← Chapters

အခန်း (၁၉၇၇-၁၉၇၈)

Vol. 198 Ch. 1977-1978

အခန်း (၁၉၇၇-၁၉၇၈)

Vol. 198 Ch. 1977-1978

အခန်း (၁၉၇၇) - ငါရှင်ရင် မင်းတို့သေရမယ်

ရှေးဟောင်းနယ်မြေ ၏ ခြံဝင်းအတွင်း၌... ရွှင်ကော်ကျူး သည် ရုတ်တရက်ပင် ရင်ဘတ်ထဲ၌ ပြင်းထန်စွာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

နောက်တစ်စက္ကန့်တွင်... သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထက်၌ ပေါ်လာခဲ့ပြီး... စက္ကန့်အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ၎င်း၏ ရင်ဘတ်ကို ထိတ်လန့်တုန်လှုပ်စေသည့် အရှိန်အဝါ ထွက်ပေါ်လာရာ အရပ်မျက်နှာကို တိတိကျကျ ပစ်မှတ်ညှို့ယူလိုက်နိုင်သည်။

“အဲဒီအရပ်ကတော့...”

သူ၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး... အရှိန်အဟုန်အပြင်းဆုံးဖြင့် ထပ်ဆင့်ထပ်ဆင့်သော ဟင်းလင်းပြင်များကို ဖြတ်သန်းဖြိုခွဲကာ... သုံးလောကတောင် ရှိရာဘက်သို့ အပြေးအလွှား သွားရောက်တော့သည်။

ထိုသို့ သွားရောက်နေစဉ်အတွင်းမှာပင်... ရှေးဟောင်းနယ်မြေအတွင်းရှိ အခြားသော ဆရာကြီး များကိုလည်း... ရှေးဟောင်းနယ်မြေ စောင့်ရှောက်ရေး မြို့စောင့်နတ်မင်းကျောင်း သို့သွားရောက်ရန် သတင်းစကား ပါးလိုက်ဖို့ ရန် မမေ့လျော့ခဲ့ချေ။

မြို့စောင့်နတ်မင်းကျောင်းအတွင်းရှိ နေ့ကင်းလှည့်စစ်သည် သည် သတင်းစကားကို ရရှိသည်နှင့်တစ်ပြိုင်နက်... အမြန်ဆုံးနည်းလမ်းဖြင့် ယင်လောကသို့ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်သွားခဲ့ပြီး... သတင်းအချက်အလက်များကို တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် အစီရင်ခံ တင်ပြလိုက်တော့သည်။

...

...

သုံးလောကတောင်

“စိတ်ဝင်စားဖို့ကောင်းလိုက်တာ... မင်းတို့အားလုံး ခံစားမိလိုက်ကြလား...။ ငါ့ရဲ့ နည်းလမ်းတွေကို ဒီနေရာက အာဏာစက်ရှိသူ အချို့က ရိပ်မိသွားကြပြီဗျ၊ သူတို့တွေ ဒီဘက်ကို အပြေးအလွှား လာနေကြပြီ...”

မြေဝက်ဝံကြယ်တာရာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားကို လက်ဝယ်ဆုပ်ကိုင်ထားသည့် ပုဂ္ဂိုလ်ကြီးသည်... ရုတ်တရက် နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်ကာ... မျက်ဝန်းထဲတွင် ပြက်ရယ်ပြုလိုသည့် အရိပ်အယောင်များ ပေါ်လွင်လျက် ဆိုလိုက်သည်။

“သူတို့တွေ ဒီဘက်ကို ရောက်လာတဲ့အထိပဲ စောင့်လိုက်ကြစို့...၊ တကယ်လို့ သခင်လေး ပြောခဲ့တာသာ အမှန်ဆိုရင်တော့... ဒီနေရာမှာ ရှိနေတဲ့ ကျင့်ကြံသူအားလုံးနီးပါးဟာ... ရှန်းဟုန်းရဲ့ သွေးမျိုးဆက် ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်...။ ဒီနေရာမှာ ရှိနေတဲ့ ရှန်းဟုန်းရဲ့ အဓိက သော့ချက်ပုဂ္ဂိုလ်ဟာ... တကယ်ပဲ ရှိမရှိဆိုတာကို ငါတို့ ဝင်ပြီးတော့ မေးမြန်းကြည့်ရတာပေါ့...”

“ဒီဘက်ကို အလောတကြီး ရောက်လာတဲ့သူကပဲ... ရှန်းဟုန်းရဲ့ အဓိက သော့ချက်ပုဂ္ဂိုလ် ဖြစ်နေနိုင်တာပဲ...”

အခြားတစ်ဦးက ပြုံးလျက် ဆိုလိုက်သည်။

“ငါတို့ရဲ့ စွမ်းအားအဆင့်နဲ့ဆိုရင်တော့... အရမ်းကြီး စိုးရိမ်ပူပန်နေဖို့ မလိုလောက်ပါဘူး မဟုတ်လား...”

ထိုအထဲမှ တစ်ဦးကမူ... အတန်ငယ် ပိုမို၍ သတိကြီးဟန် ရှိပေသည်။

“စိုးရိမ်စရာ မလိုပါဘူး...၊ ရှန်းဟုန်းရဲ့ သွေးမျိုးဆက်ဟာ ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ထဲကနေ မောင်းထုတ်ခံထားရပြီးပြီ...၊ သူတို့တွေဟာ သူတော်စင် ကျမ်းစာလမ်းစဉ် ကို မလျှောက်လှမ်းနိုင်ကြတော့ဘူး...၊ ကန့်သတ်ချက်ကျော်လွန်ခြင်းအဆင့် ကို ရောက်ဖို့တောင် ခဲယဉ်းလှပါတယ်...”

“မင်းတို့ ခံစားမိလိုက်လား... ဒီနေရာက ကျင့်ကြံသူတွေရဲ့ အရှိန်အဝါက... အရမ်းကို အားနည်းလွန်းနေတယ်...”

“ဒါဆိုရင်တော့ ကောင်းတာပေါ့...”

