အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) အန်းလဲ့ မင်းသား သေဆုံးသွားပြီလား
နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် ရှုပ်ထွေးသွားပြီး ညင်သာစွာ ပြောလိုက်၏။
"မင်း သဘောကျမှတော့ ငါ့ဘေးမှာ ထာဝရ နေသွားပါလား... ဘယ်လိုလဲ..."
ချွန်းကျီက မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဝမ်းနည်းသွားသကဲ့သို့ ဖြစ်နေသည်။
"ကျွန်မရဲ့ ကျင့်ကြံခြင်း အမြင့်ဆုံးအဆင့်က သတ်မှတ်ထားပြီးသားပါ... သက်တမ်းကလည်း အလွန်ဆုံး နှစ် ၄၀၀၀ ပဲ ရှိတာမို့လို့ ထာဝရဆိုတဲ့ စကားကိုတော့ ကတိမပေးနိုင်လောက်ဘူး..."
"မင်း..."
နန်ကုန်းယွီက ညင်သာစွာ ပြုံး၍ ပြောလိုက်၏။
"ကျန်းပေ့တပ်မက ကောင်းကင်ဘုံကိုတောင် အာခံပြီး ကံကြမ္မာကို ပြောင်းလဲနိုင်သေးတာပဲ... ဘာလို့ မင်းက မရနိုင်ရမှာလဲ..."
ဤစကားကို ကြားချိန်တွင် ချွန်းကျီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
"သခင်လေး... ကျွန်မ... ကျွန်မရော တကယ် ရနိုင်လား..."
"ရတာပေါ့..."
နန်ကုန်းယွီသည် အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ပြန်လည်ရုပ်သိမ်းကာ ပြောလိုက်၏။
"ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လျှောက်မပြောနဲ့ဦး... ငါ မယ်တော်နဲ့ တိုင်ပင်ပြီးမှ မင်းတို့အတွက် နည်းလမ်းတစ်ခု စဉ်းစားပေးမယ်... ဟုတ်ပြီလား..."
"ကောင်းပါပြီ... ကျွန်မ စကားတွေ အများကြီး မပြောပါဘူး..."
ချွန်းကျီက အလျင်အမြန် ခေါင်းညိတ်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပေသည်။
"ကောင်းပြီ... အရင် အပြင်ထွက်ကြရအောင်..."
"အင်း..."
ချွန်းကျီက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးသည် အဓိက စံအိမ်ဆောင်ထဲမှ ထွက်လာကာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်၌ ချိုးယဲ့တို့ သုံးယောက်သည် မျက်နှာသစ်ရန် ပစ္စည်းများကို ပြင်ဆင်ထားပြီး တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အချိန်မကြာမီမှာပင် လူလေးယောက်၏ အလုပ်အကျွေးပြုမှုအောက်တွင် နန်ကုန်းယွီသည် မျက်နှာသစ်ပြင်ဆင်ခြင်း ပြီးဆုံးသွားခဲ့၏။
သူသည် ထမင်းစားခန်းသို့ ရောက်ရှိလာသော်လည်း နန်ကုန်းရိုရွှယ်နှင့် ပိုင်ချီချီတို့ကို မတွေ့ရသဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အစ်မရွှယ်ကော ဘယ်ရောက်နေလဲ... မထသေးဘူးလား..."
ချိုးယဲ့သည် ခေါင်းကို အနည်းငယ် ခါယမ်းကာ တိုးညှင်းစွာ ပြောလိုက်၏။
"နန်းတော်ထဲမှာ တစ်ခုခု ဖြစ်သွားတယ်လို့ ကြားလို့ မင်းသမီးကြီးက မနက်စောစောကတည်းက ပြန်သွားပါပြီ..."
"တစ်ခုခု ဖြစ်သွားတယ်... ဘာဖြစ်တာလဲ..."
နန်ကုန်းယွီ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ ရင်ထဲတွင် တစ်စုံတစ်ခုကို တွေးမိသွားပြီး ဝိုးတဝါး ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည်။
ရှာဟယ်သည် ဆန်ပြုတ်နှင့် မုန့်များကို ယူဆောင်လာရင်း ပြန်ဖြေလိုက်၏။
"အန်းလဲ့ မင်းသား သိုင်းကျင့်ကြံတာ ချီဖောက်ပြန်ပြီး ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးသွားတယ်လို့ ကြားပါတယ်…”
“အန်းလဲ့ မင်းသား..."
