← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) လက်ဆောင်ပေးခြင်း

နန်ကုန်းရိုရွှေ၏ မေးခွန်းကို ကြားသောအခါ နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

သူမကိုယ်တိုင်လည်း အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်နေခဲ့၏။

နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်သည်။

"ဒုတိယ အစ်မတော်... ကျွန်တော်လည်း သေချာတော့ မသိဘူးလေ... တစ်ခုခုတော့ မှားနေတယ်လို့ ခံစားရရုံလေးပါ..."

နန်ကုန်းရိုရွှေက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည်ရုပ်သိမ်းကာ ပြောလိုက်၏။

"တကယ်တော့ စောစောက မင်းပြောတာကို ကြားပြီးတော့ ငါလည်း တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရတယ်... တစ်ယောက်ယောက်က နန်ကုန်းကျင်းလင်ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ဖြတ်တောက်ထားတာ ဖြစ်နိုင်တယ်လို့ မင်း ထင်လား..."

နန်ကုန်းယွီသည် အံ့အားသင့်ဟန်ဆောင်ကာ သူမကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒုတိယ အစ်မတော် ပြောတာကလည်း မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး... ဦးရီးတော်က ဒုတိယ အစ်ကိုတော်ကို ဆယ်နှစ်တိတိ အကျဉ်းချထားတာဆိုတော့ အကဲခတ်တတ်တဲ့သူတိုင်းက ဒုတိယ အစ်ကိုတော် ထီးနန်းတက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မြင်နိုင်ပါတယ်... ပြီးတော့ တစ်ယောက်ယောက်ကများ ကောက်ကျစ်တဲ့ အကြံအစည်တွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်တို့ နှစ်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်ကြပြီး သူတို့ကိုယ်တိုင်လည်း ဤသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ခံစားနေကြရသည်။

"တကယ်လို့ ဒီဖြစ်နိုင်ခြေက တကယ်သာ မှန်တယ်ဆိုရင် အရင်းအမြစ်တွေကို ဖြန့်ဝေပေးရတဲ့ တတိယဦးရီးတော် ဒါမှမဟုတ်ရင် နန်ကုန်းကျင်းလင်ဆီကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပို့ပေးရတဲ့ လူတွေမှာပဲ ပြစ်မှုကျူးလွန်နိုင်တဲ့ အလားအလာ ရှိလိမ့်မယ်…”

နန်ကုန်းရိုရွှေက တီးတိုးရေရွတ်လိုက်သော်လည်း ကျန်နှစ်ယောက်က ခေါင်းညိတ် သဘောတူခဲ့ကြသည်။

နန်ကုန်းယွီသည် ရင်ထဲတွင် အနည်းငယ် ပြုံးလိုက်မိသည်။

တတိယ ဦးရီးတော် ဆိုသည်မှာ တကယ်တော့ နန်ကုန်းအောက်ထျန်း နှင့် ဖအေတူ မအေကွဲ ညီအစ်ကိုတော်စပ်သူဖြစ်ပြီး နန်ကုန်းအောက်ထျန်း နန်းတက်ပြီးကတည်းက တော်ဝင်မိသားစု၏ ကျင့်ကြံခြင်း အရင်းအမြစ် ဖြန့်ဝေမှုကို တဖြည်းဖြည်း တာဝန်ယူ လုပ်ဆောင်လာခဲ့သူ ဖြစ်ပေသည်။

နန်ကုန်းကျင်းလင်၏ အရင်းအမြစ်များ ဖြတ်တောက်ခံရခြင်းမှာ အမှန်တကယ်တော့ သူ၏ လက်ချက်ပင် ဖြစ်သည်။

နန်ကုန်းကျင်းချီ သိရှိသွားလျှင်တောင်မှ သူ့ကို ထိခိုက်စေမည် မဟုတ်ပေ။

အလွန်ဆုံးလုပ်လျှင် ဖြတ်တောက်ထားသော အရင်းအမြစ်များကို ပြန်လည်သိမ်းဆည်းရုံသာ ဖြစ်လိမ့်မည်။

အခြားလူတစ်ယောက်ကတော့ နန်ကုန်းကျင်းချီ လျှို့ဝှက်သက်တော်စောင့် အားလုံးကို စေလွှတ်လျှင်တောင်မှ ရှာတွေ့နိုင်မည် မဟုတ်ချေ။

