကျွန်တော် အဆင်ပြေပါတယ် တကယ်ပဲ ကျေးဇူးတင်ပါတယ်"