← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅)

ပြဿနာများက တဖြည်းဖြည်း ကြီးထွားလာပြီး သူမျှော်လင့်တောင့်တနေသည့် အေးဆေးတည်ငြိမ်သော ဘဝလေးကို ဖျက်ဆီးရန် ခြိမ်းခြောက်နေ၏။

‘ဒီအတိုင်းဆို မဖြစ်သေးဘူး’

ရှောင်ရှန်းသည် တစ်ဖက်သို့ စောင်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ လရောင်ကို ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။

‘ပြဿနာက ကြီးလာတာနဲ့အမျ သူကလည်း ပိုပြီး အသုံးမကျသလို ဟန်ဆောင်နိုင်ရမယ်၊ လူတိုင်း စိတ်ပျက်သွားအောင် …’’

‘ ခမည်းတော်တောင် သူ့ရဲ့ “ဆွေးမြည့်နေတဲ့သစ်သားကို ထုဆစ်လို့မရဘူး” ဆိုတဲ့ သဘာဝကို သေသေချာချာ မြင်သွားခဲ့ရင် ၊ ဒီရဲ့ပူလောင်နိုင်လွန်းတဲ့ အိမ်ရှေ့စံရာထူးကနေ ဆင်းပေးရမှာ သေချာတယ်’

ထိုဆုံးဖြတ်ချက်နှင့်အတူ အိပ်ပျော်သွားလေရာ နောက်တစ်နေ့တွင် နေမွန်းတည့်ခါနီးမှ နိုးထလာခဲ့၏။

…….

တစ်လခန့် ကြာပြီးနောက်၊

မြို့တော်ဆင်ခြေဖုံးရှိ တော်ဝင်အမဲလိုက်ကွင်း၌။

သာရှမင်းဆက်၏ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ‘ မသေမျိုးမဟာညီလာခံ’ သည် နောက်ဆုံးတွင် စတင်ကျင်းပခဲ့ပြီ ဖြစ်သည်။

ဤနေရာကို တော်ဝင်အစောင့်များက ကြိုတင်ရှင်းလင်းထားပြီး ဖြစ်ရာ၊ သာမန်အချိန်များတွင် တော်ဝင်မိသားစုဝင်များသာ မြင်းစီးအမဲလိုက်လေ့ရှိသည့် ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးသည် ယခုအခါတွင်မူ အလံတလူလူနှင့် လူပင်လယ်ကြီးအသွင် ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။

အရပ်ရပ်မှ ရောက်ရှိလာကြသော ကျင့်ကြံဂိုဏ်းကြီးများသည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် နေရာယူထားကြပြီး ၊ အချို့က ခမ်းနားလှသော စင်မြင့်များကို ဆောက်လုပ်ထားကြကာ၊ အချို့ကမူ မှော်ပစ္စည်းများကို ထိုင်ခုံအဖြစ် ပြုလုပ်ထားကြသည်။

ရောင်စုံအလင်းတန်းများနှင့် မှော်ပစ္စည်းများမှ ဖြာထွက်လာသော ရောင်ခြည်များသည် တစ်ခုနှင့်တစ်ခု ထိခတ်လျက် အမဲလိုက်ကွင်းတစ်ခုလုံးကို နတ်ဘုရားကမ္ဘာတစ်ခုကဲ့သို့ ခြယ်သထားလေ၏။

မင်းသား(၃) ရှောင်ကျင်းသည် ပိုးထည်ဝတ်စုံကို ဆင်မြန်းထားပြီး အခြွေအရံများ ခြံရံလျက် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် အပြုံးမပျက် စကားစမြည် ပြောဆိုနေပြီး ပညာရှိတို့၏ အမူအရာကို အပြည့်အဝ ပြသနေသည်။

မင်းသား(၅) ရှောင်ယန်မှာမူ ပေါ့ပါးသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသော ဂိုဏ်းချုပ်အချို့နှင့် သိုင်းပညာများ ဖလှယ်နေသဖြင့် ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုကို ရရှိထားသည်။

သူတို့နှစ်ဦးသည် အတောက်ပဆုံးသော ကြယ်ပွင့်နှစ်ပွင့်ကဲ့သို့ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နေခဲ့သည်။

၎င်းတို့နှင့် နှိုင်းယှဉ်ပါက ၊ ဤညီလာခံ၏ အမည်ခံ “လုံခြုံရေး အထွေထွေတာဝန်ခံ” ဖြစ်သော အိမ်ရှေ့စံ ရှောင်ရှန်း၏ ပွဲထွက်လာပုံမှာမူ အတော်လေး လူတောမတိုးလှချေ။

သူ့ကို အမဲလိုက်ကွင်းဗဟိုရှိ အမြင့်ဆုံးနှင့် အမြင့်မြတ်ဆုံးသော ပင်မပွဲကြည့်စင်မြင့်ထက်တွင် နေရာချပေးထားသည်။

ဧကရာဇ် ရှောင်ယွမ် မရောက်ရှိသေးသဖြင့် ပလ္လင်ထက်တွင် သူတစ်ဦးတည်း အထီးကျန်စွာ ထိုင်နေသည်။ သူ၏ခရမ်းရွှေရောင် ဝတ်ရုံကြီးသည် ပွယောင်းယောင်း ဖြစ်နေကာ တစ်ကိုယ်လုံး အရိုးမရှိသည့်အတိုင်း ထိုင်ခုံပေါ်တွင် ပျော့ခွေလဲလျောင်းရင်း ရှိနေ၏။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ အောက်ခြေတွင် ရှုပ်ယှက်ခတ်နေသော ကျင့်ကြံသူများနှင့် တောက်ပသော မှော်ရတနာများကို ပြသထားသည်။

