အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း (၂၀၃) - ဆိုင်းလပ်စ်၏ အခြားတစ်ဖက်
"ဘာသတင်းလဲ" အိုင်ဗီ၏ ရင်ခုန်သံများ မြန်လာသည်။
သူမ၏ မိဘများကို ရှာတွေ့ပြီလား ဒါမှမဟုတ် သူတို့ရှိနေသည့်နေရာကို သိလိုက်ရပြီလားမည်သို့ပင်ဖြစ်စေ သူမ၏ရင်ထဲတွင် မျှော်လင့်ချက်များက တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုမြင့်တက်လာတော့သည်။
"သူတို့ အခု အယ်လ်ဗာပြည်နယ်မှာ ရှိနေကြတယ် တွဲလိုင်းလို့ အမည်ရတဲ့ အခြေစိုက်စခန်းတစ်ခု အနားမှာပေါ့ အဲဒီစခန်းရဲ့ ခေါင်းဆောင်ကို ကျွန်တော် လှမ်းပြီး အဆက်အသွယ်လုပ်ကြည့်တော့ နိုက်တ်ဘိန်းမိသားစုက အဲဒီကနေ ထွက်သွားတာ ကြာပြီလို့ အကြောင်းပြန်တယ်" ဆိုင်းလပ်စ်သည် အတွေးထဲ နစ်ဝင်နေဟန်ဖြင့် အိုင်ဗီ၏ ပန်းရောင်ဆံနွယ်နုနုလေးများကို လက်ဖြင့် လိပ်ကစားနေမိသည်။
"အဲဒီသတင်းက ဘယ်လောက်ကြာပြီလဲ" စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုများက အိုင်ဗီကို လွှမ်းခြုံသွားသည်။
နိုက်ဘိန်းမိသားစုက အားနည်းသလားဆိုလျှင် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ စည်းလုံးမှုကြောင့် သူတို့ကို ရန်ပြုရန် ခက်ခဲလှသည်။ သို့သော် သူမ၏ အရင်ဘဝတွင် သူတို့၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်ကို သူမ တစ်ခါမျှ မသိခဲ့ရပေ။
ကိုယ်လက်အင်္ဂါတွေ စုံလင်ရဲ့လား အတွင်းဒဏ်ရာတွေရော ရှိနေမလား အတွေးပေါင်းစုံက အိုင်ဗီ၏ စိတ်ထဲတွင် ဗွေဖောက်နေတော့သည်။
"ငါးရက်လောက် ရှိပြီ သူတို့က ဘယ်လောက်ပဲ အလျင်အမြန် သွားနိုင်ပါစေ အဲဒီပြည်နယ်ကနေ ထွက်ခွာနိုင်ဖို့ ရက်ပေါင်းနှစ်ဆယ်လောက်တော့ အချိန်ယူရဦးမှာပါ" လူငယ်လေး၏ နူးညံ့သောအသံက အိုင်ဗီ၏ ရင်ထဲမှ စိုးရိမ်စိတ်များကို ပြေလျော့စေသည်။
"ဒါဆို တို့တွေ အယ်လ်ဗာပြည်နယ်ကို အခုပဲ သွားကြရအောင်" အိုင်ဗီ၏ အေးစက်နေသော လက်ကလေးက ဆိုင်းလပ်စ်၏ ပူနွေးသော လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မိသားစုရင်းများအတွက် စိုးရိမ်စိတ်က စိတ်ထဲတွင် လွှမ်းမိုးနေသည်။
"သွားရမှာပေါ့ ဒါပေမဲ့ မထွက်ခွာခင် ပြင်ဆင်စရာလေးတွေ အရင်လုပ်ထားတာ ပိုကောင်းမယ်" ဆိုင်းလပ်စ်သည် သူ၏အင်္ကျီကို မတင်လိုက်ပြီး အိုင်ဗီ၏ အေးစက်နေသော လက်ကလေးကို သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်သို့ တင်ပေးလိုက်သည်။ သူ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာ သူမ မည်မျှအေးစက်နေသနည်းဟူသည့်အချက် ဖြစ်သည်။
