← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇)

သူ၏နဖူးပြင်တွင် ချွေးအေးများ ထွက်လာပြီး ရင်ထဲတွင် ရိုသေလေးစားမှုများ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသည်။

ဤကဲ့သို့သော စီနီယာကြီးတစ်ပါး၏ ရှေ့မှောက်တွင် မိမိ၏ နတ်ဝိညာဉ်အဆင့်မှာ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးရှိမည် မဟုတ်ချေ။

‘ မဖြစ်ဘူး၊ ဒီလိုမျိုး ကောင်းကင်က ပေးတဲ့ အခွင့်အရေးကို သေသေချာချာ အသုံးချပြီး ငါ သွားရောက်ဂါရဝပြုရမယ်…’

အကြီးအကဲကူထုံသည် ဘေးနားရှိ တပည့်များ၏ သံသယဖြစ်ဖွယ် အကြည့်များကို ဂရုမစိုက်ဘဲ ထိုနေရာတွင်ပင် မိမိ၏ ဝတ်စုံကို သေသေချာချာ ပြင်ဆင်လိုက်ပြီး ၊ မရှိသော ဖုန်မှုန့်များကို ခါထုတ်ကာ ပွဲကြည့်စင်မြင့်ထက်သို့ တည်ငြိမ်စွာဖြင့် တစ်လှမ်းချင်း

လျှောက်လှမ်းသွားခဲ့တော့သည်။

တစ်ကွင်းလုံးရှိ အကြည့်များသည် ရုတ်ချည်းပင် ၎င်းထံသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

“ ဒါက ထျန်းယန်ဂိုဏ်းရဲ့ အကြီးအကဲ ကူထုံမလား၊ သူ က ဘာလုပ်မလို့လဲ”

“သူ... သူက ပွဲကြည့်စင်မြင့်ပေါ်ကို တက်သွားတာပဲ”

လူအများ၏ ဝေခွဲမရခြင်း၊ ထိတ်လန့်ခြင်း၊ နားမလည်ခြင်း အကြည့်များအောက်တွင် အကြီးအကဲ ကူထုံသည် ရှောင်ရှန်း၏ ထိုင်ခုံရှေ့သို့ ရောက်ရှိသွားခဲ့သည်။

သူသည် ရှောင်ရှန်း၏ အေးချမ်းစွာဖြင့် အိပ်ပျော်နေသော မျက်နှာကို ကြည့်ရင်း၊ သူ၏ မျက်ဝန်းများထဲရှိ ရိုသေလေးစားမှုများမှာ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။

သူသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ၊ ထို့နောက် ရှောင်ရှန်းကို ကြည့်ကာ ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ ညွှတ်လျက် ဂျူနီယာတစ်ယောက်က စီနီယာတစ်ယောက်ကို ပြုလုပ်လေ့ရှိသည့် အမြင့်ဆုံးသော ဂါရဝတရားဖြင့် အရိုအသေ ပေးလိုက်တော့သည်။

“ဂျူနီယာ ထျန်းယန်ဂိုဏ်းက ကူထုံ... စီနီယာကြီးကို ဂါရဝပြုပါတယ်”

သူ၏ ကျယ်လောင်ပြီး ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသော အသံသည် တိတ်ဆိတ်နေခဲ့သော အမဲလိုက်ကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေ၏။

“စီနီယာကြီး ၊ ဒီနေရာမှာ တရားထိုင်နေမှန်း ဂျူနီယာ မသိခဲ့တဲ့အတွက် နှောင့်ယှက်မိရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

တစ်ကွင်းလုံး... ကျောက်ရုပ်ပမာ အေးခဲသွားခဲ့သည်။ အချိန်များပင် ရပ်တန့်သွားဟန်ရသည်။

နာမည်ကျော်ကြားလှသော နတ်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးက မည်သည့်ကျင့်ကြံမှုမှ မရှိသော လူသားအိမ်ရှေ့စံကို ဤကဲ့သို့ အရိုအသေပေးရုံတင်မကဘဲ “စီနီယာကြီး” ဟုပင် ခေါ်ဆိုနေသည်။

‘ ဒီကမ္ဘာကြီး ရူးသွားပြီလား….’

ရှောင်ရှန်းသည် အိပ်မက်ထဲတွင် ကြက်ပေါင်လုံးကြီးကို မြိန်ရှက်စွာ ကိုက်ဝါးနေစဉ်၊ ရုတ်တရက် ဝုန်းဝုန်းဝုန်းနှင့် ဆူညံသံများကြောင့် နိုးလာခဲ့သည်။

သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပွတ်သပ်လိုက်ရာ မြင်ကွင်းသည် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။

ထို့နောက်တွင် မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးတစ်ယောက်က အလွန် ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် မိမိအား ကိုယ်ကိုကိုင်းညွှတ်၍ အရိုအသေပေးနေသည်ကို မြင်လိုက်ရသည်။

ရှောင်ရှန်း၏ အိပ်ရေးမဝသော ဒေါသမှာ ထောင်းခနဲ့ ထလာတော့သည်။ သူသည် မိမိ၏ မျက်စိရှေ့က မရင်းနှီးသော ထိုအဖိုးကြီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လျက် စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ၊ ကျုပ် အိပ်နေတာကို နှောင့်ယှက်နေတယ်ဆိုတာ မသိဘူးလား”

ရှောင်ရှန်း၏ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း ၊ ဆူညံပွက်လောရိုက်နေသော အမဲလိုက်ကွင်းတစ်ခုလုံးအပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ပင်။

