← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅) - အငြိုးကြီးသူ မာသာ

"အင်း" ဖီးလစ်က သဘောတူညီမှု ပေးလိုက်သည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ဖီးလစ်က "ကလေးတွေကို သွားကြည့်ကြမလား" ဟု အကြံပြုလိုက်သည်။

"အင်း" အယ်လင်နာ၏ မျက်ဝန်းများ နူးညံ့သွားပြီး ရင်ထဲမှ စိုးရိမ်စိတ်များမှာလည်း ကြင်နာယုယမှုများအဖြစ် အစားထိုးဝင်ရောက်သွားတော့သည်။

မိမိအတွက် အဖိုးတန်လှသောအရာတစ်ခုကို ဆုံးရှုံးလိုက်ရပြီးမှ ပြန်လည်ရရှိလိုက်သည့် ခံစားချက်မှာ မည်သို့ရှိမည်နည်း။ အတိုင်းအဆမရှိသော ပျော်ရွှင်မှုပင် ဖြစ်ပေလိမ့်မည်။

နောက်တစ်ကြိမ်တွင် ပန်းရောင်ဆံနွယ်များ ဖားလျားချထားသည့် လှပသော အမျိုးသမီးငယ်လေး၏ ပုံရိပ်က သူမ၏ အမြင်အာရုံတွင် ပေါ်လာပြန်ရာ သူမက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ် အိုင်ဗီ"

..............

ဆယ်လ်ဗီ အခြေစိုက်စခန်း

ပြင်းထန်လှသော နေပူရှိန်က ဆယ်လ်ဗီအခြေစိုက်စခန်းရှိ ပြည်သူများကို အတော်လေး ဒုက္ခပေးနေသည်။ အချို့မှာ ထီးများဆောင်းထားကြသော်လည်း အိုက်စပ်လှသော အပူလှိုင်းများကြောင့် သူတို့၏ အိမ်များသို့သာ ပြန်ချင်နေကြတော့သည်။

၎င်းမှာ သူတို့၏ စိတ်ကူးယဉ်မှုကြောင့်လား သို့မဟုတ် တစ်စုံတစ်ရာသော မှော်ဆန်သည့် အကျိုးသက်ရောက်မှုကြောင့်လားတော့ မသိ၊ မိမိတို့၏ အိမ်အတွင်း၌ နေထိုင်ရသည်မှာ အလွန်အေးမြပြီး သက်သောင့်သက်သာရှိလှသည်ဟု သူတို့ ခံစားရသည်။

နေရောင်ခြည်စွမ်းအင်သုံး ပြားများ တပ်ဆင်ခြင်းလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေစဉ်အတွင်း ဆိုင်းလပ်စ်ကို ခေါ်ဆောင်ကာ ရုံးခန်းထဲသို့ ဝင်လာသည့် အိုင်ဗီကို လူအများက ဝိုင်းဝန်းကြည့်ရှုနေကြသည်။

သူမသည် စခန်းရှိ ပြည်သူများအကြားတွင် ရေပန်းစားလှသူတစ်ဦး ဖြစ်သည်။ အားလုံးထဲတွင် အိုင်ဗီသည်သာ စခန်းခေါင်းဆောင်အစစ်အမှန်ကို မြင်ဖူးကောင်းမြင်ဖူးနိုင်သူလေ။

ထို့ပြင် နည်းပြတစ်ဦးအနေဖြင့် သူမ၏ ဂုဏ်သတင်းမှာလည်း ကျော်ကြားလှသဖြင့် လူအများက စိတ်ဝင်စားကြခြင်း ဖြစ်သည်။ စစ်သားများက အလေးပြုကြသလို အရပ်သားအချို့မှာလည်း သူမကို စပ်စုချင်ကြသော်လည်း မည်သူမျှ မနှောင့်ယှက်ရဲကြပေ။

အိုင်ဗီ၏ တည်ငြိမ်သော မျက်နှာပေးနှင့် ဆိုင်းလပ်စ်၏ မြင့်မားထည်ဝါသော ကိုယ်ဟန်တို့မှာ သူတို့ကို မည်သူမျှ မယှဉ်နိုင်သည့် အရှိန်အဝါမျိုး ပေးစွမ်းနေသည်။

