← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) စစ်ဆေးခြင်း

လူအုပ်စုသည် တောင်နောက်ဘက်သို့ ရောက်ရှိလာကြသည်။

မဝင်ရောက်မီပင် လင်းရှို့ရှို့က သူတို့ကို တားဆီးလိုက်သည်။

"ဂုဏ်သရေရှိ ခေါင်းဆောင်ကြီးတို့ ဒါက ကူးစက်ရောဂါ ကာကွယ်ရေး စည်းမျဉ်းများ ဖြစ်ပါတယ်"

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မှတ်ပုံတင်စာအုပ်ကို ကိုင်ထားသော လင်းရှို့ရှို့သည် အောက်ကျို့ခြင်းလည်းမရှိ၊ ထောင်လွှားခြင်းလည်းမရှိဘဲ ပြောလိုက်သည်။

"မည်သူပဲဖြစ်ပါစေ…နေရာအတွင်းသို့ ဝင်ရောက်မယ့်သူတိုင်း ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ရပါမယ်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ပိုးသတ်ကန်ထဲ ခြေချရမှာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရပါမယ်”

လိုက်ပါလာသော အရာရှိအချို့မှာ မျက်မှောင်ကြုတ်ကာ ဒေါသထွက်လုနီးပါး ဖြစ်သွားကြသော်လည်း ဟူဖုန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျွမ်းကျင်သူတွေ ပြောတာ နားထောင်လိုက်ကြ…ဝတ်ကြစမ်း"

ပုံမှန်အားဖြင့် စမတ်ကျသော ကျုံရှန်းဝတ်စုံများကို ဝတ်ဆင်တတ်ကြသည့် ခေါင်းဆောင်အုပ်စုမှာ ယခုအခါတွင်မူ အဖြူရောင် ကာကွယ်ရေး ဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် ပင်ဂွင်းကြီးများပမာ ပုံစံမကျစွာဖြင့် ပိုးသတ်စင်္ကြံကို ဖြတ်ကျော်နေကြရသည်။

နောက်ဆုံး ကာကွယ်ရေး တံခါးပွင့်သွားသောအခါ နွေးထွေးသော လေနုအေးတစ်ခု တိုက်ခတ်လာသည်။

ထင်ထားသလောက် အနံ့မဆိုးလှဘဲ တိရစ္ဆာန်အစာ၏ မွှေးရနံ့သင်းသင်းလေးသာ ရနေသည်။

ဟူဖုန်းသည် ခေါင်းမော့၍ သူ၏ရှေ့တည့်တည့်ရှိ ဝက်ခြံတန်းများကို ကြည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ ကျောက်ရုပ်လို တောင့်ခဲသွားတော့သည်။

သူတစ်ယောက်တည်း မဟုတ်၊ နောက်မှလိုက်ပါလာသော မွေးမြူရေး ပညာရှင်များနှင့် ခရိုင်အရာရှိများအားလုံးမှာလည်း လျှပ်စီးကြောင်းအမှန်ခံလိုက်ရသလိုပင်၊ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကျယ်လျက် ဖြစ်ကုန်ကြသည်။

ကျယ်ဝန်းပြီး လင်းလက်နေသော ဝက်ခြံအတွင်းတွင် အဖြူရောင် "အသားတောင်ကြီးများ" တန်းစီ၍ ပက်လက်အိပ်နေကြသည်။

ဒါက ဝက်ဆိုတာ ဟုတ်ပါရဲ့လား?

စားပွဲတစ်လုံးလောက် ကျယ်သော ကျောပြင်၊ ကြိတ်ဆုံလောက် လုံးဝန်းသော တင်ပါးနှင့် ကိုယ်အလျား တစ်ချက်ငါးမီတာနီးပါးရှိသော ဝက်ကို မည်သူမြင်ဖူးသနည်း။

ဤသည်က ဝက်မဟုတ်ပေ။ နှစ်သစ်ကူး ပန်းချီကားများထဲတွင်သာ တွေ့ဖူးမည့် မင်္ဂလာရှိသော သတ္တဝါတစ်ကောင်နှင့် တူနေသည်။

"ဟူး..."