အိုင်ဗီ မှင်တက်သွားရသည်။ ပျော့ပြောင်းသော်လည်း တောင့်တင်းလှသော ဝမ်းဗိုက်ကြွက်သားများ၏ အထိအတွေ့ကြောင့် လွန်ခဲ့သော စိတ်လှုပ်ရှားဖွယ် ညတစ်ညကို သတိရသွားကာ သူမ၏ ပါးပြင်များ နီမြန်းလာတော့သည်။
"ရှင်... ရှင် ဘာလုပ်တာလဲ" ရှက်ကိုးရှက်ကန်း ဖြစ်နေသော သူမ၏ အသံလေးက ဆိုင်းလပ်စ်၏ စိတ်ကို ကြွတက်စေသည်။
သူသည် အသေးအဖွဲကိစ္စလေးများတွင်ပင် အလိုမကျတတ်သူပီပီ အိုင်ဗီက သူနှင့် မပတ်သက်သော မိသားစုအပေါ် စိုးရိမ်နေသည်ကို အနည်းငယ် မနာလိုဖြစ်မိသည်။
သူတို့နဲ့ ပြိုင်ဆိုင်ရမလား မဟုတ်ရင် အိုင်ဗီကို မေးခွန်းထုတ်ရမလား သူမအတွက် သူတို့က ပိုအရေးကြီးသလား သူက ပိုအရေးကြီးသလား ဆိုတာကိုပေါ့။
သို့သော် သူ့ပုံစံအရ ထိုသို့မေးရန် သူ လုံးဝ မဝံ့ရဲပေ။ သူမ၏ အဖြေကို ကြောက်ခြင်းလား၊ ဒါမှမဟုတ် သူမ၏ မျက်ဝန်းထဲမှ တုံ့ဆိုင်းမှုကို ကြောက်ခြင်းလား။ အမှန်အတိုင်းဆိုရလျှင် နှစ်ခုစလုံးပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမ၏ နှလုံးသားထဲတွင် သူ နေရာရထားပြီးသားဖြစ်ကာ တဖြည်းဖြည်းနှင့် ထိပ်ဆုံးသို့ ရောက်အောင် သူ ကြိုးစားနိုင်သည်။ သူမနှင့် သူသည် တစ်သက်လုံး အတူရှိနေကြဦးမည် မဟုတ်ပါလား။
ထိုသို့ တွေးလိုက်မိချိန်တွင် သူ၏ နှလုံးသားမှာ နူးညံ့သွားပြီး မျက်ဝန်းများမှတစ်ဆင့် အတိုင်းအဆမရှိသော ကြင်နာမှုများ စီးဆင်းလာတော့သည်။
"ဟင်... ကိုယ်လေး အေးနေလို့လေ မင်းရဲ့ ခင်ပွန်းက စိုးရိမ်နေတာပေါ့"
'ခင်ပွန်း' ဆိုသည့် စကားလုံးကို သူက အလေးအနက် ပြောလိုက်သည်။ အိုင်ဗီ၏ ရင်ခုန်သံမှာ ကျယ်လောင်လာပြီး ဝမ်းသာပီတိဖြစ်မှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲနေတော့သည်။
"ဒါနဲ့... မင်းသူငယ်ချင်းရဲ့ အခြေစိုက်စခန်းက ဘယ်လိုလဲ" ဆိုင်းလပ်စ်၏ လေသံမှာ နောက်ပြောင်ချင်ဟန် ပါဝင်နေပြီး သူ၏ လက်များက သူမ၏ ခါးပတ်လည်တွင် ပွတ်သပ်ဆော့ကစားနေသည်။
ထိုသို့ နူးညံ့စွာ ပွတ်သပ်မှုများက အိုင်ဗီ၏ ရင်ထဲတွင် မီးတောက်တစ်ခုကို မွေးဖွားပေးလိုက်သကဲ့သို့ ရှိသည်။ ဆိုင်းလပ်စ်၏ အထိအတွေ့များနှင့် ပတ်သက်လာလျှင် သူမ၏ ခန္ဓာကိုယ်မှာ အလွန်ပင် တုံ့ပြန်လွယ်လှသည်။
ဆိုင်းလပ်စ်က သူ၏ ကြီးစိုးလိုသော အပြုအမူများကို နူးညံ့မှုများဖြင့် ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း အိုင်ဗီအတွက်မူ ထိုဟန်ဆောင်မှုနောက်ကွယ်မှ အစစ်အမှန်ကို မြင်ရန် မခက်ခဲပေ။