နန်ကုန်းယွီ အနည်းငယ် အံ့အားသင့်သွားသည်။
‘နန်ကုန်းကျင်းလင် သေဆုံးသွားတာ မဟုတ်ဘူးလား...
ဒီ အန်းလဲ့ မင်းသားက ဘယ်သူလဲ…’
ချိုးယဲ့က ရယ်မော၍ ပြောလိုက်သည်။
"သခင်လေး... အဲ့ဒါက အရင်က ဒုတိယမင်းသား နန်ကုန်းကျင်းလင် ပါပဲ... လက်ရှိ ဧကရာဇ် နန်းတက်ပြီးနောက်မှာ သူ့ကို အန်းလဲ့ မင်းသားအဖြစ် ဘွဲ့နှင်းသဘင် ပေးအပ်ခဲ့တာပါ... ဘွဲ့နာမည်သာ ရှိပေမဲ့ တကယ့်အာဏာ ဒါမှမဟုတ် စံအိမ်တော့ မရှိပါဘူး..."
"ဒါ့အပြင် ဧကရာဇ်ဟောင်းက အန်းလဲ့ မင်းသားကို ဆယ်နှစ် အကျဉ်းချထားဖို့ အမိန့်ပေးခဲ့တာဆိုတော့ အချိန်မစေ့သေးတဲ့အတွက် ဘွဲ့နှင်းသဘင် ပေးအပ်ပြီးတာနဲ့ နောင်တခန်းမ ကို ပြန်သွားခဲ့ရတာပါ... ဒါပေမဲ့ သူက ချီဖောက်ပြန်ပြီ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြဘူး..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်သွားခဲ့သည်။
"တာအိုမိတ်ဆွေ ပိုင် ကော..."
တုန်းရွှယ်က ပြန်ဖြေလိုက်၏။
"စီနီယာ ပိုင် က စာတိုလေးတစ်စောင် ထားခဲ့ပြီး ကျင့်ကြံခြင်း အခန်းထဲ ဝင်သွားပါတယ်... ပိတ်ဆို့မှု ပြေလျော့သွားလို့ ခဏလောက် ကျင့်ကြံတော့မယ်လို့ ပြောသွားပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆိုမှတော့ မင်းတို့ လေးယောက်လုံး ပြင်ဆင်ပြီး ငါနဲ့အတူ နန်းတော်ကို လိုက်ခဲ့ကြ..."
"ဦးရီးတော်ရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဒုတိယမင်းသား တစ်ခုခု ဖြစ်သွားချိန်မှာတော့ သွားကြည့်သင့်ပါတယ်..."
"ဟုတ်ကဲ့ပါ..."
သူတို့လေးယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး နန်ကုန်းယွီက ပြောလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"အဓိက စံအိမ်ဆောင်ကို သွားကြမယ်... ငါ အဝတ်အစား တစ်စုံလောက် လဲလိုက်ဦးမယ်..."
