← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) ဒီပန်းချီကားက မင်းအတွက် ရေးဆွဲထားဖြစ်လို့ မင်းကိုပဲ ပေးသင့်တယ်

ပိုင်ချီချီနှင့် အခြားသူများသည် ပန်းချီကားချပ်ကို စိုက်ကြည့်ရင်း မျက်လုံးများအတွင်း အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပန်းချီကားချပ်မှ ရုတ်တရက် အလင်းရောင်များ ဖြာထွက်လာသည်ကို မြင်လိုက်ရပြီး လူတိုင်းသည် သူတို့၏မျက်စိရှေ့၌ ပန်းတစ်ပွင့်ကိုသာ မြင်လိုက်ရကာ မြင်ကွင်းသည် ချက်ချင်း ပြောင်းလဲသွားပေ၏။

သူတို့ မျက်လုံးများကို ပင့်မော့ကြည့်လိုက်ချိန်တွင် ပိုင်ချီချီ တစ်ယောက် ပန်းကန်အနီး၌ လမ်းလျှောက်ကာ ရှုခင်းများကို ခံစားနေသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် သူမ မည်သည့်အရာကို တွေးတောနေသည်ကို မသိနိုင်ပေ။

သူမ၏ လှပသော မျက်နှာလေးထက်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး မျက်လုံးများထဲတွင် ရှက်သွေးဖြာကာ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ဤမြင်ကွင်းသည် စောစောက ပိုင်ချီချီ တစ်ယောက် သစ်သားတံတားပေါ်တွင် လမ်းလျှောက်ရင်း ပန်းများကို ကြည့်ရှုခံစားနေသည့် လုပ်ငန်းစဉ်တစ်ခုလုံး မဟုတ်ပါလော။

လူတိုင်းသည် ထိုနေရာ၌ အမှန်တကယ် ရောက်ရှိနေသကဲ့သို့ ခံစားရပြီး သူတို့ရှေ့ရှိ လှပသော ရှုခင်းများထဲတွင် နစ်မြောနေကြသည်။

သူတို့၏ မျက်လုံးများသည် ထိုလှပသော ပုံရိပ်လေးထံမှ ဖယ်ခွာရန် ဝန်လေးနေခဲ့ကြ၏။

အတန်ကြာပြီးနောက် ပိုင်ချီချီသည် သစ်သားတံတားပေါ်မှ ပျောက်ကွယ်သွားပြီး လူတိုင်းသည် မျက်စိရှေ့ရှိ ပန်းတစ်ပွင့်နှင့်အတူ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့သည် ပန်းချီကားကို ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။

ပိုင်ချီချီသည် မျက်လုံးများကို ပင့်မော့ကာ သူမဘေးရှိ အမျိုးသားကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်နေ၏။

သူသည် အလွန်တရာ စွမ်းအားကြီးမားလှပေသည်။

ဤသည်မှာ ပန်းချီကားချပ်ထဲတွင် ပုံရိပ်တစ်ခုကို အမှန်တကယ် ချန်ရစ်ထားနိုင်ခြင်းဖြစ်ပြီး လုံးဝ မှော်ဆန်လွန်းလှသည်။

အကယ်၍ သူမ ခံစားရသည်သာ မမှားယွင်းခဲ့လျှင် ဤပန်းချီကားချပ်ထဲတွင် ပြီးပြည့်စုံသော ပုံရိပ်ယောင် တာအိုသဘောတရား တစ်ခု ဖုံးကွယ်နေပေသည်။

သူမသည် ပုံရိပ်ယောင် သဘောတရားကို ကျင့်ကြံနေသူဖြစ်ပြီး ဝိညာဉ်မြေခွေးမျိုးနွယ်စု အများစုမှာလည်း ပုံရိပ်ယောင် သဘောတရားကိုသာ နားလည်သဘောပေါက်ရန် ကျင့်ကြံကြပေသည်။