လူအနည်းငယ်သည် စိတ်ရှည်လက်ရှည်ဖြင့် စတင်စောင့်ဆိုင်းနေကြတော့သည်။

ရှေးဟောင်းနယ်မြေမှ ရွှင်ကော်ကျူးအပြင်... မြေဝက်ဝံကြယ်တာရာပေါ်ရှိ မရေမတွက်နိုင်သော မသေမျိုးဘုရင် အဆင့် ကျင့်ကြံသူအများအပြားသည်လည်း... ဤကမ္ဘာမြေကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးကို အာရုံခံမိသွားကြပေသည်။

အချို့သော သုံးလောကတောင်နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေကြသူများသည်... ရွှင်ကော်ကျူးထက်ပင် ဦးအောင် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့ကြသည်။

“ဘယ်က လူမိုက်တွေလဲ... ဒီနေရာမှာ လာပြီးတော့ ပြဿနာရှာရဲတာ...၊ ဒီနေရာက ဘယ်သူ့ရဲ့ နယ်မြေလဲဆိုတာ မင်းတို့ သိကြလား ”

ဝတ်လုံဖြူဝတ်ဆင်ထားသော သက်ကြီးရွယ်အိုဆရာကြီးတစ်ဦးသည် ပထမဆုံးအကြိမ် ဦးစွာ ရောက်ရှိလာခဲ့ပြီး... သူသည် သုံးလောကတောင်၏ အောက်ခြေတွင် ရပ်နေသည့် ရုပ်ရည်သဏ္ဌာန် သာမန်မျှသာရှိသော လူသုံးယောက်ကို မြင်လိုက်ရကာ... ထိုအထဲမှ တစ်ဦး၏ လက်ဝါးထက်တွင် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးအနှစ်သာရ စွမ်းအားများ စုစည်းနေသည်ကို တွေ့လိုက်ရသောအခါ... ချက်ချင်းပင် အော်ဟစ်ငေါက်ငမ်းလိုက်တော့သည်။

ဤပုဂ္ဂိုလ်သုံးဦးသည် ချက်ချင်းပင် ဆွံ့အသွားကြရတော့သည်...၊ ၎င်းတို့၏ ရှေ့မှောက်တွင် ရောက်ရှိနေသော ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်ကမူ...

သာမန်မျှသာ ဖြစ်သည်ဟု မဆိုသာဘဲ... သနားစရာကောင်းလောက်အောင်ပင် အလွန်အမင်း နိမ့်ကျလွန်းလှသည်ဟု ဆိုရပေမည်။

မသေမျိုးအနှစ်သာရကို မဆိုထားနှင့်... သူ၏ တစ်ကိုယ်လုံးတွင် နိမ့်ကျလှသော အဆင့်နိမ့်စွမ်းအားများ ဖြစ်သည့် ဝိညာဉ်စွမ်းအား များသာ ထူထပ်စွာ ပြည့်နှက်နေပေသည်။

ဤဝိညာဉ်စွမ်းအားများ၏ ထူထပ်သိပ်သည်းမှု အဆင့်အတန်းအရဆိုလျှင်... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကြီးသုံးဆင့် ထဲက... တတိယမြောက်အဆင့် ဖြစ်သည့် တာအိုပေါင်းစပ်ခြင်းအဆင့် သာလျှင် ဖြစ်ပေလိမ့်မည်။

“ဒီလူ့ဆီက အရှိန်အဝါက... ရှန်းဟုန်းရဲ့ သွေးမျိုးဆက် ဖြစ်ရမယ် မဟုတ်လား...”

ထိုသုံးဦးသည် မဟာချဲ့ထွင်းတာအိုဂိုဏ်း ၏ အိုယန်ရွှမ်းကျန်း ကို လုံးဝ အဖတ်မလုပ်ဘဲ... တစ်ဖက်လူ၏ နောက်ခံအရင်းအမြစ်ကိုလည်း မေးမြန်းခြင်းမရှိဘဲ... မိမိတို့ဘာသာငါတို့ ခပ်တိုးတိုး တိုင်ပင်ဆွေးနွေးနေကြတော့သည်။

ထိုအထဲမှ တစ်ဦးက... ရှေးဟောင်းဆန်လှသော ကြေးပြားဝိုင်း တစ်ခုကို ထုတ်ယူလိုက်ပြီး... အိုယန်ရွှမ်းကျန်း၏ ထံသို့ လှမ်း၍ ထိုးပြလိုက်ရာ... ကြေးပြားဝိုင်းထက်မှနေ၍ တောက်ပလွန်းလှသော နတ်ဘုရားအလင်းတန်း များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ အဖြူရောင် ဖြစ်နေပေသည်။

“အဖြူရောင် နတ်ဘုရားအလင်းတန်းပဲ... သခင်လေး ပြောခဲ့တဲ့အတိုင်းဆိုရင်တော့... ဒါက ရှန်းဟုန်းရဲ့ နည်းလမ်းတွေကို ကျင့်ကြံထားတဲ့သူ ဖြစ်မှသာ... ဒီလိုမျိုး အရောင်အဝါမျိုး ပေါ်လာနိုင်တာ...။ တကယ်လို့ သွေးမျိုးဆက်ချင်း နီးစပ်ရုံတင်ပဲဆိုရင်တော့... ဒါက နတ်ဘုရားအလင်းတန်း မဟုတ်ဘဲ ဖျော့တဲ့ လင်းရောင် ပဲ ဖြစ်ရမှာ...”

ကြေးပြားဝိုင်းကို ကိုင်ဆောင်ထားသူသည် အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားရတော့သည်။

အိုယန်ရွှမ်းကျန်းသည် ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားရပြီး

“မင်းတို့တွေက ဘာမှော်မှန်ပြောင်းကြီးနဲ့... ငါ့ကို လာပြီးတော့ ထိုးပြနေတာလဲ...”

“တကယ့်ကို ထူးဆန်းလိုက်တာ... မင်း ငါတို့ သုံးယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် အဆမတန် အများကြီး ပိုပြီးတော့ သန်မာလွန်းနေတယ်ဆိုတာကို... လုံးဝ သတိမထားမိဘူးလား...။ မင်း ဘယ်က သတ္တိတွေရှိလို့... ငါတို့ကို လာပြီးတော့ အော်ဟစ်ငေါက်ငမ်းနေရတာလဲ...”

ထိုအထဲမှ တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဟဲဟဲ...”

အိုယန်ရွှမ်းကျန်းက အေးစက်စွာ ရယ်မောလိုက်သည်။

သူက လူအ မဟုတ်ရာ... မိမိ၏ ရှေ့မှောက်တွင် ရှိနေသည့် လူသုံးယောက်က မည်မျှအထိ သန်မာမှန်းကို မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

သို့သော်လည်း ဒီနှစ်တွေအတွင်းမှာ... ဤကဲ့သို့သော ကိစ္စရပ်မျိုးက အကြိမ်အနည်းငယ်မျှ ဖြစ်ပွားခဲ့ဖူးပေသည်။

ဘယ်တစ်ခေါက်မဆို... ယင်လောကက စွမ်းအားရှင်တွေရဲ့ နှိမ်နင်းချေမှုန်းခြင်းကို ခံခဲ့ရတာချည်းပဲ မဟုတ်ဘူးလား။

တစ်ခါတရံမှာ... ရှေးဟောင်းနယ်မြေက ထိုပုဂ္ဂိုလ်ကြီးတစ်ယောက်တည်း လက်လှုပ်လိုက်ရုံနဲ့တင်... ကိစ္စပြတ်သွားခဲ့တာလေ။