"အဆင်ပြေပါတယ်" အိုင်ဗီက သူမ၏ အသံကို တည်ငြိမ်အောင် ထိန်းထားသော်လည်း သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ လှိုက်တက်လာသော အပူရှိန်ကြောင့် မျက်လုံးများကို အရှုံးပေးကာ မှိတ်ထားလိုက်မိတော့မတတ် ဖြစ်နေသည်။
"အဲဒါ... သူက... သူက သူ့စခန်းအတွက် နာမည်ပေးဖို့ အကူအညီတောင်းထားတယ် ရှင့်စိတ်ထဲမှာ နာမည်တစ်ခုခု ရှိလား"
အခန်းတွင်းရှိ တောက်ပသော အလင်းရောင်က အိုင်ဗီ၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်အရိပ်အယောင်ကို ထင်ဟပ်နေစေသည်။ သူမ၏ စိုစွတ်သော အကြည့်နှင့် ထူးခြားသော ပန်းရောင်မျက်ဝန်းများက ဆိုင်းလပ်စ်၏ နှလုံးသားကို အရည်ပျော်ကျသွားစေသည်။
"နာမည်အချို့တော့ ရှိတယ် ဒါပေမဲ့ အဲဒါတွေက တို့နှစ်ယောက်ရဲ့ နာမည်တွေကို ပေါင်းထားတာတွေကြီးပဲ မင်းသူငယ်ချင်းက သဘောတူမှာ မဟုတ်ဘူး" ဆိုင်းလပ်စ်က တကယ်ပင် ခေါင်းစားနေဟန်ဖြင့် ဟန်ဆောင်လိုက်သည်။
"ပြောပြကြည့်လေ သူ သဘောတူရင် တူမှာပေါ့" သိချင်စိတ် ပြင်းပြနေသော အိုင်ဗီသည် ဆိုင်းလပ်စ်၏ စိတ်ထဲသို့ ခုန်ဝင်ကာ နာမည်ကို ရှာဖွေကြည့်ချင်စိတ်ပင် ပေါက်နေတော့သည်။
"ဪ... ဒါဆိုရင် 'ဆယ်လ်ဗီ' ဆိုရင်ရော ဘယ်လိုလဲ"
ဆယ်လ်ဗီ... ဘယ်လောက် လှပတဲ့ နာမည်လေးလဲ။
သို့သော် အိုင်ဗီက ဆိုင်းလပ်စ်ကို နောက်ပြောင်ချင်စိတ် ပေါ်လာသည်။
"ဟင်... ဘာလို့ ဆယ်လ်ဗီလဲ ဘာလို့ ရှင့်နာမည်က အရင်လာပြီးမှ ကျွန်မနာမည်က နောက်က လိုက်ရတာလဲ"
ဆိုင်းလပ်စ်၏ မျက်ဝန်းတွင် စိုးရိမ်ရိပ် လုံးဝ မရှိဘဲ နူးညံ့မှုနှင့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများသာ ရှိနေသည်။
"နောင်တစ်ချိန်မှာ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာရပါစေ အဲဒီအန္တရာယ်တွေက မင်းဆီကို မရောက်ခင် ငါ့ကို အရင် ဖြတ်ကျော်သွားရလိမ့်မယ် ငါက မင်းရဲ့ အကာအကွယ်ဖြစ်နေမှာပါ အိုင်ဗီ"
အကာအကွယ် ဟုတ်လား အမှန်ပင်... ဆိုင်းလပ်စ်သည် သူမကို အမြဲတမ်း အကာအကွယ် ပေးခဲ့သည်။ သူမကို ကာကွယ်ရန်အတွက် သူ၏ အသက်ကိုပင် စတေးခဲ့ဖူးသည်။
သူမ၏ အရင်ဘဝတွင် သူ အသက်ရှင်နေသရွေ့ သူမ အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း ကူညီရန် သူ ဘယ်သောအခါမှ ဝန်မလေးခဲ့ပေ။ တစ်လောကလုံးနှင့် ရန်ဖြစ်ရမည်ဆိုလျှင်ပင် သူ နောက်ဆုတ်ခဲ့သူ မဟုတ်။
မျက်ဝန်းများ ဝေဝါးလာကာ ရင်ထဲတွင် မွန်းကျပ်လာသဖြင့် အိုင်ဗီက ခေါင်းငုံ့လိုက်သည်။ သူမ၏ အသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားရင်း...