ထိုသူ လုပ်ဆောင်ခဲ့သောအရာမှာ အလွန်ရိုးရှင်းလှပေသည်။ သူသည် နန်ကုန်းကျင်းလင် သတိမထားမိစေရန် ဝိညာဉ်စွမ်းအင်အချို့ကို ချိတ်ပိတ်ထားခဲ့ပြီး သူ အဆင့်တက်လှမ်းနိုင်ရန် ပိုမို ခက်ခဲသွားစေခဲ့သည်။

နန်ကုန်းကျင်းလင်၏ ကျင့်ကြံမှုကို ပိုမို ခက်ခဲစေရုံသာမက ကြီးမားသော အဆင့်တက်လှမ်းမှုများကိုပါ ပိုမို ခက်ခဲသွားစေခဲ့သည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ဤအကြောင်းကို သိရှိမည်မဟုတ်ဘဲ အချိန်နှင့် ဟင်းလင်းပြင် မြစ်ရှည်ကြီးထဲတွင် ထာဝရ မြှုပ်နှံခံရရန်သာ ကံကြမ္မာဖန်လာခဲ့ပေသည်။

နန်ကုန်းယွီသည် များများစားစား တွေးတောမနေတော့ဘဲ နန်ကုန်းရိုရွှယ်တို့ နှစ်ယောက်သည်လည်း ထပ်မံ၍ စကားမဆိုကြတော့ပေ။

အချိန်မကြာမီမှာပင် သူတို့သုံးယောက်သည် ရှိုးရှန်းနန်းဆောင် သို့ ရောက်ရှိလာခဲ့ကြပြီး ချင်အန်းလန်နှင့် တွေ့ဆုံခဲ့ကြသည်။

"ယွီအာ အဒေါ်တော် ချင် ကို ဂါရဝပြုပါတယ်..."

"ရိုရွှေ အဒေါ်တော် ချင် ကို ဂါရဝပြုပါတယ်..."

သူတို့နှစ်ဦးသည် လေးစားစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

ချင်အန်းလန်က အနည်းငယ် ပြုံး၍ ပြောလိုက်၏။

"မင်းတို့နှစ်ယောက် ရောက်လာကြပြီပဲ... ထကြပါ... ထိုင်ကြ..."

နန်ကုန်းယွီတို့ နှစ်ယောက် ထရပ်ကာ ဘေးတွင် ထိုင်လိုက်ကြသည်။

နန်ကုန်းယွီ လက်ဝှေ့ယမ်းလိုက်ရာ ချွန်းကျီတို့ လေးယောက်သည် အလျင်အမြန် လက်ဆောင်ဘူးများကို ထုတ်ယူကာ ဆက်သလိုက်ကြသည်။

"ယွီအာ... ဒါက ဘာတွေလဲ..."

ချင်အန်းလန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သံသယဖြင့် မေးလိုက်၏။

နန်ကုန်းယွီက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

"အဒေါ်တော် ချင် ကို လာမလည်တာ အတော်ကြာပြီဆိုတော့ ယွီအာက လက်ဆောင်သေးသေးလေးတွေ ပြင်ဆင်လာခဲ့ပါတယ်... အဒေါ်တော် ချင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်..."

ဤစကားကို ကြားချိန်တွင် ချင်အန်းလန်က အကူအညီမဲ့စွာ ပြုံး၍ ပြောလိုက်၏။

"မင်းကတော့လေ... ကောင်လေး... မင်း ငါ့ကို လာကြည့်တာနဲ့တင် ငါ အရမ်းပျော်နေပါပြီ... ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ..."

နန်ကုန်းယွီသည် သူ၏ခေါင်းကို အနည်းငယ် ကုတ်ကာ ပြုံး၍ ပြောလိုက်သည်။

"အဒေါ်တော် ချင် က အပြစ်မတင်ပါနဲ့... ယွီအာ မှာ ပေးစရာ ဘာမှမရှိလို့ ကိုယ်တိုင်ချက်ထားတဲ့ ဝိုင်အရက်လေးနဲ့ မုန့်လေးတွေ ယူလာခဲ့တာပါ..."