သူမ၏ စိတ်ထဲတွင် ပထမဆုံးဝင်လာသည့် အတွေးမှာ စခန်းအမည်ကို မှတ်ပုံတင်ရန် ဖြစ်သည်။

ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ မာသာကို လှမ်းခေါ်လိုက်သည်။

ထို့နောက် အိုင်ဗီက ဆိုင်းလပ်စ်ဘက်သို့ လှည့်ကာ "ရှင့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ဆိုင်းလပ်စ်က မျက်ခုံးပင့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဒါဆိုရင်တော့ ကိုယ် စိတ်ဝင်စားသွားပြီ အဲဒီလူက ဘယ်သူလဲ"

အိုင်ဗီသည် မာသာကို သတိရလိုက်သည်နှင့် မသိစိတ်မှတစ်ဆင့် သူမ၏ မျက်ဝန်းများ နူးညံ့သွားသည်။

"သူက ကျွန်မအတွက်တော့ နွေးထွေးတဲ့ အမေရိကန် အစ်မကြီးတစ်ယောက်လိုပဲ လက်ထောက်တစ်ယောက်ပဲ ဆိုပေမဲ့ ကျွန်မကို အမြဲတမ်း ဂရုစိုက်ပေးတယ် သူ့နာမည်က မာသာတဲ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဆိုင်းလပ်စ်၏ မျက်ဝန်းများ မှေးစင်းသွားတော့သည်။

သူ၏ အကြည့်များမှာ ပိုမိုစူးရှလာပြီး ပတ်ဝန်းကျင်၏ အငွေ့အသက်မှာလည်း ပြောင်းလဲသွားသယောင် ရှိသည်။

’မာသာ ဟုတ်လား အိုင်ဗီနဲ့ အတူအိပ်ချင်တယ်လို့ ပြောဝံ့တဲ့သူပေါ့လေ’

အခန်းတွင်းရှိ အပူချိန်မှာ ရုတ်ချည်း ကျဆင်းသွားသဖြင့် အိုင်ဗီမှာ ဝေခွဲမရ ဖြစ်သွားရသည်။ သူမ၏ လက်မောင်းများကို ပွတ်သပ်ရင်း ဇဝေဇဝါ ဖြစ်နေမိသည်။

"ထူးဆန်းလိုက်တာ... ဘာလို့ ဒီလောက် အေးသွားရတာလဲ ဆောင်းတွင်းလည်း မဟုတ်ဘဲနဲ့ အပြင်မှာ နေက ပူကျစ်နေတာကို ဒီထဲမှာကျတော့..."

သူမ စကားမဆုံးခင်မှာပင် ဆိုင်းလပ်စ်က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အေးနေတယ်ဆိုရင် ကိုယ် နွေးအောင် လုပ်ပေးနိုင်ပါတယ်"

အိုင်ဗီက သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်သည်။ သူမ၏ ပါးပြင်များမှာ နီမြန်းနေသော်လည်း အသံကိုတော့ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"ဒါက အခြေစိုက်စခန်းလေ ဆိုင်းလပ်စ် ဒီမှာ လာပြီး ရိုးတိုးရိပ်တို မလုပ်နဲ့ တည်တည်တံ့တံ့ နေစမ်းပါ"

သူမအနေဖြင့် အလုပ်ကို အလေးအနက်ထားကြောင်း ပြသသည့်အနေဖြင့် အကွာအဝေးတစ်ခုပင် ဖန်တီးလိုက်သေးသည်။

ဆိုင်းလပ်စ်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"မင်းကတော့ တစ်ခါတလေကျရင် တကယ်ကို လူဆိုးမလေးအတိုင်းပဲ"

အိုင်ဗီ ပြန်ပြောရန် ပြင်နေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဝင်ခဲ့ပါ" ဟု အိုင်ဗီက ပြောလိုက်သည်။

တံခါးမှာ အသံမြည်ကာ ပွင့်သွားပြီး မာသာက ချိုသာသော အပြုံးဖြင့် ဝင်လာသည်။

သူမ၏ အကြည့်များက အိုင်ဗီထံသို့ ရောက်ရှိသွားချိန်တွင် မျက်နှာမှာ ဝင်းပသွားတော့သည်။

"မစ္စစ် အိုင်ဗီ"