"ဪ... ဒါဆိုရင်တော့ ကောင်းတာပေါ့ မဟုတ်ရင် ကျွန်မ ရှင်ကို အပြစ်ပေးတော့မလို့"
"အိုင်ဗီ... ကိုယ့်ကို ကြည့်ပါဦး" ဆိုင်းလပ်စ်၏ အသံထဲမှ နူးညံ့မှုမှာ စိုးရိမ်ပူပန်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
အိုင်ဗီက မျက်ရည်များကို ပြန်ထိန်းကာ ခေါင်းမော့လိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။
ဆိုင်းလပ်စ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမထံသို့ တိုးကပ်သွားသည်။
ထိုအနမ်းသည် နူးညံ့ယုယရုံလဲမဟုတ်သလို သတိကြီးစွာ နမ်းတာမျိုး မဟုတ်ဘဲ ပြင်းပြလှသော ဆန္ဒများနှင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။ ပင်ပန်းနွမ်းနယ်နေသော ခရီးသွားတစ်ဦးသည် ခရီးရှည်ကြီးအပြီးတွင် မိမိရှာဖွေနေသော အိုအေစစ်ကို တွေ့ရှိသွားသည့်အလား တောင့်တမှုများ ပြည့်နှက်နေသော ပွေ့ဖက်နမ်းရှိုက်မှုပင် ဖြစ်သည်။
သူတို့ ခွာလိုက်ကြချိန်တွင် ဆိုင်းလပ်စ်က သူ၏ နဖူးနှင့် အိုင်ဗီ၏ နဖူးကို ထိကပ်ထားသည်။ သူတို့နှစ်ဦးစလုံး အသက်ရှူသံများ မြန်နေကြပြီး ဆိုင်းလပ်စ်၏ လက်တစ်ဖက်က သူမ၏ ခေါင်းနောက်ဘက်ကို ပံ့ပိုးထားသည်။
"နောက်တစ်ခါ... မျက်နှာလွှဲမသွားနဲ့ ဝမ်းနည်းရင်ဖြစ်ဖြစ် ငိုချင်ရင်ဖြစ်ဖြစ် ကိုယ့်ကိုပဲ ဖက်ထားလိုက်ပါ ကိုယ်က မင်းရဲ့ ယောက်ျားပါ အိုင်ဗီ မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ကိုယ်ပိုင်သလို ကိုယ့်ရဲ့ အရာအားလုံးကလည်း မင်းပိုင်တာပဲ ဒါကြောင့် အခုကစပြီး မင်းရဲ့ ဝမ်းနည်းမှုက မင်းတစ်ယောက်တည်းရဲ့ အရာ မဟုတ်တော့ဘူး ဒီတန်ဖိုးရှိတဲ့ မျက်ရည်တွေက မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘူး"
အိုင်ဗီ၏ ရင်ထဲမှ အားငယ်မှုများ ပျောက်ကွယ်သွားသော်လည်း ခါးသီးမှုအချို့က ကျန်ရှိနေသေးသည်။
ဒါကို မြင်သောအခါ ဆိုင်းလပ်စ်တွင် ယုတ်မာသော အတွေးတစ်ခု ပေါ်လာသည်။ သူသည် အိုင်ဗီ၏ လက်ကို ဆွဲယူကာ သူ၏အရာဆီသို့ လမ်းညွှန်လိုက်သည်။
အိုင်ဗီ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး လက်ကို ပြန်ရုန်းရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်၏ အခြားလက်တစ်ဖက်က သူမ၏ ခါးကို ဆွဲဖက်ကာ ပိုမိုနီးကပ်စေလိုက်သည်။
"ဒါတောင်မှ မင်းပိုင်တာပဲ စမ်းကြည့်လိုက်လေ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား"
အိုင်ဗီ - (ရှက်လိုက်တာ)
ဒီ... ဒီလူက... သူမ သိထားတဲ့ ဆိုင်းလပ်စ် ဟုတ်ပါရဲ့လား
အေးစက်ပြီး ခပ်တန်းတန်းနေတတ်ကာ အကွက်စေ့လှတဲ့ ထိုအမျိုးသားကြီး ဘယ်ရောက်သွားပြီလဲ။
နောက်တစ်စက္ကန့်တွင် သူမ၏လက်ကို ဆုပ်ကိုင်ထားမှုမှာ ပျောက်ကွယ်သွားပြီး အပူနှင့် အထိခံလိုက်ရသကဲ့သို့ သူမ၏လက်ကို ချက်ချင်း ပြန်ဆွဲလိုက်သည်။