ဤစကားကို ကြားချိန်တွင် ချင်အန်းလန် အနည်းငယ် ကြောင်အမ်းသွားပြီး ပြုံး၍ ပြောလိုက်၏။

"ယွီအာ ကိုယ်တိုင် လုပ်ထားတာဆိုတော့ ငါ လက်ခံရမှာပေါ့..."

ထိုသို့ ပြောပြီးနောက် သူမသည် လက်ဝှေ့ယမ်းလိုက်ရာ ဘေးတွင် စောင့်စားနေသော နန်းတွင်းအစေခံမလေးသည် ရှေ့သို့ တက်လာကာ လက်ဆောင်ဘူး လေးဘူးကို ယူဆောင်သွားခဲ့သည်။

ချင်အန်းလန်သည် လက်ဆောင်ဘူးများကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။

"ယွီအာ... ငါ နည်းနည်း သိချင်နေပြီ... အခု ဖွင့်ကြည့်လို့ ရမလား..."

နန်ကုန်းယွီက ခေါင်းညိတ်ကာ ရယ်မော၍ ပြောလိုက်သည်။

" ကျိန်းသေပေါက်ရတာပေါ့... ယွီအာ က အဒေါ်တော် ချင် ကို ပေးပြီးပြီဆိုမှတော့ အဒေါ်တော် ချင် သဘောပါပဲ..."

ချင်အန်းလန်က ပြုံး၍ ပြောလိုက်၏။

"အဲ့ဒါဆိုလည်း ကောင်းပြီ... ယွီအာ ရဲ့ လက်ရာကို ငါ အရမ်းသိချင်နေပြီ..."

ချင်အန်းလန် ထိုသို့ ပြောရင်း နန်းတွင်းအစေခံမလေး ဖွင့်ရန် ပြင်နေသည်ကို မြင်သောအခါ အလျင်အမြန် လက်လှမ်းကာ တားဆီးလိုက်သည်။

"ဒါက ယွီအာ ပေးထားတာဆိုတော့ ငါကိုယ်တိုင်ပဲ ဖွင့်ကြည့်လိုက်မယ်..."

နန်းတွင်းအစေခံမလေးသည် အလျင်အမြန် ရပ်တန့်သွားပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။

ချင်အန်းလန်သည် လက်ဆောင်ဘူး လေးဘူးကို ကြည့်လိုက်ပြီးနောက် အကြီးဆုံးတစ်ခုကို အရင် ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဖန်ဝိုင်ပုလင်း ခြောက်လုံးကို ထည့်သွင်းထားပြီး အလွန်လှပသေသပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဤသည်ကို မြင်သောအခါ နန်ကုန်းရိုရွှယ်က ရှင်းပြလိုက်၏။

"မယ်တော်... ဒါက ရှောင်ယွီ ကိုယ်တိုင် ချက်လုပ်ထားတဲ့ ယစ်မူးလေပြေဝိုင်အရက်ပါ... အရမ်း အရသာရှိတယ်... မယ်တော် သဘောကျမှာ သေချာပါတယ်…”

"အို..."

ချင်အန်းလန်၏ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်နေပြီး ပြောလိုက်သည်။

"မင်း ဒီလို ပြောမှတော့ ငါ ပိုပြီး မျှော်လင့်နေပြီ..."

ထိုသို့ ပြောရင်း သူမသည် ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက် တစ်ပုလင်းကို ဖွင့်လိုက်ရာ ဝိုင်အရက်၏ ရနံ့သည် သူမ၏ နှာခေါင်းထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်သွားစေကာ အလွန်အမင်း ယစ်မူးနေသည့်ပုံ ပေါက်သွားစေခဲ့သည်။

"ဝိုင်ကောင်းပဲ... ယွီအာ မှာ ဒီလို လက်ရာမျိုး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ငါ့ကို တကယ် အံ့သြသွားစေတာပဲ..."