မနေ့က အိုင်ဗီတစ်ယောက် ခွင့်တစ်ဝက် ယူသွားသည်ဆိုသော သတင်းကို ကြားလိုက်ရစဉ်က သူမ မည်မျှ စိုးရိမ်ခဲ့ရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

အိုင်ဗီကလည်း ပြန်လည်ပြုံးပြလိုက်ရာ မျက်ဝန်းများတွင် ရိုးသားလှသော ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။

"မာသာ"

သို့သော်လည်း မာသာ၏ အကြည့်များမှာ ဆိုင်းလပ်စ်ထံသို့ ရောက်ရှိသွားသည်။ သူမသည် အခြေအနေကို ချက်ချင်းပင် ချိတ်ဆက်လိုက်နိုင်ပြီး ကောက်ချက်ချလိုက်တော့သည်။

’ဪ... သူပေါ့လေ... ငါ့အထက်လူကြီး ပြောပြောနေတဲ့ အမျိုးသားဆိုတာ ကြည့်ရတာတော့ မဆိုးပါဘူး’ သို့သော်လည်း သူမ၏ မျက်နှာတွင်တော့ ဘာမှ အရိပ်အယောင် မပြဘဲ ယဉ်ကျေးသော အပြုံးကိုသာ ဆက်လက် ထိန်းထားသည်။

ဆိုင်းလပ်စ်ကမူ သူမကို တည်ငြိမ်စွာ ကြည့်နေပြီးနောက် အိုင်ဗီအနားသို့ တိုးကပ်သွားကာ ကလေးကလား ဆန်သော ကြောင်လေးတစ်ကောင်ကဲ့သို့ သူမ၏ ပုခုံးပေါ်သို့ ခေါင်းတင်လိုက်သည်။

အိုင်ဗီမှာ မျက်တောင်ခတ်ရင်း ပါးပြင်များ နွေးလာသော်လည်း သူမ ဘာမှ မပြောရသေးခင်မှာပင် မာသာက တစ်ချက် တုံ့သွားသည်။

သူမ၏ မျက်မှန်မှာ အနည်းငယ် လျှောကျသွားပြီးနောက် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

"ဪ... မစ္စစ်အိုင်ဗီ ရှင့်သူငယ်ချင်း အခြေအနေ ဘယ်လိုရှိလဲဟင် အဲဒီ လူမိုက် ရည်းစားနဲ့ ပြန်အဆင်ပြေသွားပြီလား"

သူမက 'လူမိုက်' ဆိုသည့် စကားလုံးကို ခပ်ဆွဲဆွဲ ပြောလိုက်ပြီး အကြည့်များက ဆိုင်းလပ်စ်ထံသို့ ဝေ့ဝဲသွားသည်။

ဆိုင်းလပ်စ်၏ အကြည့်များမှာ အေးစက်သွားတော့သည်။

သူ၏ မေးရိုးများမှာ တင်းမာသွားပြီး မာသာကို ထိုနေရာမှာတင် ပါးစပ်ပိတ်သွားအောင် လုပ်ချင်နေသကဲ့သို့ ရှိသည်။

’ဒီမိန်းမက အတင့်ရဲလှချည်လား...’

သို့သော် သူ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်။ ဤအခြေစိုက်စခန်းသည် အိုင်ဗီအတွက် အရေးကြီးကြောင်း သူ သိထားသလို မာသာ၏ စွမ်းအားကိုလည်း သူ မသေချာသေးပေ။

အိုင်ဗီကတော့ သူမ၏ မျက်နှာ ပူထူးလာသည်ကို ခံစားလိုက်ရသည်။

"မာသာ... အဲဒီကိစ္စက ပြေလည်သွားပါပြီ အဲဒီရည်းစားက သူ့ချစ်သူကို တစ်ခုခု နားလည်အောင် လုပ်ချင်ရုံတင်ပါ အဲဒါကြောင့် ဒီနည်းလမ်းကို သုံးလိုက်တာပါ"

မာသာက လက်ပိုက်လိုက်ပြီး ခေါင်းကို တစ်စောင်းစောင်းကာ ပြောလိုက်သည်။

"ဒါကတော့ လှည့်ဖြားတာပဲလေ သူ့ကို ခြောက်လှန့်ဖို့အတွက် လူစားထိုးတစ်ယောက် ငှားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ဒီလို မိုက်မဲ ရည်းစားမျိုးကတော့ အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်"

သူမက အနည်းငယ် ပြုံးလိုက်သည်။

"ကျွန်မသာ ဆိုရင်တော့ သူ့ကို အနည်းဆုံး နှစ်ပတ်လောက် လျစ်လျူရှုထားလိုက်မှာ သူပြုမူခဲ့သလိုမျိုး ပြန်အဆက်ခံရတဲ့ အရသာကို သူ သိသွားအောင်လို့လေ"

အိုင်ဗီ ဆွံ့အသွားရသည်။ သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။

‘သူ့ကို နှစ်ပတ်လောက် လျစ်လျူရှုထားရမယ် ဟုတ်လား’

သို့သော်လည်း သူမ၏ မျက်မှောင်များ ကြုတ်သွားသည်။

"နေပါဦး မာသာ အစ်မကပဲ ကျွန်မကို... မဟုတ်ဘူး... ကျွန်မသူငယ်ချင်းကို ပြောခဲ့တာလေ ရည်းစားနဲ့ ပြန်အဆင်ပြေအောင်... အတူနေပြီး ဖြေရှင်းဖို့ ဆိုတာလေ အခုကျတော့ ဘာလို့ လျစ်လျူရှုခိုင်းရတာလဲ"

မာသာက အပြစ်ကင်းစင်ဟန်ဖြင့် ပုခုံးတွန့်လိုက်သည်။

"အဲဒါက ပထမအဆင့်ပဲလေ ဆက်ဆံရေး လုံးဝ ပြတ်မသွားအောင် အရင် ပြန်ဆက်ခိုင်းတာပေါ့ ဒါပေမဲ့ ပြန်ဆက်ပြီးသွားရင်တော့ သူ့ကို အပြစ်ပေးတာက တရားမျှတပါတယ် သူပေးခဲ့တဲ့ နာကျင်မှုမျိုးကို သူ ပြန်ခံစားစေရမယ် မဟုတ်ရင် သူ ဘယ်တော့မှ သင်ခန်းစာရမှာ မဟုတ်ဘူး။ မဟုတ်ဘူးလား နည်းပြကြီး"

အိုင်ဗီ၏ မျက်ဝန်းများ မှောင်မှောင်သွားသည်။ သူမသည် အကြည့်ကို နှိမ့်ချကာ နက်နက်နဲနဲ စဉ်းစားနေမိသည်။

‘ငါ တကယ်ပဲ အဲဒီလို လုပ်သင့်တာလား’

ဆိုင်းလပ်စ်၏ ရင်ခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားရသည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားပြီး မာသာကို စိုက်ကြည့်လိုက်သည်။

ဒီမိန်းမကတော့ တကယ့်ကို ပြဿနာပဲ သူမနှင့် တွေ့ဆုံမိသည်ကိုပင် သူ နောင်တရမိတော့သည်။

မာသာက သူမ၏ မျက်မှန်ကို အေးဆေးစွာ ပြန်ပြင်လိုက်ပြီး ချိုသာသောအသံဖြင့် ဆက်ပြောသည်။

"တစ်ခါတလေကျရင် ရည်းစားတွေက သူတို့ လုပ်ချင်ရာ လုပ်လို့ရတယ်လို့ ထင်နေတတ်ကြတာ ဒါပေမဲ့ သူတို့ရဲ့ ချစ်သူတွေက ကစားစရာ မဟုတ်ဘူးဆိုတာကို သူတို့ သတိရဖို့ လိုတယ် သူတို့အနေနဲ့ လေးစားတတ်ဖို့ သင်ယူရပါလိမ့်မယ်"

ဆိုင်းလပ်စ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ အသံတွင် စိတ်ပျက်မှုအချို့ ပါဝင်နေသည်။

"မင်း စကားတွေ အရမ်းလွန်နေပြီ"