သို့သော် သူမ နောက်သို့ မဆုတ်နိုင်ခင်မှာပင် ပူနွေးသော လက်တစ်ဖက်က သူမပေါ်သို့ ဖိကပ်လိုက်သည်။ ဂျင်းဘောင်းဘီက အတားအဆီး ဖြစ်နေသော်လည်း သူမအနေဖြင့် ထိုအပူရှိန်ကို ခံစားနေရဆဲပင်။
"ဒါကတော့ ကိုယ်ပိုင်တာပေါ့"
အိုင်ဗီ - (ဆွံ့အ)
အခန်း (၂၀၄) - ပန်းရောင်ရှဉ့်လေး
"ဆိုင်းလပ်စ်" အိုင်ဗီ အော်ဟစ်လိုက်မိသည်။ ဒီလူရဲ့ အရှက်မရှိပုံကတော့... တကယ်ပဲ သူမကို စိတ်ရှုပ်ထွေးမှုတွေနဲ့အတူ ခံစားချက်မျိုးစုံ ဖြစ်ပေါ်စေပါတယ်။ စိတ်ပျက်မှုနဲ့ စိတ်ကြွမှုတွေဟာ ရောပြွမ်းနေတော့တာပါပဲ။
"အင်း... ကိုယ် နားထောင်နေတယ်လေ" ဆိုင်းလပ်စ်ရဲ့ နက်ပြာရောင် မျက်ဝန်းတွေက အိုင်ဗီရဲ့ ပန်းရောင်မျက်ဝန်းတွေကို စိုက်ကြည့်နေဆဲဖြစ်ပေမဲ့ သူ့ရဲ့လက်တွေကတော့ သူမရဲ့ တင်ပါးဆီကို ရောက်ရှိသွားပြီး အနောက်ကနေ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
အတွင်းခံအပါးလေးကို ခြားပြီး ပူနွေးလှတဲ့ လက်ဖဝါးက သူမရဲ့တင်ပါးကို ဆုပ်နယ်လိုက်ချိန်ကျမှ အိုင်ဗီရဲ့ တစ်ကိုယ်လုံးမှာ လျှပ်စစ်စီးသွားသလို ခံစားလိုက်ရပါတယ်။
ခွန်အားတွေ ပြည့်လျှံနေတဲ့ ဒီလူငယ်လေးကို သူမ ဆူပူကြိမ်းမောင်းဖို့ မပြင်နိုင်ခင်မှာပဲ သူက အနားကို တိုးကပ်ပြီး တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။
"အိုင်ဗီ... မင်း ဒီအတွင်းခံအမည်းလေးကို ကိုယ့်အတွက် ဝတ်ပေးထားတာ မဟုတ်လား အစကတည်းက အားလုံးကို ကြိုတင်စီစဉ်ထားတာပေါ့လေ"
နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတဲ့ အသံနဲ့အတူ တုန်လှုပ်စရာ စကားလုံးတွေကြောင့် အိုင်ဗီရဲ့ ဒူးတွေဟာ အားပျော့သွားရတော့မတတ်ပါပဲ။
"ကိုယ် တကယ်ပဲ စိတ်လှုပ်ရှားမိတယ် ဆုလာဘ်အနေနဲ့... မင်းအတွက် တခြားအတွင်းခံအဝတ်အစားလေးတွေ ကိုယ်တိုင် စီစဉ်ပေးပါဦးမယ် အဲဒါတွေကိုပဲ ဝတ်နော် နောင်တစ်ချိန်မှာ အဲဒါတွေက အသုံးဝင်လာလိမ့်မယ်"
သူ့ရဲ့စကားတွေထဲမှာ နောက်ပြောင်မှုတွေ ပါဝင်နေပေမဲ့ အိုင်ဗီကတော့ သူမရဲ့ဦးနှောက်ထဲမှာ မိုးကြိုးတွေ ပစ်သွားသလို ခံစားလိုက်ရတယ်။
လှပတဲ့ အဝတ်အစားလေးတွေရဲ့ ကံကြမ္မာကို သူမ မြင်ယောင်လိုက်မိသည်။ ဆွဲဖြဲခံရပြီး ရက်ရက်စက်စက် အပစ်ပယ်ခံရဖို့ပဲ ရှိတာလေ...။
အကြံဆိုးနဲ့ အဲဒီအမျိုးသားက အနောက်ကနေ အရှေ့ကို ရွှေ့လိုက်တဲ့အခါ သူမရဲ့ အသက်ရှူသံတွေက ပိုပြီး ပြင်းထန်လာပါတယ်။
သူမက အလျင်အမြန်ပဲ သူ့လက်ကို ဖမ်းဆုပ်လိုက်ပါတယ်။ သူမရဲ့ အသက်ရှူသံတွေကတော့ အားကိုးရာမဲ့မှုတွေနဲ့အတူ မမှန်မကန် ဖြစ်နေပါပြီ။
"အခု မဟုတ်သေးဘူး... အ... အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်..."