လူတိုင်းသည် ပွဲကြည့်စင်မြင့်ထက်ရှိ မျက်လုံးတစ်ဖက်ပင် သေသေချာချာ မပွင့်သေးဘဲ စိတ်မရှည်ဖြစ်နေသည့် အိမ်ရှေ့စံကို တစ်လှည့်၊ ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီ ကိုင်းညွှတ်ကာ အလွန်အမင်း နှိမ့်ချနေသည့် နတ်ဝိညာဉ်အဆင့် အကြီးအကဲကို တစ်လှည့် ကြည့်နေကြသည်။

သို့သော်လည်း ဘေးလူများအဖို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော ဤစကားလုံးများသည် အကြီးအကဲကူထုံ၏ နားထဲသို့ ရောက်ရှိသွားချိန်တွင်မူ မိုးကြိုးတစ်ချက် ပစ်ချခံလိုက်ရသကဲ့သို့ပင်။

သူသည် ခေါင်းကို ရုတ်ချည်း မော့ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင် ဟူ၍ အနည်းငယ်မျှပင် မရှိဘဲ၊ အရာရာကို သဘောပေါက်သွားသည့် အံ့ဩတုန်လှုပ်မှုများ နှင့် ပိုမိုနက်ရှိုင်းသော ရိုသေလေးစားမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

‘စီနီယာကြီးက သူ့ကို နေရာမှာတင် ချက်ချင်း ရိုက်မသတ်ဘဲ မကျေမနပ်နဲ့ အနည်းငယ် သတ်ိပေးရုံလောက်ပဲ… ဒါဟာ ဘယ်လောက်တောင် ကြီးမြတ်တဲ့ စိတ်ထားနဲ့ ကရုဏာတရားလဲ’

ဤသို့တွေးမိသည်နှင့် အကြီးအကဲကူထုံ၏ ခါးမှာ ပိုမိုညွှတ်ကျသွားပြီး နှစ်ပိုင်းကျိုးတော့မည့် အတိုင်းပင်။ လေသံမှာလည်း ပို၍ ရိုကျိုးလာ၏။

“စီနီယာကြီး ဆုံးမတာ မှန်ပါတယ် … ဂျူနီယာ ဉာဏ်နည်းမိပါတယ် ၊ စီနီယာကြီးရဲ့ ကျင့်ကြံခြင်းက အသက်ရှူတာကအစ၊ အိပ်ပျော်နေတာအဆုံး မဟာလမ်းစဉ်ရဲ့ အမြင့်ဆုံး တာအိုစည်းချက်တွေ ကိန်းအောင်းနေတာပါ…”

“ ကျွန်တော် အမြင်နဲ့ စီနီယာကြီးရဲ့ အတွေးအခေါ်ကို နားလည်ဖို့ မကြိုးစားခဲ့သင့်ဘူး ၊ ကျွန်တော် တကယ်ကို အပြစ်ကြီးကြီးမားမား ကျူးလွနိမိပါတယ်”

ဤစကားများ ထွက်လာသည်နှင့် တစ်ကွင်းလုံး တစ်ဖန် ထပ်မံ၍ ကျောက်ရုပ် ဖြစ်သွားကြပြန်သည်။ အကယ်၍ စောနက ဖြစ်ရပ်သည် လူတိုင်းကို ထိတ်လန့်ရုံမျှသာဆိုလျှင်၊ ယခုမူ လုံးဝ ဥဿုံ ဆွံ့အသွားကြရလေပြီ။

“ ထျန်းယန်ဂိုဏ်းက အကြီးအကဲကူထုံ ရူးများသွားပြီလား…တစ်ဖက်လူကို အဲ့လောက်ထိတောင် တောင်းပန်ဖို့ လိုတာလား..”

“ ဒါကို ကြည့်ရတာ... သူ နောက်ပြောင်နေတာ မဟုတ်ဘူး”

“ဒါဆို... သတင်းတွေက အမှန်ပဲလား၊ အိမ်ရှေ့စံမင်းသားက နတ်ဘုရားကနေ လူဝင်စားတာဖြစ်ပြီး လောကကြီးကို ဆော့ကစားနေတာလား”

တိုးတိုးတိတ်တိတ် ပြောဆိုသံများသည် ကူးစက်ရောဂါကဲ့သို့ လူအုပ်ကြီးကြားတွင် ပျံ့နှံ့သွားခဲ့ပြီး၊ ထောင်သောင်းချီသော အကြည့်များက ရှောင်ရှန်း၏ ကိုယ်ပေါ်သို့ တစ်ဖန် စုပြုံကျရောက်လာခဲ့သည်။

ယခင်က မထီမဲ့မြင်ပြုလိုသော အကြည့်များနှင့် နှိမ့်ချလိုသော စိတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ၊ ယခုတွင်မူ နက်ရှိုင်းလှသော ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ရိုသေလေးစားခြင်းများက အစားထိုး ဝင်ရောက်လာလေတော့၏။

အဝေးတစ်နေရာတွင်မူ တတိယမင်းသား ရှောင်ကျင်းသည် အရက်ခွက်ကို ခပ်တင်းတင်း ဆုပ်ထားသည်မှာ လက်ချောင်းလေးများပင် ဖြူဖျော့သွားခဲ့သည်။

သူ၏ မျက်နှာထက်ရှိ အပြုံးမှာ နူးညံ့နေဆဲ ဖြစ်သော်လည်း သို့သော် သူ၏ မျက်ဝန်းအောက်ခြေတွင် အေးစက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

‘ဒီဇာတ်ညွှန်းက လွဲတော့လွဲနေပြီ’

All Chapters