ထိုသို့ ပြောပြီးနောက် နန်ကုန်းယွီသည် လူအားလုံးကို အဓိက စံအိမ်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီး ရွှေရောင်အနားကွပ်ထားသော အနက်ရောင် နဂါးငယ်ဝတ်ရုံ တစ်စုံကို ထုတ်ယူကာ ချိုးယဲ့ကို လဲလှယ်ပေးရန် ခိုင်းလိုက်သည်။
ချိုးယဲ့တို့ သည် သူ၏ ဆံပင်များကို သပ်ရပ်စွာ ပြင်ဆင်ပေးပြီးနောက် နန်ကုန်းယွီနှင့်အတူ အပြင်သို့ ထွက်လာခဲ့ကြသည်။
သူတို့၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ နန်ကုန်းယွီ ဖန်တီးထားသော အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာများ ဖြစ်သဖြင့် ဝတ်ဆင်ပြီးကတည်းက အိပ်စက်ချိန်နှင့် ထိုကိစ္စပြုလုပ်ချိန်မှလွဲ၍ ခန္ဓာကိုယ်နှင့် တစ်ခါမှ မခွာခဲ့ကြချေ။
ထို့ပြင် ဤအဝတ်အစားများကို နန်ကုန်းယွီ ဖန်တီးစဉ်က ဖုန်မှုန့်ကာကွယ်ရေး ကမ္ပည်းစာများနှင့် ရေကာကွယ်ရေး ကမ္ပည်းစာများကို တမင်တကာ ထည့်သွင်းထားခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖုန်မှုန့်နှင့် သွေးများ စွန်းထင်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လဲလှယ်ဆေးကြောရန် လုံးဝ မလိုအပ်တော့ချေ။
ထို့အပြင် ချွန်းကျီတို့ လေးယောက်၏ ကိုယ်ပေါ်ရှိ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာများ (ဝိညာဉ်ဓားမှလွဲ၍) အားလုံးတွင် ဖုံးကွယ်ခြင်း ကမ္ပည်းစာများ ပါဝင်နေပေသည်။
ဖုံးကွယ်ခြင်း ကမ္ပည်းစာများ ဆိုသည်မှာ လူအများက ဝိညာဉ်ရတနာ အဆင့်ကို တစ်ချက်တည်းဖြင့် မမြင်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်ပြီး သာမန်ပုံစံမျိုးသာ ပေါက်နေစေသည်။
အထူးတောင်းဆိုထားခြင်း မရှိပါက ပုံမှန်အားဖြင့် ရတနာဖန်တီးရှင်များသည် ဤကမ္ပည်းစာမျိုးကို ထည့်သွင်းပေးလေ့မရှိပေ။
သို့မဟုတ် ဤဖုံးကွယ်ခြင်း ကမ္ပည်းစာများသည် ရွှမ်လင်တိုက်ကြီးတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး တတ်ကျွမ်းသူ လုံးဝနီးပါး မရှိတော့ဟု ဆိုနိုင်ပေသည်။
နန်ကုန်းယွီသည် ဤကမ္ပည်းစာကို သင်ယူတတ်မြောက်ပြီးနောက် ခန္ဓာကိုယ်နှင့် ထိကပ်နေသော ဝိညာဉ်ရတနာများကို ဖန်တီးသည့်အခါ သို့မဟုတ် အလှဆင်အဖြစ် အသုံးပြုနိုင်သည့် ဝိညာဉ်ရတနာများကို ဖန်တီးသည့်အခါတွင် ဤဖုံးကွယ်ခြင်း ကမ္ပည်းစာကို ထည့်သွင်းပေးလေ့ရှိသည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်ကျော်ကာလအတွင်း ချွန်းကျီတို့၏ ဂါဝန်ရှည်များသည် မည်သည့်တိုက်ခိုက်မှုကိုမျှ မခံခဲ့ရသလို အလုပ်လုပ်ရန်လည်း မလိုအပ်ခဲ့သဖြင့် သဘာဝကျကျပင် ချွန်းကျီတို့ လေးယောက် ဝတ်ဆင်ထားသော ဂါဝန်ရှည်များ၏ ထူးခြားချက်ကို မည်သူမျှ မမြင်တွေ့ခဲ့ကြချေ။
နန်ကုန်းယွီသည် လူလေးယောက်နှင့်အတူ ကျန်းပေ့မင်းသား စံအိမ်ထဲမှ ထွက်လာခဲ့သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားပြီး လှည့်ကာ ရှာဟယ်ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းသား... ဘာဖြစ်လို့လဲ..."