ချင်အန်းလန်က သက်ပြင်းချကာ ပြောလိုက်ပြီးနောက် ချက်ချင်းပင် ခွက်တစ်ခွက်ကို ထုတ်ယူကာ ဝိုင်အရက် ငဲ့၍ သောက်လိုက်ရာ သူမမှာ မထိန်းချုပ်နိုင်ဘဲ ယစ်မူးသွားသည့်ပုံ ပေါက်သွားခဲ့သည်။

ဘေးတွင် ရပ်နေသော နန်ကုန်းရိုရွှေ နှင့် ထို အစေခံမလေးများ၊ မိန်းမစိုးများမှာ ဝိုင်အရက်၏ ရနံ့ကို ရှူရှိုက်မိချိန်တွင် မထိန်းချုပ်နိုင်ဘဲ သူတို့၏ ပါးစပ်များထဲတွင် သွားရည်များ ယိုကျလာပြီး သူတို့၏ လည်ချောင်းများလည်း ပြင်းထန်စွာ လှုပ်ရှားသွားကြလေ၏။

ချင်အန်းလန်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လူအနည်းငယ်ကို တစ်ချက် ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

"ဒါက ယွီအာ ငါ့ကို ပေးထားတဲ့ ဝိုင်ကောင်းဆိုတော့ မင်းတို့ကို ငါ ခွဲမပေးနိုင်ဘူးနော်..."

ထိုသို့ ပြောပြီးနောက် သူမသည် ခွက်သုံးခွက်ကို ထုတ်ယူကာ နန်ကုန်းရိုရွှယ်တို့ သုံးယောက်အတွက် တစ်ခွက်စီ ငဲ့ပေးလိုက်ပြီး သူမကိုယ်တိုင်လည်း အပြည့် ထပ်ငဲ့လိုက်ကာ ဝိုင်ပုလင်း ခြောက်လုံးကို သိမ်းဆည်းလိုက်သည်။

သူမက ရယ်မော၍ ပြောလိုက်သည်ကိုသာ မြင်လိုက်ရ၏။

"ရိုရွှေ... ငါ့ကို ကပ်စေးနှဲတယ်လို့ မပြောနဲ့နော်... ဒီဝိုင်အရက်ကို ငါ တကယ် အရမ်းသဘောကျသွားလို့ပါ..."

နန်ကုန်းရိုရွှေသည် အလျင်အမြန် ခေါင်းယမ်းကာ ရယ်မော၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဒေါ်တော် ချင်..."

သူမသည် ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ဝက်ခန့် သောက်လိုက်ပြီး မထိန်းချုပ်နိုင်ဘဲ ချီးကျူးလိုက်၏။

"ဝိုင်အရက်က မွှေးပျံ့နေပြီး အေးမြသက်သာကာ မျက်နှာကို ဖြတ်တိုက်သွားတဲ့ နွေဦးလေပြေလေးလို ခံစားရတယ်... တကယ်ကို ပြိုင်ဘက်ကင်း ဝိုင်အရက်ပါပဲ..."

သူမ ထိုသို့ ပြောရင်း သူမ၏ မျက်လုံးများသည် နန်ကုန်းယွီထံသို့ ကျရောက်သွားပြီး မျက်လုံးကြီးများ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မျှော်လင့်တကြီး ကြည့်လိုက်သည်။

နန်ကုန်းယွီက အနည်းငယ် ပြုံး၍ ပြောလိုက်၏။

"ဒုတိယ အစ်မတော် သဘောကျရင် နောက်ကျရင် ရှောင်ယွီ နည်းနည်း ပေးပါ့မယ်..."

"ဟီးဟီး..."

နန်ကုန်းရိုရွှေသည် ချက်ချင်းပင် ပန်းတစ်ပွင့်လို ပြုံးရွှင်သွားပြီး ပြောလိုက်သည်။

"ဒါဆို ကျေးဇူးတင်ပါတယ် ရှောင်ယွီ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သော်လည်း ချင်အန်းလန်က ဒုတိယ လက်ဆောင်ဘူးကို ဖွင့်နေပြီဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။

လူတိုင်း ကြည့်လိုက်ကြရာ ထိုလက်ဆောင်ဘူးမှာ အထက်အောက် သုံးထပ်ပါဝင်သော မုန့်ဘူးဖြစ်ပြီး အတွင်း၌ မုန့်သုံးမျိုး ပါဝင်ကာ တစ်မျိုးလျှင် ဆယ့်နှစ်ခုစီ ပါဝင်ကြောင်း မြင်တွေ့လိုက်ရသည်။

ချင်အန်းလန်၏ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်နေသော်လည်း သူမသည် မုန့်ဘူးကို တိုက်ရိုက် သိမ်းဆည်းလိုက်ပြီး ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်၏။