အာရုံလွှဲတာ အောင်မြင်သွားပြီလို့ ဆိုင်းလပ်စ်က စိတ်ထဲကနေ တွေးလိုက်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်ပါတယ်။ ဒါပေမဲ့ လက်မရုပ်ခင်မှာ နောက်ဆုံးတစ်ချက် ကလိထိုးလိုက်ဖို့ သူ မမေ့ခဲ့ဘူး အိုင်ဗီကတော့ တိုးတိုးလေး ဆဲရေးလိုက်မိတော့တာပေါ့။
"ဆိုင်းလပ်စ် တောက်စ် ရှင်... ရှင် စောင့်နေလိုက်ဦး နောက်မှ ကုတင်ပေါ်မှာ ရှင် တောင်းပန်လာအောင် ကျွန်မ မလုပ်နိုင်ရင် ကျွန်မနာမည် အိုင်ဗီ မဟုတ်ဘူး"
"ကိုယ် စောင့်နေပါ့မယ် အချစ်ရယ်" ဆိုင်းလပ်စ်ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"... စိတ်ထဲမထားပါနဲ့ ကလေးရယ် မင်း စိတ်ကြွနေတဲ့ပုံက အလှဆုံးပဲ ကိုယ်က... အဲဒီအလှကို ခဏခဏ ငေးမောချင်ရုံသက်သက်ပါ"
ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးနေတာပေါ့လေ။
အိုင်ဗီရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး တစ်ဖက်လူရဲ့လက်က သူမရဲ့ လျှို့ဝှက်နယ်မြေကနေ ဝေးကွာသွားတာနဲ့ သူမကလည်း ပြန်လည်တိုက်စစ်ဆင်ဖို့ အခွင့်အရေး ယူလိုက်သည်။
နောက်တစ်စက္ကန့်မှာတော့ နူးညံ့ပြီး ပူနွေးနေတဲ့ သူမရဲ့လက်ကလေးက သူ့အင်္ကျီထဲကို တိုးဝင်သွားပြီး ရင်သားတွေကို ပွတ်သပ်လိုက်ကာ ဆိုင်းလပ်စ် တုန်တက်သွားပြီး ညည်းတွားသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"ဆိုင်းလပ်စ်... ရှင့်ရဲ့ အသီးလေးတွေက... တောင့်တင်းပြီး နူးညံ့နေတာပဲ ကျွန်မ ကိုက်ပစ်ချင်တယ်" အိုင်ဗီရဲ့ ပူနွေးတဲ့ အသက်ရှူသံတွေက ဆိုင်းလပ်စ်ရဲ့ လည်ပင်းပေါ်ကို ဖြန်းပက်သွားပြီး နူးညံ့တဲ့ လက်ရဲ့ ပွတ်သပ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဆိုင်းလပ်စ်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ တင်းခနဲ ဖြစ်သွားပါတယ်။
"အိုင်ဗီ..." ဆိုင်းလပ်စ် စကားမဆက်နိုင်ခင်မှာပဲ အိုင်ဗီက ကြားဖြတ်လိုက်သည်။ သူမရဲ့ နူးညံ့လှတဲ့ နှုတ်ခမ်းတွေက သူ့ရဲ့ လည်ပင်းပေါ်မှာ နေရာယူလိုက်ပြီး သူမက တိုးတိုးလေး ကပ်ပြောပါတယ်။
"အရမ်းကို မာတောင့်နေတာပဲ... ကိုက်ပစ်ချင်လိုက်တာ... လျှာနဲ့လည်း ကလိထိုးပစ်ချင်တယ်... အရင်က ကျွန်မ လုပ်ခဲ့သလိုမျိုးပေါ့..." သူမရဲ့ လက်တစ်ဖက်က ဂျင်းဘောင်းဘီထဲကို တိုးဝင်သွားပြီး သူ့ရဲ့ အရာကို အားနဲ့ ဆုပ်ကိုင်လိုက်ပစ်တယ်။
"တောက်စ် အိုင်ဗီ... ကိုယ်... အို ဘုရားသခင်" ဆိုင်းလပ်စ်ရဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်သွားတော့မတတ်ပါပဲ သူ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချိန်မှာပဲ အိုင်ဗီက နောက်ကို ဆုတ်သွားပြီး အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။