နန်ကုန်းယွီက သူမကို ကြည့်နေသည်ကို မြင်သောအခါ ရှာဟယ်မှာ မထိန်းချုပ်နိုင်ဘဲ သံသယဖြင့် မေးလိုက်၏။
နန်ကုန်းယွီသည် မျက်တောင်ခတ်လိုက်ပြီး ခေါင်းယမ်းကာ ပြုံး၍ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ဒီနေ့က နန်းတော်ထဲမှာ မင်္ဂလာရှိတဲ့ ကိစ္စမဟုတ်ဘူးဆိုတော့ မင်းရဲ့ အနီရောင် ဝတ်စုံကို လဲလိုက်သင့်တယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှာဟယ်၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားခဲ့သည်။ သူမ ဤအရာကို အမှန်တကယ်ပင် မစဉ်းစားမိခဲ့ပေ။
သူတို့သည် ကျင့်သားရနေပြီဟုသာ ဆိုနိုင်ပေသည်။
သို့သော် သူတို့လေးယောက်၏ အဝတ်အစား အရောင်ကို ပြောင်းလဲရန်မှာ အလွန်လွယ်ကူလှပေသည်။
မည်သို့ပင်ဆိုစေကာမူ နန်ကုန်းယွီသည် ဖန်တီးစဉ်က ဂါဝန်ရှည်များတွင် ပြောင်းလဲနိုင်စွမ်းကိုပါ ထည့်သွင်းပေးထားခဲ့သည်။
အရောင်ပြောင်းလဲခြင်းသာ ဖြစ်ပြီး အရောင်နှစ်မျိုးကြားတွင်သာ ပြောင်းလဲနိုင်ကာ အခြားတစ်မျိုးကို အရန်အဖြစ် အသုံးပြုနိုင်ပေသည်။
သူတို့လေးယောက်၏ ဂါဝန်ရှည်များအတွက် အရန်အရောင်များမှာ အပြာနုရောင်၊ ရွှေမည်းရောင်၊ ပန်းနုရောင်နှင့် ငွေခဲရောင် တို့ အသီးသီး ဖြစ်ကြသည်။
ရှာဟယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို ဂါဝန်ရှည်ထဲသို့ ထည့်သွင်းလိုက်ရာ ဂါဝန်ရှည်၏ အရောင်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ရွှေမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဆိုလိုသည်မှာ အနက်ရောင်ထဲတွင် ရွှေရောင်အစက်အပြောက်လေးများ ပါဝင်နေပြီး ပိုမို ရင့်ကျက်တည်ငြိမ်သော ကျက်သရေကို ပေးစွမ်းနေပေသည်။
"သွားကြစို့..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လူလေးယောက်ကို ဦးဆောင်ကာ နန်းတော်ဆီသို့ ထွက်လာခဲ့ပြီး နန်းတော်အတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်၌ နန်းတော်အတွင်းတွင် အနီရောင်များ မရှိတော့ဘဲ ယနေ့ လက်ရှိ ဧကရာဇ်၏ ညီတော်ဖြစ်သော အန်းလဲ့ မင်းသား သေဆုံးမှုမှာ နန်းတော်ထဲတွင် အနည်းငယ် အလေးထားခံရကြောင်း ထင်ရှားပေသည်။
နန်ကုန်းယွီသည် မိန်းမစိုးငယ်တစ်ဦးကို ရှာဖွေ၍ မေးမြန်းလိုက်ပြီးနောက် နောင်တခန်းမ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်၌ နောင်တခန်းမ ရှေ့တွင် ရွှေရောင် ခေါင်းတလားတစ်ခုကို နန်းဆောင်တံခါး၏ ညာဘက်အခြမ်းတွင် ချထားပြီး လူအများအပြားက ဝိုင်းရံထားကြသည်။
နန်ကုန်းရိုရွှယ် အပါအဝင် သုံးယောက်မှာ နန်ကုန်းကျင်းလင်၏ မောင်နှမများအနေဖြင့် သဘာဝကျကျ ထိုနေရာတွင် ရှိနေကြပေသည်။
အခြားသူများထဲတွင် နန်ကုန်းယွီ သိကျွမ်းသူ အလွန်နည်းပါးပြီး အများစုမှာ နန်းတွင်း အစေခံများနှင့် မိန်းမစိုးများသာ ဖြစ်ကြသည်။
"ရှောင်ယွီ... မင်း ရောက်လာပြီလား..."
နန်ကုန်းယွီ ရောက်လာသည်ကို မြင်သောအခါ နန်ကုန်းကျင်းချီက ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်ပြီး နန်ကုန်းရိုရွှယ်နှင့် အခြားသူများကလည်း လှမ်းကြည့်လာကြသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဒုတိယ အစ်ကိုတော် တစ်ခုခု ဖြစ်သွားတယ်လို့ ချိုးယဲ့ ပြောတာ ကြားလိုက်တယ်... သူ့ကို နှုတ်ဆက်ဖို့ လာခဲ့တာပါ..."