တစ်ဖက်လူက ဤမျှအထိ ကြီးမားလှသော လှုပ်ရှားမှုကြီးကို ဖန်တီးလိုက်တာက... မြေဝက်ဝံကြယ်တာရာရဲ့ အရာရာကို ဖျက်ဆီးပစ်ချင်နေပုံရပြီး... ရှေးဟောင်းနယ်မြေဘက်နဲ့ မြေဝက်ဝံကြယ်တာရာပေါ်ရှိ နေရာအသီးသီးက မြို့စောင့်နတ်မင်းကျောင်းတွေအားလုံးကတော့... သေချာပေါက် ကြိုတင်သိရှိသွားကြပြီ ဖြစ်ရမယ်။

ခဏလေးအတွင်းမှာပဲ... ယင်စစ်သည်တော်တွေ အပြေးအလွှား ရောက်ရှိလာတော့မှာ ဖြစ်ပြီး... အဲဒီအချိန်ကျရင် ဤလူသုံးယောက်ရဲ့ နောက်ဆုံးရလဒ်က မည်မျှအထိ သနားစရာကောင်းလောက်အောင် ပျက်စီးသွားမလဲဆိုတာကို... သူ အများကြီး စဉ်းစားနေစရာပင် မလိုချေ...၊ အဲဒါကို သူ ကောင်းကောင်းကြီး သိထားပြီးသားမို့... တစ်ဖက်လူကို ဘာဖြစ်လို့ ရိုသေလေးစားတဲ့ စကားလုံးတွေ သုံးနေရဦးမှာလဲ။

“ရယ်စရာပဲ... ကင်းထောက်ငါးကလေး သုံးကောင်ကများ... ဒီနေရာမှာ လာပြီးတော့ ရမ်းကားရဲတယ်ပေါ့...၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် သန်မာနေတော့ကော ဘာဖြစ်လဲ...။

ငါ့ရဲ့ ကျောထောက်နောက်ခံက... ယင်လောကရဲ့ ငရဲမင်းကြီးကွ...၊ မင်းတို့က ဘာကောင်မို့လို့လဲ ”

အိုယန်ရွှမ်းကျန်းက အေးစက်စွာ ရယ်မောလိုက်ရင်း

“ယင်လောကရဲ့ ငရဲမင်းကြီးဆိုတာကို မင်းတို့ မကြားဖူးဘူးလား...။ အခုအချိန်မှာ နယ်မြေကိုးခုအတွင်းမှာ... ဘယ်သူကများ ငရဲမင်းကြီး အရှင်မြတ်ရဲ့ တည်ရှိမှုကို မသိဘဲ နေပါ့မလဲ...။ အထူးသဖြင့် ငရဲမင်းကြီး က... တာအိုသုံးထောင်ဂိုဏ်း ရဲ့ တာအိုအရှင်သခင် လည်း ဖြစ်ရသေးတယ်...၊ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က မွေးညင်းပေါက် တစ်ချောင်းတည်းနဲ့တင်... သေတွင်းထဲ ရောက်မှန်းမသိ ရောက်နေကြတဲ့ မင်းတို့လိုမျိုး ပိုးကောင်လေး သုံးကောင်ကို... ဖိသတ်ပစ်လို့ ရတယ် ”

အားရစရာကောင်းလိုက်တာ။

ဒီတစ်ကြိမ်မှာတော့... သူက ပထမဆုံးအကြိမ် ဦးစွာ ရောက်ရှိလာခဲ့တာ ဖြစ်ရမယ်။

အလွန်အမင်း သန်မာစွမ်းအားကြီးလှတဲ့ ပုဂ္ဂိုလ်သုံးဦးရဲ့ ရှေ့မှောက်မှာ... ကြုံးဝါးစကားတွေ ပြောဆိုနိုင်ခဲ့ပြီး... မိမိ၏ အသက်အန္တရာယ် ဘေးကင်းမှုကိုလည်း စိုးရိမ်နေစရာ မလိုတာက... တကယ့်ကို အားရကျေနပ်စရာကောင်းလှပေသည်။

စကားပြောပြီးနောက်... အိုယန်ရွှမ်းကျန်းသည် သူ၏ မျက်ဝန်းအစွန်းမှနေ၍ ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး... စိတ်ထဲ၌ တိုးတိုးလေး ရေရွတ်မိလိုက်သည်။

‘ငါ မမြင်ရတဲ့ ယင်စစ်သည်တော်တွေကတော့... အခုအချိန်မှာ တောင်ကုန်းတောင်တန်းတွေပေါ်မှာ... တောင်ပုံရာပုံ ပြည့်နှက်နေလောက်ပြီ ထင်တယ်...။’

“ငရဲမင်းကြီးကတော့... ငါ့ရဲ့ ဒီနေ့ လုပ်ဆောင်ချက်ကို သေချာပေါက် မြင်တွေ့ရမှာပဲ...၊ ရလဒ်အနေနဲ့ ချီးကျူးစကားလေးတွေတောင် ရရှိနိုင်သေးတယ်...၊ တခြားလူတွေ ဒီအကြောင်းကို သိသွားကြရင်တော့... ငါ့ကို သေချာပေါက် မနာလို ဝန်တိုဖြစ်ကြရတော့မှာပဲ...”

ဤအကြောင်းကို တွေးမိလိုက်သောအခါ... အိုယန်ရွှမ်းကျန်းသည် ရယ်မောသံပင် ထွက်ပေါ်လုနီးပါး ဖြစ်သွားရတော့သည်။

“ငရဲမင်းကြီး ဟုတ်လား...”

ထိုသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... ထိုအထဲမှ တစ်ဦးက ခပ်တိုးတိုး ဆိုလိုက်သည်။

“အတိတ်တုန်းက ရှန်းဟုန်းရဲ့ သွေးမျိုးဆက်ထဲမှာ... ဝိညာဉ်မျိုးနွယ်စု ရဲ့ အလေးအနက်ထားခြင်းကို ခံခဲ့ရတဲ့သူ...၊ သံသရာစက်ဝန်း ကို ထိန်းချုပ်ပိုင်ခွင့် ပေးအပ်ခြင်း ခံခဲ့ရတဲ့သူ တစ်ယောက် ရှိခဲ့တာတော့ အမှန်ပဲ...။ အဲဒီပုဂ္ဂိုလ်ဟာ အတိတ်တုန်းက ရှန်းဟုန်း သွေးမျိုးဆက်တွေ ပြေးလွှားပုန်းအောင်းနေရတဲ့ အချိန်တုန်းကလည်း... သူတို့နဲ့အတူတူ လိုက်ပါသွားခဲ့တယ်...”

“အတိတ်တုန်းက ရှန်းဟုန်း သွေးမျိုးဆက်တွေ ပြေးလွှားပုန်းအောင်းနေရစဉ်က... သူတော်စင်ကြီးတွေအားလုံးဟာ... ပျက်စီးပြိုကွဲသွားခဲ့ကြပြီ...၊ အဲဒီပုဂ္ဂိုလ်လည်း အပါအဝင်ပဲ...၊ အခုအချိန်မှာ သူ အသက်ရှင်နေဦးမယ်ဆိုရင်တောင်မှ... သူ့ရဲ့ အတွင်းနယ်မြေကို သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး...၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့... အများဆုံး ငါတို့ သုံးယောက်နဲ့ အဆင့်တူလောက်ပဲ ရှိလိမ့်မယ်...၊ ဒါပေမဲ့ ငါတို့ဘက်က သုံးယောက် ရှိတယ်လေ...”

