← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉)

ရှောင်ရှန်းသည် ဤရုတ်တရက် အပြောင်းအလဲကြောင့် လန့်ဖြန့်သွားခဲ့ရသည်။

သူသည် ဧကရာဇ်နှင့် အနီးဆုံးနေရာတွင် ရှိနေသဖြင့် ထွက်ပြေးရန်ပင် အချိန်မမှီလိုက်ချေ။

ရှုပ်ထွေးမှုများကြားတွင် အကြီးမားဆုံးနှင့် အသန်မာဆုံးဖြစ်သော မိစ္ဆာနဂါးကြီးတစ်ကောင်သည် ချင်ချန်းနှင့် ဂိုဏ်းအကြီးအကဲအချို့ ပူးပေါင်း၍ ပြုလုပ်ထားသော အကာအကွယ်အလင်းကို အတင်းအကြပ် ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။

ကမ္ဘာမြေကို ဖျက်ဆီးနိုင်မည့် စွမ်းအားများကို ဆောင်ကျဉ်းလျက် အရာရာကို ဝါးမြိုနိုင်သော ပါးစပ်ကြီးကို ဟကာ၊ နဂါးပလ္လင်ထက်ရှိ ရှောင်ယွမ်နှင့် ဘာဖြစ်လို့ ဖြစ်မှန်းမသိသေးဘဲ ကြောင်အမ်းအမ်းဖြစ်နေသည့် ဘေးနားက ရှောင်ရှန်းတို့ဆီသို့ ဝုန်းခနဲ ငုံ့ဆင်းကာ ကိုက်ခဲရန် ဟန်ပြင်လိုက်သည်။

သေခြင်းတရား၏ အရှိန်အဝါသည် အေးစက်လှသော တံတိုင်းကြီးတစ်ခုကဲ့သို့ ရှောင်ရှန်း၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။

အတိုင်းအဆမဲ့သော နာကျည်းမှုများနှင့် မိစ္ဆာစွမ်းအင်များ ပေါင်းစည်းထားသည့် ထိုမိစ္ဆာနဂါးကြီးသည် စိတ်ဝိညာဉ်ကိုပင် ‌ဆုတ်ဖြဲပစ်နိုင်မည့် ပြင်းထန်သော အနံ့ဆိုးများကို သယ်ဆောင်လျက် ဦးခေါင်းထက်မှ ဝါးမြိုရန် စုံဆင်းလာခဲ့ပြီ ဖြစ်သည်။

နဂါးပါးစပ်ကြီး၏ အတွင်းပိုင်းထဲတွင် အဆုံးမရှိသော အမှောင်ထုကြီး ရှိနေပြီး အဝိစိငရဲ နှင့် ဆက်သွယ်ထားသလား အောက်မေ့ရသည်။

ဤအခိုက်အတန့်တွင် အချိန်သည် အဆုံးမရှိ ဆန့်တန်းနေပုံရသည်။ ချင်ချန်း၏ ဓားအရှိန်အဝါသည် ၎င်း၏ရှေ့တွင် ဆွေးမြည့်နေသော သစ်သားကဲ့သို့ပင် ဖြစ်ပြီး စွမ်းအားရှင်အချို့ ပူးပေါင်းပြုလုပ်ထားသော ကာကွယ်ရေး အလင်းတန်းမှာလည်း ပုရစ်တောင်ပံကဲ့သို့ ပါးလွှာလွန်းလှသည်။

‘ သွားပြီ…အားလုံး သွားပြီ’

ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားခဲ့သည်။

ထွက်ပြေးရန်အတွက် အချိန်မမှီတော့ချေ။ ပုန်းခိုရန်အတွက် ပုန်းစရာနေရာမရှိချေ။

သူသည် နဂါးကြီး၏ ပါးစပ်ထဲက အမည်းရောင် အငွေ့အသက်များကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး၊ လူကိူ ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးများကိုပါ ရှုရှိုက်မိသည်။

အသက်ရှင်လိုသော ဗီဇက သူ၏ ထုံထိုင်းနေသော အသိစိတ်ကို စက္ကန့်ပိုင်းအတွင်း လင်းလက်သွားစေခဲ့သည်။