မာသာကတော့ ဂရုမစိုက်ဟန်ဖြင့် ပြုံးနေမြဲပင်။

သူမ၏ စိတ်ထဲတွင်တော့ အေးစက်စွာ တွေးနေမိသည်။

’အရင်က အဲဒီလို အကြံပေးခဲ့တာက မစ္စစ်အိုင်ဗီ အရမ်း စိတ်ထိခိုက်နေလို့လေ အခြေအနေတစ်ခုလုံးကို မြင်အောင် ကြည့်စေချင်တာ အခု ရှင့်ရဲ့ ပုံစံကို မြင်လိုက်ရတော့... ရှင် သူ့ကို ချစ်တာတော့ မှန်ပါတယ် ဒါပေမဲ့ ရှင့်ရဲ့ နည်းလမ်းကတော့... တောက်စ်... ငါ့အထက်လူကြီးကို နာကျင်စေလွန်းတယ် ငါ့အထက်လူကြီးကို နာကျင်အောင် လုပ်ပြီးမှ ရှင်က အေးအေးဆေးဆေး နေရမယ်လို့ ထင်နေတာလား အိပ်မက်တောင် မမက်နဲ့’

အခန်း (၂၀၆) - မရိုးသားတဲ့ ရည်ရွယ်ချက်များလား

မာသာကို ဒေါသတကြီး အော်ဟစ်မောင်းထုတ်ပစ်ချင်စိတ်ကို ဆိုင်းလပ်စ် အစွမ်းကုန် အောင့်ထားလိုက်ရသည်။

သူ အလွန်အကျွံ ဒေါသထွက်ပြမိလျှင် မာသာ၏စကားများက မှန်ကန်နေသည်ဟု အိုင်ဗီ ထင်သွားနိုင်ကြောင်း သူသိသည်။ သူက ဟန်ဆောင်အပြုံးတစ်ခုကို အားတင်းပြုံးလိုက်ရင်း အိုင်ဗီဘက်သို့ လှည့်လိုက်သည်။

"သူက နောက်နေတာပါ" ဆိုင်းလပ်စ်က တိုးတိုးလေး ပြောလိုက်သော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏သွားများကို ကြိတ်ထားသည်ကို မြင်နိုင်မည်ဖြစ်သည်။

ထို့နောက် မာသာကို တစ်ချက်ကြည့်ကာ ထိုဟန်ဆောင်အပြုံးဖြင့်ပင် ဆက်ပြောလိုက်သည်။

"ဟုတ်တယ်မလား ကိုယ်ပြောတာ မှန်တယ်မလား"

မာသာက လှောင်ပြောင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။ ထို့နောက် အိုင်ဗီဘက်သို့ လှည့်လိုက်သည်။

"ရှင့်သူငယ်ချင်းအနေနဲ့ အလျှော့မပေးသင့်ဘူး အဲဒီအစား ပြန်ပြီး တိုက်ခိုက်သင့်တယ် အဲဒီလူမိုက်ကို အနည်းဆုံး နှစ်နာရီလောက် အဝတ်လျှော်ပြားပေါ်မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးသင့်တယ် အဲဒါတင်မကဘူး သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်နေရမယ်"

သူမ၏ အကြည့်များက ခံစားချက်မရှိဟန်ဖြင့် ဆိုင်းလပ်စ်ထံသို့ ဝေ့ဝဲသွားပြန်သည်။

"ရှင်က အရမ်းစိတ်ထားနုနယ်တာ ကျွန်မနားလည်ပါတယ် မစ္စစ်အိုင်ဗီ ဆက်ဆံရေးတွေအကြောင်း ရှင် သိပ်မသိသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှင်ကသာ အရမ်းဖြူစင်အေးဆေးနေမယ်ဆိုရင်တော့ ရှင့်ရဲ့ အရိုးတောင် မကျန်တော့တဲ့အထိ အဝါးခံရလိမ့်မယ်"

အိုင်ဗီ၏ မျက်လုံးများ ပြူးသွားတော့သည်။ သူမသည် ဆိုင်းလပ်စ်ကို စူးရှသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

‘ဒါဆို... ဒီလူက ငါ့ကို တကယ်ပဲ လှည့်စားခဲ့တာပေါ့ မာသာက တစ်ခုခုကို သေချာမမြင်ဘဲနဲ့ ဒီလိုစကားမျိုး ပြောမှာမဟုတ်ဘူး ဆိုင်းလပ်စ် ငါ့ကို ချော့မော့နေတုန်းကလည်း တစ်ခုခုတော့ မှားနေပြီလို့ ငါခံစားခဲ့ရသားပဲ ဒါပေမဲ့ ဘာလဲဆိုတာ ဝေခွဲမရဖြစ်နေခဲ့တာ အခုတော့... အတည်ပြုနိုင်ပြီ ဒီလူ ပြန်ပေးဆပ်ရမယ်’