"ဒါနဲ့ သွားကြရအောင် နောက်ကျနေပြီ ပြီးတော့ စိတ်ထဲမထားပါနဲ့ဦး... ရှင် စိတ်ကြွနေတဲ့ပုံက နတ်သားတစ်ပါးလိုပဲ ကျွန်မလည်း မအောင့်နိုင်လို့ လုပ်မိသွားတာပါ" မျက်ဝန်းတွေထဲမှာ အပြစ်ကင်းစင်မှုတွေ အပြည့်နဲ့ အိုင်ဗီက ချိုသာစွာ ပြုံးပြပြီး တံခါးဆီကို လျှောက်သွားတေည့သည်။
’တကယ်ကို အကဲပိုတဲ့ကလေးလေးပဲ ငါ့အိုင်ဗီကတော့... တကယ်ပဲ အမှတ်ကြီးတာပဲ အား...’ ဆိုင်းလပ်စ် သက်ပြင်းချလိုက်ပြီး ရေအေးအေးနဲ့ ချိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့အခန်းဆီ လျှောက်သွားရင်း သူ မှာဖို့ မမေ့ခဲ့ပါဘူး။
"မနက်စာ စားထားလိုက်ဦး ကိုယ့်ကို အချိန်နည်းနည်းပေးပါ... ပြီးရင် ကိုယ်လာခဲ့မယ်"
အိုင်ဗီကတော့ ရင်းနှီးနေတဲ့ အစားအစာနံ့ကို ရလိုက်တဲ့အခါ စိတ်လှုပ်ရှားသွားသည်။
ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ မီးဖိုချောင်ဆီကို လျှောက်သွားပြီး ဖက်ထုပ်ပြုတ်ကို ကြင်နာတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေမိသည်။
နှမ်းစေ့လေးတွေ ပေါ်နေတဲ့ လိမ္မော်နီရောင် စွပ်ပြုတ်ရည်ထဲမှာ ကြက်သွန်မြိတ်လေးတွေ ဖြူးထားပြီး ဖောင်းကားနေတဲ့ ဖက်ထုပ်လေးတွေက အိုင်ဗီကို သွားရည်ကျစေဝာယ်။
ဖက်ထုပ်တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်တဲ့အခါ အရသာမျိုးစုံဟာ ပါးစပ်ထဲမှာ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ အနည်းငယ် စပ်ပြီး အရည်ရွှမ်းတဲ့ အရသာနဲ့အတူ ကြက်သွန်မြိတ်ရဲ့ ထူးခြားတဲ့ အနံ့က အိုင်ဗီကို ကျေနပ်စွာ မျက်စိမှိတ်သွားစေသည်။
တကယ့်ကို လက်ရာကောင်းပါပဲ။
’နောက်တစ်ခု ထပ်စားရမလား’ ပန်းကန်လုံးထဲမှာ ဖက်ထုပ် အခု ၂၀ ကျော် ရှိနေပါတယ် ဆိုင်းလပ်စ် စားပြီးလောက်ပြီလို့ ထင်ပေမဲ့ သေချာအောင် ကြည့်လိုက်တဲ့အခါ မီးဖိုချောင်ထဲက ပန်းကန်ဆေးစင်ထဲမှာ အနီရောင်အနှစ်တွေ ကျန်နေတဲ့ ပန်းကန်လုံးတစ်လုံးကို တွေ့လိုက်ရပါတယ်။
ဖက်ထုပ် ၂၀... ဒါတွေ အားလုံးက သူမအတွက်ပဲ။
ရင်ထဲက လောဘစိတ်ကို ထိန်းချုပ်ထားပေမဲ့ အိုင်ဗီကတော့ ဖက်ထုပ် ၂၀ စလုံးကို သိမ်းဆည်းထားလိုက်ပါတယ် သူမ ဆိုင်းလပ်စ်ကို ဘယ်တော့မှ ပစ်မသွားတော့ဘူးဆိုပေမဲ့ ဒါက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။
တကယ်လို့ နောင်တစ်ချိန်မှာ ခင်ပွန်းဖြစ်သူက တာဝန်နဲ့ အပြင်သွားနေရပြီး သူမက သူ့လက်ရာကို လွမ်းဆွတ်နေမိရင် ဒီလို အစားအစာလေးတွေကို သိမ်းထားတာက သူမအတွက် အားကိုးရာ ဖြစ်လာမှာပါ။
ဆိုင်းလပ်စ်သာ အိုင်ဗီရဲ့ အပြုအမူကို မြင်ရင် သူမကို ပန်းရောင်ရှဉ့်လေးလို့ အမည်ပေးမှာ သေချာပါတယ်။
.....