ဝိညာဉ်မြေခွေးမျိုးနွယ်စုများ အသွင်ပြောင်းချိန်တွင် စုစည်းလာသော ဝိညာဉ်ကြောများ အများစုမှာ ပုံရိပ်ယောင် ဝိညာဉ်ကြောများ ဖြစ်ကြသည်။

ပုံရိပ်ယောင်ဝိညာဉ်အမြစ်သည် သာမန် ဝိညာအမြစ်​ နှင့် အထူးဝိညာဉ်အမြစ် ကြားတွင် ရှိနေသော်လည်း တိတိကျကျ ဆိုရလျှင် သာမန် ဝိညာဉ်အမြစ် အမျိုးအစားသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပုံရိပ်ယောင် ဝိညာဉ်အမြစ်များတွင်လည်း အောက်၊ အလယ်နှင့် အထက်တန်းအဆင့်ဟူ၍ ရှိပြီး သူမ၏ ဝိညာဉ်အမြစ်သည် အထက်တန်းအဆင့် ဝိညာဉ်အမြစ် ဖြစ်ပေသည်။

ပုံရိပ်ယောင် ဝိညာဉ်အမြစ်ဖြင့် ပုံရိပ်ယောင် သဘောတရားကို ကျင့်ကြံခြင်းသည် အားစိုက်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိစေနိုင်သဖြင့် ဝိညာဉ်မြေခွေးမျိုးနွယ်စုသည် သဘာဝကျကျပင် ပဉ္စလက် သဘောတရားများကိုသာ ကျင့်ကြံကြခြင်း ဖြစ်သည်။

အခြားတစ်နည်းအားဖြင့် ဆိုရလျှင် အကယ်၍ ဤပန်းချီကားချပ်သာ အပြင်သို့ ပျံ့နှံ့သွားပါက ဝိညာဉ်မြေခွေးမျိုးနွယ်စုနှင့် ပုံရိပ်ယောင်သဘောတရားကို ကျင့်ကြံနေသူများအကြား ရူးသွပ်စွာ လုယက်မှုများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။

ပန်းချီကား၏တန်ဖိုးသည် အထက်တန်းအဆင့် သို့မဟုတ် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုနှင့် ညီမျှသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်း မမည်ပေ။

ဤအရာကို တွေးမိချိန်တွင် ပိုင်ချီချီမှာ အကြောင်းပြချက် မရှိဘဲ အနည်းငယ် ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။

သို့သော် နန်ကုန်းယွီသည် သူမအား အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ သုံးခုအထိ ပေးအပ်ခဲ့ပြီးဖြစ်ရာ ဤအချိန်၌ နောက်ထပ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိနေမည်ဆိုပါက အနည်းငယ် မသင့်တော်ပေ။

အကယ်၍…

ပိုင်ချီချီသည် သူမ၏ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ရင်ထဲရှိ ထူးဆန်းသော အတွေးများကို ဖယ်ရှားပစ်လိုက်သည်။

ထိုအချိန်မှာပင် နန်ကုန်းယွီသည် မှင်တံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ပန်းချီကားပေါ်တွင် ကဗျာတစ်ပုဒ် ရေးချလိုက်သည်။

"လမ်းလျှောက်တံတားပေါ်မှ နတ်သမီးလေးသည် သာယာအေးချမ်းစွာ လျှောက်လှမ်းနေပြီး ပန်းကန်၏ ကြီးကျယ်ခမ်းနားသော ရှုခင်းများက မျက်စိပသာဒ ဖြစ်စေသည်။

လှပသော မျက်နှာလေးထက်တွင် အပြုံးများ၊ ဖုံးကွယ်ထားသော ခံစားချက်များနှင့်အတူ မျက်လုံးများက ရှက်သွေးဖြာကာ ကြောက်ရွံ့နေသည့် ကျက်သရေများဖြင့် တောက်ပနေပေ၏။"

ဤကဗျာလေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပိုင်ချီချီ၏ လှပသော မျက်နှာလေးသည် ထပ်မံ၍ အနည်းငယ် နီမြန်းသွားပြန်သည်။

ဤအရာက သူမအကြောင်းကို ရေးဖွဲ့ထားခြင်း မဟုတ်ပါလော။

ဟုတ်ပေသည်။ သူမသည် ရင်ထဲတွင် အဖြေတစ်ခုကို ပေးထားပြီး ဖြစ်၏။

သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး ကဗျာလေးပေါ်သို့ အမှတ်တမဲ့ ကျရောက်သွားချိန်တွင် ရုတ်တရက် သူမ၏ မျက်လုံးများထဲ၌ စူးရှနာကျင်မှုကို အနည်းငယ် ခံစားလိုက်ရသည်။

ဓား သဘောတရား...။

ပြီးပြည့်စုံသော ဓား သဘောတရားပင်။

သူမသည် မျက်လုံးများကို ပင့်မော့ကာ နန်ကုန်းယွီကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

အစက ပုံရိပ်ယောင် သဘောတရား၊ ထို့နောက် ဓား သဘောတရား၊ ဤအရာများသည် သူမ အဓိက လေ့လာကျင့်ကြံနေသော တာအို သဘောတရားကြီး နှစ်ခုပင် ဖြစ်ပေသည်။

သူမ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ဤတာအို သဘောတရား နှစ်ခုမှာ ယခုအခါ ရှစ်ဆယ် ရာခိုင်နှုန်း နှင့် ခြောက်ဆယ် ရာခိုင်နှုန်း သို့သာ အသီးသီး ရောက်ရှိသေးသည်။

သို့ရာတွင် သူမရှေ့ရှိ အမျိုးသားမှာ အသက် တစ်ဆယ့်လေးနှစ် အရွယ်သာ ရှိသေးသော်လည်း ဤတာအို သဘောတရား နှစ်ခုစလုံးသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်လော။

လွန်ကဲလွန်းလှသည်။

ကောင်းကင်ဘုံကိုပင် ကျော်လွန်သွားသော ရလဒ်ကြီးပင်။

ဤသည်မှာ မည်သို့သော ပါရမီရှင်မျိုးနည်း။

ဝမ်လင်းသည် သူနှင့် အမှန်တကယ် ထိုက်တန်ပါသလော။

သူမ…

ပိုင်ချီချီ၏ မျက်လုံးများ ထိတ်လန့်နေချိန်တွင် နန်ကုန်းယွီ၏ စုတ်တံမှာ ရပ်တန့်မသွားသည်ကို မြင်လိုက်ရပြီး

"ချီချီ အတွက် လက်ဆောင်" ဟူ၍ ရေးသားလိုက်သည်။

စကားလုံး သုံးလုံးမျှသာ ဖြစ်သော်လည်း ပေါင်တစ်ထောင်မျှ လေးလံနေသကဲ့သို့ ဖြစ်နေပြီး ပိုင်ချီချီ၏ ရင်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။

သူမသည် မျက်လုံးများကို ပင့်မော့ကာ နန်ကုန်းယွီကို ကြည့်လိုက်သော်လည်း သူက ပန်းချီကားချပ်ကို ရုပ်သိမ်းကာ သူမ၏ လက်ထဲသို့ ထည့်ပေးရင်း ရယ်မော၍ ပြောလိုက်သည်ကို မြင်လိုက်ရသည်။

" ဒီပန်းချီကားသည် မင်းအတွက် ရေးဆွဲထားတာဖြစ်လို့ မင်းကိုပဲ ပေးသင့်တယ်... တာအိုမိတ်ဆွေ ပိုင် ၊ ပန်းချီကား မလှတဲ့အတွက် စိတ်ပျက်မသွားပါနဲ့..."

"ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်..."

ပိုင်ချီချီ၏ အသံမှာ အနည်းငယ် ခြောက်ကပ်နေပြီး သူမရှေ့ရှိ လူကို မျက်လုံးပင့်၍ မကြည့်ရဲပေ။

သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ သွေးဆောင်ဖြားယောင်းခံရမည်ကို ကြောက်ရွံ့နေမိသည်။

နန်ကုန်းယွီက ရယ်မောလိုက်သည်ကိုသာ မြင်လိုက်ရသည်။

"အရင်စကားအတိုင်းပါပဲ... သူငယ်ချင်းတွေကြားမှာ တန်ဖိုးအကြောင်း မပြောပါနဲ့... တကယ်လို့ ခင်ဗျားက တကယ်ကြီး လက်မခံချင်ဘူး ဆိုရင်လည်း ကျွန်တော်က နတ်သမီးလေးလို လှပတဲ့ အလှတရားကို သဘောကျပြီး ပန်းချီကားထဲ ထည့်သွင်းဆွဲထားအတွက် လက်ဆောင်တစ်ခုအဖြစ်ပဲ သဘောထားလိုက်ပါ..."

ဤစကားကို ကြားချိန်တွင် ပိုင်ချီချီ၏ မျက်နှာသည် ထပ်မံ၍ အနည်းငယ် နီမြန်းသွားပြန်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ... ချီချီ တစ်ခုခုကို နားလည်သဘောပေါက်သွားသလို ခံစားရလို့ အရင်ပြန်ပြီး ကျင့်ကြံလိုက်ပါဦးမယ်..."

ထိုသို့ ပြောပြီးနောက် သူမသည် ပန်းချီကားချပ်ကို ကောက်ကိုင်ကာ လှည့်ထွက်၍ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

သူမ ထွက်ခွာသွားသည်ကို မြင်သောအခါ နန်ကုန်းယွီသည် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ လှည့်ကာ ကျောက်တုံးခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

ချိုးယဲ့သည် ရှေ့သို့ တိုးလာပြီး သူ၏ ပခုံးများကို နှိပ်နယ်ပေးရင်း ရယ်မောကာ ပြောလိုက်သည်။

"သခင်လေးက စီနီယာ ပိုင် အပေါ်မှာ ထူးခြားတဲ့ သဘောထား ရှိနေပုံရတယ်... ကျွန်မတို့ သခင်လေး သူမကို သိမ်းပိုက်နိုင်ဖို့ ကူညီပေးရမလား..."

နန်ကုန်းယွီသည် ဤစကားကို ကြားချိန်တွင် သူမကို မျက်လုံးပင့်ကြည့်လိုက်မိပြီး အနည်းငယ် ဆွံ့အစွာဖြင့် ပြောလိုက်၏။

"ငါက သူ့အပေါ် မေတ္တာသက်ဝင်နေတယ်လို့ ဘယ်သူပြောလဲ... အရင်တစ်‌ခေါက်က

အစ်မရွှယ် သူမနဲ့အတူ အချိန်အတန်ကြာ နေထိုင်ခဲ့ရလို့ ငါက သူမကို အရမ်း ကျေးဇူးတင်နေရုံပါ..."

ဤစကားကို ကြားချိန်တွင် ချိုးယဲ့နှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။

"ဟုတ်လို့လား... သခင်လေး သူမကို ပေးခဲ့တဲ့ အရာတွေက သေချာ ဂရုတစိုက် ဖန်တီးထားတဲ့အပြင် ပြင်ပကမ္ဘာက လူတွေ တောင်းဆိုလို့တောင် မရနိုင်တဲ့ အရာတွေချည်းပဲလေ..."

နန်ကုန်းယွီသည် ချိုးယဲ့ကို ဖက်ထားလိုက်ပြီး ရယ်မော၍ ပြောလိုက်သည်။

"ဒါတွေက သာမန် အသေးအဖွဲလေးတွေပါ... ငါက အလွယ်တကူ လုပ်နိုင်တာပဲ... ဘယ်လိုလုပ် ဂရုတစိုက် ဖန်တီးရတာ ဖြစ်နိုင်မှာလဲ..."

ဤစကားကို ကြားချိန်တွင် ချိုးယဲ့နှင့် အခြားသူများသည် စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ အဓိပ္ပာယ်ရှိပုံ မပေါ်ပေ။

သို့ရာတွင် သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း များများစားစား မပြောခဲ့ကြပေ။

"ကောင်းပြီလေ..."

နန်ကုန်းယွီက ရယ်မော၍ ပြောလိုက်သည်။

"မနေ့ညက မင်းတို့လေးယောက်လုံးကို ရခဲ့လို့ ငါ အရမ်းပျော်ခဲ့ရတယ်... အခုလည်း ဘာမှ လုပ်စရာမရှိဘူးဆိုတော့ မင်းတို့အတွက် အဝတ်အစားသစ်လေးတွေ ထပ်လုပ်ပေးရင် ဘယ်လိုလဲ…”

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချိုးယဲ့တို့ လေးယောက်လုံး ဝမ်းသာပျော်ရွှင်သွားကြသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး..."

နန်ကုန်းယွီ မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။

"ငါနဲ့ လိုက်ခဲ့... ကျင့်ကြံခြင်း အခန်းထဲ သွားပြီး မင်းတို့အတွက် အဝတ်အစားသစ်တွေ လုပ်ပေးမယ်..."

သူတို့လေးယောက်လုံး ဝမ်းသာပျော်ရွှင်စွာဖြင့် အလျင်အမြန် လိုက်ပါသွားကြသည်။

......

နန်းတော်၏ ဧည့်ခန်းဆောင် အတွင်း၌ ဖြစ်သည်။

ပိုင်ချီချီသည် ဧည့်ခန်းဆောင်သို့ ပြန်ရောက်လာသော်လည်း ကျင့်ကြံခြင်း အခန်းထဲသို့ ဝင်ရောက်ကာ ကျင့်ကြံအားထုတ်ခြင်း မပြုခဲ့ပေ။

သူမသည် ပန်းချီကားချပ်ကို ဖွင့်ကာ အချိန်ကြာမြင့်စွာ ကြည့်ရှုနေခဲ့ပြီးနောက် ဂရုတစိုက် ရုပ်သိမ်းကာ သိုလှောင်ကွင်း၏ အနက်ရှိုင်းဆုံး နေရာတွင် သိမ်းဆည်းလိုက်သည်။

ထို့နောက် သူမသည် အဝတ်အစားများကို ချွတ်ကာ ကုတင်ပေါ်သို့ တက်လိုက်သည်။

"ဒီနေ့တော့ ငါ ကျင့်ကြံဖို့ စိတ်ကူး လုံးဝ မရှိတော့ဘူး..."

ပိုင်ချီချီက တီးတိုးရေရွတ်လိုက်ပြီး ကြက်သွန်မြိတ်ကဲ့သို့ သွယ်လျကာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ချောင်းလေးများဖြင့် သူမ၏ ကိုယ်ပေါ်ရှိ ရင်ဖုံးနှင့် အတွင်းခံများကို ပွတ်သပ်နေကာ စိတ်ထဲတွင် နန်ကုန်းယွီ၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေပေသည်။

သူ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ စကားလုံးတိုင်း၊ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးနှင့် သူ၏ တည်ကြည်လေးနက်သော အမူအရာ…

ထိုအရာများကို တွေးတောရင်း ပိုင်ချီချီသည် သူမကိုယ်သူမ ပြုစားခံလိုက်ရပြီဖြစ်ကြောင်း ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်သည်။

"သူက တကယ့် မိစ္ဆာလေးပဲ... ဝမ်လင်း သူ့ကို သဘောကျတာ အံ့သြစရာ မဟုတ်တော့ဘူး... ငါတောင် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အမှန်တကယ်ပဲ..."

ပိုင်ချီချီ တီးတိုးရေရွတ်လိုက်သော်လည်း ရင်ထဲရှိ အတွေးများကို မရပ်တန့်နိုင်ခဲ့သလို ရပ်တန့်ရန်လည်း ဆန္ဒမရှိပေ။

သူမသည် တွေဝေရှုပ်ထွေးနေပြီး သူမ၏ ကျောက်စိမ်းဖြူ လက်ချောင်းလေးများသည် သူမခန္ဓာကိုယ်တစ်လျှောက် လျှောဆင်းသွားချိန်တွင် စိတ်ထဲ၌ သူ၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

......

ချင်းယို ဧကရာဇ်နန်းတော်၊ ရှိုးရှန်း နန်းဆောင်။

နန်ကုန်းရိုရွှယ်သည် သူမ၏ မိခင်နှင့်အတူ နန်းတွင်းဥယျာဉ်တော်တွင် လမ်းလျှောက်နေပြီး လွန်ခဲ့သော ခြောက်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်ရာ ကိစ္စများကို အခါအားလျော်စွာ ပြောပြနေကာ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်နေသည်။

ချင်အန်းလန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ တိတ်ဆိတ်စွာ နားထောင်နေသော်လည်း သူမ၏ ရင်ထဲတွင် အမှန်တကယ်ပင် အတွေးအချို့ ထပ်မံဖြစ်ပေါ်လာခဲ့သည်။

သူမသည် အဘယ်ကြောင့် ဓားတစ်လက်ဖြင့် လောကကြီးကို ရင်ဆိုင်ကာ ကမ္ဘာလောကကြီးကို အိမ်အဖြစ် မသတ်မှတ်ချင်ရမည်နည်း။

နန်ကုန်းရိုရွှယ်၏ ဤနှစ်များအတွင်း အတွေ့အကြုံများသည် သူမ၏ စိတ်ကူးယဉ်ဘဝပင် မဟုတ်ပါလော။

သို့သော် နန်းတော်နက်ကြီးထဲသို့ ဝင်ရောက်လာကတည်းက သူမသည် လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည်။

ယခု နန်ကုန်းရိုရွှယ်၏ ဇာတ်လမ်းပြောပြမှုများကို နားထောင်ပြီးနောက် ချင်မိသားစုနှင့် နန်ကုန်းအောက်ထျန်း ထံမှ ခွဲထွက်ရန် သူမ၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့သည်။

လူတစ်ယောက်ကို မချစ်ဘဲနှင့် အဘယ်ကြောင့် အတင်းအကျပ် လုပ်နေရမည်နည်း။

ချင်အန်းလန်သည် နန်ကုန်းအောက်ထျန်းကို မနှစ်သက်သလို နန်ကုန်းအောက်ထျန်းကလည်း သူမကို မနှစ်သက်ပေ။ ဤလက်ထပ်ခြင်းသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ပျက်စီးခဲ့သင့်ပေသည်။

ချင်အန်းလန်သည် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ နန်ကုန်းရိုရွှယ်နှင့် ဆက်လက်၍ စကားစမြည် ပြောဆိုနေပြီး သူမ၏ စိတ်အခြေအနေမှာ အကြောင်းပြချက် မရှိဘဲ အနည်းငယ် ပို၍ ပျော်ရွှင်လာခဲ့သည်။

မကြာမီ ရောက်လာတော့မည် ဖြစ်သည်။

မြင့်မြတ်နယ်မြေ အတွင်းသို့ ဝင်ရောက်သည်နှင့် သူမသည် ချင်မိသားစု၊ နန်ကုန်းမိသားစု တို့နှင့် ဝေးကွာစွာ နေထိုင်ပြီး ဤကျိန်စာသင့်နေသော အိမ်ထောင်ရေးမှ လွတ်မြောက်နိုင်မည် ဖြစ်ပေသည်။

......

ကျန်းပေ့မင်းသား စံအိမ် အတွင်း၌ ဖြစ်သည်။

နန်ကုန်းယွီသည် ချိုးယဲ့တို့နှင့်အတူ အဓိက စံအိမ်တော်သို့ ရောက်ရှိလာပြီး ကျယ်ဝန်းသော ကျင့်ကြံခြင်း အခန်းအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာခဲ့တော့သည်။

All Chapters