ဆူညံသံကို ကြားသောအခါ ဝက်ဖြူကြီးတစ်ကောင်မှာ ပျင်းရိစွာဖြင့် မတ်တပ်ရပ်လိုက်သည်။ ကြီးမားလှသော အရွယ်အစား၏ အမြင်အာရုံ ရိုက်ခတ်မှုကြောင့် ပညာရှင်ကြီးမှာ ခြေကုန်လက်ပန်းကျကာ ဒူးထောက်လုနီးပါး ဖြစ်သွား၏။

"ဘယ်... ဘယ်လောက်တောင် လေးမှာလဲ..."

ဟူဖုန်း၏ အသံမှာ အိပ်မက်မက်နေသကဲ့သို့ တုန်ရီနေသည်။

သပ်ရပ်သော အလုပ်ဝတ်စုံကို ဝတ်ဆင်ကာ ဒေတာစာအုပ်ကို ကိုင်ထားသည့် ချန်ရှင်းက တည်ငြိမ်စွာ လျှောက်လာသည်။

"ဒီဝက်တွေက လန်းဒရေ့စ် ဝက်မျိုးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသားတိုး စနစ်တကျ မွေးမြူမှုကြောင့် လက်ရှိ ပျမ်းမျှ အလေးချိန်ကတော့..."

ချန်ရှင်း ဒေတာကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ပေါင်သုံးရာခွဲ (၁၂၅ ကီလိုဂရမ်) ပါ။"

"ဘယ်လောက်တောင် ဟမ်”"

ဟူဖုန်းမှာ အသံကုန် အော်ဟစ်လိုက်ပြီး၊ သူ၏မျက်နှာကို သံဇကာနှင့် ကပ်ကာ ဝက်ခြံထဲသို့သာ ဝင်ပြီး ဝက်များကို နမ်းချင်စိတ်ပေါက်သွားသည်။

သာမန်ဒေသဝက်တစ်ကောင်ဆိုလျှင် တစ်နှစ်မွေးမှ ၁၀၀ ကီလိုဂရမ်လောက်ပဲ ရှိသော်လည်း၊ ဤအရာမှာ လအနည်းငယ်အတွင်း ၁၂၅ ကီလိုဂရမ် ရှိနေခြင်းပင်။

"ဒါတင်မကသေးဘူး..."

ချန်ရှင်းသည် ပန်းရောင်သန်းနေသော ဝက်အရေခွံကို လက်ညှိုးထိုးပြသည်။

"ဒါက အသားတိုး ဝက်မျိုးပါ။ အသားထွက်နှုန်း ၆၅ ရာခိုင်နှုန်းကျော်တယ်၊ အရေခွံပါးပြီး အရိုးသေးတယ်၊ အသားချည်းပဲ..”

ပြည်နယ်မှ ပညာရှင်ကြီးမှာ တုန်ယင်နေသော လက်ဖြင့် ဝက်၏ကျောပြင်ကို ထိကိုင်လိုက်ရာ သူ၏ မှုန်ဝါးနေသော မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။

"အံ့ဖွယ်ပါပဲ... ဒါက ဇီဝဗေဒဆိုင်ရာ အံ့ဖွယ်တစ်ခုပဲ…ဒီလို အရေးကြီးတဲ့ အချိန်အခါမှာ ဒါက အသက်ကယ်ဆေးတစ်ခွက်ပါပဲ"

ဟူဖုန်း ရုတ်တရက် လှည့်၍ ချန်ရှင်း၏ လက်ကို ဆွဲကိုင်ကာ ချန်ရှင်း၏ လက်မောင်းကျိုးသွားမတတ် ပြင်းထန်စွာ ဆွဲလှုပ်လိုက်သည်။

"ချန်ရှင်း…မင်း... မင်း ကောင်လေးက တကယ့်ကို ထူးချွန်တာပဲ"