“အင်း... ဒါဆိုရင်တော့ စိုးရိမ်စရာ မလိုတော့ဘူး...”

ထိုသုံးဦးသည် ဆွေးနွေးပြောဆိုခြင်းကို ပြီးဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

အိုယန်ရွှမ်းကျန်းသည် သူ၏ လက်အင်္ကျီဝတ်လုံကို အသာအယာ ခါယမ်းလိုက်ပြီး... ထိုသုံးဦးထံသို့ ဆိုလိုက်သည်။

“တာအိုသုံးထောင်ဂိုဏ်းရဲ့ လက်အောက်ခံ... မဟာချဲ့ထွင်းတာအိုနန်းတော်ရဲ့ နန်းတော်သခင် အိုယန်ရွှမ်းကျန်း ပါ...၊ ဒီနေ့မှာတော့ မင်းတို့ သုံးယောက်ကို တာအိုလမ်းစဉ် မေးမြန်းခြင်း ပြုလုပ်ချင်ပါတယ်...၊ မင်းတို့ သုံးယောက်အနေနဲ့ လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ် ”

“တာအိုလမ်းစဉ် မေးမြန်းခြင်း ဟုတ်လား...”

“လောကကြီးကို မမြင်ဖူးတဲ့သူပဲ...၊ တာအိုဂိုဏ်းရဲ့ တာအိုလမ်းစဉ် မေးမြန်းခြင်းဆိုတာ... မင်းတို့နဲ့ အသေသတ်တိုက်ပွဲ ဆင်နွှဲမယ်လို့ ပြောတာကွ..၊ ညမင်းတို့ ရှင်ရင် ငါသေရမယ်...၊ ငါ ရှင်ရင် မင်းတို့ သေရမယ်...”

အိုယန်ရွှမ်းကျန်းသည် သူ၏ လက်နှစ်ဖက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး... ကျောနောက်သို့ ပို့ကာ... ထိုသုံးဦးကို မျက်စောင်းတစ်ချက် ထိုး၍ စိုက်ကြည့်လိုက်တော့သည်။

ထိုသုံးဦးသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ... ဗိုက်ကိုနှိပ်၍ အော်ဟစ်ရယ်မောကြတော့သည်...၊ လက်ထဲတွင် မြေဝက်ဝံကြယ်တာရာကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားကို ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်ကြီးပင်လျှင်... ၎င်း၏ စွမ်းအားလှိုင်းများကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။

အိုယန်ရွှမ်းကျန်းသည် သူတို့ ဘာအတွက်ကြောင့် ရယ်မောနေကြသည်ကို သိရှိသော်လည်း... ဒေါသထွက်ခြင်း မရှိဘဲ... အေးစက်စွာ စိုက်ကြည့်လျက်သာ တုံ့ပြန်လိုက်သည်။

ခက်ခဲလှစွာဖြင့်... ထိုအထဲမှ တစ်ဦးက အသာအယာ ခေါင်းညိတ်လိုက်ပြီး

“ကျန်တဲ့လူတွေက ရောက်မလာသေးဘူးဆိုတော့... ငါ မင်းနဲ့အတူတူ ကစားပေးလိုက်ဦးမယ်...၊ ပြောစမ်းပါဦး... မင်းတို့ရဲ့ တာအိုလမ်းစဉ် မေးမြန်းခြင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာလဲဆိုတာ...”

“တာအိုလမ်းစဉ် မေးမြန်းခြင်းရဲ့ စည်းမျဉ်းစည်းကမ်းကတော့... ဘာစည်းမျဉ်းစည်းကမ်းမှ မရှိတာပဲ”

အိုယန်ရွှမ်းကျန်းက အော်ဟစ်ရယ်မောလိုက်ပြီး... လက်နှစ်ဖက်ကို အမြန်ဆုံးနည်းလမ်းဖြင့် မန္တန်အစီအရင် ဖွဲ့စည်းလိုက်ရာ... ချက်ချင်းပင် ကောင်းကင်ယံထက်မှနေ၍ တောက်လောင်လှသော ကောင်းကင်မီးတောက် များ စီးဆင်းကျရောက်လာခဲ့ပြီး... ၎င်းမှာ မီးခြင်္သေ့ အကောင်ရေ ထောင်ချီအဖြစ် ပြောင်းလဲသွားကာ... တစ်ဖက်လူရှိရာဘက်သို့ အပြေးအလွှား တိုက်ခိုက်တော့သည်။

တစ်ဖက်လူသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ... အသာအယာပင် လေတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။

မီးခြင်္သေ့များသည် မျက်စိရှေ့မှောက်တွင်တင်... ချက်ချင်း ငြိမ်းသတ်ခြင်းကို ခံလိုက်ရတော့သည်။

အိုယန်ရွှမ်းကျန်းသည် မျက်နှာအမူအရာ မပျက်ဘဲ... သူ၏ စွမ်းအား အားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။

နှမြောစရာကောင်းသည်မှာ... မိမိထက် အဆင့်အတန်းကြီးတစ်ခုလုံး သာလွန်လွန်းနေသည့် စွမ်းအားရှင်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ... သူ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့လျှင်ပင်... ၎င်းမှာ ခြင်တစ်ကောင်က လာရောက်ကိုက်ခဲနေသကဲ့သို့သာ ဖြစ်ပြီး... တစ်ဖက်လူကို မည်သည့် အန္တရာယ်ကြီးမှ ပေးစွမ်းနိုင်ခြင်း မရှိချေ။

“ အောက်ကို ဆင်းခဲ့စမ်း”

တစ်ဖက်လူက ဟင်းလင်းပြင်ထက်သို့ လက်လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

အိုယန်ရွှမ်းကျန်းအနေဖြင့် လုံးဝ ခုခံတားဆီးနိုင်ခြင်း မရှိသည့် မသေမျိုးအနှစ်သာရ လက်ဝါးကြီး သည်... သူ့ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး... မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင်... မြေကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားရတော့သည်။

အိုယန်ရွှမ်းကျန်းသည် ခွေးချေးပုံထဲ လဲကျသွားသည့် ပုံစံမျိုးဖြင့်... မြေပြင်ပေါ်သို့ ပြင်းထန်စွာ မှောက်ခုံလဲကျသွားခဲ့ပြီး... ပါးစပ်ထဲတွင် ဖုန်မှုန့်များ ပြည့်နှက်သွားရတော့သည်။

သူ၏ မျက်ဝန်းများသည် အနည်းငယ် ဝေဝါးသွားခဲ့ပြီး... ပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်လိုက်မိသည်။