သူမသည် မာသာ၏စကားကို မျက်စိမှိတ်ယုံကြည်နေခြင်း မဟုတ်ပေ။ သူမ၏ရင်ထဲတွင် တစ်ခုခု မတင်မကျ ဖြစ်နေသည်ကို မာသာက ထောက်ပြလိုက်ခြင်းသာ ဖြစ်သည်။

သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားရင်း စိတ်ထဲမှနေ၍ အပြစ်ပေးရန် နည်းလမ်းများကို တိတ်တဆိတ် စဉ်းစားနေတော့သည်။

ဆိုင်းလပ်စ် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

ပထမဆုံးအကြိမ်အဖြစ် နောင်တတရားက သူ၏နှလုံးသားကို နက်နက်နဲနဲ ထိုးနှက်သွားတော့သည်။

’ငါ ဘာလို့ ပက်ထရီရှာကို ငှားခဲ့မိပါလိမ့် မဟုတ်ဘူး... ငါ ဘာလို့ သူနဲ့ စတွေ့ခဲ့မိပါလိမ့် ဒီလို လူစားထိုးသင်ခန်းစာပေးဖို့ဆိုတဲ့ အတွေးက ဘယ်လိုတုံးအတဲ့ အတွေးမျိုးလဲ ငါကတော့ တကယ့် လူအပဲ’

သို့သော်လည်း သူ မျက်လုံးများကို ပြန်ဖွင့်ကာ အိုင်ဗီကို ကြည့်ရင်း အလိုလိုက်သော လေသံဖြင့် အတင်းချော့ရတော့သည်။

"အဲဒီရည်းစားဖြစ်သူက လွန်သွားတာလည်း ဖြစ်နိုင်ပါတယ် သူ အပြစ်ပေးခံရဖို့လည်း လိုကောင်းလိုပါလိမ့်မယ် ဒါပေမဲ့... လုံးဝ လျစ်လျူရှုထားတာကတော့ များလွန်းပါတယ် ဘာပဲဖြစ်ဖြစ် အရင်ဆုံး ပစ်သွားတာက မိန်းကလေးဘက်လေ ရည်းစားဖြစ်သူက ဒူးထောက်ပြီးတောင် တောင်းပန်ခဲ့တာပါ"

မာသာ၏ မျက်ဝန်းများ အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားပြီး မျက်မှန်ကို ပင့်တင်လိုက်သည်။

’သူက တကယ်ပဲ ဒူးထောက်ပြီး မသွားဖို့ တောင်းပန်ခဲ့တာလား အမျိုးသားအနည်းငယ်ပဲ သူတို့ရဲ့ သိက္ခာကို ချပြီး ဒူးထောက်တောင်းပန်နိုင်တာ ဒါဆို ဒီလူက... သူ့ကို တကယ်ချစ်တာလည်း ဖြစ်နိုင်တာပဲ’

သို့သော်လည်း စောစောက သူ သူမကို ကြည့်ခဲ့သည့် အေးစက်သော အကြည့်ကို သတိရလိုက်သောအခါ သူမ၏ နှုတ်ခမ်းများက လှောင်ပြုံးအဖြစ် ကွေးတက်သွားသည်။ သူမက အိုင်ဗီဘက်သို့ ချိုသာသော အပြုံးဖြင့် ပြန်လှည့်လိုက်သည်။

"ကျွန်မက ရှင့်အတွက် စေတနာနဲ့ ပြောပြတာပါ ဒါနဲ့... အပြင်မှာ ရှင်နဲ့ တွေ့ချင်နေတဲ့သူ နှစ်ယောက် ရှိနေတယ်"

အိုင်ဗီ မျက်တောင်ခတ်လိုက်ပြီး အတွေးများ ပြတ်တောက်သွားသည်။ "လူနှစ်ယောက်လား ဘယ်သူတွေလဲ"