ဟူဖုန်း၏ မျက်လုံးများမှာ နီရဲနေပြီး၊ အကျပ်အတည်းမှ လွတ်မြောက်လာသည့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"ခရိုင်ရဲ့ အသားထောက်ပံ့မှု သေချာသွားပြီ! နိုင်ငံခြား ကုန်သွယ်ရေး ပန်းတိုင်လည်း ပြည့်မြောက်ပြီ..မင်းက ချင်းရွှေရွာရဲ့ အကြံပေးတင်မကဘူး၊ တစ်ခရိုင်လုံးရဲ့ သူရဲကောင်းပဲ"

ချန်ရှင်းသည် သူ့ကို ဆွဲလှုပ်ခိုင်းထားလိုက်ပြီး မျက်နှာတွင် တည်ငြိမ်အေးဆေးသည့် အမူအရာနှင့်အတူ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခုကိုသာ ဖော်ထားသည်။

"ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ချီးကျူးလွန်းနေပါပြီ"

သူသည် ခေါင်းပေါ်ရှိ မျက်နှာကျက်နှင့် အလိုအလျောက် ရေသောက်ခွက်မှ ရေသောက်နေသော ဝက်များကို လက်ညှိုးထိုးပြလိုက်သည်။

"နတ်ဘုရားတွေ… ဧကရာဇ်တွေ မရှိပါဘူး၊ ဒါက သိပ္ပံပညာရဲ့ အစွမ်းပါပဲ။"

ဝက်ခြံအပြင်ဘက်တွင် အဒေါ်ဝမ်မှာ သံဇကာကြားမှ ခိုးကြည့်နေသည်။

ဝက်ခြံကို စတင်တည်ထောင်ချိန်ကတည်းက သူမမှာ ဤနိုင်ငံခြားဝက်များကို ရောဂါရပါစေဟု ကျိန်ဆဲနေခဲ့သည်။

သို့သော် ယခုအခါတွင်မူ ထိုခေါင်းဆောင်ကြီးများက ချန်ရှင်းကို ကိုယ့်ဖအဖေရင်းပမာ အဖက်ဖက်က အရေးပေးနေသည်ကို မြင်ရပြီး၊ နွားကဲ့သို့ သန်မာသော ဝက်ဖြူကြီးများကို ကြည့်ကာ သူမ၏ လည်ချောင်းထဲတွင် ခါးသက်သက် ခံစားချက်ကြီး တက်လာသည်။

"အမယ်လေး…ဒါက ဝက်မဟုတ်ဘူး၊ အသက်ဝင်နေတဲ့ ရွှေတုံးကြီးတွေပဲ..”

သူမ၏ မျက်လုံးများမှာ ဟိုကြည့်သည်ကြည့်ဖြင့် လှည့်ပတ်နေပြီး ဝင်လို့ရမည့် လမ်းကြောင်းကို ရှာဖွေနေသည်။

"မဖြစ်ဘူး… သူတို့ချည်း အကျိုးအမြတ် အကုန်ရအောင် မလုပ်ပေးနိုင်ဘူး"

အဒေါ်ဝမ်က ဒေါသတကြီး ခြေဆောင့်လိုက်သည်။

တံခါးနားသို့ပင် မရောက်လိုက်ခင်မှာပင် မျက်နှာတည်တံ့သော ပြည်သူ့စစ်နှစ်ယောက်က သူမကို တားဆီးလိုက်သည်။

"ဘာလုပ်တာလဲ… ငါက ရင်းနှီးမြှုပ်နှံဖို့ လာတာ… ငါ့ကို ဝင်ခွင့်ပေး…"

အဒေါ်ဝမ်မှာ စိတ်အလိုမကျစွာဖြင့် ဒေါသပေါက်ကွဲသည်။

"အကြံပေးချန် ပြောထားတယ်၊ ခွင့်ပြုချက်မရှိသူတွေ၊ အထူးသဖြင့် မသမာတဲ့ စိတ်ရှိသူတွေဟာ ၅၀၀ မီတာအနီးအနားကို မကပ်ရဘူးတဲ့"

ပြည်သူ့စစ်များမှာ သူမစကားကို ဂရုမစိုက်ဘဲ သူမကို ကြက်ပေါက်ကလေးတစ်ကောင်ပမာ လမ်းဘေးသို့ ချီသွားလေသည်။