ဘာဖြစ်လို့... အဲဒီယင်စစ်သည်တော်တွေက အခုထိ လက်မလှုပ်ကြသေးတာလဲ။

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်... ရွှင်ကော်ကျူးသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်ရုံတင်မက... သူနှင့် အချိန်သိပ်မကွာဘဲ... နေရာအသီးသီးက မသေမျိုးဘုရင် စွမ်းအားရှင်များအားလုံးလည်း ရောက်ရှိလာခဲ့ကြပေသည်။

ဥပမာအားဖြင့် ကုရှီးမသေမျိုးဘုရင် ၊ လုံကျွင်း ။

ထို့အပြင် ဓားဂိုဏ်း ၏ ဝမ်ကျိလုံ တို့အဖွဲ့ ဖြစ်ကြသည်။

၎င်းတို့အားလုံးသည် အိုယန်ရွှမ်းကျန်း၏ မိတ်ဆွေဟောင်းကြီးများ ဖြစ်ကြရာ... ၎င်းတို့ ရောက်ရောက်ချင်း မြင်တွေ့လိုက်ရသည်မှာ... အိုယန်ရွှမ်းကျန်းသည် တစ်ဖက်လူ၏ လက်အောက်တွင် မြေပြင်ပေါ်၌ ပြင်းထန်စွာ နှိပ်စက်ခြင်း ခံနေရသည့် မြင်ကွင်းပင် ဖြစ်ရတော့သည်။

အခန်း (၁၉၇၈) - မင်းတို့လိုကောင်တွေကများ ငါ့ကို အရှက်ခွဲဖို့ ထိုက်တန်လို့လား

အိုယန်ရွှမ်းကျန်းသည် ဤမျှများပြားလှသော တာအိုမိတ်ဆွေများ ရောက်ရှိလာကြသည်ကို မြင်လိုက်ရသောအခါ... ပထမဦးစွာ ဝမ်းသာသွားရသော်လည်း... ထို့နောက်မှ မိမိ၏ လက်ရှိအခြေအနေကို သတိပြုမိသွားကာ... ချက်ချင်းပင် စိတ်လှုပ်ရှားစိုးရိမ်သွားရတော့သည်။

သူသည် တစ်ဖက်လူ၏ နှိပ်စက်ချုပ်ကိုင်မှုအောက်မှနေ၍ ရုန်းထွက်နိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်သော်လည်း... မိမိ၏ စွမ်းအားမှာ သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး... တစ်ဖက်လူ၏ နည်းလမ်းများကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မတတ်နိုင်မှန်း ခံစားလိုက်ရပေသည်။

ကုရှီးမသေမျိုးဘုရင်နှင့် အခြားသူများ၏ မျက်ဝန်းထဲတွင်မူ... သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာလိုသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး... ရယ်မောခြင်းမရှိဘဲ အောင့်အီးထားကြကာ... အားလုံးက ရွှင်ကော်ကျူးထံသို့သာ ပြိုင်တူ လှမ်းကြည့်လိုက်ကြတော့သည်။

ထိုဖန့်ငရဲမင်းကြီးသည်... ရှေးဟောင်းနယ်မြေတွင် ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး... ဤရွှင်အဘိုးအို၏ ပျိုးထောင်ပေးမှုများစွာကိုလည်း ခံယူခဲ့ဖူးကြောင်း... လောကတွင် မည်သူကများ မသိဘဲ နေပါမည်နည်း။ ၎င်းတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ... လုံးဝ သာမန်မဟုတ်ပေ။

အချိန်အများစုတွင်... ရွှင်အဘိုးအိုသည် မြေဝက်ဝံကြယ်တာရာကို လုံးဝ ကိုယ်စားပြုနိုင်စွမ်း ရှိပေသည်။

သူပြောသည့် စကားများကို... မြို့စောင့်နတ်မင်းကျောင်းအတွင်းရှိ နေ့ကင်းလှည့်စစ်သည်နှင့် ညကင်းလှည့်စစ်သည်များပင်လျှင်... သေချာစွာ အလေးအနက် စဉ်းစားချင့်တွက်ကြရပေသည်။

“မိတ်ဆွေသုံးဦး... အိုယန်မိတ်ဆွေကို ခတ္တမျှ လွှတ်ပေးလိုက်ပါဦး၊ ငါတို့ ဘာကိစ္စပဲရှိရှိ... ထိုင်ပြီးတော့ အေးအေးဆေးဆေး စကားပြောကြရင် မကောင်းဘူးလားဗျာ...”

ရွှင်ကော်ကျူးက ပြုံးလျက် လက်အုပ်ချီ၍ ဆိုလိုက်ရာ... သူ၏ စကားလုံးများမှာ အလွန်ပင် ယဉ်ကျေးပျူငှာလှပေသည်။

ထိုသုံးဦးသည် သူ့ကို လုံးဝ အဖတ်မလုပ်ဘဲ... လက်ထဲရှိ ကြေးပြားဝိုင်းကိုသာ စိုက်ကြည့်နေကြသည်။ ရွှင်ကော်ကျူးနှင့် အခြားသူများ ရောက်ရှိလာသည့် အခိုက်အတန့်တွင်... ထိုအထဲမှ တစ်ဦးက ကြေးပြားဝိုင်းဖြင့် လူတိုင်းကို တစ်ချက် လှမ်း၍ စစ်ဆေးကြည့်ပြီးပြီ ဖြစ်သည်။

ကြေးပြားဝိုင်းထက်တွင်... အဆင့်အတန်း မတူညီကြသည့် ဖျော့တဲ့ လင်းရောင်များ ထဟပ်နေသလို... အိုယန်ရွှမ်းကျန်းကဲ့သို့သော တောက်ပလွန်းလှသည့် နတ်ဘုရားအလင်းတန်းမျိုးလည်း ရှိနေပေသည်။

အထူးသဖြင့် ကြေးပြားဝိုင်းက ဝမ်ကျိလုံ၏ ထံသို့ ရောက်ရှိသွားသည့် အခါတွင်မူ... ထိုအဖြူရောင် အလင်းတန်းမှာ ပိုမို၍ စူးရှတောက်ပလာခဲ့သည်။

“ဟားဟားဟား... အားလုံးက ရှန်းဟုန်းရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲကွ...။ ကြည့်ရတာ ငါတို့ ဒီတစ်ခေါက် တကယ်ပဲ နေရာမှန်ကို ရှာတွေ့ခဲ့တာပဲ...၊ အရင်တုန်းက ကျင့်ကြံသူအချို့ ပြောခဲ့တာက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ အသုံးအနှုန်းတွေ ဖြစ်နေတာလည်း မဆန်းတော့ပါဘူး...”

ထိုသုံးဦးသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေကြသည်။

“သခင်လေးက ဒီတစ်ခေါက် သူ့ရဲ့ လက်အောက်ငယ်သား တစ်သောင်းကျော်ကို ခေါ်လာတာ...၊ ငါတို့ သုံးယောက်ပဲ အကောင်းဆုံး ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ခဲ့တာဆိုတော့... နောင်ကျရင် အတွင်းနယ်မြေကို စုစည်းတည်ဆောက်နိုင်ဖို့ မျှော်လင့်ချက် ရှိသွားပြီ ဟေ့...”