နန်ကုန်းကျင်းချီက ခေါင်းညိတ်လိုက်ပြီး အံ့သြမနေခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် နန်ကုန်းရိုရွှယ်ကို အကြောင်းကြားရန် လူလွှတ်ခဲ့ပြီး နန်ကုန်းရိုရွှယ်မှာ ကျန်းပေ့မင်းသား စံအိမ်တွင် ရှိနေခဲ့ရာ ချိုးယဲ့ သိရှိသွားခြင်းမှာ အံ့သြစရာ မဟုတ်ချေ။
နန်ကုန်းယွီသည် ရှေးဟောင်းပုံစံပေါ်နေသော ခေါင်းတလားကို တစ်ချက် ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒုတိယ အစ်ကိုတော်က ဘယ်လိုသေသွားတာလဲ... ချီဖောက်ပြန်သွားတယ်လို့ ချိုးယဲ့ ပြောတာ ကြားလိုက်တယ်... ဟုတ်လား..."
"နန်းတွင်းသမားတော်တွေ စစ်ဆေးပြီးပြီ... ဟုတ်တယ်... ကျင့်ကြံနေရင်း ချီဖောက်ပြန်သွားတာ... ဝိညာဉ်သန္ဓေသား သွေးကြောတွေ ပေါက်ကွဲပြီး နှလုံးကို ထိခိုက်သွားလို့ ချက်ချင်း သေဆုံးသွားတာ..."
နန်ကုန်းကျင်းချီက ပြန်ဖြေလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဝမ်းနည်းနေသော်လည်း အများကြီးတော့ မဟုတ်ပေ။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း နန်ကုန်းရိုရွှေက ဖြည့်စွက်ပြောဆိုလာသည်ကို မြင်လိုက်ရသည်။
"သူက ဒီနှစ်တွေထဲမှာ အကျဉ်းကျနေခဲ့တာလေ... ခမည်းတော်က ကျင့်ကြံခြင်း အရင်းအမြစ်တွေ သိပ်မပေးခဲ့ဘူး... ကျွန်မတို့ရဲ့ တစ်ဝက်လောက်ပဲ ရတယ်လို့ ကြားတယ်... အခု သူ့ရဲ့ ကျင့်ကြံမှုကလည်း ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်း အထွတ်အထိပ် အဆင့်လောက်ပဲ ရှိတာ..."
"ဝိညာဉ်က အသွင်ပြောင်း ဝိညာဉ်အဆင့်ကို မရောက်သေးတော့ ဝိညာဉ်သန္ဓေသားနဲ့ ခန္ဓာကိုယ် သေဆုံးသွားတာနဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဉ်ခုနစ်ပါးလည်း ကွဲကွာသွားပြီ... တကယ်ကို သေချာပေါက် သေဆုံးသွားတာပါပဲ..."
နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် မျက်တောင်ခတ်သွားပြီး နန်ကုန်းအောက်ထျန်းက နန်ကုန်းကျင်းလင်၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဖြတ်တောက်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘မဟုတ်သေးဘူးလေ…’
နန်ကုန်းရိုရွှေတို့၏ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အခြားနိုင်ငံများရှိ မင်းသား၊ မင်းသမီးများထက် အဆပေါင်းများစွာ ပိုများပြားပြီး တစ်ဝက်ဆိုသည်မှာလည်း နည်းပါးလှသည်တော့ မဟုတ်ချေ။
ယုတ္တိအရဆိုလျှင် နန်ကုန်းကျင်းလင်၏ ကျင့်ကြံမှုမှာ ဤမျှ နိမ့်ကျနေစရာ အကြောင်းမရှိပေ။
အနည်းဆုံးတော့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိသင့်ပြီး နတ်ဘုရားပေါင်းစည်းခြင်းအဆင့် သို့ ရောက်ရှိရန်ပင် မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
‘ဘယ်လိုဖြစ်နိုင်မှာလဲ…’
နန်ကုန်းယွီ၏ ရင်ထဲတွင် သံသယများ ရှိနေပြီး အနည်းငယ်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသဖြင့် သူ၏ မျက်လုံးများအတွင်းရှိ တာအိုယန်နတ်ဆိုးမျက်လုံး သည် စတင် လည်ပတ်သွားခဲ့သည်။
တစ်ခဏချင်းမှာပင် သူ၏ စိတ်ထဲ၌ အချက်အလက်များစွာ ပေါ်ထွက်လာပြီးနောက် သူမှာ မထိန်းချုပ်နိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားခဲ့ရတော့သည်။