မာသာ၏ အပြုံးက ပိုမိုပေါ့ပါးသွားသည်။

"သူတို့နာမည်က ဖီးလစ်နဲ့ အယ်လင်နာတဲ့ အဲဒီနာမည်တွေကို ကြားရင် ရှင် သူတို့ကို သေချာပေါက် ပေးဝင်လိမ့်မယ်လို့ ပြောတယ်"

အိုင်ဗီ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် တက်ကြွသွားတော့သည်။ ရင်ထဲမှ အငြိုးအတေးများ အရည်ပျော်သွားကာ ထိုင်ခုံမှ အမြန်ထရပ်လိုက်သဖြင့် ထိုင်ခုံနှင့် ကြမ်းပြင်ပွတ်တိုက်သံက ဟိန်းထွက်သွားသည်။

"သူတို့ ဘယ်မှာလဲ"

သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေသည်။

ဘာပဲဖြစ်ဖြစ် အယ်လင်နာက အဆင့်မြင့် ကုသခြင်းစွမ်းအားရှင်တစ်ဦးလေ။

အကယ်၍ အိုင်ဗီသာ သူမကို စည်းရုံးနိုင်ခဲ့လျှင် ဆယ်လ်ဗီအခြေစိုက်စခန်းအနေဖြင့် ဆေးရုံမရှိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

နောင်တစ်ချိန်တွင် အင်အားကြီးမားသော အခြေစိုက်စခန်းများသည် အစွမ်းထက်သော ကုသသူများကြောင့် ထွန်းကားလာမည်ကို သူမ သိထားသည်။

’အယ်လင်နာသာ ငါ့ဆီမှာ ရှိနေရင် ငါ ဆေးရုံတစ်ရုံ တည်ဆောက်နိုင်မယ် ငါ ဆေးရုံတည်ဆောက်နိုင်ရင် ငါ့စခန်းက တခြားစခန်းတွေထက် သာသွားလိမ့်မယ် ငါ အောင်မြင်နိုင်တယ် ကမ္ဘာပျက်ကပ်ကို ငါ စိုးမိုးနိုင်ပြီး ငါ့အတွက် အရေးကြီးတဲ့သူတွေကို ကာကွယ်ပေးနိုင်သလို ငါ့ကို နာကျင်အောင်လုပ်တဲ့သူတွေကိုလည်း နှိမ်နင်းနိုင်လိမ့်မယ်’

ထိုဝမ်းသာပီတိဖြစ်မှုက ကြီးမားလွန်းလှသဖြင့် ဆိုင်းလပ်စ်ကိုပင် သူမ လုံးဝ မေ့သွားတော့သည်။

ဆိုင်းလပ်စ်ကမူ မာသာကို အကြည့်မပြတ် ကြည့်နေရင်း မျက်ဝန်းများ မှောင်မှောင်သွားသည်။

‘ဒီမိန်းမ... သူက အိုင်ဗီရဲ့ စိတ်ခံစားချက်တွေကို ဘယ်လို လှည့်စားရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ ငါ သူ့ကို ဘယ်တော့မှ ထပ်ပြီး ရန်မစတော့ဘူး’

မာသာသာ သူ၏ အတွေးများကို ကြားနိုင်လျှင် ပုခုံးတွန့်ပြရုံသာ ရှိပေလိမ့်မည်။

အိုင်ဗီက ဤမျှအထိ စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။ သူမက "ဖီးလစ်နဲ့ အယ်လင်နာကို အထဲခေါ်လာခဲ့ရမလား" ဟုသာ မေးလိုက်သည်။

အိုင်ဗီက အမြန်ခေါင်းညိတ်ပြပြီး ပြန်ထိုင်လိုက်သည်။ မာသာက ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်သွားတော့သည်။

တံခါးပိတ်သွားသည်နှင့် ဆိုင်းလပ်စ်က အိုင်ဗီ၏ လက်ကို လှမ်းဆွဲလိုက်သည်။ သူက သူမ၏လက်ကို နူးညံ့စွာ နှိပ်နယ်ပေးရင်း မျက်နှာတွင် အလိုလိုက်လိုသော အမူအရာများဖြင့်...