အဝေးတွင်မူ စိမ်းလန်းသော တောင်တန်းများနှင့် ရေပြင်ကြီးတစ်ခု ရှိပြီး၊ အပေါ်တွင် မိုးတိမ်များ ကင်းစင်လျက်ရှိသည်။

ရှောင်ရှန်းသည် မျက်လုံးများကို ခဏမှေးလိုက်သည်။

နေရောင်ခြည် ကောင်းမွန်ပြီး၊ လေညင်း တဖြူးဖြူးဖြင့် အိပ်စက်ဖို့ ကောင်းမွန်သော ရာသီဥတုပင် ဖြစ်သည်။

မကြာမီမှာပင် ခေါင်းလောင်းသံနှင့်အတူ ဧကရာဇ် ရှောင်ယွမ် သည် ချင်ချန်းနှင့် တော်ဝင်အစောင့်အရှောက်များ၏ ဝန်းရံမှုဖြင့် ရောက်ရှိလာခဲ့သည်။

ဤသို့ဖြင့် ရှည်လျားလှသော အဖွင့်မိန့်ခွန်းများကို စတင်ခဲ့လေသည်။

ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ အိုမင်းသော်လည်း အာဏာစက်များဖြင့် ပြည့်နှက်နေပြီး ၊ မန္တန်စွမ်းအားများ၏ အကူအညီဖြင့် အမဲလိုက်ကွင်းတစ်ခုလုံး၏ ဝေဟင်ထက်တွင် ဟိန်းထွက်နေခဲ့သည်။

အောက်ခြေရှိ ကျင့်ကြံသူများအားလုံးသည် မတ်မတ်ထိုင်ကာ လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။

ပွဲကြည့်စင်မြင့်ထက်ရှိ ရှောင်ရှန်းမှာမူ မျက်ခွံများ စတင်လေးလံလာပြီ ဖြစ်သည်။

ဧကရာဇ်၏ အသံသည် ပျင်းစရာအကောင်းဆုံး ဟောပြောပွဲများနှင့် တူနေပြီး သူ့အတွက် အကောင်းဆုံးသော အိပ်ဆေးတစ်ခွက် ဖြစ်နေတော့သည်။

သူသည် အတန်ကြာအောင် တောင့်ခံထားသော်လည်း အဆုံးတွင် တားဆီးမရတော့ဘဲ ငိုက်လေတော့သည်။

နောက်ဆုံးတွင် ဧကရာဇ်က “ဂိုဏ်းအသီးသီးက ပါရမီရှင်တွေအနေနဲ့ ငါတို့ သာရှမင်းဆက်ရဲ့ သမိုင်းစာမျက်နှာမှာ နောက်ထပ် ဒဏ္ဍာရီများကို ထပ်မံရေးထိုးနိုင်ကြပါစေ” ဟု ပြောလိုက်ချိန်တွင် ၊

ရှောင်ရှန်း၏ ခေါင်းမှာ တစ်ဖက်သို့ လုံးဝ စောင်းကျသွားခဲ့ပြီး၊ စန္ဒကူးကုလားထိုင်တွင် မှီကာ တည်ငြိမ်ပေါ့ပါးသော အသက်ရှူသံများ ထွက်ပေါ်လာခဲ့တော့သည်။

သူ အိပ်ပျော်သွားခဲ့လေပြီ။ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အေးချမ်းစွာဖြင့် အိပ်ပျော်သွားခြင်း ဖြစ်သည်။

သူ အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် ၊ သူ၏ခေါင်းအုံးအောက်တွင် ထားခဲ့သော ‘အိပ်မက်မဟာကျမ်းစာ’ မှာ…

မှန်၏။ သူသည် ထိုစာအုပ်ကို ယူမလာခဲ့သော်လည်း ထိုစာအုပ်၏ ဆန်းကြယ်သော စွမ်းအားသည် သူ၏စိတ်ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းနေခဲ့ပြီဖြစ်ရာ အလိုအလျောက် လည်ပတ်နိုင်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အားဖြည့်ကျောက်နှင့် သူ့ကိုယ်ပိုင် ‘မွေးရာပါ တာအိုသန္ဓေသား’ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော သန့်စင်သည့် ဝိညာဉ်စွမ်းအင်များသည် လျို့ဝှက်ဆန်းကြယ်သော စည်းချက်တစ်ခုဖြင့် ဖြည်းညှင်းစွာ စီးဆင်းလာခဲ့သည်။

အားနည်းပြီး မသိသာသော ရှေးကျသည့် တာအိုစည်းချက်များသည် သူ့ကို ဗဟိုပြု၍ ရေပြင်ပေါ်က လှိုင်းတွန့်များကဲ့သို့ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။

ဤစည်းချက်မှာ အလွန်အားနည်းလှသဖြင့် သာမန်ကျင့်ကြံသူများအဖို့ လုံးဝ သတိမထားမိနိုင်သော်လည်း ၊ သို့သော် ၎င်းသည် အလွန်သန့်စင်ပြီး ကမ္ဘာမြေကြီး စတင်ဖြစ်ပေါ်ချိန်က ပေါက်ဖွားလာသော ပထမဆုံးသော စွမ်းအင်တစ်မျှင်လိုပင်။

ဤအချိန်တွင် ညီလာခံ၏ လုပ်ငန်းစဉ်များသည် အဖိုးတန်ဆုံးသော ရတနာဆုကို ထုတ်ပြသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters