← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ဆယ်လီတိုင်တိုင် ပျံ့လွင့်သွားသော မွှေးရနံ့

နန်ကုန်းယွီ၏ ကျင့်စဉ်အဆင့်အရဆိုလျှင် ဟင်းချက်ရာတွင် မီးဖိုချောင်နှင့် ပြင်ပမီးကို အသုံးမပြုတော့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပေသည်။

သေချာပေါက်ပင် မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြုခြင်းက အခမ်းအနားတစ်ခုလို ခံစားရစေပေသည်။

ထို့ပြင် သူ၏ လက်ထဲတွင် လွန်ခဲ့သောနှစ်အနည်းငယ်က သူကိုယ်တိုင် ဖန်တီးသွန်းလုပ်ထားသည့် ဝိညာဉ်ရတနာအဆင့်ရှိ မီးဖိုချောင်သုံးပစ္စည်း တစ်စုံလည်း ရှိနေလေ၏။

သူတို့နှစ်ဦး စံအိမ်ဆီသို့ ရောက်ရှိလာချိန်တွင် နန်ကုန်းယွီသည် ဟင်းချက်စရာ အချို့ကို ထုတ်ယူကာ ပြင်ဆင်လိုက်ပြီးနောက် မီးဖိုချောင်သုံးပစ္စည်းများကို ထုတ်ယူကာ ဆေးမီးတောက်ကို အသုံးပြု၍ စတင် ကြော်လှော်ချက်ပြုတ်လိုက်ပေသည်။

ဟင်းကြော်ရန်အတွက် ဆေးမီးတောက်ကို သုံးရုံဖြင့် လုံလောက်ပေသည်။

ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို အသုံးပြုရန် မလိုအပ်ချေ။

နန်ကုန်းရိုရွှယ်သည် သူမ၏ လှပသော မျက်နှာလေးထက်တွင် အပြုံးတစ်ခုနှင့်အတူ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်စောင့်နေပြီး နန်ကုန်းယွီကို သာယာအေးချမ်းစွာ ကြည့်ရှုနေပေသည်။

ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ အလွန်ပင် အေးချမ်းနေခဲ့၏။

အချိန်မကြာမီမှာပင် အရောင်အဆင်းနှင့် အနံ့အရသာ ပြည့်စုံသော ဟင်းလျာသုံးပွဲသည် အိုးထဲမှ လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာခဲ့ပြီး နန်ကုန်းယွီသည်လည်း မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

"အစ်မရွှယ်... မြည်းကြည့်ပါဦး..."

နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး တူနှစ်စုံကို ထုတ်ယူကာ တစ်လုတ်စားကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

"ယစ်မူးလေပြေဝိုင်အရက်ကော ဘယ်လိုလဲ... ငါတို့ မသောက်ကြဘူးလား..."

နန်ကုန်းယွီက ရယ်မောလိုက်ပြီး ခွက်များနှင့် ယစ်မူးလေပြေ ဝိုင်အရက်ကို ထုတ်ယူကာ ရယ်မော၍ ပြောလိုက်သည်။

"လာပါ... အစ်မရွှယ်ကို ကျွန်တော် အဖော်ပြုပေးပါ့မယ်..."

သူတို့နှစ်ဦး ပေါ့ပါးစွာ ရယ်မောလိုက်ကြပြီး ဝိုင်အရက်ကို သောက်သုံးရင်း ဟင်းလျာများကို စားသောက်နေကြလေ၏။

သို့သော် နန်ကုန်းယွီ၏ ဟင်းလျာများနှင့် ဝိုင်အရက်၏ ရနံ့သည် ဆယ်လီတိုင်တိုင် မွှေးပျံ့သွားနိုင်ကြောင်းကို သူတို့ မသိရှိခဲ့ကြပေ။

ယခင်ကဆိုလျှင် သူတို့သည် လူသူကင်းမဲ့သော နေရာများ၌သာ ဖြစ်စေ၊ အတားအဆီး ရှိသော နေရာများ၌သာ ဖြစ်စေ နေထိုင်ခဲ့ကြသော်လည်း ယနေ့တွင်မူ ဤအရာကို မေ့လျော့နေခဲ့ကြသည်။

ခဏအကြာတွင် ကျန်းပေ့မင်းသား စံအိမ် တစ်ခုလုံးသာမက စံအိမ်နှင့် နီးစပ်သော နေရာများတွင်ပင် လေထဲ၌ ထူးခြားသော မွှေးရနံ့တစ်ခု ပျံ့လွင့်နေပြီး လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေပေသည်။

မရေမတွက်နိုင်သော လူများစွာသည် သူတို့၏ နှာခေါင်းများကို အနည်းငယ် ရှုံ့ကြည့်လိုက်ကြပြီး အံ့သြသွားကြ၏။

ကျန်းပေ့မင်းသား စံအိမ် အတွင်းရှိ လူများအနေဖြင့်မူ အသိသာဆုံး ခံစားလိုက်ရပြီး သူတို့သည် မျက်လုံးများကို ပင့်မော့ကြည့်ကာ နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် အချင်းချင်း စကားပြောဆို ဆွေးနွေးနေကြပေသည်။

"ဒါက ဘာအနံ့လဲ... ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ..."

"ဝိုင်အနံ့ကိုတော့ ငါ ရနေတယ်... ဒါပေမဲ့ တခြားရနံ့တွေကိုတော့ သေချာ မသိဘူး... ဟင်းနံ့တော့ ဖြစ်ဖို့များတယ်..."

"ဒါက ဘယ်သူ့လက်ရာလဲ... ဒါမှမဟုတ် စံအိမ် အပြင်ဘက်ကလား..."

"စံအိမ်ထဲကတော့ မဖြစ်နိုင်ဘူး... နှစ်တွေ ဒီလောက်တောင် ကြာနေပြီကို... တကယ်လို့ တစ်ယောက်ယောက်မှာများ ဒီလို လက်ရာမျိုး ရှိနေခဲ့ရင် စောစောကတည်းက လူသိများနေလောက်ပြီ..."

"ဝါး... တကယ်ကို မွှေးလွန်းတယ်..."

"နောက်ဘက် ဥယျာဉ်ဆီက လာနေသလိုပဲ... အဲ့ဒီမှာ တစ်ယောက်ယောက်များ ရှိနေလို့လား..."

"အင်း... ဒီအနံ့လေးက တကယ် သက်ပြင်းချချင်စရာပဲ..."

"မင်း သွားကြည့်ပါလား..."

"မင်း သေချင်နေတာလား... နောက်ဘက် ဥယျာဉ်က ဘယ်လို နေရာမျိုးလဲ... ငါတို့ သွားလို့ ရတဲ့နေရာများ မှတ်နေလား..."

"ဒါလည်း... ဟုတ်တာပဲ..."

"အိမ်တော်ထိန်း ယဲ့ တို့ကို သွားမေးကြည့်ရင်ကော ဘယ်လိုလဲ..."

"အင်း... ချွန်းကျီ တို့လို မင်းသားနဲ့ မင်းသမီးရဲ့ အနီးကပ် အစေခံတွေဆိုရင်တော့ သွားခွင့်ရှိလောက်တယ်နော်..."

"သွားမေးမလို့လား..."

"မမေးပါနဲ့... ဟင်းနံ့ကိုတော့ ငါ သေချာ မသိပေမဲ့ ဒီဝိုင်အနံ့ကတော့ မင်းသား လုပ်ထားတာ သေချာတယ်..."

"အို... ဘာလို့ အဲ့ဒီလို ပြောရတာလဲ..."

"မနေ့ညက မင်းသား ဧည့်သည်ကို ဧည့်ခံတုန်းက ငါက သူ့အနားမှာ ရှိနေခွင့်ရခဲ့လို့... ဒီဝိုင်အနံ့က အဲ့ဒီအနံ့ အတိအကျပဲ..."

"ဒီလိုဆိုမှတော့ အဲ့ဒီနေရာမှာ ရှိနေတာ မင်းသား ဖြစ်ရမယ်... ဘယ်သူနဲ့ အတူရှိနေလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး... အဲ့ဒီလူကတော့ တကယ် ကံကောင်းတာပဲ... အားကျစရာ ကောင်းလိုက်တာ..."

"ဘာကို အားကျနေရတာလဲ... မကြာသေးခင်ကမှ မင်းသမီးကြီး ဒီကို ရောက်လာတာ... ဒါကြောင့် မင်းသားနဲ့ အတူရှိနေမယ့်သူက မင်းသမီးကြီး ဖြစ်ဖို့ အလားအလာ အများဆုံးပဲ... မင်း အားကျနေစရာ မလိုပါဘူး…”

"အဲ့ဒါလည်း ဟုတ်တာပဲ..."

"..."

လူတိုင်း စကားပြောနေကြစဉ် ပိုင်ချီချီသည် ဤရင်းနှီးနေသော မွှေးရနံ့ကို ရှူရှိုက်မိလိုက်ပြီး သူမ၏ လည်ချောင်း အနည်းငယ် လှုပ်ရှားသွားလေ၏။

သူမသည် ထရပ်ကာ အဝတ်အစား လဲလှယ်လိုက်ပြီးနောက် တံခါးဝသို့ ရောက်လာကာ နောက်ဘက် ဥယျာဉ်ရှိရာ အရပ်သို့ ကြည့်လိုက်သည်။

"အဲ့ဒီကို သွားကြည့်ရမလား..."

သူမက တီးတိုးရေရွတ်လိုက်သော်လည်း နောက်ဆုံးတွင် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ခြေလှမ်းများကို ဖွဖွလှမ်းကာ နောက်ဘက် ဥယျာဉ်ဆီသို့ ထွက်လာခဲ့လေ၏။

အတွင်းဘက်ခြံဝင်းကို ဖြတ်သွားချိန်တွင် ယဲ့ကျင်းလင် တစ်ယောက် ထိုနေရာ၌ ရပ်နေပြီး လူအများအပြားကို တားဆီးနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

"ပြန်သွားကြတော့... မင်းသားနဲ့ မင်းသမီးကြီးတို့ အဲ့ဒီမှာ ရှိနေတယ်... သွားပြီးတော့ အနှောင့်အယှက် မပေးကြနဲ့..."

လူတိုင်းသည် နောက်ဘက် ဥယျာဉ်ရှိရာ အရပ်သို့ တစ်ချက်ကြည့်လိုက်ကြသော်လည်း သူတို့သည် လိမ္မာယဉ်ကျေးစွာဖြင့် ထွက်ခွာသွားကြပေသည်။

အချိန်မကြာမီမှာပင် ထိုနေရာ၌ ယဲ့ကျင်းလင်၊ ချွန်းကျီတို့ လေးယောက်နှင့် ပိုင်ချီချီတို့သာ ကျန်ရစ်တော့၏။

ယဲ့ကျင်းလင်သည် ချွန်းကျီတို့ လေးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ချီချီကို ထပ်မံကြည့်ရှုကာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ ပိုင်... မင်းသားက မင်းသမီးကြီးနဲ့ အတူရှိနေပါတယ်... မင်းသားကို အရင် သတင်းပို့ခွင့် ပြုပါဦး..."

ပိုင်ချီချီက ခေါင်းယမ်းလိုက်သည်ကိုသာ မြင်လိုက်ရ၏။

"မလိုပါဘူး... ကျွန်မက မနေနိုင်လို့ လာကြည့်ရုံလေးပါ... နန်ကုန်း တာအိုမိတ်ဆွေ အနားမှာ အဖော်ပြုပေးမယ့်သူ ရှိနေမှတော့ ကျွန်မ အရင် ပြန်တော့မယ်..."

ထိုသို့ ပြောပြီးနောက် သူမသည် လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကြည်လင်ပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"တာအိုမိတ်ဆွေ ပိုင်... ကျေးဇူးပြုပြီး လာ ပူးပေါင်းပါဦး..."

ပိုင်ချီချီသည် ဤအသံကို ကြားလိုက်ရချိန်၌ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားသော်လည်း အသံက ထပ်မံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ယဲ့ကျင်းလင်... မင်းလည်း တာအိုမိတ်ဆွေ ပိုင် နဲ့ အတူ လာခဲ့လိုက်..."

ဤစကားကို ကြားချိန်တွင် ယဲ့ကျင်းလင်မှာ မလှုပ်မရှားရပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

သူမ မလှုပ်ရှားရုံသာမက ချွန်းကျီတို့ လေးယောက်ပင်လျှင် မလှုပ်ရှားကြဘဲ အချင်းချင်း အကြည့်ချင်း ဖလှယ်နေကြကာ သူတို့၏ မျက်လုံးများထဲတွင်လည်း တွန့်ဆုတ်မှုအချို့ ရှိနေပေသည်။

ပိုင်ချီချီသည် လူငါးယောက်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် တွေဝေရှုပ်ထွေးနေမှုများ ပေါ်လာခဲ့သည်။

သူတို့ကို လာခိုင်းနေတာ မဟုတ်ဘူးလား... ဘာလို့ ဒီလူငါးယောက်က မလှုပ်ကြတာလဲ…

......

နောက်ဘက် ဥယျာဉ်၊ စံအိမ်အတွင်း၌ ဖြစ်သည်။

နန်ကုန်းရိုရွှယ်သည် ထိုစကားကို ပြောပြီးနောက် မည်သူမျှ လာရောက်ခြင်း မရှိသည်ကို အချိန်အတော်ကြာ မြင်တွေ့ရသောအခါ သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားခဲ့၏။

ယခုလေးတင် စံအိမ်၏ နေရာအနှံ့အပြားတွင် ဝိညာဉ်စွမ်းအင် လှိုင်းဂယက်အနည်းငယ် ရှိနေသည်ကို သတိထားမိလိုက်သဖြင့် သူတို့နှစ်ဦးသည် ဝိညာဉ်အာရုံကို ပေါ့ပေါ့ပါးပါး အသုံးပြု၍ ကြည့်ရှုလိုက်ရာ သူတို့နှစ်ဦးကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာအသေးအမွှားလေးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ယဲ့ကျင်းလင် တစ်ယောက် အတွင်းဘက်ခြံဝင်းထဲရှိ လူတိုင်းကို မောင်းထုတ်နေသည်ကို သတိပြုမိလိုက်ပြီးနောက် ပိုင်ချီချီလည်း ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူမက သူတို့ကို လာရောက်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်မှ လာရောက်လိမ့်မည် မဟုတ်ဟု သူမ ထင်မှတ်မထားခဲ့ချေ။

နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို တစ်ချက် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားဟန်ဖြင့် ရယ်မောကာ ပြောလိုက်၏။

"ရှောင်ယွီ... သူတို့မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပုံရတယ်..."

နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် မျက်တောင်ခတ်သွားပြီး နန်ကုန်းရိုရွှယ် ဆိုလိုသည်ကို ဝိုးတဝါး နားလည်သွားသဖြင့် မထိန်းချုပ်နိုင်ဘဲ ခါးသက်သက် ပြုံးလိုက်မိသည်။

"စိုးရိမ်ပူပန်မှုတွေ ရှိနေတာက ပုံမှန်ပါပဲ... အစ်မရွှယ်က ကျွန်တော့်ကို အပြစ်မတင်ပါနဲ့..."

ထိုသို့ ပြောပြီးနောက် သူသည် သူ၏အသံကို မျဉ်းကြောင်းတစ်ကြောင်းအဖြစ် စုစည်းလိုက်ပြီး ယဲ့ကျင်းလင်တို့ဆီသို့ ပေးပို့လိုက်သည်။

"ယဲ့ကျင်းလင်... တာအိုမိတ်ဆွေ ပိုင် ကို ခေါ်ပြီး ဒီကို လာခဲ့ကြပါ..."

သူ၏ အသံကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် လူခြောက်ယောက်၏ ပုံရိပ်များသည် စံအိမ်ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

နန်ကုန်းယွီသည် ပိုင်ချီချီကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ ပိုင်... ကျေးဇူးပြုပြီး ထိုင်ပါဦး..."

"အစ်မရွှယ်နဲ့ သီးသန့် တွေ့ဆုံစားသောက်နေတာဆိုတော့ အတားအဆီး ချထားဖို့ မေ့သွားတယ်... အဲ့ဒါက တာအိုမိတ်ဆွေ ပိုင် ကိုပါ သက်ရောက်မှု ရှိသွားစေခဲ့တာပါပဲ…”

ပိုင်ချီချီသည် ခေါင်းယမ်းကာ ပြုံး၍ ပြောလိုက်၏။

"တကယ်လို့ တာအိုမိတ်ဆွေ နှစ်ယောက်ရဲ့ ဖိတ်ကြားမှုကို အကြိမ်တိုင်း ရနိုင်မယ်ဆိုရင် ချီချီက ဒီလို သက်ရောက်မှုမျိုး မကြာခဏ ဖြစ်ပေါ်လာဖို့တောင် မျှော်လင့်မိပါတယ်..."

"ဟားဟား... ကျွန်တော့်ကိုပဲ အပြစ်တင်ပါ..."

နန်ကုန်းယွီက ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်က အစ်မရွှယ်နဲ့ တွေ့ဆုံစားသောက်ရင်း တာအိုမိတ်ဆွေ ပိုင် ကို ခဏတာ မေ့သွားခဲ့တာပါ... ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ ပိုင် က ကျွန်တော့်ကို အပြစ်မတင်ပါနဲ့..."

ပိုင်ချီချီက ခေါင်းယမ်းကာ ရယ်မော၍ ပြောလိုက်၏။

"တာအိုမိတ်ဆွေက နောက်နေပြန်ပါပြီ... ဒါက လူ့သဘာဝပါပဲ... ချီချီလည်း အများကြီး မတွေးထားပါဘူး..."

နန်ကုန်းယွီက ပြုံး၍ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ ခဏစောင့်ပါဦး... ကျွန်တော် နောက်ထပ် ဟင်း နည်းနည်းလောက် ထပ်ကြော်လိုက်ပါဦးမယ်... ပြီးရင် ကျွန်တော်တို့ အတူတူ သောက်ကြတာပေါ့..."

ပိုင်ချီချီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။

"ကျွန်မ ကူညီပေးဖို့ လိုသေးလား..."

နန်ကုန်းယွီသည် ခေါင်းယမ်းကာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေက ထိုင်နေပါ... ကျွန်တော် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်..."

ထိုသို့ ပြောပြီးနောက် သူသည် ယဲ့ကျင်းလင်တို့ကို ကြည့်ကာ ပြောလိုက်၏။

"မင်းတို့လည်း ထိုင်လို့ ရပါပြီ... နောက်ကျရင် အစ်မရွှယ်ရဲ့ စကားဆိုရင် မင်းတို့ ဘာမှ ထပ်ပြီး တွေးတောနေစရာ မလိုပါဘူး..."

"ဟုတ်ကဲ့ပါ..."

လူငါးယောက်လုံး ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့သည် ထိုင်မချကြပေ။

"သခင်လေး... ဘာလုပ်ဖို့ လိုသေးလဲ... ကျွန်မတို့ သခင်လေးကို ကူညီပေးပါ့မယ်..."

"မလိုပါဘူး..."

နန်ကုန်းယွီသည် ချွန်းကျီတို့ လေးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ကာပြကာ ပြောလိုက်သည်။

"ထိုင်ပြီးတော့ပဲ စောင့်နေကြပါ... ဒီနေ့ ငါ့ရဲ့ လက်ရာကို မင်းတို့ မြည်းစမ်းခွင့် ပေးမယ်..."

ဤစကားကို ကြားချိန်တွင် ချွန်းကျီတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့သည် တစ်ခဏမျှ တွန့်ဆုတ်နေခဲ့ကြ၏။

ထိုအချိန်၌ နန်ကုန်းရိုရွှယ်သည် လူအနည်းငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်ကာ သူမ၏ စကားလုံးများသည် တိုးညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

All Chapters