"အိုင်ဗီ... ကိုယ် တောင်းပန်ပါတယ် အရာအားလုံးအတွက် တောင်းပန်ပါတယ် ကိုယ့်ရဲ့ တုံးအတဲ့ အတွေးတွေနဲ့ အပြုအမူတွေအတွက်ပေါ့ အပြစ်ပေးတဲ့အနေနဲ့... မင်း အလိုရှိသလောက် အဝတ်လျှော်ပြားပေါ်မှာ ကိုယ် ဒူးထောက်ပေးဖို့ အသင့်ပါပဲ"

အိုင်ဗီက အေးဆေးစွာ ခေါင်းခါလိုက်ပြီး သူမ၏လက်ကို ပြန်ရုပ်လိုက်သည်။ သူမက သူ့ကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ရှင်က လူစားထိုးတွေ ငှားရတာ အရမ်းတော်နေပြီး ကျွန်မကို သင်ခန်းစာပေးဖို့တောင် စိတ်ကူးရှိနေမှတော့... ရှင့်ရဲ့ ချစ်လှစွာသော လူစားထိုးနဲ့ပဲ အချိန်ဖြုန်းလိုက်ပါလား"

ဆိုင်းလပ်စ် တောင့်ခဲသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ရင်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူက သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ကိုယ် ကတိပေးပါတယ်... နောင်ကို ဒီလို တုံးအတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး"

အိုင်ဗီ၏ အကြည့်က စူးရှနေမြဲပင်။ နောက်ဆုံးတွင် သူမက "ကောင်းပြီလေ ရှင်ကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးပါ့မယ်"

ဆိုင်းလပ်စ်၏ ရင်ခုန်သံမှာ မြန်လာသည်။ သူက သူမ၏လက်ကို ပြန်ဆွဲယူကာ အေးစက်နေသော လက်ချောင်းလေးများကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။

အိုင်ဗီက သူ့ကို ထိုသို့လုပ်ခွင့်ပေးထားပြီးနောက် နူးညံ့သော်လည်း ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ရှင် ကျွန်မကို ပိုပြီး အလိုလိုက်ရမယ် ကျွန်မရဲ့ စကားကို အမိန့်တော်အတိုင်း နားထောင်ရမယ် ပြီးတော့... တစ်ပတ်တိတိ ရှင် ကျွန်မကို ထိခွင့်မရှိဘူး"

ဆိုင်းလပ်စ်က ပထမအချက်နှစ်ချက်ကို တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သော်လည်း နောက်ဆုံးအချက်မှာမူ... သူ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်သွားတော့မတတ်ပင်။

’ငါ အသားစားခွင့်ရခါစပဲ ရှိသေးတာကို... မာသာကြောင့် အခုတော့ ခုနစ်ရက်တိတိ ဘုန်းကြီးဝတ်နေရတော့မှာလား ဒါက နှိပ်စက်တာပဲ’

သို့သော်လည်း သူက အတင်းပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ ကိုယ် သဘောတူပါတယ်"

ရုံးခန်းတံခါးမှာ ပွင့်သွားပြီး အယ်လင်နာသည် အိုင်ဗီကို မြင်လိုက်ရသည်နှင့် တက်ကြွသွားတော့သည်။

"ဒီမှာ ရှိနေတာကိုး နေကောင်းလား အိုင်ဗီ ဪ... ဆိုင်းလပ်စ်လည်း ရှိနေတာပဲ"

ဆိုင်းလပ်စ်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီး ဖီးလစ်ပါ ပါလာသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်က... အိုင်ဗီကို သိကြတာလား"

အယ်လင်နာ၏ မျက်ဝန်းများတွင် ကျေးဇူးတင်ရိပ်များ ထင်ဟပ်သွားပြီး သူမက ရှင်းပြလိုက်သည်။

"တို့တွေ အိုင်ဗီကို ကျေးဇူးလာတင်တာပါ သူက တို့ကလေးတွေရဲ့ အသက်ကို ကယ်ခဲ့တာလေ"

အိုင်ဗီ၏ မျက်နှာပေးမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ ရက်သတ္တပတ် အနည်းငယ်ပင် ကြာခဲ့ပြီဖြစ်ရာ... ဘာကြောင့် သူတို့ အခုမှ ရောက်လာကြသနည်း။

’သူတို့မှာ တစ်ခုခုတော့ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာ သေချာတယ်’

All Chapters