"ဒါကိုတော့ ငါ သီးသန့် မြည်းစမ်းကြည့်ချင်တယ်... မင်းတို့နှစ်ယောက် စားချင်ရင် ယွီအာ ဆီမှာပဲ သွားတောင်းကြတော့..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်သည် သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ‘သူမက အကုန်စားဖူးပြီးသားလို့ ပြောလို့ရမလား…’

နန်ကုန်းရိုရွှေသည် ဟန်ဆောင်ကာ နန်ကုန်းယွီကို သနားစဖွယ် ကြည့်လိုက်သော်လည်း စကားမပြောခဲ့ပေ။

နန်ကုန်းယွီသည် အကူအညီမဲ့စွာ ပြုံးလိုက်ပြီး သတင်းစကား ပေးပို့လိုက်၏။

"ဒါဆို ကျွန်တော့် နန်းဆောင်ကို လာခဲ့လေ... အချိန်ရရင် ကျွန်တော် လုပ်ပေးပါ့မယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေသည် သူမ၏ သနားစဖွယ် အမူအရာကို ဖယ်ရှားလိုက်ပြီး ပြုံးကာ ကျေးဇူးတင်ကြောင်း အမူအရာ ပြလိုက်သည်။

ချင်အန်းလန်သည် တတိယ လက်ဆောင်ဘူးကို ဆက်လက် ဖွင့်ကြည့်လိုက်ရာ လက်ဆောင်ဘူးထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော လည်ဆွဲတစ်ကုံးကို မြင်တွေ့လိုက်ရသည်။

သာမန်ရတနာတစ်ပါးကဲ့သို့ ပုံမှန်သာ ဖြစ်ပုံရပေသည်။

သို့သော် လှပသော ပုံစံနှင့် ထွက်ပေါ်နေသော မွန်မြတ်ပြီး ကျက်သရေရှိသည့် အငွေ့အသက်များက ချင်အန်းလန်ကို မြင်မြင်ချင်းမှာပင် သဘောကျသွားစေခဲ့သည်။

သူမသည် သာမန် ပစ္စည်းတစ်ခုအဖြစ်သာ မှတ်ယူလိုက်ပြီး ပြုံး၍ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ယွီအာ... ဒီလက်ဆောင်ကိုလည်း ငါ သဘောကျတယ်... မင်းမှာ စေတနာ ရှိသားပဲ..."

ထိုသို့ ပြောပြီးနောက် သူမသည် လည်ဆွဲကို ထုတ်ယူကာ နန်ကုန်းရိုရွှယ်ကို ဝတ်ဆင်ပေးရန် အချက်ပြလိုက်သည်။

နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို တစ်ချက် ကြည့်လိုက်ပြီး သူ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ တစ်စုံတစ်ခုကို နားလည်သွားသော်လည်း များများစားစား မပြောဘဲ သူမ၏ မယ်တော်ကို သီးသန့် ပြောပြရန် ရည်ရွယ်လိုက်သည်။

လည်ဆွဲကို ဝတ်ဆင်ပြီးနောက် ချင်အန်းလန်သည် လှပသော အပြုံးတစ်ခုနှင့်အတူ နောက်ဆုံး လက်ဆောင်ဘူးကို ကြည့်လိုက်၏။

သူမသည် အနည်းငယ် ပြုံးလိုက်ပြီး နောက်ဆုံး လက်ဆောင်ဘူးဖြစ်သော အသေးဆုံးဘူးလေးကို မျှော်လင့်တကြီးဖြင့် ဖွင့်လိုက်သည်။

သို့သော် လက်ဆောင်ဘူးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး ချင်အန်းလန်၏ မျက်ခုံးများကြားသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြပြီး နောက်သို့ ယိမ်းယိုင်သွားသော ချင်အန်းလန်ကို ထိန်းကိုင်ရန် အလျင်အမြန် ရှေ့တိုးသွားကြသည်။

ချင်အန်းလန်သည် ဝိညာဉ်အာရုံကို အသုံးပြု၍ သူမကိုယ်သူမ ချက်ချင်း စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့် ပုံမှန်မဟုတ်မှုမျိုးကိုမျှ မတွေ့ရှိရသဖြင့် သူမမှာ မထိန်းချုပ်နိုင်ဘဲ နန်ကုန်းယွီကို ကြည့်ကာ မေးလိုက်သည်။

"ယွီအာ... ခုနက ဟာက ဘာလဲ…”

All Chapters