"ဒါဆို... တို့တွေရဲ့ အရင်ဘဝက ဆင်းရဲဒုက္ခတွေနဲ့ပဲ ပြီးဆုံးခဲ့ရတာပေါ့" ဖီးလစ်က ချွေးတွေကို သုတ်လိုက်ပေမဲ့ သူ့ရဲ့ ခြေထောက်တွေကတော့ အေးစက်နေဆဲပါပဲ ရူးသွပ်နေတဲ့ သူ့ကိုယ်သူနဲ့ အယ်လင်နာတို့ ကလေးတို့ရဲ့ သေဆုံးမှုကို ပြန်တွေးလိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားရသည်။
"ဟုတ်တယ်" အယ်လင်နာ့အသံက စိတ်လေနေဟန် ပေါက်နေသည်။သူမရဲ့ မျက်ဝန်းတွေက ဝေဝါးနေပြီး ရှုပ်ထွေးတဲ့ ခံစားချက်တွေက သူမကို လွှမ်းမိုးထားဆဲ။
သေချာစဥ်းစား ကြည့်မယ်ဆိုရင် တို့တွေဟာ ဒီဘဝမှာလည်း ဒုက္ခပြန်ရောက်ကြရမှာ... ဒါပေမဲ့ အိုင်ဗီ... အိုင်ဗီက တို့တွေကို ကယ်တင်ခဲ့တာပဲ။
အရင်ကတော့ အိုင်ဗီဟာ သူမရဲ့ဘဝဇာတ်လမ်းထဲမှာ အေးအေးဆေးဆေး နေတတ်တဲ့သူတစ်ယောက်သာ ဖြစ်ခဲ့ပေမဲ့ အခုတော့ သူမကပဲ ကံကြမ္မာကို ပြောင်းလဲပေးသူ ဖြစ်လာခဲ့ပါပြီ။
"ဘာလို့ အရင်ဘဝတုန်းက အိုင်ဗီက တို့တွေကို မကူညီခဲ့တာလဲ" ဖီးလစ်က အဓိကကျတဲ့ အချက်ကို ချက်ချင်းပဲ သိမြင်သွားပါတယ်။
"ဒါမှမဟုတ် သူမက..." တို့တွေ အဲဒီကို မရောက်ခင်ကတည်းက သေဆုံးသွားခဲ့တာလား
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်မှုတွေက လွှမ်းမိုးနေပြီး အတွေးပေါင်းစုံက သူတို့ရဲ့ စိတ်ထဲမှာ ချာချာလည်နေသည်။
ဖီးလစ်ရဲ့ စွမ်းအားသာ မရှိရင် အိုင်ဗီရဲ့ သေးငယ်တဲ့ အပြုအမူလေးတစ်ခုက သူတို့ဘဝအတွက် ဘယ်လောက်တောင် အရေးပါခဲ့တယ်ဆိုတာကို သူတို့ ဘယ်တော့မှ သတိထားမိမှာ မဟုတ်ပါဘူး။
"သူမက တို့တွေရဲ့ ကယ်တင်ရှင်ပဲ" အယ်လင်နာရဲ့ ပြတ်သားတဲ့ အသံက တင်းမာမှုတွေကို ပြယ်လွင့်သွားစေကာ "ပြီးတော့ အိုင်ဗီရဲ့ တုန့်ပြန်မှုတွေကို ကြည့်ရတာ... ငါ တစ်ခုခု ခံစားမိတယ်"
"မင်း ဆိုလိုတာက... သူမက တို့တွေရဲ့ အတိတ်ကို သိနေပြီး အဲဒါကြောင့်ပဲ..." တို့တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့ ကူညီခဲ့တာလို့ မင်း ထင်နေတာလား
ဖီးလစ်က စကားကို အဆုံးမသတ်ခဲ့ပေမဲ့ ၁၀ နှစ်ကျော်ကြာ လက်တွဲလာခဲ့တဲ့ ဇနီးဖြစ်သူ အယ်လင်နာကတော့ သူ ဘာပြောချင်သလဲဆိုတာကို နားလည်ပါတယ်။
သူတို့ရဲ့ ရင်ထဲမှာ ကျေးဇူးတင်စိတ်တွေ ပြည့်လျှံလာသည်။
အကယ်၍ အိုင်ဗီက အရာအားလုံးကို သိနေပါလျက်နဲ့ ဘာမှ ပြန်မတောင်းဘဲ သူတို့ကို ကူညီခဲ့တာဆိုရင် သူမရဲ့ အပြုအမူကို 'ကြင်နာမှု' ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့တင် အဓိပ္ပာယ်ဖွင့်လို့ မရနိုင်တော့ပါဘူး။
"သူ့ဆီ သွားတွေ့ကြရအောင်" အယ်လင်နာက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာ ရှိနေပြီး အဲဒါတွေကို အတည်ပြုပြီးမှသာ သူမ စိတ်အေးနိုင်တော့မှာ။