ဝက်ခြံကို စစ်ဆေးခြင်း ပြီးဆုံးသွားသည်။

ဟူဖုန်းမှာ အစည်းအဝေးခန်းထဲတွင် လင်းရှို့ရှို့ ယူလာပေးသည့် လက်ဖက်ရည်နွေးကို ကိုင်လျက် အရင်ကထက် ပိုမိုပေါ့ပါးလန်းဆန်းနေသည်။

"အကြံပေးချန် ညွှန်ကြားရေးမှူးကောင်းက နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်လာပြီ"

ဟူဖုန်းမှာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အသံကို လျှော့ပြောလိုက်သည်။

"သူတို့က တကယ့် ပိုက်ဆံအိတ်ကြီးတွေနဲ့ လာကြတာ.. အရည်အသွေးမြင့် ဝက်သားကိုပဲ အထူးတလည် တောင်းဆိုထားတယ်။ မင်းရဲ့ ဝက်သားကတော့ ဘာမှပြောစရာမလိုအောင် ကောင်းနေတာပဲ"

ချန်ရှင်းမှာ အနည်းငယ် ပြုံးလိုက်ပြီး စားပွဲခုံကို လက်ချောင်းဖြင့် အသာပုတ်လိုက်သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးခင်ဗျာ၊ သူတို့က နိုင်ငံခြားသားတွေဆိုရင် ဈေးနှုန်းကတော့..."

"ဒီကောင်လေးတော့"

ဟူဖုန်းမှာ သူ့ကို လက်ညှိုးထိုးကာ ရယ်မော၍ ဆူလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ စုံစမ်းပြီးပြီ။ နိုင်ငံတကာ ဈေးကွက်မှာ အခု အသားအလွန် လိုအပ်နေတာ၊ ဈေးနှုန်းက ပြည်တွင်းမှာ ရောင်းတဲ့ဈေးထက် သုံးဆလောက် ပိုရမယ်! ပြီးတော့..."

ဟူဖုန်းမှာ လက်သုံးချောင်းကို ထောင်၍ လျှို့ဝှက်စွာ အမူအရာ လုပ်ပြသည်။

"ငွေပေးချေမှု အားလုံးကို အမေရိကန် ဒေါ်လာနဲ့ ပေးမှာ”

"အမေရိကန် ဒေါ်လာ" ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ တက်ရောက်နေသည့် ရွာအရာရှိများအားလုံး အသက်ရှူနှုန်း မြန်လာကြသည်။

ထိုအစိမ်းရောင် ဒေါ်လာစက္ကူတွေက နိုင်ငံခြားမှာဆိုရင် ကားကြီးတွေ၊ အိမ်ကြီးတွေကို ဝယ်လို့ရတယ်ဟု ကြားဖူးကြသည်။

ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

"ဖယ်ကြစမ်း…. ငါက နိုင်ငံခြားကုန်သွယ်ရေးဌာနက၊ အကြံပေးချန်ကို တွေ့ကိုတွေ့ရမယ်"

ကန့်လန့်ကာ ပွင့်သွားပြီး ချွေးတပ်ဆွဲနေသည့် ကောင်းမင်မှာ နိုင်ငံခြားသားနှစ်ယောက်ကို နောက်မှ ခေါ်ကာ အပြေးဝင်လာသည်။

နိုင်ငံခြားသားနှစ်ယောက် အခန်းထဲသို့ ဝင်လာသည်နှင့် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး နားမလည်နိုင်သော စကားလုံးများဖြင့် စတင် ပွစိပွစိ ပြောတော့သည်။

လိုက်ပါလာသော ဘာသာပြန်သူက စိတ်လှုပ်ရှားစွာဖြင့် "မစ္စတာ စမစ်က အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို အနံ့ခံမိတယ်တဲ့…ဘုရားရေ၊ ဒီနေရာက လေတောင်မှ ချိုမြိန်နေတယ်တဲ့!" ဟု ဘာသာပြန်ပေးသည်။