“အတွင်းနယ်မြေတင် ဘယ်ကမလဲ...၊ သူတော်စင်အဆင့် တက်လှမ်းတဲ့အခါ လိုအပ်တဲ့ သူတော်စင်သွေးဗောဓိ ကိုတောင်... ငါတို့ ဝေစုရနိုင်သေးတယ်...”

“ဟဲဟဲ...”

သခင်လေး ဟုတ်လား

လက်အောက်ငယ်သား တစ်သောင်းကျော်

အတွင်းနယ်မြေ

သူတော်စင်အဆင့် တက်လှမ်းခြင်း

လူတိုင်းသည် ထိုသုံးဦး ဘာအကြောင်းအရာများကို ပြောဆိုနေကြသည်ကို နားမလည်ကြသော်လည်း... သူတို့၏ မျက်ဝန်းများကမူ တဖြည်းဖြည်းနှင့် လေးနက်တည်ကြည်လာခဲ့ကြသည်။

ရှန်းဟုန်း သွေးမျိုးဆက်၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ စသည့် စကားလုံးများအရ... ဤလူသုံးယောက်၏ နောက်ခံအရင်းအမြစ်မှာ လုံးဝ သာမန်မဟုတ်မှန်း ၎င်းတို့ မရေမရာ ရိပ်မိလိုက်ကြပြီး... ယနေ့ မြေဝက်ဝံကြယ်တာရာသို့ ရောက်ရှိလာခြင်းမှာလည်း တိုက်ဆိုင်၍ ဖြတ်သန်းလာခြင်း မဟုတ်ဘဲ... ကြိုတင်ပြင်ဆင်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ ရောက်လာခြင်း ဖြစ်နိုင်ပေသည်။

“မင်းတို့က ထိုင်ပြီးတော့ စကားပြောချင်တာလား...၊ ငါတို့ သုံးယောက်ရဲ့ ရှေ့မှောက်မှာတော့... မင်းတို့တွေ မြေပြင်ပေါ်မှာ မှောက်ခုံအိပ်ပြီး စကားပြောတာက ပိုကောင်းလိမ့်မယ်...”

ထိုအထဲမှ တစ်ဦးက ပြုံးလျက် သူ၏ ဝတ်လုံလက်အင်္ကျီကို ခါယမ်းလိုက်တော့သည်။

ခဏလေးအတွင်းမှာပင်... ရွှင်ကော်ကျူးအပါအဝင် မြေဝက်ဝံကြယ်တာရာ၏ ကျင့်ကြံသူအားလုံးသည်... လွှမ်းမိုးချုပ်ကိုင်လွန်းလှသော မသေမျိုးအနှစ်သာရ စွမ်းအားများဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရကာ... အိုယန်ရွှမ်းကျန်းကဲ့သို့သော လဲကျခြင်း ရလဒ်မျိုးနှင့် ကြုံတွေ့လိုက်ရတော့သည်။

၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးအနှစ်သာရများကို မည်သို့ပင် လှုံ့ဆော်စေကာမူ... ဤစွမ်းအားလှိုင်းကြီးကို ခုခံချေဖျက်နိုင်ခြင်း မရှိကြချေ။

တကယ့်ကို သန်မာလွန်းလှတယ်။

အချို့သူများ၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်ရသည့် အရိပ်အယောင်များ ပေါ်လွင်သွားရတော့သည်။

“ဟဲ...”

ထိုသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်...၊ ဤပိုးကောင်တစ်အုပ်ကို ဖိနှိပ်လိုက်ရခြင်းမှာ... ၎င်းတို့အတွက်တော့ တကယ့်ကို လက်ဖျစ်တစ်ချက်တီးရုံမျှ လွယ်ကူလွန်းလှပေသည်။

“ငါ ဒီနေရာက အခြေအနေတွေကို ဝင်ပြီးတော့ မေးမြန်းကြည့်ဦးမယ်...၊ သခင်လေး ရောက်လာတဲ့အခါကျရင်... ဘယ်နေရာကနေ စပြီး လက်စဖျောက်ရမလဲဆိုတာကို သိရအောင်လို့...”

ထိုအထဲမှ တစ်ဦးက စကားပြောပြီးနောက်... ရွှင်ကော်ကျူး၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး... ထိုအဘိုးအိုကို အထက်စီးမှနေ၍ ငုံ့ကြည့်လိုက်ရင်း

“ငါမေးမယ်... မင်းဖြေရမယ်...၊ ကောင်းကောင်းမဖြေရင်... မင်းသေရမယ်...”

ရွှင်ကော်ကျူး၏ မျက်နှာက သံမဏိရောင်ကဲ့သို့ ညိုမည်းသွားသော်လည်း... သူသည် မိမိရှေ့မှောက်က လူကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ ယင်လောကဘက်က သတင်းစကား ရရှိသွားခဲ့ပြီ ဖြစ်ရာ... သေချာပေါက် ပထမဆုံးအကြိမ် တုံ့ပြန်မှု ပြုလုပ်လာပေလိမ့်မည်...၊ အခုအချိန်မှာ ၎င်းတို့အနေဖြင့် အချိန်ဆွဲထားရန်သာ လိုအပ်ပေသည်။

“ဘာမေးချင်တာလဲ... ကြိုက်သလို မေးနိုင်ပါတယ်...”

ရွှင်ကော်ကျူးက တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါ မင်းကို မေးမယ်... ဒီနေရာမှာ ကန့်သတ်ချက်ကျော်လွန်ခြင်း အဆင့် ရှိသူ ရှိလား...”

တစ်ဖက်လူက အေးစက်စွာ မေးလိုက်သည်။

“မင်း ဘာပြောနေတာလဲဆိုတာ ငါမသိဘူး...၊ ကန့်သတ်ချက်ကျော်လွန်ခြင်းဆိုတာ ဘာလဲဆိုတာလည်း ငါမသိဘူး...”

ရွှင်ကော်ကျူးက အေးစက်စွာပင် တုံ့ပြန်လိုက်သည်။

“တန်ခိုးအာဏာစက်ရှိသူကို မသိဘူး ဟုတ်လား...၊ ကန့်သတ်ချက်ကျော်လွန်ခြင်းဆိုတာ ဘာလဲဆိုတာကိုလည်း မသိဘူး ဟုတ်လား...”

တစ်ဖက်လူက အံ့ဩမသွားဘဲ... ပြက်ရယ်ပြုလိုသည့် အမူအရာဖြင့် နောက်လှည့်၍ ဆိုလိုက်သည်။

“သူတို့တွေ ထွက်ပြေးပုန်းအောင်းနေရတာ ကြာပြီဆိုတော့... အောက်ကလူတွေက ဒီကိစ္စတွေကို ဘာမှမသိကြတော့ဘူးပဲ...၊ တကယ်လို့ သူတို့တွေက ကန့်သတ်ချက်ကျော်လွန်ခြင်းဆိုတာကို မသိဘူးဆိုရင်တော့... ဒီနေရာမှာ ကန့်သတ်ချက်ကျော်လွန်တဲ့သူ လုံးဝ ရှိမနေဘူးဆိုတာ သေချာသလောက် ရှိနေပြီ...”