သူ တစ်ခုတည်းသော တတ်မြောက်ထားသော အရာမှာ အဘယ့်နည်း။

သူ ခေါင်းအုံးအဖြစ် သုံးနေတဲ့ အိမ်မက်မဟာကျမ်းပဲ မဟုတ်လား…

အသက်ဘေးနှင့် ရင်ဆိုင်နေရသော ဤအတောအတွင်း သူ စဉ်းစားရန် အချိန်မရှိတော့ချေ။ အိပ်ပျော်စေရန်အတွက် သူ အတင်းအကြပ် ကျက်မှတ်ထားခဲ့သော ဆန်းကြယ်လှသည့် စာလုံးများနှင့် ဂါတာမန္တာန်များသည် သူ၏ဦးနှောက်ထဲတွင် အထိန်းအကွပ်မရှိ ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ကျင့်စဉ်ကို အသက်သွင်းခြင်း မဟုတ်ဘဲ ရေနစ်နေသူတစ်ယောက်က မိမိဘေးနားက တစ်ခုတည်းသော မြက်ပင်ကို အသည်းအသန် လှမ်းဆွဲလိုက်သည့် ဗီဇသက်သက်သာ ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်အတွင်း ငြိမ်သက်နေခဲ့သော ‘အိပ်စက်ခြင်း ဝိညာဉ်စွမ်းအင်’ ဟု ခေါ်ဆိုထားသည့် အရာသည် မီးတောက်ပေါက်ကွဲလေသကဲ့သို့ ဝုန်းခနဲ့ ပေါက်ကွဲထွက်လာခဲ့သည်။

အချိန်အတော်ကြာအောင် သူ၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစည်းနေခဲ့သော ဝိညာဉ်အားဖြည့်ကျောက်၏ လက်ကျန်စွမ်းအင်များနှင့် သူ၏ ဦးနှောက်ထဲတွင် လင်းလက်သွားသော ရွှေရောင် မှော်သင်္ကေတများသည် ဤအခိုက်အတန့်တွင် လုံးဝ တစ်သားတည်း ပေါင်းစည်းသွားခဲ့သည်။

ထိုအချိန်မှာပင် မကြုံစဖူးသော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်း နိုးထလာခဲ့တော့သည်။

ရှောင်ရှန်းသည် မိမိကိုယ်ကို ကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အိပ်မက်ထဲတွင် အလွန် အရုပ်ဆိုးသော သားရဲကြီးတစ်ကောင်က သူ့အား လက်သည်းခြေသည်းများပြကာ ဟိန်းဟောက်နေသဖြင့် သူ့ကို ခေါင်းကိုက်စေခဲ့သည်။

သူသည် ထိုအကောင်ကို ပါးစပ်ပိတ်သွားစေချင်ရုံမျှသာပင်။

ထို့ကြောင့် လူတိုင်း၏ မျှော်လင့်ချက်မဲ့နေသော အကြည့်များအောက်တွင်၊ ဧကရာဇ် ရှောင်ယွမ်ပင်လျှင် မိမိ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရန် ပြင်ဆင်နေသည့် အချိန်၌၊

ကုလားထိုင်ပေါ်တွင် အမြဲတမ်း ပျော့ခွေလဲလျောင်းနေတတ်သော အိမ်ရှေ့စံမင်းသားကြီးသည် အိပ်မက်ဆိုးကြောင့် လန့်နိုးလာသည့် ကလေးငယ်တစ်ဦးကဲ့သို့ လက်ကို ရုတ်ချည်း မြှောက်လိုက်လေသည်။

သူသည် ကမ္ဘာကြီး ဖျက်ဆီးတော့မည့် ထိုမိစ္ဆာနဂါးကြီးဆီသို့ မိမိ၏ ဗီဇအတိုင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

အိပ်ရေးမဝသေးသော ဒေါသဖြင့် စုပြုံသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဆူညံလိုက်တာ... လစ်စမ်း”

၎င်းသည် ကမ္ဘာကြီးကို တုန်ဟည်းသွားစေနိုင်သော အရှိန်အဝါမျိုးလည်း မရှိခဲ့သလို၊ ခမ်းနားထည်ဝါသော အစီအရင်စွမ်းအားများလည်း မရှိခဲ့ပေ။

သူ လက်ကို ဝှေ့ယမ်းလိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် တောက်ပလွန်းပြီး အလွန်သန့်စင်သော ရွှေရောင်အလင်းတန်းတစ်ခုသည် မည်သည့် အရိပ်အယောင်မျှမပြဘဲ သူ၏လက်ဖဝါးထဲမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။

ထိုအလင်းတန်းသည် ပူပြင်းလှသော နေမင်းကဲ့သို့ မောက်မာခြင်းမရှိသော်လည်း ကြယ်တာရာများထက် ပိုမိုတောက်ပပြီး၊ ဓားလှံများကဲ့သို့ ထက်မြက်ခြင်း မရှိသော်လည်း လောက၏ အညစ်အကြေးအားလုံးကို သန့်စင်ပေးနိုင်သည့် စွမ်းအင်များ ကိန်းအောင်းနေခဲ့သည်။

၎င်းသည် နတ်ဘုရားကမ္ဘာမှ ဆင်းသက်လာသော စီရင်ချက်ဓားတစ်စင်းကဲ့သို့ပင် မိစ္ဆာနဂါးကြီး၏ ဦးခေါင်းကို စက္ကန့်ပိုင်းအတွင်း ဖောက်ထွက်သွားခဲ့သည်။

All Chapters