ရွာသားများမှာ အံ့အားသင့်သွားသည်။

*ဝက်ချေးနံ့က ချိုမြိန်တယ် ဟုတ်လား…ဒီနိုင်ငံခြားသားရဲ့ နှာခေါင်း ပျက်နေတာလား…*

ချန်ရှင်းမှာ မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့်အတူ လက်ကို ဆန့်တန်းကာ ဘာသာပြန်သူပင် ရှက်ရလောက်အောင် ကျွမ်းကျင်လှသော လန်ဒန်လေသံဖြင့် ပြောလိုက်သည်။

"ချင်းရွှေရွာကို ကြိုဆိုပါတယ်၊ မစ္စတာစမစ်"

နေရာတစ်ခုလုံးမှာ ကျောက်ရုပ် ဖြစ်သွားတော့၏။

ဟူဖုန်း၏ လက်ဖက်ရည်ခွက်မှာ စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး သူဘာဖြစ်မှန်း မသိခင်မှာပင် ပေါင်ကြားတစ်လျှောက် ရေတွေ ဖိတ်စင်ကုန်သည်။

*ဒီကောင်လေးက... နိုင်ငံခြားစကားတောင် ပြောတတ်တာလား*

မစ္စတာ စမစ်မှာ အစက အံ့အားသင့်သွားပြီးနောက်၊ နိုင်ငံခြားမြေမှာ ဆွေမျိုးပေါက်ဖော် တွေ့လိုက်ရသကဲ့သို့ အလွန်အမင်း ဝမ်းသာသွားသည်။

သူသည် ရှေ့သို့ ပြေးဝင်လာပြီး ချန်ရှင်းကို ဆွဲကိုင်ကာ အင်္ဂလိပ်စကားလုံးများဖြင့် တရစပ် ပြောဆိုလိုက်သည်။

ချန်ရှင်းမှာ မျက်နှာတွင် အပြုံးနှင့်အတူ တည်ငြိမ်သော အမူအရာဖြင့် ဘာသာပြန်သူထက်ပင် ပိုမိုမှန်ကန်ပြီး ယဉ်ကျေးသော လေသံဖြင့် စမစ်နှင့် စကားပြောဆိုနေသည်။

နှစ်ယောက်သားမှာ ဝက်သား၏ အရည်အသွေးမှသည် အနောက်တိုင်း ဟမ်အသား ပြုလုပ်နည်း၊ ထို့နောက် ပို့ကုန်စစ်ဆေးမှု စံနှုန်းများအထိ အစုံအလင် ဆွေးနွေးနေကြသည်။

ဘေးရှိ ဘာသာပြန်သူမှာ လုံးဝ အံ့အားသင့်သွားပြီး ကလောင်ကို ကိုင်ထားသော လက်မှာ တုန်ယင်နေကာ သူ၏ အလုပ်ပြုတ်တော့မည်ကို ကြိုတင်သိရှိလိုက်ရသည်။

"ဘုရားရေ….ချန် မင်းက တကယ့် ပါရမီရှင်ပဲ…”

စမစ်က လက်မထောင်ပြပြီး အရောင်းအဝယ်ကို ချက်ချင်း အတည်ပြုလိုက်သည်။

"ဒီဝက်သားအုပ်စုကို ငါယူမယ်… ပြီးတော့ တူညီတဲ့ ထုတ်ကုန်တွေထဲမှာ အမြင့်ဆုံးဈေးကို ငါပေးမယ် ပေါင်တစ်ပေါင်ကို နောက်ထပ် နှစ်ပြား ထပ်ပေးဦးမယ်”

ဘေးမှ နားထောင်နေသော ကောင်းမင်မှာ နှလုံးခုန်သံ မြန်လာသည်။ သူသည် ဂဏန်းတွက်စက်ကို အလောတကြီး နှိပ်နေရင်း လက်များ တုန်ရီလျက် အော်ဟစ်လိုက်သည်။

"အကြံပေးချန်၊ ဒါ... ဒါက မယုံနိုင်စရာ ဈေးနှုန်းပဲ…"

စာချုပ်ကို ထိုနေရာမှာပင် ချက်ချင်း လက်မှတ်ရေးထိုးလိုက်သည်။

All Chapters