“သေချာအောင် ထပ်မေးကြည့်ဦး...”

“ကောင်းပါပြီဗျာ...”

တစ်ဖက်လူက ပြန်လည်လှည့်လာပြီး... ရွှင်ကော်ကျူးကို ထပ်မံ စိုက်ကြည့်လိုက်သည်။

“ဒါဆိုရင်တော့ မင်း အဆင့် ၉ အဆင့်အတန်း ကို သိမှာပေါ့...”

“သိတယ်... ငါက အဆင့် ၄ မသေမျိုးအရှင်မြတ်ပဲ...”

ရွှင်ကော်ကျူးက အေးစက်စွာ ပြောလိုက်သည်။

အဆင့် ၄ အဆင့် ရောက်သွားပြီ ဟုတ်လား

အိုယန်ရွှမ်းကျန်းနှင့် အခြားသူများမှာ စိတ်ထဲ၌ တိုးတိုးလေး အံ့ဩချီးကျူးမိလိုက်ကြသည်...၊ တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင်... ရွှင်အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်မှာ ဤမျှအထိ မြင့်မားသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ...၊ ဤအရာအားလုံး၏ နောက်ကွယ်တွင်... ထိုဖန့်ငရဲမင်းကြီးနှင့် သေချာပေါက် ဆက်စပ်မှု ရှိနေမှန်း ၎င်းတို့ သိထားကြပေသည်။

“ကြီးမားတဲ့ သစ်ပင်ကြီးကို မှီခိုရတာက... အရိပ်ခိုရတာ တကယ့်ကို အေးချမ်းလှပေတယ်...”

အိုယန်ရွှမ်းကျန်းက စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းသာသွားမိပြီး... မိမိ၏ လက်ရှိအခက်အခဲမှ ရုန်းထွက်ရန်လည်း အလောတကြီး မဖြစ်တော့ချေ...၊ အခုအချိန်မှာ လူတိုင်းက မြေပြင်ပေါ်မှာ မှောက်ခုံလဲနေကြတာဆိုတော့... သူလည်းပဲ အရှက်ကွဲစရာ မလိုတော့ပြီလေ။

“အဆင့် ၉ အဆင့်ကို သိပြီးတော့ ကန့်သတ်ချက်ကျော်လွန်ခြင်းကို မသိဘူးဆိုရင်တော့... ကြည့်ရတာ ဒီနေရာက အသန်မာဆုံးလူကလည်း... အဆင့် ၉ အဆင့်ထက် မပိုလောက်ပါဘူး...”

“သူတို့ကို အရမ်းကြီး အထင်သေးလို့တော့ မရဘူး...၊ သခင်လေးက ဒီနှစ်တွေအကုန်လုံးမှာ... ရှန်းဟုန်း သွေးမျိုးဆက်တွေကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ချင်နေတာ...၊ ဒါပေမဲ့ သူတို့က တကယ့်ကို ဇွဲသန်လှပြီးတော့... အမြဲတမ်း ပြင်ပအားကိုးရှာနိုင်ကြတယ်...၊ အထူးသဖြင့် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲက... ပုဂ္ဂိုလ်ကြီးအချို့ကလည်း ရှန်းဟုန်း သွေးမျိုးဆက်တွေ မျိုးတုံးပျက်စီးသွားမှာကို မမြင်ချင်ကြဘူး...၊ ဒါကြောင့် ငါတို့ သတိထားတာက ပိုကောင်းလိမ့်မယ်...”

“ပြောတာလည်း ဟုတ်တာပဲ...”

“ငါ မင်းကို နောက်ထပ် နာမည်အချို့ မေးဦးမယ်...၊ တကယ်လို့ မင်း အဲဒီထဲက ဘယ်သူ့နာမည်ကိုမဆို ကြားဖူးတယ်ဆိုရင်... ငါ့ကို ပြောပြပါ...၊ မင်းရဲ့ အသက်ကို ချမ်းသာပေးလို့ ရတယ်...”

တစ်ဖက်လူက စကားပြောပြီးနောက်... ချက်ချင်းပင် နာမည်ပေါင်း ဆယ်ဂဏန်းကျော်ကို ပြောဆိုလိုက်တော့သည်။

“ချန်ရှန်း ၊ ပေရွှမ် ၊ ကျန်းရန် ၊ ဟေးဖူ ၊ ဝမ့်သောက် ၊ ဖန့်လဲ့...”

လူတိုင်း၏ မျက်နှာတွင်မူ ဝေခွဲမရသည့် အရိပ်အယောင်များ ပြည့်နှက်နေကြသည်။

ရွှင်ကော်ကျူးပင်လျှင် မျက်မှောင်ကြုတ်လိုက်မိပြီး... ဤနာမည်များကို လုံးဝ ကြားဖူးခြင်း မရှိချေ။

“မကြားဖူးကြဘူးလား...”

ထိုသုံးဦးသည် လူတိုင်း၏ ဤကဲ့သို့သော အမူအရာကို မြင်လိုက်ရသောအခါ... မျက်မှောင်ကြုတ်သွားကြရတော့သည်။

“မဖြစ်နိုင်တာ... သခင်လေး ပေးသနားထားတဲ့ သူတော်စင်ရတနာ ရဲ့ ပြသချက်အရဆိုရင်တော့... ဒီနေရာက ရှန်းဟုန်းရဲ့ သွေးလှိုင်းအရှိန်အဝါက အတောက်ပဆုံးပဲ...၊ အဲဒီလူတွေက ဒီနေရာမှာ ရှိနေခဲ့ဖူးတာ သေချာတယ်...၊ အနည်းဆုံးတော့ လူအချို့က ဒီနေရာမှာ ရေရှည် နေထိုင်ခဲ့ကြတာ ဖြစ်ရမယ်...”

“ဒါမှမဟုတ်ရင်... တကယ့် ရှန်းဟုန်းရဲ့ အဓိက သော့ချက်ပုဂ္ဂိုလ်က... အခုထိ ထွက်မလာသေးတာလည်း ဖြစ်နိုင်တယ်...၊ သူ့ကို အကျပ်ကိုင်ပြီး ထွက်လာအောင် လုပ်ရတာပေါ့...”

ထိုသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... ထိုအထဲမှ တစ်ဦးက နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်လိုက်ရာ... သူ၏ လက်ဝါးထက်တွင် လေနှင့်မိုးကြိုးလျှပ်စီးများ စုစည်းလာခဲ့သည်...၊ ၎င်းမှာ မသေမျိုးအနှစ်သာရ စွမ်းအားများက အတိုင်းအတာတစ်ခုအထိ အလွန်အမင်း ထူထပ်သိပ်သည်းသွားပြီးနောက်... ထွက်ပေါ်လာသည့် ဖြစ်စဉ်ထူး ဖြစ်ပေသည်။

ဤမသေမျိုးအနှစ်သာရ စွမ်းအားလှိုင်းတစ်ခုတည်းနှင့်တင်... ဤနေရာတွင် ရှိနေသည့် လူတိုင်းကို ပြာအဖြစ် ပြောင်းလဲပစ်ရန် လုံလောက်လှပေသည်။

“မကောင်းတော့ဘူး...”

အိုယန်ရွှမ်းကျန်း၏ မျက်နှာက ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး... မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်ရသည့် အရိပ်အယောင်များ ပေါ်လွင်သွားရတော့သည်။

သူက ပတ်ဝန်းကျင်ကို အလျင်အမြန် လှမ်းကြည့်လိုက်ပြီး... ယင်စစ်သည်တော်တွေ ဘာဖြစ်လို့ ပေါ်မလာကြသေးတာလဲဆိုတာကို သိချင်နေမိသော်လည်း... ပတ်ဝန်းကျင်ကတော့ ငြိမ်သက်နေဆဲ ဖြစ်ရာ... ၎င်းက သူ၏ စိတ်ခံစားချက်ကို အနည်းငယ် ကျဆင်းသွားစေသည်။

တကယ်လို့ ယနေ့ ဤနေရာမှာ သေဆုံးသွားခဲ့ရင်တော့... ယင်လောကကို သွားပြီးတော့ နတ်ဘုရား ဝိညာဥ်လမ်းစဉ်ကိုပဲ ကျင့်ကြံရတော့မှာ ဖြစ်ပြီး... သူကတော့ လူ့လောကရဲ့ လှပတဲ့ ရှုခင်းတွေကို ကျင့်သားရနေခဲ့တာဆိုတော့... တကယ်လို့ နေရာအသစ် ပြောင်းလဲရမယ်ဆိုရင်... ဒီလောက်အထိ လွတ်လပ်ပေါ့ပါးမှု ရှိတော့မှာ မဟုတ်ချေ။

“မင်းတို့ ပြောနေတဲ့ သခင်လေးဆိုတာ... ဟော်ဆွေ့ ရဲ့ သွေးမျိုးဆက်ကို ပြောတာလား...”

ရုတ်တရက်ပင်... ဝမ်ကျိလုံက ပါးစပ်ဟ၍ ပြောလိုက်တော့သည်။

“ဟင်...”

လူတိုင်းကို သတ်ဖြတ်ပြီး... ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အဓိက သော့ချက်ပုဂ္ဂိုလ်ကို ထွက်လာအောင် အကျပ်ကိုင်ရန် ကြံရွယ်ထားသည့် လူသုံးယောက်သည်... ‘ဟော်ဆွေ့’ ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ... ချက်ချင်းပင် အလွန်အမင်း အံ့ဩဝမ်းသာသွားကြပြီး... အားလုံးက ဝမ်ကျိလုံထံသို့ လှမ်းကြည့်လိုက်ကြသည်။

“ငါ ပြောသားပဲ... မင်းက ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အဓိက သော့ချက်ပုဂ္ဂိုလ် ဖြစ်ရမယ်လို့...၊ မဟုတ်ရင် ငါတို့ရဲ့ မြင့်မြတ်လှတဲ့ ဟော်ဆွေ့ သွေးမျိုးဆက်အကြောင်းကို မင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...”

“လာစမ်းပါ... အမြန်ဆုံး သူ့ကို ဒီဘက်ကို ဖိတ်ခေါ်လိုက်စမ်း...”

ဝမ်ကျိလုံ၏ ခန္ဓာကိုယ်ပေါ်က ဖိအားများသည် ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ပြီး... သူသည် မတ်တတ်ရပ်လိုက်ကာ... မိမိ၏ ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့်များကို ခါယမ်းလိုက်ရင်း... ထိုသုံးဦးရှိရာဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။

လူတိုင်း၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံး သိထားကြသည်မှာ... ဝမ်ကျိလုံသည်လည်း ထိုဖန့်ငရဲမင်းကြီး၏ ငယ်စဉ်အခါက ဆရာသခင် ဖြစ်ခဲ့ဖူးပြီး... ကြီးမားလှသော ဓားဂိုဏ်း ၏ ကျင့်ကြံသူတိုင်းသည်... ယင်လောကတွင် အရေးပါသော ရာထူးတာဝန်များကို ထမ်းဆောင်နေကြရသဖြင့်... သူတို့၏ ထူးခြားဆန်းပြားပြီး မြင့်မြတ်လှသော အဆင့်အတန်းမှာ... ရှေးဟောင်းနယ်မြေထက်ပင် ပိုမို၍ လွန်ကဲလှပေသည်။

ရွှင်ကော်ကျူးပင်လျှင် တစ်ဖက်လူ ပြောသည့်အရာကို မသိရှိဘဲ... ဝမ်ကျိလုံက သိရှိနေခြင်းက... ၎င်းတို့၏ စိတ်ထဲက ခန့်မှန်းချက်ကို ပိုမို၍ သေချာစေခဲ့ပြီး... ထင်ရှားသည်မှာ ဝမ်ကျိလုံသည် ရွှင်ကော်ကျူးထက်ပင် အဓိက သော့ချက်နှင့် ပိုမိုနီးစပ်နေပေသည်။

“နောင်ကျရင်တော့... ဓားဂိုဏ်းဆီကို ပိုပြီးတော့ သွားလာရလိမ့်မယ်...”

အိုယန်ရွှမ်းကျန်းက စိတ်ထဲ၌ တိတ်တဆိတ် တွေးတောမိလိုက်သည်။

ထိုအချိန်တွင်... ဝမ်ကျိလုံသည် ထိုလူသုံးယောက်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး... ထိုသုံးဦး ပါးစပ်မဟရသေးခင်မှာပင်... ကြောက်မက်ဖွယ်ကောင်းသော ဓားအသိ တစ်ခုက... သူ၏ ခန္ဓာကိုယ်ပေါ်မှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။

မျက်တောင်ခတ်ရုံမျှသော အချိန်အတွင်းမှာပင်... ဝမ်ကျိလုံ၏ သက်တမ်း များမှာ တိုက်ရိုက် လောင်ကျွမ်းပြာကျသွားခဲ့ရပြီး... သူ၏ ခန္ဓာကိုယ်ကြီးမှာ ဖုန်မှုန့်များအဖြစ် လွင့်စင်ပျက်စီးသွားခဲ့ကာ... ဝိညာဉ်လွင့်မျောခြင်း တစ်ခုတည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။

“မင်းတို့လိုကောင်တွေကများ... ငါ့ကို အရှက်ခွဲဖို့ ထိုက်တန်လို့လား...”

ဝမ်ကျိလုံက ပါးစပ်ကို ဖြဲလျက် ပြုံးလိုက်တော့သည်။

All Chapters